Tomsom Riviera သို့ ကောင်မလေး ၃ ယောက် ရောက်လာခြင်း
Vol. 31 Ch. 456
အန်းယီလို့ ကောင်မလေးမျိုးပင် အနည်းငယ် ပျော်ရွှင်သွားရသည်။
တစ်နှစ်ဝင်ငွေ ၂ သန်းတဲ့။
လစာနဲ့ဆို တစ်လ ၁၈၀,၀၀၀ ယွမ်လောက်ရှိမည်။ ဘယ်လိုစီမံရေးကုမ္ပဏိမျိုးက ဒီလိုလစာမျိုး ပေးနိုင်မှာလဲ။
ထို့အပြင် သူမတို့အားလုံးက လူသစ်တွေသာ ရှိသေးသည်။
အနုပညာလောကထဲ ဝင်ရောက်ချင်သည့် တက်သစ်စတိုင်းက ထရိန်နင် ခက်ခက်ခဲခဲ ဆင်းရသည်။
စီမံရေးကုမ္ပဏီများမှ ထရိန်နင်များစွာက နေ့တိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ရပြီး ထင်ပေါ်နိုင်မည့် အခွင့်အလမ်းများကို နေ့စဉ် ရှာဖွေနေကြရသည်။
သို့သော်လည်း တကယ်ထင်ပေါ်နိုင်သည့်လူကတော့ အလွန်နည်းပါသည်။
အန်းယီ၊ ရှားလင်းလင်း၊ မူရွှဲ့အာတို့က လင်းဖန် သူမတို့ကို ဒီလောက်မြင့်မားသည့် စာချုပ်ကြေး ပေးကြောင်း သိလိုက်ရသောအခါ မှင်သက်သွားရပါသည်။
သူမတို့ ၃ ယောက်စလုံးက တက်သစ်စတွေသာ ဖြစ်သော်လည်း ဒီလိုမြင့်မားသည့် နှစ်စဉ်ဝင်ငွေမျိုး ရသွားသည်။
သန်းကြွယ်သူဌေးတွေအတွက် တစ်နှစ်ဝင်ငွေ ၂ သန်းက အများကြီးမဟုတ်သော်လည်း ဒီကျောင်းသူတွေ အတွက်ကတော့ အလွန်တရာ မြင့်မားသည့် ပမာဏ ဖြစ်နေပါပြီ။
အန်းယီက လင်းဖန်ကို ကြည့်လိုက်သည်။ "ဘော့စ်လင်း တကယ် ၂ သန်းလား... ကျွန်မကို စာချုပ်ပြလို့ရမလား"
သူမက အစ်မကြီးတစ်ယောက်လို ရင့်ကျက်ပြီး တည်ငြိမ်သည်။ ဒီလောက် မက်မောစရာ လစာမျိုး ပေးထားရင်တောင် သူတို့အလောတကြီး လက်မှတ်ထိုးမှာ မဟုတ်ပါ။
စာချုပ်ထဲမှာ ဖုံးကွယ်ထားသည့် စည်းမျဉ်းတချို့ ရှိပါက ယွမ် ၂ သန်း သူတို့ဆီ ရောက်လာမှာ မဟုတ်ပါ။
စီမံရေးကုမ္ပဏီများစွာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကုမ္ပဏီတွေက ဒီလိုလုပ်လေ့ရှိကြသည်။ နှစ်စဉ်ဝင်ငွေများများ ပေးချင်ယောင်ဆောင်ပြီး ကုမ္ပဏီကို ရောက်တာနဲ့ ထင်သလို မဟုတ်မှန်း သိရလိမ့်မည်။
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်"
အန်းယီ၊ ရှားလင်းလင်း၊ မူရွှဲ့အာတို့အားလုံး စာချုပ်ကို ကြည့်လိုက်ကြသည်။
စာချုပ်ကို ဖတ်ကြည့်ပြီးနောက် ကောင်မလေး ၃ ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြောင်စီစီဖြစ်စွာဖြင့် ကြည့်လိုက်ကြပါသည်။
လင်းဖန် သူမတို့အတွက် ပြင်ဆင်ထားသည့် စာချုပ်မှာတော့ ထိုကဲ့သို့ ကန်သန့်ချက်မျိုးတွေ မမြင်ရပါ။
ထို့အပြင် စာချုပ်သက်တမ်းကလည်း ၂ နှစ်သာ ဖြစ်သည်။
သူတို့ ၃ ယောက်ထဲက အကြီးဆုံးက အသက် ၁၈ နှစ်သာရှိသေး၏။ ထို့ကြောင့် စာချုပ်သက်တမ်း ကုန်သွားရင်တောင် သူမတို့ အသက် ၂၀ သာ ရှိကြပါဦးမည်။
စာချုပ်ထဲမှာ ထောင်ချောက်တွေလည်း မပါပေ။
ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ ငွေတွေ ရနိုင်ပါလိမ့်မည်။
တခြားအလုပ်တွေအတွက်တော့ ကျားရှင်းဖျော်ဖြေရေး စီမံပေးတာကိုသာ စောင့်ဖို့ လိုပါသည်။
ဒီလောက်ကောင်းတဲ့အရာမျိုး ဖြစ်လာလိမ့်မည်ဟု ကောင်မလေး ၃ ယောက်ထင်မထားခဲ့ပါ။
လင်းဖန်၏ စာချုပ်က သူမတို့၏ သာမန်အတန်းတွေ၊ ပညာရေးတွေကို ထိခိုက်စေမှာမဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် သူမတို့က ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ ကျောင်းသူများသာ ဖြစ်သည်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို အချိန်အကြာကြီး ပျက်ကွက်ပါက သူမတို့၏ အနာဂတ်ထိခိုက်နိုင်ပါသည်။
အန်းယီက သူမ၏ ဆံနွယ်များကို ခါလိုက်ပြီး ပြောလိုက်ပါသည်။ "ဘောစ့်လင်း ကျွန်မစာချုပ် ချုပ်ပါ့မယ်။ ဒါပေမယ့် မေးခွန်းတစ်ခုလောက်မေးလို့ ရမလားဟင်"
အန်းယီ အနည်းငယ် ဇဝေဇဝါဖြစ်နေမိပါသည်။ ဒီစာချုပ်အရဆို ကျားရှင်းဖျော်ဖြေရေးက သူမတို့ကို ပျိုးထောင်ပေးဖို့ ငွေတွေ အများကြီး သုံးရမှာ ဖြစ်သည်။ သို့သော် ကျားရှင်းဖျော်ဖြေရေးက အရင်းအနှီးတွေ ပြန်မရနိုင်သလောက် ရှိသည်။
"မေးပါ"
အန်းယီ လင်းဖန်ကိုကြည့်ကာ မေးလိုက်ပါသည်။ "ဘော့စ်လင်း တခြားစီမံရေးကုမ္ပဏီတွေရဲ့စာချုပ်တွေက ၅ နှစ်ကနေ စတင်တယ်။ ဆယ်လီတွေကို ကုမ္ပဏီကနေ ထွက်မသွားစေဖို့အတွက်ပေါ့။ ကုမ္ပဏီကို ကာကွယ်တဲ့ စာချုပ်ဆိုလည်း ဟုတ်တယ်။ ကျားရှင်းဖျော်ဖြေရေးက ဘာကြောင့် ၂ နှစ်ပဲ စာချုပ် ချုပ်ဆိုရတာလဲ။ ပြီးတော့ ကျွန်မတို့အားလုံးက လူသစ်တွေပေမယ့် နှစ်စဉ်ဝင်ငွေက ၂ သန်းတောင်လား"
ကျားရှင်းဖျော်ဖြေရေးက သာမန်စံနှုန်းထက် ပိုမြင့်သည့် ငွေတွေအများကြီးကို အမှန်တကယ်ပဲ ပေးထားပါသည်။ ထို့ကြောင့် ချန်းယီ ဒီလိုမေးခွန်းကို မေးလိုက်ရခြင်း ဖြစ်၏။
လင်းဖန် ပြုံးလိုက်ပါသည်။ "ကျားရှင်းဖျော်ဖြေရေးက တခြားစီမံရေးကုမ္ပဏီတွေနဲ့ ခြားနားလို့ပေါ့။ ဥက္ကဌကိုယ်တိုင် လူလာရွေးတာ မြင်ဖူးလို့လား"
"နင်တို့ကို ၂ နှစ်ပဲ စာချုပ်ချုပ်ရတာကတော့ ၂ နှစ်ကြာရင် နင်တို့ စာချုပ်ကြေးတွေ ပိုတိုးနိုင်ချေ ရှိလို့။ အဲ့ကျရင် အားလုံးရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး လစာကို ဆုံးဖြတ်ပေးသွားမယ်။ ကျားရှင်းဖျော်ဖြေရေးက အသုံးမဝင်တဲ့လူတွေကိုတော့ မထောက်ပံ့ပေးဘူးနော်" လင်းဖန် ပြောလိုက်သည်။
အန်းယီက ချိုမြိန်စွာ ပြုံးလိုက်၏။ "ဘော့စ်လင်း ကျွန်မတို့ ၂ နှစ်ကြာရင် ထွက်ပြေးသွားကြမှာကို မစိုးရိမ်ဘူးလား"
လင်းဖန် ပြုံးလိုက်ပါသည်။ "စိုးရိမ်ဖို့မလိုပါဘူး။ ငါ့ပန်းတိုင်က ကျားရှင်းဖျော်ဖြေရေးကို တရုတ်နိုင်ငံမှာ နံပါတ် ၁ ဖျော်ဖြေရေးကုမ္ပဏီဖြစ်အောင် လုပ်ပေးဖို့ပဲ။ ကျားရှင်းဖျော်ဖြေရေးကုမ္ပဏီကို ဝင်နိုင်တဲ့ ဆယ်လီတိုင်းက ဂုဏ်ယူဝံ့ကြွားနေရမယ်။ ၂ နှစ်ကြာတဲ့အခါ ထွက်ချင်တဲ့လူက ကျားရှင်းဖျော်ဖြေရေးကို သိပ်ပြီးဆွဲဆောင်မှုမရှိဘူးလို့ ထင်သွားတာဖြစ်မှာပါ"
"ကျားရှင်းဖျော်ဖြေရေးက အနာဂတ်မှာ တရုတ်နိုင်ငံရဲ့ နံပါတ် ၁ ဖျော်ဖြေရေးကုမ္ပဏီ ဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်ထားတယ်။ ငါယုံကြည်ချက်ရှိတယ်" လင်းဖန် ပြောလိုက်ပါသည်။
ထိုစကားကိုကြားပြီးနောက် အန်းယီ လေးစားသွားမိသည်။
ဒီလိုဘော့စ်မျိုးကို ပိုင်ဆိုင်ရတာက အလွန် ကံကောင်းပါသည်။
အန်းယီက စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူမရှေ့ကို အနည်းငယ် ဦးညွှတ်လိုက်ကာ လက်ကမ်းပေးလိုက်ပါသည်။ "ဘော့စ်လင်း အလုပ် အတူတူတွဲလုပ်ရတာ ဝမ်းသာပါတယ်"
"ဝမ်းသာပါတယ်" လင်းဖန်က အန်းယီနဲ့ လက်ဆွဲ နှုတ်ဆက်ကာ ဖုန်းနံပါတ်ချင်း ဖလှယ်လိုက်ပါသည်။
"ဘော့စ်ဖေး ကျွန်မတောင်းဆိုစရာလေးတစ်ခု ရှိသေးတယ်..." အန်းယီ မျက်တောင်ခတ်လိုက်ပြီိး ပန်းလေးတစ်ပွင့်လို ပြုံးလိုက်ပါသည်။ သူမမျက်လုံးတွေက ပန်းတွေလိုပွင့်ဖူးနေပြီး ကောင်လေးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။
"ဘော့စ်လင်းကို... WeChat မှာ Add လို့ရလား။ နောက်ပိုင်း အလုပ်ကိစ္စရှိရင် ဆက်သွယ်ဖို့ လွယ်ကူအောင်လို့ပါ" အန်းယီက ပြုံးကာ ပြောလိုက်ပါသည်။
"ရပါတယ်" အန်းယီကို WeChat မှာ လင်းဖန် Add လိုက်ပါသည်။
အန်းယီ စာချုပ်ချုပ်လိုက်တာကိုမြင်တော့ မူရွှဲ့အာလည်း ပျော့ညံ့စွာဖြင့် ခေါင်းမော့လိုက်သည်။ သူမမျက်လုံးတွေက ရေလိုကြည်လင်နေပြီး ရိုးရှင်းသည့် မေးခွန်းတစ်ခုကိုမေးလိုက်ပါသည်။
"ဘော့စ်လင်း ကျွန်မ ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင်ဖြစ်သွားရင် စန္ဒရားဆက်တီးလို့ ရဦးမှာလားဟင်"
လင်းဖန် ပြုံးလိုက်၏။ "ရတာပေါ့"
မူရွှဲ့အာ ဘာမှမပြောတော့ဘဲ စာချုပ်ကို လက်မှတ်ထိုးလိုက်ပါသည်။
သူမ ဒူးကိုကိုင်လျက် ဘေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်သည်။ သူမက စကားပြောသိမ်မွေ့ပြီး အနေအေးသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ သို့သော် စန္ဒရားတီးသည့်အခါမှာတော့ အလွန်ကောင်းမွန်ပါသည်။
ကောင်မလေး ၃ ယောက်တွင် ရှားလင်းလင်းသာ ကျန်တော့သည်။
ရှားလင်းလင်းက လျှာထုတ်လိုက်သည်။ "အစ်မ အန်းယီနဲ့ အစ်မရွှဲ့အာတို့က စာချုပ်ချုပ်ပြီးသွားပြီဆိုတော့ ကျွန်မလည်း လက်မှတ်ထိုးလိုက်တော့မယ်။ အစ်ကိုလင်းဖန်၊ အနာဂတ်မှာ ကျွန်မ ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်သွားပါပြီ"
အန်းယီက ရှားလင်းလင်း ကြည့်လိုက်သည်။ ထိုအခါမှ ရှားလင်းလင်းလည်း အမှားတစ်ခုခုပြောလိုက်မိသလို ခံစားလိုက်ရပါသည်။
"ဘော့စ်လင်းကို အစ်ကိုလင်းဖန်လို မခေါ်လိုက်သင့်ဘူး။ ဒါပေမယ့် ခေါ်လို့ကောင်းတယ်လို့ ထင်တယ်"
လင်းဖန် ခေါင်းခါလိုက်သည်။ "ရပါတယ်။ နင်တို့ကို ကျောင်းခွင့်ယူဖို့ ငါကူညီပေးထားပြီးပြီ။ အထုပ်အပိုး ပြင်ပြီး မနက်ဖြန် ကျားရှင်းဖျော်ဖြေရေးဆီ လာခဲ့ကြပါ။ ဒီစာသင်နှစ်မှာတော့ ကျောင်းပြန်တက်လို့ ရမှာမဟုတ်တော့ဘူးဆိုတာ သတိပေးလိုက်မယ်နော်"
နောက်တစ်နေ့...
အန်းယီ၊ ရှားလင်းလင်း၊ မူရွှဲ့အာတို့ ကျားရှင်းဖျော်ဖြေရေးဝင်ပေါက်သို့ အချိန်မှီ ရောက်လာကြသည်။
ကောင်မလေး ၃ ယောက်စလုံးက ငယ်ရွယ်ပြီး လှပကြ၏။ ကုမ္ပဏီဝင်ပေါက်မှာ လှပသည့် ပန်းချီကားတစ်ချပ်လို ရပ်တန့်နေကြသည်။
ရှားလင်းလင်း၏ မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
"ဝါး.. ဒါက ကျားရှင်းဖျော်ဖြေရေးလားဟင်။ အရမ်း မိုက်တာပဲ~"
အန်းယီက နှုတ်ခမ်းကိုက်ကာ တခစ်ခစ် ရယ်မောလိုက်ပါသည်။ သူမ၏ ဆံနွယ်ရှည်များကို ခါလိုက်သည်။ "အရမ်းကြီး မအံ့သြပါနဲ့။ ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား"
မူရွှဲ့အာကတော့ ဘာမှမပြောဘဲ အန်းယီနဲ့ ရှားလင်းလင်းတို့နောက်ကို လိုက်လာခဲ့ပါသည်။
ထို့နောက် ချိုမြိန်ပြီး အနေအေးမည့် ကောင်မလေး တစ်ယောက်ကို သူတို့ မြင်လိုက်ရသည်။
သူမက သန့်စင်ပြီး ပြစ်ချက်ကင်းသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။ အေးချမ်းသည့် နတ်သမီးလေးတစ်ပါးလိုပင်။
ထို့အပြင် ထိုကောင်မလေး၏ အရှိန်အဝါက သူမတို ယှဉ်ပြိုင်နိုင်သည့် အရှိန်အဝါမျိုး မဟုတ်ပါ။
စုမူချင်း ပြုံးကာ ပြောလိုက်ပါသည်။ "ရှင်တို့ ၃ ယောက်က အန်းယီ၊ ရှားလင်းလင်းနဲ့ မူရွှဲ့အာတို့ ဟုတ်ပါတယ်နော်။ အထုပ်အပိုးတွေ ပြင်လာခဲ့ပြီလား။ အခုအိမ်ပြောင်းရတော့မှာဆိုတော့လေ"
ကောင်မလေး ၃ ယောက် အံ့အားသင့်သွားသည်။ "အိမ်ပြောင်းရမယ်ဟုတ်လား"
စုမူချင်း ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ဘော့စ်လင်းက ရှင်တို့အတွက် အိမ်အသစ် ပြင်ဆင်ပေးထားပါတယ်"
ရှားလင်းလင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။ "ဘော့စ်လင်းကကော"
စုမူချင်း ခေါင််းခါလိုက်၏။ "ဘော့စ်လင်းက ပုံမှန်ဆို အလုပ်များတတ်ပါတယ်။ ဒီတစ်ခေါက် ရှင်တို့ ၃ ယောက်ကို ရွေးခဲ့တာက ရှင်တို့ ၃ ယောက်ကို အများကြီး မျှော်လင့်ထားလို့ဖြစ်မယ်။ အဲ့တာကြောင့် အလုပ်ကြိုးစားပြီး ဘော့စ်ဖေးရဲ့ ဂရုစိုက်မှုတွေကို ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစားရမယ်နော်"
ကောင်မလေး ၃ ယောက်တစ်ပြိုင်တည်း ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့နေရမည့်အိမ်ကို ရောက်တော့ အန်းယီ တုန်လှုပ်သွားပါသည်။
ဒါ...ဒါ Tomson Riviera ကြီး မဟုတ်ဘူးလား။
ဘုရားရေ...
သူမတို့အတွက် လင်းဖန် စီစဉ်ပေးထားသည့် အိမ်က Tomson Riviera မှာ ဖြစ်ပါသည်။