← Chapters

အမှောင်လသို့ လာလည်သော မိန်းမပျို(၂)ယောက်

Vol. 27 Ch. 401

အမှောင်လသို့ လာလည်သော မိန်းမပျို(၂)ယောက်

Vol. 27 Ch. 401

ပိုင်နက်ထဲရှိ “အိုင်းစစ်”နှင့် အက်ဇ်ဂါလောတို့ကြား တိုက်ပွဲ အသေးစိတ်ကို ချန်လွေ့တို့ မမြင်ခဲ့ရသော်လည်း ကြီးမားပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို အဝေးမှကြည့်နေလျက်ပင် ခံစားမိကြသည်။

ခရိုဘဲလက်စ်သည် ထိုတိုက်ပွဲကို ကြည့်နေသော လူ၄ယောက်ထဲ၌ အစွမ်း အထက်ဆုံး ဖြစ်သည်။ သူတို့နှင့်ယှဉ်လျှင် ခရိုဘဲလက်စ်မှာ အထိတ်လန့်ဆုံး ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့စွမ်းအားတွေက မယုံနိုင်စရာပဲ။ ရှုံးသွားတဲ့ အက်ဇ်ဂါလောကိုတောင် ငါ မယှဉ်နိုင်ဘူး။ အဲဒီမိန်းမရဲ့စွမ်းအားကိုတော့ ပြောစရာတောင် မလိုဘူး။ ဒါပေမဲ့ ငါ့ရဲ့ ပါ့ဂ်လီအို အစွမ်းပြန်ရလာမယ်ဆိုရင်တော့ သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ်။

ခရိုဘဲလက်စ်၏အတွေးများကို သိလျှင် ပါ့ဂ်လီအို ရှက်သွားပေလိမ့်မည်။ သူ၏ စွမ်းအားသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၌ ချိပ်ပိတ်ခံထားရသော်လည်း သူ၏အမြင်မှာ အားလုံးထဲတွင် အမြင့်ဆုံး ဖြစ်သည်။ အက်ဇ်ဂါလော၏ နည်းလမ်းများမှာ ထူးဆန်းသော်လည်း အဆိပ်နဂါးသည် မိမိစွမ်းအား ပြန်ရသည်နှင့် အက်ဇ်ဂါလောကို အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း ထိုအမျိုးသမီး၏စွမ်းအားကို ထိတ်လန့်ဖွယ် ကောင်းလောက်အောင်ပင် ဖြစ်သည်။ သူ၏ အထွတ်အထိပ် အခြေအနေ မှာပင် ထိုအမျိုးသမီးကို ယှဉ်နိုင်မည် မဟုတ်ပေ။ အစွမ်းအထက်ဆုံး အဆိပ်ပါရမီကို အသုံးပြုမှာ ထိုအမျိုးသမီးကို ယှဉ်နိုင်ရုံ ဖြစ်နိုင်ပေမည်။

နတ်ဆိုးဘုံမှာ ဒီလောက်စွမ်းအားကြီးတဲ့ မိန်းမတစ်ယောက် ရှိနေတာပဲ။ ပါ့ဂ်လီအိုက ချန်လွေ့သည် နိဗ္ဗာန်စွမ်းအားရှိသော အက်စ်မိုဒက်စ် မိသားစုမှ အမျိုးသမီး တစ်ယောက်နှင့် ပတ်သက်ခဲ့ကြောင်း ရေးရေးလေး သိခဲ့သည်။ သို့သော်လည်း ထိုစွမ်းအားကြီး အမျိုးသမီးနှင့် လုံးဝ မဆက်စပ်ခဲ့ပေ။

အသီနာနှင့် ခီရာတို့သည်ပင် ချန်လွေ့နှင့် ပတ်သက်ခဲ့ဖူးသော အရိပ်နက် တော်ဝင်အမျိုးသမီးမှာ နတ်ဆိုးဘုံ၏ ပထမဆုံးပဏ္ဍိတနှင့် ထိပ်တန်းမိန်းမလှဖြစ်သော ကတ်သရင်းဆိုသည်ကို မသိကြပေ။

ဆရာသခင် အဆိပ်နဂါး၏ ယုံကြည်ချက် ထိခိုက်သွားပြီး ချိပ်ပိတ်ကို ဖယ်ရှားချင်စိတ် ပိုမိုပြင်းထန်လာသည်။ သူသည် ဆေးရည်မည်းကို ပထမဆုံး သောက်ခဲ့သူ ဖြစ်သည်။ ငါ့ရဲ့အစွမ်းပြန်ရတာနဲ့ ငါ့စွမ်းအား သေချာပေါက် ပြန်တိုးလာမှာပဲ။

ဆရာသခင် ရိုမန်၏ အတွေးထဲ၌မူ - ဒီနတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်ရဲ့စွမ်းအာက ငါရောက်နိုင်တဲ့နေရာ မဟုတ်ဘူး။ ပါ့ဂ်လီအိုပဲဖြစ်ဖြစ်၊ သူ့မိန်းမပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ သူတို့ရဲ့စွမ်းအားက ငါ့ထက်သာတယ်။ ဒါပေမဲ့ အခု သူတို့က ငါ့လိုမျိုးပဲ မထင်ရှားတဲ့ ပွဲကြည့်ပရိသတ်ပဲ ဖြစ်နေတာ မဟုတ်လား။

ချန်လွေ့သည် ခရစ္စတီးနား၏ [ ဇာမဏီနက် ပိုင်နက် ]ကို သလင်းကျောက် တောင်ကြား၌ တစ်ခါတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ယခုတွင် ချန်လွေ့သည် “အိုင်းစစ်”၏ သရုပ်မှန်ကို ရာနှုန်းပြည့် သေချာသွားလေပြီ။ သူပဲ။

သူငါ့ကို မှတ်မိလား။

ငါ မသိဘူး။

ငါ့ကို မှတ်မိတော့ရော ဘာဖြစ်လဲ။

ငါလည်း မသိဘူး။

နှစ်ဖက်စလုံး၌ ပြောစရာများ ရှိနေကြပေလိမ့်မည်။ သူတို့လည်း သူတို့၏ စိတ်ထဲ၌သာ ထားထားကြသည်။

လရောက်အောက်၌ သူတို့အချင်းချင်း တွေ့ကြလျှင်ပင် အချင်းချင်း ဖြတ်ကျော် သွားမည်သာ ဖြစ်သည်။

“သွားရအောင်။”

ခရိုဘဲလက်စ် ထိုသို့ပြောပြီးနောက်တွင် ပုံရိပ်၄ခုသည် အငွေ့တစ်ခုသဖွယ် အမှောင်ထဲသို့ ပျောက်ကွယ်သွားကြ၏။

နောက်တစ်နေ့၌ အမှောင်လသည် ပုံမှန်အတိုင်းပင် စည်ကားသိုက်မြိုင်နေဆဲ ဖြစ်သည်။ ယမန်ညက မြောက်ပိုင်းဆင်ခြေဖုံး၌ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ၂ယောက် တိုက်ခိုက်ကြသည်ကို မည်သူမှ မသိကြပေ။

အက်ဇ်ဂါလောကို အနိုင်ယူပြီးနောက် လီလစ်ဇ်နှင့် ခီရာတို့က သွေးနွယ်နယ်မြေ အစီအစဉ်ဆွဲရာ၌ ချန်လွေ့၏အကူအညီ အပါအဝင် ပူးပေါင်းမှု သတ်မှတ်ချက်များကို တရားဝင် အတည်ပြုခဲ့ကြသည်။ လီလစ်ဇ်သည် ရှီရာထံမှ လက်ဆောင်တစ်ခုနှင့်အတူ အမှောင်လမြို့မှ ထွက်သွားလိုက်သည်။

“အိုင်းစစ်”ကမူ ယမန်ညက ဧကရီကို သတင်းပို့ရန်အတွက် အရိပ်နက်အင်ပါယာသို့ အမြန်ပြန်သွားကြောင်း လီလစ်ဇ် ပြောခဲ့သည်။

“အိုင်းစစ်”သည် အက်ဇ်ဂါလောကို ဖမ်းဆီးထားလောက်လေပြီ။ အရိပ်နက် အင်ပါယာ၏ လက်ထဲ၌ ထိုကဲ့သို့ ခေါင်းဆောင်တစ်ယောက် ရှိနေသည့်အတွက် သွေးမြေကျသည် သိသာထင်ရှားသော ထိုးနှက်ချက်တစ်ခု ခံစားရမည်မှာ သေချာသည်။

အမှောင်လသို့ သွေးနွယ်နယ်မြေ၏ ဗိုလ်ချုပ် ခရောဖို့ဒ် တရားဝင် ရောက်လာသည်နှင့် ကြယ်ကြွေတမန်မြို့တော်နှင့် သွေးမြေကျတို့သည် အမှောင်လ နောက်ကွယ်မှ ထောက်ပံ့နေသော အင်အားစုသည် အစွမ်းထက် အရိပ်နက်အင်ပါယာ ဖြစ်ကြောင်း “သဘောပေါက်”သွားမည် ဖြစ်သည်။ သူတို့တိုက်ခိုက်ချင်သည့်တိုင် နှစ်ခါ စဉ်းစားရပေမည်။ ဤသို့ဖြင့် အမှောင်လသည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တန်ဖိုးရှိသော အချိန်များရရန် အခွင့်အရေးကို အောင်အောင်မြင်မြင်နှင့် အရယူနိုင်ပေမည်။

၎င်းကို “အိုင်းစစ်” နားမလည်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း အရိပ်နက် အင်ပါယာ၌ ကျတ်တီးမြေ အများအပြား ရှိနေသည်။ အမှောင်လ၏ တိုးမြှင့် နည်းစနစ် တစ်ခုတည်းကပင် အမှိုက်များကို ရတနာ ဖြစ်လာစေနိုင်ပြီး အင်ပါယာ၏စွမ်းအားကို ကြီးကြီးမားမား တိုးမြင့်စေနိုင်မည် ဖြစ်သည်။ နှစ်ဖက်စလုံးက ကိုယ်လိုချင်သည်များကို ရရှိနိုင်ကြပေသည်။

ခီရာ အနည်းငယ် စိတ်ဓာတ်ကျနေ၏။ မည်သို့ပင်ဆိုစေကာမူ အက်ဇ်ဂါလောသည် သူ၏အဖေ ဖြစ်သည်။ သူသည် သူ၏အမေ ဖရီယာအတွက် ပို၍ပင် ဝမ်းနည်းခဲ့သည်။ သို့သော်လည်း နောက်ဆုံး၌ သူသည် ချန်လွေ့၏ နှစ်သိမ့်စကားများကြောင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။

အက်ဇ်ဂါလော၏ကိစ္စ ယာယီ အဆုံးသတ်သွားပြီး လေလံပွဲနေ့ရက် နီးကပ်လာပြီ ဖြစ်သည်။ အမှောင်လသို့ လူအများအပြား ဝင်ရောက်လာသော်လည်း အရာအားလုံးသည် ချန်လွေ့၊ ရှီရာနှင့် အခြားသူတို့၏ အားထုတ်မှုအတိုင်း အစီအစဉ်တကျ ဖြစ်နေ၏။

ထိုနေ့တွင် အမှောင်လလမ်းပေါ်၌ မျက်စိကို ဖမ်းစားနိုင်သော ပုံရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းတို့မှာ အမျိုးသမီး၂ယောက် ဖြစ်သည်။

အမျိုးသမီးတစ်ယောက်သည် အရိပ်နက်အင်ပါယာမှ ဖြစ်ဟန်တူသည်။ သူသည် မျက်နှာပေါ်၌ ပိုးဇာလွှားခြုံထားပြီး ခန္ဓာကိုယ်ကို လျော့ရဲသော ဂါဝန်ရှည်ဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ သူလမ်းလျှောက်နေသည့် အခါမှသာ သူ၏ ကျက်သရေ ရှိသော ပုံရိပ်ကို မြင်တွေ့နိုင်ပေသည်။

ပိုးဇာလွှားနှင့် အမျိုးသမီးတွင် ဆွဲဆောင်မှုရှိသောအရာ အနည်းငယ်သာ ရှိသည်။ သူသည် ဘေးနားမှ မျက်စိကိုဖမ်းစားနိုင်သော မိန်းမလှတစ်ယောက်နှင့် ဆန့်ကျင်ဘက် ဟူ၍ပင် ပြော၍ရနိုင်သည်။

ထိုမိန်းမပျိုလေးသည် လှပသောအသွင်အပြင်ရှိပြီး ကျက်သရေရှိသော ဂါဝန်ရှည် တစ်ထည်ကို ဝတ်ဆင်ထားကာ ကောက်ကြောင်းလှပြီး ပြီးပြည့်စုံသည့် သွယ်လှသော ခန္ဓာကိုယ် ရှိသည်။ သူ၏ရှည်လျားသော ဆံပင်များကို ခေါင်းနောက်ဘက်၌ သပ်သပ် ရပ်ရပ် ထားထားသည်။ အနည်းငယ် ကွေးကောက်နေသော ဆံခြည်မျှင်နှစ်ခုက နားသယ်မှ ချထားသည်။ ထိုမိန်းမပျိုသည် မည်သည့် လက်ဝတ်ရတနာကိုမှ မဝတ်ထားသော်လည်း သူ၏ထူးခြားသော အလှတရားကို ပြသသည့် အထူးမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားသည်။

ဘဏ္ဍာရေးအရာရှိရုံးခန်း၌ အလုပ်များနေသော ချန်လွေ့သာ အမှောင်လသို့ ဆံပင်ခရမ်းရောင်နှင့် မျက်မှန်တပ်ထားသော ထိုမိန်းမလှ ရောက်လာသည်ကို သိရှိခဲ့လျှင် သေချာ‌ပေါက် ကြက်သေသေသွားပေလိမ့်မည်။

နတ်ဆိုးမများအပါအဝင် လမ်းလေးမှ နတ်ဆိုးတိုင်းက ဆံပင်ခရမ်းရောင်နှင့် အမျိုးသမီးကို ကြည့်နေကြသည်။ နတ်ဆိုးမများ၏အကြည့်တွင် မနာလိုခြင်းများ ပိုမို ပါဝင်နေ၏။

မျက်မှန်နှင့် မိန်းမလှသည် အခြားသူများ၏အကြည့်ကို ဂရုမစိုက်ဘဲ ဘေးမှ ပိုးဇာလွှားနှင့် မိန်းကလေးကိုသာ စကားပြောနေသည်။ ထိုသူနှစ်ယောက်မှာ အလွန်ပင် ထူးခြားနေဟန် တူသည်။ တစ်ခါတစ်ရံ၌ မသိသူများက သူတို့ကို လာနှောင့်ယှက်ကြသည်။ ပိုးဇာလွှားနှင့် မိန်းကလေးက လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ထိုသူများသည် သုံးလေးဆယ်မီတာအကွာ ကောင်းကင်ပေါ်သို့ လွင့်ထွက်ပြီး ဓာတ်လိုက်ကာ သတိလစ်သွားကြသည်။

၎င်းကိုမြင်သည့်အခါ တဏှာကြီးသောသူများက စိတ်လျှော့လိုက်ကြသည်။ သူတို့သည် ထိုအမျိုးသမီးနှစ်ယောက်ကို အဝေးမှသာ ကြည့်တော့သည်။

“ရင်းနီ။ ဒီစကတ် ဘယ်လိုနေလဲ။” မျက်မှန်နှင့် မိန်းမလှက စကတ်တစ်ထည် ကိုင်ထားရင်း ပိုးဇာလွှားနှင့် အမျိုးသမီးကို မေးသည်။။

ရင်းနီက အသာလေး ခေါင်းခါသည်။ “အရောင်က သိပ်မကောင်းဘူး။ အစ်မဇိုလာက အရောင်ဗြောင်တွေကို အဓိကထားဝတ်သင့်တယ်။ ဒါက ပန်းပွင့်ဒီဇိုင်းနဲ့ လိုက်တယ်။ အာ....လက်ဝတ်ရတနာတွေကတော့ သိပ်အများကြီး မလိုပါဘူး။ လည်ဆွဲ တစ်ခုဆို လုံလောက်ပါပြီ။”

“ကောင်းပါပြီ။ နင်ပြောတာ ငါနားထောင်လိုက်မယ်။” ဇိုလာက ရင်းနီ၏ အကြံကို သဘောတူပြီး ခေါင်းညိတ်လိုက်သည်။

သက်တန့်တောင်ကြားမှ ချန်လွေ့ ထွက်သွားသည်မှာ တစ်လ မပြည့်သေးပေ။ မစ်-ဇိုလာသည် ချန်လွေ့ကို သက်တန့်တောင်ကြား၌ စောင့်နေခဲ့ပြီး သူ့တွင် ကျောက်ပြား အားလုံး စုံသွားပြီဖြစ်သည့်အတွက် အချိန်အတော်ကြာ သုတေသန ပြုလုပ်ခဲ့သည်။

အကြောင်းရင်းတချို့ကြောင့် မစ်-နတ်မိမယ်နဂါးသည် စိတ်အေးအေးထားပြီး သုတေသနကို စိတ်မနှစ်ထားနိုင်ပေ။ ကျောက်ပြားများ စုဆောင်းခြင်းသည် သူ၏ အကြီးမားဆုံးနှင့် အမြတ်နိုးဆုံး ဆန္ဒတစ်ခု ဖြစ်သော်လည်း တစ်ခုခု လိုအပ်နေကြောင်း ခံစားနေရသည်။

စမ်းသပ်ပစ္စည်း လိုအပ်နေတာလား။ စားဖိုမှူး လိုအပ်နေတာလား။ လက်ထောက် လိုအပ်နေတာလား။ ဒါမှမဟုတ်.....လူတစ်ယောက် လိုအပ်နေတာလား။

အားလုံးဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် နောက်ဆုံးတစ်ခုပဲ ဖြစ်ချင်ဖြစ်မယ်။...အဲဒီ ကောင်စုတ်တော့။ သူငါ့ကို ဘယ်လိုဂါထာတွေ မန်းမှုတ်ထားခဲ့တာလဲ။

တစ်နေ့လုံး အဲဒီကောင်အကြောင်းတွေပဲ ငါစဉ်းစားနေတယ်။

ချန်လွေ့က အနည်းဆုံ တစ်လကြာပြီးနောက် ပြန်လာမည်ဟု ပြောခဲ့သော်လည်း သူ့ကိုချက်ချင်း‌ တွေ့ချင်စိတ် ပိုမိုပြင်းထန်လာသည့်အတွက်၊ အမြဲစိတ်ရှည်ခဲ့သော မစ်-နတ်မိမယ်နဂါး စိတ်မထိန်းနိုင်တော့ဘဲ သက်တောင့်တောင်ကြားမှ ထွက်လာခဲ့သည်။

ချန်လွေ့ပေါ်မှ ၆ယွမ် ခြေရာခံမှော်စာ အလိုလို ပျောက်ကွယ်သွားသော်လည်း မစ်- နတ်မိမယ်နဂါး၌ အခြားနည်းလမ်း ရှိသည်။ အဲဒီကောင် အရင်တစ်ခေါက် ပြန်သွားတုန်းက ပြန်ဖို့ ကြောက်နေခဲ့တယ်။ အဲဒီ...အရှက်ရစရာ မဖြစ်ခင်အထိပေါ့။

နောက်ဆုံးတစ်ခေါက် သူက ကြယ်ကြွေတမန် မြို့တော်ကို သွားခဲ့တဲ့ပုံပဲ......

မစ်-နတ်မိမယ်နဂါးသည် တစ်ချိန်က တစ်စုံတစ်ယောက်ကို “ဖမ်းမိ”ခဲ့သော အရက်ဆိုင်တစ်ခုသို့ သွားခဲ့သည်။ သူသည် ကဝေမအား မှော်ပညာဖြင့် အိပ်မွေ့ချပြီး အမှောင်လ၏ လော့ဒ်စစ်ပွဲအကြောင်း မေးခဲ့သည်။ တစ်စုံတစ်ယောက်က သူ၏မိန်းမ အန္တရာယ် ကြီးကြီးမားမား ရောက်နေကြောင်း ပြောခဲ့သည်ကို ဇိုလာ သတိရလိုက်ပြီး ရုတ်တရက် အနည်းငယ် သဘောပေါက်သွားသည်။

ထိုစဉ် လော့ဒ်စစ်ပွဲ အဆုံးသတ်သွားခဲ့သည်။ အမှောင်လသည် မမျှော်လင့်ဘဲနှင့် အနိုင်ရရှိသွားခဲ့သည်။ ပြောရလျှင် ထိုသူသည် သိပ်မကြာခင် ပြန်လာလောက်သည်။ သို့သော်လည်း မစ်-နတ်မိမယ်နဂါးက အကြာကြီး စောင့်မနေချင်ပေ။

ထို့ပြင် မစ်-ဇိုလာ၏စိတ်ထဲ၌ ပြင်းပြသော ခံစားချက်တစ်ခု ရှိနေသည်။ ၎င်းသည် ထိုသူ၏ မိန်းမကို တွေ့ချင်ခြင်း ဖြစ်သည်။ ငါ့ရဲ့ညှို့ဓာတ် ကိုတောင် ကျော်ပြီးတော့ အဲဒီကောင် အသည်းအသန် ပြန်သွားအောင် အဲဒီမိန်းကလေး ဘယ်လို မိန်းမလှမျိုးလဲ။

လမ်းတစ်လျှောက်၌ ဇိုလာသည် တိုက်ဆိုင်စွာပင် မစ်-ရင်းနီနှင့် တွေ့ဆုံခဲ့သည်။ မစ်-ရင်းနီသည် အစွမ်းသိပ်မထက်သော်လည်း (ဇိုလာ၏အမြင်) အဝတ်အစား၊ ဆံပင် ပုံစံ၊ အပြင်အဆင်၌ ဇိုလာ လေးစားအားကျရသော ပညာရှင်တစ်ယောက် ဖြစ်သည်။

မစ်-ရင်းနီက မိမိ၏ မျက်နှာအမှန်ကို မပြသချင်ခဲ့ပေ။ သို့သော်လည်း ဇိုလာက ရင်းနီ၏ စရိုက်နှင့် အမူအကျင့်ကို သဘောကျသည်။ ဇိုလာက အမှောင်လသို့ သွားနေကြောင်း ကြားရသည့်အခါ ရင်းနီက အတူတူသွားရန် ကမ်းလှမ်းခဲ့သည်။

လမ်းတွင် မစ်-ရင်းနီက ဇိုလာအား ယောက်ျားများကို ဆွဲဆောင်နည်းနှင့် မိန်းမများ၏ အဝတ်အစားနှင့် နေ့စဉ်ဘဝ နည်းလမ်းကောင်းများကို ပြောပြခဲ့သည်။ ဇိုလာသည် ၎င်းတို့ကို မကြားရသည်မှာ နှစ်ပေါင်းထောင်ချီ ရှိနေပြီ ဖြစ်သည်။ သူ့အတွက် အတော်များများ အကျိုးရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် အံ့အားသင့်သွားခဲ့သည်။ ယောက်ျားနဲ့ မိန်းမကြားက ဗဟုသုတေတွေက တကယ့်ကို လေးနက်ပါလား။

ထိုသူနှင့် တရင်းတနှီးမနေခဲ့ရစဉ်က မစ်-ဇိုလာသည် ထိုအပိုင်းသော အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း ယခုတွင် မတူတော့ပြီဖြစ်သည်။ ငါ ရုပ်ဆိုးဆိုးမိန်းမကြီး လိုမျိုး ဟန်မဆောင်ချင်တော့ဘူး။ အဲဒီလူနဲ့ သူ့မိန်းမအရှေ့မှာ ငါ့ရဲ့ အလှပဆုံးပုံစံနဲ့ ပြသချင်တယ်။

မစ်-ရင်းနီသည် မိတ်ဆွေတစ်ယောက်ကို လာရှာရန် အမှောင်လမြို့သို့ ရောက်လာခြင်း ဖြစ်သည်။ ထိုမိတ်ဆွေမှာ နဂိုက အမှောင်လကို သိမ်းပိုက်သင့်သည့် မြို့တော် သံတမန်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ထိုသူသည် မမျှော်လင့်ဘဲနှင့် လော့ဒ်စစ်ပွဲအတွင်း အမှောင်လတွင် ခိုလှုံခဲ့သည်။ ထိုမိတ်ဆွေအပေါ် ရင်းနီ သိသလောက် ဆိုလျှင် ထိုသူသည် အလွယ်တကူ ဘက်မပြောင်းတတ်ပေ။ သူသည် တစ်ခုခု ထိန်းချုပ်ခံရခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရင်းနီက အဖြေရှာကာ ထိုမိတ်ဆွေကို ဖြစ်နိုင်လျှင် ကယ်တင်ပေးချင်နေသည်။

အစပိုင်း၌ မစ်-ရင်းနီသည် မျက်မှန်နှင့် အမျိုးသမီးနောက်သို့ တိတ်တိတ်လေး လိုက်လာကြသော အမြင်မရှိသည့် အရှုပ်ထုတ်များကို မကျေမနပ်ဖြစ်နေပြီး မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက် သိကျွမ်းသွား‌သောအခါ မစ်-ဇိုလာက ရင်းနီအား လေမှော်ပညာ၏ အချို့နေရာများ၌ တိုးတက်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး အားလုံးမှာ ကွက်တိပင် ဖြစ်သည်။ မစ်-ရင်းနီ အမှန်တကယ် အံ့အားသင့် သွားခဲ့သည်။ လက်စသတ်တော့ “အမြင်မရှိတာ” ငါကိုး။ ဒီလှပတဲ့ မစ်-ဇိုလာက တကယ့်ကို ပြိုင်စံရှားပဲ။ ငါတောင် သူ့ကို မော့ကြည့်ရတယ်။

တိုက်ဆိုင်စွာပင် မစ်-ဇိုလာသည်လည်း အမှောင်လသို့ သွားချင်နေသည်။ သူက ယောက်ျားတစ်ယောက်ကို ရှာဖွေနေခြင်းဖြစ်ကြောင်း ရေးရေးလေး ထုတ်ပြောခဲ့သည်။ မစ်-ရင်းနီ ရုတ်တရက် စိုးရိမ်သွားခဲ့သည်။ ငါ့ရဲ့တစ်ဦးတည်းသောမိတ်ဆွေ ဘက်တီကို အမှောင်လက ဖမ်းဆီးပြီး ထိန်းချုပ်ထားတဲ့ပုံပဲ။ ဘက်တီရဲ့အစွမ်းနဲ့ ဒီလိုဖြစ်တယ်ဆိုတော့ ငါ့ရဲ့ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းနဲ့ အသုံးဝင်မှာ မဟုတ်ဘူး။ တကယ်လို့ ဒီ မစ်-ဇိုလာ၏စွမ်းအားကို အသုံးချနိုင်မယ်ဆိုရင်တော့ ဘက်တီကို ကယ်တင်တဲ့အခါ သူက အရေးအကြီးဆုံး ဖြစ်နိုင်တယ်။

ထို့ကြောင့် မိန်းမပျိုလေးနှစ်ယောက်က အမှောင်လဆီသို့ အတူတူ လမ်းလျှောက် သွားကြတော့သည်။ ခဏတာမျှ အေးအေးဆေးဆေး လျှောက်သွားပြီးနောက်တွင် သူတို့သည် အတော်လေးတိတ်ဆိတ်သော နေစရာ ဟိုတယ်တစ်ခုကို တွေ့ခဲ့သည်။

“အစ်မ-ဇိုလာ။ အရေးကြီးကိစ္စတစ်ခုရှိလို့ ကျွန်မ သွားရတော့မယ်။ ညမှ ပြန်ရောက်မှာ။” ရင်းနီတွင် လျှောက်သွားချင်စိတ် မရှိတော့ပေ။ သူက သူ၏မိတ်ဆွေ ဘက်တီ မည်သည့်နေရာ၌ ရှိနေကြောင်း အမြန်ဆုံး ရှာတွေ့ချင်နေသည်။ “ဒါနဲ့ အမှောင်လမှာ နာမည်ကြီး မင်းသမီး လက်လီစတိုး ရှိတယ်။ အဲဒီမှာ အရည်အသွေးမြင့် အဝတ်အစားတွေ အများကြီးပဲ။ ကျွန်မပြန်လာတာကို အစ်မ-ဇိုလာ မစောင့်နိုင်ရင် အဲဒီကို ကိုယ်တိုင်သွားပြီးတော့ အဝတ်အစားတွေ ကြည့်လို့ရတယ်။”

“သွားပါ။” ဇိုလာ ခေါင်းညိတ်လိုက်သည်။ သူသည် ရင်းနီနှင့် အဆင်ပြေသော်လည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့၍သာ ဖြစ်သည်။ ထို့ကြောင့် သူ အများကြီး မပြောပြခဲ့ပေ။ မစ်-ဇိုလာသည်လည်း “ရစ်ချတ်”အမည်ရှိသော ယောက်ျားတစ်ယောက်ကို ရှာဖွေရန် အကြံရှိနေသည်။

ဟုတ်တယ်။ ငါ အရင်ဆုံး မင်းသမီး လက်လီစတိုးကို သွားပြီးတော့ အဝတ်အစား အကောင်းစားတွေ ဝယ်မယ်။ ပြီးရင် လှလှပပ ဝတ်ဆင်မယ်။ နောက်တော့ အဲဒီကောင်ကို ရှာပြီး မျက်လုံးတွေ ကန်းသွားအောင် လုပ်ပစ်မယ်။

“ဟတ်ချိုး။” ဘဏ္ဍာရေးအရာရှိရုံးခန်း၌ တစ်စုံတစ်ယောက် ရုတ်တရက်ကြီး နှာချေလိုက်သည်။ သူက ပြတင်းပေါက် အပြင်ဘက်ရှိ ထူထဲသော တိမ်တိုက်များကို ကြည့်လိုက်သည်။ လေတိုက်တော့မည် ထင်ရပေသည်။

All Chapters