← Chapters

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 27 Ch. 398

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 27 Ch. 398

ချန်လွေ့ ထိုသို့မေးလာမည်ကို လီလစ်ဇ် မှန်းဆထားသည်မှာ ကြာပြီ ဖြစ်သည်။ သူ ပြန်ဖြေလိုက်သည်။ “ကျွန်မတို့ အင်ပါယာက ကတ်စတာမိသားစုလိုမျိုး ဘက်ပေါင်စုံကနေ အမှောင်လနဲ့ ပူးပေါင်းမှု နက်ရှိုင်းချင်တယ်။ အမှောင်လက ကျွန်မတို့နဲ့ ရှင်တို့အင်ပါယာ ကြားက စီးပွားရေးပူးပေါင်းမှုအတွက် အကောင်းဆုံး “ဆိပ်ကမ်းမြို့” တစ်ခု ဖြစ်လာနိုင်တယ်။ တော်ဝင်မင်းသမီးနဲ့ ဆာ-ချန်လွေ့တို့ရဲ့အမြင်ကို ကျွန်မ ယုံကြည်ပါတယ်။ ဒါက အမှောင်လရဲ့ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်မြဲစေဖို့အတွက် သေချာပေါက် အကျိုးရှိတယ်ဆိုတာကို မြင်နိုင်မှာပါ။”

“မစ်-လီလစ်ဇ်ပြောတာက အကျိုးအကြောင်း သင့်တယ်ဆိုတာကို ကျုပ် ဝန်ခံရ လိမ့်မယ်။ ဒါပေမဲ့ ပြောစရာရှိတာက လက်ရှိအခြေအနေမှာ အမှောင်လက အမှန်တကယ် တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်နိုင်တာပဲ။ ခင်ဗျားရဲ့ ပါရမီနဲ့ ဉာဏ်ပညာနဲ့ဆိုရင် အရင် လော့ဒ်စစ်ပွဲက ကြယ်ကြွေတမန်အင်ပါယာရဲ့ ရီဂျန့် အိုဆိုင်ဒန်လက်ချက်ဆိုတာကို သိမှာပါ။ ဒီတစ်ခေါက် သူ ရှုံးနိမ့်သွားခဲ့တယ်။ ဒါပေမဲ့ သူ လက်လျှော့မှာ မဟုတ်ဘူး။ အမှောင်လက အချိန်မရွေး ဖျက်ဆီးခံရနိုင်တဲ့ အခြေအနေ ရှိတိယ်။ ကျုပ်တို့ အခု အလိုအပ်ဆုံးက ပိုပြီးတော့ သေချာတဲ့ပူးပေါင်းမှု၊ ပိုပွင့်လင်းပြီးတော့ တရားဝင် ပူးပေါင်းမှုတစ်ခုပဲ။ စစ်ဘက်ဆိုင်ရာ အထောက်အပံ့၊ လူသိရှင်ကြား ထောက်ပံ့တာ စတာတွေပေါ့။”

စစ်ဘက်ဆိုင်ရာ အထောက်အပံ့၊ တော်ဝင်မင်းသမီး ရှီရာကို လူသိရှင်ကြား ထောက်ပံ့ရမယ် ဟုတ်လား။

လီလစ်ဇ် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဘက်မှ အိုင်းစစ်ကို ဖျပ်ခနဲ ကြည့်သည်။ သူတို့သည် အမြင်များ အလျင်အမြန် ဖလှယ်နေဟန်တူသည်။ သူ ပြန်ဖြေရန် ပြင်လိုက်စဉ် ရှီရာက ပြောသည်။ “လေဒီတို့။ ခုနက ချန်လွေ့ပြောတာကို မေ့လိုက်ပါ။”

ချန်လွေ့ အံ့အားသင့်သွားပြီးနောက် ရှီရာက ဆက်ပြောသည်။ “ကျွန်မက အရှင်မ ကတ်သရင်းနဲ့ ပိုပြီးတော့ တရားဝင်တဲ့ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ချင်ပေမဲ့ ကျွန်မက အခု ကြယ်ကြွေတမန်အင်ပါယာရဲ့ နယ်မြေတစ်ခုကိုပဲ ကိုယ်စားပြုတာ။ အင်ပါယာ တစ်ခုလုံးကို မဟုတ်ဘူး။ အင်ပါယာနှစ်ခုကြား တရားဝင်ရင်းနှီးမှုတစ်ခု တည်ဆောက်ဖို့ ကျွန်မအတွက် မဖြစ်နိုင်ပါဘူး။”

စစ်မြေပြင်၌ ဂျို့ရှ်နှင့် ရုစ်ကဲ့သို့ အစွမ်းထက် ရန်သူများကို ရင်ဆိုင်စဉ် မိမိကို “ကယ်တင်”ခဲ့သော “အက်ဂ်ယော ဘယ်ဇီဘတ်”အား ချက်ချင်း ရှီရာ တိုက်ခိုက်ခဲ့သည့် အခြေအနေကို ချန်လွေ့ တွေးလိုက်မိသည်။ တော်ဝင်မင်းသမီး၏ နောက်ဆုံး ကန့်သတ်ချက်မှာ ကိုယ်ရေးကိုယ်တာ အကျိုးများ၊ ဆုံးရှုံးမှုများကြောင့် အင်ပါယာ တစ်ခုလုံးအား မပြိုကွဲစေခြင်း ဖြစ်သည်။

အမှန်တကယ်၌ ချန်လွေ့၏ “အင်အားငှားရမ်းခြင်း” အကြံမှာလည်း အကန့်အသတ် ရှိသည်။ သို့မဟုတ်ပါက သူတို့သည် သွေးမြေကျ အကြံအစည်ကဲ့သို့ ထိန်းချုပ်ခံရပြီး အင်ပါယာတစ်ခုလုံး ဖျက်ဆီးခံမည့် အသုံးချခံတစ်ခုသာ ဖြစ်လာပေမည်။ ထို့နောက်တွင် ၎င်းသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။

လီလစ်ဇ်၏မျက်လုံးထဲ၌ လေးစားမှုများ ပေါ်လွင်နေ၏။ “တော်ဝင်မင်းသမီးက တကယ့်ကို သန်းခေါင်နေအရှင်ရဲ့ မျိုးဆက်အနေနဲ့ ထိုက်တန်လှပါပေတယ်။ ဒီလိုဆိုတော့ ဒါက......”

“ခဏနေပါဦး။” ချန်လွေ့၏ အတွေးများ လှုပ်ရှားသွားပြီး ပြောလိုက်သည်။ “တော်ဝင်မင်းသမီး။ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို အထင်မှားသွားတာ ထင်တယ်။ နည်းနည်း ရိုင်းပျသွားပေမဲ့ ကျုပ်ကို ရှင်းပြခွင့်ပေးဖို့ မျှော်လင့်ပါတယ်။”

ချန်လွေ့သည် မိမိကို ထိခိုက်အောင် ပြုလုပ်မည် မဟုတ်ကြောင်း ရှီရာ သိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ “ပြောပါ။”

“ကျုပ်ပြောတဲ့ တရားဝင်ပူးပေါင်းမှုက အင်ပါယာနှစ်ခုအကြား မဟုတ်ပါဘူး။ ကြယ်ကြွေတမန် အင်ပါယာနဲ့ အရိပ်နက်အင်ပါယာတို့က အိမ်နီးချင်းတွေနဲ့ မဟာမိတ်တွေ ပါပဲ။ ဒီပူးပေါင်းမှုက နယ်မြေနှစ်ခုကြားကပါ။ ခင်ဗျားတို့အင်ပါယာက အမှောင်လနဲ့ အမွှာမြို့ဖွဲ့စည်းဖို့အတွက် နယ်မြေတစ်ခုရဲ့နာမည်ကို သုံးလို့ရတယ်။ ကျုပ်တို့က နယ်မြေ အချင်းချင်းကို လည်ပတ်လို့ရပြီးတော့ စစ်ဘက်ရေးရာနဲ့ နည်းပညာအကြားက ချစ်ကြည်ရေး ပြိုင်ပွဲတွေ လုပ်လို့ရမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အလဲအလှယ်တွေ လုပ်လို့ရမယ်။ ဥပမာပြောရရင် လက်ရှိမှာ အမှောင်လက အရည်အသွေးမြင့် အသားတွေနဲ့ မျိုးစေ့တွေ လိုအပ်နေတယ်။ ခင်ဗျားတို့အင်ပါယာရဲ့ နယ်မြေက မြေယာဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အမှောင်လရဲ့အထောက်အပံ့ လိုအပ်တယ်။ မစ်-လီလစ်ဇ်။ ဒီကမ်းလှမ်းချက်ကို ဘယ်လိုထင်လဲ။”

ချန်လွေ့၏ နောက်ဆုံးမိနစ်အကြံမှာ သူ၏ယခင်ဘဝရှိ နိုင်ငံတကာ အမွှာမြို့နှင့် ချစ်ကြည်ရေး အလဲအလှယ်နေရာများမှ အခြေခံထားခြင်း ဖြစ်သည်။ ၎င်းကိုကြားလိုက်ရာ ရှီရာ၏ မျက်လုံးများ တောက်ပသွား၏။ ဒါက တော်‌တော်လေး ပါးနပ်တဲ့ အကြံပဲ။ ဒါက ကြယ်ကြွေတမန်အင်ပါယာရဲ့ အချုပ်အခြာအာဏာကိုလည်း မထိခိုက်ဘူး။ အရိပ်နက် အင်ပါယာနဲ့လှည့် ပူးပေါင်းမှုဆက်ဆံရေး ရှိတယ်။ ဒီဆက်ဆံရေး အခြေခိုင်တာနဲ့ အိုဆိုင်ဒန်က အမှောင်လကို လူသိရှင်ကြား တိုက်ခိုက်ချင်တယ်ဆိုရင်တောင် နှစ်ခါပြန် စဉ်းစားဖို့လိုမယ်။

“ဒါက အကြံကောင်းပဲ။” ရှီရာ ပြောလိုက်သည်။ “ရှင် ဘယ်လိုထင်လဲ။ မစ်-လီလီစ်ဇ်။”

၎င်းသည် နတ်ဆိုးဘုံရှိ မြို့နှစ်မြို့အကြားရှိ မိတ်ဖြစ်ဆွေဖြစ် ပူးပေါင်းခြင်း၏ ပထမဆုံး အခြေအနေ ဖြစ်သည်။ လီလစ်ဇ် အတွေးများကြားထဲ၌ ပျောက်ဆုံးသွား၏။ အိုင်းစစ်၏ ပိုးဇာလွှားနောက်ကွယ်တွင် ခံ့ညားထည်ဝါမှု အရိပ်အယောင် ပေါ်ထွက်လာပြီး လူသား ဘဏ္ဍာရေးအရာရှိကို စတင်စစ်ဆေးကြည့်ရှုနေလိုက်သည်။

လီလစ်ဇ်က အိုင်းစစ်ကို ဖျပ်ခနဲကြည့်ပြီး ပြောသည်။ “ဆာ-ချန်လွေ့ရဲ့အကြံက တော်တော်လေး ပါးနပ်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ကျွန်မက ဆုံးဖြတ်ချက်ချလို့ မရဘူး။ မဟာကတ်သရင်းကို မေးရဦးမယ်။ ဆာ-ချန်လွေ့က တော်ဝင်မင်းသမီးကို သတင်းပို့စရာ ရှိတယ် မဟုတ်လား။ ကျွန်မတို့ အရင် သွားလိုက်ပါမယ်။”

“ကောင်းပါပြီ။” ရှီရာ ခေါင်းညိတ်လိုက်သည်။ “လေဒီနှစ်ယောက် စိတ်မရှိဘူး ဆိုရင် တော်ဝင်တည်းခိုခန်းမှာ တည်းနေပါ။ ရှင်တို့ရဲ့ သတင်းကောင်းကို ကျွန်မ အချိန်မရွေး စောင့်နေမှာပါ။”

လီလစ်ဇ် မတ်တပ်ရပ်လိုက်ပြီး အိုင်းစစ်နှင့်အတူ နန်းတော်မှ ထွက်သွားသည်။

“သူတို့ ထွက်သွားပါပြီ။” ဝတ်ရုံနက် ဝတ်ထားသော အိုင်းစစ်၏ကျောဘက်ကို ချန်လွေ့ စိုက်ကြည့်နေသည့်အတွက် ရှီရာ၏ အေးစက်စက်အသံ ထွက်လာသည်။

စကားတစ်ဝက်သာ ဖြစ်သော်လည်း ရှီရာ၏ သဝန်တိုမှုကို ချန်လွေ့ ခံစားမိသည်။

ရှီရာသည် ချန်လွေ့နှင့် နှစ်ယောက်တည်း ရှိ‌သည့်အခါ အေးစက်သော မျက်နှာဖုံးသည် တဖြည်းဖြည်း ပါးလာဟန်တူသည်။ ထို့ပြင် ယခုတွင် သူတို့သည် လျို့ဝှက်ခန်းထဲ၌ မဟုတ်ပေ။

“ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ။” ချန်လွေ့သည် အခြေအနေကို အခွင့်ကောင်း ယူပြီး အမျိုးသမီး အကြီးအကဲကို စနောက်ချင်နေသည်။ သို့သော် ယခုတွင် အရေးကြီး ကိစ္စများ ရှိနေ၏။ သူ ခေါင်းခါလိုက်သည်။ “ဒီအိုင်းစစ်က မရိုးရှင်းဘူး။ သူ့ရဲ့တကယ့် စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်နိုင်လောက်တယ်။”

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတဲ့လား။ ရှီရာ အံ့အားသင့်သွား၏။ ဒဏ္ဍာရီလာ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်များမှလွဲ၍ ထိုအဆင့်ပုဂ္ဂိုလ်များသည် နတ်ဆိုးဘုံ၏ ထိပ်ဆုံး၌ ရပ်နေကြသည်။ သူတို့၏ တည်ရှိမှုသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေ၏။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်က အစောင့်တစ်ယောက်အနေဖြင့် မိမိ၏ရှေ့တွင် ပေါ်ထွက်လာမည်ဟု ရှီရာ မထင်မှတ်ထားခဲ့ပေ။

“ဒါက ဒီနေ့ ကျုပ်မြင်ခဲ့တဲ့ ပထမဆုံး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း မဟုတ်ဘူး။ နန်းတော်ကို မလာခင် အခြားတစ်ယောက်နဲ့ ကျုပ် ဆုံခဲ့တယ်....”

ရှီရာ အံ့အားသင့်သွားသည်။ ချန်လွေ့က သွေးမြေကျနှင့် အက်ဇ်ဂါလောအကြောင်း ဇာတ်လမ်းကို ရှီရာအား ပြောပြလိုက်သည်။

နန်းတော်မှ ချန်လွေ့ ထွက်သွားပြီး နေအိမ်သို့ ပြန်ရောက်သောအခါ ညနေစောင်း နေပြီဖြစ်သည်။ သူက လူတိုင်းကို စွမ်းအားကြီး ရန်သူများအကြောင်းကို ပြောပြသည်။ သူက ခီရာအား အမိန့်အနည်းငယ်ပေးပြီး အက်ဇ်ဂါလောအား အဖြစ်နိုင်ဆုံး အချိန်ဆွဲကာ ရန်သူကို တည်ငြိမ်အောင် ကြိုးစားရန် ပြောခဲ့သည်။

ပါ့ဂ်လီအိုက အနည်းငယ် မကျေမချမ်း ဖြစ်နေသည်။ အကယ်၍ သူ၏စွမ်းအားသာ ချိပ်ပိတ်မခံရလျှင် လျို့ဝှက်ဆန်းကြယ်သော အိုင်းစစ်ကို အနိုင်မယူနိုင်သည့်တိုင် အက်ဇ်ဂါလောကို အနိုင်ယူရန် မခက်ခဲနိုင်ပေ။ ယခုတွင် သူ၏စွမ်းအားမှာ နတ်ဆိုး ဧကရာဇ်အဆင့် ထိပ်သီးပိုင်းသာ ရှိနေသေးသည်။ သူသည် အလွန်ပင် စိတ်ထိခိုက်နေ၏။

ချန်လွေ့သည် ဇိုလာအကြောင်း အသီနာနှင့် ခီရာတို့အား ပြောပြရန် အခွင့်အရေး မရခဲ့ပေ။ ယခုတွင် သူသည် ပါ့ဂ်လီအိုကို ပြောပြ၍ မရနိုင်ပေ။ သူနှင့် ဇိုလာအကြားရှိ သဘောတူညီမှုမှာ အများဆုံး တစ်လမှ သုံးလအထိ ဖြစ်သည်။ ယခု လေလံပွဲနှင့် ကုန်စည်ပြပွဲပြီးသွားလျှင် သူသည် သက်တန့်တောင်ကြားသို့ ပြန်သွားပြီး မစ်-ဇိုလာအား အားလုံးဖွင့်ပြောရန် စီစဉ်ထားသည်။ ပထမဦးစွာ သူသည် ယခင်က အငြိုးများကို ဖြေရှင်း ရမည်ဖြစ်သည်။ ထို့နောက် ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို ကူညီဖယ်ရှားပေးရန် ကိုယ်တိုင် တောင်းဆိုပေမည်။

နောက်ဆုံးတစ်ခေါက်က ချန်လွေ့သည် သေဟန်ဆောင်ပြီး စန္ဒာအေး တည်းခိုခန်း၌ ရန်သူဖြစ်သော အိုဆိုင်ဒန်နှင့် ဘရော့ခ်တို့ကို အချင်းချင်း တိုက်ခိုက်စေခဲ့သည်။ ယခင်က သူသည် ဘရော့ခ် သေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဘရော့ခ်သည် အသက်ရှင်လျက် ထွက်ပြေးသွားခဲ့မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းကို ဒေလီယာ၏ [ဝိညာဉ်လက်ထိပ်] တည်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ သို့သော်လည်း ဘရော့ခ်သည် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ သူက ယခုအချိန်အတွင်း ပြဿနာ ရှာနိုင်တော့မည် မဟုတ်ပေ။ ဘရော့ခ်သည်လည်း သွေးမြေကျ အဖွဲ့ဝင် ဖြစ်သည့်အလျောက် သတိထားနေသည်က ပိုကောင်းပေမည်။ အထူးသဖြင့် ဒေလီယာနှင့် ရိုမန်တို့သည် လူအုပ်ကြားထဲ မနေသင့်ဘဲ တည်နေရာ မပေါက်ကြားစေရန်အတွက် သေသေချာချာ ရုပ်ဖျက်ထားသင့်ပေသည်။

နောက်တစ်နေ့ နံနက်စောစော၌ ချန်လွေ့သည် အမှောင်နန်းတော်သို့ ရှီရာ၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။ လီလစ်ဇ်နှင့် အိုင်းစစ်တို့သည် ကောင်စီခန်းမထဲ၌ စောင့်နှင့်နေပြီး ဖြစ်သည်။

“မင်းသမီးရှီရာ။ မနေ့ကပဲ အဆက်အသွယ်အစွမ်းနဲ့ ဧကရီကို ကျွန်မ ဆက်သွယ် ပြီးပြီ။ အရှင်မက မင်းသမီးရှီရာ၏ သတ်မှတ်ချက်တွေကို သဘောတူခဲ့တယ်။ အရိပ်နက်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာကြားက ရင်းနှီးမှုနဲ့ ခင်မင်မှုကို ထိန်းထားနိုင်သရွေ့ ကျွန်မတို့ရဲ့ သွေးနွယ် နယ်မြေက အမှောင်လနယ်မြေနဲ့ ထာဝရ အမွှာမြို့ ဖြစ်လာမှာပါ။ မင်းသမီး ဘယ်လိုထင်လဲ။”

သွေးနွယ်နယ်မြေသည် အရိပ်နက်အင်ပါယာ၏ အဓိက နယ်မြေသုံးခုအထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် သလင်းကျောက်တောင်ကြား တည်ရှိသော နေရာလည်း ဖြစ်သည်။ လော့ဒ် အက်ဒီကို သွေးမြေကျမှ မာနူ သတ်ပစ်လိုက်ပြီးနောက် အရိပ်နက်အင်ပါယာ၏ တတိယမြောက်ဗိုလ်ချုပ် ခရောဖို့ဒ်က လော့ဒ်အဖြစ် တာဝန်ယူထားသည်။

ရှီရာ၏မျက်လုံးများ အရောင်တောက်သွား၏။ “ကောင်းတာပေါ့။ ဒါက သွေးနွယ် နယ်မြေအတွက်ပဲဖြစ်ဖြစ်၊ အမှောင်လအတွက်ပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် အတွက် အရေးပါတဲ့ ပူးပေါင်းမှုတစ်ခု ဖြစ်လာမှာပါ။”

လီလစ်ဇ်က ပိုးဇာလွှားနောက်ကွယ်မှ ပြုံးလိုက်သည်။ “တော်ဝင်မင်းသမီးရှီရာက မကန့်ကွက်မှတော့ ကျွန်မတို့ရဲ့ စိတ်ရင်းကို ပြသဖို့အတွက် သွေးနွယ်နယ်မြေရဲ့ လော့ဒ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်က နောက်လ လေလံပွဲမှာ အရိပ်နက်နယ်မြေဆီ တရားဝင် လာလည်မှာပါ။”

ထိုလည်ပတ်မှုသည် အတော်လေး အရေးကြီးလှသည်။ ၎င်းသည် ပွဲစဉ် နှစ်ခုအတွက် အရှိန်အဟုန် ဖန်တီးနိုင်ရုံသာမက နယ်မြေနှစ်ခု၏ ပူးပေါင်းမှု ဆက်ဆံရေးကို တခမ်းတနားနှင့် သရုပ်ပြနိုင်ပေသည်။ ကြယ်ကြွေတမန်မြို့တော်မှ အိုဆိုင်ဒန်အတွက် ၎င်းသည် အံ့သြဖွယ်ရာ “လက်ဆောင်”တစ်ခု ဖြစ်သည်မှာ သေချာပေသည်။ ထို့အပြင် သွေးမြေကျကဲ့သို့ အမှောင်လကို တပ်မက်နေသော အမှောင်အင်အားစုများက ကြီးကြီးမားမား တွန့်ဆုတ်သွားကြမည် ဖြစ်သည်။

ရှီရာက ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ “ဗိုလ်ချုပ် ခရောဖို့ဒ် အမှောင်လ မြို့သူ/သားတွေဆီက အနွေး‌ထွေးဆုံး ကြိုဆိုမှုတွေကို လက်ခံရရှိမှာပါ။”

လီလစ်ဇ်က အသာအယာ ပြုံးလိုက်သည်။ “ဒါဆိုရင် ကျွန်မတို့ရဲ့ ပူးပေါင်းမှုအတွက် ပဏာမအစီအစဉ်ကို အခု ဆွေးနွေးလို့ ရပြီလား။ ဧကရီကတ်သရင်းက မှော်မြေနဲ့ တိုက်ပွဲဘောလုံးကို မျှော်လင့်နေတာ။”

ရှီရာက ချန်လွေ့က ဖျပ်ခနဲကြည့်လိုက်ရာ ချန်လွေ့ ပြောလိုက်သည်။ “သွေးနွယ် နယ်မြေဆီကို ကျတ်တီးမြေ တိုးမြှင့်အောင် လုပ်ဖို့အတွက် အမှောင်လက လူလွှတ်လိုက် ပါ့မယ်။ တိုက်ပွဲဘောလုံး တစ်သုတ်ကိုလည်း ပေးလိုက်မှာပါ။ ပြီးတော့ သွေးနွယ် နယ်မြေကို စံပုံစံ ကွင်း၂၀ တည်ဆောက်ဖို့ ကူညီပေးပါမယ်။ ဒိုင်တွေနဲ့ ကစားသမား တွေကိုလည်း စနစ်တကျနဲ့ ပုံမှန်လေ့ကျင့်ရေးတွေ ထောက်ပံ့ပေးမှာပါ။”

လီလစ်ဇ် မျက်မှောင်ကြုတ်လိုက်သည်။ “လူလွှတ်ပြီး တိုက်ပွဲဘောလုံးတွေ ပေးရုံပဲလား။ ဒါက အမှောင်လရဲ့ စိတ်ရင်းကို အလွယ်တကူ အထင်လွဲစေနိုင်တယ်။ ကျွန်မတို့လိုအပ်တာက မြေတိုးမြှင့်တဲ့ နည်းပညာနဲ့ တိုက်ပွဲဘောလုံးလုပ်နည်းပဲ။ အသင့်သုံး “နောက်ဆုံးထုတ်ကုန်” မဟုတ်ဘူး။”

ချန်လွေ့က ခေါင်းခါပြီး ပြောသည်။ “စစ်မှန်တဲ့စိတ်ရင်းဆိုတာက အဓိက အကျိုးအမြတ်တွေကို အပေးအယူမလုပ်တဲ့ ချစ်ကြယ်ရေး ပူးပေါင်းမှုပဲ။ မြေတိုးမြှင့်တဲ့ လျို့ဝှက်ပညာရပ်က အမှောင်လရဲ့ အကြီးမားဆုံး ရတနာပဲ။ တကယ်လို့ စိတ်ရင်းကို ပြသဖို့အတွက် ခင်ဗျားတို့တိုင်းပြည်က အရိပ်နက်ဝတ်ရုံကို လက်ဆောင်တောင်းမယ် ဆိုရင် ခင်ဗျားတို့ဧကရီက သဘောတူမှာ မဟုတ်ဘူးဆိုတာ ကျုပ်ယုံကြည်တယ်။ ကျုပ်တို့တွေ သွေးနွယ်နယ်မြေကို အခမဲ့ ကူညီပေးလို့ရတယ်။ ဒါပေမဲ့ လျို့ဝှက် ပညာရပ်တွေကိုတော့ သေချာပေါက် ထုတ်ပြမှာ မဟုတ်ဘူး။ တိုက်ပွဲဘောလုံး လုပ်နည်းကတော့ အမှောင်လရဲ့ဆရာသခင် ရှင်းရှင်း သေသေချာချာ သုတေသန လုပ်ထားတဲ့ လျို့ဝှက်ချက် တစ်ခုပဲ။ တော်ဝင်မင်းသမီးရှီရာတောင် ဖော်မြူလာကို မသိပါဘူး။”

မြေလျို့ဝှက်ပညာရပ်ဆိုသည်မှာ စူပါစနစ်က ပြုလုပ်ထားသော တစ်စုံတစ်ခု ဖြစ်သည်။ ပါဝင်ပစ္စည်းများကို ချန်လွေ့ကိုယ်တိုင်ပင် မသိပေ။ တိုက်ပွဲဘောလုံးမှာ သန့်စင်ပြီး ကုန်ကြမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ဖော်မြူလာ ဆိုသည်ကို ချန်လွေ့ မပေးနိုင်ပေ။

ပြီးတော့လည်း နည်းပညာဆိုတာက တန်ဖိုးအရှိဆံဒး အရင်းအမြစ်ပဲ။ ရောင်းချလို့ မရဘူး။ ဒါက နောက်ဆုံးကန့်သတ်ချက်ပဲ။

၁၉၈၀ နဲ့ ၁၉၉၀တုန်းက တရုတ်ကနေ ဂျပန်တွေ အရှက်မရှိ ခိုးသွားတဲ့ မူပိုင်ခွင့်နဲ့ နည်းပညာတွေ ဘယ်လောက်တောင်လဲ တွေးကြည့်။ ကြွေရည်သုတ်တာ၊ ဆန်စက္ကူ....ပြီးတော့ အများကြီး ရှိသေးတယ်။ အဲဒါတွေက အနာကျင်ရဆုံး သင်ခန်းစာတွေပဲ။

လီလစ်ဇ်က မတ်တပ်ရပ်လိုက်ပြီး စဉ်းစားနေဟန်ဖြင့် ရှေ့သွားလိုက် နောက်ဆုတ်လိုက် လုပ်နေသည်။ သို့သော်လည်း တိတ်တဆိတ် အကဲဖြတ်နေသော ချန်လွေ့က လီလစ်ဇ်သည် အိုင်းစစ်နှင့် မျက်လုံးချင်း အမြင်များ လဲလှယ်နေသည်ကို ရှာတွေ့သွားခဲ့သည်။ အစောင့်ဟန်ဆောင်ထားသော မစ်-အိုင်းစစ်သည် အမှန်တကယ် ဆုံးဖြတ်ချက်ချရသူ ဖြစ်ဟန်တူပေသည်။

အိုင်းစစ်က ချန်လွေ့ အကဲခတ်နေသည်ကို သေချာသိသည်။ သူက ချန်လွေ့အား အသာလေး ဖျပ်ခနဲ ကြည့်လိုက်သည်။ တိတ်ဆိတ်သောအကြည့်က ချန်လွေ့အား ချက်ချင်း ခေါင်းကိုက်သွားစေသည်။ ချန်လွေ့ သတိပြန်ဝင်လာသောအခါ လီလစ်ဇ် ထိုင်ချလိုက်ပြီ ဖြစ်သည်။

“မြေတိုးမြှင့်တဲ့ လျို့ဝှက်ပညာရပ်အတွက် ကျွန်မတို့ နောက်တစ်လှမ်း ဆုတ်ပေးလို့ ရတယ်။ ဒါပေမဲ့ သွေးနွယ်နယ်မြေအပြင် ကျွန်မတို့အင်ပါယာက တခြားကျတ်တီးမြေတွေ ကိုလည်း အမှောင်လနယ်မြေက ကူညီပေးဖို့ မျှော်လင့်ပါတယ်။” လီလစ်ဇ် ခဏ ရပ်လိုက်သည်။ “တိုက်ပွဲဘောလုံးကတော့ ....... နှစ်ဖက်စလုံး အမှန်တကယ် ရိုးသားကြ ပြီးတော့ ဆက်ပြီးပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ချန်လွေ့က မျက်တောင်အနည်းငယ် ကျုံ့လိုက်သည်။ ဒါက ချစ်ကြယ်ရေး ပူးပေါင်းမှုပေမဲ့လည်း တစ်ဖက်က တစ်လက်မဆို တစ်လက်မရအောင် တိုက်ခိုက်နေတယ်။ လီလစ်ဇ်နဲ့ အိုင်းစစ်တို့က မှော်မြေက အမှောင်လရဲ့ နောက်ဆုံး အကန့်အသတ် ဆိုတာကို သတိထားမိသွားတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် သူတို့က သူတို့ရဲ့ ရည်ရွယ်ချက်ကို တိုက်ပွဲဘောလုံးဆီ ပြောင်းခဲ့တယ်။ အရိပ်နက်အင်ပါယာက ယန္တရားပညာရှင်တွေ တိုက်ပွဲဘောလုံးကို သုတေသန လုပ်ကြပြီးပြီဆိုတာကို ငါယုံကြည်တယ်။ ပြောရမယ်ဆိုရင် ဒီလိုမျိုးတိုက်ပွဲဘောလုံးက သန့်စင်မှုလုံးဝမြင့်မားတဲ့ ထိပ်တန်းမှော်ကုန်ကြမ်းတွေနဲ့ လုပ်ထားတာ။ ကုန်ကျစရိတ် မြင့်မားတယ်။ ဒါပေမဲ့ ပေးဆပ်ခဲ့ရတာက ဒီကုန်ကျစရိတ်ထက် ပိုများတယ်။ ဒါက လျို့ဝှက်ပညာရပ် ဖော်မြူလာ တစ်ခုရဲ့ ရလာဒ်ကြောင့် ဖြစ်မယ်။ ဒီဖော်မြူလာ၏ ရေရှည်တန်ဖိုးက မြေတိုးမြှင့်တဲ့ လျို့ဝှက်ပညာရပ်ထက် မနိမ့်ကျဘူး။

ချန်လွေ့၏ အတွေးများ ပြောင်းလဲသွားခဲ့သည်။ “တိုက်ပွဲဘောလုံးက ဖျော်ဖြေမှု ပေးနိုင်သလို စီးပွားရေးတန်ဖိုး ကြီးကြီးမားမားကိုလည်း ယူဆောင်ပေးနိုင်တယ်။ စစ်ဘက်လေ့ကျင့်ရေးမှာလည်း အပြုသဘောဆောင်တဲ့ သက်ရောက်မှု ရှိတယ်။ ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကြီးကြီးမားမား တိုးမြှင့်ပေးပြီးတော့ တန်ဖိုးအကြီးဆုံး ဖြစ်တဲ့ အသင်းအဖွဲ့စိတ်ဓာတ်ကိုလည်း မွေးမြူပေးတယ်။ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ အတွင်းကျကျ ပူးပေါင်းဖို့အတွက် ကျုပ် အများကြီး သဘောတူယ်။”

ရှီရာသည် ချန်လွေ့ကို လုံးဝယုံကြည်သည့်အတွက် ခေါင်းညိတ်လိုက်သည်။ “ချန်လွေ့ ပြောတာတွေက ကျွန်မရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုပါတယ်။”

“ဒီကတိနဲ့ဆိုရင် ဧကရီက ကြားရတာ ဝမ်းသာမယ်လို့ ယုံကြည်တယ်။” လီလစ်ဇ်၏ အသံထဲ၌ ပျော်ရွှင်မှု အရိပ်အယောင် ရှိနေသည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် တိတ်တိတ်လေး တွေးနေသည်ကို သူ မသိပေ။ ခင်ဗျားရဲ့ ဧကရီနဲ့ “အတွင်းကျကျ” ပူးပေါင်းဖို့အတွက် ကျုပ် သဘောတူရမှာကို ပိုပျော်မိတယ်။

“အမှောင်လက တိုက်ပွဲဘောလုံးပြိုင်ပွဲ၊ နာမည်ပေးတာ၊ ပစ္စည်းကိရိယာနေရာ နဲ့ ဝန်ထမ်းတွေ စတဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် “တိုက်ပွဲဘောလုံး အစည်းအရုံး” ဖန်တီးဖို့အတွက် စီစဉ်နေတယ်။ ဒီအစည်းအရုံးက သွေးနွယ်နယ်မြေကို ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်မှာပါ။ တိုက်ပွဲဘောလုံးနဲ့ လေ့ကျင့်ရေးလိုမျိုး အရင်းအမြစ်တွေကို ထောက်ပံ့မယ့် အပြင်ကို နှစ်ဖက်က အဖွဲ့တွေလည်း အချင်းချင်း လည်ပတ်ပြီးတော့ ယှဉ်ပြိုင်ရမှာပါ။ ဒီလိုမျိုး အလဲအလှယ်က ရေရှည် ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဒါက စိတ်အလှုပ်ရှားရဆုံး ခမ်းနားတဲ့ပွဲတစ်ခု ဖြစ်လာမှာပါ....”

ချန်လွေ့က အိမ်ကွင်းနှင့် အဝေးကွင်း ကစားပွဲများ၏ နာမည်ကြီး မြင်ကွင်းများကို စိတ်လှုပ်တရှား ဖော်ပြလိုက်သည်။ “ပထမဆုံး ဖလားပွဲကို နိဗ္ဗာန် ဖလားလို့ နာမည် ပေးမယ် ဆိုရင်ကော။ ဒါက ခင်ဗျားတို့ အင်ပါယာရဲ့ ဧကရီဖြစ်တဲ့ နတ်ဆိုးဘုံရဲ့ ထိပ်တန်း မိန်းမလှ နဲ့ ပဏ္ဍိတ ကို ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ပါ။”

“ရတာပေါ့....” လီလစ်ဇ်က ချန်လွေ့ဖော်ပြသော အပြိုင်အဆိုင်မြင်ကွင်းများထဲ၌ စိတ်နစ်ဝင်သွားခဲ့သည်။ ထို့နောက် သတိပြန်ဝင်လာသည်။ သူက အနည်းငယ် အံ့အားသင့် သွားသော အမူအရာ ပြသလိုက်သည်။ လျို့ဝှက်ဖော်မြူလာကို ရှာဖွေချင်တဲ့ ငါ့ရဲ့ နဂိုရည်ရွယ်ချက်ကို တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်အောင် အာရုံလွှဲမယ်လို့ မထင်ထားခဲ့ဘူး။ ဒီလူသား ဘဏ္ဍာရေးအရာရှိကို အထင်သေးလို့ မရဘူးပဲ။

ထို့နောက် အပေးအယူကိစ္စ ရောက်ရှိလာသည်။ ထိုအပိုင်းတွင် ချန်လွေ့သည် အမှန်တကယ် လူသစ်တစ်ယောက်သာ ဖြစ်သည်။ ခုနက သူသည် တစ်ဖက်လူကို မတော်တဆ အခွင့်အရေး လက်လွတ်အောင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူသည် တိုက်ပွဲဘောလုံးနှင့် မြေယာတိုးမြှင့်မှုတို့ကို နောက်ဆုံး ကန့်သတ်ချက်နှစ်ခုအနေဖြင့် ကပ်ထိန်းထားခဲ့သည်။ ‌ဆွေးနွေးပြီးနောက် ချန်လွေ့သည် အပြင်းအထန် လေ့ကျင့် တိုက်ခိုက်ခြင်းထက် ပို၍ပင် မောဟိုက်သွားခဲ့သည်။ နောက်ဆုံး၌ နှစ်ဖက်စလုံး သဘောတူညီမှု ရရှိသွားခဲ့ကြသည်။

တရားဝင်ပူးပေါင်းမှုကို ကိုယ်စားပြုသော မှော်စာချုပ်ကို သွေးနွယ်နယ်မြေ၏ လက်ရှိအုပ်စိုးသူ ခ‌ရောဖို့ဒ်က အမှောင်လသို့ မလာခင်အထိ လက်မှတ်ထိုးမည် မဟုတ်ပေ။ လက်ရှိ အကျိုးတူ ပူးပေါင်းမှုကို တရားဝင် ဆုံးဖြတ်နိုင်ပြီ ဖြစ်သည်။ သူတို့၏ ရင်းနှီးမှုမှာ ပို၍ပင် နီးစပ်သွားခဲ့သည်။

“ဒီတစ်ခေါက် ကျွန်မက တာဝန်ကျေခဲ့ပါပြီ။ အရှင်မ ကတ်သရင်း ပေးအပ်ခဲ့တဲ့ တာဝန်ကိုလည်း ပြီးစီးခဲ့ပြီ။ နောက်ဆုံးတော့ စိတ်အေးလက်အေး နေလို့ရပြီ။” လီလစ်ဇ်က သက်ပြင်းမှုတ်ထုတ်လိုက်သည်။ “တော်ဝင်မင်းသမီးရှီရာ။ နေ့လယ်ခင်းဧည့်ခံပွဲက မလိုအပ်ပါဘူး။ကျွန်မတို့ရဲ့ ပူးပေါင်းမှုက လက်ရှိမှာ လျို့ဝှက်ထားရမယ်လေ။ အိုင်းစစ်နဲ့ ကျွန်မက အမှောင်လကို လည်ပတ်ပြီးတော့ အထူးသရေစာတွေကို မြည်းကြည့်ချင်တယ်။ ဆာ-ချန်လွေ့ကို ကျွန်မတို့အတွက် “လမ်းပြ”အနေနဲ့ ငှားလို့ရမလား မသိဘူး။”

ချန်လွေ့ ကြက်သေသေသွား၏။ ဘာလို့ ငါပဲ ဖြစ်ရပြန်တာလဲ။ မိန်းမလှတွေနဲ့ စျေးဝယ်ထွက်ရတာက တော်တော်လေး ကောင်းတဲ့အရာပါ။ ဒါပေမဲ့ ငါ ဒီနေ့ အသီနာကို ပြန်လာပြီးတော့ အသီးအရွက်ပေါင်း လုပ်ကျွေးမယ်လို့ ကတိပေးခဲ့တယ်.....

ယောက်ျားများသည် သာမန်အခြေအနေများ၌ပင် တဏှာကြီးလှသည်။ ဟင်းသီးဟင်းရွက် အဝယ်ထွက်စဉ်တွင်ပင် ဖြတ်သွားဖြတ်လာ မိန်းမလှများကို ရပ်ကြည့်နေမည်မှာ ကျိန်းသေလှသည်။ သို့သော်လည်း ကြည့်ပြီးနောက်တွင် သူတို့သည် ဟင်းရွက်ခြင်းကိုကိုင်ပြီး မိန်းမကို ချက်ပြုတ်ရာ၌ ကူညီရန် ပြန်သွားကြလေသည်။

ရှီရာ၏ ချန်လွေ့၏ တောင်းပန်သော အမူအရာကို မြင်သည့်အခါ သူ၏ မျက်လုံးထဲ၌ ခပ်နောက်နောက် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။

“ရတာပေါ့။ ဒါက သူ ဂုဏ်ယူစရာပါ။”

တော်ဝင်မင်းသမီးက ချန်လွေ့၏ အတွေးများကို သဘောပေါက်သော်လည်း ထိုရွံစရာလူအား ငြင်းခွင့်မပေးခဲ့ပေ။ သူက “သူ့ကို ကြိုက်သလိုသုံး” ဟူသောလေသံဖြင့် ဘဏ္ဍာရေးအရာရှိအား တခါတည်း ရောင်းလိုက်တော့သည်။

( မင်းက ဝတ်ရုံနက်နဲ့ အိုင်းစစ်ကို မြင်ချင်တယ် မဟုတ်လား။ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ )

သူတို့နှစ်ယောက်၏ လက်ရှိရင်းနှီးမှုအရ အကြည့်ဖြင့်ပင် ဆက်သွယ်ပြောဆို နိုင်ကြသည်။ ချန်လွေ့သည် တော်ဝင်မင်းသမီး၏အကြည့်ထဲက အဓိပ္ပာယ်ကို သေချာစွာ သ‌ဘောပေါက်လိုက်သည်။ သူ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ လောကကြီးမှာ တကယ် ရက်ရောတဲ့မိန်းမမျိုး မရှိဘူးလား။

ရွေးစရာမရှိတော့ဘဲ ချန်လွေ့က ထိုအမျိုးသမီးနှစ်ယောက် လေးလေးစားစား အရိုအသေပြုလိုက်သည်။ “တော်ဝင်မင်းသမီးပြောတဲ့အတိုင်း ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါ။”

သုံးလေးနာရီကြာပြီးနောက် -

အမှောင်လမြို့၊ အနောက်တောင် ဘလော့၌ -

ချန်လွေ့က လီလစ်ဇ်နှင့် အိုင်းစစ်တို့နှင့်အတူ လမ်းတစ်လျှောက် လျှောက်သွား ခဲ့သည်။ ထိုအမျိုးသမီးနှစ်‌ယောက်သည် မျက်နှာကို ပိုးဇာလွှားဖြင့် ဖုံးထားသော်လည်း သူတို့၏လှပသော ခန္ဓာကိုယ်နှင့် ကျက်သရေရှိသော စရိုက်တို့က နတ်ဆိုးအများအပြားကို ဆွဲဆောင်နေခဲ့သည်။ လူသားအရာရှိက ထိုအမျိုးသမီးနှစ်ယောက် ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားနေသည်ကို မြင်သည့်အခါ နတ်ဆိုးအများအပြားက တီးတိုးပြောကြ‌ေ တော့သည်။

လူသား ဘဏ္ဍာရေးအရာရှိသည် လက်ရှိတွင် အမှောင်လ၌ နာမည်ကြီးတစ်ယောက် ဖြစ်သည်။ သူက ဆရာသခင်အဲဒက်စ် သင်ကြားပေးထားသော ကြောက်မက်ဖွယ်ရာ အဆိပ်ကို ပိုင်ဆိုင်ပြီး ထူးချွန်ပြောင်မြောက်လှသော ဉာဏ်ပညာ ရှိသည်။ လက်ရှိ အမှောင်လ၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ ထိုလူသား၏ အပတ်တကုတ် စီမံမှုများကြောင်း ဖြစ်သည်။ ထိုမိုင်းတွင်းအရာရှိဟောင်းနှင့် ငြိမ်ဝပ်ပိပြားရေး အရာရှီတို့သည် တော်ဝင်မင်းသမီး၏ သစ္စာရှိ လက်အောက်ခံတစ်ယောက် ဖြစ်သည်။ အထူးသဖြင့် လီရိုမြို့ တောနက်တိုက်ပွဲထဲ၌ လိပ်ပြာနီနယ်မြေ၏ တစ်သိန်းဦးရေရှိ စစ်တပ်ကို ရင်ဆိုင်ရာ၌ ထိုလူသားက စိတ်အားတက်ကြွစေမည့် ဆောင်ပုဒ်ကို ဦးဆောင်ပြီး အော်ဟစ်ခဲ့သည်။ သူသည် ရန်သူထံသို့ ပထမဆုံး ပြေးသွားသူ ဖြစ်သည်။ ထိုကဲ့သို့ သတ္တိမျိုးကြောင့် နတ်ဆိုးများက သူ့ကို လေးစားလာကြခြင်း ဖြစ်သည်။

သို့သော်လည်း မနာလိုစရာအကောင်းဆုံးမှာ ထိုလူသားသည် အမှန်တကယ်ပင် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်၏သမီး အသီနာ၏ မျက်နှာသာပေးမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ တော်ဝင်မင်းသမီးသည် သူ့ကို ဆွဲဆောင်မှုရှိသော ကဝေမ ခီရာကိုပင် ကိုယ်လုပ်တော်အဖြစ် ပေးအပ်ခဲ့သည်။ ထိုလူသားသည် တော်ဝင်မင်းသမီးကို အမြဲပင် သဘောကျနေကြောင်း ကောလာဟလများလည်း ရှိသည်။ သို့သော်လည်း တော်ဝင် မင်းသမီး၏ မာနကြီးပြီး အေးစက်သော စရိုက်ကြောင့် ထိုကဲ့သို့သ‌ဘောကျခြင်းသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်သည်။ သူတို့အကြား၌ မည်သို့မှ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ဒီဘဏ္ဍာရေးအရာရှိက အခု မိန်းမလှတစ်ယောက်နဲ့ ပြောင်ပြောင်တင်းတင်း တွဲနေတယ်။ ဒီလိုမျိုးစွမ်းရည်က တကယ့်ကို မနာလိုစရာပဲ။ ထူးဆန်းတာက ငြိမ်ဝပ်ပိပြားရေး အရာရှိနဲ့ မီးတောက်စစ်တပ်ရဲ့ တပ်မှူးဖြစ်တဲ့ အသီနာရဲ့ စွမ်းအားနဲ့တောင် ဒီမြာပွေတဲ့လူသားကို တကယ် မထိန်းချုပ်နိုင်ဘူးလား။

ချစ်လှစွာသော အလင်းဘုရားသခင်။ ရောင်စဉ်လွှတ်ပြီးတော့ ဒီမနာလိုစရာ လူသားကို လူသားလောကဆီ ပြန်ခေါ်သွားပါတော့။

ထိုအချိန်၌ နတ်ဆိုးများ၏ ကိုးကွယ်မှုများ တိတ်တဆိတ် ပြောင်းလဲသွားကြသည်။

All Chapters