← Chapters

ဘဏ္ဍာရေးအရာရှိ၏ အေးအေးလူလူဘဝ

Vol. 27 Ch. 395

ဘဏ္ဍာရေးအရာရှိ၏ အေးအေးလူလူဘဝ

Vol. 27 Ch. 395

ငြိမ်ဝပ်ပိပြားရေး နှင့် ဘဏ္ဍာရေး အရာရှိတို့၏ နေအိမ် -

ခြံဝင်းအတွင်း ညနေခင်းဝယ် -

ပါ့ဂ်လီအိုက ရွှေသလင်းကျောက် ကုတင်ထက်၌ အေးအေးဆေးဆေး လှဲလျောင်း နေသည်။ သူ့ကိုပုံမှန် တည်ခင်းပေးနေသော စားပွဲထိုး ဒိုဒို ပျောက်ဆုံးနေ၏။ ထိုအစား သူ့ဘေးတွင် ဆံပင်အစိမ်းရောင်နှင့် ငွေရောင်ဂါဝန်ရှည် ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီး တစ်ယောက်သာ ရှိသည်။ ၎င်းမှာ မစ်-မြနဂါးမှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။

အစိမ်းရောင်ကျောက်ကဲ့သို့ ဝိုင်သည် ခရိုဘဲလက်စ်က လျို့ဝှက်နည်းလမ်းဖြင့် ဖော်စပ်ထားသော မြကျောက်စိမ်းဝိုင် ဖြစ်သည်။ ချန်လွေ့နှင့် ရိုမန်တို့ပင် ၎င်းကို အနည်းငယ်သာ အရသာ ခံနိုင်လေသည်။ သို့သော်လည်း သူ့လူ ဖြစ်သော အဆိပ်နဂါး အတွက်ကိုမူ ကန့်သတ်ချက် မရှိပေ။ ယခုတွင် အဆိပ်နဂါးသည် ထိုဝိုင်နှင့် ခွဲ၍ မရတော့ပေ။

ခရိုဘဲလက်စ်က အနီရောင်သစ်သီးတစ်လုံးကို အခွံခွာပြီး ဆရာသခင် အဆိပ်နဂါး၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်ပြီး နှုတ်ခမ်းထောင့်ကို အလိုက်တသိနှင့် ပွတ်သပ်ပေးသည်။ ဆရာသခင် အဆိပ်နဂါးကလည်း ပြုံးဖြီးဖြီးလုပ်ရင်း မစ်-မြနဂါးကိုဖက်ကာ မျက်နှာကို နမ်းရှိုက်လိုက်သည်။ မစ်-မြနဂါး၏မျက်နှာ နီမြန်းသွား၏။ ထို့နောက် ချန်လွေ့၊ ရိုမန်နှင့် အခြားသူများ ရှိနေသည်ကို ဂရုမစိုက်တော့ဘဲ ဆရာသခင် အဆိပ်နဂါးအား ပြန်နမ်းလိုက်သည်။

သို့သော်လည်း အဆိပ်နဂါးကိုကျွေးသော အစားအစာနှင့်ယှဉ်လျှင် စားပွဲပေါ်မှ အစားအစာ ၉၀% မှာ ခရိုဘဲလက်စ၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ဘေးဖက်မှမြင်ကွင်းမှာ အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆရာသခင် ရိုမန်က လတ်လတ်ဆတ်ဆတ် ကင်ထားသော အရွက်လိပ်ကို သေသေချာချာကိုင်ပြီး မစ်-ဒေလီယာ၏ ပါးစပ်ထဲသို့ ယူလာပေး၏။ မစ်-ဒေလီယာက ရိုမန်ကို ပုံမှန်ပင် ဖျပ်ခနဲ ကြည့်ပြီး စကားမပြောပေ။ ရိုမန်က အရွက်လိပ်ကို အောက်ချလိုက်သည်။ ထို့နောက် တောင်းပန်သည့် အပြုံးမျိုးပြုံးလိုက်ပြီး ခရမ်းဘယ်ရီတစ်ခိုင်ကို ကမ်းပေးသည်။ ဒေလီယာက သူ့ကို အေးစက်စက်နှင့် စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ဒေလီယာ။ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ။” အသီနာက ဒေလီယာ၏လက်ကို ကိုင်လိုက်သည်။

ရိုမန်က အသီနာကို ကျေးဇူးတင်သည့် အကြည့်မျိုး ပြသလိုက်သည်။ ထို့နောက် ဆရာသခင် ပါ့ဂ်လီအိုက ပြောသည်။ “ဟုတ်တယ်။ ဒီကောင်က အမှားကြီးကြီးမားမား မလုပ်ခဲ့တာ။ သူက လမ်းဘေးက အမှောင်နတ်သူငယ် ကောင်မလေးတစ်ယောက်နဲ့ အီစီကလီလုပ်ခဲ့ရုံပါ။ ပြီးတော့ အမျိုးသမီးရေချိုးခန်းကို ဆယ်မိနစ်ကျော် ချောင်းကြည့် ခဲ့တယ်။ ပြီးတော့ အရက်ဆိုင်က ကဝေမနှစ်ယောက်နဲ့ တွဲလိုက်သေးတယ်။ အမ်း.... တစ်ရက်မှာ ဆယ့်နှစ်ယောက်လောက်ပါပဲ။”

ချန်လွေ့သည် ထိုအဖြစ်အပျက် ဒါဇင်ခန့် အသေးစိတ်ရေးထားသော အစီရင်ခံစာကို ကိုင်ထားရင်း ချွေးပျံသွား၏။ ကြည့်ရတာ ဆရာသခင် ရိုမန်၏ နေ့အချိန်က တကယ့်ကို “ပြည့်ဝ”နေတာပဲ။

“ဒေလီယာ။ နင် ဒီလိုလူမျိုးကို သနားလို့ မဖြစ်ဘူး။ ငါသာဆိုရင် သူ့ကို သုံးရက်တစ်ခါ ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးတော့ နှစ်ရက်တစ်ခါ ဖြည်းဖြည်းရိုက်မှာ။ ရိုးသားမှုက ဘာလဲဆိုတာကို သူသိအောင် လုပ်ရမယ်။” မစ်-မြနဂါးက ရိုမန်၏ ခါးသက်သက် အကြည့်ကို လုံးဝလျစ်လျူရှုပြီး ပြောလိုက်သည်။

ထိုအချိန်အတွင်း အတူတူ နေခဲ့ကြပြီးနောက် မစ်-မြနဂါး၊ ဒေလီယာ၊ အသီနာနှင့် ခီရာတို့သည် အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားကြသည်။ သူတို့ ရင်းနှီးမှုမှာ အလွန်ပင် လိုက်လျောညီထွေမှု ရှိလေသည်။

မစ်-မြနဂါးသည် ထိုနေရာ၌ တစ်နေ့လုံး ကြောင်သူတော် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည့် ရွံစရာလူများနှင့် ရင်ဆိုင်စရာ မလိုအပ်ပေ။ ရိုးသားသော မိတ်ဆွေများသာ ရှိသည့်အတွက် ခရိုဘဲလက်စ် အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေသည်။ သူ၏တန်ဖိုးအထားရဆုံးသူဖြစ်သော ပါ့ဂ်လီအိုလည်း ဤနေရာ၌ ရှိနေသည်။ ထို့ပြင် တစ်စုံတစ်ယောက်၏ တန်ဖိုးတူ ရတာများလည်း ရှိနေလေ၏။

( စိတ်မကောင်းစရာက ရင်းနီ မရှိတော့တာပဲ။ )

မစ်-မြနဂါးအား အကုန်မပြောပြရန်မှာ ပါ့ဂ်လီအို၏အကြံ ဖြစ်သည်။ အရေးကြီးဆုံးမှာ လက်ရှိ၌ ခရိုဘဲလက်စ်ကို မည်သူမှ အနိုင်မယူနိုင်ခြင်းပင်။ ထို့ပြင် ဆရာသခင် အဆိပ်နဂါးကလည်း မစ်-မြနဂါးအား သူ၏ညှို့ဓာတ်ဖြင့် သိမ်းပိုက်နိုင်မနိုင် မသေချာသေးပေ။ ထို့ကြောင့် “ချာလီစ်” ဟူသော သရုပ်ကို ယာယီလျို့ဝှက်ထားသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။

ဆရာသခင် အဆိပ်နဂါးသည် ချန်လွေ့ပေးသော အကျိုးအမြတ်ကို မစ်-မြနဂါး မျှဝေလိမ့်မည်ကို စိုးရိမ်နေဟန်တူသည်။

ရိုမန်က ပါ့ဂ်လီအိုအား သနားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သုံးရက်တစ်ခါ ကြမ်းကြမ်းရိုက်ပြီးတော့ နှစ်ရက်တစ်ခါ ဖြည်းဖြည်း ရိုက်ခံရတယ်လား။

ပါ့ဂ်လီအို သဘောမပေါက်ခဲ့ပေ။ “ဘာကြည့်တာလဲ။ မနာလိုတာလား။”

ရိုမန်က မျက်လုံးလည်လိုက်၏။ ကျုပ်က ခင်ဗျားကို မနာလိုရမှာလား။

မစ်-မြနဂါးက ပါ့ဂ်လီအိုအား ရိုမန်ကြည့်သောအကြည့်ကို မြင်လိုက်ပြီး ဂုဏ်ယူလျက် ပြောသည်။ “ငါတို့ရဲ့ ပါ့ဂ်လီအိုကို ကြည့်ပါဦး။ သူ့ရဲ့သန်မာတဲ့ ခန္ဓာကိုယ်နဲ့ ထက်မြက်တဲ့သွားတွေ။ အဲဒီခန့်ညားတဲ့ အသွင်အပြင်တွေကို အသာထား။ အရေးကြီးဆုံးက သူ့ရဲ့ သစ္စာရှိမှုပဲ။ ဒီအပိုင်းမှာ မြာပွေတဲ့ ချန်လွေ့တောင် သူ့ထက် နိမ့်ကျတယ်။”

ထိုစကား ပြောလိုက်သည်နှင့် ချန်လွေ့နှင့် စိတ်ဆိုးနေသော ရိုမန်တို့က ပါ့ဂ်လီအိုအား တစ်ချိန်တည်းမှာပင် စိုက်ကြည့်လိုက်သည်။ ဟုတ်သား။ သွားချွန်ချွန်တွေနဲ့ အခြား “လေးလံသောအကြိုက်များ”ကို ဘေးဖယ်ထားလိုက်ရင်တောင် သစ္စာတရား ကတော့...... နဂါးတစ်ကောင်က သူ့ရဲ့ သဘောအကျဆုံးဘဝအကြောင်း တစ်ခါမက ပြောခဲ့တာ ငါ မှတ်မိတယ်။ အဲဒါက အမှောင်လကောင်းကင်ပေါ်မှာ နဂါးမ တစ်အုပ်နဲ့ ပျံမယ်ဆိုလားပဲ။

“အာ....” စူးရှသော အကြည့်လေးခုကို ရင်ဆိုင်ရပြီးနောက် ပါ့ဂ်လီအိုက လိပ်ပြာမလုံ ဖြစ်သွားပြီး ပြောလိုက်သည်။ “ဘက်တီလေး။ ငါ့ရဲ့ခွန်အားအကြောင်းကိူ လူတိုင်းသိကြတယ်။ ထပ်ပြောစရာ မလိုပါဘူး။ ဒီလျို့ဝှက်စမ်းသပ်ချက် အရဆိုရင် အမှောင်နတ်ဆိုးအလုပ်အတွက် ဒေလီယာ သင့်တော်တယ်။”

ချန်လွေ့ ခေါင်းညိတ်ပြီး စကားတစ်ခွန်း ပြောသည်။ “တစ်စုံတစ်ယောက် မဖောက်ပြန်အောင် ဒီတာဝန်ကို မင်းယူတာ အကောင်းဆုံးပဲ။ သူ မကောင်းတာ တစ်ခုခု လုပ်ရင် အစောပိုင်း အခြေအနေတွေမှာ မင်းသူ့ကို ချက်ချင်း တားလိူ့ရတယ်။ ခရိုဘဲလက်စ်ရဲ့ ရိုက်နှက်တဲ့အကြံက တော်တော်လေး ပြင်းထန်ပေမဲ့ တချို့ အချိန်တွေမှာ သုံးလို့ရတယ်။ ငါသူ့ကို ကြိုးတုပ်ပေးလို့ရတယ်။”

“ခေါင်းဆောင်နဲ့ယှဉ်မယ်ဆိုရင် ဒီလူက တဏှာကြီးရုံပဲ။ သတ္တိမရှိဘူး။” ဒေလီယာက ချန်လွေ့ကိုကြည့်ပြီး အသီနာနှင့် ခီရာတို့ကို ကြည့်လိုက်သည်။ ထို့နောက် မကျေမနပ်နှင့် ထပ်ပြောသည်။ “ရှင်တွဲဖို့ ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်အရှေ့မှာ ကျွန်မကို အမှောင်နတ်ဆိုးတပ်မှူးအဖြစ် အကြံပြုနေတာလား။ ကြည့်ရတာ ခေါင်းဆောင်ရဲ့ စွမ်းရည်တွေက တိုးတက်လာတဲ့ပုံပဲ။”

မည်သို့ပင်ဆိုစေကာမူ ဒေလီယာသည် ရိုမန်အား စိတ်ထဲ၌ ကာကွယ်ထားဆဲပင် ဖြစ်သည်။ တစ်ခုခုဖြစ်နေကြောင်း ရိုမန်ကြားလိုက်သည့်အခါ ခုန်ထပြီး ချန်လွေ့အား ဝေဖန်ရန် ပြင်လိုက်သည်။ သို့သော် ဒေလီယာ သူ့ကို ကြည့်လိုက်ရာ လောက၌ သစ္စာ အရှိဆုံးနှင့် အရိုးသားဆုံး ယောက်ျားတစ်ယောက်ကဲ့သို့ပင် ငြိမ်ငြိမ်သက်သက် ပြန်ထိုင်နေလိုက်သည်။

ချန်လွေ့က မိမိ မှားကြောင်း သိသည့်အတွက် အားတင်းပြီး ပြုံးနေလိုက်သည်။ အသီနာက အဆင်ပြေနေသော်လည်း ခီရာက အသာလေး သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယ် သနားနေဟန်တူသည်။ ခီရာကို သတိထားမိသွားသည့်အခါ ခရိုဘဲလက်စ်၏ အမှန်တရားဘက်တော်သား နှလုံးသား အသက်ဝင်သွားပြီး ချန်လွေ့၏ မတရားမှုကို ဒေါသတကြီးနှင့် ရှုတ်ချလိုက်သည်။ ၎င်းကိုကြားရာ ဆရာသခင်ရိုမန်က တိတ်တိတ်လေး ကျေနပ်နေပြီး တစ်ချက်တစ်ချက် သူက မီးလောင်ရာ လေပင့်တော့၏။

သို့သော်လည်း နောက်ဆုံး၌ ဒေလီယာက ချန်လွေ့၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။ သူသည် အမှောင်လ၌ နေနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ရိုမန်နှင့် ချန်လွေ့ကဲ့သို့ မိတ်ဆွေများ သူ၏အနီးတွင် ရှိနေသော်လည်း သူက ခဏခဏပျင်းရိနေပြီး တစ်ခုခု လုပ်ချင်နေခဲ့သည်။ “မဒမ် ဘလက်ဝစ်ဒိုး”ဟု တစ်ချိန်က နာမည်ကျော်ခဲ့သောသူသည် အရိပ်နက်အင်ပါယာ၌ အဆက်အသွယ် အများအပြား ရှိခဲ့သည်။ သူသည် သတင်းအချက်အလက်နှင့် လုပ်ကြံခြင်း၌ မကျွမ်းကျင်သော်လည်း မရင်းနှီးလှသည် မဟုတ်ပေ။

မှော်မြေ၊ အဂ္ဂိရတ်အစည်းအရုံးအခွဲ၊ မိစ္ဆာသစ်သီး လေလံပွဲ၊ ကုန်စည်ပြပွဲ...။ ယခုတစ်ခေါက် လော့ဒ်စစ်ပွဲပြီးနောက်တွင် အမှောင်လသည် စင်ပေါ်သို့ ကြိုတင် တက်ရောက်ပြီး ဖြစ်သည်။ ၎င်းသည် သိပ်မကြာခင်၌ ကြယ်ကြွေတမန်အင်ပါယာနှင့် နတ်ဆိုးဘုံတစ်ခုလုံး၏ အာရုံစိုက်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့သည် မျက်လုံး ရှင်ရှင်ထားပြီး နားပါးပါး ထားရမည် ဖြစ်သည်။

အမှောင်နတ်ဆိုး ကိုယ်စားလှယ် ဖြစ်သည့်အလျောက် သူတို့သည် ဝတ်ရုံဂိုဏ်း၌ အခြေစိုက်ပေမည်။ လက်ရှိ၌ သူလျှိုများမှာ အမှောင်လ၏ ပတ်ဝန်းကျင် နယ်မြေများ အတွက်သာ အဓိက ဖြစ်သည်။ အနာဂတ်၌ သူတို့သည် နတ်ဆိုးဘုံတစ်ခုလုံးသို့ ဖြန့်ကျက်ရန် စဉ်းစားပေမည်။

“အချိန်မကြန့်ကြာစေဖို့အတွက် ငါ အခုပဲ ပဏာမ အကြံအစည်တွေ ပြင်ဆင်ထား လိုက်မယ်။” အလုပ်နှင့်ပတ်သက်လျှင် ဒေလီယာသည် လျင်မြန်သော ကြိုးစားသော ပုံစံမျိုး ဖြစ်သည်။ ထိုကိစ္စကို သဘောတူပြီးနောက် သူ၏စိတ်ထဲ၌ အကြံဉာဏ် အများအပြား ထွက်ပေါ်လာပြီး ငြိမ်ငြိမ် မထိုင်နေနိုင်တော့ပေ။

“ငါမင်းကို အဖော်လိုက်ခဲ့ပေးမယ်။” ရိုမန်က အခွင့်အရေးကို အရယူပြီး ဒေလီယာ၏ လက်ကို ကိုင်လိုက်သည်။ ဒေလီယာ နှာမှုတ်လိုက်သော်လည်း လက်ကို မခါထုတ်ခဲ့ပေ။”

ငယ်ရွယ်သောစုံတွဲ ထွက်သွားသည်ကိုကြည့်ရင်း ခရိုဘဲလက်စ်က သက်တောင့်သက်သာ အကြောဆန့်လိုက်ကာ ပါ့ဂ်လီအို၏ လက်မောင်းကို ပွင့်ပွင့်လင်းလင်း ဖက်တွယ်လိုက်သည်။ “ယောက်ျား။ မနေ့က ကျွန်မကို ကတိပေးထားတဲ့ ငွေ့ရည်လဲ့မျက်လုံးရော။ ကျွန်မကို ရှင် ဘယ်တော့ ပေးမှာလဲ။”

“ငွေ့ရည်လဲ့မျက်လုံးလား။” ပါ့ဂ်လီအို အံ့အားသင့်သွားသည်။ “အဲဒါ ငါ့မှာ ရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ။ မင်းကိုပေးမယ်လို့ ငါဘယ်တုန်းက ကတိပေး ခဲ့တာလဲ။”

အသံသွင်းကျောက်ကို ကိုင်ထားလျက် ခရိုဘဲလက်စ်က ကောက်ကျစ်သောအပြုံး ပြုံးလိုက်သည်။ ရင်းနှီးသောအသံတစ်သံ ထွက်လာသည်။

“ဘက်တီလေး။ မင်းရဲ့ ရေခဲမီးလျှံလည်ဆွဲက ဘာမှမဟုတ်ဘူး။ ငါ့ရဲ့ ငွေ့ရည်လဲ့ မျက်လုံးက အကောင်းဆုံးပဲ။ နောက်တစ်ခါကျရင် ငါ......”

“ကျွန်မကို ပေးမှာလား။”

“အား.....”

၎င်းသည် အဆိပ်နဂါးနှင့် မစ်-မြနဂါးတို့၏ စကားဝိုင်းဖြစ်သည်။ အဆိပ်နဂါး၏ ဗလုံးဗထွေးအသံကို ကြည့်ရသည်မှာ မူးနေဟန်တူသည်။

ချန်လွေ့၊ အသီနာနှင့် ခီရာတို့အားလုံး တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။ ဒါကြောင့် မစ်-မြနဂါးက ပါ့ဂ်လီအိုကို စိတ်ရှည်ရှည်နဲ့ သေသေချာချာ မြကျောက်ဝိုင်တွေ တိုက်နေတာကိုး။ လက်စသတ်တော့ သူ့မှာ ဒီလိုအကြံတွေ ရှိနေတာပဲ..... ။ ဆရာသခင် အဆိပ်နဂါးက မစ်-မြနဂါး၏လက်ထဲ၌ ချက်ချင်း ပျောက်ကွယ်ထားသော အသံသွင်းကျောက်ကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ မြကျောက်စိမ်းဝိုင်ကို ကြည့်လိုက်သည်။ သူ ခဏတာ ဆွံ့အသွားခဲ့သည်။

ငါ တကယ်ကြီး ဘက်တီလေး၏ အကွက်ချတာကို ခံရပြန်တာလား။ ဒါက သိပ္ပံနည်းလမ်းမကျဘူး။

ဘက်တီလေးရဲ့ ရတနာတွေကို ငါ မတွေ့ရသေးဘူး။ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ငါ ဒေဝါလီ ခံရတော့မှာ။

ရာဇဝတ်သားအနေနဲ့ အသက်ရှင်မယ်ဆိုရင် အနှေးနဲ့အမြန် ပေးဆပ်ရမှာပဲ။ ဒါကို ဝဋ်လည်တာလို့ ပြောလို့ရမယ်ထင်တယ်။ ချန်လွေ့က စိတ်ထဲ၌ တီးတိုးပြောလိုက်သည်။ “အာ...ခရိုဘဲလက်စ်။ ပါ့ဂ်လီအို။ ခင်ဗျားတို့နှစ်ယောက် အရေးကြီးတာတွေ ပြောစရာ ရှိမယ်ထင်တယ်။ ကျုပ်တို့ အရင်သွားလိုက်တာ ကောင်းမယ်....”

ချန်လွေ့က အသီနာ၊ ခီရာနှင့်အတူ ဝင်းထဲမှ အမြန်ထွက်သွားပြီး အခန်းထဲသို့ လမ်းလျှောက်သွားလိုက်ကြသည်။

အသီနာ ပြုံးရင်း ပြောသည်။ “နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ပါ့ဂ်လီအိုကို ထိန်းချုပ်နေပြီ။ ဒါပေမဲ့ သူက အတော်လေး သနားစရာကောင်းတယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ။”

“လုံးဝ သနားစရာ မကောင်းဘူး။” ချန်လွေ့က လေးလေးနက်နက် ခေါင်းခါသည်။ “အရင်တုန်းကဆိုရင် သူက ခရိုဘဲလက်စ်ရဲ့ ပိုက်ဆံတွေနဲ့ ကာမကို လိမ်ညာယူခဲ့တာ။ ပြီးတော့ ထွက်ပြေးသွားခဲ့တယ်။ အခု သူ ဝဋ်ပြန်လည်တာ။”

အသီနာက ပီတိဖြစ်နေသော တစ်စုံတစ်ယောက်ကိုကြည့်ရင်း နှုတ်ခမ်း ထော်လိုက်သည်။ “ဖောက်ပြန်တဲ့သူအကြောင်း ပြောရင်းဆိုရင်း ငါတို့အရှေ့မှာရှိတဲ့ လူက ဖောက်ပြန်သူ အကြီးကြီး မဟုတ်လား။ ခီရာ။”

ခီရာက ဇနီးကြီး၏ ဦးဆောင်မှုနောက် လိုက်နေသကဲ့သို့ပင် ထပ်ကာထပ်ကာ ခေါင်းညိတ်နေသည်။

“ကိုယ်က အပြစ်မရှိပါဘူး။” ချန်လွေ့ အော်ပြောလိုက်သည်။ “ကိုယ်က နည်းဗျူဟာတချို့ သုံးပြီးတော့ ရီဂျန့် အိုဆိုင်ဒန်ကို လိမ်ညာခဲ့ရုံပါ။ ကိုယ်က မင်းတို့ နှစ်ယောက်အရှေ့က လူကောင်းတစ်ယောက်ပါ။”

“အဲဒါထက် ပိုရှိသေးတဲ့ပုံပဲ.....” အသီနာ စဉ်းစားနေဟန်တူသည်။ “ခရိုဘဲလက်စ်က အစ်ဇဘယ်လာနဲ့ သူ့ရဲ့မိတ်ဆွေ ချာလီစ်က ပရောပရည် ပတ်သက်မှုရှိတယ်လို့ ပြောတာကို ငါဘာလို့ ကြားမိတာလဲ။ အဲဒီလူက အစ်ဇဘယ်လာရဲ့ အိမ်မှာတောင် နေတာတဲ့။”

ခီရာ ခေါင်းညိတ်နေရင်း ဇနီးကြီး အမိန့်ပေးသည်နှင့် အဖြေပြောရန် ချန်လွေ့ကို နှိပ်စက်ရန် အသင့်ပြင်ထားပြီ ဖြစ်သည်။

ချန်လွေ့က ခပ်မြန်မြန် ရှင်းပြလိုက်သည်။ “အဲဒါကလည်း နည်းဗျူဟာတစ်မျိုးပဲ။ အစ်ဇဘယ်လာက အိုဆိုင်ဒန် လက်အောက်မှာရှိတဲ့ အရေးပါတဲ့ အရာရှိတစ်ယောက်။ အဲဒါကြောင့် ကိုယ်က သူ့ရဲ့ယုံကြည်မှုကို လှည့်ဖျားပြီးတော့ ရယူခဲ့ရတာ။ ကိုယ်တို့ ကြားမှာ တကယ် ဘာမှမဖြစ်ခဲ့ပါဘူး။”

“ဒါဆို....” အသီနာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “တော်ဝင်မင်းသမီး ကရော။ အဲဒါကလည်း.....နည်းဗျူဟာပဲလား။”

ခီရာက ဆွဲဆောင်မှုရှိသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး ဆက်လက် ခေါင်းညိတ်နေသည်။

ရှီလန်တောင်မှာ ငါ သဘောအကျဆုံး အမျိုးသမီးက ရှီရာလို့ အသီနာ အထင်မှားနေတုန်းက ရှီရာတို့ ညီအစ်မနဲ့ ခီရာကို လက်ခံပေးနိုင်တယ်လို့ ရက်ရက်ရောရော ပြောခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘာလို့ သူစကားတွေထဲမှာ မနာလိုတဲ့ ခံစားချက်တွေ ရှိနေရတာလဲ။

အသီနာ၏ဖခင်က ရှီရာကို သစ္စာခံထားပြီး သူ၏ တိုက်ရိုက်အကြီးအကဲ ဖြစ်သော်လည်း ယောက်ျားတစ်ယောက်၏ “အမျိုးသမီးတစ်ယောက်” ဘက်မှကြည့်လျှင် အားလုံးအတူတူပင် ဖြစ်လေသည်။

“တော်ဝင်မင်းသမီးက...တကယ်‌တော့...အာ....” ချန်လွေ့သည် ကိစ္စများကို အဆင်ပြေ ချောမွေ့စေချင်သော်လည်း ရှီရာသာမက မစ်-နတ်မိမယ်နဂါးလည်း ရှိနေသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။

ချန်လွေ့ တိတ်တဆိတ် သိမ့်သိမ့်တုန်သွားခဲ့သည်။ ဇိုလာအကြောင်း ငါဘယ်သူ့ကိုမှ မပြောရသေးဘူး။ ဒါပေမဲ့ အနှေးနဲ့အမြန် အသီနာနဲ့ တခြားသူတွေ သိသွားကြမှာပဲ။ ငါ ဘယ်လိုပြောပြရင် ကောင်းမလဲ။ အပြင်သွားတုန်း မိန်းမလှတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်လို့ ပြောရမလား။

အမှန်တကယ်၌ အသီနာနှင့် ခီရာတို့က ရှီရာကို မနှစ်သက်ကြသည် မဟုတ်ပေ။ အုပ်စိုးသူတစ်ယောက် ဖြစ်သော်လည်း ရှီရာသည် အန္တရာယ်အများဆုံး အချိုးအကွေ့၌ သူတို့ကို မစတေးခဲ့ရုံသာမက အန္တရာယ်နှင့် ဝေးဝေးနေစေကာ သူကိုယ်တိုင်က ရန်သူကို သေသည်အထိ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

အသီနာနှင့် ခီရာတို့ နှစ်ယောက်စလုံး ၎င်းကို စိတ်ထဲ၌ သိကြသည်။

သို့သော်လည်း မိန်းမတစ်ယောက် မည်မျှပင် ရက်ရောစေကာမူ၊ မိန်းမ တစ်ယောက်သာ ဖြစ်လေသည်။ သူတို့စိတ်မရှိလျှင် အမှန်တကယ် သိပ္ပံနည်းလမ်းမကျ ဖြစ်သွား‌ပေမည်။

“အဲလစ်နဲ့‌ တော်ဝင်မင်းသမီးတို့ဘက်ခြမ်းကို အဆင်ပြေအောင် နင် သေချာ သွားလုပ်ပေး။” ချန်လွေ့က ရှီရာအား ပထမဆုံး “သဘောကျ”ခဲ့သည်ဟု အသီနာ ထင်မှတ်နေခဲ့ပြီး နတ်ဆိုးဘုံ၌ အမျိုးသားများတွင် မိန်းမနှင့် ကိုယ်လုပ်တော်များ ဒါဇင်ခန့် ရှိတတ်ကြသည်။ အမှန်တကယ်၌ ထိုသူသည် အတော်လေး ချုပ်တည်းထားပြီး ဖြစ်သည်။ “အထူးသဖြင့် အဲလစ်ကို ပျော်အောင် နင်လုပ်ပေးရမယ်။”

နောက်ဆုံးစကားကို ခီရာကြားသည့်အခါ အလေးအနက် ခေါင်းညိတ်လိုက်သည်။ လိုလီလေးသည် လူမှုဆက်ဆံရေး အတော်လေး ကောင်းမွန်ပုံရသည်။

နေပါဦး။ ဘာလို့ အဲလစ်က ပါလာရတာလဲ။ အချိန်ဆွဲဖို့ ငါလုပ်ခဲ့တဲ့အကြောင်းကို အသီနာနဲ့ ခီရာတို့ဆီ လိုလီလေး ပြောပြခဲ့တာများလား။

ချန်လွေ့ လိပ်ပြာမလုံ ဖြစ်သွားခဲ့ပြီး ပင့်သက်ရှိုက်ကာ ဇိုလာနှင့် ပတ်သက်မှု အားလုံးကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။ “တကယ်တော့ နောက်ထပ်တစ်ခု ရှိသေးတယ်.....”

“ဘာလဲ။”

“အမ်း....ဒီလိုပါ။ အဲဒါက.....”

ခီရာက ဆွဲဆောင်မှုရှိသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်သည်။ “အဲဒါက တခြားမိန်းမတွေနဲ့ သက်ဆိုင်နေတာလား။”

မိန်းမတွေရဲ့ မသိစိတ်က ကြောက်စရာပဲ....။ ချန်လွေ့ အနည်းငယ် ချွေးပျံသွား၏။

“တခြားမိန်းမတွေ ရှိသေးတာလား။” ခီရာ၏စကားကို ကြားသည့်အခါ အသီနာက ခရိုဘဲလက်စ်၏ “မြာပွေသူ”ဟူသော ဂုဏ်ပုဒ်ကို ရုတ်တရက် သတိရလိုက်သည်။ သူ၏မျက်လုံးထဲ၌ အနည်းငယ် ပို၍စေ့စပ်စစ်ဆေးခြင်းတစ်ခု ရှိနေသည်။

လိပ်ပြာမလုံခြင်းနှင့်အတူ တစ်စုံတစ်ယောက်၏ စကားများ ပြောင်းလဲသွား ပြန်သည်။ “ဘာတွေ တွေးနေတာလဲ။ သိပ်မကြာခင် လေလံပွဲ ကျင်းပမှာလေ။ မိစ္ဆာသစ်သီးက အထင်ရှားဆုံးပေါ့။ ဒီတစ်ခေါက် အမှောင်လက စစ်သည် နည်းနည်းနဲ့ပဲ အနိုင်ရခဲ့တာ။ ဒီဂုဏ်သတင်းက အင်ပါယာတစ်လျှောက် ပျံ့နှံ့သွားမှာပဲ။ ဒါပေမဲ့ မကောင်းကြံလာမယ့် လူတွေအများကြီး ရှိလာမှာ အသေအချာပဲ။ ဒီတစ်ခေါက် မင်းရဲ့တာဝန်က တော်တော်လေး အရေးကြီးတယ်။ စစ်သည်အသစ်တွေ အမြန်ဆုံး ခေါ်ယူလေ့ကျင့်ပေးရမယ့်အပြင် ကာကွယ်ရေးတွေအတွက်လည်း ပြင်ဆင်ရမှာ။ အထူးသဖြင့် လေလံအိမ်နယ်မြေမှာပေါ့။ ကိုယ်တို့တွေ အမှားမလုပ်မိအောင် ကြိုးစားရမယ်.... ”

“နားလည်ပြီ။ နင်က ဝတ်ရုံဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ လုပ်စရာတွေ ရှိသေးတာပဲ။” အသီနာ ခေါင်းညိတ်လိုက်ပြီး ခပ်ဝေးဝေး မစဉ်းစားခဲ့ပေ။ သို့သော်လည်း ခီရာက သံသယ ဝင်နေဟန် ပြသပြီး အသီနာကို သတိပေးသကဲ့သို့ပင် ချောင်းအနည်းငယ် ဆိုးလိုက်သည်။

“ခီရာ။ နေမကောင်းဘူးလား။” ချန်လွေ့က တမင်တကာ မေးလိုက်သည်။

“ဟွန့်။ ရှင် ကျွန်မတို့ဆီကနေ တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ခံစားရရုံပါ။”

ချန်လွေ့၏ကျောဘက် ချွေးများစို့သွားပြီး အလျင်အမြန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အမ်...မင်းတို့ တစ်ခုခု သတိထားမိလား။ အရင်နှစ်ရက်ထဲမှာ မင်းတို့ရဲ့စွမ်းအား တစ်ခုခု ပြောင်းလဲသွားတာကို ခံစားမိလား။”

“အဲဒါကတော့ ငါ နည်းနည်း ထူးထူးဆန်းဆန်း ခံစားမိတယ်။” အသီနာက ပြောသည်။ “ငါ့စွမ်းအားက နည်းနည်းလေး ပိုပြီး‌တော့ သန့်စင်သွားသလိုပဲ။ ဒီလိုမျိုး သက်ရောက်မှုက ရေရှည်လေ့ကျင်မှပဲ ရနိုင်တာလေ။”

“ကျွန်မလည်း အဲဒီလိုပဲ ခံစားရတယ်။ ကျွန်မရဲ့ လေ့ကျင့်ရေး အချိန်ဇယား အရဆိုရင် ဒီလောက် မမြန်သင့်ဘူး။” အရောင်တောက်နေသော တစ်စုံတစ်ယောက်ကို ခီရာ ကြည့်လိုက်သည်။ “ရှင်က အကြောင်းရင်းကို သိနေသလိုပဲ။”

စွမ်းအားတိုးမြင့်သွားခြင်းနှင့် ပတ်သက်နေကြောင်း ကြားလိုက်ရသည့်အခါ အသီနာနှင့် ခီရာတို့၏အာရုံ အမှန်တကယ် ပြောင်းသွားခဲ့သည်။

ချန်လွေ့က ခပ်ညစ်ညစ်အကြည့် ကြည့်လိုက်သည်။ “မင်းတို့ မေ့သွားပြီလား။ အဲဒီနှစ်ရက်မှာ ငါတို့ လေ့ကျင့်ခဲ့ကြတယ် မဟုတ်လား။”

အသီနာနှင့် ခီရာတို့ ရှက်သွားကြသည်။ သူတို့သည် ထိုနှစ်ရက်၌ အမှန်တကယ်ပင် “အလုပ်ကြိုးစား”ခဲ့ကြသည်။ အိပ်ခန်းထဲမှ အသံလုံမှော်စက်ဝိုင်းကြောင့်သာ မဟုတ်လျှင် “အလုပ်ကြိုးစား”သော အသံများကို ဘလော့တစ်လျှောက် ကြားနိုင်ပေမည်။

“နင် အတည်ပြောလို့ မရဘူးလား။” အသီနာ ရှက်သွားပြီး ချန်လွေ့ကို ဖမ်းချုပ် လိုက်သည်။ ဇနီးကြီး၏ တုံ့ပြန်မှုနှင့်အတူ အစေခံမလေးကလည်း အခွင့်အရေးကို အသုံးချကာ ချန်လွေ့ကို လက်သီးဖြင့် ထိုးလိုက်သည်။

“ကိုယ် အတည်ပြောတာပါ။” ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း ပြောသည်။ ယမန်နေ့က သူသည် ချစ်တင်းနှောနေစဉ်အတွင်း [နှစ်သွယ်လေ့ကျင့်ရေး] ၏ ဝိသေသလက္ခဏာများ ထူးထူးဆန်းဆန်း အရောင်တောက်သွားခဲ့ကြောင်း တွေ့ရှိသွားခဲ့သည်။ ၂ရက်ကြာပြီးနောက် သူ၏စွမ်းအားများ သိပ်သည်းလာသော လက္ခဏာများကို တွေ့ရှိခဲ့ရပြီး အသုံးပြုရန် ပိုမိုလွယ်ကူလာသည်။ သုံးလေးရက်ကျော်ကြာ ပင်ပင်ပန်းပန်း လေ့ကျင့်သည့် ရလာဒ်များနှင့် ညီမျှနေ၏။

စွမ်းအားအဆင့်မြင့်လေလေ၊ လေ့ကျန်ရန် ပိုမိုခက်ခဲလာလေလေ ဖြစ်သည်။ ချန်လွေ့အတွက် ထိုကဲ့သို့ “သန့်စင်ခြင်း”သည် ရှားပါးသော တိုးတက်မှုတစ်ခု ဖြစ်သည်မှာ သေချာပေါက်ပင် ဖြစ်သည်။

အသီနာနှင့် ခီရာတို့၏ တုံ့ပြန်မှုများအရဆိုလျှင် ထိုအကျိုးကျေးဇူးသည် ယောက်ျားနှင့် မိန်းမတို့နှစ်ယောက်လုံးအတွက် ဖြစ်သည်။

အစကတော့ [နှစ်သွယ်လေ့ကျင့်ရေး] ရဲ့ ဝိသေသလက္ခဏာတွေက ညစ်ညမ်းတဲ့အစွမ်း မဟုတ်ဘဲနဲ့ အသက်ဓာတ် လေ့ကျင့်ရေးအတွက်ပဲလို့ ထင်ထားခဲ့တာ။ ဒါက တကယ်ပဲ ချစ်တင်းနှောတဲ့အစွမ်းပဲ။ ဒါကြောင့် ဒီညစ်ညမ်းတဲ့ အစွမ်းမှာ “တစ်ခါတစ်လေအထူးသက်ရောက်မှုတွေရှိမယ်”လို့ မှတ်ချက် နောက်တစ်ခု ပါနေတာကိုး။

ဒီ“အထူးသက်ရောက်မှု”က တော်တော်လေး ကောင်းပြီးတော့ အစွမ်းထက်တာပဲ။

ကျွတ်.....ငါ တော်တော်လေး ကြိုက်တယ်။

ဒါက တကယ့် စစ်မှန်တဲ့ [နှစ်သွယ်လေ့ကျင့်ရေး] ပဲ။

“မဟာဆရာသခင်က ငါ့ကို ကောင်းတဲ့အရာတစ်ခု လွှဲပြောင်းပေးခဲ့တာပဲ။ ဒီလိုဆိုမှတော့ ....” ချန်လွေ့၏ ညစ်ပတ်သောအကြည့်ကို မြင်သည့်အခါ အသီနာ အလျင်အမြန် တုံ့ပြန်ပြီး မကောင်းဆိုးဝါးလက်သည်းကို ရှောင်တိမ်းလိုက်သည်။ ထို့ကြောင့် အစေခံမလေးက ကြားထဲမှ တစ်ခါတည်း အဖမ်းခံလိုက်ရတော့သည်။

“ဒါက စွမ်းအားတိုးဖို့အတွက် လေးနက်တဲ့ကိစ္စတစ်ခုပဲ။ ဟီးဟီး... ဆက်ပြီး ကြိုးစားကြတာပေါ့....” ချန်လွေ့က ခီရာ၏ခါးကိုပွေ့ဖက်ရင်း ကြီးမားလှသော တင်ပါးကို “အဆင်ပြေပြေ”နှင့် ကိုင်လိုက်သည်။ အစေခံကဝေမလေည်း ပျော့ပျောင်းသွားပြီး “စည်းချက်နှင့်အညီ” ချန်လွေ့၏ လက်မောင်းထဲသို့ ကျရောက်သွားတော့သည်။

“သခင်က ဘယ်လို ကြိုးစားချင်တာလဲ။ ဒါမှမဟုတ် ကျွန်မ သခင်နဲ့ ဘယ်လိုမျိုး အလုပ်ကြိုးစားရမှာလဲ။” နတ်ဆိုးမလေးက မျက်လုံးမှိတ်ပြပြီး သူ၏အသံသည် ပို၍ပင် ညုတုတု ဖြစ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း စိတ်တိုင်းကျ အလုပ်ခံသကဲ့သို့ပင် အလိုက်တသိ တွန့်ခါသွားပြီး ယောက်ျားတစ်ယောက်ကို ပို၍ပင် စိတ်လှုပ်ရှား သွားစေခဲ့သည်။

၎င်းတို့ကို ကြည့်နေရင်း အသီနာ၏ ပါးပြင်များ ပူလောင်တာတော့သည်။ ထိုအပိုင်း၌ သူကြိုးစားသည့်တိုင် ကဝေမအစေခံကို မလိုက်မှီပေ။ အသီနာက နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်ုသည်။ “နင်တို့နှစ်ယောက် အလုပ်ကြိုးစားတော့။ ငါ့မှာ တခြား လုပ်စရာတွေ ရှိတယ်။”

ထိုအချိန်၌ အစေခံမလေးက အဓိကမိန်းမ၏ ခြေလှမ်းနောက်သို့ မလိုက်ခဲ့ဘဲ ချန်လွေ့အား ရွှတ်နောက်နောက်ဖြင့် တွန်းလိုက်ရာ ချန်လွေ့က အသီနာကိုမှီသွားပြီး‌ ဖက်လိုက်သည်။ ထို့နောက် ချန်လွေ့က အသီနာကို ပုခုံးပေါ်ထမ်းတင်ပြီးနောက် အိပ်ခန်းထဲသို့ လမ်းလျှောက်သွားခဲ့သည်။

အသီနာ အော်ဟစ်လိုက်ပြီး ချန်လွေ့အား ခပ်ပြင်းပြင်း ထရိုက်လိုက်သည်။ သို့သော်လည်း ထို “ခပ်ပြင်းပြင်း”ဆိုသည်မှာ ကလိထိုးနေသည်ထက် မပိုပေ။

“မသာကောင်။ ငါ့ကို အောက်ချပေး....” နောက်တစ်ကြိမ် မရုန်းကန်နိုင်ခင်မှာပင် ချန်လွေ့က ရုတ်တရက် အသီနာ၏ တင်ပါးကြားရှိ ဆတ်ဆတ်ထိမခံသောအပိုင်းကို ပုတ်လိုက်သည်။ အသီနာ၏နှလုံးသား ရုတ်တရက် ထုံထိုင်းသွားပြီးနောက် ခန္ဓာကိုယ် ပျော့ပျောင်းသွားခဲ့သည်။

အစေခံမလေးက အသီနာ၏ နီမြန်းနေသော နားရွက်နားသို့ ကပ်သွားလိုက်ပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

တစ်စုံတစ်ယောက်က သေသေချာချာ နားထောင်သော်လည်း “အားလုံး ညှစ်ယူလိုက်....တခြားမိန်းမတွေ မလုပ်အောင်...” စသည့် စကားလုံးများကိုသာ ကြားခဲ့ရသည်။ အသီနာ ခဏ တုံ့ဆိုင်းသွားပြီး ရှက်သွေးဖြာသွား၏။ နောက်ဆုံး၌ သူ မရုန်းကန်နေတော့ဘဲ ချန်လွေ့ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်တော့သည်။

ချန်လွေ့က အားပါးတရ ရယ်လိုက်ပြီး အသီနာကို ချီပိုးရင်း ခီရာ၏လက်ကို ကိုင်ရာ အိပ်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

လနှစ်စင်းသည် တဖြည်းဖြည်းနှင့် ခရမ်းရောင်ပြောင်းသွားပြီး နှစ်လိုဖွယ်ရှိသော လရောင်များ တောက်ပလာတော့သည်။ ဆာ-ဘဏ္ဍာရေးအရာရှိ၏ အေးအေးလူလူ နေ့ရက်များ အဆုံးသတ်ပြန်တော့မည် ဖြစ်သည်။

ထို [နှစ်သွယ်လေ့ကျင့်ရေး]သည် သိုင်းလောကရှိ နှစ်မွှာကျင့်စဉ် နောက်ထပ် ဗားရှင်းတစ်မျိုး ဖြစ်ပုံရသည် .....

All Chapters