← Chapters

အဆိပ်နဂါး “ဝဋ်လည်ခြင်း”

Vol. 26 Ch. 390

အဆိပ်နဂါး “ဝဋ်လည်ခြင်း”

Vol. 26 Ch. 390

ပါ့ဂ်လီအို အံ့အားသင့်သွားသည်။ “ငါ အကောင်းကြီး ရှိနေတယ် မဟုတ်လား။ ငါ ဘာလို့ အသတ်ခံရတယ်လို့ မင်းပြောတာလဲ။ ဒါနဲ့ ဘက်တီ။ မင်းနာမည်က ဘယ်လိုလုပ် ခရိုဘဲလက်စ် ဖြစ်သွားတာလဲ။”

“သိပ်မကြာခင်နှစ်တွေတုန်းကပဲ ခရိုဘဲလက်စ် ဆိုတဲ့နာမည်ကို ကျွန်မ သုံးခဲ့တာ။ ရှင်တစ်‌ယောက်ပဲ ကျွန်မကို ဘက်တီလေးလို့ ခေါ်လို့ရတယ်လို့ ပြောခဲ့တယ်မလား....” ခရိုဘဲလက်စ်၏မျက်နှာ ရှက်သွေးဖြာသွားခဲ့သည်။ ခုနက ခေါ်လိုက်သော ပါ့ဂ်လီအို ဟူသည့်နာမည်ကို တွေးမိပြီးနောက် သူ၏ခန္ဓာကိုယ်မှ အဆိပ်သည် ပို၍ပြင်းထန်လာကြောင်း ခံစားလိုက်ရသည်။ သူ ရုတ်တရက် မူးဝေသွားခဲ့သည်။ “မဟုတ်သေးဘူး။ ရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက နတ်မိမယ်နဂါး ဇိုလာနဲ့ အဆိပ်နဂါး ပါ့ဂ်လီအိုတို့ သတ်တာကို ခံခဲ့ရတာ မဟုတ်လား။ ရှင်က ဘယ်သူလဲ....”

“ငါ...အမ်....ရာနိုင်းနီဆိုတာ ငါ့ရဲ့ နာမည်ဝှက်တစ်ခုပါ။” နောက်ဆုံး၌ ပါ့ဂ်လီအို တစ်စုံတစ်ခုကို သတိရသွားပြီး ထူးထူးဆန်းဆန်း ရှက်သွားခဲ့သည်။ “ငါမင်းကို အဆိပ် အရင် ဖယ်ရှားပေးမယ်။”

“မျိုးမစစ်ကောင်....။ တစ်ချိန်လုံး ကျွန်မက ရှင် လှည့်စားတာကို ခံခဲ့ရတာကိုး။ အဲဒီတုန်းက ရတနာတွေကော။”

“အာ။ ဘာပြောတယ်။” ( နတ်မိမယ်နဂါး၏ ဗျူဟာကို အရှက်မရှိ သုံးနေခြင်း )

“ကျွန်မရဲ့ ရတနာတွေ ဘယ်မှာလဲ။”

“အမ်။အဲဒါက....ဘက်တီလေး။ အဆိပ် အရင် ဖြေရအောင်။ ပြီးမှ ပြောတာပေါ့....”

“အိုး။ လက်စသတ်တော့....ရှင်က လူလိမ်ကိုး...”

သူတို့နှစ်ယောက်၏ ပြောစကားများကို ကြားပြီးနောက် ချန်လွေ့သည် မကျေနပ်ချက်များ၏ အမှန်တရားတချို့ကို သဘောပေါက်သွားသည်။ ချီး။ ငါက ဒီကို အသည်းအသန် ပြေးလာခဲ့ရတာ။ နောက်ဆုံးတော့ ဒါက အကြီးမားဆုံး အထင်လွဲမှုကြီးတစ်ခု ဖြစ်နေတာကိုး။

လက်စသတ်တော့ အရာအားလုံးက အတိတ်မှာ ပါ့ဂ်လီအို ကျူးလွန်ခဲ့တဲ့ ကလေးကလား လိမ်လည်မှု တစ်ခုကြောင့်ကိုး။

လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ခန့်က ခရိုဘဲလက်စ်သည် တခြားသူများ၏ပစ္စည်းများကို လုယက်တတ်သော နဂါးပြစ်မှု လမ်းကြောင်းပေါ်သို့ ရောက်ခါစသာရှိသေးသော အပြစ်မဲ့ကောင်မလေး တစ်ယောက်သာ ဖြစ်သည်။ သူ၏ဘဝ၌ ပထမဆုံး အကျိုးအမြတ်ကို ရရှိခဲ့သည့်အခါ....အဲ...ပထမဆုံး ရတနာကို လုယက်ပြီးသည့်အခါ သူသည် ဉာဏ်များသော ခေါင်းမာသည့်နဂါးစုတ်နှင့် တွေ့ဆုံခဲ့သည်။

ရလာဒ်အနေဖြင့် ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားလာသော ကောင်မလေးသည် စွမ်းအားကြီးမားပြီး ကြွယ်ဝချမ်းသာသော တစ်စုံတစ်ယောက်၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။ ကောင်မလေးက ထိုနဂါးအား ကြွေသွားသည်။ သူတို့နှစ်ယောက် အလွန်ပင် လျင်လျင်မြန်မြန် အဆင်ပြေသွားခဲ့သည်။ သူတို့သည် တရားမဝင်သော ချစ်စိတ်ပြင်းပြသည့် အချစ်အရေးအခင်းများ ဖြစ်ခဲ့သည်။ မစ်-မြနဂါးက မထိန်းချုပ်နိုင်ဘဲ ပိုပို၍ လေးနက်သွားပြီး နောက်ဆုံးခုခံမှု ကျရှုံးသွားခဲ့သည်။ သူသည် “ရာနိုင်းရီ”ဟူသောလူနှင့် အရင်းနှီးဆုံး ဆက်ဆံရေး ရှိခဲ့သည်။ သူ လုယက်ထားသော ရတနာများကိုပင် ထိုလူထံ ပေးထားခဲ့သည်။ ထိုအချိန်၌ “ရာနိုင်းရီ” စိတ်လှုပ်ရှားသွားပြီး အဖိုးတန်ဆုံး ရတနာတစ်ခုကို လုယက်ကာ သူ့ကို ချစ်ရေးဆိုရာ၌ လက်ဆောင်အဖြစ် ပေးမည်ဖြစ်ကြောင်း သစ္စာဆိုခဲ့သည်။ နောက်ရက်များ၌ ထိုကောင်မလေးသည် လက်ဆောင်ကို နေ့စဉ် မျှော်လင့်နေခဲ့သည်။ သူသည်...အပြေးအလွှားပင် ထိုသူထံ ပြေးဝင်ခဲ့သေးသည်။

ထို့နောက်တွင် တစ်နေ့၌ ရာနိုင်းရီ ရုတ်တရက် ပျောက်ဆုံးသွား၏။ လွှမ်းနေသော ကောင်မလေးက နေရာအနှံ့လိုက်ရှာသည့်အခါ “ရာနိုင်းရီ”သည် ရန်သူ၂ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သတင်းရခဲ့သည်။

၎င်းသည် ချစ်သူအား ရူးမိုက်စွာ စောင့်ဆိုင်းနေကဲ့သော ကောင်မလေးအတွက် လုံးဝမထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ရန်သူ နှစ်ယောက်လုံးမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသည်။ သူတို့သည် အလွန်ပင် စွမ်းအားကြီးပြီး မည်သည့်နေရာသို့ ရောက်နေကြောင်း သေချာမသိနိုင်ပေ။

ကောင်မလေးက ချစ်သူအတွက် လက်စားချေရန် သစ္စာဆိုခဲ့သည်။ ထို့ကြောင့် သူသည် လူသား(နဂါး)လေ့ကျင့်‌ရေးကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ပြီး....... ပိုက်ဆံလည်း ရှာခဲ့သည်။

ချန်လွေ့က အဆိပ်နဂါးအား စက်ဆုပ်စွာ ကြည့်လိုက်သည်။ ဒီလူက တကယ်ကြီး ပိုက်ဆံနဲ့ ကာမကို လိမ်ညာယူခဲ့တာပဲ။ သူက ရန်သူနဲ့ နာမည်နဲ့တောင် အပြစ်ကို ဖုံးလိုက်သေးတယ်။ သူက တကယ့်ကို အရှက်မရှိတာပဲ။

အဲဒီအရိုးကျိုးတာထက်ကို သူ ပိုပြီးတော့ ခံစားရသင့်တယ်။

ပါ့ဂ်လီအိုက အင်အားအတော်များများ စိုက်ထုတ်ပြီး နောက်ဆုံး၌ ခရိုဘဲလက်စ်ထံမှ အဆိပ်အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် ဒေါသထွက်နေသာ မစ်-မြနဂါးက ချက်ချင်းပင် လူသတ်ချင်သော မျက်လုံးများဖြင့် ပြင်းထန်သော အရှိန်အဝါထုတ်လွှတ်ပြီး သစ္စာမရှိသော သတ္တဝါအား အပိုင်းပိုင်း ခုတ်ပိုင်းချင်နေပုံရသည်။

ပါ့ဂ်လီအိုက သူမှားမှန်း သိသည်။ ထို့ပြင် သူသည် ယခုတွင် ခရိုဘဲလက်စ်ထက် အားနည်းနေ၏။ ထို့ကြောင့် တောင်းတောင်းပန်ပန်နှင့်သာ ပြုံးနိုင်လေသည်။

မစ်-မြနဂါး၏ ခံစားချက်ကို ချန်လွေ့ လုံးဝ နားလည်သည်။ သူသည် ထိုရွံစရာကောင်အား အပိုင်းပိုင်း ခုတ်ပိုင်းရန် မစ်-မြနဂါးကို အားပေးနေသည်။ သို့သော်လည်း သဟဇီဝစာချုပ် ချုပ်ဆိုထားသည့်အတွက် သူသည် ပါ့ဂ်လီအိုအား အသားတုံးများအဖြစ် ခရိုဘဲလက်စ် အမှန်တကယ် ဆွဲဖြဲခိုင်း၍ မရပေ။

သို့သော် ဤအခြေအနေသို့ ရောက်လာပြီ ဖြစ်သည့်အခါ ခရိုဘဲလက်စ်နှင့် ပါ့ဂ်လီအိုတို့ကြားရှိ “ယောက်ျားအတွက် ကလဲ့စား” မရှိတော့ပေ။ သူတို့ကြားရှိ မကျေနပ်ချက်များကို ဖြေရှင်းနိုင်လျှင် ချန်လွေ့သည် မစ်-မြနဂါးအား မိမိဘက်သို့ ခေါ်နိုင်ပေသည်။

မြို့တော်၌ သိခဲ့စဉ်အတွင်း ခရိုဘဲလက်စ်သည် နဂါးပြဿနာများ ရှာတတ်သော်လည်း မိတ်ဆွေများကို အမှန်တကယ် တန်ဖိုးထားသည်။ သူသည် နှစ်ပေါင်း၂၀၀၀ကြာအောင် နဂါးပြာ၏ မိန်းမအဖြစ် နေခဲ့ပြီး လက်စားချေရန်ပင် သစ္စာဆိုခဲ့သည်။ သူသည် မိတ်ဆွေဖြစ်ထိုက်သူ တစ်ယောက်ပင် ဖြစ်လေသည်။

ထားလိုက်တော့။ သဟဇီဝစာချုပ်နဲ့ “ချာလီစ်” တို့အတွက် ဒီတစ်ခေါက်တော့ ဒီနဂါးစုတ်ကို ငါ ကူညီပေးလိုက်မယ်။

မစ်-မြနဂါးက တိုက်ခိုက်ရန် ပြင်လိုက်စဉ် အသံတစ်သံ ထွက်လာ၏။ “ဒါက မစ်-ဘတ်တီကိုး။ နာလည်မှု အကြီးကြီး လွဲနေခဲ့တာပဲ။”

ခရိုဘဲလက်စ်က ဘာမှမပြောဘဲ ချန်လွေ့ကို ငေးကြည့်နေသည်။ သူ၏မျက်လုံးများက ပြင်းထန်သော ရန်လိုမှုများ ပြသနေသည်။ သူသည် ချန်လွေ့၏ ရင်းနှီးသောအသံကို အနည်းငယ် သံသယဝင်နေသော်လည်း သူ၏ လူသားမိတ်ဆွေမှာ အစ်ဇဘယ်လာနှင့်အတူ သေသွားခဲ့လေပြီ။ သူ ခုနက နားကြားလွဲခြင်းသာ ဖြစ်နိုင်သည်။

“ကျုပ်က ခင်ဗျားပြီးရင် ဒီကောင်စုတ်ရဲ့ အကောင်းဆုံး မိတ်ဆွေပဲ။ သူက ခင်ဗျားအကြောင်း ဒါကြောင့် အမြဲတွေးနေတာကိုး။ ခင်ဗျားက လှပပြီးတော့ ရင်ထဲခိုက်စေတဲ့ မိန်းကလေး တစ်ယောက်ပဲ။” ချန်လွေ့ ချီးမွန်းခန်း ဖွင့်လိုက်သည်။

“အမြဲတွေးနေတယ် ဟုတ်လား။” မစ်-မြနဂါးက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ သတ်ဖြတ်ချင်စိတ်ကို ပါ့ဂ်လီအိုထံ ပစ်မှတ်ထားလိုက်ပြန်သည်။ “နှစ်၂၀၀၀‌ ကြာအောင် ငါ ဒီလူလိမ်အကြောင်း တွေးနေမိခဲ့တယ်။ ဒါပေမဲ့ အခု ငါတွေးနေတာက သူ့အရိုးတွေကို တစ်ချောင်းချင်း ဘယ်လိုဆွဲဖြုတ်ရမလဲ ဆိုတာပဲ။”

“မစ်-ဘက်တီ။ သူ့ရဲ့အရိုးတွေကို ဆွဲမဖြုတ်ခင် ကျုပ်ပြောမယ့် ဇာတ်လမ်းကို နားထောင်ပေးပါ။” ချန်လွေ့က ထူးထူးဆန်းဆန်း အကူအညီ တောင်းနေသော နဂါးကို ဖျပ်ခနဲ ကြည့်သည်။ “သူ့စွမ်းအား တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ခင်ဗျား သတိမထားမိဘူးလား။ လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက စွမ်းအားနဲ့ဆိုရင် သူ အခုလို ခင်ဗျားရိုက်တာကို ဆိုးဆိုးဝါးဝါး ခံနေရမှာလား။”

ခရိုဘဲလက်စ် ကြက်သေသေသွား၏။ သူပြောတာ မှန်တယ်။ လွန်ခဲ့တဲ့ နှစ်၂၀၀၀ကဆိုရင် ငါ နတ်ဆိုးအရှင်သခင်ဆီ အဆင့်တက်သွားရင်တောင် ဒီလူက ငါ့ခုခံမှု လုံးဝမရှိတော့အောင် လက်တစ်ချက် ဝှေ့ရမ်းရုံနဲ့တင်ရတယ်။ တစ်ခုခု ဖြစ်ခဲ့တာများလား။

ချန်လွေ့ သက်ပြင်းချလိုက်သည်။ နောက်‌ဆုံး၌ သူသည် ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးနောက် သူ၏ အသိတရားကို ဆန့်ကျင်၍ “ဇာတ်လမ်း”တစ်ပုဒ် ပြောခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်က ကြောက်စရာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့် ယောက်ျားတစ်ယောက်သည် ချစ်ရသော မိန်းမလေးအား ဒုက္ခမရောက်စေရန်အတွက် တိုက်ပွဲခရီးကြမ်းထဲသို့ နောက်ဆက်စကား မဆိုဘဲ ထွက်သွားခဲ့သည်။ ရလာဒ်အနေဖြင့် သူသည် ထိုရန်သူကြောင့် နှစ်၂၀၀၀ကြာအောင် ချိပ်ပိတ်ခံခဲ့ရသည်။ သိပ်မကြာခင်မှသာ သတိပြန်ရလာခဲ့ပြီး သူ၏စွမ်းအားလည်း နတ်ဆိုးဧကရာဇ်အဆင့်၌ ကန့်သတ်ခံခဲ့ရသည်။ ကံဆိုးစွာပင် သူသည် ချစ်ရသူကို ရှာမတွေ့ခဲ့ပေ။

ထိုဇာတ်လမ်းမှာ ဝေဝေဝါးဝါးသာ ဖြစ်သည်။ အထူးသဖြင့် အချို့ဇာတ်ကွက်များမှာ ပြဌာန်းစာအုပ်မှ လုံးဝအတူတူနီးပါးပင် ဖြစ်သည်။ ၎င်းကို နားထောင်ရင်း အဆိပ်နဂါးကိုယ်တိုင်ပင် ကြက်သီးများ ထသွားခဲ့သည်။ ထိုစဉ် ခရိုဘဲလက်စ်က အမှန်တကယ် ရင်ထဲထိသွား၏။ အဆိပ်နဂါး၏စွမ်းအားနှင့် ယခင်နှစ်များတွင် သတင်းမကြားခဲ့ရသည်ကို ပြန်တွေးမိရင်း သူ၏ သတ်ဖြတ်ချင်စိတ်များ တဖြည်းဖြည်း အားလျော့သွားသည်။ နောက်ဆုံး၌ သူ၏မျက်လုံးထဲ၌ မျက်ရည်တစ်စက် ထွက်ပေါ်လာခဲ့သည်။ “ရာနိုင်းရီ...မဟုတ်ဘူး။ ပါ့ဂ်လီအို။ ရှင်ဘာလို့ အမှန်အတိုင်း မပြောခဲ့တာလဲ။ ဘယ်ရန်သူမဆို ကျွန်မတို့ အတူတူ ရင်ဆိုင်လို့ ရတာပဲ။”

ပါ့ဂ်လီအို ခေါင်းခါသည်။ “မင်းလိုက်လို့ ဘာမှ မထူးဘူး။ အဲဒီရန်သူက စွမ်းအားကြီးလွန်းတယ်။ သူက ငါ့ကို လွယ်လွယ်လေး ချိပ်ပိတ်ပြီးတော့ အမှောင်လရဲ့ ရေကန်ပြာအောက်ခြေမှာ နှစ်၂၀၀၀ကြာ အိပ်ပျော်အောင် လုပ်ခဲ့တာ။”

၎င်းသည် ကြုံတောင့်ကြုံခဲ အမှန်တရားတစ်ခု ဖြစ်သည်။ ခရိုဘဲလက်စ် ရင်ထဲထိသွားသည်ကို မြင်သည့်အခါ ချန်လွေ့က ပါ့ဂ်လီအို၏ နှာခေါင်းကို ရုတ်တရက် လက်ညှိုးထိုးပြသည်။ “အဲဒါ သူပဲ။ တစ်ခါ သူ သေလုနီးပါး ဖြစ်နေတုန်းက ဘက်တီဆိုတဲ့ နာမည်ကို ခေါ်နေခဲ့တယ်။ သူက သူအမြဲ သတိရနေတဲ့ မိန်းကလေး တစ်ယောက်ကို ရှာပြီးတော့ အချိန်နှောင်းသွားတဲ့ ချစ်ရေးဆိုဖို့ လက်ဆောင်အနေနဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပေးဖို့ ကျုပ်ကို တောင်းပန်ပြီး ပြောခဲ့တယ်။”

“ငါက ချစ်ရေးဆိုဖို့ ဟုတ်လား။” ပါ့ဂ်လီအိုက သူ့နှာခေါင်းသူ လက်ညှိးထိုးလိုက်သည်။ သူ၏ မျက်လုံးများ ပြူးသွား၏။

“အဖိုးတန်ရဲ့ရတနာ ဟုတ်လား။” ယခင်က လူလိမ်တစ်ယောက် ပေးထားခဲ့သော ကတိကို ပြန်သတိလိုက်ပြီး ခရိုဘဲလက်စ် ရှက်သွားသည်။ သူ၏မျက်လုံးထဲ၌ ပြင်းပြသော စိတ်အားထက်သန်မှုများ ထုတ်လွှတ်နေ၏။

“မရှက်ပါနဲ့။” ချန်လွေ့က ပါ့ဂ်လီအိုကို အသာလေး ပုခုံးပုတ်လိုက်သည်။ ထို့နောက် အရိပ်အမြွက်ပြရင်း ပြောသည်။ “မစ်-ဘက်တီက ခင်ဗျားကို နှစ်ပေါင်း၂၀၀၀ကျော် စောင့်နေခဲ့တာပဲ။ ခင်ဗျား ဘာပြောဦးမလို့လဲ။”

ပါ့ဂ်လီအို ခဏတာ ကြက်သေသေသွားပြီးနောက် ချန်လွေ့က လက်သီးဆုပ်အရွယ် ကျောက်မျက်တစ်ခု ထုတ်သည်ကို တွေ့လိုက်ရသည်။ ထိုကျောက်မျက်မှာ လုံးဝ ကြည်လင်ပြတ်သားနေပြီး သတ္တဝါ တစ်မျိုးမျိုး၏ မျက်လုံးများသဖွယ် လျို့ဝှက်ဆန်းကြယ်သော တည်ဆောက်ပုံများ ရှိနေသည်။ မည်သည့်ဘက်မှ ကြည့်စေကာမူ ကိုယ့်ကို ကြည့်နေသလို ထင်ရသည်။ ထို့ပြင် သူငယ်အိမ်မှာလည်း အလိုအလျောက် ကျုံ့နိုင်ဆန့်နိုင်ပြီး စိတ်အေးငြိမ်းမှု ပေးစွမ်းနိုင်သော ကြယ်အလင်းရောင် ထုတ်လွှတ်ပေးသည်။

“ကြယ်မှုန်မျက်လုံး။” ပါ့ဂ်လီအို လွှတ်ခနဲ ပြောလိုက်သည်။ ထိုအရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၂သောင်းခန့်က လီဗျာသန် တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာ ဖြစ်သည်။ ၎င်းသည် အဆိပ်နဂါးက သဘောအကျဆုံး စုစည်းမှုထဲမှ တစ်ခုလည်း ဖြစ်သည်။ ယခင်တစ်ခေါက် ချန်လွေ့နှင့် ရတနာများ ခွဲဝေစဉ်က သူသည် တမင်တကာပင် ထိုကျောက်မျက်ကို ခွဲဝေခဲ့သည်။

“ဒါက ကြယ်မှုန် မျက်လုံးပဲ။” မစ်-မြနဂါးက ထိုရတနာများကို ယခင်က ကြားဖူးသည်။ သူ၏ မျက်လုံးများက ကြယ်များသဖွယ် တလက်လက် တောက်ပသွား၏။ “ပါ့ဂ်လီအို။ ရှင့်ရဲ့ စိတ်ရင်းကို ကျွန်မ လုံးဝ ခံစားမိတယ်။ ကျွန်မ....ရှင့်ရဲ့ ချစ်ရေးဆိုတာကို လက်ခံတယ်။”

“ငါ လက်မခံဘူး။” အဆိပ်နဂါးက အလွန်တွန့်ဆုတ်နေပြီး အသည်းအသန် လွှတ်ခနဲ ပြောလိုက်သည်။

ခရိုဘဲလက်စ် ကြက်သေသေသွားပြီး နားကြားမှားနေသည်ဟု ထင်လိုက်သည်။ ခဏအကြာ သူ၏ သတ်ဖြတ်ချင်စိတ်များ စတင်စိမ့်ဝင်ပျံ့နှံ့လာသည်။ ချန်လွေ့က ထိုနဂါးအား ကြိုးတုပ်ပြီး ဇိုလာအား စမ်းသပ်ရန် ပေးချင်သွားသည်။ “ရာနိုင်းရီ”က ကတ်စေးနဲလို့ အဲဒီတုန်းက ဘက်တီကို ထားခဲ့တာလား။

“ဒါပေါ့။ သူ ဘယ် လက်ခံမလဲ။” ချန်လွေ့က အမြန်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အဲဒါက သူ့ရဲ့စိတ်ရင်းအားလုံးကို ကိုယ်စားမပြုဘူးလေ။ သူက အဲဒီတစ်ခုတင် မဟုတ်ဘူး။ နှင်းသရဖူလို့ခေါ်တဲ့ နောက်ထပ် ရတနာတစ်ခုကိုလည်း မစ်-ဘက်တီကို ပေးချင်နေတာ။”

နှင်းသရဖူလား။ အဲဒါက နောက်ထပ် နာမည်ကြီး ရတနာတစ်ခုပဲ။

ဒီလက်ဆောင်နှစ်ခုက တန်ဖိုးကြီးလွန်းတယ်။

ခရိုဘဲလက်စ်၏ မျက်လုံးထဲမှ တောက်ပမှုသည် ချက်ချင်းပင် ညင်သာမှု လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ခရိုဘဲလက်စ်က ပါ့ဂ်လီအို၏လက်ကို ကိုင်လိုက်ရာ သူ့ကိုလက်ထပ်ရန် သဘောတူသည့်အတွက် ခံစားချက် ပြင်းထန်နေသကဲ့သို့ပင် အဆိပ်နဂါး၏ လက်များ တုန်ခါနေသည်ကို ခံစားလိုက်ရသည်။

အားလုံးသိကြသည့်အတိုင်းပင် ၎င်းမှာ နဂါးတစ်ကောင်၏ နှလုံးသွေး ယိုစီးနေခြင်းကြောင့် ဖြစ်လေ၏။ နောက်ထပ် အကြိုက်ဆုံး ရတနာတစ်ခု။

လူသားထံမှ ခြိမ်းခြောက်သော အကြည့်ကို မြင်သည့်အခါ သူ သဘောမတူလျှင် ရတနာအားလုံး ခရိုဘဲလက်စ်ဆီ “ရောင်း”လိုက်နိုင်ကြောင်း ပါ့ဂ်လီအို သဘောပေါက်သွားသည်။

ဒီကောင်ရဲ့ “နေရာလွတ်အစွမ်း”ထဲကို ငါ့ရဲ့ ရတနာတွေ ထည့်ပေးလိုက်တုန်းက ဘယ်သူမှ မခိုးနိုင်တော့ဘူးလို့ ငါ ထင်ထားခဲ့တယ်။ ဒါက စိတ်ချရမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

နဂါးတစ်ကောင်က ရတနာအားလုံး ဆုံးရှုံးသွားပြီး ငမွဲဖြစ်သွားလျှင် ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး လမ်းခွဲလိုက်ခြင်းသာ ပိုကောင်းပေသည်။

(ဒါနဲ့ ဒီကောင်မလေး ငါ့အကြိုက်နဲ့ တော်တော်လေး သင့်တော်တဲ့ပုံပဲ။ အရင်က သူ့ရတနာတွေ အားလုံးကို ငါ လိမ်ညာယူခဲ့တယ်။ ဒါတောင် သူက စိတ်မပျက်သေးဘူး။)

(ပြီးတော့လည်း ငါထွက်သွားတုန်းက ဒီကောင်မလေးကို တကယ် မစွန့်ပစ်ချင်ခဲ့ဘူး။ အတင်းလက်ထပ်ခိုင်းတာကြောင့်ပဲ။ ပြီးတော့ ငါက သလင်းကျောက်နဂါးနဲ့ နဂါးပြာကို ရင်ဆိုင်ရသေးတယ်။ ပြီးတော့ ငါ တကယ်ကြီး ချိပ်ပိတ်ခံရခဲ့တယ်....)

(ဒါပေမဲ့ ဒီကောင်မလေးက ငါ့ရဲ့ အနှိုင်းမဲ့ ကိုယ်လုပ်တော် အစီအစဉ်ထဲက တစ်ယောက် အနေနဲ့ပဲ သတ်မှတ်လို့ရတယ်။ ဒီချီးထုပ် လူသားရဲ့ အိမ်ရှေ့မှာ ငါ နဂါးမတစ်အုပ် ခေါ်လာပြီး ကြွားပစ်မယ်။ ငါက ဘယ်လိုလုပ် တစ်ယောက်ကိုပဲ ဒီလောက်မြန်မြန် ကတိပေးရမှာလဲ။)

(ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီအကြိုက်ဆုံး ရတနာနှစ်ခုကို ပြန်ခိုးဖို့ ကြိုးစားရမယ်။ နဂါးကောင်းတစ်ကောင်က အခွင့်မသာရင် မတိုက်ခိုက်ဘူး။ ငါ သဘောတူသလို ဟန်ဆောင်လိုက်တာ ပိုကောင်းမယ်။ အရင် နှစ်၂၀၀၀မှာ ဘက်တီလေးလည်း ရတနာတွေ အများကြီး စုမိလောက်တယ်။)

အဆိပ်နဂါး၏ မျက်လုံးများ ကလည်ကလည် ပြုလုပ်ပြီးနောက် မစ်-မြနဂါး၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ နောက်ဆုံး၌ ချန်လွေ့ စိတ်သက်သာရာ ရသွားခဲ့သည်။ ယခုအခြေအနေကို ကြည့်ရသည်မှာ မြေဒြပ်စင်ဘုရင် အလကားသက်သက် ရောက်လာရတော့ပေမည်။

All Chapters