လင်းဖန်ပြန်ရောက်လာခြင်း
Vol. 31 Ch. 458
လင်းဖန် ဇာတ်ညွှန်း ၃ ခုကို ရေးသားပြီးသွားသောအခါ ကျားရှင်းဖျော်ဖြေရေးတစ်ခုလုံး တုန်လှုပ်သွားရပါသည်။
"မင်းပြောတာ အမှန်ပဲလား ဘော့စ်လင်းကိုယ်တိုင် ဇာတ်ညွှန်း ၃ ခုစလုံးကို တစ်ပြိုင်တည်း ရေးခဲ့တာလား"
"ဟုတ်တယ် ဘော့စ်လင်းက အရမ်းတော်တာပဲ။ ငါ သူ့ကို အမြဲတမ်း လေးစားခဲ့တာ။ ဒါပေမယ့် ဒီလောက် တော်မယ် ထင်မထားဘူး"
"ဘော့စ်လင်း တကျော့ပြန် ပြန်လာတော့မှာလား။ သူကိုယ်တိုင် ရေးထားတဲ့ ဇာတ်ညွှန်းတွေက အရမ်းကောင်းမှာပဲ။ ဇာတ်ညွှန်းနာမည် ပြောပြလို့ ရလား"
"ဇာတ်ညွှန်းတွေ ပြီးသွားပြီဆိုရင် သရုပ်ဆောင် မကြာခင် ရွေးတော့မယ်။ ဒီတစ်ခေါက် ဘော့စ်လင်း ဘယ်သရုပ်ဆောင်တွေကို ရွေးမလဲ မသိဘူးနော်"
"မသိဘူး။ ဘော့စ်လင်းရဲ့ ရုပ်သံဒရမ်မာတွေက ငါတို့ကို ဘာပဲဖြစ်ဖြစ် အံ့အားသင့်စေမှာပဲ ။ ငါကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်နေတာကြာပြီ။ ဒါပေမယ့် ဘော့စ်လင်း ရုပ်ရှင်ရိုက်မယ်ဆိုတာ အခုမှ ကြားဖူးတာ။ အဲ့တာဆို ငါတို့ အရမ်းကြမ်းသွားပြီ"
ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများ ဆွေးနွေးတိုင်ပင်နေကြသည်။
ဘာပဲဖြစ်ဖြစ် ကျားရှင်းဖျော်ဖြေရေးနဲ့ အနုပညာလောကထဲရှိ လင်းဖန်၏ အဆင့်အတန်းကို ဝန်ထမ်းများစွာက လေးစားကြပါသည်။
လင်းဖန် ဇာတ်ညွှန်းတွေကို ဒီလောက်မြန်မြန် အပြီးသပ်နိုင်ခဲ့သည့် သတင်းက တခြားအကြီးစား ဖျော်ဖြေရေး ကုမ္ပဏီများစွာထံသို့ ပြန့်သွားခဲ့သည်။
"လခွမ်း တကယ်ကြီးလား။ ဘော့စ်လင်းက တကယ်ပဲ ရုပ်သံဒရမ်မာအသစ်၊ ရုပ်ရှင်အသစ် ထုတ်လုပ်တော့မှာလား"
"ဘော့စ်လင်းကိုယ်တိုင် ထွက်လာတော့မှာလား"
"ဟုတ်တယ် ကျားရှင်းဖျော်ဖြေရေး သိပ်မကြာသေးခင်က ရုပ်သံဒရမ်မာတစ်ခု ထုတ်လွှင့်ခဲ့သေးတယ်။ ဒါပေမယ့် အရမ်းကြီး ရေပန်းစားတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ဒါပေမယ့် ဘော့စ်လင်းပေါ်လာပြီဆိုတော့ မတူနိုင်တော့ဘူး"
"ကျားရှင်းဖျော်ဖြရေးက ဓားနှင့်နတ်သမီးဒဏ္ဍာရီနဲ့ ၂၀ ကျော်ဘဝများ ရုပ်သံဒရမ်မာတွေကို ထုတ်လုပ်ခဲ့တာ။ နှစ်ခုစလုံးက အရမ်းရေပန်းစားခဲ့တယ်။ ဆိုတော့မှ အဲ့ဒီနောက်ပိုင်း ကျားရှင်းဖျော်ဖြေရေး ရုပ်သံဒရမ်မာကောင်းကောင်း ထပ်မထုတ်ခဲ့ဘူးနော်"
"ဘော့စ်လင်း အနားယူနေရာက ပြန်ရောက်လာပြီ။ ကျားရှင်းဖျော်ဖြေရေး သရုပ်ဆောင်တွေ ခေါ်လိမ့်မယ်။ ငါတို့ ကုမ္ပဏီက သရုပ်ဆောင်တွေကို ဒီအခွင့်အရေး အရယူခိုင်းရမယ်။ ဒါ ရေပန်းစားလာနိုင်တဲ့ အခွင့်အရေး တစ်ခုပဲ"
တစ်ချိန်တည်းမှာပင် လင်းဖန်ဆီသို့ ရင်းနှီးမြှုပ်နှံသူများစွာ ဖုန်းဆက်လာပြီဖြစ်သည်။
"ဟယ်လို ဘော့စ်လင်း ကျွန်တော်တို့ ခင်ဗျားရဲ့ ရုပ်သံဒရမ်မာသစ်မှာ ရင်းနှီးမြှုပ်နှံချင်လို့ပါ။ စကားနည်းနည်း ပြောလို့ရမလား"
"ဘော့စ်လင်း ရုပ်ရှင်လောကထဲဝင်တော့မလို့ဆို။ ကျွန်တော်တို့ ကုမ္ပဏီက အလုပ် အတူတူ တွဲလုပ်ချင်လို့ပါ။ ကျွန်တော်တို့ ဘယ်လောက်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံပေးနိုင်ပါယ်"
"ဘော့စ်လင်းကိုယ်တိုင် ရိုက်ကူးမယ့် ရုပ်သံဒရမ်မာ သို့မဟုတ် ရုပ်ရှင်ဆို ကျွန်တော်တို့ ကျိန်းသေ ရင်းနှီးမြှုပ်နှံပါ့မယ်"
ကုမ္ပဏီပေါင်းများစွာ၏ စီအီးအိုများက ဖုန်းဆက်လာသဖြင့် လင်းဖန် အနည်းငယ် ကြောင်စီစီ ဖြစ်သွားရသည်။
သူ ဇာတ်ညွှန်းအနည်းငယ်သာ ရေးထားတာဖြစ်ပြီး ဇာတ်ညွှန်းကလည်း မကြာသေးခင်ကမှ ဇာတ်ညွှန်းတွေကို အတည်ပြုထားတာဖြစ်သည်။ ရုပ်သံဒရမ်မာရိုက်ကူးဖို့က အများကြီး လိုအပ်နေပါသေးသည်။
ရိုက်ကွင်းတည်ဆောက်ဖို့နဲ့ အဝတ်အစားများ ပြင်ဆင်ဖို့၊ ဒါရိုက်တာအဖွဲ့၊ နည်းပညာအဖွဲ့၊ ရင်းနှီးမြှုပ်နှံသူ ပေါင်းစုံ၊ ရိုက်ကူးရေးစွမ်းရည်များ စသည်တို့ကို လိုအပ်သည်။ အရေးအကြီးဆုံးက ဇာတ်ညွှန်းတိုက်ခြင်းနဲ့ နောက်ခံအသံသွင်းအဖွဲ့တို့ကိုပါ လိုအပ်သေးသည်။
အရေးအကြီးဆုံးကတော့ ဇာတ်ညွှန်းအတွက် သရုပ်ဆောင်တွေကို အတည်မပြုရသေးခင်မှာပင် ရင်းနှီးမြှုပ်နှံသူတွေက ဖုန်းဆက်လာပါသည်။
ကျားရှင်းဖျော်ဖြေရေးက တခြားစီမံရေးကုမ္ပဏီများနဲ့ ခြားနားပါသည်။ လင်းဖန်က သရုပ်ဆောင်တိုင်းကို ရွေးချယ်ခွင့် ဗီတိုအာဏာ ရှိသည်။
နောက်ဆုံးမှာတော့ ဘာအလုပ်မှ မစီစဉ်ရသေးခင် ရင်းနှီးမြှုပ်နှံသူစီအီးအိုများက ဖုန်းဆက်လာသည်။ လင်းဖန် သူတို့ကို အနည်းငယ် ဧည့်ခံရုံသာ တတ်နိုင်ပါသည်။
သို့သော်လည်း ဖုန်းတွေက ဆက်တိုက်မြည်နေ၏။ အလွန် ဒုက္ခများပါသည်။
ခခဏလောက်ကြာတော့ လင်းချမ့်ဝေ ရောက်လာခဲ့သည်။
"ဘောာ့စ်လင်း ရုပ်သံဒရမ်မာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၃၆ ခုက ဆက်သွယ်လာပါတယ်" လင်းချမ့်ဝေ ပြောလိုက်သည်။
"လောလောဆယ်တော့ ငြင်းထားဦးမယ်။ ကုမ္ပဏီမှာ မဆုံးဖြတ်ရသေးတာတွေ အများကြီး ရှိသေးတယ်လို့သာ ပြောလိုက်။ နောက်မှ တခြားကိစ္စတွေ ဆက်ပြောကြမယ်" လင်းဖန် အနည်းငယ် ဆွံ့အသွားပါသည်။
"ကောင်းပါပြီ" လင်းချမ့်ဝေ ခေါင်းငြိမ့်လိုက်သည်။
ရုပ်သံဒရမ်မာတွေ ရေပန်းစားလာဖို့က အလွန်ခက်ပါသည်။
ထို့ကြောင့် ရိုက်ကူးရေးမစခင် လင်းဖန် အလုပ်တွေ အားလုံးကို အချောသပ်ထားရမည်။
အကျိုးအမြတ် တစ်ခုတည်းကိုကြည့်ပြီး အလောတကြီး လုပ်လို့ မရပါ။ ရုပ်သံဒရမ်မာ၏ အရည်အသွေး ညံ့သွားနိုင်သည်။
ဖြည်းဖြည်းနဲ့မှန်မှန်လုပ်မှ ပြောင်မြောက်သည့် လက်ရာတွေကို ဖန်တီးနိုင်မည်ဟု လင်းဖန် ယုံကြည်ထား၏။
၄ လအတွင်း ရုပ်သံဒရမ်မာတစ်ခုနဲ့ ရုပ်ရှင်တစ်ကားတို့သာ ရိုက်ကူးနိုင်လိမ့်မည်။
မကြာခင် နွေဦးရာသီပွဲတော်လည်း ရောက်တော့မည်။
ထို့နောက် Weibo ပေါ်တွင် ရေပန်းစားအကြောင်းအရာတစ်ခုက ထိပ်ဆုံးကို အလျင်အမြန်ပဲ ရောက်ရှိလာခဲ့ပါသည်။
[လင်းဖန်ကိုယ်တိုင် ဇာတ်ညွှန်းသစ်တစ်ခု ရေးသားထားတယ်]
အလွန်ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်ကာ ပရိတ်သတ်၏ စိတ်အားထက်သန်မှုများကို ထွန်းညှိပေးလိုက်ပါသည်။
"ဘာ။ လင်းဖန်က ရုပ်သံဒရမ်မာ ထပ်ရိုက်တော့မှာလား"
"လင်းဖန်ရဲ့ ရုပ်သံဒရမ်မာတွေက ကျိန်းသေပေါက် အရမ်းကောင်းမှာပဲ။ ငါမျှော်နေပြီ"
"လင်းဖန်က ချောလွန်းတယ်။ လင်းဖန်ကိုယ်တိုင် ရုပ်သံဒရမ်မာထဲမှာ သရုပ်ဆောင်မှာလား မသိဘူး။ ရုပ်သံဒရမ်မာထဲမှာ သူပါလာရင် အရမ်းကောင်းမှာပဲ"
ပထမတော့ အင်တာနက်တစ်ခွင်လုံး ပျော်ရွှင်နေကြသသည်။
ထို့နောက် ထိုသတင်းက တရုတ်နိုင်ငံရှိ အားအကောင်းဆုံး ဖျော်ဖြေရေးကုမ္ပဏီကြီးဆီသို့ ရောက်သွားလေသည်။
မားဘရစ်ခ်ဖျော်ဖြေရေး ဖြစ်သည်။
"စီအီးအိုထန်း လင်းဖန်ရဲ့ အစွမ်းကိုကြည့်ပါဦး... ရေရှည်မှာ ကျားရှင်းဖျော်ဖြေရေးက မားဘရစ်ခ်ဖျော်ဖြေရေးကို လုံးဝ အနိုင်ယူသွားတော့မှာ စိုးရိမ်ရတယ်" ကုမ္ပဏီ ရှယ်ယာဝင်တစ်ယောက်က ပြောလိုက်သည်။
ထိုလူက လင်းယင်ဟုအမင်ရပြီး မားဘရစ်ခ်ဖျော်ဖြေရေး၏ အဓိက ရှယ်ယာဝင် တစ်ယောက် ဖြစ်သည်။ ကျားရှင်းဖျော်ဖြေရေး၏ ဖွံ့ဖြိုးတိုးတက်မှုက မကြာသေးခင်က ပိုပိုပြီး ကောင်းမွန်လာ၏။ ထို့ကြောင့် လင်းယင် အနည်းငယ် စိတ်ပူမိပါသည်။
ထန်းယွမ် ယုံကြည်မှုပြည့်ဝနေသော အပြုံးပြုံးလိုက်သည်။ "ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ကုမ္ပဏီအသစ်တစ်ခုဆိုတာ ကုမ္ပဏီအသစ်ပါပဲ။။ ကံကို အားကိုးပြီး ရုပ်သံဒရမ်မာတချို့မှာ ရေပန်စားလာခဲ့တာ။ အနုပညာလောကထဲမှာ လင်းဖန် အဲ့လောက် ကျော်ကြားနိုင်မယ်ထင်လို့လား"
"ငါ့အမြင်မှာတော့ လင်းဖန်ရဲ့ အရင်ရုပ်သံဒရမ်မာတွေက တကယ်မဆိုးလှပါဘူး။ ဒါပေမယ့်... သူ့ပါရမီတွေ ခမ်းခြောက်သွားဖို့ အချိန်ကျပြီ" ထန်းယွမ်က ပြုံးလိုက်သည်။ "စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်တော့"
လင်းယင် ခေါင်းငြိမ့်ပြီး နားလည်သော မျက်နှာမျိုး လုပ်လိုက်ပါသည်။ "စီအီးအိုထန်းပြောတာ မှန်တယ်။ လင်းဖန်က ကိုယ့်ကိုယ်ကို ဇာမဏီတစ်ကောင်လိုထင်နေတာ။ သူ ရုပ်သံဒရမ်မာ ရိုက်တိုင်း ရေပန်းစားလာမယ် ထင်လို့လား။ ရုပ်ရှင်ရိုက်တိုင်း ရေပန်းစားလာမယ်ထင်လို့လား။ ဒါရိုက်တာတစ်ယောက် အဖွဲ့တစ်ဖွဲ့က ဘယ်လောက်ပဲ တော်နေပါစေ ကျရှုံးတဲ့အချိန်ဆိုတာ ရှိမှာပဲ။ ဘယ်သူမှ အမြဲတမ်း အောင်မြင်နိုင်မှာ မဟုတ်ဘူး"
"ဒီတစ်ခေါက် လင်းဖန် ရှုံးနိမ့်မှာပါ။ လင်းဖန် ဇာတ်ညွှန်း ၃ ခု ရေးထားတယ်လို့ကြားတယ်။ ရုပ်သံဒရမ်မာ ၂ ခုနဲ့ ရုပ်ရှင် တစ်ကားကို တစ်ပြိုင်တည်းရိုက်ချင်တာလား။ သူ့ကိုယ်သူ အဲ့လောက် တော်တယ်များ ထင်နေတာလား" လင်းယန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်း ၃ ခုကို တစ်ပြိုင်တည်း ရိုက်ကူးဖို့ဆိုတာ အလွန်ရူးသွပ်ရာကျပါသည်။
လင်းဖန် လုပ်နိုင်လို့လား။
ထိုဇာတ်ညွှန်း ၃ ခုတွင် ပရိတ်သတ်လိုချင်သည့် ရုပ်သံဒရမ်မာနဲ့ ကိုက်ညီရှိသည့် ရုပ်သံဒရမ်မာမျိုးလည်း မပါဝင်နိုင်ပါ။
ထန်းယွမ် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "မင်းပြောတာမှန်တယ်။ လင်းဖန်က ဇာတ်ညွှန်း ၃ ခုတောင် ပြင်ဆင်ထားတာ။ ငါ့အမြင်မှာတော့ သူ့ကုမ္ပဏီကျရှုံးမှာစိုးလို့ အစီအစဉ်တွေ အများကြီး ချထားတာ ထင်တာပဲ။ ဒါပေမယ့် သူရိုက်တဲ့ ဇာတ်ညွှန်း ၃ ခုစလုံးက ဘယ်လိုလုပ် ရေပန်းစားလာနိုင်မှာလဲ"
လင်းယင် သဘောပေါက်သွားသည်။ "စီအီးအိုထန်းပြောတာမှန်တယ်။ ဒါဆို ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့လိုလား"
ထန်းယွမ်က ရွှတ်နောက်နောက်ဖြင့် ပြုံးလိုက်ပါသည်။ "လင်းဖန်က သူ့နားကကောင်မလေးတွေနဲ့ နီးစပ်တယ်မလား။ ငါတို့ အဲ့ဒါကို ပြဿနာရှာလိုက်ရင်ကော"
လင်းယင် နားလည်သွားပါသည်။ "နားလည်ပါပြီ။ လင်းဖန်က လူယုတ်မာတစ်ယောက်ပဲ။ မဟုတ်ရင်တောင် သူ့ကို လူယုတ်မာလို့ လူတွေထင်သွားအောင် လုပ်ရမယ်။ အဲ့တာဆိုရင်... ဟားဟားဟား"
သိပ်မကြာခင် အင်တာနက်ပေါ် နောက်ထပ်ပို့စ်တစ်ခု တက်လာပါသည်။
လင်းဖန်နဲ့ စုမူချင်း၊ လင်းခဲ့ရှင်း၊ စုရှောင်းယွီတို့ အတူတူရှိနေသည့် ဓာတ်ပုံများစွာ ပေါ်လာခဲ့သည်။
ဒွိဟဖြစ်စေသည့် ဓာတ်ပုံတွေလည်းအများကြီးပါသည်။ တချို့ကို ဖြတ်ညှပ်ကပ်လုပ်ထားပြီး တချို့ကို ဖိုတိုရှော့ လုပ်ထားသည်။ တချို့ကို မီဒီယာတွေက ရိုက်ယူထားခြင်းဖြစ်ကာ စုံလင်လှပါသည်။
အထူးသဖြင့် လင်းဖန်နဲ့ စုမူချင်းတို့ အတူတူရှိနေသည့် ဓာတ်ပုံတစ်ပုံပါသည်။
စုမူချင်းနဲ့ လင်းဖန်တို့ တစ်အိမ်တည်း အတူတူ ရှိနေသည့် ဓာတ်ပုံလည်း ရှိသေးသည်။
ထို့နောက် အင်တာနက် တစ်ခုလုံး ထပ်မံ ဗြောင်းဆန်သွားခဲ့ပါသည်။