← Chapters

ကြိုဆိုမခံရသော မစ်-ဇိုလာ

Vol. 27 Ch. 404

ကြိုဆိုမခံရသော မစ်-ဇိုလာ

Vol. 27 Ch. 404

တည်နေရာ - အမှောင်လမြို့၊ ဘဏ္ဍာရေးအရာရှိ နေအိမ်။

ဇာတ်‌ကောင်များ - ချန်လွေ့၊ ဇိုလာ၊ ခီရာ၊ ခရိုဘဲလက်စ်၊ ရိုမန်၊ ဒေလီယာ။ (မှတ်ချက်။ ။ အားလုံး ရှိနေသည်။)

အိမ်မွေးတိရစ္ဆာန် - မြင်းနက်လေး။ ( မှတ်ချက်။ ။ ဒိုဒို ဘယ်ရောက်နေမှန်း မသိရ။)

တရားခံ/တရားပြိုင် - အားလုံး။ (မှတ်ချက်။ ။ အသီနာ၊ ခီရာ၊ ရိုမန်နှင့် ဒေလီယာ တို့သည် အစဉ်လိုက် ထိုင်နေကြသည်။)

တရားခံ ချန်လွေ့က ထွက်ဆိုပြီးပြီ ဖြစ်သည်။ “ဒီလို ဖြစ်သွားခဲ့တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပေးပါ။ ဇိုလာ။ အဲဒီအချိန်တုန်းက အမှောင်လ အန္တရာယ်ကျရောက်နေလို့ ကိုယ် အသည်းအသန် ထွက်သွားပြီးတော့ မင်းကို ဒီကိစ္စတွေရှင်းပြဖို့ အချိန် မရခဲ့တာပါ။ အချိန်က ကိစ္စ‌တော်တော်များများကို ပြောင်းလဲပေးနိုင်ပါတယ်။ အရင်က ရန်ငြိုးလည်း နှစ်ပေါင်း၂၀၀၀ကျော် ကြာခဲ့ပြီပဲ။ ကိုယ်တို့အားလုံးက အခု ရင်းနှီးတဲ့ မိတ်ဆွေတွေပဲလေ။ ဇိုလာ။ ကိုယ့်အတွက် ပါ့ဂ်လီအိုကို ခွင့်လွှတ်ပေးနိုင်မလား။”

“အိုး။”

ခရိုဘဲလက်စ်သည် မစ်-နတ်မိမယ်နဂါးနှင့် မရင်းနှီးပေ။ ထို့ကြောင့် ဇိုလာ၏ အဖြေကို ကြားသည့်အခါ သူ၏မျက်နှာတွင် ပျော်ရွှင်မှု ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော်လည်း ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့၏ မျက်နှာမှာမူ ခါးသက်သက် ဖြစ်သွားကြသည်။ ထိုအမျိုးသမီးအတွက် ဟန်ဆောင်ငေးငိုင်သော သာမန်အဖြေသည် လုံးဝ မယုံကြည်ရပေ။

“ဇိုလာ။ အသက်ဓာတ်ရေစင်ထဲမှာ ကိုယ် ငွေသေတ္တာကို သိုလှောင်ထားတယ်။ မင်း သုတေသန လုပ်ချင်ရင် အချိန်မရွေး သွားယူလို့ရတယ်....” မစ်-နတ်မိမယ်နဂါး၏ မျက်လုံး အ‌ရောင်တောက်လာသည်ကို မြင်သည့်အခါ ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး ထပ်ပြောလိုက်သည်။ “နဂါးစုတ်...အဲ..ပါ့ဂ်လီအိုက ကိုယ့်ရဲ့ အယုံကြည်ရဆုံး အပေါင်းအဖော် တစ်ယောက်ပါ။ သူ့ရဲ့စွမ်းအားက ရှေးမှော်စာကြောင့် ချိပ်ပိတ်ခံထား ရတာ။ အဲဒါကို ဖယ်ရှားပေးနိုင်မလား။”

နောက်ဆုံးစကားကို မစ်-နတ်မိမယ်နဂါး သေသေချာချာ ကြားရဟန် မတူပေ။ “ဘာပြောလိုက်တယ်။”

“ကိုယ့်ကိုငှဲ့ပြီးတော့ ပါ့ဂ်လီအိုရဲ့ ချိပ်ပိတ်ကို ဖယ်ရှားနိုင်မလား ပြောတာပါ။”

“ဘာပြောတာလဲ။”

“ချိပ်ပိတ် ဖယ်ရှားဖို့...”

“ဘာပြောတာ။”

“.......”

“....”

အလုပ်မဖြစ်ကြောင်း တွေ့သည့်အတွက် ချန်လွေ့က လေသံပြောင်းလိုက်သည်။ “ပါ့ဂ်လီအိုနဲ့ကိုယ်က သဟဇီဝစာချုပ် ချုပ်ထားတာ။ သူက အခု အားနည်းနေတယ်။ တကယ်လို့ သူက သလင်းကျောက်နဂါး ယာကော့ဗ်လိုမျိုး ရန်သူဟောင်းနဲ့တွေ့တဲ့အခါ သေချာ‌ပေါက် သူသေမှာ။ အဲဒါဆို ကိုယ်လည်း သေရလိမ့်မယ်။ အဲဒီလိုဖြစ်မှာကို မင်း မြင်ချင်လို့လား။”

နောက်ဆုံး၌ ဇိုလာက ဟန်ဆောင်ငေးငိုင်နေသည်ကို ရပ်တန့်လိုက်ပြီး မျက်မှန် အနောက်မှတစ်ဆင့် အဆိပ်နဂါးကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ပါ့ဂ်လီအိုက မိမိသည် အပြစ်ရှိကြောင်း သိသည့်အတွက် ခေါင်းငုံ့ထားကာ မော့မကြည့်ရဲပေ။

အမှန်တကယ်၌ ချန်လွေ့လည်း အဓိကအားဖြင့် အသီနာနှင့် ခီရာတို့အတွက် အလွန်ပင် လိပ်ပြာမလုံ ဖြစ်နေသည်။ ဇိုလာအကြောင်း သူတို့ကို ငါ ဖွင့်ပြောချင်ခဲ့တာ။ ဒါပေမဲ့ အခွင့်အရေးမရတာရယ်၊ အချိန်ဆွဲချင်တာရယ်ကြောင့် တစ်ခါမှ မပြောဖြစ်ခဲ့ဘူး။ အခုတော့ ပိုဆိုးသွားပြီ။ နတ်မိမယ်နဂါး ကိုယ်တိုင် ရောက်လာပြီးတော့ ငါတို့ရဲ့ “ပတ်သက်မှု”ကို တစ်ခါတည်း ထုတ်ပြောလိုက်ပြီ။

“သူတို့နှစ်ယောက်က နင့်မိန်းမတွေလား။” ဇိုလာက ချန်လွေ့၏ တောင်းဆိုချက်ကို တစ်ခါတည်း မတုံ့ပြန်ခဲ့ဘဲ အသီနာနှင့် ခီရာတို့ကို အာရုံစိုက်လိုက်သည်။

( သူတို့က တော်တော်လေး ချစ်စရာကောင်းတယ်။ အထူးသဖြင့် ကဝေမပေါ့။ ဒါပေမဲ့ အလှအပနဲ့ယှဉ်ရင် ငါ့လောက် မကောင်းသေးဘူး။ )

“သူက အသီနာ။ သူက ခီရာ။” ခီရာက သူတို့သုံးယောက်ကို အချင်းချင်း အတင်း မိတ်ဆက်ပေးလိုက်ရသည်။ “သူက ဇိုလာ ပါ။”

အလွန်ပင် ကျွမ်းကျင်မှုမရှိ‌သော မိတ်ဆက်ခြင်းပင် ဖြစ်လေ၏။

“မင်းက ခီရာလား။” ဇိုလာ၏မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ အစေခံမလေး ကြောက်လန့်သွား၏။ သူက သုတေသန အရူးမတစ်ယောက်၏ ကြောက်စရာ ကောင်းပုံအား ပါ့ဂ်လီအို ပြောပြခဲ့သည်ကို သတိရလိုက်ပြီး အသီနာဘက်သို့ ကျုံ့ဝင်သွားလိုက်မိသည်။ အသီနာက ဇိုလာကို ကြည့်လိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမျှမပြောခဲ့ပေ။

ဇိုလာက ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ ထို့နောက် ချန်လွေ့၏ မျှော်လင့်နေသော မျက်နှာကို ကြည့်လိုက်သည်။ နောက်ဆုံး၌ သူသည် နောက်ဆုံးဆုံးဖြတ်ချက် ချရမည့် တရားသူကြီး ဖြစ်သွားလေသည်။ “နင့်နေရာက မဆိုးဘူး။ ငါ ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ပြီ။ ခီရာက ဒီနေ့ကစပြီးတော့ ငါ့ရဲ့ ဝတ်စုံဒီဇိုင်နာ လုပ်ရမယ်။ နေ့တိုင်း....အမ်...အပတ်ပိုင်း ငါ့ကို ဝတ်စုံအသစ် ချုပ်ပေးရမယ်။ အသီနာက ငါ့ရဲ့ တောက်တိုမည်ရ.....အမ်..... ငါ့ရဲ့ လက်ထောက် လုပ်ရမယ်။ ပြီးတော့....နွားမ...မြနဂါးက ငါ့အိမ်ဖော် လုပ်ရမယ်။ ဒါဆိုရင် အဲဒီအဆိပ်နဂါးနဲ့ပတ်သက်တဲ့ အမုန်းတရားကို ဘေးဖယ်ပေးချင်ပေးမယ်။ ဒါပေမဲ့ ငွေသေတ္တာနဲ့ အဲဒီမျိုးမစစ်ကောင်ရဲ့ ရတနာတစ်ဝက်ကို ငါ့ကို ပေးရမယ်။ ငါ စိတ်ကောင်းတဲ့အခါ သူ့ရဲ့ချိပ်ပိတ်ကို ဖယ်ရှားဖို့အတွက် လေ့လာပေးချင်ပေးမယ်။”

(ဟီးဟီး။ ဒီနည်းလမ်းကို သုံးပြီးတော့ ဒီမိန်းမနှစ်ယောက်ကို အနိုင်ယူမယ်။ ပြီးတော့ အဲဒီအဆိပ်နဂါးကို အသက်ချမ်းသာပေးမယ်။ ဒါက အဲဒီလူကို မျက်နှာသာ ပေးနေတာပဲ။ ဟုတ်တယ်မလား....)

ထိုစကားလုံးများ ထွက်လာသည့်အခါ လူတိုင်း အနည်းငယ် ကြောင်သွားကြသည်။ ဒီမိန်းကလေးက တော်တော်လေး လွန်တာပဲ။ သူက ဒီမှာ သူ့ကိုယ်သူ “အရှင်သခင်”လိုမျိုး မှတ်နေတယ်။

ပြဿနာက စွမ်းအားချင်းယှဉ်ရင် သူ့ကို ဒီကဘယ်သူမှ မယှဉ်နိုင်ဘူး။

“ဟမ့်။” ဒေလီယာက ပထမဆုံး စကားပြောလာသည်။ သူက ရိုမန် မျက်လုံး မှိတ်ပြသည်ကို လျစ်လျူရှုပြီး ဇိုလာကိုပင် မကြည့်ဘဲ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ “ကျွန်မ နေလို့ သိပ်မကောင်းဘူး။ အရင် သွားနားလိုက်ဦးမယ်။”

“သူက ဘယ်သူလဲ။ နေဦး။” ဇိုလာ မျက်မှောင်ကြုတ်လိုက်ပြီး ဒေလီယာကို ကြည့်လိုက်သည်။ “မင်းက အစွမ်းထက်တဲ့ ကျိန်စာတစ်ခု တိုက်ခံထားရသလိုပဲ။ ဟုတ်လား။ ငါ အဲဒီ ထိန်းချုပ်မှုကို မဖယ်ရှားနိုင်ပေမဲ့ မင်း သက်ရောက်မှုမရှိအောင် သီးခြားထားထားဖို့ နည်းလမ်းတစ်ခု ရှိတယ်။ ”

ဇိုလာ၏အမြင်မှာ မယုံနိုင်စရာ ကောင်းလှပေသည်။ သူသည် ဒေလီယာ၏ [ဝိညာဉ်လက်ထိပ်]ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့သည်။ ထို့ပြင် သူ့တွင် ၎င်းကို သီးခြားထားရန် နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေသည်။ ထင်ယောင်မှားဒိုင်း၏ စွမ်းအား ရှိသော်လည်း အရင်းအမြစ် ပြဿနာကို မဖြေရှင်းနိုင်သေးသည့်အတွက် သုံးလေးရက်ကြာတိုင်း ဒေလီယာသည် [ဝိညာဉ်လက်ထိပ်]၏ တိုက်ခိုက်မှုများမှ ခံစားနေခဲ့ရသည်။ ၎င်းသည် ဆိုးဝါးလှသည်။

ဇိုလာတွင် နည်းလမ်းတစ်ခုရှိကြောင်း ရိုမန်ကြားလိုက်သည့်အခါ စကားပြောရန် ပြင်လိုက်သော်လည်း ဒေလီယာကို ရိုမန်ကို စိုက်ကြည့်လိုက်သည်။

“မလိုဘူး။” ဒေလီယာက အေးစက်စက်နှင့် ပြန်ဖြေပြီး လှည့်ထွက်သွားလိုက်သည်။ ရိုမန်ကလည်း ဒေလီယာနောက်သို့ အလျင်အမြန် လိုက်သွားသည်။

ဇိုလာက နောက်ပြန်လှည့်မကြည့်သော ဒေလီယာအားကြည့်ရင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

(ဟမ့်။ ကျေးဇူးမသိတဲ့ မိန်းမပဲ။ ငါက စေတနာနဲ့ ပြောတာကို။)

ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံး၌ ပြောလိုက်သည်။ “ငါ မင်းကို ငွေသေတ္တာနဲ့ ရတနာအကုန် ပေးနိုင်တယ်။ အဲဒီတုန်းက ရန်ကြွေးကို ဆပ်လိုက်ပြီလို့ သဘောထားလိုက်မယ်။ ချိပ်ပိတ်ဖယ်ရှားဖို့ကတော့.... ဘက်တီလေး။ မင်းရဲ့ကိုယ်မှာ ဒဏ်ရာတွေ ရှိနေသေးတယ် မဟုတ်လား။ အရင်သွားကုရအောင်။”

ခရိုဘဲလက်စ် သူနှင့်မဆိုင်ကြောင်း ပြောချင်သော်လည်း ပါ့ဂ်လီအို၏ လေးနက်သော အမူအရာကို မြင်သည့်အခါ ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

အဆိပ်နဂါးနှင့် သူ၏မိန်းမတို့လည်း ထွက်သွားခဲ့ကြသည်။ ကသိကအောက် အခြေအနေကို မြင်ပြီး အစေခံမလေးက အသီနာနှင့်အတူ ထွက်သွားလိုက်သည်။ မြင်းနက်လေးသည်ပင် အခြေအနေမဟန်ကြောင်း ခံစားရသည့်အတွက် အသိုက်သို့ပြန်ကာ သစ်သီး သွားစားနေလိုက်သည်။

ခြံဝင်းတစ်ခုလုံးထဲ၌ ချန်လွေ့နှင့် ဇိုလာတို့သာ ကျန်တော့သည်။

ချန်လွေ့က ရှင်းလင်းနေသော ခြံဝင်းကိုကြည့်လိုက်ပြီး သူ၏ခေါင်းထဲရှိ မြောက်မြားလှစွားသော အတွေးများကို သက်ပြင်းအဖြစ် ပြောင်းလဲလိုက်သည်။ ဇိုလာက ပုံမှန်အတိုင်းပင် ပြောလိုက်သည်။ “အဲဒီမျက်စိစပါးမွေးစူးစရာတွေ သွားတော့လည်း အဆင်ပြေတာပဲ။ ပိုပြီးတော့တောင် ငြိမ်းချမ်းသွားသလိုပဲ။”

ချန်လွေ့ ခဏတာ တိတ်ဆိတ်သွား၏။ သူ ခေါင်းခါပြီး ပြောသည်။ “မင်းပြောလိုက်တဲ့ မျက်စိစပါးမွေးစူးစရာတွေထဲမှာ ကိုယ့်ရဲ့ အချစ်ရဆုံး မိန်းမတွေနဲ့ အယုံကြည်ရဆုံး အပေါင်းအဖော်တွေ ပါတယ်။ သူတို့ကို ငြင်းပယ်မှန်ဆိုရင် ကိုယ်က တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။”

ဇိုလာက အသာလေး နှုတ်ခမ်းကိုက်ပြီး ဘာမှမပြောခဲ့ပေ။

“အစောဆုံး တစ်လကြာရင် သက်တန့်တောင်ကြားကို ပြန်လာမယ်လို့ ကိုယ်တို့ သဘောတူထားတယ် မဟုတ်လား။ အရင်တစ်ခေါက်တုန်းက အချိန်သိပ်မရလို့။ အဲဒါကြောင့် မင်းကို ရှင်းပြဖို့ အချိန်မရှိခဲ့ဘူး။ ကိုယ်မင်းကို လိမ်ညာဖို့ မရည်ရွယ်ထားဘူး။ အခု မင်းကိုယ့်ကို လာရှာမယ်လို့လည်း မထင်ထားဘူး။”

“အိုး။” ဇိုလာ တုံ့ပြန်လိုက်သည်။

(နင် မမြင်ဘူးလား။ ငါ..နင့်ကို သတိရလို့လေ။ လူလိမ်။ အဲဒါကြောင့်ငါနင့်ကို လာရှာတာပေါ့....)

“အဲဒီမတော်တဆမှုကြောင့် ကိုယ်တို့ရဲ့ဆက်ဆံရေးက တော်တော်လေး မြန်မြန် အဆင့်တက်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်တော့ ကိုယ် တကယ် ဝမ်းသာခဲ့ပါတယ်။” ချန်လွေ့က ဇိုလာ၏လက်ကို ရုတ်တရက် ကိုင်ပြီး မစ်-နတ်မိမယ်နဂါး၏ နှလုံးသားကို ထိန်းချုပ်၍မရနိုင်အောင် တုန်လှုပ်သွားစေသည်။ “မင်းကိုယ့်ကို လာရှာတာကို ကိုယ် အံ့သြမိတယ်။ ဒါပေမဲ့ ကိုယ် တော်တော်လေး ပျော်တယ်။ ဒီအချိန်တွေအတွင်း ကိုယ် အလုပ်များနေပေမဲ့ မင်းအကြောင်း တစ်ခါတစ်ခါ တွေးမိတယ်။ မင်းမျက်နှာကို တစ်ခါတစခါ သတိရမိတယ်။ အဲဒါ အမှန်တွေပါ။”

“အိုး။” ဇိုလာက ထိုကဲ့သို့ တုံ့ပြန်ခဲ့သော်လည်း သူ၏ အတုအယောင် ငေးငိုင်မှုသည် မျက်လုံးထဲရှိ ဖုံးကွယ်၍မရသော ပျော်ရွှင်မှုကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။

(လက်စသတ်တော့ ငါတစ်ယောက်တည်း ဒီလိုခံစားရတာ မဟုတ်ဘူးပဲ။)

(ဟီးဟီး။ နင်လိမ်တာကို ငါ တရားဝင် ခွင့်လွှတ်ပေးတယ်။)

“တကယ်တော့ မင်းဖြစ်ဖြစ်၊ အသီနာဖြစ်ဖြစ်၊ ခီရာဖြစ်ဖြစ် အကုန်လုံးက ထူးချွန်ပြီး ပြီးပြည့်စုံတဲ့ ရတနာတွေပဲ။ တစ်ယောက်ရှိနေရုံနဲ့တင် ကိုယ့်ဘဝမှာ အကြီးမားဆုံး ကောင်းချီးတစ်ခုပဲ။ မင်းတို့အားလုံးကို ကာကွယ်ဖို့အတွက် ငါ့အသက်ကို စတေးနိုင်တယ်။ ဒါပေမဲ့ အခု ကိုဘာလုပ်ရမလဲ မသိတော့ဘူး။ အဲဒါက ကိုယ့်ရဲ့လောဘနဲ့ မရောင့်ရဲနိုင်တာ တွေကြောင့်ပါပဲ။ ကိုယ့်အမှားပါ။ ဒါတွေအားလုံးက ကိုယ့်အမှားတွေပါပဲ။” ချန်လွေ့က သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ဇိုလာသည်ပင် ချန်လွေ့၏ ဝန်ထုတ်ဝန်ပိုးနှင့် ဒေါသကို ခံစားမိနေသည်။

“ကိုယ်အခု စိတ်အေးအေးထားပြီးတော့ ကိုယ်တို့ဆက်ဆံရေးအကြောင်း စဉ်းစား ချင်တယ်။ ကိုယ်တို့ကြားမှာ အနာဂတ်ရှိသေးရင် အနာဂတ်အကြောင်းရောပေါ့။” ချန်လွေ့က ဇိုလာ၏လက်ကို အသာအယာလွှတ်ပြီး လှည့်ထွက်ကာ တံခါးဆီသို့ တဖြည်းဖြည်း လမ်းလျှောက်သွားလိုက်သည်။

တံခါးသို့ လမ်းလျှောက်ထွက်သွားသော ထိုသူ၏ပုံရိပ်ကိုကြည့်ရင်း ဇိုလာ၏ နှလုံးသား ရှင်းပြ၍မရနိုင်လောက်အောင် အေးခဲသွားခဲ့သည်။ သူ၏ပါးစပ်ကို ဖွင့်လိုက် သော်လည်း နောက်ဆုံး၌ စကားတစ်လုံးမှ မပြောနိုင်ခဲ့ပေ။

အခန်းပြတင်းပေါက် အရှေ့၌ မျက်ဝန်းတစ်စုံက အရာအားလုံးကို စိုက်ကြည့်နေ ခဲ့သည်။ ချန်လွေ့ ထွက်သွားသည်ကို ကြည့်ရင်း ထိုအနီရောင်မျက်လုံးများက တဖြည်းဖြည်း ပိတ်သွားပြီး တစ်ခုခုကို စဉ်းစားနေဟန် တူသည်။

အမှောင်လသို့မလာခင် မစ်-နတ်မိမယ်နဂါး၏ စိတ်အားတက်ကြွမှုများနှင့် ရန်သူဟောင်းကို မြင်ပြီးနောက် ထွက်ပေါ်လာသော အမုန်းတရားများ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ၏နှလုံးသား ကွက်လပ်ဖြစ်သွားခဲ့သည်။ ဇိုလာသည် မိန်းမောနေရင်း အရေးအကြီးဆုံး အရာတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူသည ကြိုဆိုမခံရသည့် ခြံဝင်းထဲမှ ဟိုတယ်ဆီလသို့ တစ်နည်းနည်းဖြင့် ပြန်ရောက် သွားခဲ့သည်။

ဇိုလာသည် အလွန်ပင် စိတ်ဓာတ်ကျနေ၏။ သူ၏အရေးအကြီးဆုံး စမ်းသပ်ချက် မအောင်မြင်လျှင်ပင် တစ်ခါမှ စိတ်ဓာတ်မကျခဲ့ဖူးပေ။ သူသည် ချန်လွေ့၏ လေးလံသော ခံစားချက်များ ကူးစက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားဟန် တူသည်။

(ငါ ဘာအမှား လုပ်မိသွားတာလဲ။)

အချိန်ခဏကြာပြီးနောက် တံခါး‌ခေါက်သံတစ်ခုက ဇိုလာ၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

(ရင်းနီ ပြန်လာပြီလား။)

ဇိုလာ တံခါးဖွင့်လိုက်ရာ တံခါးရှေ့မှလူကြောင့် အံ့အားသင့်သွားခဲ့သည်။ ၎င်းမှာ သူကိုယ်တိုင် ခန့်အပ်ထားသည့် လက်ထောက် အသီနာပင် ဖြစ်နေသည်။

“မစ်-ဇိုလာ။ ကျွန်မ ဝင်လာလို့ ရမလား။”

“အိုး။”

အသီနာက အခန်းထဲသို့ လမ်းလျှောက်သွားလိုက်ပြီးနောက် ဇိုလာက တံခါးကို ပိတ်လိုက်သည်။

သူတို့နှစ်ယောက် စကားမပြောကြဘဲ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေ၏။

(မင်းက ငါ့ကို လာကြွားတာလား။)

(ငါက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။ ငါ့လက်ချောင်းလေး လှုပ်လိုက်ရုံနဲ့ မင်းလို မဟာနတ်ဆိုးဘုရင်အဆင့်က သေသွားပြီ။ မင်းကို ဘယ်သူ ကြောက်နေလို့လဲ။)

“မစ်-ဇိုလာ။ ကျွန်မက စကားပြောကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူး။” အသီနာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ကျွန်မက သူ့ရဲ့မိန်းမတွေထဲက တစ်ယောက်ဖြစ်လို့ပဲ။ ကျွန်မရှင့်ကို ပြောစရာတွေ ရင်ထဲမှာ ရှိတယ်။”

“အိုး။”

“ချန်လွေ့မှာ ရှေးမဟာဆရာသခင်ရဲ့ အမွေအနှစ်ရှိတယ်။ တစ်နှစ်ကျော်မှာပဲ သူက စွမ်းအားလုံးဝမရှိတဲ့ အခြေအနေကနေ နတ်ဆိုးဧကရာဇ်အဆင့်အထိ ရောက်သွားခဲ့တယ်။ သူ နတ်ဆိုးအရှင်သခင်အဆင့် ရောက်လာမှာ အနှေးနဲ့အမြန်ပဲ။ ပြီးတော့လည်း သူ့မှာ ယန္တရားပညာ၊ ဆေးရည်မည်းနဲ့ တခြား အမွေအနှစ်တွေလည်း ရှိတယ်။ သူ့အနာဂတ်နဲ့ စွမ်းအားတွေက အကန့်အသတ် မရှိဘူး။”

“အိုး။”

“ကျွန်မက ရှင့်ထက် ချန်လွေ့နဲ့အရင် ဆုံခဲ့ပေမဲ့ အလှအပနဲ့ ယှဉ်ရင်တော့ ရှင့်ကို ကျွန်မ မယှဉ်နိုင်ဘူး။ စွမ်းအားချင်း ယှဉ်ဖို့ဆို ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်...”

“ဒါဆို မင်းသူ့ကို လက်လွှတ်မလား။ ငါမင်းကို ....” ဇိုလာက ၎င်းကို ပြောနေရင်း တစ်ခုခုလွဲနေကြောင်း ခံစားလိုက်မိသည့်အတွက် ကျန်သောစကားများကို ချက်ချင်း ရပ်လိုက်သည်။

“မဖြစ်နိုင်ဘူး။” အသီနာက အပြင်းအထန် ခေါင်းခါလိုက်သည်။ “ကျွန်မနဲ့သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ခွဲဖို့ မဖြစ်နိုင်ဘူး။ အစွမ်းပိုထက်တဲ့သူတစ်ယောက်က သူ့ကို စွန့်လွှတ်ဖို့ ရှင့်ကို အကျိုးအမြတ်တွေပေးမယ်၊ ‌မစွန့်လွှတ်ရင် သတ်မယ်လို့ခြိမ်းခြောက်မယ်ဆိုရင် ရှင် သဘောတူမှာလား။”

“သဘောမတူဘူး။” ဇိုလာ လွှတ်ခနဲ ပြောလိုက်ပြီးနောက် သဘောပေါက်သွားပြီး တိတ်တိတ်လေး နေလိုက်သည်။

“ဒါဆို အခု မိန်းမတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီးတော့ သူ့ကို လုယူသွားချင်တယ် ဆိုရင်ကော။ ရှင် ဘယ်လို လုပ်မလဲ။”

“လုံးဝပဲ။ ငါလုံးဝ... သဘောမတူဘူး။” “သဘောမတူဘူး”ဟု ပြောနေစဉ် ဇိုလာ၏ အသံ တိုးသွားလေသည်။

ယခုတွင် သူသည် အသီနာ၏ယောက်ျားကို လုယူသော မိန်းမဖြစ်နေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။

(မင်းက စကားပြောမကောင်းဘူး ဟုတ်လား။)

(ငါ...ငါက တကယ်ပဲ ဒီလောက်တောင် ရွံစရာကောင်းနေတာလား။)

မသိလိုက်ဘဲနှင့် မစ်-နတ်မိမယ်နဂါးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပျောက်ဆုံးသွားလေသည်။

All Chapters