အမှောင်လရဲ့ ကနဦးအစီအစဉ်
Vol. 26 Ch. 377
ဂျိုးဆက်ပ်၏ အငွေ့အသက်မှာ တဖြည်းဖြည်း အားနည်းသွားပြီး သေလုနီးပါး ဖြစ်နေသော်လည်း ခီရာသည် အတွေ့အကြုံ ရင့်ကျက်ကာ သတိလက်လွတ်မနေရဲပေ။ ထို့နောက် အတားအဆီး မှော်အစွမ်းတစ်ခုကို သုံးပြီးသည့်အခါမှသာ သူ စိတ်အေး လက်အေး ဖြစ်သွားခဲ့သည်။
“ခီရာ။ နင်က အရမ်းတော်တာပဲ။” အဲလစ်၏အကြည့်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ သူ ရှေ့ဆက်ပြီး ခီရာကို ဖက်လိုက်၏။
“သူ့ရဲ့ မင်းသမီးလေးကို ကာကွယ်ပေးဖို့အတွက် တစ်ယောက်ယောက်က ငါ့ကို ပြောထားခဲ့တယ်လေ။” ခီရာ အသာလေးပြုံးပြီး မနီးမဝေးကို ဖျပ်ခနဲ ကြည့်သည်။
ခီရာ၏အမြင်ဘက်၌ ဒေလီယာ၏ ပုံရိပ်သည် တဖြည်းဖြည်း ဆုတ်ခွာသွားနေ၏။ ဒေလီယာသည် အသီနာဘေး၌ ရုပ်ဖျက်၍ နေနေခြင်း ဖြစ်သည်။ သူသည် အမြဲပင် သတိထားနေခဲ့သည်။ ခီရာနှင့် အဲလစ်တို့ ထွက်သွားကြသည်ကို တွေ့သည့်အခါ တစ်ခုခု စိုးရိမ်၍ သူ လိုက်သွားသည်။ အမှန်တကယ်ပင် တစ်ခုခု မှားယွင်းနေကြောင်း သူ သဘောပေါက်လိုက်သည်။ ခီရာကိုယ်တိုင်က ၎င်းကို ဖြေရှင်းနိုင်သော စွမ်းရည် ရှိနေသည့်အတွက် သူ ဝင်မနှောင့်ယှက်တော့ပေ။
သူ့ရဲ့ မင်းသမီးလေးတဲ့လား။ အဲလစ် ရုတ်တရက် ရှက်သွားပြီး နှလုံးသားထဲ၌ နွေးထွေးသွားတော့သည်။
ခီရာ၏စွမ်းအားမှာ အမှန်တကယ်၌ ဂျိုးဆက်ပ်ထက် သိပ်ပြီး မသာလှပေ။ သို့သော် သူ၏ လုံးဝအားသာချက်မှာ အဆင်တန်ဆာကြောင့်ပင် ဖြစ်သည်။ ၎င်းသည် မှော်အဆင်တန်ဆာဆိုင်ရှိသော ဂျိုးဆက်ပ်ထက်လွန် သာလွန်သည်။
ကဝေမ အစေခံ၏ လက်ကောက်ဝတ်ရှိ လက်ပတ်ကြိုးနီ တစ်ခုတည်းကပင် ချန်လွေ့ကိုယ်တိုင် ပြုလုပ်ထားခဲ့သော ဒဏ္ဍာရီလာအဆင့် မှောက်လက်ဝတ်ရတနာ ဖြစ်သည်။ ၎င်းမှာ အရိပ်နက်အင်ပါယာ ဆရာသခင် ပြိုင်ပွဲ၌ နာမည်ကြီးသွားခဲ့သော “တစ်ဒင်္ဂအလှတရား”ပင် ဖြစ်၏။ ၎င်းသည် ဒြပ်စင်အားလုံး၏ မှော်တိုက်ခိုက်မှုကို ၄၂% တိုးသွားစေနိုင်သည့်အပြင် အသုံးပြုရန် အမြန်နှုန်းကိုလည်း ၃၂% တိုးသွားစေသည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအား ပြန်ပြည့်နှုန်းကို တိုးစေပြီး အကာအကွယ် မှော်ဒိုင်းတစ်ခုကိုပင် ဖြစ်စေလေသည်။
ထိုပြိုင်ပွဲကြောင့်ပင် နတ်ဆိုးဘုံ၌ လက်ပတ်ကြိုးနီသည် နာမည်ကြီးသွားခဲ့၏။ သို့သော်လည်း အမှောင်လမြို့ရှိ အစေခံမလေး၏ လက်ကောက်ဝတ်၌ရှိသောအရာမှာ အစစ်အမှန်ဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။
လေနှင့်မီး ဒြပ်ပေါင်းမှော်စွမ်းအားမှာ နတ်မိမယ်နဂါး ဇိုလာထံမှ ချန်လွေ့ သင်ယူထားခဲ့သောအရာ ဖြစ်သည်။ ခီရာသည် အနိမ့်အမြင့်၊ အတက်အကျများစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် လောကကြီး၏ အန္တရာယ်များကို သဘောပေါက်သည်။ ထို့အတွက် သူသည် ပို၍အစွမ်းထက်ရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ယုတ်စွအဆုံး သူသည် ချန်လွေ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်၍ မရပေ။ ထို့ကြောင့် သူ သီးသန့် ကြိုးစား လေ့ကျင့်ခဲ့သည်။ နောက်ဆုံး၌ သူသည် ဒြပ်ပေါင်းမှော်ပညာ၏ လျို့ဝှက်ဆန်းကြယ်မှု အချို့ကို ကျွမ်းကျင်သွားခဲ့သည်။
ပြိုင်ကွင်းဘက်ခြမ်း၌ တိုက်ပွဲဘောလုံးပွဲ ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးရလာဒ်မှာ ၃ - ၁ ဖြစ်သည်။ ပြိုင်ဘက်အသင်းက ၃ဂိုးဆက် သွင်းပြီးနောက် ဝတ်ရုံနီဂိုဏ်းက နောက်ဆုံးတွင် တစ်ဂိုး ပြန်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် ရလာဒ်ကို မပြောင်းလဲနိုင်ခဲ့ပေ။
ပြိုင်ကွင်းထဲမှ ပရိသတ်များအားလုံး အော်ဟစ်အားပေးလိုက်ကြသည်။ ရှီရာလည်း အခွင့်အရေးကို အသုံးချပြီး အားတက်ဖွယ် မိန့်ခွန်းတစ်ခု ပြောခဲ့ကာ သက်တောင့်သက်သာဖြစ်စေရန်အတွက် အကျိုးများသော စနစ်များကို ကြေညာခဲ့သည်။ အားပေးထောက်ခံသူများကြောင့် ပရိသတ်များ၏ စိတ်ဓာတ်သည် အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့ပြန်သည်။ ပရိသတ်များ အော်ဟစ်လိုက်ကြသည်။ “တော်ဝင်မင်းသမီး သက်တော်ရာကျော် ရှည်ပါစေ။”
အတူတူ ပျောက်ကွယ်သွားရန်အတွက် မူလက ကောက်ကျစ်သော ဂျိုးဆက်ပ် ချထားခဲ့သော မှော်ထောင်ခြောက်များကို ရွိုင့်စ်က အရင်ကတည်းက တစ်ခုပြီးတစ်ခု ဖယ်ရှားခဲ့ပြီးပြီ ဖြစ်သည်။ ထို“တိုက်ပွဲ”ပြီးနောက်တွင် အမှောင်လသည် ရှီရာ၏ လက်ထဲသို့ လုံးဝ ပြန်ရောက်သွားခဲ့သည်။ ဂျိုးဆက်ပ်နှင့် နီးစပ်သော မိသားစုအချို့လည်း အညံ့ခံကြသည်။ ၎င်းကို လုံးဝ အနိုင်ရသည်ဟု ပြော၍ ရနိုင်ပေသည်။
အော်ဟစ်အားပေးနေကြသော လူအုပ်ကြီးကို ကြည့်ရင်း ရှီရာသည် အမှောင်လကို ပထမဆုံး လက်လွှဲယူခဲ့စဉ်က တွေ့ကြုံခဲ့ရသော အခက်အခဲများနှင့် အခြားသူများ၏ အနှောင့်အယှက်များကို သတိရလိုက်သည်။ အိပ်မက်တစ်ခုသဖွယ် ရှီရာ ခံစားနေရသည်။ နောက်ဆုံး၌ နယ်မြေတစ်ခုလုံးကို သူ၏ လက်ထဲ၌ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်သည်။
ထိုပြောင်းလဲမှုများကို ထိုလူက ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။
အမှောင်လမြို့သည် ထိုသူ၏ အစီအစဉ်ထဲ၌ ပထမအဆင့်သာ ဖြစ်သည်။ ထို့နောက်တွင် မြို့တော်ဖြစ်သည်။ ထို့နောက် အင်ပါယာတစ်ခုလုံး ဖြစ်သည်။
အခု အခြေအနေကို ကြည့်ရတာ ခမည်းတော်ရဲ့ နောက်ဆုံးဆန္ဒကို အမှန်တကယ် ဖြည့်ဆည်းဖို့က စိတ်ကူးယဉ်သက်သက် မဟုတ်တော့ဘူး။
သူ မပြန်လာသေးဘူးလား။
နန်းတော်သို့ ရှီရာ ပြန်ရောက်သောအခါ ဂါ့စ်က ချက်ချင်းပင် ဂျိုးဆက်ပ်၏ လှည့်ကွက်ကြောင့် အဲလစ် အလိမ်ခံခဲ့ရပြီး ဓားစာခံ လုပ်ခံရလုနီးပါး ဖြစ်ခဲ့ကြောင်း သတင်းပို့သည်။ ရှီရာ ထိတ်လန့်သွားခဲ့သည်။ သူသည် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။ ခုနက သူသည် ပြိုင်ပွဲကိုသာ လုံးဝ အာရုံစိုက်ထားခဲ့သည်။ ဂျိုးဆက်ပ်က ထိုကဲ့သို့ ရက်စက်သော လှည့်ကွက်မျိုးကို အသုံးပြုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ မတော်တဆ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာပင် ခီရာ ရှိနေခဲ့သည်။ သို့မဟုတ်ပါက အကျိုးဆက်များမှာ ဆိုးဝါးသွားပေလိမ့်မည်။
လက်ရှိတွင် ခီရာသည် ဂျိုးဆက်ပ်ကို သတ်ပစ်ခဲ့ပြီး အဲလစ်အား နန်းတော်ခန်းမသို့ ပြန်ခေါ်လာကာ အမိန့်ကို စောင့်ဆိုင်းနေ၏။
ရှီရာက အဓိက ခန်းမထဲသို့ အမြန်သွားလိုက်သည်။ လိုလီလေးက ထိုနေရာ၌ ခီရာနှင့်အတူ ရယ်မောရင်း စကားပြောနေကြောင်း မြင်လိုက်သည့်အခါ ရှီရာက ချက်ချင်းပင် လွှတ်ခနဲ ပြောသည်။ “အဲလစ်”
“အစ်မ။” ရှီရာကို မြင်သည့်အခါ အဲလစ်က အပြေးအလွှား ရောက်လာသည်။
“ငါ နောက်မှ နင်နဲ့ စာရင်းရှင်းမယ်။” ရှီရာက ညီမဖြစ်သူအား အလွန် စိုးရိမ်နေခဲ့သော်လည်း အဲလစ်အန္တရာယ်ကင်းကြောင်း မြင်သည့်အခါ လော့ဒ်တစ်ဦး၏ အရှိန်အဝါများ ပေါ်ထွက်လာပြန်သည်။
လိုလီလေးသည် ၎င်းကို ကျင့်သားရနေပြီ ဖြစ်သည်။ ထို့ကြောင့် လျှာထုတ်ပြပြီး ဘာမှ မပြောခဲ့ပေ။
ရှီရာက ခီရာကို ဖျပ်ခနဲ ကြည့်သည်။ အစေခံ ကဝေမသည် ကျိုးနွံပြီး စကားနားထောင်သော အမူအရာ ရှိသည်။ သို့သော်လည်း သူ၏စိတ်ထဲ၌ မည်မျှ လေးစားမှု ရှိကြောင်း ရှီရာ မသိပေ။
အချိန်အတော်ကြာသည်အထိ ရှီရာသည် ခီရာ၌ “ပြဿနာ”မရှိကြောင်း သိသွားပြီးသည့်တိုင် စိတ်ထဲ၌ အနည်းငယ် မုန်းတီးနေခဲ့သည်။ ၎င်းမှာ လူတစ်ယောက်နှင့် အစေခံမလေးတို့ကြားရှိ ပရောပရည်ဆက်ဆံမှုများကြောင့် ဖြစ်ပေလိမ့်မည်။ အတိအကျ ပြောရလျှင် ၎င်းမှာ တော်ဝင်မင်းသမီး မဝန်ခံချင်သော စိတ်ထဲရှိ၌ရှိသည် မနာလိုခြင်းပင် ဖြစ်လေသည်။
“ခီရာ...ကျေးဇူးပါပဲ။”
ဆုလာဒ် ကတိများ မရှိပေ။ စကားဖြင့် ကျေးဇူးတင်ခြင်းသာ ရှိသည်။ ၎င်းသည် အေးစက်သောလေသံနှင့် ဖြစ်သော်လည်း အစေခံ ကဝေမက တော်ဝင်မင်းသမီး၏ စိတ်ရင်းကို ခံစားမိသည်။ သူ ပြန်ပြုံးပြပြီး ပြောသည်။ “ဒါက ခီရာ လုပ်သင့်တာပါ။ ဘာလို့လဲဆိုတော့ မင်းသမီးလေးက ခီရာအတွက် အရေးပါတဲ့သူတစ်ယောက် မို့လို့လေ။”
ခီရာကို ဆာဘရီနာက အမှောင်လသို့ သူလျှိုအနေဖြင့် လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့ကို ရှီရာက သိရှိသွားခဲ့ပြီး မှော်-ဆန့်ကျင်လက်စွပ် ဝတ်ခဲ့ရသည်။ ထို့ပြင် စောင့်ကြည့်မှု အများအပြားလည်း ရှိနေခဲ့သည်။ အဲလစ်သည်သာ ခီရာကို မသင်္ကာစရာ လူတစ်ယောက်အနေဖြင့် မမြင်ခဲ့ခြင်း ဖြစ်သည်။ ငယ်ငယ်ကတည်းမှ အနိုင်ကျင့်ခံရပြီး သူငယ်ချင်းမရှိသော ခီရာအတွက် ၎င်းသည် ရှားပါးသော နွေးထွေးမှုတစ်ခုပင် ဖြစ်သည်။ ၎င်းသည် အဲလစ်နောက်သို့ ခီရာ အမြဲလိုက်ရခြင်း၏ အကြီးမားဆုံး အကြောင်းရင်း တစ်ရပ်ပင် ဖြစ်လေသည်။
ရှီရာက ခီရာကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ နွေးထွေးသော အရိပ်အယောင် ရှိနေ၏။ ရှီရာက ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်၏။ “ဒါဆိုလည်း အဲလစ်ကို ဆက်ပြီး ဂရုစိုက်ပေးပါ။”
ခီရာ၏မျက်လုံးများ အရောင်တောက်သွားသည်။ နောက်ဆုံး၌ သူသည် လေးလေးနက်နက် အပြန်အလှန် ဦးညွှတ်တော့သည်။ ခီရာက အဲလစ်ကိုကြည့်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်။
၎င်းသည် ကောင်းမွန်သော အစတစ်ခုပင် ဖြစ်သည်။ ရှီရာနှင့် ခီရာတို့ကြားရှိ ဆက်ဆံရေးမှာ တဖြည်းဖြည်း နွေးထွေးလာပြီဟု ပြော၍ ရနိုင်ပေသည်။
လော့ဒ်တစ်ယောက်အတွက် အစေခံတစ်ယောက်နှင့် ဆက်ဆံရေးရှိသည်မှာ မယုံနိုင်စရာ အရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း မိန်းမတစ်ယောက်ဘက်မှ ကြည့်လျှင် အထူးသဖြင့် “ယောက်ျားတစ်ယောက်၏မိန်းမ” ရှုထောင့်မှကြည့်လျှင် လော့ဒ်တစ်ယောက်ဖြစ်စေ၊ မင်းသမီးတစ်ယောက်ဖြစ်စေ၊ အစေခံထက် သိပ်ပြီး မထူးခြားလှပေ။
၎င်းသည် တော်ဝင်မင်းသမီး၏ စိတ်ထဲ၌ အဓိက ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြု နိုင်ပေသည်။ အကယ်၍ “ကောင်စုတ်”တစ်ယောက်သာ ထိုနေရာ၌ ရှိနေမည်ဆိုလျှင် သေချာပေါက် ပါးစပ်ပိတ်ပြီး ခိုးရယ်နေမည်မှာ သေချာသည်။
နောက်တစ်နေ့၌ ရှီရာက အသစ်ခန့်အပ်ထားသော ရာထူးများကို တရားဝင် ကြေညာခဲ့သည်။ ယခင် ငြိမ်ဝပ်ပိပြားရေးအရာရှိ ကိုယ်စားလှယ် အသီနာသည် ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် မြို့စောင့်တပ်မှူးအဖြစ် တာဝန်ယူမည် ဖြစ်သည်။ အရာရှိ ချန်လွေ့က ဘဏ္ဍာရေးအရာရှိအဖြစ်သို့ ပြောင်းလဲသွားသည်။ “ခန္ဓာကိုယ်အခြေအနေ” ကြောင့် သူ၏နေရာကို ဂါ့စ်က ယာယီတာဝန်ယူထား၏။ အနောက်ပိုင်းလမ်း ကာကွယ်ရေး တပ်ဖွဲ့သည် အမှောင်လ၏ တတိယစစ်တပ်အဖြစ် ရာထူးတိုးသွားသည်။ တပ်မှူးနေရာကို စိုင်ဖူမိသားစု ဆက်ခံသူနှင့် ယခင်မိုင်းတွင်းအရာရှိဖြစ်သော တင်မ်က တာဝန်ယူသည်။ အင်ပါယာအစောင့် အရန်တပ်ဖွဲ့ခေါင်းဆောင် အက်ဂ်ယော၏ နေရာမှာမူ ပြောင်းလဲမှု မရှိခဲ့ပေ။ သူသည် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိအဖြစ်လည်း တာဝန်ယူမည် ဖြစ်သည်။ ကျန်ရှိသည့် မိသားစုများကလည်း ဆုလာဒ်များ အသီးသီး ရရှိကြပေမည်။
မမျှော်လင့်ထားဆုံး ရာထူးခန့်အပ်မှုမှာ အက်ယောပင် ဖြစ်သည်။ ဒီလူက တော်ဝင်မင်းသီးကို သစ္စာဖောက်ပြီးတော့ ဂျိုးဆက်ပ်ဘက် ပြောင်းသွားတာ မဟုတ်လား။ ဘာလို့ တော်ဝင်မင်းသမီးက ဂျိုးဆက်ပ် ကျရှုံးသွားပြီးတော့ သူ့ကို နေရာပေးနေ ရသေးတာလဲ။
ပါးနပ်သောလူများက ၎င်းကို ခန့်မှန်းမိသည်။ တော်ဝင်မင်းသမီး၏ ညာလက်ရုံး ဖြစ်နေခဲ့သော အက်ဂ်ယောက ပုံမှန်အစည်းအဝေး၌ ရှီရာကို ဆန့်ကျင်ခဲ့ခြင်းမှာ တော်ဝင်မင်းသမီး၏ ညွှန်ကြားချက်ကြောင့် ဖြစ်ပေမည်။ သို့သော်လည်း သူ့ကို ဂျိုးဆက်ပ်က ယုံကြည်နေခဲ့သည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ထိုထဲ၌ လျို့ဝှက်ချက် တစ်ခုခု ရှိရပေမည်။ သို့သော်လည်း ထိုတိုက်ပွဲ၌ အက်ဂ်ယောသည် အရေးပါသော နေရာ၌ ပါဝင်ခဲ့သည်မှာ သေချာပေသည်။
ဂျိုးဆက်ပ်၏ ပြစ်မှုများကိုလည်း လူသိရှင်ကြား ကြေညာခဲ့သည်။ ထိုထဲတွင် မင်းသမီးလေးအား ပြန်ပေးဆွဲရန်ကြိုးစားသော ကြီးလေးသည့် ပြစ်မှုလည်း ပါဝင်၏။ သူ၏ အလောင်းကို လိပ်ပြာနီနယ်မြေသို့ ပြန်ပို့ပေးခဲ့သည်။ မင်းသမီးလေးသည် တော်ဝင်မိသားစု ဖြစ်ပြီး လော့ဒ် သန်းခေင်နေ၏ မျိုးဆက်လည်း ဖြစ်သည်။ ထို့ကြောင့် ဂျိုးဆက်ပ်၏ ပြစ်မှုကို ခွင့်လွှတ်၍ မရနိုင်ပေ။ လိပ်ပြာနီလော့ဒ် ဂျို့ရှ်သည်ပင် သူ့ကို ကာကွယ်နိုင်မည် မဟုတ်ပေ။ သတ်မှတ်ချက်များအရ ဂျို့ရှ်သည် မြို့တော်ကို လူသိရှင်ကြား အသနားခံရပြီး အဲလစ်ကို တောင်းပန်ရမည် ဖြစ်သည်။
ထို့အပြင် ရှီရာသည် မြို့တော်မှ သတင်းအချက်အလက်များကို လက်ခံ ရရှိခဲ့သည်။ နယ်မြေ အကြီးအသေးနှင့် အင်ပါယာမှ တော်ဝင်မိသားစုများက ငွေကြေးများကို စုစည်းပြီး အိုဆိုင်ဒန်ထံ အပ်နှံခဲ့သည်။ သို့သော်လည်း လျို့ဝှက်ဆန်းကြယ်သော ချာလီစ်သည် မြို့တော်သို့ရောက်ပြီး သိပ်မကြာခင်မှာပင် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့သည်။ အတော်လေး လျို့ဝှက်သော သတင်းတစ်ခုလည်း ရှိနေ၏။ ၎င်းမှာ ဘဏ္ဍာရေး အကြံပေး၊ အင်ပါယာမြို့တော်၏ ပန်းပွင့်ဖြစ်သော အစ်ဇဘယ်လာသည် မမျှော်လင့်ဘဲနှင့် သေဆုံးသွားခြင်း ဖြစ်သည်။ သူ၏မိတ်ဆွေ ခရိုဘဲလက်စ်၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် လျို့ဝှက်စျာပနပွဲတစ်ခုကို ကျင်းပခဲ့ရသည်။ ၎င်းသည် “ချာလီစ်”နှင့် သက်ဆိုင်မဆိုင်ကို မည်သူမှ မသိကြပေ။
“ချာလီစ်”သေဆုံးခဲ့သည်ကို အမှန်တကယ်တွင် အိုဆိုင်ဒန်က ဆူပူအုံကြွမှု ဖြစ်မည်စိုးသည့်အတွက် ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် အမှန်တရား ပေါ်ပေါ်လာမည် ဖြစ်သည်။ အထူးသဖြင့် အကြီးအကဲမိသားစုများသည် မြို့တော်၏ လှုပ်ရှားမှုများကို အထူးအာရုံစိုက်နေကြသည်။ စန္ဒာအေး တည်းခိုခန်း၌ အိုဆိုင်ဒန်သည် တစ်ဦတည်းသော “မျက်မြင်သက်သေ” ဖြစ်သော်လည်း အကြီးအကဲ မိသားစုများက သံသယ ရှိနေကြသေးသည်။ ချာလီစ်က အစ်ဇဘယ်လာနဲ့ ပတ်သက်မှု ရှိတယ် မဟုတ်လား။ ဆန္ဒာအေး တည်းခိုခန်းက အပျက်အစီးတွေကို ကြည့်ရတာ အဲဒီတုန်းက ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်သွားတဲ့ပုံပဲ။ အစ်ဇဘယ်လာတောင် သေသွားခဲ့တယ်။ ဒါဆို ချာလီစ်လည်း ......
“ချာလီစ်”သည် လူသားလောကသို့ ဘေးကင်းကင်းနှင့် လွတ်မြောက်သွားကြောင်း အိုဆိုင်ဒန် ပြောနေခဲ့သော်လည်း ၎င်းကို အတည်ပြုနိုင်စရာ ရှိမနေပေ။ သို့သော်လည်း ခရိုဘဲလက်စ်က ထိုလူသား သေသွားလောက်ပြီဖြစ်ကြောင်း မှန်းဆမိခဲ့သည်။ အသက်ကြီးပြီး အတွေ့အကြုံများသော အကြီးအကဲမိသားစုများကိုမူ ပြောစရာပင် မလိုပေ။
လက်ရှိ၌ အာလုံး၏အာရုံကို လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုက ဆွဲဆောင်ထားသည်။ သို့သော်လည်း စိတ်ဝင်စားသော မည်သူမဆိုသည် မြို့တော်သို့ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ခံစားနေရသည်။ ၎င်းသည် မြို့တော်တစ်ခုတည်းသာ ဖြစ်ချင်မှ ဖြစ်ပေမည်။
လက်ရှိအခြေအနေအရ ချန်လွေ့၏အကြံအစည် အောင်မြင်သွားပြီ ဖြစ်သည်။ လူသားသည် မူလစီစဉ်ထားသည့်အတိုင်း အမှောင်လသို့ မပြန်ခဲ့ဘဲ ဒဏ္ဍာရီလာ “ချာလီစ်”၏ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားကို ရှီရာ ဇဝေဇဝါ ဖြစ်နေသေးသော်လည်း အသေးစိတ် မလိုက်ကြည့်ခဲ့ပေ။ အရေးကြီးဆုံးအရာမှာ နောက်ထပ်အစီအစဉ်ကို တစ်ဆင့်ချင်း စတင်ရန်ပင် ဖြစ်လေသည်။
ထိုအချိန်တွင် မြို့တော်နှင့် အခြားနေရာများ၌ ကောလာဟလများ ထွက်နေသည်။ ၎င်းတို့မှာ အဓိကအားဖြင့် အိုဆိုင်ဒန်အကြောင်းဖြစ်ပြီး သူက မည်ကဲ့သို့ နယ်မြေများနှင့် မိသားစုများကို ဆေးရည်ပညာရှင် ပြိုင်ပွဲအား အကြောင်းပြ၍ ငွေညစ်ပြီး အလွဲသုံးစား လုပ်ခဲ့ကြောင်းများပင် ဖြစ်သည်။
ထိုကောလာဟလများက မြို့တော်မှလူများကို ပို၍ပင် စိတ်ရှုပ်သွားစေသည်။ အချို့မိသားစုများနှင့် နယ်မြေများက ရန်ပုံငွေအကြောင်းကို မေးခွန်းများ ထုတ်လာကြ၏။ ထိုအချိန်၌ အိုဆိုင်ဒန် အလွန်ဒေါသ ထွက်နေခဲ့သည်။ သို့သော်လည်း သူ ပထမဆုံး သံသယဝင်သည်မှာ အမှောင်လနယ်မြေမဟုတ်ဘဲ သိပ်မကြာခင်က “ဖြိုခွဲခံခဲ့ရသော” “သွေးမြေကျ” အဖွဲ့အစည်းကိုပင် ဖြစ်လေသည်။
အိုဆိုင်ဒန်၏ ရက်စက်ပြီး ကြမ်းတမ်းသော နည်းလမ်းများအောက်တွင် သွေးမြေကျ အဖွဲ့အစည်း၌ အဘက်ဘက်၌ ထိုးနှက်ခံရပြီး ပြင်းပြင်းထန်ထန် ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။ ထိုစုံစမ်းစစ်ဆေးမှု ရလာဒ်များသည် အိုဆိုင်ဒန်ကို ပို၍ပင် သတိထားစေခဲ့သည်။ ဒီအဖွဲ့အစည်းက ဒီလောက်တောင် ပျံ့နှံ့နေပြီးတော့ အမြစ်တွယ် နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဖြေမရှာနိုင်သေးတဲ့ လျို့ဝှက်စွမ်းအားတွေ ရှိနေနိုင်သေးတယ်။ ဒီအင်အားစုကို ငါ ဖယ်ရှားရမယ်ထင်တယ်။ မဟုတ်ရင် ပြဿနာတွေ ဆုံးတော့မှာ မဟုတ်ဘူး။
တစ်ရက်ပြီးတစ်ရက် ကြယ်ကြွေတမန်အင်ပါယာ၏ အခြေအနေသည် ခန့်မှန်း၍ မရနိုင်အောင် ပြောင်းလဲနေသည်။ သို့သော်လည်း ၎င်းတို့အားလုံးကို စတင်ခဲ့သူ ချန်လွေ့မှာမူ သက်တန့်တောင်ကြား၌ လက်ထောက်အလုပ်ကိုသာ ဆက်လုပ်နေရ၏။
ကြယ်ကြွေတမန်မြို့တော်မှ ပြန်လာပြီးသည့် အချိန်မှစ၍ ဆာ-လက်ထောက်ကို ဆက်ဆံပုံများ ပိုမို ဆိုးဝါးသွားပုံရသည်။ စမ်းသပ်ပစ္စည်း အချိန်နှင့် ပြင်းအားမှာလည်း အတော်များများ တိုးမြင့်သွားသည်။ စာဆွေးနွေးချိန်မှလွဲ၍ မစ်-နတ်မိမယ်နဂါးသည် သာမန်နေ့ရက်များ၌ ချန်လွေ့အပေါ် ကြမ်းတမ်းခဲ့သည်။ ချန်လွေ့သည် သားရဲများထက် နိမ့်ကျပြီး အသိစိတ်မရှိသော အရာတစ်ခု လုပ်ထားမိခဲ့သလိုမျိုးပင် ဖြစ်နေသည်။
မစ်-နတ်မိမယ်နဂါး၏စိတ်ထဲ၌- ဒီရိုင်းစိုင်းတဲ့ ကောင်စုတ်က ငါ့ခံစားချက်တွေကို အလဟသဖြစ်အောင် လုပ်ခဲ့တယ်။ ပြီးတော့ တခြားမိန်းမတွေအတွက် အဝတ်အစား တွေတောင် ဝယ်ပေးခဲ့သေးတယ်။ သူက တကယ့်ကို သားရဲတစ်ကောင်ပဲ။ မဟုတ်ဘူး။ သားရဲထက်တောင် ပိုဆိုးတယ်။