← Chapters

တိုက်ခိုက်ရဲသလား

Vol. 86 Ch. 1193

တိုက်ခိုက်ရဲသလား

Vol. 86 Ch. 1193

မိုးမြေဝေဟင်အားလုံး တုန်ခါလှုပ်ရမ်းနေသည်။ အဘိုးအို၏အသံက အဆိပ်ပြင်းသောအမုန်းအပြည့်ဖြင့် ပဲ့တင်ထပ်သွားသည်။ အများစုမှာ လောကပါလမျိုးနွယ်စုက ဘာလဲ မသိကြသော်လည်း ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းနှင့် တချို့သောအဖွဲ့အစည်းများမှာ လုံးလုံးလျားလျား မှင်သက်သွားကြပြီး ဖန်မျိုးနွယ်စုကို လှမ်းကြည့်ကြသည်။

"လောကပါလ ....မျိုးနွယ်စုတဲ့လား"

သူတို့ တအံ့တဩ လှမ်းကြည့်လိုက်ကြသည့်အချိန်မှာပင် ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးသည် ပျောက်ကွယ်သွားခဲ့ပြီး မန်ဟိုက ကောင်းကင်သို့ ပျံတက်သွား၏။ သူ၏ပန်းတိုင်က ထင်ရှားသည် .... တလက်လက် တောက်ပလျက် ကောင်းကင်ထက်မှ ‌ဖြည်းဖြည်းချင်းကျလာနေသော ပိုင်ရှင်မဲ့အဝါရောင်ကြေးဒင်္ဂါးပင်။

မန်ဟိုသည် သွက်သွက်လက်လက် လှုပ်ရှားခဲ့သော်လည်း လူအုပ်ကြီးထဲမှ သူ့ကဲ့သို့ လျင်မြန်စွာ ပျံတက်လာသူများလည်း ရှိ၏။ စုစုပေါင်းကိုးယောက်ဖြစ်ပြီး အကုန်လုံးက ကြေးဒင်္ဂါးထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေကြလေသည်။

သို့သော် ခြောက်ယောက်က ရုတ်တရက် ဦးတည်ရာပြောင်း၍ ကြေးဒင်္ဂါးဆီသွားမည့်အစား မန်ဟို့လမ်းကိုပိတ်ရန် မန်ဟို့ဆီ လာနေသည်။

ကျန်သုံးယောက်က ကြေဒင်္ဂါးဆီ မြန်မြန်ရောက်အောင် အရှိန်ကို တွန်းတင်လိုက်ကြသည်။

ဖန်ရှုံ့ဖုန်း၏မျက်နှာက တည်ငြိမ်နေ၏။ သူ့ဘေးရှိ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့လည်း ဘာဆိုဘာမှမလုပ်ကြပေ။ သူတို့အားလုံး မန်ဟို့အပေါ် ယုံကြည်ချက်အပြည့်အ၀ ရှိကြသည်။

မန်ဟို့မျက်လုံးများက အေးစက်စက် တောက်ပနေ၏။ စောစောက တောင်ကောင်းကင်မရဏ၀င်္ကပါ၏ အကူအညီဖြင့် သူ သတ်ဖြတ်ခဲ့‌သော အဘိုးအိုသည် ဖန်မျိုးနွယ်စုကို ပစ်မှတ်ထားခဲ့သည့်အတွက် သူလည်း ကြေးဒင်္ဂါးကို စစ်နိုင်ပစ္စည်းအဖြစ် သိမ်းယူဖို့ ရည်ရွယ်ထား၏။

သူ လေကိုခွင်း၍သွားနေစဉ် သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ရမ်းလိုက်ကာ မရေမတွက်နိုင်သော အင်မော်တယ်တောင်များအား အဆုံးမဲ့မိုးပြာရောင်အလင်းတို့ဖြင့် ကွန့်မြူးလျက် ကျဆင်းလာစေသည်။ လူခြောက်ယောက်အနက် သုံးယောက်မှာ သွေးအန်ပြီး ချက်ချင်း အရှိ‌န်လျော့သွား၏။ ကျန်သုံးယောက်က နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များကို ထုတ်လွှတ်လိုက်ကြသည်။ ချက်ချင်းပင် ကောင်းကင်သည် ရောင်စုံအလင်းရောင်များနှင့် မှော်လှိုင်းဂယက်များဖြင့် ပြည့်နှက်သွား၏။

ဟိန်းဟောက်ရင်း မန်ဟို့ထံ ပြေး၀င်လာကြသော ဧရာမပုတ်သင်မည်းမည်းကြီးများ ဖြစ်တည်လာကြသည်။ မန်ဟို့ကို ရိုက်ချလိုက်သော နဂါးတစ်ကောင်လို ဧရာမကြာပွတ်ကြီးတစ်လက်လည်း ရှိ၏။

နောက်ဆုံးကတော့ မိုးနှင့်မြေတစ်ခွင် လွှမ်းခြုံသွားသော တောက်တောက်ပပအလင်းရောင်များ ဖြန့်ကျက်နေသည့် ခုနစ်ရောင်စဉ်သက်တံ့တစ်စင်းပင်။

မန်ဟိုက အေးစက်စက် နှာမှုတ်၍ နတ်ဘုရားစွမ်းအင်များကို ထိပ်တိုက်ရင်ဆိုင်ဖို့ သူ၏ အပြင်အားကိုယ်ခွန်အားကို အားပြုရင်း အရှိန်တင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို သူ့အရှေ့သို့ ဆန့်၍ ဘေးသို့ ဖြန့်ကားလိုက်ရာ ဧရာမပုတ်သင်ကြီးများမှာ ဆုတ်ဖြဲခံလိုက်ရသဖြင့် မချိတင်ကဲ အော်ဟစ်ရင်း သေဆုံးသွားကြတော့သည်။

မန်ဟိုက အရှိန်ပင်မလျှော့ဘဲ ညာလက်ဖြင့် ပုံရိပ်ယောင်ကြာပွတ်ကို ဆုပ်ကိုင်၍ မီးတောက်အား ၎င်းကို ဝါးမြိုလိုက်စေသည်။ မျက်စိတစ်မှိတ်အတွင်း ကြာပွတ်ကား ထွန့်ထွန့်လူးနေသော မီးမြွေကြီးသဖွယ် ဖြစ်သွားလေ၏။

ထို့နောက် မန်ဟိုက သက်တံ့ကို ဝင်တိုက်၍ အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်သည်။

မန်ဟိုကား အရှိန်လျှော့သွားခြင်းပင်မရှိပေ။ သူသည် ယခုတွင် နတ်ဘုရားစွမ်းရည်များအား ထုတ်လွှတ်ခဲ့သော ကျင့်ကြံသူသုံးယောက်၏ ရှေ့တည့်တည့်သို့ ရောက်သွားခဲ့လေပြီ။ ကျင့်ကြံသူသုံးယောက်၏ မျက်နှာများမှာ မယုံနိုင်မှုတို့ဖြင့် ရိပ်ခနဲ ဖြစ်သွားပြီး သူတို့ မှော်အစွမ်းများ ထပ်မံမထုတ်လွှတ်နိုင်ခင် မန်ဟိုက အင်္ကျီလက်စကို ခါရမ်းကာ လေမုန်တိုင်းတစ်လုံးအား သူတို့ကို ရိုတ်ခတ်လိုက်စေသည်။

မန်ဟို သူတို့ဘေးမှ ဖြတ်သွားသည့်အခါ သူတို့ပါးစပ်မှ သွေးများထွက်သွားသည်။ သူကား သူတို့ကို မသတ်ခဲ့ပေ။ ယနေ့သည် သူ့အဖေ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာသောနေ့ဖြစ်၍ မလိုအပ်သရွေ့ စောစောက စိန်ခေါ်မှုများအတွင်း လုပ်ခဲ့သလို လူသတ်မည်မဟုတ်ပေ။ မင်္ဂလာရှိနေသောနေ့ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲအဖြစ် မပြောင်းချင်ပေ။

တခဏကြာသော် သူက ကြေးဒင်္ဂါး၏အရှေ့တွင် ပေါ်လာသည်။ သူ ၎င်းကို လှမ်းဖမ်းလိုက်စဉ် ကျန်ကျင့်ကြံသူသုံးယောက်က မန်ဟို့ကို တားရန် မုဒြာလက်ကွက်များဖော်၍ အစွမ်းထက်သိုင်းကွက်များ ထုတ်ဖော်လိုက်ကြသည်။

သူတို့ထဲမှတစ်ယောက်က မန်ဟို့စိတ်နှင့်နားထဲတွင် ပဲ့တင်ထပ်သွားသော စူးစူးဝါးဝါးအော်သံများနှင့် မြေဆွဲအားလှိုင်းကို ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်သွားသည့် ငွေဘူးသီးခြောက်တစ်လုံးကို ဆင့်ခေါ်လိုက်သည်။

“ဖယ်စမ်း” မန်ဟိုက နတ်ဘုရားသုတ်သင်ခြင်းလက်သီးဖြင့် ထိုးနှက်ရင်း ပြောသည်။ ငွေဘူးသီးခြောက်မှာ တဆတ်ဆတ်တုန်ပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားရာ အတွင်းထဲရှိ အမုန်းဝိညာဉ်များအား လွင့်စင်ပြန့်ကြဲသွားစေသည်။ တန်ပြန်ရိုက်ခတ်မှုက နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်ခဲ့သောကျင့်ကြံသူကို ဝင်တိုက်လိုက်၏။

အမုန်းဝိညာဉ်များ သူ့ကို ဝင်တိုက်သည့်အခါ ထိုကျင့်ကြံသူမှာ မျက်နှာပျက်သွားသည်။ သူ့မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်သို့လွင့်ထွက်သွားပြီးနောက် တစ်ကိုယ်လုံးပိန်ချုံးသွားတော့သည်။ သူ၏အပေါင်းအပါတစ်ယောက်က အေးစက်စက်နှာမှုတ်ရင်း ကြေးဒင်္ဂါးကို လျစ်လျူရှု၍ မန်ဟို့ဆီ ပြေးဝင်လာသည်။

သူက အသက်စွမ်းအားများကို လောင်ကျွမ်းပစ်လိုက်သဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်လာသည်။ မန်ဟို ကြေးဒင်္ဂါးမရစေဖို့အလို့ငှာ သူကား သူ့ကိုယ်သူနှင့် သူ၏ကျင့်ကြံခြင်းအခြေခံကိုပင် အထိခိုက်ခံနေလေသည်။ လောင်ကျွမ်းမှုသည် ခန္ဓာဖောက်ခွဲခြင်းအားအသွင်ပြောင်းလာရာ လူတိုင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာစေ၏။ ထိုလူက သူ့ကိုယ်သူပင် ဖောက်ခွဲလိုက်လေပြီ။

၎င်းသည် အရပ်လေးမျက်နှာသို့ မျက်စိကျိန်းစဖွယ်အလင်းတန်းများ ဖြန့်ကျက်လျက် နေပေါက်ကွဲမှုနှင့်တူသည်။ မန်ဟိုက နောက်မဆုတ်ပေ။ သူက တင်းမာသောမျက်နှာထားဖြင့် ပြန့်ကားလာနေသည့် ခန္ဓာဖောက်ခွဲအားလှိုင်းထံသို့ လက်ချောင်းဝှေ့ယမ်းလိုက်သည်။

“မိစ္ဆာချုပ်နှောင်ခြင်း ပဉ္စမမန္တန်”

အတွင်းအပြင်မန္တန်

မန်ဟို ဤမန္တန်ကို ရရှိခဲ့စဉ်တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံမှာ ၎င်းကို အပြည့်အဝထုတ်လွှတ်ဖို့ရန် အားနည်းလွန်းခဲ့သည်။ သို့သော် ယခုတွင်မူ သူကား လောကပါလအင်မော်တယ်တန်ခိုးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ၎င်း၏အစွမ်းထက်ဆုံးပုံစံကို အသုံးပြုနိုင်၏။

တခဏကြာသော် သူ့အရှေ့တွင် ပါးစပ်ပေါက်ကြီးကဲ့သို့ ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။ ၎င်းက ခန္ဓာဖောက်ခွဲခြင်းအားလှိုင်းကို စုပ်ယူလိုက်သော ဖော်ပြမတတ်နိုင်အောင် အားကောင်းသည့် ဆွဲအားကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ ပထမတစ်စက္ကန့်တွင် ခန္ဓာဖောက်ခွဲခြင်းအားလှိုင်းကို လူတိုင်း မြင်လိုက်ကြရသည်။ နောက်တစ်စက္ကန့်တွင် ၎င်းကား မရှိတော့ပေ။

ယခုတွင် ကြေးဒင်္ဂါးအနား၌ လူနှစ်ယောက်သာ ရှိတော့ကြောင်း မြင်လိုက်ရသဖြင့် လူတိုင်း တအံ့တဩ စိုက်ကြည့်မိလိုက်ကြသည် .... မန်ဟိုနှင့် ဝတ်ရုံနက်သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်။

ထိုလူက မန်ဟို့ကို ကြောက်လန့်နေသောမျက်ဝန်းများဖြင့် ကြည့်နေသည်။ ဤမျှလူအများကြီးက မန်ဟို့ကို အရှိန်လျော့သွားအောင် မလုပ်နိုင်ဘဲ နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခုတွင် ကြေးဒင်္ဂါးကို လုနေသူမှာ သူတို့နှစ်ယောက်သာ ရှိတော့သည်။

လက်နှစ်ဖက်က တစ်ပြိုင်တည်း ၎င်းဆီ လှမ်းလိုက်ကြသည်။

သက်လတ်ပိုင်းလူ၏မျက်လုံးများ လင်းခနဲ လက်သွားစဉ် ရုတ်တရက် ကံကြွေးအရှိန်အဝါက သူ့ထံမှ ထွက်လာသည်။ သူက ဒင်္ဂါးကို သူ့လက်ဖြင့် လှမ်းယူမည့်အစား ကံကြွေးမျှင်များအား သူ့ကို ရစ်သိုင်းလှည့်ပတ်၍ ကြေးဒင်္ဂါးကို ဖမ်းဆုပ်ရန် မြွေလိမ်မြွေကောက် ထွက်သွားစေသည်။

“ကျီမျိုးနွယ်စု .... “ မန်ဟို့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်သွားတော့၏။ ဤသက်လတ်ပိုင်းလူတွင် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ကျီမျိုးနွယ်စုနတ်ဘုရားစွမ်းရည်များ၏ ဆန်းပြားသောသဘာဝကြောင့် သူ့စွမ်းအားသည် သူနှင့်နယ်ပယ်တူများထက် ကျော်လွန်ကြီးမားသည်။

“အဲဒီပစ္စည်းက ငါ့အပိုင်ပဲ” ထိုလူက တင်စီးမောက်မာသောအသံဖြင့် ပြောသည်။ သူ၏ကံကြွေးမျှင်များက ကြေးဒင်္ဂါးကို ရစ်ပတ်၍ ၎င်းအား သူ့ဆီသို့ ဆတ်ခနဲ ဆွဲလိုက်သည်။

“ကျီမျိုးနွယ်စုရဲ့ ချီးထုတ်” မန်ဟိုက ငေါက်ငမ်းသည်။ မိုးပြာရောင်အလင်းသည် သူ့ထံမှ ကွန့်မြူးတောက်ပလာ၏။ သူ့အနေနှင့် မည်သည့်မုဒြာလက်ကွက်ကိုမှ ဖော်စရာမလိုပေ။ သူ့မှော်အစွမ်းသည် သူ့စိတ်စေရာအတိုင်း ပြုမူသည်။ မိုးပြာရောင်အလင်းက ကျီမျိုးနွယ်ကျင့်ကြံသူနှင့် သူ၏ကံကြွေးမျှင်များကို ပိုင်းဖြတ်လိုက်သော ပုံရိပ်ယောင်ဓားသွားအသွင် ပြောင်းသွားခဲ့လေပြီ။

မျက်စိတစ်မှိတ်အတွင်း ကံကြွေးမျှင်များမှာ နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။ ကျင့်ကြံသူမှာတော့ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး တစ်ကိုယ်လုံးခြောက်ကပ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက ကြေးဒင်္ဂါးကို ဆွဲယူလိုက်သည်။

သူသည် ၎င်းကို ကြည့်ပင်မကြည့်ဘဲ နတ်ဘုရားအာရုံဖြင့် အပိုင်ပစ္စည်းအဖြစ် ခတ်နှိတ်ပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူက ကျီမျိုးနွယ်ကျင့်ကြံသူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထိုလူက မန်ဟို့ကို ပြန်စိုက်ကြည့်ပြီးနောက် အေးစက်စက် နှာမှုတ်၍ အောက်ပြန်ဆင်းရန် ပြင်သည်။

“ငါ မင်းကို သွားလို့ရပြီပြောလား” မန်ဟိုက ထိုလူရှိရာသို့ ရိပ်ခနဲ လှုပ်ရှားလာရင်း လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ထိုလူ့ပတ်ဝန်းကျင်မှာ စတင်ပြိုကွဲလာသဖြင့် လေထုသည် ပုံပျက်သွားပြီး မိုးမှောင်ကျလာသည်။

ကျီမျိုးနွယ်ကျင့်ကြံသူမှာ မျက်နှာပျက်သွားပြီး လျှို့ဝှက်အတတ်ကို ထုတ်လွှတ်ရန် လျှာကိုက်၍ သွေးတစ်ပွက်ထွေးလိုက်သော်လည်း တိုက်ကွက်မှ ပွတ်သီကာသာ ရှောင်လိုက်နိုင်သည်။ သူက ဒေါသတကြီး အော်ဟစ်တော့သည်။ “မင်း ဘာလုပ်နေတယ်ထင်လဲ မန်ဟို။ မင်း ငါ့ကို တကယ်ပဲ သတ်ရဲသလား”

အောက်တွင် ကျီမျိုးနွယ်ကျင့်ကြံသူများက အေးဆေးတည်ငြိမ်စွာ ကြည့်နေကြသည်။ သူတို့သည် မန်ဟို ကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်ကို မျက်မြင်သက်သေများစွာ၏အရှေ့တွင် သတ်ရဲမည်မဟုတ်ဟု အခိုင်အမာယုံကြည်သည့်အလား ဖြစ်ပျက်နေသောအရာကို စိတ်ပူကြပုံမပေါ်ပေ။

မန်ဟို့မျက်နှာအမူအရာသည် အလွန်တရာခက်ထန်နေ၏။ သူက ပြောသည်။ “ဒီနေ့က ငါ့အဖေရဲ့ မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲနေ့။ ဒါကို လူယုတ်မာကောင်တွေ ပေါ်လာပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တယ်။ ငါ သူတို့ကို သတ်ခဲ့ပြီးပြီဆိုပေမယ့် သူတို့က တခြားတစ်ယောက်ရဲ့အမိန့်အတိုင်း လုပ်နေတာလို့ ငါ ယုံနေတုန်းပဲ။ လျှို့ဝှက်ကြံစည်မှုဆိုတာ အသိသာကြီး

“အဲဒီအတွက်သာမဟုတ်ရင် ဘာကြောင့် မဖြစ်စလောက် တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက်က ဒီမှာ ပေါ်လာပြီး ငါ့အိမ်ထဲမှာ ပြဿနာရှာဝံ့မှာလဲ” သူက စကားပြောနေသည့်အချိန်မှာပင် ကျီမျိုးနွယ်ကျင့်ကြံသူဆီ လျှောက်လာသည်။

“ငါ ဖန်မျိုးနွယ်စုရဲ့ကိုယ်စား ဒီကိစ္စကို စစ်ဆေးနေတာဆိုတော့ ဒီကြေးဒင်္ဂါးနဲ့ သူ့ရဲ့ဇစ်မြစ်ကနေတစ်ဆင့် သုံးသပ်ကြည့်ဖို့လိုတယ်။ ဒါတောင် မင်းက ငါ့ကို တကယ်ပဲ တားဖို့ ကြိုးစားခဲ့တယ်လား

"အဲ့ဒါတင် မကသေးဘူး။ မင်းက ဒီပစ္စည်းကို ငါနဲ့ ပြိုင်လုတယ်။ ဘာအကြောင်းကြောင့် ဖြစ်လိမ့်မလဲ။ မဟုတ်မှ ကျီမျိုးနွယ်စုက ဒီအကြံအစည်ရဲ့ နောက်ကွယ်မှာ ရှိနေတာများလား။ အခု တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူ သေသွားပြီဆိုတော့ မင်းတို့က ဖန်မျိုးနွယ်စု အမှန်တရားကို ဖော်ထုတ်မှာကြောက်လို့ သက်သေကို မင်းတို့လက်ထဲ အရယူချင်နေတာလား"

မန်ဟိုက အလွန်လျင်မြန်စွာဖြင့် မနားတမ်းပြောသွားခဲ့သဖြင့် အဆုံးသတ်တွင် သူ့အသံကား ဟိန်းနေတော့သည်။ ထို့နောက် သူက ထိုလူ့အနား ကပ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ကျီမျိုးနွယ်ကျင့်ကြံသူမှာ မျက်နှာပျက်သွားပြီး အစွမ်းကုန် ပြန်တိုက်ခိုက်လိုက်၏။ သို့သော် သူ့မှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်သို့ ဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အောက်ရှိ ကျီမျိုးနွယ်ကျင့်ကြံသူများက ထရပ်လာကြပြီး မန်ဟို့ကို အေးတိအေးစက် ကြည့်ကြ၏။

"မန်ဟို အသရေဖျက်နေတာ ရပ်လိုက်စမ်း" ထိုလူက ပြောသည်။ "ကျီမျိုးနွယ်စုက အခုကိစ္စနဲ့ ဘာမှမပက်သက်ဘူး။ ပက်သက်ခဲ့ရင်တောင်မှ ငါတို့အနေနဲ့ အမှန်တရားကို ဖုံးကွယ်နေစရာမလိုဘူး"

"အို ဪ ဟုတ်ပြီ။ ကျီမျိုးနွယ်စု မဟုတ်ဘူးပေါ့။ ဒါဆို မင်းတစ်ယောက်တည်း လုပ်တာပေါ့လေ။ မင်းက ဒါတွေအားလုံးရဲ့ နောက်ကွယ်က လူပေါ့လေ

"အတင့်ရဲလိုက်တဲ့ သစ္စာဖောက်။ မင်းက ဖန်မျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုကို စစ်ဖြစ်အောင် ခလောက်ဆန်ရဲတယ်ပေါ့လေ။ ဖန်မျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုကြား ပဋိပက္ခဖြစ်အောင် ရန်စရဲတဲ့ လူတွေအတွက် နမူနာအနေနဲ့ ငါ မင်းကို အခုချက်ချင်း ဒီနေရာမှာ သတ်ပစ်မယ်" မန်ဟိုက မျက်လုံးများ ၀င်း၀င်းတောက်နေလျက် ရှေ့တက်လာသည်။ ကျန်ကျီမျိုးနွယ်ကျင့်ကြံသူများက မျက်စိမျက်နှာပျက်စွာဖြင့် သူ့ကို တားတော့မည်ပြုစဉ် မန်ဟိုက လက်ကို ဆန့်ထုတ်လိုက်ပြီး ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။

ဤတစ်ခေါက်တွင် ၎င်းကား အတွင်းလုပ်ဆောင်ချက်မဟုတ်ဘဲ၊ အပြင်လုပ်ဆောင်ချက်ဖြစ်သည်။ စောစောက ခန္ဓာဖောက်ခွဲခြင်းအားလှိုင်းမှတစ်ပါး အခြားမဟုတ်သော အားကြီးက လိမ့်ထွက်လာသည်။ သက်လတ်ပိုင်းကျင့်ကြံသူကား တစ်ကိုယ်လုံး လွှမ်းခြုံခံလိုက်ရတော့၏။ လှိုင်းများကြောင့် မိုးနှင့်မြေမှာလည်း တွန့်လိမ်ရှုံ့တွနေသည်။

အစောပိုင်းက ခန္ဓာဖောက်ခွဲမှု၏စွမ်းအင်များသည် ဘေးသို့ ပြန့်ကားထွက်ဖို့ လမ်းကြောင်းပေးခံခဲ့ရခြင်းဖြစ်၏။ သို့သော် ယခုတွင် ၎င်းတို့ကား ပဉ္စမမန္တန်မှတစ်ဆင့် ကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်တည်းအပေါ်တွင်သာ စုပြုံပို့လွှတ်ခြင်းခံလိုက်ရလေပြီ။

ထိုလူမှာ ပြန်ပင် မတိုက်ခိုက်နိုင်ပေ။ သူကား ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာတော့သည်။

“မန်ဟို” ကျန်ကျီမျိုးနွယ်ကျင့်ကြံသူများက ဒေါသတကြီး အော်ရင်း လေပေါ်ပျံတက်လိုက်ကြသော်လည်း ဖန်မျိုးနွယ်ဝင်များ၏တားခြင်း ခံလိုက်ကြရသည်။

“ကျီမျိုးနွယ်စုက တာအိုရောင်ရင်းတို့၊ ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒီလူက ကျုပ်တို့မျိုးနွယ်စုနှစ်စုကြားမှာ ချစ်ကြည်ရေးပျက်ပြားအောင် လုပ်ရဲခဲ့တယ်လေ။ ဒါကြောင့် သေသင့်တာပေါ့” မန်ဟိုက ပြုံးရင်း လက်ယှက်၍ ကျီမျိုးနွယ်ဝင်များကို အရိုအသေပေးလိုက်သည်။

All Chapters