← Chapters

အံ့အားသင့်စရာ အပြောင်းအလဲ။ လော့ဒ်များ၏ စစ်ပွဲအစ

Vol. 26 Ch. 378

အံ့အားသင့်စရာ အပြောင်းအလဲ။ လော့ဒ်များ၏ စစ်ပွဲအစ

Vol. 26 Ch. 378

ဇိုလာ၏ မကျေနပ်မှုများကို ချန်လွေ့ အနည်းငယ် သဘော‌ပေါက်နိုင်ခဲ့ပေ။ ယခင်တစ်ခေါက်၌ မြို့တော်တွင် ဇိုလာ ပျော်ရွှင်နေခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် ဇိုလာအား မည်ကဲ့သို့ အာခံမိခဲ့ကြောင်း ချန်လွေ့ မသိခဲ့ပေ။ ဇိုလာသည် သူ့ကို လျှပ်စီးပစ်ကာ သတိလစ်အောင် ပြုလုပ်ပြီး သက်တန့်တောင်ကြားသို့ ပြန်ခေါ်လာခဲ့သည်။

အမှန်တကယ်၌ ချန်လွေ့သည် သက်တန့်တောင်ကြားရှိ မှော်စက်ဝိုင်းများကို ရင်းနှီးနေပြီး [ ကြယ်တာရာဂိတ် ] လည်း ရှိသည့်အတွက် ထွက်ပြေးရန် မခက်ခဲလှပေ။ သို့သော် နတ်မိမယ်နဂါးသည် သူ့ကို ခြေရာခံရန်အတွက် တစ်စုံတစ်ခု ပြုလုပ်ထားခဲ့သည်။ သူသည် [ အစစ်အမှန် ရုပ်ဖျက်ခြင်း ] နှင့် [ အစစ်အမှန် အသက်အောင့်ခြင်း ] ကိုပင် ဖောက်ထွင်း မြင်နိုင်ခဲ့သည်။ အကယ်၍ သူသာ အမှောင်လသို့ ထွက်ပြေးပြီး နတ်မိမယ် နဂါးက အဆိပ်နဂါးကို တွေ့သွားခဲ့လျှင် အကျိုးဆက်များ ဆိုးဝါးသွားနိုင်ပေမည်။ ထို့ကြောင့် သူသည် ထိုပြဿနာကို လုံးဝရှောင်နေခဲ့သည်။

အခုဆို ဂျိုးဆက်ပ်တော့ ကိစ္စတုံးသွားလောက်ပြီ။ ရှီရာက မူရင်းအစီအစဉ်အတိုင်း နောက်ပိုင်းခြေလှမ်းတွေကို အကောင်အထည် ဖော်နိုင်တယ်။ ငါ မရှိရင်တောင် ပြဿနာ ကြီးကြီးမားမား မရှိလောက်ဘူး။

ချန်လွေ့ စိတ်အေးသွား၏။ ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို နတ်မိမယ်နဂါးနှင့်အတူ လေ့လာပြီး ကြယ်ကြွေတမန်ဓား ပြဿနာကို ဆွေးနွေးနေရင်း ချန်လွေ့၏ ရှေးမှော်စာ အဆင့် အလျင်အမြန် တိုးတက်လာခဲ့သည်။ မစ်-နတ်မိမယ်နဂါးသည် သူ့ကို မဆီမဆိုင် ပြစ်ဒဏ်အသေးလေးများ ပေးသော်လည်း ‌ရှေးမှော်စာနှင့် ပိုင်နက်နှင့်ပတ်သက်၍ သူ့ကို အကူအညီနှင့် ဉာဏ်ကွန့်မြူးမှု ကြီးကြီးမားမား ဖြစ်စေခဲ့သည်။

ချန်လွေ့သည် [ ဆောင်းဦးပိုင်နက် ] ကို အတော်လေး တည်တည်ငြိမ်ငြိမ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ သူ၏ မယ်ဂရီဇ် စွမ်းအားမှာလည်း တစ်ဆင့်ချင်း ကြီးထွားလာသည်။ ၎င်းကို အသုံးမပြုသည့်တိုင် သူသည် ဘရော့နှင့် တိုက်ခိုက်ပြီး နောက်တွင် ပိုင်နက်အသုံးပြုခြင်းအပေါ် ပို၍နားလည်လာသည်။ စူပါစနစ်ထဲရှိ နေအဖွဲ့အစည်းထဲ၌ ဂြိုလ်အများအပြားသည် တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ပင်လယ်များနှင့် ရေကန်များ စတင်ဖြစ်‌ပေါ်လာကြသည်။ မူလရေညှိနှင့် မှိုများသည်လည်း တဖြည်းဖြည်းနှင့် အပင်များအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာသည်။ နွံတောကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလည်း ပေါ်ထွက်လာသည်။ ၎င်းသည် အသက်ဝင်ပြီး စိမ်းလန်းသော ပတ်ဝန်းကျင်တစ်ခုကို ဖြစ်လာစေသည်။

ချန်လွေ့၏ စွမ်းအားအကဲဖြတ်မှုမှာ B+ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော် သူ၏ မယ်ဂရီဇ် အတွေ့အကြုံမှာ နောက်ဆုံးအဆင့်၌ ရှိနေသေးသည်။

ဇိုလာ၏ ပိုင်နက်သည် အမျိုးမျိုးသော ဒြပ်စင်များအဖြစ်သို့ လွတ်လွတ်လပ်လပ် ကူးပြောင်းနိုင်ကြောင်း သိရှိပြီးသည့်အခါ ချန်လွေ့ အကြံတစ်ခု ရသွားခဲ့သည်။ သူသည် အစ်ဇဘယ်လာကို ကုသပြီး အားအင်တိုးလာစေရန်အတွက် [ ဆောင်းဦးပိုင်နက် ] ထဲ၌ နိဗ္ဗာန်ကို ပေါင်းထည့်ခဲ့ဖူးသည်။ ဒီတိုးမြှင့်မှုကို ခွဲထုတ်ပြီးတော့ ပိုင်နက်အသစ် ဖြစ်အောင် ဖန်တီးလို့ ရနိုင်မလား။ ငါ့ကိုယ်ငါနဲ့ ငါ့မဟာမိတ်တွေကို ကုသပြီး အားအင်တိုးစေဖို့ အတွက်ပေါ့။ ဒါကို [ နွေဦးပိုင်နက် ] လို့ ခေါ်ရမယ် ထင်တယ်။

၎င်းသည် အနာဂတ် လမ်းကြောင်းတစ်ခုသာ ဖြစ်သည်။ ချန်လွေ့၏ လက်ရှိ စွမ်းအားအရဆိုလျှင် မယ်ဂရီဇ် အခြေအနေ၏ တစ်ဆို့မှုကို ချိုးဖျက်ရန်အတွက် [ ဆောင်းဦးပိုင်နက် ] ၏ လျို့ဝှက်ဆန်းကြယ်မှုများကိုသာ အပြည့်အဝ သဘောပေါက်ရန် ပြုလုပ်ခြင်းက ပိုကောင်းပေမည်။

တစ်ရက်ပြီးတစ်ရက် အချိန် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင် ၂လ ကုန်ဆုံးသွား၏။ ဇိုလာ၏ စိတ်အခြေအနေလည်း အတော်လေး ကောင်းမွန်လာခဲ့သည်။ တစ်ခါတစ်ရံ၌ သူသည် ထူးထူးဆန်းဆန်း စားစရာများ ပြုလုပ်ပြီး ချန်လွေ့ကို စားစေခဲ့သည်။ သို့သော် အရသာ မကောင်းလှပေ။ ၎င်းမှာ နောက်ထပ်စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ပေသည်။

ချန်လွေ့သည် သက်တန့်တောင်ကြား၌ အများအပြား ရရှိခဲ့သော်လည်း အသီနာနှင့် ခီရာတို့ကို အတော်လေး သတိရနေခဲ့သည်။ အချို့ကိစ္စများကိုလည်း သူ စိုးရိမ်နေသည်။ အမှောင်လကို ရှီရာ လုံးဝ ထိန်းချုပ်နိုင်သွားပြီလား။ အိုဆိုင်ဒန်က သွေးမြေကျကို ဘယ်လောက်အထိ နှိမ်နင်းခဲ့ပြီးပြီလဲ။ ကောလာဟလတွေနဲ့ပတ်သက်ပြီးတော့ သူ ဘယ်လိုဖြေရှင်းလဲ။ အဲဒက်စ်က မြို့တော်ရဲ့ ဆေးရည်ပညာရှင် ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့လား.....

သူသည် သက်တန့်တောင်ကြားသို့ နောက်တစ်ကြိမ် ပြန်လာနိုင်သည်။ သို့သော် သူသည် အမှောင်လသို့ ပြန်မှရပေမည်။ အချိန်အတော်ကြာ စမ်းသပ်မှုများနှင့် ပြင်ဆင်မှုများ ပြုလုပ်ပြီး နောက်ဆုံးတွင် ချန်လွေ့သည် ထွက်ပြေးရန် အစီအစဉ်ကို စတင်တော့သည်။ ကြယ်အမှတ်သည် တစ်လအတွင်း ပျက်ပြယ်တော့မည် ဖြစ်ရာ သူသည် မှော်စက်ဝိုင်းကိုသာ တိုက်ရိုက်ချိုးဖက်ပြီး ထွက်ပြေးရပေတော့မည်။

ပထမတစ်ခေါက်က သူသည် အကဲစမ်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် ခန္ဓာကိုယ် ပေါ်၌ ဇိုလာထားခဲ့သော အမှတ်အသားတစ်ခုကို ရှာဖွေရန် ရည်ရွယ်ထားခဲ့သည်။ သူ၏ ထင်မြင်ချက် အတည်ပြုပြီးသည်နှင့် ၎င်းကို တစ်ခါတည်း ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် ကြယ်အမှတ်ကို တောင်ကြားအပြင်ဘက် တစ်နေရာရာတွင် ထားလိုက်မည် ဆိုပါက သူက [ ကြယ်တာရာဂိတ် ] ကို အသုံးပြုပြီး အချိန်မရွေး ထွက်သွားနိုင်ပေသည်။

ထို့ကြောင့် နေ့လယ်ခင်းတစ်ခု၌ စမ်းသပ်မှုတစ်ခုကြောင့် မစ်-နတ်မိမယ်နဂါး ပင်ပန်းနေရင် မှေးနေစဉ် ချန်လွေ့သည် မှော်စက်ဝိုင်းကို သေသေချာချာ ချိုးဖျက်ပြီး သက်တန့်တောင်ကြားမှ ထွက်ပြေးခဲ့သည်။

သူ ရုပ်ဖျက်ပြီး မြို့တော်သို့ တစ်ခါတည်း သွားခဲ့သည်။ ရုတ်တရက် အခြေအနေမှာ အနည်းငယ် မှားယွင်းနေကြောင်း သူ ခံစားလိုက်မိသည်။ အချိန်အရဆိုလျှင် ဆေးရည် ပညာရှင်ပြိုင်ပွဲ ပြီးဆုံးသင့်ပြီ ဖြစ်သည်။ ထိုကဲ့သို့ပြိုင်ပွဲမျိုးသည် စီးပွားရေး အခွင့်အရေး ဖြစ်သည်။ ထို့နောက်တွင် အိုဆိုင်ဒန်သည် ကုန်စည်ပြပွဲများ၊ လေလံပွဲများနှင့် အခြား လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိုဆိုင်ဒန် စီစဉ်ထားခဲ့သည်ကို သူ မှတ်မိသည်။ သို့သော် လက်ရှိ၌ ၎င်းတို့ အရိပ်အယောင်တစ်ခုမျှ ရှိမနေပေ။ သွားလာနေသော လူဦးရေသည်ပင် သိသိသာသာ မတိုးပွားလာပေ။

ချန်လွေ့ အလွန်စိတ်ရှုပ်သွားပြီး အရက်ဆိုင်တစ်ဆိုင်သို့ ဝင်သွားသည်။ အကောင်းဆုံးဝိုင် တစ်ခွက်နှစ်ခွက် မှာပြီးနောက် သူသည် အရက်ဆိုင်မှ ကဝေမ စားပွဲထိုးနှင့် “အချိတ်အဆက်မိ”သွားသည်။

“ဆေးရည်ပညာရှင် ပြိုင်ပွဲလား။”

ကဝေမ အံ့အားသင့်သွားည်။ “ဒီလောက် ကိစ္စကြီးတစ်ခုကို ရှင်မကြားမိဘူးလား။ လွန်ခဲ့တဲ့ ၂လတုန်းက ဆေးရည်ပညာရှင်ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်မယ်လို့ ရီဂျန့် ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ထပ် ကိစ္စကြီးတစ်ခုလည်း ရှိတယ်။ ရီဂျန့်ဆီက ခွင့်ပြုချက်နဲ့ လိပ်ပြာနီနယ်မြေက ချော်ရည်ပြာနယ်မြေနဲ့ပေါင်းပြီးတော့ အခြားနယ်မြေ တွေကို လော့ဒ်စစ်ပွဲ ကြေညာခဲ့တယ်။ အခုဆိုရင် လိပ်ပြာနီ နဲ့ ချော်ရည်ပြာ မဟာမိတ်က အမှောင်လကို ချဉ်းကပ်နေပြီ။”

“ဘာ။” ချန်လွေ့ အလွန်အမင်း ထိတ်လန့်သွား၏။ လော့ဒ် စစ်ပွဲ။

နတ်ဆိုးဘုံ၏ အလေ့အကျင့်အရဆိုလျှင် လော့ဒ်များအကြား၌ သဘောထား ကွဲလွဲမှုအချို့ရှိလာပြီး မပြေလည်နိုင်သည့်အခါ ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ဖြေရှင်းကြ၏။ သို့သော် ၎င်းသည် အင်ပါယာ၏ အတွင်းရေးဖြစ်သည့်အတွက် ဧကရာဇ်ထံမှ အထူး အတည်ပြုချက်တစ်ခု လိုအပ်ပေသည်။

ပုံမှန်အားဖြင့် မြို့တော်သည် နောက်ဆုံး ဖြန်ဖြေရန်အတွက် သံတမန်တစ်ယောက် စေလွှတ်မည်ဖြစ်သည်။ မအောင်မြင်ခဲ့လျှင် အပျက်အစီးများကို ရှောင်တိမ်းရန်အတွက် သံတမန်ရာထူးသည် ကြီးကြပ်သူ ဖြစ်သွားပေမည်။ ပုံမှန်အားဖြင့် ပြောရလျှင် တစ်ဖက်က နိုင်သွားသည့်တိုင် ရှုံးနိမ့်သူကို သတ်၍မရပေ။ ရှုံးနိမ့်သွားသော လော့ဒ်ကို နောက်ဆုံး စီရင်ရန်အတွက် မြို့တော်သို့ လွဲအပ်ရမည် ဖြစ်သည်။ ရှုံးနိမ့်သူကို နယ်မြေကို လျော်ကြေးအနေဖြင့် ပေးအပ်ရပြီး အကျဉ်းကျခံရသည်အထိ ရှိနိုင်သည်။

လိပ်ပြာနီနယ်မြေက လော့ဒ်စစ်ပွဲ ကြေညာရခြင်းမှာ အမှောင်လ‌လော့ဒ် ရှီရာသည် အမှောင်လ၏ ဘဏ္ဍာရေးအရာရှိ၊ လိပ်ပြာနီနယ်မြေ၏ “ဆက်ခံသူ”နှင့် သားအကြီးဆုံး ဖြစ်သော ဂျိုးဆက်ပ်ကို သတ်ပစ်ရန် လျို့ဝှက်ကြံစည်ခဲ့ပြီး သူ၏လုပ်ငန်းများကို လုယူခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။

ထိုအကြောင်း တစ်ခုတည်းကပင် လော့ဒ်စစ်ပွဲ ကြေညာရခြင်း၏ သတ်မှတ်ချက် တစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ၎င်းမှာ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောခြင်းပင် ဖြစ်၏။

ပထမဦးစွာ ဂျိုးဆက်ပ်ကို “သတ်ပစ်ခြင်း”အတွက် အကြောင်းရင်းမှာ အမှန် မဟုတ်ပေ။ ဂျိုးဆက်ပ် ကိုယ်တိုင်က ပုံမှန်အစည်းအဝေး၌ အလောင်းအစားလုပ်ရန် ကိုယ်တိုင်တင်ပြခဲ့ခြင်း ဖြစ်သည်။ အမှောင်လ အရာရှိများနှင့် မိသားစု ကိုယ်စားလှယ်များ ၎င်းကို သက်သေခံပေးနိုင်သည်။ နည်းဗျူဟာ ရုန်းကန်မှုများ မည်မျှပင် ရှိစေကာမူ နတ်ဆိုးဘုံ၏စည်းမျဉ်းမှာ အနိုင်ရသူသည် ရှုံးနိမ့်သူကို အုပ်စိုးနိုင်မည် ဖြစ်သည်။ နောက်ဆုံး၌ ရှုံးနိမ့်သွားခဲ့သည်မှာ အမှန်တကယ်ပင် ဂျိုးဆက်ပ်၏ ဝတ်ရုံနီအသင်း ဖြစ်သည်။ ၎င်းမှာ ဘဏ္ဍာရေးအရာရှိ ရာထူးနှင့် လုပ်ငန်းအားလုံးကို ဆုံးရှုံးရခြင်းနှင့် ညီမျှပေသည်။

ထို့ပြင် ဂျိုးဆက်ပ် သေရခြင်း၏ အကြောင်းရင်းမှာ မင်းသမီးလေး အဲလစ်ကို ပြန်ပေးဆွဲရန် ကြိုးစားသည့်အတွက် ခီရာ၏ သတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် သူ့ကြောင့်သာ ဖြစ်သည်။ စည်းမျဉ်းများအရ ဂျို့ရှ်သည် ရှီရာကို တောင်းပန်သင့်ပေသည်။

ထို့အပြင် ဂျိုးဆက်ပ်၏ သရုပ်မှာ လိပ်ပြာနီနယ်မြေ၏ ဆက်ခံသူ လုံးဝ မဟုတ်တော့ပေ။ ထိုဂုဏ်ပုဒ်မှာ သေသူကို အသုံးချပြီး စစ်ပွဲစတင်ရန် ဆင်ခြေတစ်ခုသာ ဖြစ်သည်။

ရီဂျန့် အိုဆိုင်ဒန်သည် အမှောင်လ၏ ကန့်ကွက်မှုကို လုံးဝလျစ်လျူရှုပြီး ဂျို့ရှ်၏ တောင်းဆိုမှုကို ချက်ချင်း အတည်ပြုပေးခဲ့သည်။ လူဆိုးဇာတ်ကွက်မှာ သိသာလှပေသည်။ အတော်များများက ထိုစစ်ပွဲကို အိုဆိုင်ဒန်က ညွှန်ကြားခဲ့ကြောင်း ခန့်မှန်းမိကြသည်။

အမှောင်လ နယ်မြေသည် တော်ဝင်မင်းသမီး ရှီရာ၏ လက်အောက်၌ လုံးဝ ကျဆင်းခဲ့သည်။ ယခုတွင် ၎င်း၏ စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာ တိုးတက်မှုများမှာ အလွန်မြန်ဆန်နေသည်။ အိုဆိုင်ဒန်၏ တုံးအသော ဆုံးဖြတ်ချက်ကြောင့် ရှီရာသည် ရန်ပုံငွေ၏ သက်ရောက်မှုကို မခံခဲ့ရပေ။ ထို့ကြောင့် ရှီရာသည် အိုဆိုင်ဒန်၏ အသားထဲ၌ စိုက်ဝင်နေသော ဆူးတစ်ချောင်း ဖြစ်ခဲ့သည်မှာ ကြာလေပြီ။ အမှောင်လသည် ကနဦး အဆင့် တည်ငြိမ်ရုံသာ ရှိနေဆဲဖြစ်သော်လည်း အိုဆိုင်ဒန်သည် အခွင့်အရေးကို အသုံးချကာ အန္တရာယ်ရှိလာနိုင်သည့် အမှောင်လနယ်မြေ၏ အင်အား အဖူးအသစ်ကို နုနယ်စဉ်ကတည်းက ဖျက်ဆီးပစ်မည် ဖြစ်သည်။

လိပ်ပြာနီနှင့် ချော်ရည်ပြာတို့ နိုင်သွားမည်ဆိုလျှင် တော်ဝင်မျိုးဆက်များ ဖြစ်ကြသော ရှီရာနှင့် သူ၏ညီမကို သူတို့ မသတ်သည့်တိုင် စစ်ပွဲမီးတောက်များကြောင့် အမှောင်လနယ်မြေသည် အခွံလွတ်ဖြစ်သွားမည်မှာ သေချာသည်။ ထို့ပြင် အိုဆိုင်ဒန်သည် ရှီရာကို အလွတ်ပေးမည် မဟုတ်ပေ။ သူသည် တစ်သက်လုံး အကျဉ်းချခံရနိုင်သည့်အပြင် တိတ်တဆိတ် အသတ်ခံရနိုင်ပေသည်။

အိုဆိုင်ဒန်က ရှီရာကို မသတ်ဘဲ လော့ဒ်ရာထူး ဆက်ပေးထားဦးမည် ဆိုလျှင်ပင် လုပ်ပိုင်ခွင့်များအားလုံး ‌ရွှေ့ပြောင်းလိုက်မည် ဖြစ်သည်။ ရှီရာသည် ရုပ်သေးသဖွယ် ဖြစ်သွားပေလိမ့်မည်။

ထိုအကွက်သည် အမှန်တကယ်ပင် ကောက်ကျစ်ပြီး ရက်စက်လှသည်။

ဂျိုးဆက်ပ် သေဆုံးသွားရခြင်း၏ အကြောင်းရင်းအသေးစိတ်ကို သေချာမရှင်းလင်း သေးသော်လည်း ခြိမ်းခြောက်မှု အလားအလာရှိသော အမှောင်လကို လိပ်ပြာနီနှင့် ချော်ရည်ပြာတို့အား အိုဆိုင်ဒန် နှိမ်နင်းခိုင်းရခြင်းမှာ စစ်ပွဲကိုအသုံးကိုအသုံးချပြီး အာရုံပြောင်းစေရန်ဖြစ်မည်ဟု ချန်လွေ့ မှန်းဆမိသည်။ အိုဆိုင်ဒန်သည် အမှောင်လ၏ ငွေကြေးများကို လုယက်ပြီး သူ၏အရေးတကြီး လိုငွေများကို သက်သာစေချင်နေသည်။

အမှောင်လ၏ စစ်တပ်နှင့် တိုက်ခိုက်ရေး စွမ်းဆောင်ရည်များ ကြီးကြီးမားမား တိုးတက်သွားခဲ့သော်လည်း အခြားနယ်မြေနှစ်ခုနှင့်ယှဉ်လျှင် အားနည်းနေသေးသည်။ မူလက အခြားနယ်မြေများကို ယှဉ်နိုင်ရန်နှင့် မြို့တော်ကိုပင် ထပ်တိုက်အနိုင်ရနိုင်ရန် သုံးနှစ်ခန့် အချိန်ပေးရမည်ဟု ချန်လွေ့ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ရုတ်တရက် စစ်ပွဲဖြစ်လာလိမ်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော်လည်း အပေါ်ယံ စစ်အင်အားအပြင် အမှောင်လ၌ လျို့ဝှက်အင်အားများ ရှိသည်။ တစ်ဦးချင်း တိုက်ခိုက်ရာတွင် မြေဒြပ်စင်ဘုရင်နှင့် ပါ့လီအိုတို့ ရှိသည်။ လိပ်ပြာနီ လော့ဒ်ဂျို့ရှ် သည် နတ်ဆိုးဧကရာဇ်အဆင့် အလယ်ပိုင်းသာ ဖြစ်ပြီး ချော်ရည်ပြာ လော့ဒ်လည်း သိပ်ပြီး မဝေးလှပေ။ စစ်ဘက်ဆိုင်ရာအင်အား၌ ဂူရာဒန်၏ မသေမျိုးစစ်တပ် ရှိသည်။ ထို့ပြင် မြေဒြပ်စင်ကောင်များ၊ မယ်ဒူဆာ၊ ပြိဿနှင့် ဝိုင်ဗန် အုပ်စုများလည်း ရှိကြသည်။ ထိုအင်အားအကုန် အသုံးပြုခဲ့လျှင် လိပ်ပြာနီနယ်မြေနှင့် ချော်ရည်ပြာနယ်မြေတို့ကို အနိုင်ရရှိရန် လုံလောက်သည်။ သို့သော်လည်း ၎င်းတို့ကို ထုတ်ပြလိုက်သည့်အခါ အဖက်ဖက်မှ အာရုံကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ အရေးကြီးဆုံးမှာ ထိုအင်အားများသည် ရှီရာ၏လက်ထဲ၌ ရှိမနေခြင်းပင်။ ချန်လွေ့သည် ၎င်းတို့ကို ရွှေ့ပြောင်းရန် ပြန်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် အမှောင်လ နယ်မြေသို့ အမြန်ဆုံး ပြန်ပြေးသွားရပေမည်။ အသီနာနဲ့ ခီရာတို့ဆီ ပြန်ရမယ်။ ရှီရာဆီကို ပြန်ရမယ်။

“ကျေးဇူးပါပဲ။ မိန်းမလှလေး။ ညပိုင်း အချိန်ရရင် ငါမင်းကို လာခေါ်မှာပါ။” ကဝေမ စားပွဲထိုး၏ ကလူကျီစယ်သော အကြည့်များနှင့် ညှို့ငင်မှုများကို မြင်ရသည့်အခါ ချန်လွေ့က ဝတ်ကျေတန်းကျေ စကားတစ်ခွန်း ပြောလိုက်သည်။ သူ ထွက်သွားမည် ပြင်လိုက်စဉ် နောက်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်လာသည်။

“ညဘက် ဟုတ်လား။ တကယ်ကြီးလား။”

ချန်လွေ့ ထိတ်လန့်သွား၏။ ဇိုလာပဲ။ သူက မြန်မြန် ရောက်လာပါလား။ ထင်ထားတဲ့အတိုင်းပဲ။

ချန်လွေ့ လှည့်ကြည့်လိုက်သည့်အခါ ကျက်သရေရှိသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ယခုတစ်ခေါက်တွင် ဇိုလာသည် ရုပ်ဆိုးဆိုးပုံစံ ဟန်မဆောင်တော့ပေ။ ဇိုလာ၏ လှပသော အသွင်အပြင်နှင့် အထူးစိတ်နေစိတ်ထားတို့က ကဝေမ စားပွဲထိုးကို ရုတ်တရက် ဆွဲဆောင်မှုမရှိ ဖြစ်သွားစေသည်။

“ယောက်ျား စိုင်မွန်။ ရှင်က ဒီမိန်းမရိုင်းနဲ့ ချိန်းတွေ့ဖို့အတွက် အိမ်ကနေ ထွက်ပြေးသွားတာလား။” နတ်မိမယ်နဂါးက ပြုံးရင်း ပြောလိုက်သည်။ သို့သော်လည်း သူ၏အသံတွင် သတ်ဖြတ်ချင်စိတ်များ ရေးရေးလေး ပါဝင်နေသည်။

ချန်လွေ့ အနည်းငယ် ပြောစရာစကား မဲ့သွားသည်။ ဒါက ဘာကြီးလဲ။ သူက သရုပ်ဆောင်တာကိုတောင် စွဲလမ်းနေတယ်။ ပြီးတော့ ငါက လက်ထောက်ပဲလေ။ မင်းရဲ့ယောက်ျား မဟုတ်ဘူး။ ဘယ်မိန်းမနဲ့ဖြစ်ဖြစ် ငါ ချိန်းတွေ့ရင်တောင် မင်းကိစ္စ မဟုတ်ဘူး.....

“အဲဒါက....ကျုပ်ရှင်းပြတာကို နားထောင်ပေးပါ။”

“အိမ် အရင်ပြန်ရအောင်။ ဟုတ်ပြီလား။” ဇိုလာသည် ချန်လွေ့၏ အမြင်ကို လေးလေးစားစား တောင်းခံနေပုံရသည်။ အမှန်တကယ်၌ သူ ပြန်မသွားလျှင် သတိလစ်အောင် လုပ်ပြီး ဆွဲခေါ်သွားမည်ကို ချန်လွေ့ သေချာသိသည်။

“ကျုပ်ပြောတာ နားထောင်ပါ။ ကျုပ် အခု ပြန်လို့မရ....”

ချန်လွေ့ စကားမဆုံးသေးခင်မှာပင် အသံကျယ်ကြီးတစ်သံ ထွက်လာသည်။ ၎င်းမှာ ခန့်ညားသော သတ္တုချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ကို ဗလတောင့်တောင့်နှင့် သက်တော်စောင့်တစ်ယောက်က နောက်မှလိုက်နေသည်။ သူသည် မြို့တော်မိသားစုမှ သခင်လေးတစ်ယောက် ဖြစ်သည်မှာ သေချာသည်။

“မိန်းမလှလေး။ သူက မင်းနဲ့ မလိုက်ချင်ဘူး။ ငါ ပြန်လိုက်သွားမယ် ဆိုရင်ကော။ ငါက ဒီလူထက် ပိုပြီး အသုံးဝင်ပါတယ်။ ငါ အာမခံတယ်.....”

သူ၏စကား မဆုံးသေးခင်မှာပင် အသံရုတ်တရက် ရပ်သွား၏။ သူ၏ခန္ဓာကိုယ်မှ ခန့်ညားသော မှော်ချပ်ကာသည်လည်း အလိုအလျောက် ယိုယွင်းပျက်စီးသွားသည်။ ဇိုလာသည် ထိုသူသည် ဂျုံမုန့်ဖြစ်အောင် ပြုလုပ်ချင်နေပုံရသည်။ သနားစရာ သခင်လေးသည် နာကျင်စွာအော်ဟစ်ရင်း သတိလစ်သွားတော့သည်။

ဗလတောင့်တောင့်နှင့်လူက အံ့အားသင့်သွားသည်။ သူ ဓားထုတ်ပြီး အော်ဟစ်ကာ ဇိုလာထံ ပြေးဝင်သွားသည်။ ခြေလှမ်း၂လှမ်း အတွင်းမှာပင် လက်ထဲမှဓားသည် မခံမရပ်နိုင်အောင် ပူလာကြောင်း သူ ခံစားလိုက်ရသည်။ ဓားသည် ရုတ်တရက်ပင် ချွမ်းခနဲ ပြုတ်ကျသွား၏။ ဓားရှည်သည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့်ပင် အရည်ပျော်သွားခဲ့သည်။

ဗလတောင့်တောင့်နှင့်လူ ထိတ်လန့်သွားခဲ့သည်။ ဒါက ချပ်ကာအလှတောင် မဟုတ်လား။ ထူးကဲအဆင့် လက်နက် တစ်ခုပဲ။

အစမှအဆုံးအထိ ဇိုလာသည် သူတို့ကို ကြည့်ပင် မကြည့်ချ။ ချန်လွေ့ကိုသာ စိုက်ကြည့်နေ၏။

“သိပြီ။ ကျုပ် ခင်ဗျားနဲ့ အရင်လိုက်သွားမယ်။” ချန်လွေ့က သေလုနီးပါး ဖြစ်နေသော သခင်လေးကို ဖျပ်ခနဲကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို“စမ်းသပ်မှု” ပြီးနောက်တွင် ဇိုလာက သူ့ပေါ်မှ ၄ယွမ် မှော်စာအမှတ်အသား ထားထားခဲ့ကြောင်း ချန်လွေ့ အတည်ပြုနိုင်ခဲ့သည်။

“ယွမ်” ဆိုသည်မှာ ရှေးမှော်စာ၏ အခြေခံယူနစ် ဖြစ်သည်။ အဆင့်မြင့်လေလေ ရှုပ်ထွေးမှု ပိုများလေလေ ဖြစ်သည်။ သို့သော် ၄ယွမ် မှော်စာအမှတ်သားမှာ အလွန်ပင် ဆန်းပြားရှုပ်ထွေးလှသည်။ [ အထူးစိစစ်မှု ] အချက်အလက်များ ရှိလျှင် ၎င်းကို ဖယ်ရှားရန် အလွန်ခက်ခဲလှသည်။ မည်မျှပင် ခက်ခဲစေကာမူ ချန်လွေ့သည် ၎င်းကို ဖယ်ရှားရမည် ဖြစ်သည်။ သူသည် မြို့‌တော်နယ်မြေ၌ ကြယ်အမှတ်တစ်ခု ထားထားခဲ့သည်။ အကယ်၍ သူ ကောင်းကောင်း မရှင်းပြနိုင်လျှင် [ ကြယ်တာရာဂိတ် ] ကို တိုက်ရိုက်အသုံးပြုပြီး ထွက်ပြေးရပေတော့မည်။

သက်တန့်တောင်ကြား၌-

“မစ်-ဇိုလာ။ ခင်ဗျားက ကျုပ်မြင်ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံးမိန်းမပဲ။ ခင်ဗျားက အသိပညာကို မြတ်နိုးတယ်။ ဗဟုသုတကို လေးစားတယ်။ လှပတယ်။ ကြင်နာတတ်တယ်။ ပြီးတော့ နားလည်မှုရှိတယ်.....”

မိမိ၏ ကောင်းကျိုးများကို ထိုလူ ပြောနေသည်ကြောင်း ကြားသည့်အခါ ဇိုလာသည် အပေါ်ယံ၌ ငေးငိုင်နေ၏။ သို့သော် သူ၏စိတ်ထဲ ချိုမြိန်နေ၏။ တစ်နည်းတစ်ဖုံဖြင့် ဇိုလာသည် ထို “သိပ္ပံနည်းလမ်းမကျသော” ချိုမြိန်သည့် စကားလုံးများ ကြားရသည်ကို သဘောကျလာသည်။ သို့သော် ထိုလူ တစ်ယောက်တည်းထံမှသာ ဖြစ်သည်။

( ထားလိုက်တော့။ မိန်းမရိုင်းတစ်ယောက်ကို ဖြားယောင်းဖို့အတွက် သူခိုးထွက် သွားတာကို ခွင့်လွှတ်လိုက်မယ်လေ။ )

( မဟုတ်သေးပါဘူး။ သူအပြင်ထွက်ရတဲ့ အကြောင်းရင်းက ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ငါက ...အမ်...ထွက်ပြေးသွားတဲ့ စမ်းသပ်ပစ္စည်းကို ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့ပုံပဲ။ )

“အခု ကျုပ်ဘဝမှာ အရေးပါတဲ့လူတွေ အန္တရာယ် ရှိနေပြီ......”

ဇိုလာက ရုတ်တရက် စကားဖြတ်ပြောသည်။ “ ငါ...ငါတို့ရဲ့ စမ်းသပ်မှုတွေထက် အရေးကြီးလား။”

“‌ပြောရမယ်ဆိုရင်တော့ သူတို့က ပို.......ကျုပ်တို့ရဲ့ စမ်းသပ်မှုလိုမျိုးပဲ အရေးကြီးပါတယ်။” ချန်လွေ့ စကားရပ်ပြီး လေးလေးနက်နက် ပြောသည်။ “တစ်ယောက်ယောက်က ကျုပ်တို့ရဲ့ စမ်းသပ်မှုကို ဖျက်ဆီးဖို့ကြိုးစားရင် မစ်-ဇိုလာ ဘာလုပ်မှာလဲ။”

ဇိုလာ၏ အရှိန်အဝါ အလွန်ပြင်းထန်နေ၏။ “ငါ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။”

ချန်လွေ့လည်း အခွင့်အရေးကို အသုံးချပြီး ပြောသည်။ “ဟုတ်တယ်။ ကျုပ်လည်း ဒီလိုမျိုးပဲ။ အဲဒါကြောင့် ဒီကနေ ကျုပ် ထွက်သွားပြီးတော့ ကျုပ်အတွက် အရေးပါတဲ့ သူတွေကို ကာကွယ်ပေးရမယ်။ ဒီကိစ္စကို ဖြေရှင်းပြီးရင် သက်တန့်တောင်ကြားဆီ ကျုပ် ပြန်လာပြီးတော့ ခင်ဗျားနဲ့အတူ စမ်းသပ်ချက်တွေ ဆက်လုပ်မှာပါ။ မစ်။ ကျုပ်ကို ယုံကြည်ပေးပါ။ ဒါက ကျုပ် စိတ်ရင်းနဲ့ တောင်းဆိုတာပါ။”

ချန်လွေ့၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်ရင်း ကိစ္စများ ခက်ခဲအောင် ရည်ရွယ်ထားသော ဇိုလာ စိတ်မကောင်း ဖြစ်မိသွားသည်။ သူ ဟန်ဆောင်ပြီး ငေးငိုင် မနေတော့ဘဲ ခဏတွေးကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ....”

“မစ်-ဇိုလာက တကယ့်ကို နားလည်မှုရှိတဲ့သူပဲ။”

ချန်လွေ့ အလွန်ပျော်ရွှင်သွားသည်။ သို့သော်လည်း မစ်-နတ်မိမယ်နဂါးက လေးလေးနက်နက် ပြောသည်။ “ဒါပေမဲ့ နင် ငါ့ကို ၁၄ယွမ် မှော်စာကို ခွဲထုတ်ဖို့အတွက် ကူညီပေးရမယ်။”

ယွမ်သည် ရှေးမှော်စာ၏ အခြေံယူနစ် ဖြစ်သည်။ ထို၁၄ယွမ်စာပုဒ်မှာ ရှေးမှော်စာ နည်းလမ်းကို အသုံးပြုပြီး ကြယ်ကြွေတမန်ဓားမှ ချန်လွေ့ “ကူးယူ” ထားသည့် မူရင်းစာပုဒ် ဖြစ်သည်။ ၎င်းမှာ ထိုနေ့က ကြေးမုံးလေးကန်၌ ဇိုလာအား ချန်လွေ့ပေးခဲ့သော လက်ဆောင်လည်း ဖြစ်သည်။

“ခွဲထုတ်ဖို့လား။”

ဇိုလာ ခေါင်းညိတ်သည်။ “အာ။ နင်သွားလိုက်ရင် ငါ့အတွက် ခွဲထုတ်တဲ့ လုပ်ငန်းစဉ်ကို အဆင်ပြေပြေ လုပ်နိုင်ဖို့က ခက်ခဲသွားလိမ့်မယ်။ နောက်ပိုင်း စမ်းသပ်မှု လုပ်ငန်းစဉ်တွေကိုတော့ ငါ တစ်ယောက်တည်း လုပ်နိုင်တယ်။”

မသိရသေးသော မှော်စာများကို ခွဲထုတ်ရသည်မှာ ဉာဏ်အားနှင့် ပညာရပ်များ အ‌တော်လေး လိုအပ်သော အလုပ်တစ်ခု ဖြစ်သည်။ ချန်လွေ့တွင် ထိုမှော်စာ စာပုဒ်များကို အလွန်အမင်း တိတိကျကျ တွက်ချက်ပြီး စီမံနိုင်သော [ အထူးစိစစ်မှု ] ရှိသည်။ ထို့ကြောင့် ထိုအပိုင်းတွင် ဇိုလာသည် ချန်လွေ့မပါဘဲ အမှန်တကယ် မပြုလုပ်နိုင်ပေ။

သို့သော်လည်း ခွဲထုတ်ခြင်း လုပ်ငန်းစဉ်တွင် အသက်သွင်းပြီးသော မှော်စာမှာ ပြောင်းလဲသွားတတ်နိုင်ချေ ရှိသည်။ တစ်ခုခု မှားယွင်းသွားခဲ့လျှင် ကြီးကြီးမားမား အန္တရာယ် ကျရာက်နိုင်ပေသည်။

ချန်လွေ့ တုံ့ဆိုင်းနေသေးသည်ကို မြင်ပြီး ဇိုလာ ထပ်ပြောသည်။ “ကောင်းပြီလေ။ နင် ဒီခွဲထုတ်တာကို လုပ်ပေးရင် နင့်အပေါ်က ၆ယွမ် ခြေရာခံ မှော်စာအမှတ်အသားကို ဖယ်ရှားပေးမယ်။”

၆ယွမ် အမှတ်အသားလား။ ငါထင်ထားထက် ၄ယွမ်ထက်တောင် ပိုပြီးတော့ ရက်စက်တာပဲ....။ ချန်လွေ့က စိတ်ထဲ၌ တွေးလိုက်သည်။ ဒါက ၆ယွမ်အမှတ်သားဆိုရင် ဒါကို ချိုးဖျက်ဖို့က ၁၄ယွမ် စာပုဒ်ထက် ပိုပြီးတော့ကြာမှာ သေချာတယ်။ ငါ ဒီအတိုင်း ထွက်ပြေးသွားရင်တောင် နတ်မိမယ်နဂါးက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူက အမှတ်အသားကို အသုံးချပြီးတော့ ငါ့နောက်လိုက်လာမှာပဲ။

“ကောင်းပြီလေ။ မစ်-ဇိုလာ။” ချန်လွေ့ ခေါင်းညိတ်သည်။ “အချိန် မရှိတော့ဘူး။ အခုပဲ စလိုက်ကြတာပေါ့။”

All Chapters