← Chapters

မင်းသမီးလက်လီစတိုးရှိ ရန်ပွဲ။ ထောင်စုနှစ်ရန်သူများ တွေ့ကြလေပြီ

Vol. 27 Ch. 402

မင်းသမီးလက်လီစတိုးရှိ ရန်ပွဲ။ ထောင်စုနှစ်ရန်သူများ တွေ့ကြလေပြီ

Vol. 27 Ch. 402

ရင်းနီထွက်သွားပြီးနောက် မစ်-ဇိုလာ ခဏနားပြီး အခန်းပြင်သို့ ထွက်လာသည်။ သူက အောက်ထပ်ရှိ ကောင်တာသို့သွားပြီး စားပွဲထိုးကို မေးသည်။ “မင်းသမီး လက်လီစတိုးကို ဘယ်လိုသွားရမလဲ သိလား။”

စားပွဲထိုးက ဇိုလာအား ငေးကြောင်လျက် ကြည့်နေသည်။ သူသည် ဇိုလာ၏ အလှတရားကြောင့် ကြက်သေသေသွားပြီး စကားပင် မပြောနိုင်တော့ပေ။ ဇိုလာက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပြန်သည်။

ထိုအချိန်၌ လူအနည်းငယ် လမ်းလျှောက်လာပြီး ထိုစကားများကို ကြားသွား၏။ ခေါင်းဆောင်က ရယ်လိုက်သည်။ “ဒီမိန်းကလေးက မင်းသမီးလက်လီစတိုးကို သွားမှာလား။ ကျုပ်လည်း အဲဒီကို သွားမလို့ပဲ။ ကျုပ် ခင်ဗျားကို ခေါ်သွားပေးလို့ ရပါတယ်။”

ဇိုလာ နောက်လှည့်ကြည့်လိုက်ရာ တြိဂံမျက်လုံးများနှင့် စူးရှပြီး ပိန်ပါးပုံရသော မဟာနတ်ဆိုးတစ်ယောက်ကို မြင်လိုက်သည်။

ထိုသူက ဇိုလာ၏မျက်နှာကို မြင်သည့်အခါ ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူက ဘေးဖက်မှ မှင်စာကို ပြောလိုက်သည်။ “သူက တကယ့် ရတနာပဲ။ ဒီတစ်ခေါက် ပြန်တဲ့အခါ ငါမင်းကို ကောင်းကောင်း ဆုချမယ်။”

“ကျေးဇူးတင်ပါတယ်။ သခင်လေး။” မှင်စာက ထိုသူကို မျက်နှာချိုသွေးသော အပြုံးဖြင့် အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ သူတို့သည် လမ်းတစ်လျှောက်လုံး ဇိုလာနောက်သို့ လိုက်နေခြင်း ဖြစ်ရပေမည်။

ထိုသူက ဇိုလာကို အရိုအသေ ပေးလိုက်သည်။ “နတ်ဆိုးဘုရားသခင်။ မိန်းကလေး လိုမျိုး မိန်းမလှတစ်ယောက်ကို ဘရူးရိုကိုဆိုတဲ့ ကျုပ်က အခုမှ ပထမဆုံး တွေ့ဖူးတာပါ။ မိန်းကလေးရဲ့ အလှအပက စကားလုံးနဲ့တောင် ဖော်ပြလို့ မရပါဘူး။ ကောင်းကင်ပေါ်မှ လနှစ်စင်းတောင် မှိန်သွားသလိုပါပဲ.....”

ထိုစကားကို ကြားသည့်အခါ ဇိုလာက ယင်ကောင်တစ်ကောင် တဝီဝီ အော်နေသည် ဟူ၍သာ ခံစားရပြီး စိတ်ထဲ၌ ရွံရှာသွား၏။ သို့သော်လည်း ဟိုလူသာဆိုလျှင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပေလိမ့်မည်။

“မင်းသမီးလက်လီစတိုးကို ဘယ်လိုသွားရမလဲဆိုတာ ရှင်သိလား။” ဇိုလာက ဘရူးရိုကိုထံမှ ချီးမွမ်းစကားများကို စိတ်မရှည်ဘဲ စကားဖြတ်ပြောလိုက်သည်။

“သိတာပေါ့။ မိန်းကလေးက တခြားမြို့က ဖြစ်မယ်။ ကျုပ် ခေါ်သွားပေးလို့ ရပါတယ်။” ဘရူး၏မျက်လုံးများ ဝိုင်းစက်သွား၏။ ဒီမိန်းမလှလေးက အစတုန်းက ပိုးဇာလွှားခြုံထားတဲ့ သက်တော်စောင့်တစ်ယောက်နဲ့ လာတယ်လို့ မှင်စာက ပြောတယ်။ အဲဒီသက်တောင်စောင့်က သတိထားစရာပဲ။ သိပ်ကောင်းတယ် ....

ဒါပေမဲ့ အဲဒီသက်တောင်စောင့်ရှိလည်း ငါ လုပ်ချင်တာ လုပ်မှာပဲ။ ဒါက အမှောင်လ။ ရိုကိုမိသားစုက စိုင်ဖူမိသားစုလိုမျိုး အကြီးကြီး မဟုတ်ပေမဲ့ ငါတို့က ဂျိုးဆက်ပ်ကို တော်ဝင်မင်းသမီး အနိုင်ယူပြီးတော့ ပထမဆုံး အညံ့ခံခဲ့တာပဲ။ ငါတို့ရဲ့ အကျိုးပြုမှုက တော်တော်လေး ကြီးမားတယ်။ ပြဿနာတစ်ခုခု ရှိရင်တော တော်ဝင်မင်းသမီးကလည်း ငါတို့ကို မျက်နှာသာပေးမှာပဲ။

“ကောင်းပြီလေ။” မိန်းမလှလေးက ပတ်ဝန်းကျင်နှင့် အတွေ့အကြုံမရှိဘဲ ထိုသူ၏ ဆိုးယုတ်သောအကြံကို မမြင်နိုင်သကဲ့သို့ပင် ငေးငိုင်လျက် တုံ့ပြန်လိုက်သည်။

ဘရူးတို့သားအဖက မိန်းမလှများကို မြတ်နိုးကြသည်။ အမှန်တကယ်တွင် နတ်ဆိုးဘုံ၌ ရိုကိုမိသားစု၏ မကောင်းမှုများမှာ အားလုံးသိကြသည်။ အမှောင်လကို ဂျိုးဆက်ပ် ထိန်းချုပ်ထားစဉ်က အပြစ်မဲ့အမျိုးသမီး အယောက်၁၀၀ကျော်ခန့်သည် ဘရူးကြောင့် ထိခိုက်ခဲ့ရသည်။ အချို့မှာ သနားစရာကောင်းလောက်အောင် အဆုံးသတ် သွားခဲ့သည်။ ဂျိုးဆက်ပ် ပြိုလဲသွားပြီးနောက် ဘရူးသည် ထိန်းချုပ်ထားခဲ့ရသည်။ သို့သော်လည်း ယခုတွင် သူ၏အကျင့်ဟောင်း ပြန်ပေါ်လာပြီ ဖြစ်သည်။ အထူးသဖြင့် ဇိုလာ၏ ရင်သပ်ရှုမောဖွယ်ရာ အလှတရားကို မြင်သည့်အခါ ဘရူး ထိန်းချုပ်ထားရန် ခက်ခဲနေ၏။ သို့သော်လည်း ထိုရင်သပ်ရှုမောဖွယ်ရာကောင်းပြီး ငေးငိုင်နေပုံရသော အမျိုးသမီးက မည်မျှအန္တရာယ်များကြောင်း သူမသိပေ။

သတိပြန်ဝင်လာသော စားပွဲထိုးက တစ်ခုခု ပြောချင်သောလည်း ဘရူး၏ တြိဂံမျက်လုံးများ စိုက်ကြည့်ခြင်းကို ခံရသည့်အခါ ဆက်မပြောရဲတော့ဘဲ ခေါင်းငုံ့ထား လိုက်သည်။

ထိုသို့ဖြင့် မျက်မှန်နှင့် မိန်းမလှလေးသည် တြိဂံမျက်လုံးနှင့် လူဆိုးနောက်သို့ လိုက်ပြီး ဟိုတယ်ထဲမှ ထွက်လာသည်။ ထိုမိန်းကလေးသည် အန္တရာယ်ကြီးတစ်ခု ချဉ်းကပ်လာသည်ကို သတိမထားမိဘဲ လူပြတ်သော လမ်းကြားတစ်ခုသို့ပင် လမ်းလျှောက် သွားလိုက်သည်။

အတိအကျပြောရလျှင် အန္တရာယ်ကို မသိသည်မှာ တြိဂံမျက်လုံးနှင့် ပိန်ပါးပါး မဟာနတ်ဆိုးသာ ဖြစ်သည်။

ခဏကြာပြီး‌နောက် မိန်းမလှလေးက လူပြတ်သော လမ်းကြားမှ ထွက်လာပြီး ခေါင်းခါကာ တီးတိုးပြောလိုက်သည်။ “ဒီနေရာက တကယ့်ကို ဒုက္ခပေးတာပဲ။ လမ်း‌မေး တာတောင် မှော်အစွမ်း သုံးရမယ်။”

မင်းသမီးလက်လီစတိုး ရုံးခန်း၌ လိုလီလေး အဲလစ် စိတ်ကူးယဉ်နေ၏။

အမှောင်လ၏ ထိတ်တန့်အမှတ်တံဆိပ် စတိုးတစ်ခု ဖြစ်သည့်သအလျောက် လက်ရှိ မင်းသမီးလက်လီစတိုးသည် ပို၍ကျယ်ပြန့်ပြီး ပြုပြင်မွမ်းမံထားခဲ့သည်။ အရည်အချင်း ရှိသော ဆိုင်အကူများကိုလည်း ထပ်ထည့်ထားသည်။ လေလံပွဲ နီးကပ်လာသည်နှင့်အတူ အမှောင်လသို့ ပို၍ပို၍ လူအများအပြား ရောက်ရှိလာသည်။ မင်းသမီးလက်လီစတိုး၏ ဧည့်သည်များမှာလည်း ပိုမိုတိုးပွားလာပြီး စီးပွားရေးလည်း တဟုန်ထိုး တိုးတက်လာ၏။ အဲလစ်သည် အလွန်အလုပ်များနေသင့်သော်လည်း စိတ်ကူးယဉ်နေလေသည်။

လက်ရှိဝင်ငွေမှာ မင်းသမီးလက်လီစတိုးက စတင်တည်ထောင်စဉ်ကနှင့် လုံးဝ ကွဲပြားသွားပြီး နေ့စဉ်ဝင်ငွေမှာ ယခင်လစဉ်ဝင်ငွေထက် ပိုများသော်လည်း လိုလီလေးသည် ယခင်ကကဲ့သို့ ပိုက်ဆံအရေအတွက် များပြားလာသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားတော့ဟန်မတူပေ။

အရေးကြီးဆုံးမှာ ဤနေရာသို့ လူသားအစ်ကို သိပ်မလာဖြစ်ခြင်းပင် ဖြစ်သည်။ အမှန်တကယ်၌ လိုလီလေးက ချန်လွေ့သည် နယ်မြေ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကို တာဝန်ယူထားရသည့် အမြင့်ဆုံးအရာရှိ ဖြစ်နေကြောင်းကို သိသည်။ အထူးသဖြင့် ဤကဲ့သို့ အချိန်အတွင်း သူ တအား အလုပ်များနေလောက်သည်။ သို့သော်လည်း လိုလီလေးက သူ့ကို တွေ့ချင်နေသည်။ လိုလီလေးက သူ့ကို မတွေ့နိုင်သည့်အခါ စိတ်ကူးယဉ်နေတတ်လေသည်။

မိန်းမငယ်လေးများ၏ ခံစားချက်များမှာ အမြဲပင် ကဗျာဆန်လှသည်။

အမှန်တကယ်၌ အဲလစ်၏ စိတ်ထဲ၌ အနာဂတ်အကြောင်း စိတ်ကူးယဉ်များ အမြဲ ပြည့်နှက်နေပြီး သူ့ကိုချစ်မြတ်နိုးမည့် တစ်စုံတစ်ယောက်၏ အသွင်အပြင်ကို အမြဲပင် ‌စောင့်မျှော်နေခဲ့သည်။

ယခုတွင် ထိုသူ အမှန်တကယ် ထွက်ပေါ်လာပြီဖြစ်သည်။ ထိုသူရောက်လာတိုင်း မိမိကိုသာ ကြည့်နေရန် မိမိအနား၌ အမြဲရှိနေရန် မျှော်လင့်နေသည်။

ခီရာက အဲလစ်၏အကြည့်ကို သတိထားမိပြီး ရုတ်တရက် စိတ်ထဲ၌ အများအပြား သဘောပေါက်သွားသည်။ မင်းသမီးလေးက တကယ့်ကို အရွယ်ရောက်လာပြီပဲ။

ခီရာက တော်ဝင်မင်းသမီးလေ စဉ်းစားနေသောသူကို သေချာသိသည်။ အသီနာ သည်လည်း ၎င်းကို သူ့အား တစ်ခါမက ပြောပြဖူးသည်။

သို့သော်လည်း ခီရာက အဲလစ်အား အရေးပါဆုံး မိတ်ဆွေအဖြစ် မှတ်ယူသည့်တိုင် သူချစ်ရသောသူကို မမျှဝေချင်ပေ။ သူတို့ကို အောင်သွယ်ပေးချင်တဲ့ အသီနာတောင် စိတ်ထဲမှာ ဒီလိုပဲ ခံစားရမှာပဲ မဟုတ်လား။

ထို့ကြောင့် အစေခံမလေးသည် တစ်စုံတစ်ယောက်၏ ကိစ္စများအား မင်းသမီးလေးကို မပြောပြခဲ့ခြင်း ဖြစ်သည်။ ခီရာသည် အဲလစ်အား တစ်နေ့လုံး စိတ်ကူးယဉ်ပြီး စိတ်ဓာတ်ကျနေမည်ကို မမြင်ချင်ပေ။ ယခုတစ်ခေါက် ခီရာသည် လိုလီ‌လေး အကြိုက်ဆုံး စတော်ဘယ်ရီပူတင်းကို သွားယူရန်အတွက် တမင်အိမ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လိုလီလေး စိတ်ကူးယဉ်နေဆဲ ဖြစ်သည်။ ( အသီနာနဲ့ခီရာကို ငါ တကယ် မနာလို ဖြစ်မိတယ်။ သူတို့က ချန်လွေ့ကို မနက်ပိုင်း မတွေ့ရရင်တော့ ညတိုင်း အဖော်ပြု ပေးလို့ရတယ်။ ဒါနဲ့ ညပိုင်း သူတို့ ဘာလုပ်ကြတာလဲ။ )

( စာအုပ်ထဲမှာ ပြောထားတာက.....အဲဒါက....ရှက်စရာကြီး....)

( ဒါပေမဲ့ ခီရာကို ပိုပိုပြီး လှလာသလိုပဲ။ သူ့ရဲ့ရင်သားတွေလည်း ပိုပြီးတော့.... အဲဒါက......ညပိုင်းမှာ....ကြောင့်လား။ )

( အရင်တစ်ခေါက် ညနက်ပိုင်းလောက်မှာ ငါသူ့ကို နန်းတော် အတွင်းဝန်းကနေ ငါ့အစ်မနဲ့အတူ ဘေးချင်း ကပ်လျက် ထွက်လာတာကို ငါတွေ့ခဲ့တယ်။ သူတို့က တော်တော်လေး ရင်းနှီးနေတဲ့ပုံပဲ။ ငါဘာလို့ စိတ်ထဲမှာ မသက်မသာ ခံစားနေရတာလဲ။ )

( ဟူး။ ငါ ဘာလို့ ၃နှစ်စောင့်ရမှာလဲ...)

( ဟူး။ ငါ တကယ်ပဲ မြန်မြန် အရွယ်ရောက်ချင်တယ်...)

( ဟူး။ ငါ တကယ်ပဲ ရင်သား ကြီးချင်တယ် .... )

( ဟူး...... )

ထိုအချိန်၌ အနီဖျော့ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက လိုလီအရှေ့တွင် ပေါ်ထွက်လာပြီး သာယာနာပျော်ဖွယ်ရာ အသံတစ်သံ ထွက်ပေါ်လာ၏။

“ခွင့်ပြုပါ။ မင်းက မင်းသမီးလက်လီစတိုးရဲ့ ပိုင်ရှင်လား။”

ထိုမေးခွန်းသည် လိုလီလေးအား စိတ်ကူးယဉ်ထဲမှ အမှန်တကယ်သို့ ပြန်ရောက်လာစေသည်။ သူ့အရှေ့မှ မေးခွန်းမေးသူကို သေသေချာချာ မြင်ပြီးနောက် အဲလစ်၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားတော့သည်။ “ဝိုး။ အစ်မက သိပ်လှတာပဲ။”

မျက်မှန်နှင့် အမျိုသမီးသည် အမှန်ကတယ်ပင် သူ၏အစ်မနှင့် အတူတူ နီးပါးပင် ဖြစ်သည်။ အတိအကျပြောရရလျှင် ဇိုလာ၏ အလှတရားနှင့် ပင်ကိုစရိုက်သည် ကတ်သရင်းကို ယှဉ်၍ရသည်။ ရှီရာ၏ ထူးခြားသော ပင်ကိုစရိုက်က ဇိုလာထက် မနိမ့်ကျ‌သော်လည်း သူ၏အသွင်အပြင်မှာ အနည်းငယ် နိမ့်ကျ၏။ သို့သော်လည်း လိုလီလေး၏ စိတ်ထဲ၌ သူ၏အစ်မသာ အလှဆုံး ဖြစ်သည်။

သူ၏အစ်မနှင့် ဆင်တူ“လုနီးပါး” ဖြစ်ခြင်းဟု ပြောခြင်းကပင် ဇိုလာအတွက် အကြီးမားဆုံး အတည်ပြုချက်ပင် ဖြစ်လေသည်။

ထိုကဲ့သို့ နှလုံးသားထဲမှ ‌လေးစားအားကျခြင်းမျိုးသည် ဇိုလာအတွင် အလွန်ပင် သာယာနာပျော်ဖွယ်ဖြစ်သည်။ ၎င်းသည် ယခင်က ဘရူးဆိုသူထက် ပိုသာသည်။ တစ်ချိန်တည်းမှာပင် နတ်မိမယ်နဂါးကလည်း လိုလီလေး၏အသက်ကြောင့် အံ့အားသင့် သွားသည်။ အမှောင်ရဲ့ နာမည်အကြီးဆုံး ဖက်ရှင်စတိုးကို ဒီလို မိန်းမငယ်လေး တစ်ယောက်က တကယ်ပဲ တာဝန်ယူထားတယ်။

လိုလီလေး၏ အကြည့် ဇိုလာ၏ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏ ခရမ်းရောင် မျက်လုံးများထဲရှိ လေးစားအားကျမှုများ ပိုမိုပြင်းထန်သွားသည်။ “ဟုတ်ပါတယ်။ ကျွန်မ နာမည်က အဲလစ်ပါ။ အစ်မက တခြားမြို့က ဖြစ်မယ်။ ဘာဝယ်မလို့လဲ မသိဘူး။”

ဇိုလာက အရေးကြီးပုဂ္ဂိုလ် နေရာရှိ အမြင့်၌ ချိတ်ထားသော အဖြူအပြာ ပွင့်ရိုက်ဝတ်ဆုံကို လက်ညှိုးထိုးပြလိုက်သည်။ “အဲဒီဝတ်စုံကို ဘာလို့ မရောင်းတာလဲ။”

လိုလီလေးက ဇိုလာညွှန်ပြသော နေရာကို ကြည့်လိုက်သည်။ ၎င်းသည် ခီရာက မိတ်ဆွေတစ်ယောက်အတွက် ဒီဇိုင်းဆွဲထားပေးသာ ဝတ်စုံအသစ်ဖြစ်ကြောင်း အဲလစ် ရေးရေးလေး သတိရလိုက်သည်။

ခီရာသည် အဝတ်အစား ဒီဇိုင်းဆွဲရာ၌ အထူးပါရမီရှိသည်။ သူသည် နာမည်ကြီး အဝတ်အစား အများအပြားကို ဒီဇိုင်းဆွဲခဲ့သည်။ ၎င်းတို့သည် ‌စျေးကြီးသော်လည်း ထုတ်လိုက်သည့်အခါတိုင်း အထက်တန်းမိသားစုများက အလုအယက် ပြေးဝယ်ကြ လေသည်။ ၎င်းတို့သည် အကန့်အသတ်နှင့်ရောင်းချသော အရာများ ဖြစ်ကြသည်။

“အဲဒီတစ်ခုက ဧည့်သည်တစ်ယောက်က ကြိုမှာထားတာ။ အစ်မက သိပ်လှလို့ ဘာပဲဝတ်ဝတ် လှပါတယ်။” လိုလီလေးက ထိုအချိန်အတောအတွင်း စိတ်လေနေခဲ့ သော်လည်း အချိန်အတော်ကြာ ပြုလုပ်ခဲ့သော အလေ့အကျင့်များ ရှိနေသေးသည်။ “အဲဒါက ကျွန်မတို့မင်းသမီးလက်လီစတိုးရဲ့ ဝိဇ္ဇာ ဒီဇိုင်နာ ခီရာရဲ့ လက်ရာမြောက် ပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်ရဲ့အလှပဆုံးဘက်ခြမ်းကို ပြသဖို့အတွက် ကိုယ်တိုင်းပြီး ချုပ်တာက အသင့်တော်ဆုံးပါ။ ခီရာက ကျွန်မအတွက် တစ်ခုခု သွားယူပေးဖို့ အပြင်ထွက်သွားတယ်။ အစ်မ ခဏလေး စောင့်ပေးလို့ရမလား မသိဘူး။ သူပြန်လာရင် အစ်မအတွက် အလှဆုံးနဲ့ အသင့်တော်ဆုံး ဝတ်စုံတစ်ထည် သူ့ကို ကျွန်မ ချုပ်ခိုင်းမယ်။”

ဇိုလာက အဲလစ်ပြောသည်ကို နားထောင်ရင်း စိတ်ထဲ၌ သက်တောင့်သက်သာ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ဒါက နာမည်အကြီးဆုံး ဖက်ရှင်းစတိုးဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်။ ဝန်ဆောင်မှု တော်တော်လေး ကောင်းတယ်။ ဒါက အရင်တစ်ခေါက် ကြယ်ကြွေတမန်မြို့‌တော်ကထက် အများကြီး ပိုကောင်းတယ်။

အဲလစ်သည် အတော်လေး ချစ်စရာကောင်းပြီး ခုနက အကောင်းမြင်ခြင်းနှင့် ပေါင်းလိုက်သောအခါ လိုလီလေးအပေါ် နတ်မိမယ်နဂါး၏ အကြည့်မှာ ပို၍ပင် ရင်းနှီးသွားလေသည်။ လိုလီလေး၏မျက်လုံးများ ပြောင်းလဲသွားပြီး ဇိုလာနှင့် ပိုမို ရင်းနှီးရန် အခွင့်အရေးကို ရယူလိုက်သည်။ သို့သော်လည်း ၎င်းမှာ ဇိုလာကို ပစ္စည်းများ ပိုဝယ်ခိုင်းချင်၍မဟုတ်ဘဲ သူ၏ အဓိကရည်ရွယ်ချက်မှာ “လျို့ဝှက်ဆေးနည်း” အချို့ကို မေးမြန်းရန် ဖြစ်သည်။

လျို့ဝှက်ဆေးနည်းအချို့မှာ “ရင်သားကြီးဂြိုလ်သား” ဖြစ်လာရန် ဖြစ်သည်။

အခြားသူတွေဆီကနေ အကြံဉာဏ်ယူပြီးတော့ ငါ့ကိုယ်ငါ တိုးတက်အောင် လုပ်နိုင်တယ်လို့ အစ်ကိုချန်လွေ့ ပြောခဲ့တယ် မဟုတ်လား။ ခီရာနဲ့ အသီနာတို့ ပေးတဲ့ ဖော်မြူလာတွေက သိပ်ပြီး အသုံးမဝင်ဘူး။ ဒီရင်သားကြီးတဲ့ အစ်မဆီကနေ အကြံဉာဏ်တောင်းရန် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရရင်ရနိုင်တယ်။

ဇိုလာ၏နာမည်ကိုမေးရန် စကားပလ္လင်ခံပြီးနောက် လိုလီလေးက နောက်ဆုံး၌ ရည်ရွယ်ချက်အမှန်ဖြစ်သော “ရင်သားကြီးထွားခြင်း”အကြောင်း မေးမြန်းသည်။ မစ်- နတ်မိမယ်နဂါး ကြက်သေသေသွားပြီး အံ့အားသင့်သွားဟန်တူသည်။ သူ ပြန်စဉ်းစား လိုက်သည်။ “တကယ်တော့ လျို့ဝှက်ဆေးနည်း မရှိပါဘူး။ ငါ မှော်ပညာကို လေ့လာ ကတည်းက ဒီလိုမျိုး ကြီးနေတာပဲ.....”

မှော်ပညာလား။ ဒါဆို မှော်ပညာက ဒီလိုအစွမ်း ရှိတာလား။

လီလိုလေးက အလျင်အမြန် တွေးလိုက်ပြီး ကြယ်ပွင့်ဖြစ်လာရန် နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင် သူ၏ ခရမ်း‌ရောင်မျက်လုံးများ တောက်ပသွား၏။ “အစ်မက ဘယ်မှော်ဒြပ်စင်ကို လေ့ကျင့်တာလဲ။”

ဧကန္တ....ရင်သားကြီး မှော်ပညာများလား။

ဇိုလာ ခဏစဉ်းစားလိုက်သည်။ ငါက မှော်ပညာအများကြီး သိထားတာ။ ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် ဒြပ်ပေါင်းမှော်တွေက သာမန်ဒြပ်စင်၆ခုထက် ကျော်လွန်သွားပြီ။ ဇိုလာက ထိုအချိန်၌ အမှန်အတိုင်း ဖြေခဲ့သည်။ “ဒြပ်စင် တစ်ခုတည်း မဟုဘူး။ အကုန်လုံးပဲ။ ပြီးတော့ တော်တော်လေး ရှုပ်ထွေးတယ်။”

လိုလီလေးက နှုတ်ခမ်းလိုက်ပြီး မရဲတရဲ မေးကြည့်သည်။ “အစ်မဇိုလာ။ ကျွန်မကို မှော်ပညာ သင်ပေးနိုင်မလား။”

( ရင်သားကြီးဖို့အတွက် ဒီတစ်ခေါက် ငါ ကြိုးစားရမယ်။)

ဇိုလာ အံ့အားသင့်သွားသည်။ ဒါက ငါ့ရဲ့ စမ်းသပ်ပစ္စည်း....အဲ....တပည့်လုပ်ဖို့ တစ်ယောက်ယောက်က ပထမဆုံး ကမ်းလှမ်းတာပဲ။

ချစ်စရာကောင်းသော လိုလီ‌လေးကို ရင်ဆိုင်ရသည့်အခါ ဇိုလာ မခံနိုင်သည့်တိုင် ခေါင်းခါရင်း ပြောလိုက်သည်။ “မှော်ပညာ သင်ယူရတာက ခက်ခဲပြီးတော့ ပင်ပန်းတယ်။”

“ခက်ခဲမှာကို အဲလစ် မကြောက်ဘူး။” လီလိုလေးက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ ဇိုလာ ခေါင်းခါနေဆဲကိုမြင်သည့်အခါ အဲလစ်က မျက်လုံးလည်လိုက်သည်။ “အစ်မဇိုလာ သင်ပေးမယ်ဆိုရင် မှော်ပညာသင်ပေးတဲ့အတွက် ဆုလာဒ်အပြင် ခုနက အစ်မရွေးထားတဲ့ ပွင့်ရိုက်ဝတ်စုံကိုပေးဖို့ ဆုံးဖြတ်ချက် ချနိုင်တယ်။ ပြီးရင် အစ်မအတွက် လတိုင်း အဝတ်အစား ဒီဇိုင်းအသစ် ချုပ်ပေးဖို့အတွက် ခီရာကို ပြောပေးမယ်။ ခီရာ ဒီဇိုင်းဆွဲတဲ့ အဝတ်အစားတွေက အမှောင်လကို ရူးသွားစေနိုင်တဲ့ အထူးထုတ်ကုန်တွေဆိုတာကို အစ်မ သိလား။”

အသည်းအသန်ကြီး ငါ့တပည့် ဖြစ်ချင်နေပါလား။ အဝတ်အစားတွေ အလကား ပေးဦးမယ်။ ပြီးတော့ တစ်ယောက်ယောက်ကလည်း စိတ်ကြိုက်အဝတ်အစားတွေ ဒီဇိုင်းဆွဲပေးမယ်တဲ့လား။

အဲလစ်၏ အပြစ်ကင်းသော မျက်လုံးများကြောင့်သာ မဟုတ်လျှင် မစ်-နတ်မိမယ် နဂါးသည် လျို့ဝှက်အကြံအစည်တစ်ခုခုကို သံသယဝင်သွားမည် ဖြစ်သည်။ အပေးအယူ ဖြစ်တော့မည့်အချိန်၌ ရင်းနှီးသော မိန်းမအသံတစ်သံ ထွက်ပေါ်လာသည်။ “ခီရာ ဘယ်မှာလဲ။ ဒါနဲ့ ချိတ်ထားတဲ့ ပွင့်ရိုက်ဝတ်ရုံ ငါ့ကိုပေး။ ငါ အဲဒီဝတ်စုံကို ကြိုမှာထားတာ။”

သူလား။ ဇိုလာ မျက်မှောင်ကြုတ်လိုက်ပြီး အသံကြားရာဘက်ကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် ၎င်းမှာ ငွေဖြူဝတ်စုံနှင့် မျက်ခုံးကြားတွင် အစိမ်းရောင် သလင်းကျောက် တစ်ခုရှိသော ဆံပင်အစိမ်းနှင့် အမျိုးသမီး ဖြစ်သည်။ ထိုအမျိုးသမီးတွင် သွယ်လှသော ခန္ဓာကိုယ်နှင့် လှပသောအသွင်အပြင်များ ရှိသည်။

ဇိုလာသည် ထိုဆံပင်အစိမ်းနှင့် အမျိုးသမီးကို ကြယ်ကြွေတမန်မြို့တော်၌ မြင်ခဲ့ဖူးသည်။ သူ့နာမည်က မွစာကြဲမုန်လာဥ(ခရိုဘဲလက်စ်နှင့်အသံထွက်ဆင်)လား ဘာလားပဲ။ မုန်းစရာအကောင်းဆုံးက ငါသ‌ဘောကျတဲ့ စကတ်ကို အဲဒီတုန်းက ဒီမိန်းမ လုယူသွားတာပဲ။ ပြီးတော့လည်း အဲဒီမုန်းစရာလူက ဒီမိန်းမအတွက် ငွေချေပေးခဲ့တယ်။

ဒီမုန်းစရာမိန်းမက အမှောင်လကို ဘာလို့ရောက်လာတာလဲ။

အိုး။ အဲဒီကောင်က သူ့ရဲ့ချစ်ရတဲ့မိန်းမကို သွားကယ်ဖို့ ဒီကိုလာမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဧကန္တ .......

ဇိုလာ၏စိတ်ထဲ၌ ဖော်ပြ၍မရသော ဒေါသတစ်ခု မြှောက်တက်လာပြီး လိုလီလေး၏ “ဆွဲဆောင်မှု”ကို လျစ်လျူရှုကို မတ်တပ်ရပ်ပြီး ထိုမိန်းမအ‌ရှေ့သို့ တည့်တည့် လျှောက်သွားသည်။ “ဟေး။ နင်။ ဒီဝတ်စုံကို ငါ မှာထားပြီးပြီ။ ဆိုင်ရှင်တောင် သဘောတူတယ်။”

“မုန်းစရာ ဆံပင်အစိမ်းနှင့်အမျိုးသမီး”မှာ မစ်-ရင်းနီ ရှာဖွေနေသော “ထိန်းချုပ်ခံထားရသည့်” မစ်-မြနဂါး ဖြစ်သည်။ တစ်စုံတစ်ယောက်က မိမိကို ခပ်ရိုင်းရိုင်း ကြားဖြတ်ပြောသည်ကို ကြားသည့်အခါ ခရိုဘဲလက်စ် အံ့အားသင့်သွားသည်။ ခီရာက ငါ့ကို ဒီဝတ်စုံ သေချာ ဒီဇိုင်းဆွဲပေးခဲ့တာ။ ဘယ်လိုလုပ်ပြီး တခြားတစ်ယောက်က မှာထားတာ ဖြစ်သွားတာလဲ။ ဒီမျက်မှန်နဲ့မိန်းမက လှသားပဲ။ ငါတောင် နည်းနည်းလေး မနာလို ဖြစ်မိတယ်။ ဒါပေမဲ့ ငါသူ့ကို ထူးထူးဆန်းဆန်း ရင်းနှီးနေသလိုပဲ။ ငါသူ့ကို အရင်က တွေ့ဖူးတာလား။

နဂါးဖြစ်သည့်အလျောက် ခရိုဘဲလက်စ်က သူ၏ပစ္စည်းများကို အခြားသူ လုယက်ခြင်းကို မည်သို့ လက်ခံရမည်နည်း။ သူ နှာမှုတ်လိုက်သည်။ “နင်ကိုယ်နင် မှန်ထဲ ပြန်ကြည့်ပါလား။ ငါ့မိတ်ဆွေက ငါ့အတွက် ဒီဝတ်စုံကို သေသေချာချာ ဒီဇိုင်းဆွဲပေးခဲ့တာ။ နင်ဝတ်လိုက်ရင် နွားမထက်တောင် ကြည့်မလှဘူး။ ငါ့ပစ္စည်းတွေကို ဘယ်လိုသတ္တိမျိုးနဲ့ လုရဲတာလဲ။”

“နင်ကမှ နွားမ။ ငါ ပစ္စည်းတွေ မလုရတာ ကြာပြီ။ ဒီတစ်ခေါက် သေချာပေါက် လုပစ်မယ်။”

“........”

“....”

မင်းသမီးလက်လီစတိုးအပြင်ဘက် လမ်းပေါ်၌ နွားမတစ်ယောက်က ဝမ်းဘဲဟု အော်ဟစ်လိုက်သည်။ နွားမဖြစ်ရတာလည်း နင်တို့ကို ရန်စတာပဲလား။

လိုလီလေး စကားပြောချင်သော်လည်း မိန်းမနှစ်ယောက်၏ အစွမ်းထက် အရှိန်အဝါထဲ၌ ပိတ်မိနေခဲ့ပြီး ကြားဝင်မဖြန်ဖြေ နိုင်ခဲ့ပေ။ ဘေးဖက်မှ စျေးဝယ်သူများ အနည်းငယ် ကြောင်သွားကြပြီး စကားများနေကြသော မိန်းမလှနှစ်ယောက်ကို စိုက်ကြည့် နေလိုက်ကြပြီး အတော်များများက တီးတိုးပြောကြတော့သည်။

ရန်ဖြစ်နေကြသော မိန်းမနှစ်ယောက်က နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းများ ဖြစ်သည်ကို ထိုသူများသိကြလျှင် ကြောက်လန့်ပြီး ထွက်ပြေးသွားကြမည် ဖြစ်သည်။ စွမ်းအင်လှိုင်းတစ်ခုခု ပေါက်ကွဲထွက်သွားလျှင် ပတ်ဝန်းကျင်မှု စျေးဝယ်သူများ ထိခိုက်သွားကြပေမည်။

ထိုအချိန်၌ အောက်ထပ်မှ ပူပင်ကြောင့်ကြမဲ့သော ယောက်ျားတစ်ယောက်၏အသံ ထွက်‌ပေါ်လာ၏ တီးတိုးပြောသံများကို ဖုံးလွှမ်းသွားခဲ့သည်။

“ငါ့ ဘက်တီလေးရဲ့ ပစ္စည်းကို ဘယ်သူ လုရဲတာလဲ။”

ခြေသံများက တဖြည်းဖြည်းနှင့် အပေါ်ထပ်သို့ တစ်လှမ်းချင်း ရောက်လာသည်။

ဇိုလာက မျက်နှာလှည့်လိုက်ပြီး အ‌ပေါ်ထပ်သို့ ရောက်လာသူကို မျက်နှာချင်း ဆိုင်လိုက်သည်။

ချက်ချင်းပင် သူတို့၏မျက်လုံးများ အေးခဲသွားဟန်တူသည်။

ချက်ချင်းပင် မင်းသမီးလက်လီစတိုး တစ်ခုလုံး၌ အရိုးထဲစိမ့်အောင် အေးစက်သွား တော့သည်။

All Chapters