အဓိက ပဏာမခြေလှမ်း (၆)ချက်။ အမှောင်လနယ်မြေ ဦးမော့လာခြင်း၏အစ
Vol. 27 Ch. 394
လော့ဒ်စစ်ပွဲ၌ အမှောင်လ၏ရလာဒ်သည် ကြယ်ကြွေတမန် အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လူအများ၏စိတ်ထဲ၌ အမှောင်လသည် ရီဂျန့် အိုဆိုင်ဒန်၏ ထိန်းချုပ်မှုအောက်ရှိ ပျက်စီးယိုယွင်းနေသော နယ်မြေတစ်ခုသာ ဖြစ်ပြီး တော်ဝင်မင်းသား ဂါရမ်း၏သမီးတော် ရှီရာကြောင့်သာ တည်တံ့နေခြင်း ဖြစ်သည်။ သန်းခေါင်နေအရှင်၏ ကျန်ရှိသော ဂုဏ်ကျက်သရေ ပျောက်ဆုံးသွားမည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်လေသည်။
ထိုတိုက်ပွဲသည် လူအများ၏အမြင်ကို လုံးဝပြောင်းလဲသွားစေခဲ့သည်။ အဓိကနယ်မြေ ၄ခုထဲက လိပ်ပြာနီနဲ့ ချော်ရည်ပြာတို့က အမှောင်လကို ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ လိပ်ပြာနီက ဆိုးဆိုးဝါးဝါး ဆုံးရှုံးခဲ့တယ်။ ချော်ရည်ပြာ ကလည်း အပြတ်ရှင်းခံလိုက်ရတယ်။
ဒါက မယုံနိုင်စရာ အောင်နိုင်မှုတစ်ခုပဲ။ ဘယ်အချိန်တုန်းက အမှောင်လမြို့ရဲ့ စွမ်းအားက ဒီလိုအဆင့်အထိ တိုးတက်သွားတာလဲ။
အမှောင်လနယ်မြေ အနိုင်ရသွားသော်လည်း လူအများက ၎င်းကို အကောင်း မမြင်နိုင်သေးပေ။ ယခုတစ်ခေါက် လော့ဒ်စစ်ပွဲမှာ အဓိကနယ်မြေနှစ်ခုရှိ လော့ဒ်များကို အိုဆိုင်ဒန်က လှုံ့ဆော်ပေးခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်သည်။ အမှောင်လသည် ထိုကဲ့သို့ တလက်လက် အလင်းရောင် ပြသခဲ့သည့်အတွက် ကိုယ်ပိုင်စွမ်းအားကို ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အိုဆိုင်ဒန်သည် ထိုမမြင်နိုင်သော အဓိက ခြိမ်းခြောက်မှုကို ဆက်လက်ကြီးထွားခွင့်ပြုမည် မဟုတ်ပေ။ သူ သေချာပေါက် လှုပ်ရှားပေလိမ့်မည်။
နောက်ထပ် ဘာဆက်ဖြစ်မှာလဲ။ အရေးယူမှာလား။ စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်မှာလား။
သူက စစ်တပ်ကို ကိုယ်တိုင် ဦးမဆောင်ရင်တောင် လိပ်ပြာနီရဲ့ အမှောင်လကို အစားအစာ အထောက်အပံ့ ဖြတ်တောက်တာက အမှောင်လအတွက် တော်တော်လေး ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ကြီးမားတဲ့ နယ်မြေက ကိုယ်တိုင် အစားအစာ မပြည့်စုံဘူးလေ။ အရိပ်နက်အင်ပါယာကနေ တင်ပို့နိုင်ရင်တောင် နယ်မြေတစ်ခုလုံးအတွက် လုံလောက်ဖို့ ခက်ခဲနေဦးမှာပဲ။ ဒါက လိပ်ပြာနီနယ်မြေက အသက်သွေးကြောကို အရိပ်နက်အင်ပါယာ လက်ထဲ လွှဲလိုက်တာနဲ့ ဘာမှမကွာဘူး။
ထိုအချိန်၌ အမှောင်နယ်မြေက အံ့အားသင့်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာ၏။
ဖမ်းဆီးခံထားရသော မြို့တော်သံတမန် ဒိုင်ရာ့ခ် ပြောသည့်အတိုင်းဆိုလျှင် ယခု အမှောင်လကို တိုက်ခိုက်ရန် လိပ်ပြာနီနှင့် ချော်ရည်ပြာနယ်မြေကို ရီဂျန့် အိုဆိုင်ဒန်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အံ့သြစရာ မဟုတ်ပေ။ သို့သော် အိုဆိုင်ဒန်၏ ရည်ရွယ်ချက်မှာ အမှောင်လနယ်မြေ စုဆောင်းထားသော ရတနာများနှင့် ကြွယ်ဝမှုများကို အမှန်တကယ် လုယက်ရန် ဖြစ်နေခြင်းပင်။
နယ်မြေတစ်ခု၏ ပိုင်ဆိုင်မှုများကို လုယက်ရန်အတွက် ရီဂျန့်သည် အမှန်ပင် လော့ဒ်စစ်ပွဲပြုလုပ်ရန် လှုံ့ဆော်ပေးခဲ့သည်။ ဒိုင်ရာ့ခ်ကလည်း သတင်းများကို ပေါက်ကြားစေခဲ့သည်။ အိုဆိုင်ဒန်က အဓိကနယ်မြေတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ဖို့ လုပ်နေတာ။ အရင်က လော့ဒ် “ရန်ပုံငွေ”က အကြီးမားဆုံး လိမ်လည်မှုပဲ။
မြို့တော်သံတမန်ဖြစ်သော ခရိုဘဲလက်စ်ကလည်း ထိုအဖြစ်အပျက်၏ အမှန်တရားကို အတည်ပြုကြောင်း ပြောလာခဲ့သည်။ သူကလည်း အိုဆိုင်ဒန်အပေါ် အပြင်းအထန် မခံမရပ်နိုင်ဖြစ်နေပြီး မြို့တော်မှထွက်ခွာကာ အမှောင်လနှင့် ပူးပေါင်းရန် ပြောခဲ့သည်။
ထိုသတင်းသည် အင်ပါယာတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ ထို “စကား”များနှင့် ပတ်သက်၍ ပြဿနာ အနည်းငယ် ရှိနေသော်လည်း အထူးသခြင့် သလင်းကျောက်နက် ဒင်္ဂါးအမြောက်အမြားဟူသော အဓိကအကျိုးအမြတ်ကြောင့် အဓိကနယ်မြေများနှင့် နယ်မြေအသီးသီးက မသက်မသာ ခံစားလာရသည်။ သူတို့သည် အကြောင်းအမျိုးမျိုး ပြကြပြီး ရန်ပုံငွေပိုက်ဆံများကို ကြိုတင်ပေးရန် တောင်းဆိုလာကြသည်။
ထိုအတွက်ကြောင့် အိုဆိုင်ဒန် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူ၏ နဂိုအကြံအစည်မှာ လော့ဒ်စစ်ပွဲဖြင့် အာရုံပြောင်းပြီး ပိုင်ဆိုင်မှုများကို လုယက်ရန် ဖြစ်သည်။ မမျှော်လင့်ဘဲနှင့် ၎င်းသည် အမှန်တကယ်ပင် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။ လော့ဒ်အစည်းအဝေး၌ အိုဆိုင်ဒန်ကိုယ်တိုင် အာမခံထားခဲ့သည်။ ယခုတွင် နောက်ဆုံး ပြန်ပေးရမည့်ရက်စွဲ နီးသထက် နီးကပ်လာပြီ ဖြစ်သည်။ ထို့ပြင် နယ်မြေများနှင့် မိသားစုများက ချက်ချင်းထုတ်ပေးရန် တောင်းဆိုနေကြသည်။ ရုတ်တရက် သူသည် ဖော်ပြ၍မရသော ဘေးကျပ်နံကျပ် အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။
မြို့တော်၏ ကံမကောင်းလှသော အခြေအနေနှင့် ဆန့်ကျင်ဘက်ပင် အမှောင်သည် အောင်ပွဲခံသော အခြေအနေ၌ နစ်မြုပ်နေသည်။ နဂိုကတည်းက ထိုနယ်မြေကို လွှမ်းမိုထားသော ဘေးကျပ်နံကျပ် အခြေအနေသည် မမျှော်လင့်ထားသော နိုင်ပွဲကြောင့် ပျောက်ကွယ်သွားခဲ့သည်။ တော်ဝင်မင်းသမီးကိုယ်တိုင်က စစ်တပ်ကို ဦးဆောင်ပြီး စတင်တိုက်ခိုက်ခဲ့သည်။ လီရိုမြို့ တောနက်ထဲ၌ ပိုမိုနိမ့်ပါးသော စစ်သည် အရေအတွက်ဖြင့် တိုက်ခိုက်ခဲ့သည့် ရှီရာ၏ ရဲစွမ်းသတ္တိပြည့်ဝသော လုပ်ဆောင်မှုကို လူတိုင်းက အားပေးချီးမွမ်းခဲ့ကြသည်။
ချော်ရည်ပြာစစ်တပ်ကို တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့သော မယုံနိုင်စရာစစ်ပွဲသည် ထူးဆန်းပြီး ဆန်းကြယ်လွန်းလှသည်။ ၎င်းသည် ငြိမ်ဝပ်ပိပြားရေးအရာရှိနှင့် မြို့စောင့် တပ်မှူးဖြစ်သော အသီနာက ဖိတ်ကြားထားသည့် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ် တစ်ယောက်၏ လုပ်ရပ်ကြောင့်ဟု လူအများ ပြောနေကြသည်။ အချို့ကမူ ၎င်းသည် အမှောင်လမြို့ရှိ ဗိုလ်ချုပ်ဂျော့ခ်ျ၏ လျို့ဝှက်စွမ်းအားဟု ပြောကြသည်။ အချိန် အတော်ကြာသည်အထိ အထင်အမြင် အမျိုးမျိုး ဖြစ်နေခဲ့ကြသည်။
အောင်နိုင်သူ သူရဲကောင်းများ ဖြစ်ကြသော ဂျို့ရှ်ကိုအနိုင်ယူပြီး ရုစ်ကို ခေါင်းဖြတ်ခဲ့သော လျို့ဝှက်ဆန်းကြယ်သည့်ပုဂ္ဂိုလ်၊ လိပ်ပြာနီစစ်တပ်ကို တိုက်ခိုက်ခဲ့သည့် အနောက်ဘက်လမ်း စစ်တပ်မှူးတင်မ်၊ မယ်လွန်မိသားစု ပုန်ကန်မှုကို နှိမ်နင်းခဲ့သော ဖို့ဒ်သားအဖ၊ ညီအစ်ကို မောင်နှမများဖြစ်ကြသော သံချပ်သာယန္တရားတပ်မှူး ခါဂူလီနှင့် အင်ပါယာအစောင့်တပ်မှူး ခါဂူရွန်၊ လိပ်ပြာနီ၏ စည်းရုံးမှုကိုရင်ဆိုင်ရာ၌ လက်နက် အရင်မြှောက်ပြီး ရန်သူဆီ ပထမဆုံး ချီတက်ခဲ့သည့် ရဲရင့်သောလူသား နှင့် မြို့တော်ကို ယှဉ်နိုင်သော အမှောင်လ၏ လျို့ဝှက်ဆန်းကြယ်သော ဝိုင်ဗန်ဗိုလ်ခြေတို့သည် အမှောင်လ စစ်သည်များနှင့် မြို့သူ/သားတို့၏ သဘောအကျဆုံး အကြောင်းအရာများ ဖြစ်သွားကြ တော့သည်။
ထိုအောင်နိုင်မှုသည် အမှောင်လနယ်မြေမှ လူတိုင်း၏ စိတ်ဓာတ်ကို တိုးမြှင့် ပေးနိုင်ခဲ့ရုံသာမက အမှောင်လသည် ကြယ်ကြွေတမန်အင်ပါယာ၌ စစ်တပ်ရေးရာဖြစ်စေ၊ စီးပွားရေးရာအဖြစ် အကြီးမားဆုံး နယ်မြေတစ်ခု ဖြစ်နေပြီးဖြစ်ကြောင်း ထုတ်ဖော်ပြသ လိုက်သလိုလည်း ဖြစ်သွားခဲ့သည်။
လူအများအပြားက အမှောင်လမြို့၏ ဗဟိုပလာဇာတွင် စုဝေးလိုက်ကြသည်။ ရှီရာက စိတ်အားတက်စေသော မိန့်ခွန်းတစ်ခု ပြောနေသည်။ တော်ဝင်မင်းသမီးသည် အားအင်တက်ကြွနေပြီး ရဲစွမ်းသတ္တိပြည့်ဝနေကြောင်း လူအများက သိရှိသွားကြသည်။ ရှီရာသည် ဖော်ပြ၍မရသော ယုံကြည်ချက်မျိုး ပြသနေ၏။
ထိုက်လျောက်သော အရာရှိများကို ဆုပေးခြင်းနှင့် မယ်လွန်မိသားစု ကဲ့သို့သော သစ္စာဖောက်များ၏ နာမည်များကို ဖယ်ရှားခြင်းစသည့် ကြေညာချက်များ ထုတ်ပြန်ပြီး နောက်တွင် တော်ဝင်မင်းသမီးက အဓိက ပဏာမခြေလှမ်း (၆)ချက်ကို ကြေညာခဲ့သည်။ ၎င်းတို့ကို မမျှော်လင့်ထားသော သတင်းကောင်း (၆)ခု ဟူ၍လည်း ယူဆ၍ ရနိုင်သည်။
ပထမသတင်းမှာ အမှောင်လက ရေကန်ပြာတောင်ခြေရှိ ရတနာသိုက်သို့ ဖောက်ထွင်းဝင်ရောက်သွားနိုင်ခြင်း ဖြစ်သည်။ ထင်ထားသကဲ့သို့ ကြီးမားလှသော ချမ်းသာကြွယ်ဝမှုများ ရှိမနေဘဲ သာမန်ရတနာ၊ ကြွယ်ဝမှုများထက် ပိုမိုအဖိုးတန်သော မမျှော်လင့်ထားသည့် အရာများကို တွေ့ရှိခဲ့ကြလေသည်။
ရတနာမှာ အမှောင်လ၏ ကျတ်တီးမြေကို တိုးမြှင့်ပေးနိုင်သော လျို့ဝှက်နည်းလမ်း မှတ်တမ်းထင်ထားသော ရှေးဟောင်းစာလိပ်တစ်ခု ဖြစ်သည်။ တော်ဝင်မင်းသမီးနှင့် ဆရာသခင်အဲဒက်စ်တို့ စမ်းသပ်မှုများ ပြုလုပ်ပြီးသွားသည့်အခါ အမှန်တကယ် အလုပ်ဖြစ်ကြောင်း သိရှိသွားကြသည်။ ထို့ပြင် တိုးတက်လာသော မှော်မြေမှာလည်း သာမန်မြေသြဇာရှိသော မြေယာများထက် အထွက်နှုန်း နှစ်ဆပိုလေသည်။
လက်ရှိ၌ ရှီရာသည် မြို့အပြင်ရှိ မြေနေရာ အများအပြားကို တိုးမြှင့်ပြီးပြီ ဖြစ်သည်။ ၎င်းတွင် မြို့သူ/သားများကို စိုက်ပျိုး၍ ရနိုင်ပေသည်။ ထိုမြေနေရာများ၏ ပိုင်ဆိုင်မှုကို ရယူရန်အတွက် နှစ်စဉ် ကောက်ပဲသီးနှံ ပပာဏအချို့ကိုသာ ပေးအပ်ရန်လိုသည်။ နောက်တစ်ဆင့်၌ တိုးမြှင့်မှုများကို အမှောင်လနယ်မြေ တစ်လျှောက်လုံး ဆောင်ရွက်မည် ဖြစ်သည်။
၎င်းသည် လူတိုင်းကို စိတ်လှုပ်ရှားစေသော သတင်းကောင်းတစ်ခုပင် ဖြစ်သည်။ ၎င်းမှာ အမှောင်လသည် နှစ်ထောင်သောင်းချီ ကပ်စွဲနေသော အစားအစာ ပြဿနာကို လုံးဝဖယ်ရှားနိုင်ပြီဖြစ်ပြီး မည်သူ၏ ထိန်းချုပ်ခြင်းမှ ခံရတော့မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ စွမ်းအားကြီးစစ်တပ်တစ်ခု၏ အကာအကွယ်နှင့်အတူ ဖွံ့ဖြိုးနေသော စီးပွားရေး၊ ကြွယ်ဝသော အစားအစာတို့အားလုံးသည် လွန်ခဲ့သော နှစ်၄၀၀ခန့်က ကြွယ်ဝချမ်းသာမှုများနှင့် ဂုဏ်ကျက်သရေများ ဤမြေပေါ်၌ ပြန်ပေါ်ထွက် လာတော့မည်ကို အပြည့်အဝ သက်သေတည်ပေးနေ၏။
မဟုတ်ဘူး။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀၀ကထက်တောင် ပိုပြီးတော့ ကြွယ်ဝနိုင်တယ်။
ထိုအချိန်၌ အမှောင်လမြို့သူ/သားတိုင်း ဂုဏ်ယူနေကြမည် ဖြစ်သည်။
ဒုတိယသတင်းမှာ အမှောင်လသည် မြို့ထဲ၌ ယန္တရားနှင့် ဆေးရည်ပညာရှင် အစည်းအရုံးခွဲ တည်ဆောက်ရန် အဓိက အဂ္ဂိရတ်အင်အားစု နှစ်ခုဖြစ်သော ယန္တရားအစည်းအရုံးနှင့် ဆေးရည်အစည်းအရုံးတို့မှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆရာသခင်တာတာသည် နတ်ဆိုးဘုံ၌ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး ယန္တရားအစည်းအရုံးအခွဲကို တာဝန်ယူမည် ဖြစ်သည်။ ဆရာသခင်အဲဒက်စ်က ဆေးရည်အစည်းအရုံးအခွဲကို တာဝန်ယူပေလိမ့်မည်။ ယန္တရားပညာရှင်များနှင့် ဆေးရည်ပညာရှင်များအားလုံး ဝင်ရောက်နိုင်ပေသည်။ အမှောင်လနယ်မြေက အကောင်းဆုံး အခြေအနေများနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည် ဖြစ်သည်။
ဥပမာပြောရလျှင် အမှောင်လ ဆေးရည်အစည်းအရုံး အခွဲအတွက် စစ်တပ် နေရာအဖြစ် ပြောင်းလဲထားသော ရေကန်ပြာတောင်ခြေ “ရတနာသိုက်”ရှိ ပြန်လည်ရှင်သန်ခြင်း ရေစင်ကို အခမဲ့ ခွဲတမ်းပေးမည် ဖြစ်သည်။ နတ်ဆိုးဘုံ၌ နာမည်ကျော်များ ဖြစ်ကြသော ဆေးရည်ဆရာသခင် အဲဒက်စ်နှင့် ယန္တရားဆရာသခင် တာတာတို့သည် စံနှုန်းများ တိုးမြှင့်ရန်အတွက် အဖွဲ့သားများနှင့် အတွေ့အကြံများ ပုံမှန်လဲလှယ်မည် ဖြစ်သည်။
တတိယသတင်းမှာ သန်းခေါင်နေအရှင်၏ ဂုဏ်ကျက်သရေကို ပြန်လည် အသက်သွင်းရန်အတွက် အမှောင်လ အင်ပါယာအစောင့်များကို “သွေးနီရောင်” ဗိုလ်ခြေအဖြစ် တရားဝင်နာမည် ပြောင်းရန် ဖြစ်သည်။ ခေါင်းဆောင်မှာ အသီနာ ဖြစ်၏။ မြို့စောင့်တပ်ကိုလည်း “မီးလျှံ”ဗိုလ်ခြေအဖြစ် နာမည်ပြောင်းသည်။ ခေါင်းဆောင်မှာ ခါဂူရွန် ဖြစ်၏။ အနောက်ဘက်လမ်း စစ်တပ်ကိုလည်း “လအရိပ်”အဖြစ် နာမည်ပြောင်းပြီး တင်မ်ကို ခေါင်းဆောင်အဖြစ် ထားသည်။ ဗိုလ်ခြေသုံးခုသည် အမိအမှောင်လ နယ်မြေကို ကာကွယ်ရန်အတွက် စစ်သည်များကို ပိုမိုခေါ်ယူမည် ဖြစ်သည်။ ခွန်အား၊သတ္တိ ရှိသူများနှင့် အရည်အချင်းရှိသော အကြီးအကဲများက အလုပ်ခန့်ရုံးများ၌ စာရင်း သွင်းနိုင်မည် ဖြစ်သည်။ ကောင်းမွန်သော ဝန်ဆောင်မှုရရှိသည့် ဂုဏ်ကျက်သရေ ရှိသော စစ်သည်တစ်ယောက် ဖြစ်လာရန်အတွက် အစစ်ဆေးခံရန်သာ လိုအပ်ပေသည်။
စတုတ္ထသတင်းမှာ အမှောင်လသည် မြို့တော်၏ ရေအထောက်အပံ့၊ မိလ္လာနှင့် အခြားလိုအပ်များကို အခမဲ့ ပြန်လည်ဆန်းသစ်ပေးမည် ဖြစ်သည်။ ဆရာသခင်တာတာ တီထွင်ထားသော မှော်ရေအထောက်အပံ့ အသစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုမည် ဖြစ်သည်။ မြို့သူ/သားများက လစဉ်ကြေး အနည်းငယ်ကိုသာ ပေးဆောင်ရန် လိုအပ်ပြီး အပြင်ထွက်ကာ ရေသယ်ရန် မလိုအပ်တော့ပေ။ သန့်စင်ပြီးရေများကို နေအိမ်၌ပင် အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။
ပဉ္စမမြောက်သတင်းမှာ နောက်လတွင် အမှောင်လမြို့က ပွဲတော် ကြီးကြီးမားမား နှစ်ခု ပြုလုပ်မည့်အကြောင်း ဖြစ်သည်။ ပထမတစ်ခုမှာ လေလံပြပွဲ ဖြစ်ပြီး ကျန်တစ်ခုမှာ နှစ်၄၀၀အတွင်း အမှောင်လ၏ ပထမဆုံး ကုန်စည်ပြပွဲ ဖြစ်သည်။ ထိုနေရာ၌ အဖိုးတန် ကုန်ပစ္စည်းများစွာ ရှိနေမည် ဖြစ်သည်။ ဥပမာပြောရလျှင် လေလံပွဲ၌ လျို့ဝှက် ဆန်းကြယ်သော ဧည့်သည်တစ်ယောက် ကမ်းလှမ်းထားသော မိစ္ဆာသစ်သီး၃လုံး ပါဝင်မည် ဖြစ်သည်။
ဆဋ္ဌမသတင်းမှာ မြို့ထဲရှိ လူမနေတော့သော အိမ်များကို ပြုပြင်ပြောင်းလဲခြင်း ပြီးစီးသွားခြင်း ဖြစ်သည်။ နောက်လအတွက် ကြီးမားလှသော စီးပွားရေးအခွင့်အလမ်း ရောက်မလာခင် ထိုဆိုင်များကို လေလံတင်၍ ရောင်းချပေမည်။
ထိုကဲ့သို့ ကြီးမားပြီး အပြုသဘောဆောင်သော လုပ်ရပ်များက လူအများအကြား၌ ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်စေခဲ့သည်။ ရုတ်တရက် မိုးချိန်းသံကဲ့သို့ အားပေးသံများ ထွက်ပါ်လာခဲ့သည်။ “တော်ဝင်မင်းသမီး သက်ရှည်ပါစေ။”
ခဏအကြာ၊ အမှောင်လနန်းတော် -
ကောင်စီခန်းမ၌ -
ဂါ့စ်အပါအဝင် မသက်ဆိုင်သောသူများ ထွက်သွားကြသည်။
ဂါ့စ်သည် တော်ဝင်မင်းသမီး၏ အယုံကြည်ရဆုံး အရာရှိဟောင်း ဖြစ်သော်လည်း တစ်နည်းအားဖြင့် မသက်ဆိုင်ပေ။ ထို့ကြောင့် ထိုအဘိုးကြီးက အရင်ဦးစွာ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ကောင်စီခန်းမထဲ၌ တော်ဝင်မင်းသမီးနှင့် ဘဏ္ဍာရေး အရာရှိတို့သာ ကျန်ရစ်ခဲ့သည်။
“မိစ္ဆာသစ်သီးသတင်းက နတ်ဆိုးတွေနဲ့ ကုန်သည်တွေ အများကြီးကို ဆွဲဆောင် လိမ့်မယ်။ ရတနာနာမည်ကို မြေနေရာတိုးမြှင့်အောင် လုပ်ဖို့အတွက် နည်းဗျူဟာကတော့ ပိုပြီးတော့တောင် အကြံအဖန်ကောင်းတယ်။ အဲဒါက စွန့်စားခန်းတွေရဲ့ အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းပေးနိုင်သလို မြေနေရာတိုးတက်အောင်လည်း လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ တကယ့်အကျိုးပြုမှုတွေကိုတော့ ကျော်သွားသလို ဖြစ်နေတယ်။”
“ကျုပ်ရဲ့ အကျိုးပြုမှုတွေ ဘယ်လောက်တောင်ကို ကျော်သွားတာလဲ။” တစ်စုံတစ်ယောက်က မကျေမနပ်ဖြစ်သွားသော်လည်း တော်ဝင်မင်းသမီး၏ လက်ကို ကိုင်လိုက်သည်။ သူက ၎င်းကို တဏှာရမက်ကြီးလျက် ထပ်ကာထပ်ကာ ထိနေသည်။ “တော်ဝင်မင်းသမီးက သူ့ငယ်သားရဲ့ ဒဏ်ရာရနေတဲ့စိတ်ကို ဘယ်လို ဖြည့်ဆည်းပေးမလဲ ကြည့်ကြတာပေါ့။”
“မင်းလုပ်နေတာက “ငယ်သား”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်ဆိုတာ သေချာရဲ့လား။” ရှီရာက ဒေါသတကြီး ပြောလိုက်သည်။
တော်ဝင်မင်းသမီးက လျို့ဝှက်ခန်းထဲ၌ ခံစားချက်များကို ဖွင့်ပြောခဲ့ပြီးပြီ ဖြစ်သော်လည်း အခန်းအပြင်ဘက်၌ အေးစက်ပြီး ခန့်ညားသော အသွင်အပြင် ရှိနေဆဲပင် ဖြစ်သည်။ သို့သော်လည်း သူက ချန်လွေ့ကိုင်ထားသောလက်ကို မရုတ်သိမ်းခဲ့ပေ။ “တော်ဝင်မင်းသမီးအပေါ် ကျုပ်ရဲ့ သစ္စာရှိမှုကို ကောင်းကင်ပေါ်က လနှစ်စင်းနဲ့ပဲ သက်သေပြလို့ ရပါတယ်။” ထိုသူက ငယ်သားဂုဏ်ပုဒ်ကို ဂရုမစိုက်ဘဲ အလုပ်သမားက သူဌေးမကို နှောင့်ယှက်သည့်ပုံစံမျိုး လုပ်နေဆဲပင် ဖြစ်သည်။
“ဒါဆို သိသာထင်ရှားတဲ့သက်သေ မရှိဘူးပေါ့။” ရှီရာက အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ “ရှင်က ဒါတွေအားလုံးကို သေသေချာချာ ဖုံးကွယ်ထားခဲ့တာ။ တင်မ်က ဟိုးကတည်းက ရှင့်ရဲ့အစေခံ ဖြစ်နေခဲ့တယ်။ ရှီလန်တောင် မြေအောက်မှာရှိတဲ့ အင်အားကြီး မျိုးနွယ်စုနှစ်ခုနဲ့ မြေဒြပ်စင်ဘုရင်ကလည်း ရှင့်ရဲ့ မဟာမိတ်ပဲ။ ရှင့်မှာ မသေမျိုးစစ်သည် ထောင်သောင်းချီနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ရောက်တော့မယ့် အလောင်းအောက်လမ်းပညာရှင်တစ်ယောက်လည်း ယန်းကော်မြို့မှာ ရှိနေတယ်။ ရှင့်ရဲ့ အခုလက်ရှိ အင်အားနဲ့ ဘဏ္ဍာရေးအင်အားနဲ့ဆိုရင် အမှောင်လကို သိမ်းပိုက်ဖို့ မပြောနဲ့။ ကြယ်ကြွေတမန်အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်ဖို့အတွက်ဆိုရင်တောင် စိတ်ကူးယဉ် မဟုတ်လောက်ဘူး။”
ချန်လွေ့သည် ရှီရာအား သူစီမံနေရသော အင်အားများနှင့် ကိစ္စအများအပြားကို ပြောပြခဲ့သည်။ ယန်းကော်မြို့မှ ပြန်လာပြီးကတည်းက သူသည် နေ့တိုင်းနီးပါး ရှီရာကို “အစီရင်ခံ” တင်ပြရသည်။ ၎င်းမှာ လျို့ဝှက်ခန်းထဲ၌သာ ဖြစ်ပေ၏။
သူတို့နှစ်ဦးအကြားရှိ ရင်းနှီးမှုမှာ အလျင်အမြန် တိုးတက်သွားခဲ့သော်လည်း တော်ဝင်မင်းသမီးသည် အလွန်ရှက်တတ်ပြီး ရှေးရိုးစွဲ အမျိုးသမီးတစ်ယောက် ဖြစ်ဟန်တူသည်။ လက်ကိုင်ခြင်း၊ အကြင်နာပေးခြင်းတွင်ပင် အလွန်အမင်း ချုပ်တည်းထားသည်။ နောက်ဆုံးအဆင့်အတွက်ကိုမူ အတော်လေး ဝေးကွာနေသေး၏။ ထို့ကြောင့် ချန်လွေ့၏ “ပုန်ကန်မှု” မအောင်မြင်သေးပေ။ မီးစင်ကြည့်ကရတာပေါ့။
“ကျုပ်က ငပျင်းတစ်ယောက်ပဲလေ။ ကျုပ်က အုပ်စိုးသူ တစ်ယောက် မဖြစ်ချင်ဘူး။ အင်ပါယာတစ်ယောက် မဖြစ်ချင်ဘူး။ ကျုပ်က အေးဆေးတဲ့ နေရာတစ်ခုမှာ ပုန်းနေပြီး ကျုပ်ချစ်ရတဲ့ မိန်းမတွေနဲ့ ကလူကျီစယ်လုပ်ချင်တယ်။ ကခုန်ချင်တယ်။ ဒါပါပဲ။”
“ကခုန်ခြင်း”ဟူသော စကားလုံးကို ကြားသည့်အခါ ရှီရာ၏မျက်နှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ သူ ကလူကျီစယ်လုပ်မယ့် မိန်းမက အခြားတစ်ယောက် ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ “ချစ်ရတဲ့”အမျိုးသမီးနဲ့ ကခုန်တာကတော့ အခုလောလောဆယ် ငါကလွဲပြီးတော့ ဘယ်သူမှ မရှိဘူး။
“ဒါနဲ့ ကျုပ် ခင်ဗျားကို ပြောထားတဲ့ ဂူရာဒန်ဘက်က မသေမျိုးဗိုလ်ခြေအတွက် လက်နက် တိုးမြှင့်ဖို့ကို ဘယ်လိုစဉ်းစားထားလဲ။ ဒီစွမ်းအားကြီး မသေမျိုးစစ်တပ်က အနာဂတ်မှာ ကျုပ်တို့ရဲ့ အရေးပါဆုံး အင်အားစုထဲကတစ်ခု ဖြစ်လာနိုင်တယ်။”
ရှီရာက ၎င်းကို လေးလေးနက်နက် သဘောတူလိုက်သည်။ “ချော်ရည်ပြာ စစ်တပ် လုံးဝသုတ်သင်ခံလိုက်ရတာကိုကြည့်မယ်ဆိုရင် ဒီစစ်တပ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါတို့သိနိုင်တယ်။ အဲဒီနေရာက ရှေးဟောင်းစစ်မြေပြင် ဖြစ်လို့ ကံကောင်းတာပဲ။ မသေမျိုးတွေအတွက် လုံလောက်တဲ့ ကုန်ကြမ်းတွေ ရှိတယ်။ ဒီတစ်ခေါက် ချော်ရည်ပြာစစ်တပ်နဲ့ဆိုရင် မသေမျိုးဗိုလ်ခြေရဲ့ တိုက်ခိုက်ရေး ထိရောက်မှုက ထိပ်တန်းရောက်သွားမှာပဲ။ ဒီကိစ္စကို မင်းဆုံးဖြတ်လို့ရတယ်။ “အမှောင်နတ်ဆိုး” ဖွဲ့စည်းဖို့အတွက်ကတော့ မင်းမှာ ပိုကောင်းတဲ့အကြံ ရှိလား။”
“ကျုပ်တို့ လူသားတွေမှာ ရှေးစကားတစ်ခု ရှိတယ်။ “ရန်သူကိုသိမယ်၊ ကိုယ့်ကိုယ်ကိုယ် သိမယ်ဆိုရင် စစ်ပွဲတိုင်း အောင်နိုင်လိမ့်မယ်”တဲ့။ အမှောင်နတ်ဆိုးကို ကျုပ်တို့တွေ အမြန်ဆုံး ဖွဲ့စည်းရမယ်။ ဒါမှပဲ အဖွဲ့အားလုံးရဲ့ လှုပ်ရှားမှုတွေနဲ့ သတင်းအချက်အလက်တွေကို ခပ်မြန်မြန် ဆုပ်ကိုင်နိုင်မယ်။ အမှောင်လမှာရှိတဲ့ ဝတ်ရုံဂိုဏ်းကိုလည်း ကျုပ်တို့ အသုံးချလို့ရနိုင်သေးတယ်။ ဒါပေမဲ့ ဝတ်ရုံဂိုဏ်းက အင်ပါယာတစ်ခုလုံးကိုပဲဖြစ်ဖြစ်၊ နတ်ဆိုးဘုံတစ်ခုလုံးကိုပဲဖြစ်ဖြစ် ဖြတ်သန်းပြီးတော့ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အစကတည်းကတော့ ကိစ္စအများကြီးကို လေ့ကျင့်ပေးထားရမယ်။ ကျုပ်မှာ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ရှိတယ်။ သူတို့က အသီနာရဲ့ မိတ်ဆွေတွေပဲ။ ကျုပ် သူတို့ကို ယာယီ ကူညီခိုင်းထားလို့ရတယ်။ သူတို့ထဲကတစ်ယောက်က ရုစ်ကို ကိုင်တွယ်ပေးခဲ့တာ။ တကယ်တော့ အကောင်းဆုံး တပ်မှူးအတွက် ကျုပ်ရဲ့စိတ်ထဲမှာ တစ်ယောက်ရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ ဘယ်ရောက်နေတာလဲဆိုတာ မသိရသေးဘူး။ နောက်အခွင့်ပေါ်မှာမှ ဒီအကြောင်းကို ပြောကြတာပေါ့။”
“ကောင်းပြီလေ။” ရှီရာက အသာလေး ခေါင်းညိတ်သည်။ “အခုလက်ရှိတော့ ချော်ရည်ပြာနယ်မြေက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး။ ဒါပေမဲ့ လိပ်ပြာနီနယ်မြေ ကျန်သေးတဲ့ အင်အားတွေက တော်တော်လေး ကြီးမားတယ်။ ငါတို့တွေ လျှော့တွက်လို့ မဖြစ်ဘူး။”
“မဟုတ်ဘူး။ ပြောင်းပြန်ပဲ။ ချော်ရည်ပြာနယ်မြေရဲ့ အရှင်သခင် သေသွားပြီးတော့ သူ့ရဲ့သား ချန်ဒလာက အင်အားနှင့် ဂုဏ်သြဇာ မပြည့်စုံသေးဘူးဆိုတော့ အင်အားစု အားလုံးက လှုပ်ရှားကြမှာပဲ။ အဲဒါကြောင့် ဒီနယ်မြေကို ကျုပ်တို့တွေ ပိုပြီးတော့ အာရုံစိုက်သင့်တယ်။ လိပ်ပြာနီနယ်မြေကိုတော့ အခုလက်ရှိ စိုးရိမ်စရာ မလိုဘူး။ အရင် ဒီရန်သူက ကျုပ်တို့ရဲ့ အရေးကြီးဆုံး အထောက်အပံ့ထဲကတစ်ခု ဖြစ်လာနိုင်တယ်။”
ဂျို့ရှ်သည် ဒဏ်ရာအပြင်းအထန် ရထားပြီး သေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏သား ခါနီတာမှာ ထိန်းချုပ်ခံထားရသည်။ ထို့ကြောင့် ခါနီတာမှတစ်ဆင့် ဆုံးဖြတ်ချက် အားလုံးကို လုပ်ဆောင်ခိုင်း၍ ရနိုင်ပေသည်။
ခါနီတာက လီရိုမြို့ ခေါင်းဖြတ်စီမံကိန်းအတွင်း၌ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ရုပ်သေး ဖြစ်သွားခဲ့သည်။
ထိုအခြေအနေနှစ်ရပ်တည်းကပင် ကိစ္စတော်တော်များများကို ရှင်းပြနိုင်ပေသည်။
“တကယ်ပဲလား။ ဒါဆိုရင် ငါတို့တွေ ချော်ရည်ပြာရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းဖို့ လုပ်ရမယ်။” ရှီရာ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီးနောက် ရှက်သွားသည်။ “ရှင့်လက်......ငြိမ်ငြိမ်နေ။”
“ကျုပ်က အရှင်မရဲ့ ခမ်းနားထူးချွန်တဲ့....အမ်....ရည်မှန်းချက်(ရင်သားဟုလည်း အဓိပ္ပာယ်ရ)ကို ခံစားကြည့်ချင်ရုံပါ။ လျို့ဝှက်အခန်းထဲမှာ ဘာလို့ အရွယ်အစား ကြီးနေရတာလဲ။ မင်းသမီးရှီရာ။ ကိုယ့်ရဲ့ဝိညာဉ်ကို မချုပ်တည်းထားပါနဲ့။ ချောင်ချာင်ချိချိနဲ့ သက်တောင့်သက်သာ ပတ်ဝန်းကျင်မျိုးမှာ ထားသင့် ..... အို့။”
“တော်လောက်ပြီ။ ဘဏ္ဍာရေးအရာရှိ။ မင်း အခုပဲ ထွက်သွားတော့။ အစုတ်ပလုတ်ကောင်။ မင်းဘာလုပ်နေ.....အွမ်း.....အွန်း....” (ပါးစပ်ပိတ်ခံလိုက်ရသည့် အသံများ။)
အချိန်အတော်ကြာသည်အထိ နန်းတော်မှ တော်ဝင်အစောင့်များ တဖြစ်လဲ သွေးနီရောင်အစောင့်များသည် ကောင်စီခန်းမထဲမှ တော်ဝင်မင်းသမီး၏ ဒေါသတကြီး အသံများကို ကြားနေရသည်။ သို့သော်လည်း တော်ဝင်မင်းသမီး၏ အမိန့်မပါဘဲ မည်သူမှ ရှေ့မတက်ရဲပေ။ ထို့နောက် သူတို့သည် ပါးစပ်အုပ်ထားရင် စိတ်ပျက်လက်ပျက်နှင့် ပြေးထွက်လာသော လူသား ဘဏ္ဍာရေးအရာရှိကို မြင်လိုက်ရသည်။ သူသည် အဆူခံထား နေရပုံပေါ်ပြီး အသံကျယ်ကျယ်ပင် မပြောရဲတော့ပေ။
သူက စစ်မြေပြင်မှာ ရဲစွမ်းသတ္တိ ပြခဲ့ပြီး အမှောင်လက ကြီးကြီးမားမား အောင်နိုင်မှု ရခဲ့တာတောင် လူသား ဘဏ္ဍာရေးအရာရှိက ထုံးစံအတိုင်း တော်ဝင်မင်းသမီးကို ဒေါသထွက်အောင် လုပ်ပြီးတော့ ကန်ထုတ်ခံလိုက်ရတုန်းပဲ။
ဧကန္တ...လိပ်ပြာနီစစ်တပ်ကို ရင်ဆိုင်ဖို့အတွက် သူ့ရဲ့သတ္တိတွေကို တော်ဝင် မင်းသမီး ဒေါသထွက်နေတဲ့ သာမန်နေ့ရက်တွေမှာ လေ့ကျင့်ထားတာများလား။
သွေးနီရောင် အစောင့်များ၏ ထူးဆန်းသောအကြည့်များကို မြင်သည့်အခါ ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း ပုခုံးတွန့်ပြလိုက်သည်။ ထို့နောက် ပါးစပ်ကိုအုပ်ရင်း ကြေကွဲဝမ်းနည်းသည့် အမူအရာဖြင့် လမ်းလျှောက်ထွက်သွားသည်။ ချန်လွေ့ ပါးစပ်အုပ်ထားရခြင်းမှာ သူ၏လုပ်ရပ် ပြင်းထန်သွား၍ တော်ဝင်မင်းသမီးက ရှက်ရှက်နှင့် သူ့နှုတ်ခမ်းကို ကိုက်လိုက်သည့်အတွက်ကြောင့် ဖြစ်သည်ကို မည်သူမှ စဉ်းစားမိနိုင်မည် မဟုတ်ပေ။
ငါ “သွေး”နဲ့ ပေးဆပ်လိုက်ရပေမဲ့ သူ့ရဲ့ နွေးထွေးတဲ့ အနီရောင် နှုတ်ခမ်းတစ်စုံကို ခံစားခဲ့ရသေးတာပဲ။ ပြီးတော့ “ထူးချွန်တဲ့ရည်မှန်းချက်တစ်ခု” ရောပဲ။ ဒါက သေချာပေါက်ကို တန်တယ်။
ယနေ့ည လနှစ်စင်းသည် အမှန်တကယ်ပင် တောက်ပနေ၏။
တောက်ပနေသော ကောင်းကင်ထက်မှ ချိတ်ကောက်နှစ်ခုသဖွယ် လနှစ်စင်းကို ကြည့်ရင်း ထိုမသက်ဆိုင်သော စကားများ တစ်စုံတစ်ယောက်၏ နှလုံးသားထဲ၌ လှိမ့်တက်လာတော့သည်။