← Chapters

ရှီရာ၏ ဆုံးဖြတ်ချက်

Vol. 26 Ch. 383

ရှီရာ၏ ဆုံးဖြတ်ချက်

Vol. 26 Ch. 383

ချန်လွေ့သည် ကြီးမြတ်သော တွေးခေါ်ပညာရှင်၊ ကြီးမြတ်သော တွေးခေါ်သမား၊ ယုံကြည်မှုသင်ကြားမှုများကို ဖန်တီးနိုင်သော ဘာသာလေးအရူးအမူး တစ်‌ယောက် မဟုတ်ပေ။ သို့သော် သူသည် ယခင်ဘဝမှ ဗဟုသုတနှင့် အသိပညာများရှိသော လောကကူးပြောင်းလာသူ တစ်ယောက် ဖြစ်သည်။

ကွန်ဖြူးရှပ် တစ်ခါက ပြောခဲ့ဖူးသည်။ လူတွေကို မူဝါဒတွေနဲ့ လမ်းကြောင်းပြီးတော့ ပြစ်ဒဏ်တွေနဲ့ ချိန်ညှိမယ်‌ဆိုရင် သူတို့က ပြစ်ဒဏ်တွေကို ရှောင်မှာပဲ။ အရှက်ရှိမှာ မဟုတ်ဘူး။ သူတို့ကို အလေ့အကျင့်ကောင်းနဲ့ လမ်းကြောင်းပြီးတော့ စည်းကမ်းနဲ့ ချိန်ညှိမယ်‌ဆိုရင် သူတို့မှာ အရှက်တရား ရှိလာပြီးတော့ ကျရာတာဝန်တွေကို ဖြည့်ဆည်းကြလိမ့်မယ်။

အပြစ်ဒဏ်များသည် ပြစ်မှုများ မပြုလုပ်ရန် တားဆီးနိုင်သော်လည်း ပြစ်မှုကျူးလွန်ခြင်းမှာ ရှက်စရာကောင်း‌ကြောင်း သိစေရန် မပြုလုပ်နိုင်ပေ။ ထို့ကြောင့် စာရိတ္တပညာရေးသည် အပြစ်ဒဏ်ထက် ပိုကောင်းမွန်ပေသည်။ ယုံကြည်မှုမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ နတ်ဘုရားများနှင့် အပြစ်ပေးမှုကို ကြောက်ရွံ့ခြင်းသည် လူများ၏အပြုအမူကိုသာ ဟန့်တားနိုင်ပေမည်။ သို့သော် သူတို့သည် ကျင့်ဝတ်သိက္ခာ၏ ယုံကြည်ခြင်းမှုတစ်ဆင့် မည်သည့်အတွက်ကြောင့် မပြုလုပ်သင့်ကြောင်းကို သိကြမည် မဟုတ်ပေ။

ယုံကြည်မှု အရင်းအမြစ်ထဲ၌ စကားလုံး (၁၀)လုံး ထွက်ပေါ်လာသည်။

စေတနာ၊ တရားမျှတမှု၊ ကျင့်ဝတ်ထုံးတမ်း၊ ဉာဏ်ပညာ၊ ယုံကြည်မှု၊ သစ္စာတရား၊ သားသမီးကျင့်ဝတ်၊ သမာဓိ၊ အရှက်တရား၊ သတ္တိ။

စေတနာ - လူသားဆန်မှု၊ ချစ်မြတ်နိုးခြင်း၊ ကြင်နာမှု။

တရားမျှတမှု - တရားမျှတမှု၊ အမှန်တရား၊ ညီမျှမှု၊ သမာသမတ်ကျခြင်း၊ မျှတမှု။

ကျင့်ဝတ်ထုံးတမ်း - လောကဝတ်၊ ကိုယ်အမူအရာ၊ ရှက်ကြောက်ခြင်း၊ ဝတ်ပြုခြင်း၊ ရိုးရာဓလေ့၊ စည်း၊ အခြားသူများအတွက် လေးစားမှု။

ဉာဏ်ပညာ - အသိဉာဏ်၊ ပညာ၊ ဟာသဉာဏ်။

ယုံကြည်မှု - ရိုးသားမှု၊ ယုံကြည်ခြင်း၊ အများ ယုံကြည်လက်ခံနိုင်စွမ်း။

သစ္စာတရား - သစ္စာရှိခြင်း၊ အမျိုးချစ်သူ၊ ညှတာမှု၊ ယုံကြည်ခြင်းနှင့် တာဝန်သိခြင်း။

သားသမီးကျင့်ဝတ် - သားသမီးရည်ရွယ်ချက်၊ မိဘများကို လောကဝတ်ပြုခြင်း၊ အကြီးအကဲများအား လေးစားခြင်း။

သာမာဓိ - သန့်စင်ခြင်း၊ မပျက်စီးခြင်း၊ သန့်ရှင်းခြင်း၊ မှန်ကန်ခြင်း။

အရှက်တရား - လိပ်ပြာမလုံခြင်း၊ ရှက်ရမည်ကို သိခြင်း၊ အမှားကို လက်ခံ၍ အမှန်ပြင်ခြင်း။

သတ္တိ - ရဲရင့်ခြင်း၊ ကြံ့ကြံ့ခံခြင်း၊ ဇွဲလုံ့လရှိခြင်း။

ချန်လွေ့၏ နားလည်မှုအရ ယနေ့အထိ တရုတ်မျိုးဆက်များ ထိခိုက်ခြင်း၊ ဒေါသထွက်ခြင်းနှင့် သေရေးရှင်ရေး တို့မှ တစ်ဆင့်ချင်း ကျော်လွှားနိုင်ရခြင်းမှာ သူတို့၏ အသွေးအသားထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေသော ယဉ်ကျေးမှု အချက်အချာများကြောင့်သာ ဖြစ်သည်။

အကြံဉာဏ်များကို အကျဉ်းချသော အုပ်ချုပ်သူ လူတန်းစား၏ အလေဏတောများကို ဖယ်ရှားပြီး စည်းမျဉ်းများကို ပေါင်းစည်းရပေမည်။ သို့မှာသာ စစ်မှန်သော ကွန်ဖြူးရှပ် အနှစ်သာရ ဖြစ်လာမည် ဖြစ်ပြီး နာမည်အတိုင်းပင် “လူသား လိုအပ်ချက်များ” ဖြစ်လာပေမည်။

လူသားသဘာဝ လိုအပ်တဲ့အရာတွေ။

လူတိုင်း၏ နှလုံးသားထဲ၌ ထိုကဲ့သို့ လောက၊ ထိုကဲ့သို့ ယုံကြည်မှု ရှိလောက်ပေသည်။ သို့သော်လည်း လက်တွေ့ဘဝ ရွေးချယ်မှုများမှာ မတူညီကြပေ။

ချန်လွေ့၏ အသိပညာမှာ အကန့်အသတ်ရှိသည်။ သူသည် သာမန်လူတစ်ယောက်သာဖြစ်ပြီး ပြီးပြည့်စုံသော သူတော်စင်တစ်ယောက် မဟုတ်ပေ။ ထိုရွေးချယ်မှု မှန်သလား၊ မှားသလား ဆိုသည်ကိုပင် သူ မသိပေ။ အနာဂတ်၌ မည်သို့ ဖြစ်လာမည်ကိုလည်း သူ မသိပေ။

ချန်လွေ့သည် စိတ်ကူးယဉ် တိုင်းပြည်တစ်ခုကို သူ တည်‌ဆောက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုလူသားများသည် ကိုယ်ပိုင်အသိဉာဏ် ရှိကြ၏။ ထို့ပြင် လူသားရှိသည့်နေရာတိုင်း ပဋိပက္ခများ ဖြစ်လာမည် ဖြစ်သည်။ အနာဂတ်၌ သတ်ဖြတ်ခြင်းနှင့် လိုအင်ဆန္ဒကို ယုံကြည်သော ယုံကြည်သူများ ရှိလာနိုင်ပေသည်။ အချို့အရာများမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ အလင်းသည် အမြဲပင် အမှောင်နှင့်အတူ တည်ရှိနေ၏။

အရာအားလုံးကို လိုချင်သည့်အတိုင်း ဖြစ်ချင်၍ မရနိုင်ပေ။ ရှင်းလင်းသော အသိစိတ်တစ်ခုသာရှိရန် လိုအပ်ပေသည်။

ယုံကြည်မှု အရင်းအမြစ်ထဲသို့ ထိုစကားလုံး(၁၀)လုံး ဝင်ရောက်သွားပြီးနောက်တွင် ၎င်းတို့သည် ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်။ ထို့နောက် ယုံကြည်မှု မျှော်စင်ပေါ်၌ ထူးဆန်းသော အရုပ်စာနှင့် သင်္ကေတ(၁၀)မျိုး ထွက်ပေါ်လာပြီး ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေသည်။ ဂြိုလ်ပြာပေါ်၌လည်း ထူးဆန်းသော အရုပ်စာတိုင် ထွက်ပေါလာ၏။ လူသားအများအပြားက ဒူးထောက်ပြီး ဆုတောင်းကြတော့သည်။

ယုံကြည်မှုကျောက်တိုင်ပေါ်ရှိ ယုံကြည်မှုစွမ်းအားလည်း စတင်ပြောင်းလဲလာ၏။ ၁၊၂၊ ၁၀၊ ၂၀.......

အချို့သည် စကားတစ်လုံးသာ ယုံကြည်ပြီး အချို့က နှစ်လုံး ယုံကြည်သည်။ ထိုနည်းတူစွာပင် ကြယ်စင်စုနတ်ဘုရားကျောင်းရှိ အရုပ်စာလည်း အရောင်တောက် နေသည်။ အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ ယုံကြည်မှုမျှော်စင်သည် ဂြိုလ်ပေါ်ရှိ ယုံကြည်မှုကျောက်တိုင်သို့ စွမ်းအားပမာဏတစ်ခု ပြန်ပေးမည် ဖြစ်သည်။ ၎င်းကို “အံ့သြဖွယ်ရာများ”ဟု ခေါ်ဆို၍ ရနိုင်ပေသည်။

တော်ဝင်ကြယ်တာရာအသွင်ပြောင်းခြင်းအတွက် သတ်မှတ်ချက်များမှာ အရှိန်အဝါ တစ်သိန်းနှင့် ယုံကြည်မှုသလင်းကျောက် တစ်ထောင် ဖြစ်သည်။ ထိုသုံးစွဲမှုကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ပြောပြ၍မရအောင် အစွမ်းထက်သော တိုက်ကွက်တစ်ကွက် ဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော်လည်း လက်ရှိတိုးတက်နှုန်းအရ ၎င်းကို စမ်းသပ်၍ ရနိုင်မည် မဟုတ်ပေ။

ယုံကြည်မှုကျောက်တိုင်ကို ချန်လွေ့ တည်ဆောက်ပြီးနောက်တွင် အမှောင်လ နယ်စပ်နားသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် သတိထားပြီး ဂရစ်ဖင်းပေါ်မှဆင်းကာ လမ်းလျှောက်သွားသည်။

အမှောင်လနယ်မြေ မြောက်ပိုင်းရှိ ဒီကိုမြို့ကို ဖြတ်သန်းပြီးနောက် ထိုနေရာကို လိပ်ပြာနီစစ်တပ်က သိမ်းပိုက်ထားကြောင်း ချန်လွေ့ သိသွားသည်။ စစ်တန်းလျားရှိ ဖြန့်ကျက်ထားသော အရေအတွက်ကို ကြည့်ရသည်မှာ ၈သောင်းမှ ၉သောင်းအထိ ရှိနိုင်ပေသည်။ ၎င်းသည် လိပ်ပြာနီ အဓိကတပ်ဖွဲ့၏ တည်နေရာ ဖြစ်ဟန်တူသည်။

ချော်ရည်ပြာနယ်မြေသည်လည်း ယခုတစ်ခေါက် တပ်ဖွဲ့ ဖြန့်ကျက်ထားသည်မှာ လိပ်ပြာနီနယ်မြေထက် မနည်းလှပေ။ အမှောင်လ၏ စစ်ဘက်အင်အားမှာ အမျိုးမျိုးသော တားမြစ်ချက်များကြောင့် စီးပွားရေးတိုးတက်မှုထက် နိမ့်ကျနေခဲ့သည်။ ပြန်လည်ဖွဲ့စည်း တိုးချဲ့ပြီးနောက်တွင် မြို့စောင့်တပ်ဖွဲ့များနှင့် အင်ပါယာအစောင့်များမှာ ၄သောင်းပင် မပြည့်သေးပေ။ လုံးဝ အရေးနိမ့်နေ၏။ တင်မ်၏ အနောက်ဘက်လမ်း ကာကွယ်ရေး တပ်ဖွဲ့များသည် အနောက်ဘက်လမ်း ကာကွယ်ရေးစစ်တပ် ဖြစ်သွားပြီဖြစ်ကြောင်းကို ချန်လွေ့ မသိသေးပေ။ သို့သော်လည်း စစ်တပ်ဖွဲ့စည်းခြင်း အချိန်နည်းခြင်းကြောင့် အဓိကတပ်ဖွဲ့မှာ မူရင်းကာကွယ်ရေး အင်အားစုထဲ၌သာ ရှိနေသေးသည်။ တိုက်ခိုက် နိုင်သော စစ်တပ်အင်အားစုများမှာ တစ်သောင်းအောက်သာ ဖြစ်သည်။

အရေအတွက်အရ စစ်သည် ၆သောင်းသည် ရန်သူ ၂သိန်းခန့်ကို ရင်ဆိုင်ရပေမည်။ ထို့ပြင် တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်မှာလည်း သိသာလှသည်။ အမှောင်လ နယ်မြေကို မည်သူမှ အကောင်းမမြင်ကြပေ။ အမှောင်လနယ်မြေ သေချာပေါက် ရှုံးနိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ကြသည်။ ကုန်သည်အများအပြားက အမှောင်လ၌ ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများအားလုံးကို ပြန်လည်ရုပ်သိမ်းသွားကြသည်။ အချို့သော မိသားစုများအပြင် အမှုထမ်းများကလည်း အမှောင်လနယ်မြေမှ ထွက်ပြေးသွားကြတော့သည်။

ဤလောကရှိ စစ်ပွဲတွင် တစ်ဦးချင်းစွမ်းအားသည် စစ်ပွဲရလာဒ်ကို သက်ရောက်မှု ရှိနိုင်သည်။ အဓိကမှာ ဗိုလ်ချုပ်များ၏ခေါင်းကိုယူပြီး တပ်ဖွဲ့များကို ဆုတ်ခွာစေရန်၊ အလွန်အရေးပါသော တိုက်ခိုက်မှုများ ပြုလုပ်ရန် အစရှိသဖြင့် ဖြစ်သည်။ စစ်တပ်၏ စိတ်ဓာတ်ကို တိုးမြှင့်ပေးခြင်းနှင့် အမိန့်ပေးခြင်းသည်လည်း ပို၍အရေးကြီးသည်။ ၎င်းသည် ထိုသူများက စစ်တပ်တစ်ခုလုံးကို ကိုယ်တိုင် အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့မဟုတ်ပါက စစ်တပ်သည် အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။

ချပ်ဝတ်တန်ဆာများ၊ အရည်အသွေး၊ စိတ်ပိုင်းဆိုင်ရာ အစရှိသည်တို့ကို မစဉ်းစားဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းကိုသာ စဉ်းစားမည်ဆိုလျှင် အစွမ်းထက် ပုဂ္ဂိုလ်များက တပ်ဖွဲ့အများအပြားကို ကိုယ်တိုင် အနိုင်ယူနိုင်ကြမည် ဖြစ်သည်။ သို့သော်လည်း သူတို့၏ စွမ်းအားမှာ အကန့်အသတ်ရှိသည်။ သူတို့၏စွမ်းအားများ ကုန်ဆုံးသွားသည်နှင့် သေရမည်ကို မကြောက်သော စစ်တပ်အုပ်လိုက်ကြီးကို ရင်ဆိုင်ရုံသာ ရှိတော့သည်။

( ထိုအစွမ်းထက်ပုဂ္ဂိုလ်ဆိုသည်မှာ သမားရိုးကျ အမျိုးအစားကိုသာ ပြောခြင်း ဖြစ်သည်။ နတ်ဆိုးအရှင်သခင်ဆင့် ထိပ်သီးပိုင်း၊ နတ်ဘုရား-တစ်ပိုင်းနှင့် နတ်ဘုရားဆင့် ကဲ့သို့သော အထူးပုဂ္ဂိုလ်များကို ပြောခြင်း မဟုတ်ပေ။ )

ထိုအချိန်၌ အဆင့်တူ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အလစ်တိုက်မည်ဆိုလျှင် အမှောင်လနယ်မြေ အန္တရာယ် ကျရောက်နိုင်ပေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဗိုလ်ချုပ်များသည် ဗိုလ်ချုပ်များနှင့် တိုက်ခိုက်ရမည် ဖြစ်ပြီး စစ်သည်များမှာ စစ်သည်များနှင့် တိုက်ခိုက်ရပေမည်။ ဗိုလ်ချုပ်များ တိုက်ခိုက်ခြင်းသည် စစ်တပ်၏ စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို သက်ရောက်မှု ရှိပေသည်။ စစ်သည်များသည် သူတို့တစ်ဖွဲ့ကို အလွယ်တကူ ရှင်းပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ပုဂ္ဂိုလ်ကို တိုက်ရိုက် မရင်ဆိုင်ချင်ကြပေ။

ကိုယ့်ကိုယ်ကိုယ်နှင့် ရန်သူကို သိခြင်းသည်မှာ စစ်ပွဲတစ်ရာ အနိုင်ရနိုင်မည့် နည်းလမ်း ဖြစ်သည်။ လက်ရှိတွင် ချန်လွေ့သည် တိုက်ပွဲတစ်ခုလုံး၏ အချက်အလက်ကို တိတိကျကျ မသိသေးပေ။ ရန်သူ သတိမထားမိစေရန်အတွက် ချန်လွေ့သည် အလောတကြီး မလှုပ်ရှားခဲ့ပေ။ သူသည် ဒီကိုမြို့မှ တစ်ခါတည်းထွက်သွားပြီး လိသ်မြို့နှင့် ဂျူမိုမြို့မှတစ်ဆင့် အမှောင်လမြို့သို့ အမြန်သွားတော့သည်။

အသီနာနဲ့ ခီရာဆီ ငါအမြန်ဆုံး သွားမှရမယ်။ ရှီရာဆီ ပြန်သွားရမယ်။

အမှောင်လမြို့အနီးသို့ သူ ကပ်လာလေလေ တင်းကျပ်သော အခြေအနေကို ပို၍ ခံစားမိလေလေပင် ဖြစ်သည်။ အရေးကြီးသော လမ်းဆုံးလမ်းခွများ၌ ယာယီခံတပ်များကို တည်ဆောက်ထားပြီးပြီ ဖြစ်ည်။

အမှောင်လမြို့ ဆင်ခြေဖုံးရှိ နေထိုင်သူအများစုက မြို့ထဲသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ စစ်ဆေးရေးဂိတ်များ အများအပြား ရှိနေသည်။ အချို့တားမြစ်နယ်မြေများကို ပြင်ဆင်ထားပြီး မှော်ထောင်‌ခြောက်များ ခင်းကျင်းထားကြသည်။ စစ်သည်များကလည်း လေးနက်သော အမူအရာများ ရှိနေကြသည်။ သူတို့သည် ဝင်လာသူများကို တင်းတင်း ကြပ်ကြပ် စစ်ဆေးနေကြသည်။

ချန်လွေ့သည် ယခုတွင် ဘဏ္ဍာရေးအရာရှိ ဖြစ်နေပြီဖြစ်သော ငြိမ်ဝပ်ပိပြားရေး အရာရှိမျက်နှာသို့ ပြောင်းလိုက်သည်။ သို့သော်လည်း သူ့ကို မြို့စောင့်တပ်သားများက တားဆီးကြသည်။ အကြောင်းမှာ ထိုလူသား အပြင်ထွက်သည်ကို သူတို့ တစ်ခါမှ မတွေ့ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သူသည် ရုပ်ဖျက်ထားသော သူလျှိုဖြစ်နိုင်ကြောင်း စစ်သည်များက သံသယ ဝင်နေကြသည်။ တာဝန်ရှိသူ အရတ်စ် သတိထားမိသွားပြီး ရောက်လာမှသာ ထိုနေရာမှ ချန်လွေ့ ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်သွား၏။

“သခင်။ အမှောင်လရဲ့ လက်ရှိအခြေအနေက တော်တော်လေး ဆိုးဝါးနေတယ်။ တော်ဝင်မင်းသမီးက ချော်ရည်ပြာစစ်တပ်ကို နှောင့်နှေးအောင် လုပ်ဖို့အတွက် တောင်ပိုင်းမှာရှိတဲ့ ဆိုတိုမြို့ဆီသွားဖို့ မဒမ် အသီနာကို အမိန့်ပေးခဲ့တယ်။ သူက အရင်ဆုံး မြောင်ပိုင်းမှာ လိပ်ပြာနီစစ်တပ်ကို အနိုင်ယူပြီး အင်အားစုစည်းနေတယ်။ ဒါပေမဲ့ ခါနီတာကို တင်မ် အနိုင်ယူခဲ့တဲ့ ပထမဆုံးတိုက်ပွဲကလွဲရင် နောက်ထပ် တိုက်ခိုက်မှုနှစ်ခု ကျရှုံးခဲ့တယ်။ မြို့စောင့်တပ်က ဒီကိုမြို့တိုက်ပွဲမှာ စစ်သည် ၂၀၀၀ ဆုံးရှုံးခဲ့ရတယ်။ လက်ထောက်တပ်မှူးဖြစ်တဲ့ လော့ထ်မိသားစုအကြီးအကဲ အက်စ်ဆက်လည်း စစ်မြေပြင်မှာပဲ ကျရှုံးခဲ့တယ်။”

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး မေးသည်။ “အသီနာက တပ်ဖွဲ့လေးတစ်ဖွဲ့ကိုပဲ ခေါ်သွားပြီးတော့ ဆိုတိုမြို့ဆီ သွားခဲ့တယ်လို့ ပြောလိုက်တာလား။”

“ဟုတ်ပါတယ်။” အရတ်စ်က ပြောသည်။ “ဒါပေမဲ့ ဆရာသခင် ဂါ့ဂ်လီအို၊ ဆာ-ရိုမန်နဲ့ မဒမ် ဒေလီယာတို့လည်း အဲဒီကို သွားခဲ့ကြတယ်။”

ချန်လွေ့ စိတ်အေးသွား၏။ အဆိပ်နဂါး၊ ရိုမန်နှင့် ဒေလီယာတို့ ရှိနေသည့်အတွက် အန္တရာယ်တစ်ခုခု ကြုံတွေ့လျှင်ပင် အသီနာ ‌ဆုတ်ခွာနိုင်မည် ဖြစ်သည်။

“သခင်။ နောက်ထပ် သတင်းတစ်ခု ရှိတယ်။ အဲဒါကို နားမထောင်ပြီးရင် စိတ်အေးအေးထားပါ.....”

စိတ်အေးအေးထားရမယ်လား။ သတင်းဆိုးမို့လို့လား။ ချန်လွေ့ ထိတ်လန့်သွားပြီး မေးသည်။ “ဘာဖြစ်လို့လဲ။”

ဂျိုးဆက်ပ် သေဆုံးပုံကို အရတ်စ်က အမြန်ဆုံး ရှင်းပြပြီး ပြောသည်။ “လိပ်ပြာနီစစ်တပ်က ဒီကိုမြို့ထဲမှာ ခြေကုတ်ရယူထားတယ်။ မနေ့ကပဲ ဂျို့ရှ်က ဂျိုးဆက်ပ်ကိုသတ်ခဲ့တဲ့ ခီရာကို ၇ရက် သွေးစတေးဖို့အတွက် တော်ဝင်မင်းသမီးဆီကနေ ခြိမ်းခြောက်တောင်းဆိုခဲ့တယ်။ ဒီ၇ရက်အတွင်းမှာ သူတိုက်ခိုက်မှာ မဟုတ်ဘူး။ ပြီးတော့ ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့အတွက် အမှောင်လနယ်မြေကို စစ်တပ် ပြန်လည်စုစည်းခွင့် ပေးမယ်။ မဟုတ်ရင်တော့ သူတို့က အမှောင်လမြို့ကို တစ်ခါတည်း တိုက်ခိုက်မယ်လို့ ပြောတယ်။”

“ဟမ့်။” ချန်လွေ့၏မျက်လုံးထဲ၌ ဒေါသများ အရောင်လက်နေသည်။ ခီရာက ငါ့မိန်းမပဲ။ ဘယ်သူမှ သူ့ကိုထိလို့မရဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဂျို့ရှ်နဲ့ငါ နောက်ဆုံး စာရင်းရှင်းရမယ်။

“တော်ဝင်မင်းသမီး....ကတိပေးခဲ့တယ်။” အရတ်စ်၏ စကားက ချန်လွေ့၏နှလုံးသားကို တုန်လှုပ်သွားစေ၏။

ရှီရာက တကယ်ကြီး သဘောတူလိုက်တယ်။

ခီရာက ငါ့မိန်းမ‌ဆိုတာ သူသိနေတာပဲ။

ချန်လွေ့၏ နှလုံးသားထဲ၌ ချက်ချင်းပင် မြူနှင်းများ ပြည့်နှက်သွားပြီး စိတ်ဆိုးလျက် မေးသည်။ “ငါ နန်းတော်ကို အခုပဲ သွားမယ်။ မင်း အခုချက်ချင်း ရွိုင့်စ်နဲ့ ဗာဆာရှာကို သတိပေးပြီးတော့ ခီရာကို တိတ်တိတ်လေး ကာကွယ်ဖို့ နည်းလမ်း စဉ်းစားထား။ သူ့ကို ဘယ်သူမှ ခေါ်မသွားစေရဘူး။”

“အမိန့်အတိုင်းပါ။”

ညွှန်ကြားပြီးသည်နှင့် ချန်လွေ့၏ပုံရိပ်သည် အရတ်စ်၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ချန်လွေ့သည် နန်းတော်သို့ အမြန်ပြေးသွားသည်။ လမ်းတစ်လျှောက်ရှိ နတ်ဆိုးများက အငွေ့တန်းကိုသာ မြင်လိုက်ရသည်။ သူတို့သည် ချန်လွေ့၏ ပုံရိပ်ကို လုံးဝ မမြင်ခဲ့ရပေ။ နန်းတော်သို့ ချန်လွေ့ ရောက်သောအခါ ဂိတ်တံခါး၌ အင်ပါယာအစောင့်များကို အမိန့်ပေးနေသော ခါဂူရွန်အား တွေ့လိုက်ရသည်။

“ဆာ-ချန်လွေ့ ပါလား။ မတွေ့ရတာ ကြာပြီပဲ။ ရောဂါ သက်သာသွားပြီလား။” ခါဂူရွန်သည် ရှီရာ၏ လူယုံဖြစ်သော်လည်း ချန်လွေ့၏ အစီအစဉ်နှင့် လျို့ဝှက်ချက်များကို မသိပေ။ ၎င်းကိုသိသောသူမှာ ရှီရာအနားရှိ ဂါ့စ်သာ ဖြစ်သည်။

ချန်လွေ့သည် ခါဂူရွန်ကို လောကဝတ် ပြုမနေပေ။ “ခါဂူရွန်။ ကျုပ် တော်ဝင်မင်းသမီးနဲ့ တွေ့ချင်တယ်။”

ခါဂူရွန် မျက်မှောင်ကြုတ်ခိုက်သည်။ “တော်ဝင်မင်းသမီးက ကောင်စီခန်းမမှာ အကြီးအကဲ ဂါ့စ်နဲ့ စစ်‌ဘက်‌ဆိုင်ရာ ဆွေးနွေးနေတယ်။ ဘယ်သူမှ မနှောင့်ယှက်ဖို့ သူ ညွှန်ကြားထားတယ်....”

“ကျုပ် တော်ဝင်မင်းသမီးကို တွေ့ချင်တယ်။” ချန်လွေ့က အတော်လေး တင်းမာသော လေသံဖြင့် ပြောလိုက်ပြန်သည်။

ချက်ချင်းပင် ခါဂူရွန်သည် စိတ်ထဲ၌ ထူးဆန်းသော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် ခုခံ၍မရသော ခံစားချက်တစ်မျိုး ဖြစ်ပုံရသည်။ သူ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ ဒါက စိတ်ထင်တာပဲ ဖြစ်မယ်။ ဒီလူသားက ဆရာသခင် အဲဒက်စ်ဆီကနေ အသိပညာနည်းနည်း ရထားပြီးတော့ အဆိပ်အကြောင်း နည်းနည်း သိရုံပဲရှိတာ။ သူက ဘယ်လိုလုပ် ငါ့ကို ဒီလိုခံစားချက်မျိုးဖြစ်အောင် လုပ်နိုင်ရတာလဲ။

ခါဂူရွန်သည် ငတုံးတစ်ယောက် မဟုတ်ပေ။ ချန်လွေ့သည် ရှီရာ၏ လူယုံတစ်ယောက်ဖြစ်ပြီး ယခုသည် အရေးကြီးအချိန်လည်း ဖြစ်နေသည့်အတွက် ထိုလူသားတွင် အရေးကြီးကိစ္စတစ်ခု သတင်းပို့စရာရှိ၍ ဖြစ်ရပေမည်။ ထိုသို့စဉ်းစားပြီးနောက် သူက အင်ပါယာအစောင့်တစ်ယောက်အား သတင်းစကား ပါးခိုင်းလိုက်သည်။

ခဏအကြာတွင် ထိုအစောင့်က အလျင်အမြန် သတင်းပို့လာသည်။ “ဆာ-ဘဏ္ဍာရေးအရာရှိကို ကောင်စီခန်းမ‌‌ဆီ ချက်ချင်းလာခဲ့ဖို့ တော်ဝင်မင်းသမီး ဖိတ်ကြားလိုက်ပါတယ်။”

ချန်လွေ့က ကောင်စီခန်းမထဲသို့ လျှောက်သွားကာ စစ်မြေပုံပေါ်၌ တစ်စုံတစ်ခုရှင်းပြနေသော ဂါ့စ်ကို ထိုင်ရင်းကြည့်နေသည့် ရှီရာအား မြင်လိုက်သည်။ စားပွဲပေါ်၌ သဲပျဉ်ပြားတစ်ခုနှင့် အခြားပစ္စည်းများ ရှိနေသည်။

တော်ဝင်မင်းသမီး၏မျက်နှာမှာ အတော်လေး ပိန်ပါးနေပြီး မျက်တွင်းချောင်ကျနေ၏။ ယခုစစ်ပွဲသည် သူ့အပေါ်၌ ဖိအား တော်တော်များများ ကျရောက်နေပုံရသည်။

“မင်း ပြန်လာပြီပဲ။” ရှီရာ၏မျက်လုံးထဲ၌ အံ့အားသင့်မှု အရိပ်အယောင် ရှိနေသည်။

“ကျုပ် အခုမှ ပြန်ရောက်တာ။ ခီရာ ဘယ်ရောက်နေလဲဆိုတာ ကျုပ်မေးချင်တယ်။” ချန်လွေ့ တဲ့တိုးမေးလိုက်သည်။

ရှီရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ဂါ့စ်။ ရှင် အရင် အပြင်ထွက်ပါလား။”

ဂါ့စ်က ဦးညွှတ်လိုက်ပြီး ချန်လွေ့ကို ခေါင်းညိတ်ပြကာ လမ်းလျှောက်ထွက်သွားသည်။

ဂါ့စ် ထွက်သွားပြီးနောက် ရှီရာက တိုးတိုးလေး မေးသည်။ “မင်း ဒီအကြောင်း သိတာလား။”

ချန်လွေ့သည် ထိုမေးခွန်းကို မေးနေဆဲပင် ဖြစ်သည်။ သူ၏လေသံ တင်းမာ‌နေသည်။ “ကျုပ် မေးချင်တယ်။ ခီရာ ဘာ‌ဖြစ်သွားတာလဲ။”

“မင်းက တော်တော်လေး ရိုင်းပျနေတဲ့ပုံပဲ။ ဘဏ္ဍာရေးအရာရှိ။” ရှီရာ၏မျက်လုံးများ အနည်းငယ် အေးစက်နေသည်။ “ငါလည်း ခီရာကို မလွှဲပေးချင်ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေက တော်တော်လေး အရေးကြီးနေတယ်။ လော့ဒ်စစ်ပွဲ ကြေညာတဲ့ လိပ်ပြာနီနယ်မြေရဲ့ ဆင်ခြေက ဂျိုးဆက်ပ်ကို ခီရာ သတ်ပစ်လိုက်လို့ပဲ။ ပြီးတော့ မြို့တော် ရီဂျန့်ကလည်း ဒီစစ်ပွဲကို အတည်ပြုပေး လိုက်ပြီ။ အခုလက်ရှိ အမှောင်လက ရှုံးနိမ့်ထားတယ်။ လိပ်ပြာနီက အခု တိုက်ခိုက်မယ်‌‌ဆိုရင် ငါ့မှာ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းတောင် မရှိဘူး။ ပြင်ဆင်ဖို့အချိန်လည်း မရှိဘူး။”

ရှီရာ၏ ကိုယ်တိုင်အတည်ပြုချက်ကို ကြားပြီးသည့်အခါ ချန်လွေ့၏ စိတ်အားတက်ကြွမှုများ လုံးဝပျောက်ဆုံးသွား၏။ “ခင်ဗျားမှာ ဘာအကြောင်းရင်းပဲရှိရှိ ကျုပ် ဂရုမစိုက်ဘူး။ ခီရာက ကျုပ်အပိုင် ဆိုတာကိုပဲ ကျုပ်သိတယ်။ သူ့ ဘာအန္တရာယ်မှ ဖြစ်လို့ မရဘူး။”

ရှီရာ၏အကြည့် ပို၍ပင် အေးစက်သွားသည်။ “ဒီတစ်ခေါက် မြို့တော်က သံတမန်တွေ လွှတ်လိုက်တယ်‌ဆိုတာ မင်းသိလား။ အနည်းဆုံး သူတို့ထဲက တစ်ယောက်က နတ်‌ဆိုးအရှင်သခင် အဆင့်ပဲ။ ဖြန်ဖြေဖို့အတွက်လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒီသံတမန်တွေနဲ့ တကယ့်ရည်ရွယ်ချက်က ထင်ရှားနေပြီ။ သူတို့က အမှောင်လနယ်မြေကို အနိုင်ယူဖို့အတွက် ကူညီပေးဖို့ ရောက်လာကြတာ။ ခီရာက မင်းရဲ့မိန်းမ‌ဆိုတာ ငါသိတယ်။ မင်းမှာ ပါရမီတွေ၊ နည်းဗျူဟာတွေ၊ ငါ မသိတဲ့ တခြားစွမ်းရည်တွေ ရှိမှာပါ။ ဒါပေမဲ့ ငါ့ကိုပြောစမ်းပါ။ နတ်‌ဆိုးအရှင်သခင်အဆင့်ကို မင်း အနိုင်ယူနိုင်လား။ စစ်တပ်ကို မင်း အနိုင်ယူနိုင်လား။”

မြို့တော်က တကယ်ကြီး နတ်‌‌ဆိုးအရှင်သခင် တစ်‌ယောက်ကို စေလွှတ်ခဲ့တာပဲ။ ဒီတစ်ခေါက်တော့ ရှောင်လွှဲလို့ မရတော့ဘူး ထင်တယ်။

ချန်လွေ့ ခေါင်းခါသည်။ အခုလက်ရှိ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သာမန် နတ်‌ဆိုးဧကရာဇ်တစ်ယောက်ကို အနိုင်ရနိုင်ချေ များတယ်။ ဒါပေမဲ့ [ တော်ဝင်ကြယ်တာရာပြောင်းလဲခြင်း ] မှာ ယုံကြည်မှုသလင်းကျောက် မရှိတဲ့အတွက် အသက်သွင်းလို့ မရဘူး။ အထူးစွမ်းရည်‌တွေရှိတဲ့ နတ်ဆိုးဧကရာဇ်အဆင့်နဲ့ နတ်ဆိုးဧကရာဇ် ထိပ်သီးပိုင်းကို ရင်ဆိုင်ရရင်တော့ ငါမနိုင်မှာ စိုးရိမ်ရတယ်။ နတ်‌ဆိုးအရှင်သခင်အဆင့်ကိုတော့ ငါ‌ သေချာပေါက် မယှဉ်နိုင်သေးဘူး။

ဒါပေမဲ့ နတ်‌‌ဆိုးအရှင်သခင်တွေကို ငါကိုယ်တိုင် ရင်‌ဆိုင်ဖို့ မလိုဘူး။

စစ်တပ်ကတော့ မဖြစ်နိုင်တာ မဟုတ်ဘူး။

“မင်းရဲ့ ဆေးရည်မည်း အကူအညီနဲ့ ငါက ခမည်းတော်ချန်ထားပေးတဲ့ စွမ်းအားတွေ အားလုံးကို စုပ်ယူလိုက်ပြီးပြီ။ အခု နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းကို ရောက်နေပြီ။ အမှောင်လစစ်တပ်က အရင်ကထက် ပိုအစွမ်းထက်လာတယ်။ ပြီးတော့ လျို့ဝှက် ဝိုင်ဗန်ဗိုလ်ခြေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီတော့ ဘာဖြစ်လဲ။ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်နဲ့ လက်ရွေးစင် စစ်သည် ၂သိန်းကို ရင်ဆိုင်ရရင် ရှုံးနိမ့်မှာပဲ။” ရှီရာ၏အသံတွင် နာကျင်မှုနှင့် အားကိုးရာမဲ့ခြင်းတို့ ပြည့်နှက်နေသည်။ “ငါက အမှောင်လနဲ့ အတူနေ အတူသေဖို့ သစ္စာဆိုထားပြီးပြီ။ ငါ အခု လုပ်နိုင်တာက ငါ့စွမ်းအားတွေ အားလုံး ထုတ်သုံးပြီးတော့ စစ်မြေပြင်မှာ ငါ့ရဲ့ နောက်ဆုံး သွေးစက်အထိ ပက်ဖြန်းဖို့ပဲ။ ငါ သေလို့ရတယ်။ ဒါပေမဲ့ အဲလစ် သေဖို့မရဘူး။ ငါ အချိန်လိုတယ်။ စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွဲ့စည်းဖို့ပဲ အဲလစ်ကို အမှောင်လနယ်‌မြေကနေ ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားနိုင်ဖို့ အတွက်လည်း ပါတယ်။ အဲဒါကြောင့်....ခီရာကို စတေးလိုက်ရတာ။”

“အဲလစ်အတွက်....ခင်ဗျားက ခီရာကို စတေးခဲ့တာလား။” ချန်လွေ့၏ နှလုံးသား ပို၍ပင် အေးစက်သွားသည်။ အကြံအစည်ဖြစ်စေ၊ အစီအစဉ်ဖြစ်စေ သူ၏လည်မျို၌ တစ်နေ၏။

“ခီရာက မင်းရဲ့မိန်းမဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူက အစေခံလေး တစ်ယောက်ပဲလေ။ သူက ဘယ်လိုလုပ် အဲလစ်နဲ့ ယှဉ်လို့ရမှာလဲ။” ရှီရာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ၏ လေသံသည် မကြုံစဖူး ခံစားချက်ပြင်းထန်နေ၏။

ချန်လွေ့၏နှလုံးသား တုန်လှုပ်သွားသည်။ ၎င်းသည် သူ့အရှေ့၌ ရှီရာက ခံစားချက်များကို အမှန်တကယ် ထုတ်ပြသော ပထမဆုံးအကြိမ် ဖြစ်သည်။

၎င်းသည် နောက်ဆုံးအကြိမ်ဖြစ်မည်ဟု ရှီရာ သဘော‌ပေါက်၍ ဖြစ်ပေမည်။ ယခုမပြောလျှင် နောင်အခါ၌ ပြောနိုင်တော့မည် မဟုတ်ပေ။

“ချန်လွေ့။ အခု မင်းမှာ ရွေးစရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ဝိုင်ဗန်စီးပြီးတော့ ရှီလန်တောင်ဘက်က ယာယီ တည်‌ဆောက်ထားတဲ့ လီရွန် စစ်ဆေးရေးဂိတ် ဆီကိုသွား။ တင်မ်နဲ့ အသီနာလည်း အဲဒီမှာရှိတယ်။ မင်း အသီနာနဲ့အတူ အရိပ်နက်အင်ပါယာ‌က ကတ်စတာမိသားစုဆီကိုသွား။ ဒုတိယတစ်ခုက....” ရှီရာ၏မျက်လုံးထဲ၌ ထူးထူးဆန်းဆန်း စိတ်အားထက်သန်မှု ပြသနေသည်။ “နောက်‌ဆုံးအချိန်အထိ မင်း ငါနဲ့အတူ နေရမယ်။”

“ရှီရာ။ ကျုပ် ခင်ဗျားကို ကောင်းကောင်းသိတယ်။ ခင်ဗျားကိုယ် ခင်ဗျားထက်တောင် ပိုသိတယ်။” ချန်လွေ့ စိတ်အေးအေးထားပြီး ရှီရာ၏မျက်လုံးကို စိုက်ကြည့်သည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် ရှီရာအား နာမည်အတိုင်း ခေါ်လိုက်သည်။ “ကျုပ်ကို အမှန်အတိုင်းပြော။ ကျုပ်က ဒီအန္တရာယ်များတဲ့ စစ်မြေပြင်ကနေ ခေါ်ထုတ်သွားဖို့အတွက် ခီရာရဲ့ကိစ္စကို အသုံးချတာ ဟုတ်တယ်မလား။”

၎င်းကို ရှီရာက ရှားရှားပါးပါး ရယ်သံတစ်ခုဖြင့် ဖြေလိုက်သည်။ သို့သော်လည်း ၎င်းသည် အေးစက်မှုများနှင့် စက်‌ဆုပ်မှုများ ပြည့်နှက်နေသည်။

“မင်းကိုယ်မင်း အထင်ကြီးနေတာပဲ။ ပြီးတော့ မင်းက တော်တော်လေး တုံးအတယ်။ မင်းငါ့ကို ဘယ်တော့မှ နားမလည်ခဲ့ဘူး....” တဖြည်းဖြည်းနှင့် ရယ်သံ ရပ်တန့်သွား၏။ ထိုခရမ်းရောင်မျက်လုံးများ၏ စိတ်အားထက်သန်မှု ပျောက်ကွယ်သွားသည်။ “မြို့တော်မှာ ကိစ္စတွေ အများကြီးကို မင်း ကြုံတွေ့ပြီးလောက်ပြီ။ အထက်တန်း အာဏာပဋိပက္ခတွေအကြောင်း မင်း သေသေချာချာ သိလောက်ပါပြီ။ အဲဒီလှပတဲ့ အဝတ်အစားတွေအောက်မှာ ရက်စက်မှုတွေ၊ ကြမ်းကြုတ်မှုတွေ၊ အရှက်မဲ့မှုတွေ၊ ပျက်စီးမှုတွေ၊ အညစ်အကြေးတွေ ဘယ်လောက် ဖုံးကွယ်ထားကြလဲဆိုတာကိုရော‌ပေါ့။ စိတ်မကောင်းစရာကတော့ ငါလည်း သူတို့ထဲက တစ်ယောက်ပဲ။ အဲဒီအဓိပ္ပာယ်မရှိတဲ့ စေတနာတွေ၊ ရူးမိုက်မှုတွေကို ငါလုပ်ခဲ့မိရင်တောင်မှ အမှောင်ထုထဲမှာ အားလုံး သုတ်သင်လိုက်ပြီ။ မဟုတ်ရင် ရှီရာလူစီဖာဆိုတဲ့ငါက ဘယ်လိုလုပ်ပြီးတော့ ဒီနယ်မြေရဲ့ လော့ဒ်တစ်ယောက် ဖြစ်လာမှာလဲ။ မင်းလိုမျိုးပဲ။ မင်းက ငါ့အတွက် တန်ဖိုး မရှိတော့ဘူးဆိုရင် မင်းကိုငါ ချက်ချင်း သတ်ပစ်မှာ။ တစ်ခါတစ်လေ ငါလည်း စတေးရတာတွေ ရှိတယ်။ ငှက်တောင်ဖြူ နယ်မြေကို ငါဘာလို့ သွားခဲ့တာလဲဆိုတာ သိလား။ ငှက်တောင်ဖြူလော့ဒ်ရဲ့ တပ်မက်မှုကို ငါအခွင့်ကောင်းယူပြီး အသုံးချချင်လို့ပဲ။ လိုအပ်တယ်ဆိုရင် ခီရာကိုရော အသီနာနဲ့ ငါ့ကိုယ်ငါကိုယ်ပါ စတေးနိုင်တယ်။”

“ကျုပ် မယုံသေးဘူး။” ချန်လွေ့ ခေါင်းခါသည်။ “ကျုပ် တကယ့်အဖြေ လိုတယ်။ ဒါက ကျုပ်တို့ရဲ့ အနာဂတ်အများကြီးကို သက်ရောက်မှု ရှိနိုင်တယ်....”

“တကယ့်အဖြေက...” ရှီရာ၏လေသံ ပို၍ပင် အေးစက်သွားသည်။ “ ဒီမနက် ခီရာကို ငါ ထိန်းသိမ်းထားလိုက်တယ်။ သူက အခု ဂျူမိုမြို့မှာ ခါဂူလီ ဖမ်းထားတယ်။ သူ့ကို လိပ်ပြာနီစစ်တပ်ဆီ လွှဲပေးတော့မှာ။”

ချန်လွေ့၏အကြည့် ရုတ်တရက် အေးစက်သွား၏။ သူသည် ရှီရာက ထိုကဲ့သို့ တစ်ခါမျှ အေးအေးစက်စက် မကြည့်ဖူးပေ။ ထို့နောက် သူ စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွား၏။

“ရပ်စမ်း။ ငါမင်းကို အမိန့်ပေးနေတယ်။” ရှီရာ အော်ပြောသည်။ ချန်လွေ့သည် နောက်ဘက်မှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်မိသည်။ သို့သော် သူ လုံးဝ မရပ်တန့်ခဲ့ပေ။

ရှီရာ ဒေါသထွက်သွားပုံရသည်။ “အဲဒီနိမ့်ကျတဲ့ အစေခံမက ငါနဲ့ယှဉ်နိုင်တယ်လို့ မင်း တကယ် ထင်နေတာလား။”

ချန်လွေ့၏မျက်လုံးများ ပို၍အေးစက်သွားပြီး စကားတစ်လုံးမှမပြောဘဲ ရှေ့ဆက်သွားသည်။ ရုတ်တရက် သူ၏နှလုံးသားထဲ၌ အဖိုးတန်သော အရာတစ်ခု ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

“နေဦး။ ဒီမှာပဲနေ။ ဟုတ်ပြီလား။ ငါမင်းကို ငါနဲ့အတူ တကယ် နေစေချင်တယ်။” ရှီရာ၏အသံ ရုတ်တရက် ပျော့သွား၏။ “ငါမင်းကို ပထမဆုံး ပြုံးပြခဲ့တာကို မေ့သွားပြီလား။ လရောင်အောက်မှာ ငါတို့ နှစ်ယောက်တွဲကခဲ့တာကို မေ့သွားပြီလား။ ပြီးတော့ အဲဒီစကား၃လုံးကော.....”

“ကျုပ် အခု နားလည်သွားပြီ။ ကျုပ် ခင်ဗျား နားကိုကပ်လာတိုင်း ပိုဝေးသွားတယ်။” တံခါးနား ရောက်နေပြီဖြစ်သော ချန်လွေ့ ရပ်တန့်သွားသည်။ သို့သော်လည်း နောက်ပြန်မလှည့်ကြည့်ခဲ့ပေ။ “အဲဒီစကား၃လုံးကိုတော့....ကျုပ် မေ့သွားပြီ။”

တချို့အရာတွေကို မေ့သွားတာနဲ့ ဘယ်တော့မှ ပြန်မမှတ်မိတော့ဘူး။

အစပိုင်း၌ ချန်လွေ့သည် ရှီရာကို စိတ်ထဲ၌ ဂရုစိုက်ခဲ့သည်။ နဂိုက ဝတ်ကျေတမ်းကျေ အသက်ကယ်တင်ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ရှီရာကို လုံးဝဂရုစိုက်မည်မဟုတ်ပေ။ ထပ်ပြီးတော့လည်း ဂရုစိုက်မည် မဟုတ်တော့ပေ...

ငါ အခု ခီရာကို သွားကယ်ရမယ်။

ပြီးတော့ ဗိုလ်ချုပ်ဂျော့ခ်ကို ကတိပေးထားတဲ့ အတိုင်း...ရှီရာကို ဒီကပ်ဘေးကနေ ကယ်တင်ပေးလိုက်မယ်။

ပြီးရင်.... အမှောင်လနယ်‌မြေကနေ ငါတကယ် ထွက်သွားဖို့ အချိန်ရောက်ပြီ ထင်တယ်။

All Chapters