← Chapters

အနုပညာလောကကို တုန်လှုပ်စေခဲ့သူ ပြန်လာပြီ

Vol. 31 Ch. 457

အနုပညာလောကကို တုန်လှုပ်စေခဲ့သူ ပြန်လာပြီ

Vol. 31 Ch. 457

အားလုံးသိထားကြသည့်အတိုင်း Tomson Riviera က ရှန်ဟိုင်းမြို့ရှိ ထိပ်တန်း အိမ်ရာတစ်ခု ဖြစ်သည်။

ထိုနေရာတွင် နေထိုင်နိုင်သူတွေက အားလုံး ချမ်းသာကြသည်။

သန်း ၁၀၀ ကျော်ရှိသည့် ဒုတိယမျိုးဆက် သူဌေးသားတွေကတောင် Tomson Riviera မှာ အိမ်မဝယ်နိုင်လောက်ပါ။

Tomson Riviera တွင် ဗီလာကြီးများသာ ရှိသည်။

ပိုင်ဆိုင်မှု သန်း ၁၀၀ ကျော်ရှိသည့် သူဌေးတွေက အလွန်ဆုံး အိမ်ငှားဘဝသာ ဖြစ်လိမ့်မည်။

သို့သော်လည်း Tomson Riviera မှ အိမ်တွေကို ဝယ်ယူဖို့က အလွန်ခက်ခဲပါသည်။

သို့သော် လင်းဖန်အတွက်တော့ အလွန်ရိုးရှင်းသည်။ လက်ရှိ သူ့အဆက်အသွယ်တွေနဲ့ဆို Tomson Riviera ရှိ ဗီလာတချို့ကို ဝယ်ယူနိုင်ပါသည်။

"ဝိုး Tomson Rivireraကြီး အစ်မမူချင်း ကျွန်မတို့ Tomson Riviera မှာ တကယ် နေရတော့မှာလား" ရှားလင်းလင်းက အံ့သြတကြီး မေးလိုက်ပါသည်။

"အင်း" စုမူချင်းက နောက်လှည့်ကာ ပြုံးပြလိုက်သည်။

'အား ပျော်လွန်းလို့ မျက်ရည်ပါကျလာပြီ။ ဘော့စ်လင်းက သဘောအရမ်းကောင်းတာပဲ" ရှားလင်းလင်း ငိုချင်သွားပါသည်။

သူမလို မိန်းကလေးမျိုးတွေက ဗီလာတစ်လုံး ပိုင်ဆိုင်ရဖို့ အိပ်မက်မက်တတ်ကြသည်။

ယခုလင်းဖန်က သူမတို့ကို ဗီလာကြီးမှာ နေထိုင်ခွင့် ပေးလိုက်သဖြင့် တကယ့် ဘော့စ်ကောင်းတစ်ယောက် ဖြစ်သည်။

မူရွှဲ့အာလို မိန်းကလေးမျိုးက စကားနည်းသည်။ အိမ်ရာထဲက ကောင်းမွန်သည့် ပတ်ဝန်းကျင် အခြေအနေကို မြင်လိုက်ရသောအခါ သူမပင် အနည်းငယ် စိတ်လှုပ်ရှားလာမိပါသည်။

သို့သော်လည်း ဒီက ပတ်ဝန်းကျင် အခြေအနေက အလွန် လှပပါသည်။

ဒီလိုနေရာမျိုးမှာ နေဖို့က သူမ၏ အိပ်မက် ဖြစ်သည်။

ဆင်းရဲသည့်မိသားစုက မိန်းကလေးဖြစ်သဖြင့် မူရွှဲ့အာက မြို့ကြီးပြကြီးရှိ အဆောက်အဦးတစ်ခုမှာ နေရသည့် ခံစားချက်ကိုတောင် မရဖူးပေ။ ယခုတော့ ဗီလာကြီးတစ်လုံးမှာ နေနိုင်နေပါပြီ။

"အစ်မရွှဲ့အာ မပျော်ဘူးလား" ရှားလင်းလင်းက ခုန်ပေါက်နေပြီး ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"အင်း ပျော်ပါတယ်။ နောက်ပိုင်း အဖေနဲ့ အမေတို့လည်း ဒီလို ဗီလာကြီးမှာ နေနိုင်ရင် ကောင်းမှာပဲ" အရပ်မျက်နှာပေါင်းစုံရှိ လှပသည့် ရှုခင်းများကို ကြည့်လိုက်ရင်း မူရွှဲ့အာ၏ မျက်လုံးလှလှလေးများ တောက်ပသွားပါသည်။

"ဟုတ်တယ် ဟုတ်တယ်" ရှားလင်းလင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

တစ်ဖက်မှာတော့ အန်းယီက အနည်းငယ် တည်ငြိမ်နေပါသည်။

လေပြည်လေညှင်းလေးတစ်ခုက သူမ၏ ဆံနွယ်ရှည်များကို တိုးဝှေ့သွားပြီး သူမရှေ့ရှိ ဗီလာကြီးကို အန်းယီ ကြည့်နေသည်။

အထဲကိုဝင်လာပြီးနောက် ဗီလာကြီးက အနည်းဆုံး ၆၀၀ - ၇၀၀ စတုရန်းမီတာလောက် ကြီးမားမှန်း တွေ့လိုက်ရသည်။

ဒီလိုဗီလာကြီးမျိုးက Tomson Riviera မှာ အနည်းဆုံး သန်းရာချီပြီးတန်လိမ့်မည်။

လင်းဖန် သန်း ၁၀၀ လောက် ထုတ်သုံးဖို့က ဒီလောက် လွယ်ကူတာလား။

နောက်ဆုံးတော့ အန်းယီ နားလည်သွားပါသည်။ လင်းဖန်၏ ပိုင်ဆိုင်မှုများက ကြောက်စရာ အဆင့် တစ်ခုကို ရောက်ရှိနေပြီ ဖြစ်သည်။

ကျားရှင်းဖျော်ဖြေရေး၏ စီအီးအိုတစ်ယောက် အဖြစ် လင်းဖန်မှာ ငွေတွေ ဘယ်လောက်ရှိနေမလဲ မသိနိုင်ပါ။

လင်းဖန်မှာသာ ကောင်မလေး မရှိပါက... အန်းယီ မျက်တောင်ခတ်လိုက်ပြီး သူမပါးပြင်တွေ နီမြန်းသွားသည်။

နှမြောစရာပဲ...

ကျားရှင်းဖျော်ဖြေရေးတွင်...

လင်းဖန် ဇာတ်ညွှန်းတစ်ခု ရေးသားနေသည်။

Save ခလုတ်ကို နှိပ်ပြီးသွားသောအခါ ဇာတ်ညွှန်း တရားဝင် ပြီးဆုံးသွားသည့် သဘော ဖြစ်သည်။

ဒေါက်... ဒေါက်... ဒေါက်…

တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့ပါ" လင်းဖန်ပြောလိုက်၏။

ဝင်လာသည့်လူက ကျားရှင်းဖျော်ဖြေရေး၏ လက်ရှိ ဇာတ်ညွှန်းဆရာကြီး ထျန်ကျန်း ဖြစ်သည်။

"ဘော့စ်လင်း ကုမ္ပဏီက ဇာတ်ညွှန်းကောင်းတစ်ခု ရွေးထားတယ်။ ရိုက်ကူးဖို့စိတ်ကူးရှိလား။ ဒီရုပ်သံဒရမ်မာရဲ့ ခေါင်းဆောင်မင်းသမီးလုပ်ဖို့ ချူးယောင်ယောင်နဲ့ လင်းခဲ့ရှင်းတို့ အရမ်းကိုက်ညီမှု ရှိတယ်" ထျန်ကျန်းက တလေးတစား ပြောလိုက်ပါသည်။

"အင်း ရပါတယ်။ စီစဉ်လိုက်လေ။ ရိုက်ကူးပြီး ထုတ်လွှင့်ပြသဖို့ ဘယ်လောက်ကြာမလဲ" လင်းဖန်မေးလိုက်သည်။

ထျန်ကျန်း ပြောလိုက်သည်။ "၄ လလောက်ပါ"

လင်းဖန် ခေါင်းခါလိုက်သည်။ "အင်း နားလည်ပါပြီ။ ကျွန်တော်တို့ စီစဉ်ထားလို့ရတယ်။ ကျွန်တော် ရေးထားတဲ့ ဇာတ်ညွှန်းလည်း ပြီးသွားပြီ။ ဆရာကြီးထျန်ကျန်း စစ်ကြည့်ပါဦး"

လင်းဖန်က လူအများ လေးစားရသည့် ဆရာကြီးကို လေးစားပါသည်။

"တစ်ခုက 'သိမ်းငှက်သူရဲကောင်းများ' နောက်တစ်ခုက 'တကျော့ပြန် သိမ်းငှက်သူရဲကောင်းများ'၊ 'King Fu Hustle' လို့ ခေါ်တဲ့ ဇာတ်ညွှန်းလည်း ရှိသေးတယ်"

လင်းဖန် ဇာတ်ညွှန်း ၃ ခု ထုတ်လိုက်သည်။

ဒီဇာတ်ညွှန်း ၃ ခုအကြောင်း အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး အချိန်အတော်ကြာ ရေးသားခဲ့တာ ဖြစ်သည်။

ယခု ဇာတ်ညွှန်း ၃ ခုစလုံး ပြီးဆုံးသွားပါပြီ။

သို့သော်လည်း သိမ်းငှက်သူရဲကောင်းတွင် ယင်ကျစ်ဖျင်နဲ့ ရှောင်းလုံနုတို့၏ ဇာတ်လမ်းက သိပ်ပြီး မဆိုးပါ။

လင်းဖန်၏ ရင်ထဲမှာ အပြစ်ကင်းစင်သည့် မိန်းကလေးများကိုသာ သဘောကျသည်။ ခေါင်းဆောင်မင်းသမီးကို ဖျက်ဆီးပါ့မလား။

"ဘော့စ်လင်းအဲ့ဒီ ရုပ်သံဒရမ်မာတွေကို ရိုက်ကူးဖို့ ကုမ္ပဏီက အချိန်ယူရလိမ့်မယ်။ တစ်ခုချင်းစီ ရိုက်ရမလား။ ထျန်ကျန်း မေးလိုက်ပါသည်။ ဇာတ်ညွှန်းကို မကြည့်ရသေးဘဲ ရိုက်ကူးဖို့ကို ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်၏ ဇာတ်ညွှန်းရေးစွမ်းရည်က မေးခွန်းထုတ်စရာ မလိုပါ။

"မဟုတ်ဘူး။ တစ်ပြိုင်တည်း ပြင်ဆင်ပြီး တစ်ပြိုင်တည်း ရိုက်ကူးပါ" လင်းဖန် ပြောလိုက်သည်။

"ကျွန်တော်တို့ ကုမ္ပဏီက ရုပ်ရှင်လောကထဲ တစ်ခါမှ မဝင်ဖူးပေမယ့် 'Kung Fu Hustle' အတွက် ဇာတ်ညွှန်းကို ကျွန်တော် အမြဲတမ်း ဖန်တီးချင်ခဲ့တာ" လင်းဖန် ပြောလိုက်သည်။

"အဲ့ဒီဇာတ်ညွှန်း ၃ ခုကို ခင်ဗျားတို့ ဇာတ်ညွှန်းအဖွဲ့က အရင်တိုင်ပင်ဆွေးနွေးလိုက်ကြပါ။ ပြုပြင်ချင်တာရှိရင် ပြောလို့ရတယ်" လင်းဖန် ပြောလိုက်သည်။

"ကောင်းပါပြီ" ထျန်ကျန်းက ဇာတ်ညွှန်းများကို ယူသွားခဲ့ပါသည်။

ထို့နောက် ကျားရှင်းဖျော်ဖြေရေးက ထိပ်တန်း လျှို့ဝှက် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။

အားလုံးက ကျားရှင်းဖျော်ဖြေရေးရှိ အတော်ဆုံး ဇာတ်ညွှန်းဆရာတွေသာ ဖြစ်သည်။

ဇာတ်ညွှန်း ၃ ခုကို ဖတ်ပြီးနောက် ဇာတ်ညွှန်းဆရာ အားလုံး မှင်သက်သွားကြသည်။

"စီအီးအိုလင်းရဲ့ ဇာတ်ညွှန်းတွေက... အရမ်းကောင်းတာပဲ"

"ယန်ကော်နဲ့ ရှောင်းလုံနုတို့ရဲ့ ဇာတ်ကောင်တွေကို ပုံဖော်ထားတာ အရမ်းကောင်းတယ်။ အထူးသဖြင့် ရှောင်းလုံနု။ ငါ သူ့ကို အရမ်းသဘောကျတယ်။ ပြီးတော့ ကော်ရှန့်ရဲ့ ဇာတ်ကောင်ကလည်း အရမ်း ကောင်းတယ်"

"ဟုတ်တယ်။ တကျော့ပြန်သိမ်းငှက်သူရဲကောင်းဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ"

"တကျော့ပြန်သိမ်းငှက်သူရဲကောင်းမှာ ရုံအာလည်း ပါသေးတယ်။ သူကလည်း အရမ်းကောင်းပြီး အရမ်း လှတယ်။ ဒီလို ခေါင်းဆောင်မင်းသမီးမျိုးကို သဘောကျတယ်။ သိမ်းငှက်သူရဲကောင်းနဲ့ တကျော့ပြန်သိမ်းငှက်သူရဲကောင်းတို့ရဲ့ ဇာတ်လမ်းက အချိတ်အဆက် ရှိတယ်။ ဘော့စ်လင်းက ရုပ်သံဒရမ်မာ ၂ ခုကို သေသေချာချာ ပေါင်းစပ်ထားတာပဲ"

"ဘော့စ်လင်းရဲ့ ရုပ်သံဒရမ်မာတွေက အချိတ်အဆက် ရှိတာလား။ ဘဝရဲ့ပျော်ရွှင်မှု Season 1 နဲ့ Season 2 တို့ကိုတောင် သတိရသွားတယ်။ အဲ့ဒီ ရုပ်သံဒရမ်မာ ၂ ခုက အရမ်းကောင်းတာ။ နိုင်ငံတော်ထဲမှာ သိုင်းပညာ ရုပ်သံဒရမ်မာတွေ သိပ်မရှိဘူး။ ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းနှစ်ခုက ဆန်းသစ်တီထွင်မှုတစ်ခုပဲ"

"ဘော့စ်လင်းက တော်လိုက်တာ။ ဘော့စ်လင်းရေးထားတဲ့ ဇာတ်ညွှန်းနှစ်ခုကို ကြည့်ပါဦး။ တစ်ခါမှ မကြုံစဖူးပဲ။ ဒီဇာတ်ညွှန်းက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ နိုင်ငံတော်ထဲက စိတ်ဝင်စားဖို့ အကောင်းဆုံး ဇာတ်ညွှန်းတစ်ခုလို့တောင် ပြောလို့ရတယ်။ ပြီးတော့ ဇာတ်ညွှန်းမှာ အသေးစိတ်တွေ အများကြီးပါတယ်။ အကုန်လုံးကို ဖတ်ပြီးသွားပြီ။ နားမလည်တဲ့ အသေးစိတ်တချို့တောင် ရှိသေးတယ်"

"ပြီးပြည့်စုံတယ်။ စီအီးအိုလင်းရဲ့ ဇာတ်ညွှန်းက အရမ်း ပြီးပြည့်စုံတာပဲ"

"စီအီးအိုလင်းရဲ့ ဇာတ်ညွှန်းကို ကျုပ် ကန့်ကွက်စရာ မရှိဘူး။ အားလုံး သဘောတူပြီး ဘာမှ ပြောင်းလဲချင်တာလည်း မရှိဘူး"

"သဘောတူတယ်"

"ကျုပ်လည်း သဘောတူတယ်"

"ဒါဆို မဲပေးကြစို့"

"သူများတွေ ရေးတဲ့ ဇာတ်ညွှန်းတွေက အနည်းနဲ့အများ အမှားအယွင်းပါတတ်ပေမယ့် စီအီးအိုလင်းရဲ့ ဇာတ်ညွှန်းကတော့ အရမ်းကောင်းတယ်လို့ ထင်တယ်"

ဇာတ်ညှန်းဆရာအားလုံး တစ်သတ်မတ်တည်း သဘောတူလိုက်ကြပါသည်။

လင်းဖန်၏ ဇာတ်ညွှန်းရေးစွမ်းရည်က သမိုင်းကို ကျော်လွန်ခဲ့လေပြီ။

လင်းဖန် ကျန်းမြို့တော်တွေ ရှိနေစဉ်တုန်းက ကျားရှင်းဖျော်ဖြေရေးလည်း ရုပ်သံဒရမ်မာတစ်ခုကို ထုတ်လွှင့်ခဲ့ပါသည်။ ရေပန်းစားခဲ့သည်။ သို့သော် လင်းဖန် ရိုက်ကူးတာ မဟုတ်ဘဲ ဇာတ်ညွှန်းလည်း လင်းဖန် ရေးထားတာ မဟုတ်သဖြင့် အရမ်းကြီးတော့ ရေပန်းမစားခဲ့ပေ။ သို့သော်လည်း အနုပညာလောကထဲမှာတော့ ၎င်း၏ ရေပန်းစားမှုက ထိပ်တန်းအဆင့်ရှိပါသည်။

ယခု တစ်ချိန်တုန်းက အနုပညာလောကကို လှုပ်ခါစေခဲ့သည့် လင်းဖန် အသစ်စက်စက် ဇာတ်ညွှန်းတွေနဲ့ ပြန်ရောက်လာခဲ့ပါပြီ။

All Chapters