← Chapters

အနာဂတ်၌ အစွမ်းအထက်ဆုံး ဗိုလ်ခြေနှင့် မြို့တော်၏ စိတ်ချောက်ချားမှု

Vol. 27 Ch. 393

အနာဂတ်၌ အစွမ်းအထက်ဆုံး ဗိုလ်ခြေနှင့် မြို့တော်၏ စိတ်ချောက်ချားမှု

Vol. 27 Ch. 393

ယန်းကော်မြို့ ရှေးဟောင်းစစ်မြေပြင်၌ -

သွေးရောင်စွန်းနေသော [ငရဲမြူ]သည် နောက်ဆုံး၌ တဖြည်းဖြည်း‌ ပျောက်ကွယ် သွားတော့သည်။

တိုက်ခတ်နေသော လေသည် ပျို့အန်ချင်စရာ သွေးနံ့များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း ဒိုင်ရာ့ခ်သည် ၎င်းအနံ့ကို မရတော့ပေ။ သူ၏ထုံထိုင်းလုနီးပါး အနံ့ခံ အာရုံနှင့်ယှဉ်လျှင် သွေးများနှင့် အလောင်းများ တောင်ပုံရာပုံ မြင်ကွင်းသည် သူ၏စိတ်ကို လုံးဝပြိုလဲလုမတတ် ဖြစ်သွားစေရန် လုံလောက်ပေသည်။

ချော်ရည်ပြာစစ်တပ်ဦးရေ တစ်သိန်းတွင် နှစ်ဦးသာ အသက်ရှင်ကျန်ခဲ့သည်။

တစ်ယောက်မှာ ဒိုင်ရာ့ခ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆာလ်ဖာ ဖြစ်သည်။

ဒိုင်ရာ့ခ်က သူ၏ မြို့‌တော်သံတမန် ဂုဏ်ပုဒ်ကိုသာ မအော်ပြောခဲ့လျှင် သူ၏ ကံကြမ္မာသည် တိုင်တန်၊ နာဒါနှင့် မြေပေါ်ရှိ အလောင်းများအားလုံးကဲ့သို့ပင် ဖြစ်သွားပေ လိမ့်မည်။

ဆာလ်ဖာ အသက်ရှင်ရခြင်းမှာ သေရေးရှင်ရေးအခြေအနေ၌ ငယ်သားများကို ကာကွယ်နေသေးသော ဒိုင်ရာ့ခ်ကြောင့် မဟုတ်ဘဲ အလောင်းအောက်လမ်းပညာရှင်က သူ၏မြူကို ပျောက်ကွယ်စေခဲ့သော ထို “ကောင်ကလေး”ကို စိတ်ဝင်စားနေပြီး ဆာလ်ဖာ တွင်လည်း မသေမျိုးမှော်ပညာ အငွေ့အသက် ရှိနေခြင်းကြောင့် ဖြစ်သည်။

အသီနာက ဝမ်းဗိုက်ထဲမှ ပျို့အန်ချင်စိတ်ကို ထိန်းထားလိုက်သည်။ သူက ငရဲသဖွယ် ဖြစ်နေသော ရှေးဟောင်းစစ်မြေပြင်ကို ကြောင်တောင်တောင် ငေးကြည့်ရင်း စိတ်ကို တည်ငြိမ်အောင်ပြုလုပ်ရန် ခက်ခဲလာသလို ခံစားလာရသည်။ သူသည် မှော်ဆရာ ခံတပ်၌ ကြီးပြင်းလာခဲ့ပြီး ဖခင်ဖြစ်သူ ပထမဗိုလ်ချုပ်နောက်သို့ လိုက်နေခဲ့ပြီး စစ်ပွဲ အသေးအချို့ကို မြင်တွေ့ခဲ့ရသော်လည်း ထိုကဲ့သို့ ကြီးမားလှသော သေခြင်းတရားကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြးင်း ဖြစ်သည်။

ဒါက တကယ့်စစ်ပွဲလား။

ဒီခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေက အလောင်းတွေနဲ့ သွေးတွေပေါ်မှာ တည်ဆောက်ထားတာလား။

“မဒမ် အသီနာ။” ဂူရာဒန်၏အသံက အသီနာ၏ အတွေးများကို နှောင့်ယှက် လိုက်သည်။ “ဒီမသေမျိုးမှော်ပညာရှင်‌လေးကို ကျုပ်ဘေးနားမှာ ခေါ်ထားချင်တယ်။ အဆင်ပြေလား။”

အနည်းငယ် စစ်မေးပြီးနောက် ဂူရာဒန်က ဆာလ်ဖာကို ပို၍ပင် စိတ်ဝင်စား သွားသည်။ မသေမျိုးမှော်ပညာကို လေ့လာနေသော ကောင်ကလေး တစ်‌ယောက်ကို ဆုံတွေ့ရန်မှာ ရှားပါးလှသည်။ ကျွန်-သခင် စာချုပ်ကြောင့်သာ မဟုတ်လျှင် ဂူရာဒန်သည် အစေခံတစ်ယောက် လက်ခံလိုက်မည် ဖြစ်သည်။

“ရတာပေါ့။” အသီနာ သတိပြန်ဝင်လာခဲ့သည်။ ရန်သူကို သနားခြင်းသည် ကိုယ့်ကိုယ်ကိုယ် ရက်စက်ခြင်းပင်ဖြစ်ကြောင်း သူ၏ဖခင် ပြောခဲ့ဖူးသည်။ ထိုတပ်ဖွဲ့များ ကိုသာ အမှောင်လမြို့ထဲ ဝင်ခွင့်ပြုလိုက်လျှင် အမှောင်လမှ စစ်သည်များနှင့် အပြစ်မဲ့ သူများပင် မြေပြင်ပေါ်၌ လဲနေမည် ဖြစ်သည်။

“ဒါက ဆာ့အတွက် လျှမ်းလျှမ်းတောက်အောင်နိုင်မှု တစ်ခုပဲ။ မြို့တော် သံတမန်က အသုံးမဝင်ဘူးဆိုရင် ခုနက သူ့ကို အသက်ချမ်းသာခွင့် ပေးခိုင်းမှာ မဟုတ်ဘူး။ ဆာ့ရဲ့ မသေမျိုးမှော်ပညာ ထူးချွန်မှုတွေက ကျွန်မရဲ့မျက်လုံးကို ပွင့်သွားစေခဲ့တယ်။ အထူးသဖြင့် အရိုးခြောက်မှော်ပညာရှင် တပ်ဖွဲ့ကပေါ့။ ဒီလိုမျိုး စစ်တပ်အမျိုးအစားအသစ် ထွက်ပေါ်လာတာက စစ်ပွဲတော်လှန်ရေးတစ်မျိုး ဖြစ်လာစေမှာပဲ။”

ဂူရာဒန်က အားရပါးရ ရယ်လိုက်သည်။ ထိုမိန်းမသည် “ထိုသူ”၏ မိန်းမကဲ့သို့ ဟန်ဆောင်ပြီး သူ့ကို အမိန့်မပေးဘဲ ရိုရိုသေသေ ဆက်ဆံခဲ့သည်။ ၎င်းသည် သူ့ကို အတော်လေး ကျေနပ်စေခဲ့သည်။

ထိုအချိန်၌ ဂူရာဒန်သည် မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။ အဝေးမှ အမည်းစက်နှစ်ခု အလျင်အမြန် အဆကြီးထွားလာကြောင်း သူ မြင်လိုက်ရသည်။ သူတို့ အလွန်လျင်မြန်စွာ ပျံသန်းနေသည်မှာ သိသာလှပေသည်။ ဂူရာဒန် အာရုံစိုက်ကြည့် လိုက်သောအခါ ၎င်းတို့သည် အမှန်တကယ်၌ ဧရာမနဂါးနှစ်ကောင်ဖြစ်ကြောင်း သိရှိသွားခဲ့သည်။.

ဂူရာဒန်သည် ထိုနဂါးနှစ်ကောင်၏ စွမ်းအားကို ခံစားမိသည်။ အထူးသဖြင့် အစိမ်းရောင်နဂါး၏ စွမ်းအားကို ပိုမိုခံစားမိသည်။ သူကိုယ်တိုင်သည်ပင် ရင်တုန်ပန်းတုန် ခံစားနေရသည်။.

“မဒမ်။ ဒီကနေ ထွက်သွားတော့။”

အသီနာ ထိတ်လန့်သွား၏။ ထိုအချိန်၌ ညိုဝါမှိုင်းရောင် နဂါးထံမှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။ “အသီနာ။”

အသီနာ စိတ်အေးသွားပြီး မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ “ငါ ဒီမှာ။”

နဂါးကျောပေါ်၌ အနက်ရောင်အရိပ်တစ်ခု ထရပ်လိုက်ပြီး ထိုနဂါးထက် ပိုမြန်သော အမြန်နှုန်းဖြင့် ခုန်ဆင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူသည် ဂူရာဒန် အရှေ့သို့ ရောက်ရှိလာခဲ့သည်။

သူပဲ။ ဂူရာဒန်က ထိုအမြန်နှုန်းနှင့် စွမ်းအား အငွေ့အသက်ကို စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ဒါက မဖြစ်နိုင်တာပဲ။

ထို့နောက် ချက်ချင်းမှာပင် နဂါးနှစ်ကောင်လည်း အရှိန်တင်လိုက်၏။ သူတို့ မြေပေါ်သို့ ဆင်းသက်လိုက်စဉ်တွင် ယောက်ျားနှင့်မိန်းမအဖြစ် ပြောင်းလဲသွားကြသည်။

ဂူရာဒန်က သူအကြောက်ရဆုံးဖြစ်သည့် အဆိပ်နဂါးကို မှတ်မိသည်။ ထိုမိန်းမကို သူ မသိသော်လည်း ထိုမိန်းမ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နတ်ဆိုးအရှင်သခင် အဆင့် အငွေ့အသက်သည် သူ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

ချန်လွေ့က အနီးအနားမှ သွေးပျက်ဖွယ် ငရဲတွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုကဲ့သို့ မြင်ကွင်းများကို [ စိတ်သန့်စင်ခြင်း ] ပုံရိပ်ယောင် အခြေအနေ၌ အများအပြား မြင်ခဲ့ဖူးသော်လည်း ယခုမှ ပထမ‌ဆုံးအကြိမ်အဖြစ် အမှန်တကယ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအချိန်၌ သူ၏နှလုံးသားသည် အသီနာထက် ပို၍ပင် တဒုတ်ဒုတ် ကိုက်ခဲသွား၏။

စစ်ပွဲဆိုတာက အရက်စက်ဆုံး ဖြစ်သလို အင်အားပိုကြီးတဲ့သူတွေအတွက် အကျိုးအရှိဆုံး ကိစ္စတစ်ခုပဲ။

ဘယ်လောက်ပဲ မြင့်မြတ်ပါတယ်လို့ ဖော်ပြနေပါစေ၊ စစ်ပွဲက အမြဲတမ်း အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုပဲ။

ဒါပေမဲ့ ငြိမ်းချမ်းပြီးတော့ တည်ငြိမ်တဲ့ အစိုးရစနစ်ကို တည်ထောင်ဖို့အတွက် အိပ်မက်တွေ၊ မျှော်လင့်တွေအပေါ်မှာ မူတည်နေတယ်။ ပြီးတော့လည်း နောက်ဆုံးမှာ သွေးတွေချွေးတွေ ပေးဆပ်ရတယ်။ လက်ရှိအခြေအနေကို ကြည့်ရတာ ငါတို့တွေ ငြိမ်းချမ်းမှု ရချင်တယ်ဆိုရင် အရင်ဆုံး စစ်ဖြစ်ရမယ်။

အနာဂတ်မှာလည်း ငါတို့တွေ ဒီလိုမျိုး ရက်စက်တဲ့မြင်ကွင်းမျိုးကို မြင်ရဖို့ များတယ်။ အဲဒါကြောင့် ငါတို့တွေ ဒါနဲ့ အသားကျအောင် လုပ်ထားရမယ်။

ချန်လွေ့က စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ပြီး ပြောသည်။ “ငါတို့ ခြေတစ်လှမ်း နောက်ကျနေသေးတဲ့ပုံပဲ။ အသီနာ။ မင်း အဆင်ပြေရဲ့လား။”

“အဆင်ပြေပါတယ်။ ဆာ-ဂူရာဒန်က ဒီတစ်ခေါက် တန်ခိုးကြီး မသေမျိုး စွမ်းအားတွေကို ထုတ်လွှတ်ခဲ့တယ်။ ချော်ရည်ပြာရဲ့ စစ်သည်တစ်သိန်းလုံး အသက်ခံလိုက်ရပြီ။”

စစ်သည်တစ်သိန်းလုံး အသတ်ခံလိုက်ရတာလား။ ချန်လွေ့ စိတ်ထဲ၌ အံ့သြမိသွားသည်။ အစကတော့ ချော်ရည်ပြာစစ်တပ် ရှုံးနိမ့်မယ်လို့ပဲ ငါထင်ထားခဲ့တာ။ ဂူရာဒန်က သူတို့အကုန်လုံးကို သတ်ပစ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ငါသူ့ကို မတွေ့ရတာတောင် အတော်ကြာပြီ။ သူ့ရဲ့ မသေမျိုးစွမ်းအားတွေက တော်တော်လေး မြန်မြန်တိုးတက်လာတာပဲ။ ဒီအလောင်းအောက်လမ်းပညာရှင်ကို ငါသိမ်းသွင်းဖို့ ဆုံးဖြတ်ခဲ့တာ တော်တော်လေး ကံကောင်းတယ်လို့ ခံစားမိတယ်။”

ဂူရာဒန်၏ မသေမျိုးစစ်တပ် တည်ထောင်မှု အောင်မြင်ခြင်းမှာ ရှေးဟောင်း စစ်မြေပြင်၏ အထူးပတ်ဝန်းကျင်မှ ခွဲထုတ်၍ မရနိုင်ပေ။ ယန်းကော်မြို့သူ/သားများ ရွှေ့ပြောင်းသွားပြီးသည့်အခါ ထိုနေရာ၌ မှော်စက်ဝိုင်းအများအပြားနှင့် ယဇ်ပလ္လင်များ ခင်းကျင်းပြုလုပ်ခဲ့သည်။ ၎င်းတို့မှာ ဂူရာဒန်၏ အိမ်ကွင်းဟုပင် ခေါ်ဆို၍ ရနိုင်ပေသည်။ အခြားနေရာတစ်ခုသာဆိုလျှင် မသေမျိုးအဖြစ် အသွင်ပြောင်းစရာ အများအပြားရှိမည် မဟုတ်သည်မှာ သေချာပေသည်။ ထို့ပြင် သူသည် ယခုကဲ့သို့ ရလာဒ်မျိုးကိုလည်း သေချာပေါက် ရရှိနိုင်မည် မဟုတ်ပေ။

ဂူရာဒန်က သုတေသန ရလာဒ်များကို ချန်လွေ့ထံ ဂုဏ်ယူဝင့်ကြားလျက် တင်ပြလိုက်သည်။ ထိုအရိုးခြောက် မှော်ပညာရှင်များ၏ ချန်လွေ့ထံမှ အမှန်တကယ်ပင် ဉာဏ်ကွန့်မြူးထားခြင်း ဖြစ်သည်။

ဂူရာဒန်က မိမိ၏ အမြင်များကို လက်တွေ့အဖြစ် အလျင်အမြတ် ပြောင်းလဲ လိုက်သည်ကို မြင်သည့်အခါ ချန်လွေ့က ဂူရာဒန်ကို ပို၍ပင် လေးစားမိသွားပြီး ပြောသည်။ “ကျုပ် နည်းနည်း အကြံပေးစရာ ရှိတယ်။ ဒီအရိုးခြောက်မှော်ပညာရှင်တွေနဲ့ ယန္တရားတပ်က တော်‌တော်လေး စွမ်းအားကြီးတယ်။ အရိုးခြောက်းမှော်ပညာရှင်ရဲ့ ဒြပ်စင်တိုက်ခိုက်မှုက ရိုးရှင်းပေမဲ့ သက်ရောက်မှုရှိတယ်။ ပြစ်ချက်ကတော့ ခုခံမှု အားနည်းတာပဲ။ ဒါက တိုက်ပွဲအခြေအနေမှာ ဆိုးဝါးတဲ့ လွှမ်းမိုးမှုတွေ ဖြစ်လာမှာ စိုးရတယ်။ ယန္တရားတပ်ရဲ့ ပြစ်ချက်ကတော့ အရိုးခြောက်မြင်းရဲ့ အမြန်နှုန်းနှင့် တည်ငြိမ်မှုပဲ။ ယန္တရားတပ်ရဲ့ ရွေ့လျားနှုန်းနဲ့ တိုက်ခိုက်မှု စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်မယ်ဆိုရင် ရန်သူကို ထိတ်လန့်စေဖို့အတွက် ဟန်ပြအနေနဲ့လည်း အသုံးချလို့ ရတယ်။”

ဂူရာဒန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းခါသည်။ “ဒါနဲ့ ပတ်သက်ပြီး ကျုပ် စမ်းသတ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ အသင့်တော်ဆုံး အဖြေတစ်ခုမှ မတွေ့ခဲ့ဘူး။”

“ချပ်ဝပ်တန်ဆာတွေရဲ့ စွမ်းအားကို ငှားယူဖို့ရော ....... ဖြစ်နိုင်လား။” ချန်လွေ့ တွေးလိုက်သည်။ “အရိုးခြောက်မှော်ပညာရှင်တွေက ဒြပ်စင်စွမ်းအား ပြန်လည် ဖြည့်တင်းမှုကို မြန်ဆန်စေဖို့အတွက် မှော်ချပ်ဝတ်တန်ဆာတွေ အသုံးပြုကြတယ်။ ယန္တရားတပ်အတွက် အမြန်နှုန်းနဲ့ တည်ငြိမ်မှု ကြီးကြီးမားမား တိုးစေဖို့အတွက် ချပ်ဝတ်တန်ဆာတစ်စုံကို ကျုပ် ပုံစံဖော်ပေးလို့ရတယ်။”

“မင်း....သခင်။ ရိုင်းပျမိသွားရင် ခွင့်လွှတ်ပေးပါ။” ဂူရာဒန်၏ မျက်လုံးများ အနီရောင် လက်သွားခဲ့သည်။ “ဒီလိုခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် သခင် တကယ်ပဲ မှော်ချပ်ဝတ် တန်ဆာကို ပုံစံဖော်တတ်တာလား။”

“ဒါပေါ့။” ချန်လွေ့က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ “ပြီးတော့လည်း တပ်ဖွဲ့အမျိုးအစားတွေကို ထပ်ပေါင်းထည့်သင့်တယ်လို့ ကျုပ်ထင်တယ်။ ဥပမာ မြားတပ်၊ လေတပ် စသဖြင့်ပေါ့။ ပြီးတော့ အထူး အဆင့်မြင့် ချပ်ဝတ်တန်ဆာတွေကို သုံးဖို့အတွက် လက်ရွေးစင် တပ်သားတွေကို သာမန် အမြောက်စာအရိုးခြောက်တွေနဲ့ ခွဲခြားထား သင့်တယ်။ အထူးသဖြင့် အထိတ်တလန့် မြင်းစီးသူရဲကောင်းကို အနည်းဆုံး ထူးကဲအဆင့် လက်နက်တွေနဲ့ ချပ်ဝတ်တွေ တပ်ဆင်ပေးသင့်တယ်။ ဒီအရင်းအမြစ်တွေအတွက် ငွေကြေးကို ခင်ဗျား စိုးရိမ်စရာ မလိုဘူး။ ကျုပ်လုံးဝ တာဝန်ယူပေးမယ်။ ဒီနေ့ ခင်ဗျားက ကျုပ်ကို မသေမျိုးစွမ်းအား ပြသခဲ့ပြီးပြီ။ နောက်ထပ်စစ်မြေပြင်မှာ ကျုပ်တို့ရဲ့ မသေမျိုးစစ်တပ်၊ ခင်ဗျားရဲ့ သုတေသန ရလာဒ်တွေနဲ့ နှစ်၂၀၀၀ကျော် ပျောက်ကွယ်နေတဲ့ ခင်ဗျားရဲ့ ဂုဏ်သတင်းတွေအားလုံးက ခံ့ညားထည်ဝါပြီးတော့ တောက်ပလာမှာပဲ။ ဒါက နတ်ဆိုးဘုံရဲ့ မသေမျိုးမှော်ပညာ သမိုင်းကြောင်းမှာ အနက်ရှိုင်းဆုံး မှတ်ကျောက်တင်ခံ ရမှာပဲ။”

ချန်လွေ့၏ စကားများမှာ ဂူရာဒန်ကို သိမ်းသွင်းရန်အတွက် မဟုတ်သည်မှာ သေချာသည်။ သို့သော်လည်း သူသည် ယုံကြည်မှုကို လုံးဝတည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ ဤအတိုင်းသာ ရှေ့ဆက်မည်ဆိုလျှင် ဂူရာဒန်၏ မသေမျိုးစစ်တပ်သည် အနာဂတ် တိုက်ပွဲများ၌ အမှောင်လ၏ အစွမ်းအထက်ဆုံး တပ်ဖွဲ့ဖြစ်လာမည်မှာ သေချာပေသည်။

ဒါက နတ်ဆိုးဘုံတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံး စစ်တပ်တစ်ခုတောင် ဖြစ်လာနိုင်တယ်။

ဂူရာဒန်၏ မျက်လုံးထဲရှိ အနီရောင်အလင်း ပိုမိုတောက်ပသွားပြီး တရိုတသေနှင့် အလေးပြုလိုက်သည်။ သူ စကားတစ်လုံးမှ မပြောသော်လည်း သူ၏ခေါင်းထဲ၌ အတွေးများ ပြည့်လျှံနေသည်။

“ဒီနေရာကနေ ငါတို့ ဘယ်တော့ ထွက်သွားကြမလဲ။ ဒီသွေးနံ့တွေက တော်တော် ဆိုးတယ်။ ငါပြန်ပြီးတော့ ငါတို့ရဲ့ရတနာကို ရှုစားရဦးမယ်။” ခရိုဘဲလက်စ်က ပြောသည်။

ဂူရာဒန်က မြနဂါးကို သတိဖြင့် ကြည့်လိုက်သည်။ ချန်လွေ့ အသာလေး ပြုံးလိုက်၏။ “ဒါက မစ်-ခရိုဘဲလက်စ်ပါ။ ပါ့ဂ်လီအိုရဲ့ မိန်းမ။ သူက နောက်ကျရင် ကျုပ်တို့ရဲ့ ယုံကြည်ရတဲ့ အပေါင်းအဖော်တစ်ယောက် ဖြစ်လာမှာ။ အသီနာ။ မင်းတို့ နှစ်ယောက်လည်း အချင်းချင်း သိထားသင့်တယ်။”

“မိန်းမ”ဟူသော စကားလုံးကို ကြားသည့်အခါ ခရိုဘဲလက်စ်၏မျက်နှာ အနည်းငယ် နီမြန်းသွားပြီး သူ့လူ၏ သဟဇီဝ မိတ်ဆွေအပေါ် အမြင်ပိုကောင်းသွားခဲ့သည်။ အဆိပ်နဂါး၌ ထိုကဲ့သို့လှပသော မိန်းမတစ်ယောက် ရှိလိမ့်မည်ဟု အသီနာ မထင်မှတ်ထားခဲ့ပေ။ သူက ချက်ချင်းပင် ခရိုဘဲလက်စ်နှင့် စတင် စကားပြောတော့သည်။ မိန်းမနှစ်ယောက်လုံးသည် အလွန်ပွင့်လင်းပြီး တဲ့တိုးဆန်သော စရိုက်လက္ခဏာများ ရှိကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ပတ်သက်မှုမှာ ခဏအကြာတွင် စည်းဝါးကိုက် သွားတော့သည်။

မစ်-မြနဂါး နာမည်ကို ကြားသည့်အခါ ထုံထိုင်းနေသော ဒိုင်ရာ့ခ် တုံ့ပြန်လာ၏။ သူက ကောက်ရိုးများကို ဖက်တွယ်သကဲ့သို့ပင် အားအနည်းငယ်စိုက်ကာ ရှေ့သို့ တက်သွားသည်။ “မဒမ် ခရိုဘဲလက်စ်။ ကျုပ်ကို ကူညီပါ။ ကျုပ် ဒီကြောက်စရာနေရာကနေ ထွက်သွားချင်တယ်။”

သူ အနားမကပ်နိုင်ခင်မှာပင် မမြင်နိုင်သော အားတစ်ခုက သူ့ကို တွန်းထုတ်လိုက်၏။ ၎င်းကို ကယ်တင်ရှင်အဖြစ် ဒိုင်ရာ့ခ် ယူဆထားသော ခရိုဘဲလက်စ်က ပြုလုပ်ခဲ့ဖြင်း ဖြစ်သည်။

ထိုစဉ်က ရေကန်ပြာတောင်ခြေသို့သွားရန် လိမ်ညာခဲ့သော “ဆာလ်ဖာ”သည် ချန်လွေ့ အသွင်ပြောင်းထားခဲ့ကြောင်း ခရိုဘဲလက်စ် သိသော်လည်း တကယ့် ဒိုင်ရာ့ခ်ကို မြင်သည့်အခါ သူ ဒေါသထွက်နေဆဲပင် ဖြစ်သည်။ အသီနာနဲ့ငါ စကားပြောနေတာကို ဘယ်လိုလုပ် သူ နှောင့်ယှက်ရဲတာလဲ။

ဘေးဖက်မှ ဆာလ်ဖာသည် တစ်ခုခု ပြောချင်နေသေးသော်လည်း မစ်-မြနဂါးက သူ့ကို စိုက်ကြည့်လိုက်သည့်အခါ သူချက်ချင်း ခေါင်းငုံ့ပြီး ထပ်မပြောရဲတော့ပေ။

(ဒီလိုစွမ်းအားကြီးတဲ့ မသေမျိုး မှော်ပညာရှင်က တကယ်တော့ ဒီလူရဲ့အစေခံ ဖြစ်နေတာပဲ။)

(အမှောင်လမှာ တကယ်ကြီး ဒီလိုမျိုးစွမ်းအားကြီးတဲ့ အင်အားစုတစ်ခု ရှိနေတာလား။)

(မဒမ် ခရိုဘဲလက်စ်က တကယ်တမ်း နဂါးတစ်ကောင်ပဲ။ ပြီးတော့ .... သူက ဒီလူတွေနဲ့ တစ်ဖွဲ့တည်း။)

(ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဒီအင်ပါယာက တကယ်ကြီး လုံးဝ ပြောင်းလဲသွားလောက်တယ်......)

ကြယ်ကြွေတမန် မြို့တော် -

တော်ဝင်နန်းတော်၌ -

အိုဆိုင်ဒန်က မျက်နှာမည်းမှောင်လျက် အင်ပါယာဥယျာဉ်တွင် ထိုင်နေသည်။ သူ့ကို အဖော်ပြုပေးသော ကိုယ်လုပ်တော်သည်ပင် စကားတစ်လုံးမှ မပြောရဲပေ။ ယမန်နေ့ မတိုင်ခင်တစ်ရက်က စစ်ပွဲအစီရင်ခံစာတစ်ခုကို လက်ခံရရှိပြီးနောက် ရီဂျန့်သည် သူ့ကို စနောက်နေသော ကိုယ်လုပ်တော်၏ အရိုးများကို ချိုးပစ်ခဲ့သည်။

သူသဘောအကျဆုံး ကိုယ်လုပ်တော်က လျို့ဝှက်ချက်ပေါက်ကြားစေခဲ့ပြီး အတိအကျပြောရလျှင် ထိုပေါက်ကြားမှုက “ချာလီစ်”၏ သေဆုံးခြင်းကို ဖြစ်စေခဲ့ ပြီးနောက်တွင် အိုဆိုင်ဒန်သည် သူ့အနားရှိ မည်သူ့ကိုမှ မယုံကြည်တော့ပေ။ ထို့ပြင် သူသည် ပို၍ရက်စက်ပြီး ခက်ထန်ကြမ်းတမ်းလာခဲ့သည်။

နောက်နှစ်ရက်အထိ အိုဆိုင်ဒန်၏မျက်နှာ မည်းမှောင်နေဆဲပင် ဖြစ်သည်။ ရီဂျန့် အိုဆိုင်ဒန်ကို ထိမိပြီး ကံဆိုးသူ မည်သူမှ မဖြစ်ချင်ပေ။

လိပ်ပြာနီနှင့် ချော်ရည်ပြာတို့၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသည့်အခါ အမှောင်လသည် မခုခံခဲ့ဘဲ အရဲစွန့်ကာ စစ်သည် ကိုးသောင်းကို တိုက်ခိုက်ခဲ့သည်။ အမှောင်လသည် အမှန်တကယ်ပင် သူတို့ကို အနိုင်ယူနိုင်ခဲ့သည်။

ထိုတိုက်ပွဲ၌ အမှောင်လသည် အဆက်မပြတ် ပေါက်ကွဲနိုင်သော ဒူးလေးကဲ့သို့ လက်နက်အသစ် တစ်မျိုးကို အသုံးပြုခဲ့ပြီး တရားဝင် နဂါးနိုင်သူရဲကောင်း လေဗိုလ်‌ခြေလည်း ရှိနေခဲ့သည်။ ၎င်းတို့မှာ ဗိုလ်ခြေဂုဏ်ပုဒ်နှင့် ဝိုင်ဗန် သုံးလေးကောင်သာမဟုတ်ဘဲ ရာထောင်ချီ ရှိနေခြင်း ဖြစ်သည်။

ကြယ်ကြွေအင်ပါယာ တစ်ခုလုံးတွင် မြို့တော်၌သာ နဂါးနိုင်သူရဲကောင်း ဗိုလ်ခြေ ရှိလေ၏။

ထို့အပြင် အမှောင်လ၌ ပုန်းကွယ်နေသော လျို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ် တစ်ယောက် ရှိသည်။ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသော ရှီရာအပြင် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေ၏။ စစ်မြေပြင်၌ ဂျို့ရှ်ကို ထိုသူက အနိုင်ယူသွားခဲ့သည်။ ဂျို့ရှ်သည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး လိပ်ပြာနီနယ်မြေသို့ အနားယူရန် ပြန်ရောက်လာခဲ့သည်။ ထိုသူသည် မြို့‌တော်သံတမန် ရုစ်ကိုလည်း ခေါင်းဖြတ်ခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် ခရိုဘဲလက်စ် မည်သည့် နေရာသို့ ရောက်နေသည်ကိုမူ မသိရသေးပေ။

လက်ရှိအခြေအနေအရ အကျယ်အဝန်းနှင့် လူဦးရေးအရ နောက်ဆုံး၌ ရပ်တည်နေရုံသာရှိသော အမှောင်လနယ်မြေသည် နယ်မြေလေးခု၏ ထိပ်ဆုံး၌ ရှိနေသည်မှာ သေချာသွားခဲ့လေပြီ။

ငါကိုယ်တိုင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဒီကျတ်တီးမြေက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်စွမ်းအားကြီးလာရတာလဲ။

ယခုတွင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချော်ရည်ပြာလော့ဒ် တိုင်တန်ပင် ဖြစ်လေသည်။ လိပ်ပြာနီနယ်မြေကို အနိုင်ယူပြီးနောက် အမှောင်လနယ်မြေ ပင်ပန်းနေစဉ် ဉာဏ်များလှသော ချော်ရည်ပြာလော့ဒ် တိုင်တန်နှင့်အတူ ချော်ရည်ပြာစစ်တပ်သည် အမှောင်လနယ်မြေအား ကြီးကြီးမားမား ထိခိုက်စေနိုင်လိမ့်မည် ဖြစ်ပေသည်။

ထိုအချိန်၌ အရေးပေါ် အစီရင်ခံစာတစ်ခု ရောက်ရှိလာသည်။ အိုဆိုဒန် အလျင်အမြန် မတ်တပ်ရပ်ပြီး ရှေ့သို့ တစ်လှမ်းနှစ်လှမ်းသွားကာ ၎င်းကို ယူလိုက်သည်။

အရေးပေါ် အစီရင်ခံစာမှစာသားများကို ကြည့်ရှုပြီးနောက် အိုဆိုင်ဒန်၏အကြည့် အေးခဲသွားပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်သည်။ အရေးပေါ် အစီရင်ခံစာလာပို့သော ကံဆိုးသူ အစောင့်သည် မအော်နိုင်ခင်မှာပင် ပေါက်ကွဲပြီး သေဆုံး သွားခဲ့သည်။

အချိန်ခဏအထိ အိုဆိုင်ဒန်၏ ကိုယ်လုပ်တော် အပါအဝင် လူတိုင်းသည် နောက်ထပ် ဒုက္ခသည်ဖြစ်မည်စိုး၍ အသက်အောင့် ထားလိုက်ကြသည်။

စစ်ပွဲ အစီရင်ခံစာမှ စာသားများ အောက်ပါအတိုင်း ဖြစ်သည်။ ချော်ရည်ပြာ စစ်တပ်က ယန်းကော်မြို့ နယ်မြေမှာ ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတယ်။ သူတို့ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူး။ သိပ်မကြာခင်က အမှောင်လမြို့ ထုတ်ပြန်တဲ့ သတင်းတွေ အရဆိုရင် အင်အားတစ်သိန်းရှိတဲ့ ချော်ရည်ပြာစစ်တပ်က လုံးဝ သုတ်သင်ခံလိုက်ရပြီ။ စစ်တပ်နဲ့ လိုက်ပါခဲ့တဲ့ မြို့တော်သံတမန် ဒိုင်ရာ့တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ အခုလက်ရှိသူက အမှောင်လမှာ “ဧည့်သည်” တစ်ယောက် အနေနဲ့ ရှိနေတယ်။”

အိုဆိုင်ဒန်၏ မျက်လုံးများသည် “လုံးဝသုတ်သင်ခံလိုက်ရပြီ”ဟူသော စကားလုံး အပေါ်သို့ ရောက်ရှိသွားပြီး လွန်စွာ တုန်လှုပ်သွား၏။ ဒါက ရှုံးနိမ့်တာမဟုတ်ဘူး။ လုံးဝ သုတ်သင်ခံလိုက်ရတာပဲ။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်တဲ့ လော့ဒ်တိုင်တန် အပါအဝင် စစ်တပ်အယောက် တစ်သိန်းမှာ တစ်ယောက်တောင် အသက်ရှင်ကျန်တဲ့သူ မရှိဘူးလား။ ဒီလိုမျိုးဖြစ်စေနိုင်ဖို့အတွက် သူတို့ရဲ့စစ်တပ်က ဘယ်လောက်တောင် စွမ်းအားကြီးနေမလဲ။

လိပ်ပြာနီ ရှုံးနိမ့်သွားခဲ့ကြောင်း သတင်းရပြီးနောက် အိုဆိုင်ဒန်က မိမိသည် အမှောင်လ စွမ်းအားကို အထင်သေးနေခဲ့မိကြောင်း သဘောပေါက်သွားသည်။ သို့သော်လည်း ထိုသတင်းပို့ချက်ကို လက်ခံရရှိပြီးနောက် အမှောင်လ၏ စွမ်းအားအစစ်အမှန်ကို လုံးဝဖော်ထုတ်၍မရနိုင်ကြောင်း ခံစားလိုက်မိသည်။

ဘာလို့လဲ။

ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။

ဒါက ငါ့ရဲ့ဆုံးပါးသွားတဲ့ တူတော်ဂါရမ်း ချန်ထားခဲ့တဲ့ စွမ်းအားလား။ ငါ့ရဲ့အစ်ကိုတော် သန်းခေါင်နေအရှင်ရဲ့ မျိုးဆက်သစ်တွေက ပြန်ပြီးတော့ ဦးမော့လာတော့မှာလား။

မဟုတ်ဘူး။ ငါတို့တွေ ဒီလိုမျိုး ဆက်ပြီးတော့ ကြီးထွားခွင့် ပေးလို့မဖြစ်ဘူး။

ပြဿနာက အမှောင်လနယ်မြေ ပြသတဲ့ အင်အားကိုကြည့်ရရင် အင်ပါယာမှာ သူတို့ကို ယှဉ်နိုင်တဲ့ နယ်မြေတစ်ခုမှ မရှိဘူး။ စစ်တပ်ကို.....ငါကိုယ်တိုင် ဦးမဆောင်ရင်ပေါ့။

ဒါပေမဲ့ ဦးဆောင်တဲ့နေရာမှာလည်း စိုးရိမ်စရာတွေ ရှိနေတယ်။ မြို့တော်က လော့ဒ်စစ်ပွဲ ဆင်နွှဲဖို့အတွက် အထူးတလည် အတည်ပြုပြီးတော့ မှော်ဆရာခံတပ်မှာရှိတဲ့ ဗိုလ်ချုပ်ဂျော့ခ်ျက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ပြသတယ်။ သူတို့က မရပ်မနားနဲ့ တပ်တွင်းပုန်ကန်မှုတွေ ပြုလုပ်တဲ့ လက္ခဏာတွေ ပြလာကြတယ်။ အခုဆိုရင် အမှောင်လက အဓိကနယ်မြေနှစ်ခု ပူးပေါင်းတိုက်ခိုက်တာကို အနိုင်ယူခဲ့ပြီ။ ဒါက ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံးနဲ့ နတ်ဆိုးဘုံ တစ်ခုလုံးကိုတောင် ပျံ့နှံ့သွားနိုင်တယ်။ အဖိနှိပ်ခံထားရတဲ့ သန်းခေါင်နေအရှင်ရဲ့ အရိုးစွဲသူတွေက သေချာပေါက် လှုပ်ရှားလာမှာပဲ။ လှေနံနှစ်ဖက်နင်းနေတဲ့ ကောင်တွေလည်း စိတ်ယိုင်သွားနိုင်တယ်။ အမှောင်လကို တိုက်ခိုက်ဖို့အတွက် ငါကိုယ်တိုင် ဦးဆောင်သွားတာက တရားမမျှတသလို မကျေနပ်တဲ့သူတွေကိုလည်း ပုန်ကန်ဖို့အတွက် အကြောင်းပြချက်ပေးသလို ဖြစ်သွားနိုင်တယ်။ ဒါက အခုလက်ရှိ မဖြစ်ချင်တဲ့အရာပဲ။

အိုဆိုင်ဒန် ဘေးကျပ်နံကျပ်ဖြစ်နေစဉ် နောက်ထပ်တစ်ယောက်က တုန်လှုပ်လျက် သတင်းလာပို့သည်။ “လိပ်ပြာနီလော့ဒ် ဂျို့ရှ်က အရေးပေါ် မှော်စာတစ်ယောက် ပို့လာတယ်။ ဆုံးရှုံးမှု တော်တော်လေး ကြီးမားပြီးတော့ သူလည်း ဒဏ်ရာအပြင်းအထန် ရထားတယ်လို့ ပြောထားတယ်။ အပျက်အစီးတွေကို အရေးတကြီး ဂရုစိုက်ဖို့ လိုအပ်နေတယ်။ အရေးတကြီး လိုအပ်နေတာတွေကို ပြည်လည်အောင် လုပ်ဖို့အတွက် သူက အရှင်မင်းကြီးကို ရန်ပုံငွေ သန်း၁၀၀၀နဲ့ အတိုးနှုန်းတစ်ပိုင်းကို ကြိုပေးဖို့ တောင်းဆို‌နေတယ်။”

အိုဆိုင်ဒန်၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားပြီး ထိုသူကလည်း ဆက်လက် သတင်းပို့နေ၏။ “ချော်ရည်ပြာလော့ဒ်ရဲ့သားတော် ချန်ဒလာက နယ်မြေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ရန်ပုံငွေပြန်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုနေပါတယ်။”

“အရှင်မင်းကြီး။ အင်ပါယာအကြီးအကဲ ရွိုင်က အပြင်မှာ တွေ့ခွင့်တောင်းနေပါတယ်။ သူက စစ်ပွဲမှာ ကျရှုံးသွားတဲ့ ရုစ်မိသားစုကို နစ်နာကြေးပေးဖို့အတွက် မိသားစုရန်ပုံငွေကို ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။”

၎င်းသည် အိုဆိုင်ဒန်၏ ဟိန်းသံကို လုံးဝ တောက်လောင်သွားစေသည်။ “ရိုင်းစိုင်းလိုက်တဲ့ကောင်။ သေသွားတဲ့သူ တစ်ယောက်ကို နစ်နာကြေးပေးဖို့အတွက် အကြီးအကဲမိသားစုတစ်ခုက ငါ့ဆီကနေ ပိုက်‌ဆံ လာတောင်းတယ်လား။ ထွက်သွားခိုင်း။ သူ့ကို ချက်ချင်း ထွက်သွားခိုင်းလိုက်။”

အိုဆိုင်ဒန်၏ နှလုံးသားထဲရှိ စိတ်ဓာတ်သည် အဆုံးစွန်အထိ ကျဆင်းသွားခဲ့၏။ “ချာလီစ်” “သေဆုံးခြင်း”၏ ပြင်းထန်သော အကျိုးဆက်များသည် လော့ဒ်စစ်ပွဲ ပြီးနောက်တွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ ရီဂျန့်အတွက် ထိုစိတ်ဓာတ်ကျခြင်းမှာ အစသာ ဖြစ်လေ၏။

All Chapters