အစွမ်းထက်ပုဂ္ဂိုလ်ကို အဝေးသို့ မျှားခေါ်ခြင်းနှင့် ခေါင်းဖြတ်စီမံကိန်း
Vol. 26 Ch. 385
ဒီကိုမြို့သို့သွားရာ လမ်းပေါ်၌ -
“မင်းငါ့ကိုမှီဖို့ သိပ်မလိုတော့ဘူးထင်တယ်။” ပါ့ဂ်လီအိုက သက်ပြင်းရှည်ကြီး ချလိုက်သည်။
ချန်လွေ့သည် ထူးထူးခြားခြား ယဉ်ကျေးနေ၏။ “မဟုတ်ပါဘူး။ နောက်ပိုင်း ခင်ဗျားရဲ့ချိပ်ပိတ်ကို ဖယ်ရှားပြီးရင် ကျုပ်မှီတော့မှာ မဟုတ်ဘူး။”
“ပေါက်ကရတွေ။” ပါ့ဂ်လီအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ငါ မသိဘူး။ ထင်မနေနဲ့။ မင်းရဲ့ မူမမှန် အမြန်နှုန်းနဲ့ဆိုရင် အဲဒီနယ်ပယ်ကို ရောက်ဖို့က အနှေးနဲ့အမြန်ပဲ။ နောက်ပိုင်းမှာ မင်းရောက်နေတဲ့အမြင့်ကို ငါတောင် မော့ကြည့်ရလောက်တယ်။”
“ဟဲဟဲ။ သိရင်ပြီးတာပဲ။ အခု ကျုပ်ကို ကောင်းကောင်း ဆက်ဆံ။ မဟုတ်ရင်တော့ နောက်ပိုင်း ကျုပ် လက်စားချေမှာကို သတိထားပေတော့...” ချန်လွေ့က မပြောမဆို ရယ်လိုက်သည်။
“ဘယ်သူက မင်းရဲ့ အသုံးမကျတဲ့ တစ်မိသားစုလုံးကို ကြောက်လို့လဲ။ အခု ငါမင်းကို အဆုံးအထိ အနိုင်မကျင့်ထားရင် အနာဂတ်မှာ မင်းငါ့ကို တက်နင်းမှာ မဟုတ်လား။”
“ဆရာသခင် နှစ်ယောက်။ အရှိန်လျှော့ပါဦး။ ဒီက ဆရာသခင်ရိုမန်က ခင်ဗျားတို့ကို မလိုက်နိုင်တော့ဘူး။ [ လျှပ်တပြက် ] ကိုသာ အခု သုံးလိုက်ရင် နောက်ကျ ထွက်ပြေးဖို့ အားကျန်တော့မှာ မဟုတ်ဘူး။” ရိုမန်က စကားဖန်ပြောပြီး မြည်တမ်းလိုက်သည်။
“ဒါဆို မြန်မြန် သွားကြမယ်။ ဒေလီယာ ဒီလိုကောင်မျိုးနောက်ကို လိုက်ရတာက အလကား ဖြစ်လွန်းတယ်။ ပိုပြီးစိတ်ချရတဲ့ ယောက်ျား တစ်ယောက်ကို ရှာတွေ့အောင်လို့ ငါ သူ့ကို လွတ်လပ်အောင် လုပ်လိုက်တာ ပိုကောင်းမယ်။”
“ဆရာ အဆိပ်နဂါး။ ခင်ဗျားက ရက်စက်လွန်းတယ်။ ခင်ဗျားက အဲဒီနဂါးမရဲ့ ယောက်ျားကို သတ်ပစ်ခဲ့တာ မဟုတ်လား။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် စတေးပြီးတော့ သူ့ကို ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ပေးဆပ်လိုက်ပါလား။ ရန်သူ မြနဂါးမကို ခင်ဗျားရဲ့ ကိုယ်လုပ်တော်အဖြစ် ပြောင်းလိုက်လေ။”
မိတ်ဆွေသုံးယောက်သည် အချိန်အတော်ကြာမှ ပြန်လည်ဆုံတွေ့ကြသည့်အတွက် အချင်းချင်း ခနဲ့ကာ စနောက်နေခဲ့ကြသည်။ သို့သော်လည်း သူတို့ အရှိန် မလျှော့ခဲ့ကြဘဲ လေကဲ့သို့ပင် ဒီကိုမြို့သို့ အပြေးသွားနေခဲ့ကြသည်။
ဒီကိုမြို့မှ နဂိုမြို့သူ/သားများမှာ သေသည့်သူ သေသွားကြပြီး ထွက်ပြေးသည့်သူများ ထွက်သွားကြပြီ ဖြစ်ပြီ။ ယခုတွင် ထိုနေရာသည် လိပ်ပြာနီစစ်တပ်၏ စစ်တန်းလျားလုံးလုံး ဖြစ်နေလေပြီ။
အလယ်ဗဟိုရှိ တဲအိမ်ထဲ၌ လိပ်ပြာနီလော့ဒ် ဂျို့ရှ်က ကင်းထောင် သတင်းပို့သည်ကို သေသေချာချာ နားထောင်နေသည်။
“အမှောင်လမြို့က တပ်သားတွေကို စုစည်းနေတယ်လား။” ဂျို့ရှ် မျက်မှောင်ကြုတ်လိုက်သည်။ “သူတို့က ဂျိုးဆက်ပ်ကို သတ်ခဲ့တဲ့သူ လွှဲပေးဖို့ သဘောတူခဲ့ပြီးပြီ မဟုတ်လား။”
အလယ်အလတ် အရပ်အမောင်းရှိသော ဆံပင်ရွှေရောင်နှင့်ယောက်ျားက စကားစပြောသည်။ “ကြည့်ရတာ ရန်သူက သေတဲ့အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ သူက အသေအချာကို အားနည်းနေတာ။ ဒါပေမဲ့ သူက ဒီလိုမျိုး သတ္တိရှိနေသေးတယ်။ သူက သန်းခေါင်နေအရှင်ရဲ့ မျိုးဆက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ ဆာ-ဂျို့ရှိ။ ရန်သူကို ရင်ဆိုင်ဖို့အတွက် ကျုပ်တို့ ပြင်ဆင်ထားသင့်တယ်။ လက်ထဲမှာ သွေးမစွန်းဖူးတဲ့ တော်ဝင်မင်းသမီးကို တကယ်တိုက်ပွဲက ဘယ်လိုလဲဆိုတာ ပြလိုက်ကြရအောင်။”
“ဆာ-ရုစ် ပြောတာ မှန်တယ်။ ဒါပေမဲ့ ကျုပ်တို့က လိပ်ပြာနီစစ်တပ် ရောက်လာတဲ့အထိ စောင့်မယ်လို့ သဘောတူထားတယ်။ ပြီးမှ ကျုပ်တို့တွေက နှစ်ဖက်က တိုက်ခိုက်ကြမှာ။ ဒီအခြေအနေကို ထိန်းထားပြီးတော့ အရင် မလှုပ်ရှားသင့်ဘူးလို့ ကျုပ်ထင်တယ်။”
၇ရက် သွေးစတေးခြင်းမှာ လိပ်ပြာနီနယ်မြေ၏ အချိန်ဆွဲသော နည်းဗျူဟာတစ်ခု ဖြစ်နေ၏။ သူ၏ တကယ့်ရည်ရွယ်ချက်မှာ ချော်ရည်ပြာစစ်တပ် ရောက်လာမည်ကို စောင့်ဆိုင်းရန် ဖြစ်သည်။
ဂျို့ရှ်၏ လိပ်ပြာနီစစ်တပ်ဖြင့်ပင် သူတို့၏ လက်ရှိ စစ်ရေးအင်အားမှာ လုံးဝ အသာစီးရနေသည်။ သူတို့ အရင်မလှုပ်ရှားရသည့် အကြောင်းရင်းမှာ အမှောင်လကို ကြောက်၍မဟုတ်ဘဲ အခြား အကြံအစည်တစ်ခုရှိ၍ ဖြစ်သည်။ မထိခိုက်ဘဲ ရန်သူကို အနိုင်မယူနိုင် ဟူသော စကားအတိုင်းပင် ဖြစ်သည်။ အမှောင်လ၏ အင်အားစု သုံးခုပေါင်းမှာ ၅သောင်းခန့် ရှိသည်။ ဂျို့ရှ်သာ သူတို့အားလုံးကို တိုက်ခိုက်မည်ဆိုလျှင် သူ၏ ဆုံးရှုံးမှုများ ပိုမိုကြီးထွားပေလိမ့်မည်။
“ဆာ-ဂျို့ရှ်ရဲ့စွမ်းအားနဲ့ဆို တော်ဝင်မင်းသမီးရဲ့ ခုခံမှုကို ဖျက်ဆီးတာက အေးဆေးပါ။” ရုစ်က ဂျိုးဆက်ပ်၏ အတွေးများကို မြင်ပြီး အသာလေး ပြုံးလိုက်သည်။ “မဒမ် ခရိုဘဲလက်စ်ရော ဘယ်လိုထင်လဲ။”
ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ကျောက်မျက်များကို ကစားနေသော ခရိုဘဲလက်စ်က ငေးငိုင်လျက် ပြောသည်။ “သူတို့တွေကို မြန်မြန် ရှင်းလိုက်ရအောင်။ ဒီမေမေကြီးက မြို့တော်ကို မြန်မြန် ပြန်ချင်နေပြီ။ ရီဂျန့်ကသာ ငါ့ကို အကျိုးအမြတ် အများကြီးပေးမယ်လို့ ကတိပေးခဲ့တာမဟုတ်ရင် ဒီလိုရွံစရာ နေရာမျိုးကို ငါလာမှာတောင် မဟုတ်ဘူး။”
မဒမ် “မေမေကြီး”။ ခင်ဗျားမှာ သံတမန် တစ်ယောက်ရဲ့ အမူအကျင့် ရှိသင့်တယ်။ ရုစ် တိတ်တဆိတ် ရှက်သွားပြီး ဂျို့ရှ်ကို ပြောသည်။ “ကြည့်ရတာ မဒမ် ခရိုဘဲလက်စ်လည်း ဒီလိုပဲ တွေးတာထင်တယ်။ ရန်သူက တက်ကြွနေပြီး ကျုပ်တို့ထက် အားနည်းမှတော့ တိုက်ခိုက်တာကို ရှောင်နေမယ်ဆိုရင် ကျုပ်တို့စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း သက်ရောက်မှု ရှိနိုင်တယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့တွေ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်တယ်။”
ခရိုဘဲလက်စ်သည် စိတ်မချရပုံပေါ်သော်လည်း အမှန်တကယ် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်သောကြောင့် ဂျို့ရှ် ဂရုမစိုက် မလုပ်ရဲပေ။
ဂျို့ရှ် ခဏစဉ်းစားပြီး စိတ်ဆုံးဖြတ်လိုက်သည်။ အရင်တစ်ခေါက် လော့ဒ် အစည်းအဝေးမှာ ငါအရင်ဆုံး စပြီးတော့ သလင်းကျောက်နက်ဒင်္ဂါး သန်းတစ်ထောင် စထည့်ခဲ့တာ။ ငါ့ ဘဏ္ဍာတိုက် တော်တော်လေး နည်းပါးနေပြီ။ အမှောင်လရဲ့ စီးပွားရေးက သိပ်မကြာခင်တုန်းက အလျင်အမြန် တိုးတက်လာခဲ့တာ။ ရတနာတွေတောင် ရှိနိုင်တယ်။ အချိန်မကြာသေးပေမဲ့ ပိုက်ဆံတွေ အများကြီး ရှိလောက်တယ်။ အမှောင်လရဲ့ အဓိက အင်အားစုကို တစ်ခါတည်း ငါ တိုက်ခိုက်မယ်။ ပြီးရင် သူတို့ကို လုယက်မယ်။ မမျှော်လင့်ထားတဲ့ ရရှိမှုတွေတောင် ရှိနိုင်တယ်။
ချော်ရည်ပြာကိုတော့ လော့ဒ် တိုင်တန်ရဲ့ ကိစ္စတွေ ကိုင်တွယ်နေတဲ့ပုံစံက သတိထားလွန်းပြီးတော့ အီးရောအီးရောနဲ့။ ငါ သူ့ကို သဘောမကျတာ တော်တော်ကြာနေပြီ။
( တိုင်တန်။ မင်းက နှေးလွန်းတယ်။ မင်းအတွက် ဝေစုမချန်ထားတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ )
“ခါနီတာ။ အမိန့်ကို လွှဲပြောင်းပေးလိုက်။ စစ်တပ်က ချပ်ဝတ်တန်ဆာတွေ ပြင်ဆင်ထားရမယ်။ တစ်ရာနီအတွင်း ငါတို့တွေ ထွက်ခွာကြတယ်။ အမှောင်လရဲ့ ဆင်ခြေဖုံးက လီရိုမြို့ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ။”
“အမိန့်အတိုင်းပါ။” ခါနီတာက အလျင်အမြန်ကို အမိန့်ကို လက်ခံပြီး နောက်ဆုတ်သွားခဲ့သည်။
ထိုအချိန်၌ သံတော်ဆင့်တစ်ယောက်က သတင်းလာပို့သည်။ “ခေါင်းဆောင် သံတမန်။ ဆာ-ဒိုင်ရာ့ခ်ရဲ့ မှော်ပညာရှင် ဆာလ်ဖာက ခင်ဗျားကို တွေ့ခွင့်တောင်းနေတယ်။”
ဒိုင်ရာ့ခ်က ချော်ရည်ပြာမှာ မဟုတ်လား။ တိုင်တန်ရဲ့ စစ်တပ်က ကြိုရောက်နေတာလား။ ဂျို့ရှ်၏မျက်လုံးများ အရောင်တောက်သွား၏။ “သူ့ကို မြန်မြန် ဝင်လာခိုင်းလိုက်။”
ခဏအကြာ အသားဖြူဖျော့နေသော ဆံပင်အနက်နှင့် ယောက်ျားတစ်ယောက် ဝင်လာ၏။ သူက မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အသားအရေ အနည်းငယ် ဖျော့တော့နေသည်။ သူသည် ဒိုင်ရာ့ခ်၏ မသေမျိုး မှော်ပညာရှင် ဆာလ်ဖာပင် ဖြစ်လေသည်။
“နှုတ်ဆက်ပါတယ်။ ဆာ။” ဆာလ်ဖာ ဦးညွှတ်လိုက်သည်။
“မင်းရောက်လာတာနဲ့ အတော်ပဲ။” ဂျို့ရှ် မေးလိုက်သည်။ “တိုင်တန်ရဲ့စစ်တပ်က ဘယ်တော့ ရောက်မှာလဲ။”
ဆာလ်ဖာ ပြန်ဖြေသည်။ “စစ်တပ်က ဆိုတိုမြို့မှာ တားဆီးခံနေရတယ်။ ပထမဗိုလ်ချုပ်ဂျော့ခ်ျရဲ့ သမီးတော်က တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီးတော့ သူတို့ကို နှောင့်ယှက်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ဆာ တိုင်တန်က အသီနာကို အနိုင်ယူခဲ့တယ်။ စစ်တပ်က ဆိုတိုမြို့ကို ဖြတ်ပြီးတော့ ယန်းကော်မြို့ကို ချီတက်နေပြီ။ အစောဆုံးဆိုရင် ဒီကို နောက်၃ရက်နေ ရောက်လာလိမ့်မယ်။”
“အသီနာ တစ်ယောက်တည်းက သူ့ရဲ့စစ်တပ်ကို နှောင့်ယှက်ခဲ့တယ်လား။ သူက ဗိုလ်ချုပ် ဂျော့ခ်ျကို ကြောက်တာလား။” ဂျို့ရှ်က စက်ဆုပ်လျက် ပြုံးလိုက်သည်။ “ဟမ့်။ သူက နောက်၃ရက်နေမှ ရောက်လာနိုင်မှာပဲ။ အဲဒီအချိန် သူက စစ်မြေပြင်ကို လာရှင်းလင်းလို့ ရပြီ။”
“ဆာပြောတာ မှန်တယ်။ ဆာ-ဒိုင်ရာ့ခ်က လော့ဒ် တိုင်တန်ကို အလောကြီးနေတာ။ ကံဆိုးချင်တော့....” ဆာလ်ဖာက တောင်းပန်သည့်အပြုံးမျိုး ပြုံးလိုက်ပြီး ခရိုဘဲလက်စ်ကို ပြောသည်။ “မဒမ် ခရိုဘဲလက်စ်။ ဆာ-ဒိုင်ရာ့ခ်က ခင်ဗျားကို နှစ်ယောက်တည်း ပြောခိုင်းထားတာ တစ်ခုရှိတယ်။ မဒမ် စိတ်ဝင်စားတာ တစ်ခုခုလို့ သူပြောတယ်။”
ငါ စိတ်ဝင်စားတာ တစ်ခုခုလား။ ငါ စိတ်ဝင်စားတာက...။ ခရိုဘဲလက်စ်သည် အစပိုင်း၌ ပျင်းရိနေခဲ့သည်။ ထိုစကားများကို ကြားသည့်အခါ သူ၏စိတ် တက်ကြွသွားခဲ့သည်။ သူ ကုလားထိုင်မှထပြီး ဆာလ်ဖာကို ပြောသည်။ “မင်း....ငါနဲ့လိုက်ခဲ့။”
ခရိုဘဲလက်စ် ဟိတ်ဟန်ထုတ်ပြီး ဆာလ်ဖာအား တဲအိမ်ထဲမှာ ဆွဲခေါ်သွားသည်ကို မြင်သည့်အခါ ဂျို့ရှ်နှင့် ရုစ်တို့က အချင်းချင်း ခါးသက်သက် ပြုံးလိုက်ကြသည်။ သို့သော် ထိုအမျိုးသမီး၏ စွမ်းအားနှင့် အဆင့်အတန်းမှာ သိသာလှသည်။ ဒိုင်ရာ့ခ်က သူ့ကို မျက်နှာချိုသွေးသည်မှာ အကျိုးအကြောင်းသင့်ပေသည်။
ခရိုဘဲလက်စ်က ဆာလ်ဖာအား သူနားနေရာ တိတ်ဆိတ်သော နေရာတစ်ခုသို့ ဆွဲခေါ်လာသည်။ ခရိုဘဲလက်စ် မေးလိုက်သည်။ “မင်းတို့က မြို့တော်ကနေ အတူတူ လာခဲ့ကြတာပဲ။ ဒီမေမေကြီး ဘာကြိုက်လဲဆိုတယ သိမှာပဲ။ မင်းငါ့ကို လိမ်ရဲရင် ဒီမေမေကြီး မင်းကို ဒိုင်ရာ့ခ်နဲ့အတူ အဆိပ်ခတ်ပြီးတော့ ပြာဖြစ်အောင် လုပ်ပစ်မယ်။”
“မေမေကြီး” နှင့် “ဒီမိန်းမ” ဟု မစ်-နတ်မိနယ်နဂါး ပြောသည်ကို ကြားသည့်အခါ ဆာလ်ဖာ၏ ငုံ့နေသော မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ဆာလ်ဖာက ခရိုဘဲလက်စ်ကို စကားအနည်းငယ် တီးတိုးပြေပြီးနောက် သားရဲအရေပြားတစ်ခု ထုတ်လိုက်သည်။ ၎င်း၏ အသွင်အပြင်ကို ကြည့်ရသည်မှာ အတော်လေး အိုဟောင်းနေပြီ ဖြစ်သည်။
ခရိုဘဲလက်စ်၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဒါက....”
“ဒါက အမှောင်လ ရတနာသိုက်ရဲ့ မြေပုံပါ။ ဒါကို ရဖို့အတွက် ဆာ-ဒိုင်ရာ့ခ်က ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ သူ့မှာ တောင်းဆိုချက်တွေ အများကြီး မရှိပါဘူး။ မြို့တော်ကို ပြန်တဲ့အခါ မဒမ်က သူ့ကို အရေးကြီးတဲ့နေရာတစ်ခု ရအောင်လို့ အကြံပြုပေးဖို့ကိုပဲ မျှော်လင့်တာပါ။”
“ရတာပေါ့။ ပြဿနာ မရှိပါဘူး။” ရတနာ မြေပုံရဖို့အတွက် စကားနည်းနည်းပြောရုံပဲကို။ ခရိုဘဲလက်စ်သည် ထိုကဲ့သို့လွယ်ကူသော အလုပ်များစွာကို သေချာပေါက် ပြုလုပ်မည် ဖြစ်သည်။ မစ်-မြနဂါးက ချက်ချင်းပင် မသင်္ကာ ဖြစ်သွား၏။ “ဒိုင်ရာ့ခ်က ဘာဖြစ်လို့ သူ့ဘာသာ ရတနာ သွားမရှာတာလဲ။”
“မဒမ်။ အမှန်အတိုင်း ပြောရရင် ဆာ-ဒိုင်ရာ့ခ်နဲ့ ကျုပ်တို့က မတော်တဆ ရရှိခဲ့တဲ့ ဒီရတနာမြေပုံကို လေ့လာနေခဲ့တာ တော်တော်ကြာပြီ။ ဒါပေမဲ့ နားမလည်နိုင်သေးဘူး။ မဒမ်က အသိဉာဏ် ကြွယ်ဝတယ်ဆိုတာ ကျုပ်တို့ သိပါတယ်။ အဲဒါကြောင့် ဒါကို မဒမ်ဆီ ပေးဖို့ စဉ်းစားထားတာပါ။”
ရတနာမြေပုံကို ကြည့်လိုက်သည့်အခါ ခရိုဘဲလက်စ်၏ မျက်လုံးများ ပို၍ပင် တောက်ပသွားပုံရသည်။ “နင် ဘယ်နားလည်မလဲ။ ဒီပေါ်က သင်္ကေတက နဂါး.....”
မစ်-မြနဂါးက စိတ်လှုပ်ရှားသွားပြီး လျို့ဝှက်ချက် ထုတ်ပြောမိလုနီးပါး ဖြစ်သွားခဲ့သည်။ သူ အမြန်ပင် ပါးစပ်ပိတ်ပြီး တုံ့ဆိုင်းသည့် အမူအရာ ပြသလိုက်သည်။ “ကောင်းပြီလေ။ နင်က ငါ့ကို အမှန်အတိုင်း ပြောပြတယ်ဆိုတော့ အဲဒီလူရဲ့ တောင်းဆိုချက်ကို သဘောတူနိုင်ပါတယ်။”
ဆာလ်ဖာက အလောတကြီး အရိုအသေ ပေးလိုက်သည်။ “ကျေးဇူးပါပဲ။ မဒမ်။ ကျုပ် တောင်ပိုင်းကို ပြန်ပါတော့မယ်။ အဲဒါကြောင့် အရင် ထွက်သွားပါပြီ။”
မစ်-မြနဂါးက မသေမျိုး မှော်ပညာရှင်ကို နှင်ထုတ်ပြီးနောက် ရတနာမြေပုံကို သေသေချာချာ လေ့လာသည်။ “နဂါးထွင်းစာတွေ အများကြီးပဲ။ အချို့ကို ငါတောင် နားမလည်ဘူး။ ဒါပေမဲ့ ဒီအမှတ်အသားက ရတနာသိုက်ရဲ့ တကယ့်ဝင်ပေါက်က ၃လတစ်ခါ ပွင့်တယ်လို့ ပြောနေတယ်။ ဒီအတိုင်း တွက်ကြည့်မယ်ဆိုရင် အဲဒါက....ဒီနေ့ မဟုတ်လား။ အား။ ဒါက နောက်တစ်နာရီနေရင် ပွင့်မှာပဲ။ ဒါနဲ့ အဲဒီဒိုင်ရာ့ခ်က ဒီရတနာမြေပုံကို ကူးယူထားနိုင်တယ်။ သူက မင်းသားအိုဆိုင်ဒန် ကိုတောင် ပေးနိုင်လောက်တယ်။ နောက်ထပ် သုံးလစောင့်ပြီးမှာ ပြန်လာရင်..…မရဘူး။ ဒီအခွင့်အရေးကိုပဲ အကောင်းဆုံး အသုံးချရမယ်။ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ရတနာတွေကို ငါသေချာပေါက် ရမှဖြစ်မယ်။”
မစ်-နတ်မိမယ်နဂါး စိတ်ပိုင်းဖြတ်ပြီးနောက် တဲအိမ်ထဲမှ ချက်ချင်း ထွက်သွားလိုက်သည်။ အရေးကြီးကိစ္စတစ်ခု ရှိနေပြီး ခဏလောက် ထွက်သွားရန် လိုအပ်ကြောင်း သူပြောခဲ့သည်။ စစ်တပ်က တိုက်ခိုက်တော့မည်ဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ထွက်သွားတော့မည့်အခါ ဂျို့ရှ်နှင့် ရုစ်တို့ ဘာမှမတတ်နိုင်ခဲ့ကြပေ။ သို့သော်လည်း ခရိုဘဲလက်စ် မပါဘဲနှင့်ပင် ဂျို့ရှ်နှင့် ရုစ်တို့၏ စွမ်းအားဖြင့် လိပ်ပြာနီလက်ရွေးစင်များနှင့် စစ်တပ်ကိုပေါင်းလိုက်လျှင် အနိုင်ရရှိမည်မှာ သေချာပေသည်။
ဒီကိုမြို့မှ ခရိုဘဲလက်စ် ထွက်သွားသည်ကို မြင်ပြီးနောက် တံခါးကိုစောင့်ကြပ်နေသော သာမန် နွားတစ်ပိုင်းစစ်သည်က ထူးဆန်းစွာ ပြုံးလိုက်၏။ ထိုနွားတစ်ပိုင်းမှာ လွန်ခဲ့သော မိနစ်အနည်းငယ်က ခရိုဘဲလက်စ်ကို ရတနာမြေပုံပေးခဲ့သော မသေမျိုး မှော်ပညာရှင်ပင် ဖြစ်လေသည်။
ထိုနွားတစ်ပိုင်းမှာ ချန်လွေ့ပင် ဖြစ်၏။ ထိုမြေပုံမှာ ရေကန်ပြာတောင်ခြေ ရတနာသိုက်ကို ပြင်ဆင်စဉ်က ပြုလုပ်ထားခဲ့သော မြေပုံဖြစ်သည်။ ယခုတွင်မှ အမှန်တကယ် အသုံးချရခြင်း ဖြစ်၏။ ပါ့ဂ်လီအိုသည် သူတို့နှစ်ယောက်နှင့် လမ်းခွဲပြီး ရေကန်ပြာတောင်ခြေရှိ “ရတနာသိုက်”သို့ သွားခဲ့သည်။ ထိုအချိန်၌ သူသည် အခြေအနေကို အခွင့်ကောင်းယူပြီး နဂါးထွင်းစာများနှင့် မှော်စက်ဝိုင်းများကို အသုံးချကာ ရန်သူကို ကြိုဆိုမည် ဖြစ်သည်။
ခုနက ခရိုဘဲလက်စ်အား ရတနာမြေပုံကို ချန်လွေ့ ကမ်းပေးခဲ့စဉ် [ သရုပ်ခွဲမျက်လုံး ] ၌ မြနဂါး၏ စွမ်းအား အကဲဖြတ်မှုကို S- (S-) ဟု ပြသသည်။ သူ၏ အရည်အချင်းများမှာ လေနှင့်အဆိပ် ဂုဏ်သတ္တိများ ဖြစ်ကြသည်။
[ S ] အဆင့်သည် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်သည်။ ခရိုဘဲလက်စ်သည် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း“သာ” ဖြစ်ကြောင်း ဇိုလာ ပြောခဲ့ဖူးသည်။ မြနဂါး၏ စွမ်းအားအမှန်မှာ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းသာ ဖြစ်ပုံရသည်။ ပါ့ဂ်လီအိုသာ ချိပ်ပိတ်မခံထားရလျှင် ခရိုဘဲလက်စ်ကို ဖြေရှင်းရသည်မှာ အလွယ်လေးပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူ၏အစွမ်းမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၌ ချိပ်ပိတ်ခံထားရ၏။ သူ ဆက်ပြီး မတိုးတက်နိုင်တော့ပေ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ တိုက်ခိုက်ရေး အတွေ့အကြုံဖြင့်ပင် သူ၏စွမ်းအားမှာ နိမ့်ကျနေသေးသည်။ အကယ်၍ သူသာ ခရိုဘဲလက်စ်ကို ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရနိုင်ချေ နည်းလှပေသည်။
ယခုတစ်ခေါက်၌ ပါ့ဂ်လီအို၏ အဓိက တာဝန်မှာ လိပ်ပြာနီနှင့် အမှောင်လကြားရှိ တိုက်ပွဲ၌ မြနဂါး မဝင်ပါနိုင်ရန်အတွက် ထိန်းထားရန် ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ၏ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားကို နတ်ဆိုးဧကရာဇ်အဆင့်ဖြင့် ဖိနှိပ်ခြင်းပင်။ ၎င်းမှာ ပထမအဆင့်ကို အောင်မြင်ခဲ့ပြီဟု ပြော၍ ရနိုင်ပေသည်။
မြေဒြပ်စင်ဘုရင် မိုးရီ ရောက်လာသည်နှင့် ခရိုဘဲလက်စ်ကို နှိမ်နင်းရန်မှာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
နောက်တစ်ဆင့်မှာ စစ်ပွဲမစခင် လိပ်ပြာနီတို့၏ စိတ်ဓာတ်ရေးရာကို နှောင့်ယှက်ရန် ဖြစ်သည်။
တဲအိမ်ကြီးထဲ၌ ဂျို့ရှ်က စစ်ဝတ်စုံ ဝတ်ဆင်နေ၏။ ရုစ်ကလည်း ပြင်ဆင်မှုများ ပြုလုပ်နေသည်။
ထိုအချိန်၌ အပြင်ဘက်၌ ဆူပူအုံကြွလာသည်။ ခါနီတာ အလျင်အမြန် လျှောက်လာပြီး ပြောသည်။ “တစ်ခုခု ဖြစ်နေပြီ။ ခမည်းတော်။ စစ်တန်းလျားမှာ အဆိပ်ငွေ့တွေအများကြီး ရုတ်တရက် ရောက်လာတယ်။ တော်တော်လေး ကြောက်စရာ ကောင်းတယ်။ အဆိပ်မိတဲ့သူတွေက သတိလစ်ရင် လစ်သွားကြတယ်။ ပိုပြီးပြင်းထန်ရန် ပြာဖြစ်သွားကြတယ်။ ဆေးရည် ပညာရှင်တောင် အဲဒါကို အဆိပ်မဖြေနိုင်ဘူး။”
“ချီးပဲ။” ဂျို့ရ်ှ အလွန်ပင် ဒေါသထွက်သွားခဲ့သည်။ စစ်တပ် မထွက်ခွာခင်မှာပဲ ဒီလိုဖြစ်ရတယ်လို့။ ဒါက စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို နှောင့်ယှက်ဖို့အတွက် အမှောင်လရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်ဖြစ်ရမယ်။ ဒီလိုမျိုးအဆိပ်က အမှောင်လရဲ့ ဆေးရည်ဆရာသခင် အဲဒက်စ်နဲ့ သက်ဆိုင်နေရမယ်။
ဂျို့ရှ်၏အထင် လုံးဝ မှားနေခဲ့သည်။ ထိုအဆိပ်၏ အရင်းအမြစ်မှာ အဲဒက်စ်ထက် အဆပေါင်း မြောက်မြားစွာ ကြောက်မက်ဖွယ်ရာကောင်းသော အဆိပ်နဂါး၏အဆိပ် ဖြစ်သည်။ သို့သော် ချန်လွေ့နှင့် ရိုမန်တို့ အဆိပ်ငွေ့ ပျံ့နှံ့ရန် အသုံးပြုသော သလင်းကျောက်မှာ စွမ်းအား အကန့်အသတ်ရှိသည်။ အဆိပ်နဂါးကိုယ်တိုင် လှုပ်ရှားမည်ဆိုလျှင် ထိုထက် ဆယ်ဆကျော်ခန့် ကြောက်မက်ဖွယ်ရော ကောင်းပေလိမ့်မည်။
အဆိပ်ကျွမ်းကျင်သော မြနဂါးသာ ထိုနေရာ၌ ကျန်နေခဲ့မည်ဆိုလျှင် လက်ရှိအခြေအနေမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။
ဂျို့ရှ်က ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ “အဆိပ်ငွေ့တွေ ပျံ့နှံ့တာကို မှော်စွမ်းအားနဲ့ ထိန်းချုပ်ဖို့အတွက် မှော်ပညာရှင် တစ်ဖွဲ့ ချက်ချင်းလွှတ်လိုက်။”
ခါနီတာ မထွက်သွားခင် သံတော်ဆင့် တစ်ယောက်က အလျင်အမြန် သတင်းလာပို့သည်။ “သတင်းဆိုးပဲ။ ဆာ။ အစားအစာစခန်းမှာ မီးလောင်နေတယ်။ အစောင့် ဆာ-ဆိုလာနာလည်း အလစ်တိုက်ခိုက်မှုတစ်ခုကြောင့် ဒဏ်ရာ အပြင်းအထန် ရနေတယ်။”
“ဘာ။” ဂျို့ရှ် ထိတ်လန့်သွား၏။ အစားအစာ စခန်းမှာ အထူးမှော်စက်ဝိုင်းအကာအကွယ်နဲ့ အလယ်ဆင့် မဟာနတ်ဆိုးအစောင့် ရှိတယ်။ ဒါတောင် ရန်သူရဲ့ အလစ်တိုက်ခိုက်မှုက သတိမထားမိဘဲ အောင်မြင်သွားခဲ့တာလား။ အမှောင်လမှာ ဘယ်တုန်းက ဒီလိုမျိုး အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိသွားတာလဲ။ တော်ဝင်မင်းသမီးကိုယ်တိုင် အရဲစွန့်တာလား။ မဖြစ်နိုင်ဘူး။
“ဘာစောင့်နေတာလဲ။ အခုချက်ချင်း မီးငြိမ်းဖို့ တစ်ယောက်ယောက် လွှတ်လိုက်။”
သံတော်ဆင့်က ခေါင်းငုံ့ရင်း ပြောသည်။ “ရန်သူက မှော်လောင်ကျွမ်းပစ္စည်း တစ်မျိုးမျိုးကို သုံးခဲ့တဲ့ပုံပဲ။ မှော်စက်ဝိုင်း အကာအကွယ်တောင် အလုပ်မလုပ်ဘူး။ စစ်ဆေးတွေလည်း တတ်နိုင်သလောက် အကောင်းဆုံး မီးငြိမ်းကြတယ်။ ဒါပေမဲ့ စခန်းတစ်ဝက် လောင်ပြီးသွားပြီ။”
တစ်ဝက်တောင်။။ ဒီလောက် အချိန်လေးနဲ့လား။ ဂျို့ရှ် ဒေါသထွက်သွား၏။ သူ ပင့်သက်ရှိုက်ပြီး စိတ်အေးအေးထားလိုက်သည်။ “ငါ အမိန့်ပေးမယ်။ တပ်ဖွဲ့တွေအားလုံး လီရိုမြို့ကို ထွက်ခွာဖို့ ချက်ချင်းပြင်ဆင်ကြ။ အစားအစာတွေကိုတော့... ခါနီတာ။ စစ်တပ် အထောက်အပံ့ရုံးခန်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ အရေးပေါ် အစားအစာတွေ အများကြီးရှိတယ်လို့ သွားကြေညာလိုက်။ သူတို့ မစိုးရိမ်အောင်လို့။ ပြီးတော့ လီရိုမြို့က ရန်သူကို အနိုင်ယူပြီးရင် ငါတို့တွေ အမှောင်ကို သွားပြီးတော့ အကန့်အသတ်မရှိ လုယက်လို့ရတယ်။ အဲဒီအချိန် စားစရာ မရှိမှာကို ဘာပူစရာလိုမလဲ။”
ဂျို့ရှ်သည် အမှန်တကယ်ပင် တိုက်ပွဲအတွေ့အကြုံ အများအပြား ရှိသည်။ သူသည် ချက်ချင်းပင် စစ်တပ်၏ စိတ်ဓာတ်ရေးရာ တက်ကြွရန် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။ သံတော်ဆင့်က အမိန့်ကို လွှဲပြောင်းပေးရန် ပြင်လိုက်စဉ် ရုတ်တရက် အလင်းရေင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူသည် ခါနီတာ၏ မှော်ပညာကြောင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။
ဂျို့ရှ် အံ့အားသင့်သွားသည်။ “ခါနီတာ။ မင်း ဘာလုပ်တာလဲ။”
“ဒီလူက မသင်္ကာစရာပဲ။” ခါနီတာ ဆောင့်ကြောင့် ထိုင်လိုက်သည်။ “ခမည်းတော်။ ဒါကို လာကြည့်ပါဦး။”
ဂျို့ရှ် ရှေ့တက်လာလိုက်သည့်အခါ အလောင်း၏ လက်မောင်းပေါ်မှ ထူးဆန်းသော အမှန်အသား တစ်ခုကို တွေ့သွားသည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောသည်။ “ဒါက ဘာကြီးလဲ။”
ဂျို့ရှ် ချဉ်းကပ်လာနေရင်း ခါနီတာ၏ မျက်လုံးထဲ၌ ဝါဖျော့ဖျော့ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ၏ လက်ထဲ၌ အေးစက်စက် ဓားမြောင်တစ်ချောင်း ထွက်ပေါ်လာကာ အလျင်အမြန်ပင် ဂျို့ရှ်၏ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်သည်။
ခါနီတာ ပစ်မှတ်ကို မထိသေးခင်မှာပင် ဂျို့ရှ် ချက်ချင်း ပျောက်ကွယ်သွား၏။ တစ်ချိန်တည်း နီးပါးမှာပင် ခါနီတာ၏ လက်မောင်း တစ်ခုလုံးနှင့် ခန္ဓာကိုယ်တစ်ဝက် အေးခဲသွား၏။ သူ မလှုပ်ရှားနိုင်တော့ပေ။
ဂျို့ရှ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ရှိနေသည်။ သူသည် ခါနီတာအား သတိထားနေသည်မှာ ကြာပြီဖြစ်သည်။ တစ်နည်းပြောရလျှင် သူ၏သား အရွယ်ရောက်ပြီးကတည်းက သတိထားနေခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးဘုံ သမိုင်းကြောင်းထဲ၌ အဖေများကို သားများ သတ်ပြီး အာဏာလုကြီးသော သာဓက များစွာရှိသည်။ ဂျို့ရ်ှသည် ထိုကိစ္စများ၌ အဖေ မဖြစ်ချင်ပေ။
“မင်းငါ့ကို သတ်ချင်တာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း စိတ်မရှည်တာကတော့ ငါ မျှော်လင့်နိုင်တာထက် ကျော်လွန်နေတယ်....” ဂျို့ရ်ှ သရော်ပြုံး ပြုံးလိုက်သည်။ “မင်းရဲ့အစ်ကို သေသွားမှသော အနာဂတ်မှာ ဒီနေရာက မင်းရဲ့နေရာ ဖြစ်လာမှာပဲလေ။ ဘာလို့ ဒီလောက်လောနေတာလဲ။”
မဟုတ်ဘူး။ ဒါက တော်တော်ကို စိတ်မရှည် ဖြစ်လွန်းနေတယ်။ ခါနီတာ လှုပ်ရှားချင်ရင်တောင် ဒီလိုအချိန်မျိုးကို ရွေးချယ်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ဒီလောက် အောင်မြင်ဖို့ အခွင့်အရေး နည်းတာကိုတောင် တိုက်ခိုက်ခဲ့တယ်။
ပြီးတော့လည်း ခါနီတာရဲ့ မျက်လုံးတွေက နည်းနည်း နှေးကွေးလေးကန်နေသလိုပဲ.....။ တစ်ခုခုတော့ လွဲနေပြီ။
ဂျို့ရှ် အာရုံပျံ့လွင့်သွားသည်နှင့် မြေပြင်မှ “အလောင်း”သည် လျှပ်စီးကဲ့သို့ပင် ရုတ်တရက် ခုန်ထလာသည်။ ကြောက်မက်ဖွယ်ရာ ထက်မြက်လှသော ဓားချီတစ်ခုက ဂျို့ရှ်၏ လည်မျိုသို့ ရောက်ရှိလာသည်။ ဂျို့ရ်ှ အလွန်အမင်း ထိတ်လန့်သွား၏။ “သေ”သွားသည်မှာ ကြာပြီဖြစ်ကာ တိုက်ခိုက်ရန် မဖြစ်နိုင်ဆုံးသော အလောင်းကောင်သည် တကယ့် သေစေနိုင်သော တိုက်ကွက် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ထို“အလောင်း”မှာ လုံးဝပင် ချန်လွေ့ ဖြစ်သည်။ စစ်တပ်၏ စိတ်ဓာတ်ရေးရာကို အားနည်းစေရန် စားစရာများ မီးရှို့ခြင်းနှင့် အဆိပ်ခတ်ခြင်း အပါအဝင် ချန်လွေ့တွင် ယခုတွင် အရေးကြီးသော ရည်ရွယ်ချက်တစ်ခု ရှိနေ၏။ ၎င်းမှာ ခေါင်းဖြတ်ရန်ပင် ဖြစ်သည်။
ခုနက ချန်လွေ့သည် ခါနီတာအား နတ်ဘုရား-ဝါးမျို မျက်နှာဖုံးဖြင့် ရုပ်သေး ပြုလုပ်ခဲ့သည်။ ထို့နောက် ဂျို့ရှ်ကို စိတ်ပျံ့လွင့် စေရန်အတွက် ခါနီတာ ထိန်းချုပ်ခံထားရသည့် ပုံစံကို တမင်ပြသခဲ့သည်။ ထို့နောက် “ဂျို့ရှ်အား ဓားဖြင့်ထိုးခြင်း” ပြပွဲကို စတင်တော့သည်။
ထိုမမျှော်လင့်ထားသော တိုက်ခိုက်မှုမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော ဂျို့ရှ်၏ မျက်လုံးထဲ၌ပင် ချန်လွေ့၏ တိုက်ခိုက်မှု စွမ်းအားနှင့် အမြန်နှုန်းမှာ “ကြောက်မက်ဖွယ်ရာ” အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ မှော်ပညာရှင်များ၏ အကြီးမားဆုံး အားနည်းချက်မှာ အနီးကပ် တိုက်ခိုက်ခြင်း ဖြစ်သည်။ တယ်လီပို့ မခုန်နိုင်တော့သော ဂျို့ရှ်သည် ၎င်းကို မရှောင်တိမ်းနိုင်တော့ပေ။
ဂျို့ရှ်သည် ဖျပ်ခနဲ မှော်အကာအကွယ်ကို ထုတ်လွှတ်လိုက်သည်။ သို့သော် ပြင်းထန်ပြီး ထက်မြက်သောချီဖြင့် တဟုန်ထိုးဝင်လာသော ထိုဓားသွားသည် သူ၏လည်မျိုသို့ ဖောက်ဝင်သွားလေပြီ။
ချက်ချင်းပင် ဂျို့ရှ်ကို သလင်းကျောက် အလွှာတစ်ခု ရစ်ပတ်သွား၏။ ထို “ဓားသွား”သည် သလင်းကျောက်ကို ကြေမွသွားစေသည်။ ဂျို့ရှ်၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူ အလောတကြီး နောက်ဆုတ်နေရင်း ပြိုင်ဘက်ဖြစ်သူက ခုတ်ပိုင်းလိုက်ပြန်သည်။ ထိုတိုက်ကွက်မှာ သုံးလေးမီတာခန့် ဝေးသော်လည်း ထက်မြက်လှသော ဓားချီက နေရာလွတ်ကို ဖြတ်သန်းသွားသကဲ့သို့ပင် ဖြစ်နေသည်။
ရုတ်တရက် ဖြစ်သော်လည်း ဂျို့ရှ် ရှောင်နိုင်ဆဲပင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ ရေခဲဒိုင်း တစ်ခု ရှိနေပြီးဖြစ်သည်။ ထိုရေခဲဒိုင်းမှာ အလွန် ပါးလွှာပုံရသော်လည်း လျို့ဝှက်ဆန်းကြယ်သော ပိုင်နက်စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကောင်းမွန်သော ခုခံစွမ်းအား ရှိသည်။ ဓားဖြင့် တိုက်ခိုက်ခြင်း ခံရသည့်တိုင် အက်ကွဲနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုရေခဲဒိုင်းသည် လေထဲမှ ထိုဓားသွားနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်နက်ဆန်းကြယ်မှု ပါဝင်သော ရေခဲဒိုင်းသည် စက္ကူတစ်ရွက်ကဲ့သို့ပင် ဖြစ်သွားကာ ချက်ချင်းပင် နှစ်ပိုင်းပြတ်သွား၏။ ၎င်းမှာ ချန်လွေ့၏ စွမ်းအားသည် ဂျို့ရှ်ထက် သာလွန်သွားခြင်း မဟုတ်ဘဲ ထိုတိုက်ခိုက်မှုကြောင့် ခုခံမှု ဖောက်ထွင်းသော “အရှိန်အဝါဖောက်ထွင်းခြင်း” ကို အသက်ဝင်သွားစေခြင်းသာ ဖြစ်သည်။
ဂျို့ရှ်၏ မျက်နှာအမူအရာ တဟုန်ထိုး ပြောင်းလဲသွား၏။ [ အရှိန်အဝါဓားသွား ] ၏ အဟုန်ကို လျှော့ချ၍ မရနိုင်တော့ပေ။ ၎င်းသည် သူ၏ခေါင်းပေါ်၌ ရောက်နေပြီ ဖြစ်သည်။ ထူးဆန်းစွာပင် ဂျို့ရှ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ပင် ပျက်ယွင်းသွားသည်။ သူသည် ချက်ချင်းပင် လျို့ဝှက်ဆန်းကြယ်သော အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး တဲအိမ်ကိုဖောက်ထွင်းကာ အပြင်ဘက်သို့ ပြေးထွက်သွား၏။
သေခြင်းမှ နှစ်ကြိမ် လွတ်မြောက်သွားခဲ့သော ဂျို့ရှ်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ တစ်ဘဝလုံး မှော်ပညာကို လေ့ကျင့်ခဲ့သည့် လော့ဒ်တစ်ယောက် ဖြစ်သည့်အလျောက် သူ၏ခန္ဓာကိုယ်၌ အနီးကပ် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အသက်ကယ်ပစ္စည်း တစ်ခုမဟုတ်နှစ်ခု အမြဲရှိသည်။ ခုနက ရုတ်ခနဲ တိုက်ခိုက်မှု နှစ်ခုသည် သူ၏ မှော်ပစ္စည်းနှစ်ခုကို အမှန်တကယ်ပင် လုံးဝ ပျက်စီးသွားစေ၏။ သူ၏ ကြောက်ရွံ့မှု အတိုင်းအတာမှာ သိသာထင်ရှားလှပေသည်။
သူ့တွင် နောက်ထပ် အသက်ကယ် ပစ္စည်းများ မရှိတော့ပေ။ သူ နောက်တစ်ခေါက် ထိုပြိုင်ဘက်၏ တိုက်ခိုက်ခြင်းကို ခံရလျှင် သူ၏ခေါင်းသည် အခြားတစ်နေရာသို့ ရောက်သွားမည်မှာ သေချာသည်။ ဂျို့ရှ် လုံးဝ သတိလက်လွတ်မနေရဲပေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ အံ့ဩဖွယ်ရာ မြူခိုးဖြူများ ထွက်လာ၏။ ထို့နောက် ခုန်ဆွခုန်ခွ ဖြစ်နေသော သင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူ အစွမ်းကုန် ထုတ်သုံးနေသည်မှာ သိသာလှပေသည်။