← Chapters

ဆရာပြောတာနဲ့ ဘာဖြစ်လို့ မတူတာလဲ

Vol. 31 Ch. 455

ဆရာပြောတာနဲ့ ဘာဖြစ်လို့ မတူတာလဲ

Vol. 31 Ch. 455

လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "ကျောင်းအုပ်ကြီးကျန်း ထောက်ခံပေးချင်တဲ့ ကျောင်းသားရှိလား"

ဘာပဲဖြစ်ဖြစ် ပေကျင်းရုပ်ရှင်တက္ကသိုလ်မှာ ကျောင်းသားတွေ အလွန်များပြားလွန်းပါသည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူပေါင်းများစွာ ရှိနေတတ်သည်။

ကျန်ချန်းကျမ့်က မေးလိုက်၏။ "ဘော့စ်လင်းက ဘယ်လိုကျောင်းသားမျိုးကို ရွေးချယ်တာလဲ မသိဘူး။ ကျွန်တော့်ကို လမ်းကြောင်းတစ်ခု ပေးပါ။ အဲ့ဒီလမ်းကြောင်းအပေါ် မူတည်ပြီး ထောက်ခံချက် ပေးပါ့မယ်"

လင်းဖန် ပြုံးလိုက်၏။

"မိန်းကလေးဆိုရင် လှပရမယ်။ ကိုယ်လုံးကိုယ်ပေါက် ကောင်းရမယ်။ စိတ်ရင်းကောင်းရမယ်။ ကိုယ်လုံးကိုယ်ပေါက် မလှပတဲ့ ကောင်မလေးတွေကို ငြင်းဆန်ချင်လို့ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ ဒါက လိုအပ်တယ်လေ"

ကျန်ချန်းကျမ့်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့ဗျာ"

လင်းဖန်ဆက်ပြော၏။ "မိန်းကလေးတွေက ရည်းစားထားလို့ မရဘူး။ အကျင့်စရိုက် ကောင်းကောင်း ရှိရမှာဖြစ်ပြီး နောက်ကြောင်း မရှင်းလို့လည်း မရဘူး။ အဲ့ဒီလမ်းစဉ်အတိုင်း ရွေးပေးပါ။ ယောက်ျားလေးတွေအတွက်တော့ ကျောင်းအုပ်ကြီး ထောက်ခံပေးစရာ မလိုပါဘူး။ သင့်တော်တဲ့လူရှိမလား ကျွန်တော်ကိုယ်တိုင်ပဲ သွားကြည့်လိုက်မယ်"

ကျန်ချန်းကျမ့် ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒီနှစ်ကျောင်းသားသစ်တချို့ ရှိတယ်။ သူတို့က သိပ်မဆိုးဘူး။ ဘော့စ်လင်း ကျွန်တော့်နောက်လိုက်ခဲ့။ စာရင်းတစ်ခု ပြမယ်"

"စာသင်ခန်း(၁)ရဲ့ မူရွှဲ့အာ အသက် ၁၈ နှစ်၊ ပထမနှစ် ကျောင်းသူပါ။ သူက စန္ဒယားတီးတာနဲ့ မိကျောင်းတီးတာ တော်တယ်။ သူက အနေအေးပြီး စိတ်ရင်းလည်းကောင်းပါတယ်"

"စာသင်ခန်း(၁)ရဲ့ အန်းယီ၊ အသက် ၁၈ နှစ် ပထမနှစ် ကျောင်းသူပါ။ သူက အရပ်ရှည်တယ်။ ခါးသွယ်ပြီး ခြေထောက်လည်းသွယ်တယ်။ အရမ်း အစွမ်းအစ ရှိတယ်"

"စာသင်ခန်း(၁)ရဲ့ ရှားလင်းလင်း အသက် ၁၇ နှစ် ပထမနှစ်ကျောင်းသူပါ။ သူက တက်ကြွတယ်။ ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်စွမ်းရည်တွေလည်း အရမ်းကောင်းတယ်"

ကျန်ချန်းကျမ့်က ကျောင်းသူတချို့ကို ထောက်ခံ ပေးလိုက်သည်။ အများစုက စာသင်ခန်း(၁)က ကျောင်းသူတွေပဲ ဖြစ်သည်။

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ ဓာတ်ပုံကြည့်ရုံနဲ့တော့ သူ ဘာမှ မပြောနိုင်ပါ။

ဒီကောင်မလေးများက တကယ်ပဲ ကြည့်ရမဆိုးပေ။ သို့သော် ဓာတ်ပုံတွေအများစုက Photoshoot များ ဖြစ်ကြသည်။ လူကိုယ်တိုင်တွေ့မှ တကယ်သင့်တော်ခြင်း မသင့်တော်ခြင်းကို အတည်ပြုနိုင်ပါလိမ့်မည်။

သိပ်မကြာခင် စာသင်ခန်း(၁)အပေါက်ဝသို့ လင်းဖန် တစ်ယောက်တည်း သွားခဲ့သည်။

ထိုအချိန်တွင် စာသင်ခန်း(၁)က အတန်းတက်နေချိန် ဖြစ်သည်။

လင်းဖန်က အနောက်တံခါးကို အသာအယာဖွင့်လိုက်ပြီး နောက်ဆုံးထိုင်ခုံမှာ ဝင်ထိုင်နေလိုက်ပါသည်။

ဆရာရှန်းရွေ့က လင်းဖန်ကို မြင်လိုက်သည်။ သို့သော်လည်း လင်းဖန်ကလက်ပြကာ ရှန်းရွေ့ကို တိတ်တိတ်နေဖို့ ပြောလိုက်ပါသည်။

ကျောင်းသားတွေက စွမ်းရည်ပြသနေကြတာဖြစ်ပြီး လင်းဖန် မနှောင့်ယှက်ချင်ပါ။

စင်ပေါ်တွင် အဖြူရောင်ဂါဝန်ရှည်ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်က စန္ဒရားတီးနေပါသည်။ သာယာငြိမ့်ညောင်းသည့် စန္ဒရားသံလေးကို ကြားနိုင်သည်။ အလွန်တိတ်ဆိတ်ပြီး လှပလွန်းသည်။

စာသင်ခန်း(၁)၏ ကျောင်းသူ မူရွှဲ့အာက အဝေးမှ တည်ငြိမ်အေးဆေးသည့် ခံစားချက်ကို ပေးစွမ်းသည်။ သူမက သန့်စင်ပြီး ပြစ်ချက်ကင်းသည်။ သူမမျက်လုံးတွေထဲမှာ အပြစ်အနာအဆာမရှိပါ။ သန့်ရှင်းပြီး အစွန်းအထင်း မရှိပေ။

မဆိုးပါဘူး။

လင်းဖန် မူရွှဲ့အာကို ရင်ထဲမှာ အမှတ် ၉၀ ပေးထားလိုက်ပါပြီ။

ထို့နောက် ကျောင်းသားများစွာက စတိတ်စင်ပေါ် တက်ကာ စွမ်းရည်ပြတင်ဆက်ကြသည်။

အန်းယီကိုလည်း လင်းဖန်မြင်ပါသည်။ သူမဓာတ်ပုံတွေကို မြင်ဖူးသဖြင့် မြင်လိုက်တာနဲ့ လင်းဖန်တန်းသိပါသည်။

အန်းယီက ခါးသွယ်ပြီး ခြေတံသွယ်သည်။ သူမက အရပ် ၁၇၄ စင်တီမီတာခန့် ရှည်သည်။ သာမန် ယောက်ျားလေးတစ်ယောက်လောက်တော့ အရည်မရှည်ပါ။

သို့သော် အန်းယီ၏ ခြေတံများက သွယ်လျလွန်းသည်။

သူမက ပခုံးပေါ် အနက်ရောင်ပွဲတက်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ နှင်းလိုဖြူဖွေးသော အသားအရည်အား ပိုမို ထင်ရှားစေသည်။ ခပ်ဖျော့ဖျော့အလင်းရောင်အောက်တွင် သူမက ပွင့်ဖူးနေသည့် ကြာဖြူလေးတစ်ပွင့်လိုပင်။ သူမ၏ ဖြူဖွေးပြီး ဆွဲဆောင်မှုရှိသည့် ခြေတံလေးများကလည်း အနက်ရောင်ဝတ်စုံအောက်တွင် ပွင့်ဖူးနေသည်။

သူမက ထိုနေရာတွင် မတ်တပ်ရပ်နေပြီး ကောင်လေးတစ်ယောာက်ကို လက်ညှိုးကွေးကာ ခေါ်လိုက်သည်။ ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြီး မျက်စိမှိတ်ပြလိုက်ပါသည်။

ချက်ချင်းပဲ သူမမျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ကောင်လေးက ခံနိုင်ရည်မရှိတော့ပါ။

ဒီဖြစ်စဉ်တစ်ခုလုံးက ပြဇာတ်တင်ဆက်မှုဖြစ်သည်။

ယစ်မူးလောက်စရာ ခန္ဓာကိုယ်နဲ့ကောင်မလေး တစ်ယောက်ကို လင်းဖန်မြင်လိုက်ရသည်။

အန်းယီကို တစ်ခုခုလုပ်လိမ့်မည်ဟု သူထင်ထားခဲ့သည်...

သို့သော်လည်း အန်းယီက စားပွဲပေါ်ကို ခုန်ပျံကျော်လွှားပြီး သူမ၏ ခြေတံသွယ်များနဲ့ ကောင်လေးကို ကြမ်းပြင်ပေါ်သို့ ကန်ချလိုက်ပါသည်။

"ဟင်းဟင်း နင်က ငါနဲ့ ကစားဖို့ မထိုက်တန်ဘူး" အန်းယီပြုံးလိုက်ပြီး ခြေချိတ်ကာ ထိုင်လိုက်သည်။

ဒီမိန်းကလေးက အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိသည်။

လင်းဖန်ရင်ထဲတွင် အန်းယီကို သုံးသပ်ချက် ပေးလိုက်ပါသည်။

ဒီကောင်မလေးက ၉၂ မှတ်လောက် ရနိုင်သည်။

လင်းဖန် ဘေးနားတစ်ဝိုက်ကို ရှာကြည့်သော်လည်း ရှားလင်းလင်းကို မတွေ့ရပါ။

ထို့နောက် သူ့နောက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ "သြော် ငါတို့အတန်းထဲက လူတစ်ယောက် ဘယ်တုန်းက ဒီလို အဝတ်အစားတွေ ဝတ်တတ်သွားတာလဲ"

ကောင်မလေး၏ အသံ ထွက်ပေါ်လာပြီး လင်းဖန်ရှေ့မှာ ခေါင်းလေးပြူကာ ထွက်လာသည်။ သူမက ရိုးရှင်းသည့် ဘောင်းဘီတို ဝတ်ဆင်ထားပြီး Sneaker များ စီးထားသည်။ ရိုးရှင်းပါသည်။

"ဝိုး... လင်းဖန်" ကောင်မလေး ထခုန်မိသွားသည်။ "ကျွန်မက စာသင်ခန်း(၁)က ရှားလင်းလင်းပါ။ မင်္ဂလာပါ အစ်ကိုလင်းဖန်~"

ရှားလင်းလင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး လင်းဖန်ကို အံ့သြတကြီး ကြည့်နေရပါသည်။

သို့သော်လည်း တင်ဆက်မှုက မပြီးသေးသဖြင့် အားလုံးက တင်ဆက်မှုတွေကိုပဲ အာရုံစိုက်နေကာ လင်းဖန်ကို သတိမထားမိကြသေးပါ။

လင်းဖန်က ပြုံးလိုက်သည်။ "ဟယ်လို ငါက လင်းဖန်ပါ"

ရှားလင်းလင်း တခစ်ခစ်ရယ်မောလိုက်သည်။ "ကျွန်မတို့ အတန်းကို ရောက်လာလိမ့်မယ်လို့ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူး"

ဒီကောင်မလေးကြောင့် လင်းဖန် အူးမြူးသွားသည်။ "နင့်ကို တွေ့ဖို့ အဓိကထားပြီး လာခဲ့တာပါ"

ရှားလင်းလင်းက နှုတ်ခမ်းကို ကွေးလိုက်သည်။ "ဟွန်း လာလိမ်နေတယ်။ ကျောင်းသားတွေအများကြီးရှိတာကို ဘာလို့ ကျွန်မကိုတွေ့ဖို့ တကူးတက လာရတာလဲ။ တစ်ယောက်ကို တစ်ယောက်လည်း မသိဘဲနဲ့"

လင်းဖန်က ရှားလင်းလင်း၏ ကိုယ်ရေးအကျဉ်းကို ထုတ်ပြလိုက်ပါသည်။ "ကျောင်းအုပ်ကြီးက ငါ့ကို ပေးထားတာ"

ရှားလင်းလင်းလည်း ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ ကျွန်မက ဘာထူးခြားလို့လဲ"

လင်းဖန်ပြောလိုက်သည်။ "နင်က ကြည့်ကောင်းတယ်လေ"

ရှားလင်းလင်း အံ့သြတကြီး ပြောလိုက်သည်။ "ကောင်းလိုက်တာ။ အိုင်ဒေါတစ်ယောက် ချီးကျူးတာကို ခံရတဲ့ ခံစားချက်က ဒီလိုကိုး။ ဒါပေမယ့် ကျွန်မ ကြယ်ပွင့်တစ်ယောက် ဖြစ်မလာနိုင်ဘူးထင်တယ်။ ကျွန်မကို ရင်ဘတ်သေးတယ်လို့ ပြောကြတယ်။ ပရိတ်သတ်တွေက ရင်ဘတ်ကြီးတဲ့ သူတွေကိုပဲ ကြိုက်တာတဲ့"

ရှားလင်းလင်းက သူမ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပါသည်။

လင်းဖန်လည်း ကြည့်လိုက်ပြီး ပြောလိုက်၏။ "မသေးပါဘူး"

ရှားလင်းလင်း ရှက်သွေးဖြာသွားသည်။ "ရှင်... ရှင်... ရှင် အရှက်မရှိလိုက်တာ"

တင်ဆက်မှုတွေ ပြီးဆုံးသွားသောအါ ကျောင်းသားများစွာ လင်းဖန်ကို မြင်သွားကြသည်။

"လင်းဖန်"

"လင်းဖန် ဘယ်တုန်းက ရောက်လာတာလဲ။ သိတောင် မသိလိုက်ပါလား"

"အား ငါတို့အတန်းကို မင်းသားလေး တကယ်ရောက်လာပြီး ငါတို့တင်ဆက်မှုတွေကို ကြည့်သွားတယ်..."

လင်းဖန် သူမကို နှုတ်ဆက်ပြီး ထွက်သွားခဲ့ပါသည်။

သူ ဘာမှ မပြောတော့ဘဲ နောက်အတန်းတစ်တန်းကို သွားလိုက်ပါသည်။ စာသင်ခန်း(၁)မှာ ယောက်ျားလေး မိန်းကလေးများစွာ ရှိသော်လည်း သူ့စိတ်ကြိုက်တော့ သိပ်မတွေ့ရပါ။

အနည်းဆုံးတော့ ပြဇာတ်တင်ဆင်မှုကို ကြည့်ခြင်းအားဖြင့် ဒီကျောင်းသားများ၏ သရုပ်ဆောင်စွမ်းရည်ကို ဆက်လက် လေ့ကျင့်ဖို့ လိုဦးမည်။

နောက်တစ်နေ့...

လင်းဖန် နောက်ဆုံးတော့ ကျောင်းသားတချို့ကို ရွေးလိုက်ပါပြီ။

ရှားလင်းလင်းက ရုံးခန်းတံခါးဆီကို ခပ်မြန်မြန် လာခဲ့သည်။ သူမရောက်တော့ မြင်ဖူးနေသည့် မျက်နှာများကို မြင်လိုက်ရပါသည်။

အန်းယီနဲ့ မူရွှဲ့အာ

"ဘာလို့ နင်တို့ကိုကော ဒီခေါ်ထားတာလဲ" ရှားလင်းလင်းက အံ့အားသင့်စွာ မေးလိုက်ပါသည်။

မူရွှဲ့အာက ခေါင်းခါလိုက်သည်။ သူမလည်း ဘာမှမသိကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အန်းယီက ချိုမြိန်စွာ ပြုံးလိုက်၏။ "ငါထင်တာတော့... လင်းဖန်က ငါတို့နဲ့ စာချုပ်ချုပ်ချင်လို့ဖြစ်မယ်။ သူက ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်ကြီးလေ။ ဒါမှမဟုတ် ငါတို့ကို အကဲဖြတ်စရာရှိသေးလို့ နေမယ်"

ရှားလင်းလင်းက အန်းယီကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။ "အစ်မအန်းယီ နင်က အဲ့တာတောင် သိတယ်လား"

အန်းယီပြုံးကာ ပြောလိုက်သည်။ "ခန့်မှန်းရ မခက်ပါဘူး"

ရှားလင်းလင်း ပြန်ပြောလိုက်၏။ "အစ်ကိုလင်းဖန် တကယ်ပဲ ငါတို့နဲ့စာချုပ်ချင်ချင်တာလား။ ငါစာချုပ် ဘယ်လိုချုပ်ရလဲမသိသေးဘူး။ ဆရာပြောသလိုများ ဖြစ်နေမလား..."

အန်းယီက ခေါင်းခါလိုက်သည်။ ဘယ်ပြောနိုင်မလဲ။

သိပ်မကြာခင် လင်းဖန်ရောက်လာခဲ့သည်။

"ဝင်ခဲ့ပါ" လင်းဖန်ပြုံးလိုက်သည်။

"ဟုတ်ကဲ့" မူရွှဲ့အာ ခေါင်းငြိမ့်လိုက်သည်။

အန်းယီက သူမ၏ ခြေတံသွယ်သွယ်များဖြင့် ဝင်လာပြီး လင်းဖန်ကို ကြည့်ရင်း သူမ၏ဆံနွယ် ရှည်များကို ယိမ်းလိုက်ပါသည်။

ရှားလင်းလင်းလည်း ပျော်ရွှင်စွာဖြင့် ဝင်သွားခဲ့သည်။

"အစ်ကိုလင်းဖန် ထပ်တွေ့ကြပြန်ပြီ" ရှားလင်းလင်း ပြုံးပြလိုက်သည်။

ထိုင်လိုက်ပြီးနောက် လင်းဖန်က ကောင်မလေး ၃ ယောက်ကို ကြည့်ကာ ပြောလိုက်ပါသည်။ "နင်တို့ အလားအလာက မဆိုးပါဘူး။ ကျားရှားဖျော်ဖြေရေးက နင်တို့နဲ့ စာချုပ်ချုပ်ချင်တယ်"

"ကျားရှင်းဖျော်ဖြေရေးက ကြယ်ပွင့်ဖန်တီးခြင်း အစီအစဉ်ကို ပြုလုပ်ရတာက တက်သစ်စတွေကို ပျိုးထောင်ပေးဖို့ဆိုတာလည်း ပြောချင်တယ်။ လူရွေးပွဲကို အောင်မြင်နိုင်မယ့် တက်သစ်စတွေက နည်းနည်းပဲရှိလို့ နင်တို့ကို ရွေးချယ်လိုက်တာ"

"မှန်ကန်တဲ့ ရွေးချယ်မှုလို့တော့ အာမမခံနိုင်သေးဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး နင်တို့အားလုံး ကျားရှင်းဖျော်ဖြေရေးရဲ့ ဆယ်လီတွေဖြစ်သွားပြီ။ နင်တို့ကို ရင်းမြစ်တွေလည်း အများကြီးပေးမယ်။ ကျောင်းက ပညာရေးကိုလည်း အထိအခိုက် မဖြစ်စေရပါဘူး" လင်းဖန် ပြောလိုက်သည်။

ရှားလင်းလင်း ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့~"

မူရွှဲ့အာလည်း ခေါင်းငြိမ့်လိုက်ပါသည်။

အန်းယီက သူမ၏ မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ဘော့စ်လင်း ကျွန်မတို့ သက်ဆိုင်ရာ စာချုပ်နဲ့ လစာတွေ ကြည့်လို့ ရမလားဟင်..."

အန်းယီက အလွန်စေ့စပ်သေချာသူဖြစ်သည်။ သူမသာ လှည့်စားခံရပါက အရှုံးကြီးရှုံးမှာဖြစ်ကာ သူမ တစ်ဘဝလုံး ပျက်စီးသွားနိုင်၏။

လင်းဖန် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"စာချုပ်ချုပ်ဆိုပြီးသွားရင် နင်တို့ရဲ့ တစ်နှစ်ဝင်ငွေက ၂ သန်းရှိလိမ့်မယ်။ အနုပညာကြေးမပါသေးဘူး။ အနုပညာကြေးနဲ့ အန်ဒိုစာကြေးတွေကို သီးခြားစီ ခွဲပေးသွားမယ်။ အသေးစိတ်ကို စာချုပ်မှာအားလုံး ရေးပေးထားတယ်"

အန်းယီ၊ ရှားလင်းလင်း၊ မူရွှဲ့အာတို့ အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

၃ ယောက်စလုံး တုန်လှုပ်သွားကြ၏။

စီမံရေးကုမ္ပဏီတွေရောက်လာရင် လူတွေကို လိမ်ဖို့ စာချုပ်ချုပ်ကြတယ်လို့ ဆရာပြောခဲ့တာ မဟုတ်ဘူးလား။

ထိုစီမံရေးကုမ္ပဏီတွေက သူတို့ကို ဘာအခြေခံလစာမှ ပေးမှာမဟုတ်ပါ။ ကုမ္ပဏီထဲ ရောက်သွားပြီးနောက် သူတို့မှာ ရင်းမြစ်တောင် မရှိတာကို မြင်ရလိမ့်မည်။ ဘော့စ်နဲ့အတူတူအိပ်ဖို့ လက်မခံပါက ရင်းမြစ်တွေဆုံးရှုံးပြီး ချောင်ပို့ခံထားရမည်။

သို့သော် လင်းဖန်ကတော့ လုံးဝ ခြားနား၏...

သူတို့ကို အေးအေးဆေးဆေး ပေးလိုက်သည့် လစာက ၂ သန်းဖြစ်သည်။

တစ်နှစ်ကို ၂ သန်းတောင် သူတို့ ဘာမှမလုပ်ဘဲ ဒီတိုင်း နေရင်တောင် ၂ သန်းရမှာဖြစ်သည်။

တစ်နှစ်ဝင်ငွေ ၂ သန်းက အများကြီးမဟုတ်သော်လည် သူတို့လစာက ယွမ် ၁၈၀,၀၀၀ လောက်ရှိနေပြီဖြစ်သည်။

ဒါမျိုးက....

သူနဲ့အတူတူ အိပ်ရမည်ဆိုရင်တောင် သူမတို့ လက်ခံပါလိမ့်မည်။

All Chapters