← Chapters

“မတော်တဆမှု”ကြီးတစ်ခု

Vol. 26 Ch. 380

“မတော်တဆမှု”ကြီးတစ်ခု

Vol. 26 Ch. 380

ချန်လွေ့သည် စူပါစနစ်နှင့် အဆက်အသွယ် ပြန်ရသွားသည်။ ထို့ပြင် ခုနက သီးသန့် ဖြစ်နေခဲ့သော စူပါစနစ်သည် အဆက်အသွယ် ပြန်ရပြီးနောက် စွမ်းအားတစ်မျိုးမျိုးနှင့် ပေါင်းစပ်ပြီး ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားဟန်တူသည်။ ကြယ်များနှင့် ကြယ်စင်စုများရှိ ဂြိုလ်များပေါ်မှ အပင်များလည်း ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် မူလ စိမ့်သစ်တောမှ ရေအရင်းအမြစ်ကို မမှီခိုသော မြင့်မားသည့် သိပ်သိပ်သည်းသည်း သစ်တောအဖြစ် ပြောင်းလဲသွားသည်။ ပန်းပင်အများအပြားလည်း ဖြစ်ပေါ်လာပြီး မူရင်း ဖရုံပင် နှင့် ဆိုင်ကပ်ပင်များကို အစားထိုးသွားသည်။ နေရာအနှံ့မှ အစိမ်းရောင်များမှာ အားအင်များ တက်ကြွလျက်ရှိနေသည်။

ကြယ်စင်စု နတ်ဘုရားကျောင်းရှိ အချက်အလက်ပြ ဇယားထဲတွင် မယ်ဂရီဇ် အခြေအနေ၏ အတွေ့အကြုံ တန်ဖိုးမှာ ၁၀၀% ပြည့်ခဲ့လေပြီ။ ထိုကဲ့သို့ အကျိုးရလာဒ်ကို ချန်လွေ့ မမျှော်လင့်ထားခဲ့ပေ။ အမှန်တကယ်၌ ခုနက သူ့အတွက် အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည့် အရေးကြီးဆုံးအရာမှာ [ စိတ်သန့်စင်ခြင်း ] ၌ သူ ကျွမ်းကျင် သွားခဲ့သော အသူရာ၏စွမ်းအားပင် ဖြစ်သည်။ သူသည် နတ်မိမယ်နဂါး ထင်ထားသကဲ့သို့ နတ်ဘုရား-တစ်ပိုင်းအဆင့် စည်းမျဉ်းကို ကျွမ်းကျင်ထားခဲ့ခြင် မဟုတ်ဘဲ ထိုစည်းမျဉ်း၏ အခြေခံအကျဆုံး သဘောပေါက်နားလည်မှုက သူ၏စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေခြင်းသာ ဖြစ်ပေသည်။

၎င်းသည် အခြေခံစည်းမျဉ်းတစ်ခု ဖြစ်သော်လည်း တစ်ခုခု ပျောက်ဆုံးနေသည်ဟု အမြဲခံစားနေရသော ပိုင်နက်ကိုပင် ကုန်ဆုံးသွားစေသည်။ ၎င်းသည်လည်း မယ်ဂရီဇ် အခြေအနေ ကုန်ဆုံးခြင်းကို ကိုယ်စားပြုလေသည်။ ငါ အစွန်အဖျားကို ကျော်နိုင်ခဲ့ရင် နောက်ထပ် ကြယ်အဆင့်ဖြစ်တဲ့ “ဖက်ဒါ”ကို ရောက်နိုင်ပြီ။

ချန်လွေ့သည် ဖက်ဒါနယ်ပယ်သို့ ရောက်ရှိရန် မျှော်လင့်နေစဉ် သူ၏လက်ထဲမှ မကျေမနပ် အသံတစ်သံ ထွက်ပေါ်လာသည်။ “ဟေး။ နင်ငါ့ကို ဘယ်လောက်အထိ ဖက်ထားမလို့လဲ။ အခု အောက်ချပေးတော့။”

ထိုအသံကြောင့် ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ သူသည် အန္တရာယ်များသော နတ်ဘုရား-တစ်ပိုင်း နေရာလွတ်၌ ရှိနေစဉ်က ကဲ့သို့ပင် ဇိုလာကို ပွေ့ဖက်ထားနေကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ ချန်လွေ့သာ အသီနာနှင့် ခီရာကို ဖက်ထားမည် ဆိုလျှင် လွှတ်ပေးမည် မဟုတ်ပေ။ သူ အရင်ဆုံး အခွင့်အရေးယူမည် ဖြစ်သည်။ ရှီရာ ဆိုလျှင်ပင် သူ အနည်းငယ် စနောက်ပေမည်။ သို့သော်လည်း ထို “အမျိုးသမီး”ကို သူ ရန်မစရဲပေ။

နတ်မိမယ်နဂါးသည် ရုပ်ရည်သွင်ပြင်၌ သာလွန်သော်လည်း ကြောက်စရာ ကောင်းလှသည့် [ ဒြပ်ပေါင်းမိုးကြိုး ] တစ်ခုတည်းကပင် ချန်လွေ့၏စိတ်ထဲမှ လှပသော အတွေးများအားလုံးကို မီးသွေး၊ ဆန်ကော်နှင့် ယိုများ ဖြစ်သွားစေနိုင်သည်။

သူငါ့ကို ဖက်ထားတာ မသက်မသာ ဖြစ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ငါ့ကိုဖက်ထားရင်းနဲ့တောင် ငိုင်နေတယ်။ ငါက အဲဒီလောက် ဆွဲဆောင်မှု မရှိလို့လား။

“နေဦး။ အောက်မချနဲ့ဦး။” ချန်လွေ့က ဇိုလာက အောက်ချပေးရင် ပြင်လိုက်စဉ် နတ်မိမယ်နဂါးက အထိတ်တလန့် ပြောသည်။ “ကွင်းဆက်မှော်စာပိုဒ်က မပြီးသေးဘူး။”

ထိုစာပိုဒ်သည် အရောင်လုံးဝ မပြောင်းသေးကြာင်း ချန်လွေ့ မြင်လိုက်ရသည်။ သူ တိတ်တဆိတ် အံ့အားသင့်သွားပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။

“သက်တန့်တောင်ကြားရဲ့ ဒြပ်စင်တွေအားလုံးကို ခုနတုန်းက နေရာလွတ်ရဲ့ ဝါးမျိုတာ ခံလိုက်ရတယ်။ ပြန်ပြည့်လာဖို့အတွက် အနည်းဆုံး သုံးလေးနာရီ လိုသေးတယ်။ ငါ အခု မှော်အစွမ်း မသုံးနိုင်သေးဘူး။ နင် ငါ့ကို ကာကွယ်ပေးရမယ်။” ချန်လွေ့ကို ကာကွယ်ပေးမည်ဟု စောစောက အာမခံခဲ့ပြီး ယခုတွင် မိမိကို ချန်လွေ့က ပြန်ကာကွယ်ပေးနေရသည်ကို ပြန်တွေးမိရင်း ဇိုလာ အနည်းငယ် ရှက်သွားသည်။

သို့သော်လည်း ခုနက နေရာလွတ် အဖြစ်အပျက်များကို ကျော်ဖြတ်ပြီးနောက် ချန်လွေ့အပေါ် မစ်-နတ်မိနယ်နဂါး၏ ခံစားချက်များ အသစ်ပြောင်းလဲသွား၏။ ၎င်းကို ယုံကြည်မှုဟု ‌ခေါ်၍ရနိုင်ပေသည်။ ထိုလူသည် သူ့ကို သေချာပေါက် ကာကွယ်နိုင်ပုံ ရသည်။ အစပိုင်း၌ အော်ခံပြီးနောက် မည်သို့စာရင်းရှင်းမည့်အကြောင်း စဉ်းစားထားသည် ကိုမူ သူ မေ့လျော့သွားဟန်တူသည်။

ချန်လွေ့ လျစ်လျူမရှုရဲပေ။ ထို့ကြောင့် ဇိုလာကို ဖက်ထားပြီး ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုသတိဖြစ်ကြည့်ကာ အချိန်မရွေး ဖြစ်လာနိုင်သည့် အန္တရာယ် အခြေအနေများအတွက် စောင့်ကြပ်နေလိုက်သည်။

၁၀မိနစ် ကြာသွားသော်လည်း ဘာမှ ဖြစ်မလာသေးပေ။

ချန်လွေ့နှင့် ဇိုလာတို့ အနည်းငယ် ထူးထူးဆန်းဆန်း ခံစားသွားရသည်။ ဧကန္တ... နတ်ဘုရား-တစ်ပိုင်း နေရာလွတ်က အနီးအနားကို ဒြပ်စင်တွေကို ဝါးမျိုလိုက်တော့ ကွင်းဆက်မှော်စာက အစွမ်း မထုတ်နိုင်တော့တာများလား။

ချန်လွေ့က ကွင်းဆက်မှော်စာများကို ဖျပ်ခနဲ ကြည့်လိုက်ရာ ၎င်းသည် အရောင် ပြင်းအား အနည်းငယ် ပြောင်းလဲနေသော်လည်း အပြာရောင်သို့ လုံးဝပြောင်းလဲ သွားသည်ကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူတို့နှစ်ယောက် ထင်နေခဲ့သော နောက်ဆုံးစာပိုဒ် အသက်မဝင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒါဆို ....... ကွင်းဆက်မှော်စာတွေ အာလုံးက လုံးဝ အသက်မဝင်သေးတာလား။

ထိုအချိန်၌ ချန်လွေ့သည် ရုတ်တရက် အနည်းငယ် မူးဝေသွားပြီး အမြင်အာရုံလည်း ဝေဝါးသွားသည်။ ထူးဆန်းသည်မှာ စူပါစနစ်နှင့် အဆက်အသွယ် မပြတ်သွားခဲ့ပေ။ အဆိပ်ပစ္စည်းများအတွက်လည်း သတိပေးချက် ထွက်မပေါ်လာခဲ့ပေ။

သူ၏နှာခေါင်းထဲရှိ မွှေးရနံ့တစ်ခု တဖြည်းဖြည်း ပြင်းထန်လာသည်။ ၎င်းသည် နတ်မိမယ်နဂါး၏ ခန္ဓာကိုယ်မှ ဖြစ်ပုံရသည်။ ချန်လွေ့၏ ခန္ဓာကိုယ် ပူလောင်လာပြီး မမျှော်လင့်ဘဲနှင့် ပြင်းပြင်းထန်ထန် နှလုံးခုန်လာသည်။

ဇိုလာ၏ အခြေအနေမှာလည်း အနည်းငယ် ထူးခြားနေသည်။ မျက်မှန်နောက်မှ သူ၏ ခရမ်းရောင်မျက်လုံးများသည် ရှားရှားပါးပါး မျက်နှာချိုသွေးမှုနှင့်အတူ အရည်ပြည့်လျှမ်းနေသည်။ သူ၏ပါးနှစ်ဖက်တွင်လည်း နီမြန်းနေပြီး ပို၍ပင် လှပနေ၏။

ထိုမိန်းမသည် မယုံကြည်ရအောင် ချန်လွေ့ ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့သည်။ ထို့ပြင် ဇိုလာသည် ပါ့ဂ်လီအို ကိုယ်တိုင်ကပင် ကြောက်ရွံ့ရသော နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ အမြဲပင် ဟန်ဆောင်ငေးငိုင်သော စိတ်နှလုံးမ‌ကောင်းသည့် အရူးမ ဖြစ်သည်။ သို့သော် ချန်လွေ့သည် စိတ်ထဲ၌ လှပေသော အတွေးအချို့ကို တွေးမိနေသည်။ ဒီမိန်းမက လှပတယ်။ ဉာဏ်ကောင်းတယ်။ အသိပညာကို မြတ်နိုးတယ်။ ပြီးတော့ စာနာတတ်တဲ့ ဘက်ခြမ်းလည်း ရှိတယ်။ ထိုထူးဆန်းပြီး လှပသော အတွေးများက မစ်-နတ်မိမယ်နဂါး၏ ပြစ်ချက်များကို ကာဆီးထားကာ ကောင်းချက်များသာ ကျန်တော့သည်။

သူတို့နှစ်ယောက် အချင်းချင်း ကြည့်နေရင်း ပို၍ပင် နှစ်သက်စရာ ကောင်းလာ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် အချင်းချင်း၏ နှလုံးခုန်သံများကို ခံစားရလိုက်သည်။ ခဏကြာအောင် သူတို့၏အသက်ရှူသံ မြန်ဆန်သွားပြီး ရှေးဟောင်းဗီဇ စတင် ပေါက်ဖွားလာကာ ပိုပို၍ အားကောင်းလာသည်။

ဇိုလာ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ချန်လွေ့ထက် များစွာ အားပိုကောင်းသည်။ ထို့ကြောင့် တစ်ခုခု လွဲနေကြောင်း သူ ရေးရေးလေး ခံစားမိလိိုက်သည်။ မှော်စာကို ကြည့်လိုက်ရာ တလက်လက်ဖြစ်နေပြီး ပြောင်းလဲနေသော အလင်းရောင်သည် သင်္ကေတများအဖြစ်သို့ ပေါင်းစပ်သွားဟန်တူသည်။

“သိပြီ။ နောက်ဆုံးမှော်စာက ကာမအားတိုး‌ဆေးနဲ့ ရာဂပဲ။” နတ်မိမယ်နဂါးက လွှတ်ခနဲ ပြောသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်နှင့် စိတ်ထဲမှ ထူးဆန်းသော သဘာဝ လိုအပ်ချက်များကို ခံစားလိုက်ရသည်။ “မိတ်လိုက်ခြင်းလည်း ပါတယ်။”

ချန်လွေ့သည် [ စိတ်သန့်စင်ခြင်း ] ၌ အတွေ့အကြုံရှိသည်။ အတင်းရုန်းကန်းရင်း သူက လျှာထိပ်ကို ကိုက်လိုက်သည်။

နာကျင်မှုက ဝေဝါးဝါးခံစားချက်ကို ယာယီ ပျောက်သွားစေသည်။ စိတ်ကြည်လင် သွားသည့်အခါ ချန်လွေ့သည် လက်ထောက်ထားရင်း ဇိုလာနှင့်အတူ ကြမ်းပြင်ပေါ်၌ လှဲလျောင်းနေသည်ကို သိရှိသွားသည်။ သူသည် .... အမ်.... ယောက်ျားနှင့် မိန်းမအကြား ကာမစပ်ယှက်မည့် အနေအထားပုံစံ ဖြစ်နေ၏။ မာကြောပြီး တောင့်တင်းနေသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကတည်း တင်းတင်းကျပ်ကျပ် ဖိထားနေသည်.....

ကံကောင်းစွာပင် နောက်ဆုံးဘောင်းဘီတစ်ထပ် ရှိနေသေးသည်။ ၎င်းသည်လည်း စိုရွှဲသွားလောက်လေပြီ။

သူတို့သည် မိတ်လိုက်ခြင်း လုပ်ငန်းစဉ် ပြီးမြောက်လုနီးပါး ဖြစ်သွားခဲ့သည်။

ချန်လွေ့ ချွေးများပြန်နေတော့သည်။ သူသည် ကြောက်မက်ဖွယ်ရာ နတ်မိမယ် နဂါးကို အနိုင်ကျင့်မိလုနီးပါး ဖြစ်သွားလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။

ဒါက သေချာပေါက် မတော်တဆ တစ်ခုပဲ။ မတော်တဆမှုကြီးတစ်ခု။

ဆိုးဆိုးဝါးဝါး ဖြစ်မလာခင် ငါ ထွက်ပြေးရင် ပိုကောင်းမယ်။

သို့သော် နတ်မိမယ်နဂါး၏ စကားကိုကြားပြီးနောက် ချန်လွေ့သည်လည်း ကာမအားတိုးဆေးနှင့် မိတ်လိုက်ခြင်းကို နားလည်သွားသည်။ ချီး။ ဒီလိုမျိုး မှော်စာတောင် ရှိသေးတယ်။ ဒါက ကြောင်တောင်တောင်ကောင်(နတ်ဘုရား)အတွက်လား။

ပြီးတော့လည်း ဒါက အပြည့်အဝ အသက်သွင်းထားတဲ့ပုံပဲ။

“ဝေးဝေးနေ။ နင်ငါ့ကိုထိရဲရင် ငါနင့်ကို ‌သေချာပေါက် အပိုင်းပိုင်း လုပ်ပစ်မယ်။” နတ်မိမယ်နဂါး အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏စိတ်ထဲ၌ ထိုလူအတွက် ထိန်းချုပ်၍မရသော တောင့်တမှုတစ်ခု ရှိနေသည်။

၎င်းသည် သူ၏ခန္ဓာကိုယ် သက်သက်သာ မဟုတ်ဘဲ စိတ်ထဲမှ ပို၍ဖြစ်သည်။

နှစ်ထောင်သောင်းအတွင်း သူသည် သင့်တော်သော ပထမဆုံး ယောက်ျားနှင့် ဆုံတွေ့ခဲ့ရသည်။ ထို့အပြင် ထိုယောက်ျားကိုလည်း သူ စိတ်ဝင်စားနေသည်။

ထိုသူတွင် ဗဟုသုတ၊ အသိပညာနှင့် စွမ်းရည်ရှိပြီး လူများကို ဂရုစိုက်တတ်သည်။ သူသည် မီးဖိုချောင်နှင့် စမ်းသပ်ခန်း၌ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သည်။ သူသည် နိမ့်ကျသော အကြိုက်ရှိသည့် သာမန်နဂါးများထက် သာလွန်သည်။

ဇိုလာ၏ နဂိုအမြင်ကောင်းများမှာ အဖူးအပွင့်များသာ ဖြစ်နိုင်သည်။ သို့သော်လည်း မှော်စာ၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့သည် အနှိုင်းမဲ့ ဆပွားတိုးသွားခဲ့သည်။

ချန်လွေ့က လျှာကိုက်ခြင်းကြောင့် နိုးထလာသော အင်အားကို အသုံးချကာ ထရန်ပြင်လိုက်သည်။ ရုတ်တရက် သူ၏လည်ပင်းကို ဇိုလာက တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ထို့နောက်တွင် ဇိုလာ၏ ပူလောင်နေသည့် နူးညံ့သောခန္ဓာကိုယ်ဖြင့် ချန်လွေ့ကို တွန်းလှန်ကာ ဖိထားလိုက်တော့သည်။

မိန်းများ၏ ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်မှုများနှင့် ပူလောင်နေသာ အသက်ရှူသံများက ယောက်ျားတစ်ယောက်၏ အစိတ်အပိုင်းတစ်ခုကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။

နေပါဦး......ငါသူ့ကိုထိရင် အပိုင်းပိုင်းလုပ်ပစ်မယ်လို့ သူပြောခဲ့တာ မဟုတ်လား။

ဘယ်သူက ဘယ်သူ့ကို ထိနေတာလဲ။

သို့ရာတွင် နတ်မိမယ်နဂါးသည် အဓိပ္ပာယ်မရှိ ခြိမ်း‌ခြောက်နေဆဲပင် ဖြစ်သည်။ “နင် လှုပ်ရဲရင် လှုပ်ကြည့်။ နင့်ကိုငါ သတ်ပစ်မယ်။”

“ဟမ်”

ဒါက ဘာလဲ။ ပြောင်းပြန် တွန်းလှဲခံရတာလား။

“မလှုပ်နဲ့။”

“……”

“…”

ထိရင်း ဆွဲရင်းနှင့် သူတို့နှစ်ယောက်၏ အဝတ်အစားများ အလျင်အမြန် လျော့ပါးသွား၏။

ဆွဲဆောင်မှုရှိသောမျက်နှာ၊ ဖြူဖွေးပြီး သွယ်လျသော ခန္ဓာကိုယ်၊ ပြည့်ဝပြီး ဝိုင်းဝန်းသောအမို့အမောက်များ၊ နူးညံ့သောပန်းရောင်အဖူးများ၊ လျို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်တောနက် .... စသည့် အမျိုးမျိုးသော အာရုံနှင့် အထိအတွေ့ လှုံ့ဆော်မှုများက ချန်လွေ့၏ ဆင်ခြင်နိုင်စွမ်းကို ရမ္မက်မီးတောက်ထဲသို့ နစ်မြုပ်သွားစေခဲ့သည်။

ချန်လွေ့၏ လျှာထိပ်မှ သွေးများသည် ပြင်းပြင်းထန်ထန် နမ်းရှိုက်နေစဉ်အတွင်း အချစ်ဆေးရည်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ပင့်သက်ရှိုက်ခြင်းနှင့် ညည်းညူခြင်းတို့နှင့်အတူ ရောယှက်သွားတော့သည်။

မွန်ထူပြီး လုံးဝစိတ်မလွတ်သွားခင်၌ ချန်လွေ့သည် အွန်လိုင်းဖိုရမ်များ၌ သူကူးယူကာ ပြန်လည်တင်ခဲ့သော ပို့စ်တစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

ဒီဖိုရမ်မှာ ရှေးခေတ်ကတည်းက လူဆိုးတွေ မရှိဘူး။ လူကြီးလူကောင်းတွေပဲ တန်းစီနေတယ်။ တစ်ခါတစ်လေတော့ မုဒိန်းမှုတွေ ပြစ်မှုတွေ ရှိတယ်။ ပြစ်မှုကျူးလွန်သူ ကလည်း လူဆိုးမ တစ်ယောက်ပဲ။

ဒါက ဟောကိန်းမှန်တယ်လို့ ပြောရမလား။

အမှောင်လမြို့-

နန်းတော်၏ ကောင်စီခန်းမဝယ် -

ရှီရာက ရရှိထားသော စစ်ပွဲအစီရင်ခံစာကို တည်တည်တံ့တံ့ ကြည့်နေသည်။ ငြိမ်ဝပ်ပိပြားရေးအရာရှိ အသီနာ၊ စိုင်ဖူမိသားစုအကြီးအကဲ ဖို့ဒ်၊ ဘဏ္ဍာရေးအရာရှိ ကိုယ်စားလှယ် ဂါ့စ်နှင့် အင်ပါယာအစောင့် တပ်မှူး ခါဂူရွန် စသော လူယုံတော်များက ပတ်ပတ်လည်တွင် ထိုင်နေကြသည်။ သူတို့အားလုံး၏မျက်နှာများမှာ ခံ့ညားနေကြသည်။

“တင်မ်ရဲ့ အလစ်တိုက်ခိုက်မှု အောင်မြင်တယ်။” ရှီရာသည် အစီရင်ခံစာကို ချလိုက်သည်။

တင်မ်သည် အနောက်လမ်း ကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးအသစ်ဖြစ်ပြီး စိုင်ဖူမိသားစု၏ ဆက်ခံသူလည်း ဖြစ်သည်။ ၎င်းကို ကြားသည့်အခါ အားလုံး စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် စိုင်ဖူသည် အလွန်ပင် ကျေးဇူးတင်နေသည်။ ငါ့သားက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ သူက ငါ့အတွက် ဂုဏ်သတင်းအချို့ရအောင် လုပ်ပေးခဲ့တယ်။

အမှောင်လ၏ လက်ရှိအခြေအနေမှာ အတော်လေး ဆိုးဝါးလှသည်။ လိပ်ပြာနီနှင့် ချော်ရည်ပြာ နယ်မြေတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။ လိပ်ပြာနီ နယ်မြေသည် အမှောင်လသို့ အစားအစာ ထောက်ပံ့မှုကို ရပ်တန့်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ခါနီတာ ဦးဆောင်သော ရှေးပြေးတပ်ဖွဲ့များသည် မြောက်ဘက်လမ်းမှ မော်ဒိုမြို့ကို ဖြတ်ကျော်သွားကာ အမှောင်လနယ်မြကို ကျူးကျော်ရန် ရောက်ရှိလာသည်။

ခါနီနာသည် ကာကွယ်ရေးတပ်ဖွဲ့ အသေးလေးတစ်ခုကို အနိုင်ရရှိပြီးနောက်တွင် တက်တက်ကြွကြွနှင့် ရှေ့သို့ချီတက်လာခဲ့သည်။ သူက အမှောင်လ မြောက်ပိုင်းမှ ဒီကိုမြို့ကို သိမ်းပိုက်ပြီး အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် စဉ်းစားထားခဲ့သည်။ သို့သော် ဒီကိုမြို့သို့ မရောက်ခင် တင်မ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ခါနီတာ ထိန်းချုပ်ထားသော သတင်းအချက်အလက်များအရ အမှောင်လ နယ်မြေ၏ စစ်တပ်နှစ်ခုမှာ မြို့စောင့်တပ်နှင့် အင်ပါယာအစောင့်များ ဖြစ်ကြသည်။ အသစ်ဖွဲ့စည်းထားသော အနောက်လမ်း မြို့စောင့်တပ်မှာလည်း ဖွဲ့စည်းထားသည်မှာ အချိန်ခဏလေးသာရှိသေးပြီး အတော်လေး ဝေးနေသည်။ တင်မ်သည် စစ်တပ်ကို ခရီးအရှည်ကြီး ဦးဆောင်လာကာ ညပိုင်း၌ အလစ်တိုက်ခိုက်မည်ဟု ခါနီတာ မထင်မှတ်ထားခဲ့ပေ။

အနောက်လမ်း စစ်တပ်သည် မှော်ဒူးလေး၊ ဖောက်ခွဲမြား အစရှိသည့် ဝတ်ရုံဂိုဏ်းက ထုတ်လုပ်သော လျို့ဝှက်လက်နက်များကို အသုံးပြုခဲ့သည်။ စစ်ပွဲသို့ ပူးပေါင်းလာသော မယ်ဒူဆာများတွင်လည်း ဆန်းကြယ်သော ပစ္စည်းကိရိယာများစွာ ရှိကြသည်။ ၎င်းတို့ အားလုံးမှာ မြေအောက်လောက ပြိဿများ၏ လက်ရာမြောက်ပစ္စည်းများ ဖြစ်ကြသည်။ မယ်ဒူဆာများ၏ မြားပညာနှင့် ပေါင်းလိုက်သောအခါ ခါနီတာ၏ တပ်ဖွဲ့ကို ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်စေခဲ့ပြီး ပြိုလဲသွားတော့သည်။

“တင်မ် လုပ်တာတော်တယ်။ သူ့ရဲ့အကျိုးပြုမှုကို မှတ်ထားရမယ်။” ရှီရာ၏မျက်နှာ လေးနက်နေ၏။ “ဒါပေမဲ့ ဒီတစ်ခေါက် လိပ်ပြာနီက အစမ်းသဘော တိုက်ခိုက်နေတယ် ဆိုတာ ကျွန်မတို့အားလုံး သိကြတယ်။ ခါနီတာကို သုတ်သင်နိုင်ရင်တောင် အောင်ပွဲခံလို့ မရသေးဘူ။ နောက်မှာ ကျွန်မတို့ ရင်ဆိုင်ရမယ့် စစ်တပ်ရှိနေသေးတယ်။ အသီနာ။ နင် ဘယ်လိုထင်လဲ။”

အသီနာက တည်တည်ငြိမ်ငြိမ်နှင့် မတ်တပ်ရပ်ပြီး ပြောသည်။ “တင်မ်ရဲ့ အားသာချက်က ရွှေ့ပြောင်းလို့ရတာနဲ့ ဗြုန်းစားဖြစ်တာကြောင့်ပဲလို့ ထင်တယ်။။ သူ့ကို ဒီကိုမြို့မှာ စောင့်ကြပ်ခိုင်းပြီးနောက် လိပ်ပြာနီစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ခိုင်းရင် ရန်သူရဲ့အားသာချက်ကို သူ့ရဲ့အားနည်းချက်နဲ့ ယှဉ်နေသလို ဖြစ်နေမယ်။ လုံးဝကို မလားလာချင်စရာပါပဲ။ တင်မ်ကို သူ့အားသာချက်အတိုင်း ရန်သူကို နောက်ကနေ ဘေးကနေ ဆက်ပြီးနှောင့်ယှက်ခွင့် ပေးသင့်တယ်။”

ရှီရာက အသာလေး ခေါင်းညိတ်သည်။ “ပြောတာ ကောင်းတယ်။ တင်မ်က တကယ်ပဲ ဒီကိုမြို့မှာ မနေသင့်ဘူး။ သူ့ကို ရွှေ့ပြောင်းလို့လွယ်တဲ့ အင်အားစုနဲ့ ထားထားပြီးတော့ ရန်သူကို နှောင့်ယှက်ပါစေ။”

“တော်ဝင်မင်းသမီး။” ဖို့ဒ်က ပြောသည်။ “အခုတစ်ခေါက်က အဓိက နယ်မြေနှစ်ခု အမှောင်လကို ဝိုင်းရံနေကြတာ။ ရန်သူက အားကောင်းပြီး ကျုပ်တို့က အားနည်းတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ရွှေ့ပြောင်းနိုင်စွမ်းကလည်း အကန့်အသတ်ရှိတယ်။ ကျုပ်တို့ရဲ့ အင်အားကို ခွဲပြီးတော့ ရန်သူကို တိုက်ခိုက်လို့ မရလောက်ဘူး။ တစ်ဖက်တည်းကနေ အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ စဉ်းစားသင့်လား။ တခြားတစ်ဖက်မှာတော့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးထားလို့ ရနိုင်တယီ်ိ။”

ဂါ့စ်လည်း သူ၏အမြင်ကို ပြောသည်။ “ဆာ-ဖို့ဒ် ပြောတာ မှန်တယ်။ ဒါပေမဲ့ အဲဒါကို အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်။ ရန်သူက ကျုပ်တို့ လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ တစ်ခုကို ကျုပ်တို့ မတွေ့တော့ရင် နောက်တစ်ခုက ကျုပ်တို့ကို တိုက်ခိုက်နေလောက်ပြီ။”

“ဒါဆိုလည်း လိပ်ပြာနီရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး သတိထားကြတာပေါ့။ စစ်တပ်နဲ့ အချိန်မရွေးတိုက်ခိုက်ဖို့ ပြင်ဆင်ထား။” ရှီရာက စဉ်းစားပြီး ပြောသည်။ “မြောက်ပိုင်းမှာရှိတဲ့ ချော်ရည်ပြာက မလှုပ်ရှားသေးဘူး။ ချော်ရည်ပြာရဲ့ နတ်ဆိုး ကုန်ကူးတဲ့ကိစ္စ ပေါ်ပြီးတော့ ဆိုတိုမြို့မှာ ကျွန်မ လျို့ဝှက်ခံတပ်တစ်ခု တည်ဆောက် ထားခဲ့တယ်။ အဲဒီမှာ ရန်သူကို ခဏလောက် ထိန်းထားလို့ ရတယ်။ ဒါပေမဲ့ အကြာကြီးတော့ မဟုတ်ဘူး။ အခု ချော်ရည်ပြာ နယ်မြေရဲ့ တိုက်ခိုက်မှုကို နှောင့်နှေးအောင် ပြုလုပ်ဖို့အတွက် တစ်ယောက်ယောက် လိုအပ်တယ်။ ဒါပေမဲ့ ဒီတာဝန်က တော်တော်လေး အန္တရာယ်များတယ်....”

ရှီရာ ပြောပြီးနောက် အသီနာကို ဖျပ်ခနဲ ကြည့်သည်။ သူ၏ရည်ရွယ်ချက်မှာ သိသာပေသည်။ အသီနာသည် ရဲရင့်သော မိန်းက‌လေးတစ်ယောက် ဖြစ်သည်။ သူက မစဉ်းစားဘဲ ချက်ချင်း မတ်တပ်ရပ်သည်။ “ကျွန်မ အဖွဲ့တစ်ဖွဲ့ကို ဆိုတိုမြို့ဆီ ဦးဆောင်ပြီးတော့ ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ။”

“ကောင်းပြီ။ အသီနာ။ ဒီတစ်ခေါက်က နင့်အပေါ်မှာ မူတည်တယ်။ ဖို့ဒ်၊ ရှင်က မြို့ထဲက မိသားစုတွေရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးအာရုံစိုက်ရမယ်။ အထူးသဖြင့် မယ်လွန် မိသားစုကိုပေါ့။ အပြောင်းအလဲတစ်ခုရှိရင် တစ်ခါတည်းထိန်းချုပ်ဖို့ နည်းလမ်းတွေ ချက်ချင်းပြင်ဆင်လိုက်။ ကျွန်မတို့ဘက်မှာ ပြဿနာတွေ ဖြစ်လို့မရဘူး။”

ဖို့ဒ်က အလျင်အမြန်ထပြီး အမိန့်ကို လက်ခံသည်။ ရှီရာ ခေါင်းညိတ်လိုက်သည်။ “ဒါဆို ဒီနေ့ အစည်းအဝေး နားကြတာပေါ့။ အသီနာ။ နင်နေခဲ့။ နင့်ကို တစ်ယောက်တည်း ညွှန်ကြားစရာ ရှိတယ်။”

အားလုံးထွက်သွားပြီးနောက် ကောင်စီခန်းမထဲ၌ အသီနာနှင့် ရှီရာတို့သာ ကျန်ရစ်ခဲ့သည်။

“အသီနာ။” ရှီရာ ထပြီး အသီနာနှင့် ဘေးချင်းယှဉ်လျက် ရပ်လိုက်သည်။ “သူ...ပြန်လာပြီလား။”

အသီနာ ခေါင်းခါသည်။ “မပြန်လာသေးပါဘူး။ သူ ပြန်လာမယ်ဆိုရင် သေချာပေါက် နန်းတော်ကို အမြန်ဆုံးလာပြီး တော်ဝင်မင်းသမီးကို လာတွေ့မှာပါ။”

ရှီရာက အသီနာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “လွန်ခဲ့တဲ့ ၂လတုန်းက မြို့တော်မှာ လူသားတစ်ယောက် သေသွားတယ်လို့ သတင်းရထားတယ်။”

“မြို့တော်မှာ သေသွားတဲ့တစ်ယောက်ကို ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ လူသားကတော့ သေချာပေါက် မသေသေးဘူး။” အသီနာက သေသေချာချာ ပြန်ဖြေသည်။ ဒိုဒိုနှင့် ချန်လွေ့တို့သည် ကျွန်-သခင်စာချုပ် ချုပ်ဆိုထားကြသည်။ ယခုတွင် ချွဲကျိကောင်မှာ အသက်ရှင်နေဆဲဖြစ်ပြီး တက်တက်ကြွကြွ ရှိနေသေးသည်။ အခြား အစေခံဖြစ်သော တင်မ်သည်လည်း အကျိုးပြုမှု ကြီးကြီးမားမား ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သခင်ဖြစ်သူ ချန်လွေ့သည်လည်း အဆင်ပြေနေရပေမည်။

နား‌ထောင်သူတစ်ယောက်သည် မရည်ရွယ်ထားသော အဓိပ္ပာယ်ကို နားလည်နိုင် ပေသည်။ “ကျွန်မတို့ရဲ့ လူသား” ဆိုသည်ကို ကြားလိုက်သည့်အခါ ရှီရာ ရင်ခုန်သွား၏။ သူ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “သူ အန္တရာယ်ကင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ အခြေအနေမှာ သူပြန်မလာတာ အကောင်းဆုံးပဲ။”

“သူ သေချာ‌ပေါက် ပြန်လာမှာပါ။ ပြီးရင် ‌တော်ဝင်မင်းသမီးအတွက် ဒီကပ်‌ဘေးကို ကူညီပေးမှာ သေချာတယ်။” အသီနာက လေးနက်သောအမူအရာ ပြသလိုက်သည်။ သူနှင့်ခီရာတို့သည် ဤနေရာ၌ ရှိနေကြသည်။ ထို့ပြင် ရှီရာတို့ ညီအစ်မလည်း ရှိနေကြသည်။ ထိုလူသည် သေချာပေါက် ပြန်လာပေလိမ့်မည်။

ရှီရာ သက်ပြင်းချသည်။ “သူက ဉာဏ်ကောင်းတယ်ဆိုတာ ငါသိပါတယ်။ သူ့မှာ ငါစိတ်ကူးကြည့်လို့မရတဲ့ စွမ်းရည်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သူပြန်လာလို့ ဘာမှမထူးဘူး.....”

အသီနာ အများကြီး မပြောပေ။ သူသည် ချန်လွေ့၏စွမ်းအားကို သေသေချာချာ သိသည်။ အမှောင်လနယ်မြေသည် အားအနည်းဆုံး ဖြစ်သော်လည်း ပါ့ဂ်လီအို တစ်ယောက်တည်းကပင် လော့ဒ်နှစ်ယောက်ကို အနိုင်ယူနိုင်သည်။ သို့သော်လည်း ချန်လွေ့၏ ခွင့်ပြုချက်မရှိဘဲ အသီနာသည် အချို့ကိစ္စများကို အဲလစ်အပါအဝင် မည်သူ့ကိုမှ ပြောပြမည် မဟုတ်ပေ။

“ဒါကို အရင်ကြည့်လိုက်။” ရှီရာက စာတစ်စောင် ကမ်းပေးသည်။

အသီနာက ၎င်းကို ကြည့်လိုက်ရာ ခံစားချက် ပြင်းထန်သွားခဲ့သည်။

“ဒီတစ်ခေါက် ငါနင့်ကို နေခဲ့ခိုင်းတာက အရေးကြီး အထူးတာဝန်တစ်ခု ပေးဖို့ပဲ။ ဝေးလ်စ်မိသားစုနာမည်နဲ့ သစ္စာဆိုပြီးတော့ ငါ့ရဲ့အမိန့်တွေကို တသွေမသိမ်း နာခံရမယ်။ ဒီအမိန့်ကို နင် မနာခံလို့မရဘူး။ ကြိုပြီးတော့လည်း ဘယ်သူ့ကိုမှ မပြောပြရဘူး။”

အသီနာက လေးလေးနက်နက် သစ္စာဆိုလိုက်သည်။ ရှီရာက အသီနာ၏ နားထဲသို့ စကားအနည်းငယ် တိုးတိုးလေးပြောကာ စာအိတ်တစ်အိတ် ကမ်းပေးသည်။

“တော်ဝင်မင်းသမီး။ မဖြစ်ဘူးလေ။ ကျွန်မ ...”

“နင် ဒါကို လုပ်ရမယ်။ သစ္စာဆိုထားတာ မမေ့နဲ့။ အခု မြန်မြန်သွားပြင်ဆင်တော့။”

အသီနာက စိတ်နှလုံး လေးလံစွာဖြင့် နန်းတော်မှ ထွက်သွားသည်။ သူ စိတ်ထဲ၌ အော်ဟစ်ပစ်လိုက်သည်။ ငါ ဘာလုပ်ရမလဲ။ ချန်လွေ့။ နင်ဘယ်မှာလဲ။ ပြန်လာပါတော့။

All Chapters