လျို့ဝှက်ခန်းထဲက ယောက်ျားနှင့် မိန်းမ
Vol. 27 Ch. 391
ရန်လည်းဖြစ် ချစ်လည်းချစ်ကြသော အဆိပ်နဂါးနှင့် မစ်-မြနဂါးတို့ နောက်ဆုံး၌ “ပြန်လည်စုံစည်း” နေကြစဉ် အမှောင်လစစ်တပ်က လိပ်ပြာနီစစ်တပ်အား လုံးဝအနိုင်ယူပြီး ဒီကိုမြို့တစ်လျှောက် လိုက်ဖမ်းခဲ့သည်။ သူတို့သည် မြောက်မြားလှသော စစ်သည်များကို ဖမ်းဆီး အကျဉ်းချနိုင်ခဲ့ရုံသာမက အမျိုးမျိုးသော လက်နက်များကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။
ရှုံးနိမ့်သွားခဲ့သော လိပ်ပြာနီစစ်တပ်က ခေါင်းစွပ်များနှင့် ချပ်ကာများကို ချွတ်ပြီး ထွက်ပြေး ခဲ့ကြသည်။ သူတို့သည် ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားခဲ့သည်။ နောက်ဆုံးတွင် ခါနီတာ၏ ဦးဆောင်မှုဖြင့် လက်ကျန်လူအင်အားကို စုစည်းကာ ဒီကိုမြို့ကိုဖြတ်ပြီး လိပ်ပြာနီ ပိုင်နက်သို့ အရှိန်ကုန် ဆုတ်ခွာသွားကြတော့သည်။
စစ်သည် လေးသောင်းသည် အမှန်တကယ်ပင် စစ်သည် တစ်သိန်းနီးပါးကို အနိုင်ယူနိုင်ခဲ့၏။ ထို့ပြင် သူတို့သည် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။
နှစ်ပေါင်းရာချီ ကြာပြီးနောက်၌ အမှောင်လသည် ထိုကဲ့သို့ ပထမဆုံးအကြိမ် ကြီးကြီးမားမား အနိုင်ရရှိခဲ့ခြင်းပင်။ စစ်သည်တစ်ယောက်ချင်းစီ၏ စိတ်ခွန်အားများလည်း တက်ကြွသွားခဲ့သည်။ စစ်သည်တစ်ဦးစီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေကြသည်။ အမှောင်လ စစ်တပ်သည် ကြီးကြီးမားမား ဆုံးရှုံးခဲ့သော်လည်း စစ်တပ်တစ်ခုလုံးက ထိုပြင်းထန်သော တိုက်ပွဲပြီးနောက်တွင် အရည်အသွေး ပြည့်ဝနေခဲ့သည်။ အမှန်တကယ် စွမ်းအားကြီးသော စစ်တပ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ လေသည်။
ဒီကိုမြို့ကို ကာကွယ်ရန်အတွက် တပ်ဖွဲ့တစ်ဖွဲ့ ချန်ထားပြီးနောက် ရှီရာသည် စစ်တပ်ကို ဦးဆောင်ပြီး အမှောင်လမြို့သို့ ပြန်လာခဲ့သည်။ လိပ်ပြာနီအပေါ် အမှောင်လ၏ အောင်နိုင်မှုကို တစ်စုံတစ်ယောက်က သတင်းလွှင့်လိုက်သည်။ ရှုံးနိမ့်ပြီးနောက် လုယက်ခြင်း၊ အနိုင်ကျင့် ခံရခြင်းနှင့် သုတ်သင်ခံရခြင်းတို့ စိုးရိမ်နေကြသူများအားလုံး စိတ်လှုပ်ရှားသွားကြပြီး အော်ဟစ်လိုက်ကြသည်။ သူတို့သည် တော်ဝင်မင်းသမီးနှင့် စစ်တပ်သို့ အောင်ပန်းဆွတ်ခူးလာသည်ကို ကြိုဆိုရန်အတွက် မြို့အပြင်တွင် စီတန်းလိုက်ကြသည်။
“တိုက်ပွဲတိုင်း အောင်ပန်းဆွတ်တဲ့ သွေးနီမီးတောက်။”
“တော်ဝင်မင်းသမီး သက်ရှည်ပါစေ။”
“သက်ရှည်ပါစေ။”
မြို့သူ/သားများနှင့် စစ်တပ်တို့၏ ညီညာသော ကြွေးကြော်သံများနှင့် ကြားသည့်အခါ ရှီရာက အေးဆေးတည်ငြိမ်လျက် ပြုမူခဲ့သည်။ အများပြည်သူကို စိတ်အားတက်ကြွစေမည့် မိန့်ခွန်းတစ်ခု ပြောပြီးနောက်တွင် သူသည် စစ်ပြီးကိစ္စများကို အစီအစဉ်တကျ စတင်ဆောင်ရွက်တော့သည်။
အခုတစ်ခေါက် လိပ်ပြာနီ ရှုံးနိမ့်ရတာကြောင့် ရန်သူတွေကို ဂျို့ရှ် အထင်သေး ခဲ့လို့ပဲ။ ပြီးတော့ မမျှော်လင့်ထားတဲ့ အဲဒီလူရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် အခု အောင်ခွဲခံနေမှာက လိပ်ပြာနီစစ်တပ် ဖြစ်နေမှာပဲ။
ငါတို့ သတိရှိဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လိပ်ပြာနီကို အနိုင်ယူခဲ့တာက ပထမခြေလှမ်းပဲ ရှိသေးတယ်။ သူတို့လိုပဲ အင်အားကြီးတဲ့ ချော်ရည်ပြာစစ်တပ်လည်း ရှိသေးတယ်။ ငါတို့ရဲ့ သံချပ်ကာယန္တရားတပ်နဲ့ ဝိုင်ဗန်ဗိုလ်ခြေ အင်အားတွေက ပေါက်ကြားသွားပြီ။ စစ်သည် ထောင်ချီနီးပါးလည်း ဒဏ်ရာရတဲ့သူကရ၊ သေတဲ့သူက သေသွားကြပြီ။ ချော်ရည်ပြာလော့ဒ် တိုင်တန်က သတိကြီးတာဆိုတော့ သူ သေချာပေါက် သတိရှိနေမှာပဲ။ ငါတို့တွေ အောင်နိုင်မှုနဲ့ မျောသွားလို့မဖြစ်ဘူး။
ငါ စိတ်အေးအေးထားပြီးတော့ တောင်ပိုင်းက လိပ်ပြာနီစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သေချာ အာရုံစိုက်ထားရမယ်။ အချိန်မရွေး ဒုတိယတစ်ခေါက် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားရမယ်။
နန်းတော်သို့ ပြန်ရောက်ပြီးနောက် ရှီရာသည် ပျက်စီးနေသော ချပ်ကာကိုချွတ်ကာ ဒဏ်ရာကို သာမန်မျှကုသပြီး ဂါဝန်ရှည်အဖြူနှင့် လဲလိုက်သည်။ အောင်နိုင်မှုကို တွေ့ကြုံ ခံစားရပြီးနောက်တွင် ရှီရာသည် ဖော်ပြ၍မရနိုင်လောက်အောင် ပင်ပန်းနေခဲ့သည်။
အချိန်ကျပြီ။ အခု အဲလစ်က ဘယ်ရောက်နေလဲ။ ဒီမှာ အသီနာနဲ့ ခီရာတို့ ဘာလို့ ရှိမနေတာလဲ။ သူ တစ်ခုခု စီစဉ်ထားတာ ဖြစ်ရမယ်။
သူက ခရိုဘဲလက်စ်ကို ရင်ဆိုင်ဖို့အတွက် ထွက်သွားခဲ့တာ။ သူ ဘာလုပ်နေလဲ ငါ မသိဘူး။
မဖြေရှင်းရသေးတဲ့ လျို့ဝှက်ချက်တွေ အများကြီး ရှိသေးတယ်....။ မင်း ဘယ်သူပဲဖြစ်ဖြစ်၊ သေချာပေါက် အသက်ရှင်ရက် ပြန်လာရမယ်။
မသိလိုက်ဘဲနှင့် ရှီရာသည် အတွင်းဝင်းထဲရှိ ရေကန်ထဲသို့ လမ်းလျှောက်သွား လိုက်သည်။ ထိုနေရာသည် သူ၏ တားမြစ်နယ်မြေ ဖြစ်သည့်အတွက် အနီးအနားတွင် မည်သည့်အစေခံမမျှ ရှိမနေပေ။
ရုတ်တရက် သူ၏စိတ်ထဲ၌ ရန်သူဟောင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းကို သတိရလိုက်သည်။ သူ၏ အကြီးမားဆုံး လျို့ဝှက်ချက် တွေ့သွားသည့်အခါ သူ အလွန်ပင် ဒေါသထွက်နေဆဲ ဖြစ်သည်။ မသိလိုက်ဘဲနှင့် သူ၏ရင်ထဲ၌ အမုန်းတရားများ ကြီးထွားလာခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏အရှေ့၌ မသက်ဆိုင်သော ဖြစ်ရပ်အချို့ ထွက်ပေါ်လာသည်။ ဥပမာပြောရလျှင် လရောင်အောက်၌ နှစ်ယောက်တွဲကခြင်းမျိုးပင်။ ထိုသူကိုမြင်တိုင်း ရှီရာ ဒေါသထွက်ရသော်လည်း ရှီရာသည် ထိုသူကို အမှန်ကတယ် တွေ့ချင်နေသည်။
ထို့ပြင် သူ၏စကားတစ်ခွန်းက စစ်မြေပြင်၌ အမှောင်လစစ်တပ် တစ်ခုလုံးကို စိတ်အားတက်ကြွစေခဲ့သည်။
“ရှီရာ။ နင်က အဲလောက်တောင် ရူးမိုက်တာပဲ။ ရူးမိုက်တဲ့မိန်းမ။ ဟုတ်တယ်။ အဲဒီ စကား၃လုံးပဲ။” ရှီရာက ယခင်ကထက် ခံစားချက်များ ပိုမိုရှုပ်ထွေးသွားပြီး ပိုမိုဝေခွဲမရဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက အသာအယာ ခေါင်းငုံ့ပြီး သက်ပြင်းချကာ ခြေထောက်အောက်မှ ရေကန်ဆီသို့ လမ်းလျှောက်သွားတော့သည်။
ငါ သူ့ကို ဒီမှာ စောင့်နေမယ်။ သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ ငါတို့နှစ်ယောက် အဆုံးသတ်က ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို ဒီလိုပဲ စောင့်နေမယ်။
ရေကန်ထဲသို့ ရှီရာ လမ်းလျှောက်သွားလိုက်သည်။ ထူးဆန်းသော နေရာလွတ် ပျက်ယွင်းမှုတစ်ခု ဖြစ်လာပြီးနောက် သူသည် ရေကန်အောက်ရှိ လျို့ဝှက်အခန်းသို့ ရောက်လာသည်။
၎င်းသည် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး အပိုင်းအစကို ချိပ်ပိတ်ထားသော လျို့ဝှက် နေရာတစ်ခု ဖြစ်ခဲ့သည်။ အုပ်ချုပ်သူသာ ထိုအကြောင်းကို သိသည်။
ထိုထဲတွင် ရှီရာ၏ အကြီးမားဆုံး လျို့ဝှက်ချက်လည်း ရှိနေ၏။ ထိုနေရာတွင် အဲလစ်အပါအဝင် လူတိုင်း၏ အရှေ့၌ မပြသသော သူ၏ စစ်မှန်သော သာယာမှု၊ ဒေါသ၊ ဝမ်းနည်းမှု နှင့် ပျော်ရွှင်မှုတို့ကို မှတ်တမ်းတင်ထားသည်။ ထိုသေးငယ်သော လျို့ဝှက်ခန်း ထဲတွင်သာ ရှီရာသည် လွတ်လွတ်လပ်လပ် ရယ်ခွင့်၊ငိုခွင့် ရှိလေသည်။
လျို့ဝှက်ခန်းသို့ ရောက်သွားသည်နှင့် ရှီရာ ချက်ချင်းပင် မျက်မှောင်ကြုတ် လိုက်သည်။ အခန်းထဲ၌ တစ်စုံတစ်ယောက် ရှိနှင့်နေပြီး ဖြစ်သည်။
ထိုသူသည် ရှီရာကို ကျောခိုင်းထားပြီး မှတ်ဉာဏ်ဆည်းလမ်းကို အသာအယ လှုပ်ရမ်းနေ၏။
တချွင်ချွင် အသံများကြားထဲ၌ ရင်းနှီးသော အသံများ ရံဖန်ရံခါ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ရှီရာ၏အသံများပင် ဖြစ်လေသည်။
၎င်းတို့ထဲ၌ စိတ်အေးလက်အေး ညည်းသံများပါရှိသည်။ ငိုသံ၊ ရယ်သံနှင့် ရှည်ကြာသော တီးတိုးပြောသံများလည်း ပါရှိသည်။
မိမိ၏ အကြီးမားဆုံး လျို့ဝှက်ချက် ပေါက်ကြားသွားသည့်အခါ ရှီရာသည် ဒေါသကို မထိန်းနိုင်တော့ပေ။
ထိုသူက ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်၏။ ဒါက တကယ် အဲဒီမျက်နှာပဲ။ ပြီးတော့လည်း ငါ့ရဲ့ ရင်ဘတ်ထဲကနေ ရင်းနှီးတဲ့ခံစားချက် ရနေတယ်။ ဒါက သေချာပေါက် သာမန် အသွင်ပြောင်း ပညာရပ်နဲ့ ရုပ်ဖျက်နိုင်တာ မဟုတ်ဘူး။
ရှီရာတွင် မေးစရာ မေးခွန်းထောင်ချီ ရှိနေသော်လည်း ထိုကဲ့သို့ အလုံခြုံဆုံး လျို့ဝှက်ခန်းထဲ၌ပင် သတ်ဖြတ်ချင်စိတ်များပြည့်နေသော အေးစက်စက် စကားတစ်ခွန်း ဆိုလိုက်သည်။
“မင်းရဲ့မျက်နှာဖုံး.....ဘယ်မှာလဲ။”
“ဒီမှာ။” ထိုသူ၏မျက်နှာပေါ်၌ ထူးဆန်းသော မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ ရှီရာ၏နှလုံးသား ရုတ်တရက် တင်းကြပ်သွားသည်။
ဒီလိုမျိုး အငွေ့အသက်.....။ ဟုတ်တယ်။ ဒါက အမြင့်မြတ်ဆုံး အဆောင်ပစ္စည်း ဖြစ်တဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးပဲ။ ပြီးတော့လည်း ဒါက လုံးဝပြီးပြည့်စုံနေတယ်။
ချက်ချင်းပင် ရှီရာသည် အလွန်ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်သွားသည်။ ထင်မြင်ချက်များကို ထိုအချိန်၌ အတည်ပြုနိုင်ခဲ့သည်။
ဘယ်ဇီဘတ်။
မဟုတ်ဘူး။ ငါသူ့ကို အက်ဂ်ယော ဘယ်ဇီဘတ်လို့ ခေါ်ရမှာ။
“သဟဇီဝ”စာချုပ် ဆိုတာကလည်း တစ်ချိန်တည်းမှာ လူနှစ်ယောက် ပျောက်ကွယ်သွားမှာကို ဖုံးကွယ်ဖို့အတွက် အလိမ်အညာ တစ်ခုပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ပျောက်ကွယ်သွားပြီး ရင်းနှီးသော မျက်နှာတစ်ခု ပြန်ပေါ်လာသည်။
ရှီရာ၏ မျက်လုံးများက ဓားကဲ့သို့ လက်ခနဲ ဖြစ်သွား၏။ “မင်းဘာလို့ အဲဒါကို မဝတ်ထားတော့တာလဲ။”
၎င်းကို ကြားသည့်အခါ ချန်လွေ့ သက်ပြင်းချလိုက်သည်။ “အချိန်အကြာကြီး မျက်နှာဖုံး တပ်ထားမယ်ဆိုရင် တကယ်တမ်း ကိုယ်ဘယ်သူလဲဆိုတာ လွယ်လွယ်လေး မေ့သွားနိုင်တယ်လေ။ ဒါမှမဟုတ် တစ်နေ့ကျလို့ မျက်နှာဖုံးချွတ်ဖို့ ဆုံးဖြတ်တဲ့အခါ ကိုယ့်မျက်နှာက မျက်နှာဖုံးနဲ့ တစ်သားတည်းဖြစ်နေတာကို သိသွားနိုင်တယ်။ ခင်ဗျား နားလည်လား။”
၎င်းသည် ကွယ်ဝှက်ထားသော အဓိပ္ပာယ်တစ်ခုပါသည့် အဖြေတစ်ခု ဖြစ်သည်။
ရှီရာက မျက်နှာကို ထိကြည့်လိုက်မိပြီး အေးစက်စက်နှင့် ပြောသည်။ “နားမလည်ဘူး။ မင်း တကယ် ဘာဖြစ်ချင်တာလဲဆိုတာကို ငါ နားမလည်ဘူး။”
“ဒါဆို ကျုပ်ကို ပြောပြ။ ခင်ဗျား ဘာဖြစ်ချင်တာလဲ။” ချန်လွေ့က တစ်လှမ်းချင်း လျှောက်လာသည်။
ငါ ဘာဖြစ်ချင်တာလဲ....
ရှီရာ၏အကြည့် ရုတ်တရက် မတည်မငြိမ်ဖြစ်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်သွားသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များ အဆုံးစွန်အထိ ရောက်ရှိသွား၏။
“ငါမင်းကို သေစေချင်တယ်။” ထိုသို့ပြောနေပြီး သူ၏ သတ်ဖြတ်ချင်စိတ်မှာ စူးရှနေဆဲ ဖြစ်သော်လည်း သူသည် နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်ခွာနေ၏။ သို့သော် ထိုလျို့ဝှက်ခန်းမှာ သေးငယ်လှသည့်အတွက် ခြေနှစ်လမ်း လှမ်းပြီးနောက်တွင် ထောင့်သို့ ရောက်ရှိသွားလေသည်။
ချန်လွေ့က မိမိကို စိုက်ကြည့်နေသော တော်ဝင်မင်းသမီးအား ကြည့်လိုက်သည်။ ခီရာကို အသုံးချပြီး မိမိအား ထွက်သွားစေခဲ့သည့်အခါ၌ ရှီရာ၏ ရက်စက်မှုနှင့် ပြတ်သားမှု များကို ချန်လွေ့ သတိရလိုက်သည်။ ၎င်းသည် ထိုနောက်ဆုံး အမိန့်အတွက်သာ ဖြစ်၏။ “ရှီရာလူစီဖာဆိုတဲ့ နာမည်နဲ့ ငါမင်းကို အမိန့်ပေးတယ်။ မင်း အသက်ရှင်ရမယ်။”
ချန်လွေ့ မျက်လုံးမှိတ်ပြီး ထိုအချိန်၌ ထိန်းချုပ်၍ မရတော့သော မျက်ရည်စက်များနှင့် ခံစားချက်များကို နူးနူးညံ့ညံ့ ပြန်ခံစားကြည့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းကို လွှတ်ခနဲ ပြောလိုက်သည်။
“ရူးမိုက်တဲ့မိန်းမ။”
ထိုရင်းနှီးသော စကား(၃)လုံးကြောင့် ရှီရာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွား၏။ နောက်ဆုံး၌ သူသည် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကို ဖိနှိပ်ပြီး အံကြိတ်ကာ ပြောသည်။ “အဲဒီ ကျိန်ဆိုထားတာကို စစ်မြေပြင်မှာ ငါ ဖြည့်ဆည်းပြီးပြီ။ အဲဒီတုန်းက ငါမင်းကို မသတ်ခဲ့ဘူး။ အခုတော့ မင်းသေရင်သေ၊ မဟုတ်ရငါ ငါ.... ”
“ဒါဆိုလည်း စကားတစ်လုံး ပြောင်းလိုက်ရအောင်။” ထိုသူ၏မျက်လုံးထဲ၌ ဟန်မဆောင်ထားသော စိတ်ရင်းနှင့် မြတ်နိုးမှုများ ပြသနေ၏။ “ကျုပ်ရဲ့ ရူးမိုက်တဲ့ မိန်းမ။”
ရှီရာ၏လှုပ်ရှားမှုများ တန့်သွားခဲ့ပြီး သူ၏ရင်ဘတ်ထဲ၌ ကြာရှည် တင်းမာနေသော ခံစားချက်များ ထိန်းချုပ်၍မရဘဲ လှိမ့်တက်လာတော့သည်။ ထို့နောက် သူသည် ပြင်းထန်သော ဖိုဆန်သည့်အငွေ့အသက်တစ်ခု အလျင်အမြန် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းကို ရှောင်တိမ်းပြီး“ရန်သူ” ကို သတ်ပစ်ရန် ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့သော်လည်း ရှီရာသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ညင်ညင်သာသာ ပွေ့ဖက်ခံလိုက်ရသည်။
တော်ဝင်မင်းသမီးရဲ့ တုန်လှုပ်နေသော အနီရောင် နှုတ်ခမ်းများကို ထိုသူက ဖမ်းယူ လိုက်သည့်အခါ ရှီရာ၏စိတ် ကွက်လပ်ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချာချာလည်နေပြီး အဆုံးမရှိသော အစိမ်းရောင် ပန်းတောထဲ၌ ပျံသန်းနေသကဲ့သို့ပင် ဖြစ်နေ၏။
( ငါ ဘာလိုချင်တာလဲ။ )
( လော့ဒ်ရာထူးလား။ အာဏာလား။ ပလ္လင်လား။ )
( ဒါတွေက တော်ဝင်မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်အောက်က “အသင့်တော်ဆုံးတွေ” ပဲ။ ငါ ဘာမှ ရွေးချယ်လို့ မရဘူး။ )
( တကယ်တော့ ငါလိုချင်တာက ငါဒေါသထွက်တဲ့အခါ ငါ့မျက်ရည်တွေကို ခံထားပေးနိုင် ပြီးတော့ ငါပျော်တဲ့အခါ ကိုက်လို့ရမယ့် ပုခုံးတစ်ဖက်ပဲ။ )
( ငါလိုချင်တာက နွေးထွေးတဲ့ အလင်းရောင်တစ်ခုပဲ.....။ အေးစက်တဲ့ ပလ္လင် မဟုတ်ဘူး။ အေးစက်တဲ့ ကြေးမုံ မဟုတ်ဘူး။ အေးစက်တဲ့ ဆည်းလည်း မဟုတ်ဘူး။ )
( ဒီလိုမျိုးလေးပဲ..... )
ရုတ်တရက် စကားတစ်ခွန်းကို သူ တွေးမိသွားသည်။ တစ်စုံတစ်ယောက်က မင်းဘေးမှာ ရှိနေမယ်ဆိုရင် စကားတစ်လုံးမှ မပြောရင်တောင် အဲဒါက ပျော်ရွှင်မှု တစ်မျိုးပဲ။ မင်း အရာအားလုံး ဆုံးရှုံးသွားရင်တောင် ဘယ်မှကြည့်မနေနဲ့။ မင်းအရှေ့မှာ တစ်စုံတစ်ယောက် ရှိနေတယ်။ ပြီးရင် ဝမ်းမနည်းနဲ့။ စိတ်ဓာတ်မကျနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မမေ့နဲ့။
နွေးထွေးသော နှုတ်ခမ်းတစ်စုံက ဖြည်းဖြည်းချင်း ခွဲခွာသွားကြသည်။ ထို့နောက် ရှီရာက မျက်ရည်ဝဲနေသော ခရမ်းရောင်မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ မျက်ဝန်းနက်နက်တစ်စုံက သူ၏ မျက်လုံးထဲ၌ အပြင် နှလုံးသားထဲ၌လည်း စွဲထင်နေခဲ့သည်။
ဟုတ်တယ်။ ငါက တစ်ယောက်တည်း မဟုတ်ဘူး။
စစ်မှန်တဲ့ အထီးကျန်မှုက မွေးရာပါ မဟုတ်ဘဲနဲ့ တစ်စုံတစ်ယောက်ကို ချစ်သွားရင် ဖြစ်လာတာ ထင်တယ်။
ယုတ်စွအဆုံး ယခုတွင် သူသည် တစ်ကိုယ်တည်း မဟုတ်တော့ပေ။
“ကျုပ်က ဘယ်ဇီဘတ် မဟုတ်ဘူး။ ကျုပ်က ချန်လွေ့ပါပဲ။ ချန်လွေ့ရဲ့ ချန်။ ချန်လွေ့ရဲ့ လွေ့။” ထိုသူက အသာလေး ပြုံးလိုက်သည်။ “ခင်ဗျားရဲ့ ချန်လွေ့။”
နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားတို့၏ ထင်ရှားသော သက်သေများရှိနေသော်လည်း မည်သည့်အတွက် သူ့ကို ရှီရာ အလွယ်တကူ ယုံကြည်ခဲ့ကြောင်း ရှီရာကိုယ်တိုင် မသိပေ။
ရှီရာသည် အမှောင်လမြို့ကို အုပ်စိုးသူဖြစ်ပြီး ပုခုံးပေါ်၌ တာဝန်များစွာ ရှိသည်။ အစီအစဉ်တစ်ခုအရဆိုလျှင် သူသည် အနာဂတ်၌ ထီးနန်းကို ဆက်ခံရမည် ဖြစ်သည်။ ထိုသူသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု မဟုတ်သည့်တိုင် အနာဂတ်၌ အခက်အခဲ အများအပြား ရင်ဆိုင်ရမည်မှာ သေချာပေသည်။
အနာဂတ် မည်သို့ ဖြစ်လာမည်ကို သူမသိ။
ယခု သူ၏ရင်ထဲ၌ ခံစားချက်ကို ဖိနှိပ်၍ မရနိုင်တော့ကြောင်းကိုသာ သူသိသည်။
စစ်မှန်သော သွေးအေးပြီး တည်ငြိမ်သည့် အုပ်ချုပ်သူတစ်ယောက် ဖြစ်လာရန်အတွက် ခံစားချက်များကို စွန့်ခွာရန် သတိပေးနေခဲ့သော်လည်း ရှီရာသည် ၎င်းကို မဖိနှိပ်နိုင်ခဲ့ပေ။
၎င်းသည် မီးတောက် ပေါက်ကွဲသကဲ့သို့ပင် ပြင်းထန်လှသည်။
“မင်းက ငါ့တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ မင်းမှာ ခီရာရှိတယ်။ အသီနာ ရှိတယ်။ တခြား မိန်းမတွေလည်း ရှိလောက်တယ်။” ရှီရာ ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “မင်း ငါ့ကို ချစ်ဖို့ ရွေးချယ်လို့ရတယ်။ မရွေးလည်း ရတယ်။ ဒါပေမဲ့ ငါက မင်းကို ချစ်ဖို့ပဲ ရွေးလို့ရတယ်။ မင်းကို ပိုပြီးတော့တောင် ချစ်နိုင်တယ်။”
နူးညံ့သော သိမ်မွေ့ခြင်းများ၊ ရှက်ရွံ့ခြင်းများ ရှိမနေပေ။ ချန်လွေ့၏ နှလုံးသားကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့သော ရဲတင်းသည့် ထိုဖွင့်ပြောခြင်းသာ ရှိသည်။
ယခင်က ဝေဝါးပြီး နွေးထွေးသော မြတ်နိုးမှုသည် ချက်ချင်းပင် ကြည်လင်ပြတ်သားသွား၏။ ထိုခံစားချက်မှာ ရှီလန်တောင် မြေအောက်လောက၌ ဂလော်ဖင်းနှင့် ရင်ဆိုင်ခဲ့စဉ် သေရေးရှင်ရေးအခြေအနေတွင် အသီနာ၏ နောက်ဆုံး ဖွင့်ပြောခြင်းကို ကြားခဲ့ရသကဲ့သို့ပင် ဖြစ်သည်။
ထိုစကားလုံးများ ချန်လွေ့နားထဲ ပဲ့တင် ပြန်ထပ်လာပုံရသည်။ ရှီရာလူစီဖာဆိုတဲ့ နာမည်နဲ့ ငါမင်းကို အမိန့်ပေးတယ်။ မင်း အသက်ရှင်ရမယ်။
ချန်လွေ့က ရှီရာကို ရုတ်တရက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး နှုတ်ခမ်းအား အရူးအမူး နမ်းရှိုက်လိုက်သည်။
ထိုအချိန်၌ သူတို့နှစ်ယောက်သည် အချင်းချင်း၏ စိတ်ထဲမှ အသံကို ကြားလိုက်ရသည်။ ဘယ်တော့မှ မခွဲတော့ဘူး။
နောက်ဆုံး၌ ရေခဲ အရည်ပျော်သွားတော့သည်...