← Chapters

ရင်းနီ၏ဆုံးဖြတ်ချက်။ ဘက်တီကို ကိုယ်တင်ခြင်း

Vol. 28 Ch. 406

ရင်းနီ၏ဆုံးဖြတ်ချက်။ ဘက်တီကို ကိုယ်တင်ခြင်း

Vol. 28 Ch. 406

သူ၏ချစ်ရသော အသီနာက သူအစိုးရိမ်ဆုံးဖြစ်နေသော ဇိုလာကိစ္စကို မယုံနိုင်စရာ ကောင်းလောက်အောင် ဖြေရှင်းခဲ့သည်ကို ချန်လွေ့ မ‌သိခဲ့ပေ။ လက်ရှိသည် ချန်လွေ့က လမ်းပေါ်၌ ဒေါသတကြီး လမ်းလျှောက်နေလေသည်။

၎င်းမှာ အမှန်တကယ်ပင် ဒေါသထွက်စရာ ဖြစ်သည်။ သူသည် ဝတ္ထုများထဲမှ မိန်းမ သုံးလေးယောက်ယူပြီး မောင်းမဆောင်ပင်ရှိသော ဇာတ်လိုက်များကို အမြဲ မနာလို ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင် သူသည် မယားပြိုင်ယူသောဓလေ့ကို ခွင့်ပြုသည့် လောကသို့ ရောက်လာပြီး မိန်းမတစ်ယောက်ထက် ပိုယူ၍ရသော်လည်း စိတ်ကူးနှင့် လက်တွေ့ ကွာဟနေသေးကြောင်း သဘောပေါက်လိုက်သည်။ ထိုမိန်းမများကို သူ၏ အတိအတွေ့ကိုသာ လိုအပ်သော အရုပ်များ မဟုတ်ကြဘဲ စစ်မှန်သော စိတ်တူကိုယ်မျှ လက်တွဲဖော်များ ဖြစ်ကြသည်။

အဲဒီဝတ္ထုတွေထဲက ဇာတ်လိုက်တွေက ဘာလို့ အိမ်မှာ ပြဿနာတွေမရှိ၊ စိုးရိမ်စရာတွေ မရှိရလဲ။

ဇိုလာကိစ္စက အစပဲ ရှိသေးတယ်။ အသီနာနဲ့ ခီရာတို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတဲ့အတွက် မိန်းမအနိုင်ခံရတဲ့ ရိုမန်ကို မနာလို ဖြစ်စေတယ်။ ဒါပေမဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ကြားထဲမှာတောင် ပြဿနာတွေ ဖြစ်နိုင်တာပဲ။ အဲလိုဖြစ်လာရင် ငါပဲ သူတို့ကို ဖြန်ဖြေပေးရတာ။ အခုတော့ ရှီရာရော၊ ဇိုလာရော ရှိလာပြီ။ ပြီးတော့ အနာဂတ်မှာ နောက်ထပ်တစ်ယောက် ရှိလာမှာပဲ။

ဇိုလာက တကယ်တော့ မမှားဘူး။ မှားနေတာက ငါတစ်ယောက်တည်းပဲ။ ယောက်ျားတွေက လောဘကြီးပြီးတော့ မရောင့်ရဲနိုင်ကြဘူး။ ငါ သူတို့ကို စိတ်ပျက် စေခဲ့တယ်။

ဟုတ်တယ်။ ငါက သာမန် အိမ်တွင်းပုန်း တစ်ယောက်ပဲ။ ငါ့မှာ ဘယ်လိုလုပ် ဝတ္ထုတွေထဲကိုလိုမျိုး ဇာတ်လိုက်ရဲ့ ရောင်လျှံနဲ့ ခြယ်လှယ်တဲ့စိတ်ဝိညာဉ်မျိုး ရှိနိုင်မှာလဲ။

ဒါပေမဲ့ ငါ သူတို့ကို တကယ် စိတ်ပျက်စေခဲ့တယ်။ ငါက ဘယ်သူ့နဲ့မှ မထိုက်တန်ဘူး။

ချန်လွေ့ လိပ်ပြာမလုံ ဖြစ်နေရင်း စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။ သူသည် လူပြတ်သော နေရာသို့ မသိလိုက်ဘဲ ရောက်သွားပြီး သူ၏နောက်သို့ တစ်စုံတစ်ယောက်က တိတ်တိတ်လေး လိုက်လာခြင်း ဖြစ်သည်။ ချဉ်းကပ်လာသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူ၏စွမ်းအားမှာ အတော်လေး ထူးခြားကြောင်း ခံစားမိနေသည်။

မျိုးနွယ် - ပျင်းရိခြင်းတော်ဝင်မိသားစု (သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - B+ (A-)

ခန္ဓာအမျိုးအစား - B+ (A-)

ခွန်အား - B+ (A-)

စိတ်ဝိညာဉ် - B+ (A-)

မြန်ဆန်မှု - B+ (A-)

[ စိစစ်တွေ့ရှိချက် ] - လေဂုဏ်သတ္တိများ။

ဘယ်ဖီဂေါ တော်ဝင်မိသားစုလား။ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲ။ သူ့ အမြန်နှုန်းက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကို ရောက်နေပြီ။

ထိုအချက်အလက်များသည် အနည်းငယ် ရင်းနှီးနေပုံရသည်။ ထိုအချိန်၌ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ဆာ-ဘဏ္ဍာရေးအရာရှိ။ ကျွန်မရဲ့ မိတ်ဆွေအတွက် ရှင့်ကို ခဏတော့ နှိပ်စက်ရပါဦးမယ်။”

ချန်လွေ့၏စိတ် ရွှေ့ပြောင်းသွားခဲ့သည်။ သူက ဝင်လာသော အားကို မခုခံခဲ့ပေ။ သူသည် အတားအဆီးကြောင့် ချက်ချင်းပင် မလှုပ်ရှားနိုင်ဖြစ်သွားပြီးနောက် အခြား နေရာတစ်ခုသို့ ရုတ်တရက် ခေါ်သွားခံလိုက်ရသည်။

အမှန်အတကယ် ထိုတမင်တကာ အားနည်းထားသော စွမ်းအားသည် ချန်လွေ့၏ လက်ရှိအခြေအနေသို့ ဘာမှမလုပ်နိုင်ပေ။ တစ်ဖက်လူက သူ့ကို “လူသားအရာရှိ” အဖြစ် မြင်နေသေးသည်မှာ သေချာပေသည်။

ခဏကြာပြီးနောက် သူ၏အရှေ့၌ ပိုးဇာလွှားနှင့် ဝတ်ရုံခြုံထားသော အမျိုးသမီး တစ်ယောက်က ချန်လွေ့၏အရှေ့၌ ထွက်ပေါ်လာသည်။ “ကျွန်မ ရှင့်ကို မေးခွန်း သုံးလေးခုပဲ ပေးမယ်။ လှည့်စားဖို့ မစဉ်းစားနဲ့။ အကျိုးဆက်ကို ရှင်ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မကို ယုံအောင် ရှင့်ရဲ့လက်ချောင်းတစ်ချောင်းကို ဖြတ်ပေးဖို့လိုလား။”

ချန်လွေ့က ခပ်မြန်မြန် ခေါင်းခါလိုက်သည်။ ထိုရင်းနှီးသော အချက်အလက်နှင့် အသံတို့ကြောင့် ပိုးဇာလွှားနှင့် အမျိုးသမီးကို ချန်လွေ့ မှတ်မိသွားပြီး စိတ်ထဲ၌ တိုးတိုးလေး ပြောလိုက်သည်။ ချီးကို ဖြတ်မှာလား။ အရင်ဆုံး ငါ့ရဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည် ပြန်ပေး။

သို့သော်လည်း သူ့တွင် အစ်ဇဘယ်လာကို သတ်ချင်စိတ် မရှိပါက “ချာလီစ်” ဟူသော သရုပ်ကို ထုတ်ဖော်ပြသရမည် မဟုတ်ပေ။ ထို့ကြောင့် ချန်လွေ့က သူ့အရှေ့၌ အားနည်းဟန်‌ ယောင်ဆောင်ခဲ့သည်။

“ပထမဆုံးမေးခွန်းက အရင်လော့ဒ်စစ်ပွဲမှာ မြို့တော်သံတမန် ခရိုဘဲလက်စ်ကို ရှင့်အိမ်မှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အကျဉ်းချထားတာလား။”

နောက်ဆုံး၌ ချန်‌လွေ့သည် မိမိကို “ဖမ်းဆီးထားသော” ပိုးဇာလွှားနှင့် အမျိုးသမီး၏ ရည်ရွယ်ချက်အမှန်ကို သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ မစ်-ဘက်တီက သူ့ရင်ထဲက စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက် ဖြစ်တဲ့ပုံပဲ။ သူ့အတွက် မစ်-မြနဂါးရဲ့ ဝမ်းနည်းမှုတွေက အလကား ဖြစ်မသွားဘူး။

“ဟုတ်ပါတယ်။ ဒါပေမဲ့....”

ဒါပေမဲ့ ခရိုဘဲလက်စ်ကို ငါ့အိမ်မှာ တစ်ယောက်ယောက်က “အကျဉ်းချ”ထားတာ မဟုတ်ဘူး။ သူက ငါ့အိမ်မှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို “အကျဉ်းချ”ထားတာ။ မစ်-မြနဂါး ရောက်လာတော့ ပါ့ဂ်လီအိုက အပြင်ထက်ချိန် လျော့သွားတယ်။ သူက ခဏခဏ သက်ပြင်းတွေ ချနေတယ်။

မစ်-ရင်းနီက ချန်လွေ့ပြောချင်သည့် “ဒါပေမဲ့”ကို လျစ်လျူရှုပြီး မေးလိုက်သည်။ “အဲဒီ အစွမ်းထက်ပုဂ္ဂိုလ်ရဲ့နာမည်က ဘာလဲ။”

ယခုတစ်‌ခေါက်တွင် ချန်လွေ့က အမှန်အတိုင်း‌ ဖြေလိုက်သည်။ “ပါ့ဂ်လီအို။”

ပါ့ဂ်လီအို။ အစ်ဇဘယ်လာ ထိတ်လန့်သွားခဲ့သည်။ မစ်-ဘက်တီ၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်သည့်အလျောက် သူသည် ခရိုဘဲလက်စ်မှာ နဂါးတစ်ကောင်ဖြစ်ကြောင်း သိသည်။ မစ်-ဘက်တီ၏ ရန်သူနာမည်ကိုလည်း သူကြားဖူးသည်။ နတ်ဆိုးဘုံမှာ ပါ့ဂ်လီအို နာမည်နဲ့သူတွေ အများကြီးရှိမှာ သေချာတယ်။ ဒါပေမဲ့ ခရိုဘဲလက်စ်ကို အနိုင်ယူနိုင်တာက ..... ငါ ထင်တယ်.....

အဆိပ်နဂါးပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း။

သနားစရာ ဘက်တီလေး။ သူက သူ့ရဲ့အကြီးမားဆုံး ရန်ကြွေးကို မဆပ်ရသေးဘူး။ ပြီးတော့ သူက ဒီတစ်ခေါက် သူ့ရဲ့ရန်သူလက်ထဲကို ရောက်သွားခဲ့တယ်။

မစ်-ဘက်တီကို ရန်သူက မည်ကဲ့သို့ နှိပ်စက်မည်ကို မစ်-ရင်းနီ စိတ်ကူးကြည့် နိုင်ပေသည်။ မစ်-ဘက်တီရဲ့ အလှအပနဲ့ဆိုရင် သူက နာကျင်ခံစားရမှာပဲ.....

ဝတ်ရုံထဲ၌ မစ်-ရင်းနီက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။

အစ်ဇဘယ်လာသည် ပြန်လည်ရှင်သန်လာပြီးကတည်းက ဘဝသင်ခန်းစာ အသစ်တစ်ခု ရရှိသွားဟန်တူသည်။ သူသည် မည်မျှပင် ချမ်းသာပြီး ဇိမ်ကျစေကာမူ ယခင်ဘဝမျိုးသို့ ပြန်သွားမည် မဟုတ်ပေ။ သူ၏စိတ်ထဲရှိ တစ်ခုတည်းသော ဆန္ဒမှာ ယခင်တစ်ခေါက်က ထွက်ပြေးသွားသော သူ၏ရန်သူ ဘရော့ခ်ကို သတ်ပစ်ရန်ပင် ဖြစ်သည်။ ထို့တွင် သူ့တွင် “လူလိမ်” တစ်ယောက်ကိုလည်း နှင်းဒဲလက်ပန်း ရှိရှိ မရှိရှိ ပြန်တွေ့ချင်သည့် နောက်ဆက်တွဲ ဆန္ဒအသေးလေး တစ်ခုလည်း ရှိပုံရသည်။

အစ်ဇဘယ်လာ၏ နဂိုရည်ရွယ်ချက်မှာ အမှောင်လသို့လာပြီး ခရိုဘဲလက်စ်ကို ကယ်တင်ရန် ဖြစ်ပြီး ဘရော့ခ်ကို ရှင်းပစ်ရန်အတွက် သူ၏စွမ်းအားကို ကုတ်အားရယူရန် ဖြစ်သည်။ ပါ့ဂ်လီအို၏နာမည်ကို ကြားလိုက်ရသည့်အခါ သူ ရုတ်တရက် ကြက်သေသေ သွားခဲ့သည်။ ခရိုဘဲလက်စ်ကို ဖမ်းထားတာက ဒီလို ကြောက်စရာကောင်းတဲ့ရန်သူ ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါ ဒီကို ရောက်နေပြီဆိုတော့ ဘက်တီကို ကယ်တင်ဖို့ တစ်နည်းမဟုတ်တစ်နည်း ကြိုးစားရမယ်။

အစ်ဇဘယ်လာက ခဏတာ တုံ့ဆိုင်းပြီးနောက် လေးလေးနက်နက် ပြောသည်။ “ခရိုဘဲလက်စ်ကို ရှင့်ရဲ့အိမ်မှာ ဖမ်းထားတာဆိုတော့ ပါ့ဂ်လီအိုနဲ့ ရှင် ရင်းနှီးမှာပဲ။ အိမ်ထဲက အခြေအနေတွေအပြင် ပါ့ဂ်လီအိုရဲ့ အလေ့အကျင့်တွေ၊ ပုံစံတွေအကုန် အမှန်အတိုင်း ပြောပြ။ လိမ်ပြောမပြောကို ကျွန်မ သိတယ်။ ရှင် တစ်ခုလိမ်ရဲရင် ရှင့်ရဲ့ လက်တစ်ချောင်းကို ချက်ချင်း ဖြတ်ပစ်မယ်။”

ခဏအကြာတွင် လူသား ဘဏ္ဍာရေးအရှိက ဝတ်ရုံနှင့် ပိုးဇာလွှားခြုံထားသော အမျိုးသမီး၏လက်ကို တရင်းတနှီးနှင့်ကိုင်ပြီး လူပြတ်သော နေရာမှ ထွက်လာခဲ့သည်။

ယခင်ကဲ့သို့ပင်ဖြစ်သော လူသားဘဏ္ဍာရေးအရာရှိသည် “အသစ်တွဲထားသော” မိန်းမ၏ “အကျပ်ကိုင်ခြင်း” ခံထားရသည်ကို မည်သူမှ မသိကြပေ။

“အသစ်တွဲထားသော” မိန်းမလည်း “အကျပ်ကိုင်ခံထားရသူ”၏ လှည့်စားခြင်းကို ခံနေရကြောင်း မသိခဲ့ပေ။

ထိုလူသားနှင့် အစ်ဇဘယ်လာ သွားရခြင်း အကြောင်းရင်းမှာ အိမ်ထဲ၌ ခဏကြာလျှင် ပြောင်းလဲတတ်သော မှော်စက်ဝိုင်း အမြောက်အမြားရှိကြောင်း ထိုလူသား ပြောပြထား၍ ဖြစ်သည်။ အပြင်လူများ မဝင်နိုင်ပေ။ ၎င်းမှာ အစ်ဇဘယ်လာ ရှာတွေ့ထားသော အချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်။ ထို့ကြောင့် သူသည် လူသားကို အသုံးချပြီး အိမ်ထဲသို့ ခိုးဝင်ချင်သည်။ ထို့နောက် အရက်သမား ပါ့ဂ်လီအို မူးသွားသည့်အခါ သနားစရာ မစ်-ဘက်တီကို ကယ်တင်မည် ဖြစ်သည်။

ထို့ကြောင့် လမ်းတစ်လျှောက် နတ်ဆိုးများ၏ မနာလိုသော မျက်လုံးများကြားထဲ၌ လူသား ဘဏ္ဍာရေး အရာရှိနှင့် လျို့ဝှက်ဆန်းကြယ်သော မိန်းမလှတို့က ဘဏ္ဍာရေး အရှာရှိနှင့် ငြိမ်ဝပ်ပိပြားရေး အရှာရှိနေအိမ်သို့ ခင်မင်ရင်းနှီးစွာဖြင့် လျှောက်သွားကြသည်။

တစ်ဖက်တွင်လည်း အသီနာက ရိုကိုမိသားစုကိစ္စကို ဖြေရှင်းပြီးနောက် မစ်-နတ်မိမယ်နဂါးနှင့်အတူ အိမ်ပြန်လာခဲ့သည်။

အသီနာ၏ ကြားဝင်ဖြန်ဖြေမှုများဖြင့် နောက်ဆုံးတွင် ဒေလီယာသည် ဇိုလာနှင့် လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေး ယူလိုက်ကြသည်။ သူက ၇ယွမ်မှော်စာလည်ဆွဲကို လက်ခံပြီး [ ဝိညာဉ်လက်ထိပ် ] ကို အောင်အောင်မြင်မြင်နှင့် သီးခြားထားလိုက်နိုင်သည်။ ဒေလီယာသည် အနည်းငယ် အေးစက်နေသေးသော်လည်း ဇိုလာအပေါ် သူ၏ အကြည့်များ၌ နွေးထွေးသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ရိုမန်ကိုမူ ပြောစရာပင် မလိုပေ။ သူက သူတို့၏ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းခဲ့လေပြီ။

အာရုံခံကောင်းသော မစ်-နတ်မိမယ်နဂါးက ၎င်းကို သတိထားမိသည့်အတွက် ပို၍ပင် ဂုဏ်ယူမိသွားသည်။

မစ်-ဇိုလာသည် သူ၏ရန်သူဟောင်း ပါ့ဂ်လီအိုအပေါ် စိမ်းကားနေဆဲပင် ဖြစ်သော်လည်း မစ်-နွားမအပေါ် ဆက်ဆံပုံများ ပြောင်းလဲသွားခဲ့သည်။ အဓိကမှာ မစ်-ဘက်တီသည် ချန်လွေ့၏မိန်းမ မဟုတ်၍ပင် ဖြစ်သည်။ ထို့ပင် သူသည် သူ၏ယောက်ျားကို ကာကွယ်ရန်အတွက် လေးစားစရာကောင်းသော သတ္တိကို ပြသခဲ့၍လည်း ဖြစ်သည်။

ထိုအချိန်၌ ဒေလီယာ၏ လက်ပတ်တွင် ရုတ်တရက် အလင်းရောင် လက်သွားသည်။ ၎င်းမှာ အမှောင်နတ်ဆိုးက အစီအစဉ်ဆွဲထားသော အထူးဆက်သွယ်ရေး လက်ပတ်ဖြစ်သည်။

‌မစ်-ရင်းနီက အိမ်ထဲသို့ ဓားစာခံကို သေသေချာချာ ခေါ်သွားသည်။ ဓားစာခံ၏ ဦးဆောင်မှုအောက်တွင် သူသည် “မစ်-ခရိုဘဲလက်စ်၏ အသွားများဆုံးနေရာ”သို့ ရောက်လာခဲ့သည်။ သတင်းစကားကို ဒေလီယာ တွေ့လိုက်ရသည့်အခါ ဒေါသထွက်သည့် အမူအရာ ပြသလိုက်သည်။

အဲဒီမြာပွေတဲ့ခေါင်းဆောင်က ဒီတစ်ခေါက် တကယ်ပဲ မိန်းမနောက်တစ်ယောက်နဲ့ တွဲနေတယ်။

ထိုသတင်းကြောင့် ဝင်းထဲ၌ ရုတ်တရက် ပွက်လောရိုက်သွားသည်။ မနာလိုသော တူလေးသည်လည်း သူ၏ ဆာ-ဦးလေးကို အလဲထိုးရန် ဆောင်ပုဒ်ကို အော်ဟစ်နေ၏။

ခဏအကြာတွင် လူသားဘဏ္ဍာရေးအရာရှိကို ဖက်ထားသော မစ်-ရင်းနီက မှော်စက်ဝိုင်းများ ပြည့်နှက်နေသော အိမ်ထဲသို့ ခိုးဝင်လာခဲ့သည်။

အတိအကျပြောရရင်လျှင် သူသည် ရှေ့တံခါးမှ ပြောင်ပြောင်းတင်းတင်း “ခိုးဝင်” လာခြင်း ဖြစ်သည်။ အကြောင်းမှာ ထိုအိမ်၌ နောက်ဘက်အပေါက် မရှိ၍ပင်။ သို့သော် တံခါးတွင် မည်သည့်အစောင့်မျှ ရှိမနေပေ။ ထို့ကြောင့် ရန်သူ၏အိမ်ထဲသို့ ခိုးဝင်ရာ၌ အောင်မြင်သည်ဟု ပြော၍ ရနိုင်ပေသည်။

မစ်-ရင်းနီက အိမ်ထဲသို့ ဓားစာခံအား သေသေချာချာ ခေါ်သွားခဲ့သည်။ ဓားစာခံ၏ ဦးဆောင်မှုအောက်တွင် သူသည် “မစ်-ခရိုဘဲလက်စ်ရဲ့ အလည်ပတ်ဆုံ နေရာ”သို့ ရောက်လာခဲ့သည်။

ထိုဝင်းအကျယ်ကြီးထဲ၌ လူအများအပြားကို အဝေးမှနေ၍ သူတို့ တွေ့လိုက်ရသည်။

အသက်အောင့်ထားသော မစ်-ရင်းနီက သူ၏အကောင်းဆုံးမိတ်ဆွေ ဘက်တီကို တစ်ခါတည်း မြင်ခဲ့သည်။ သို့သော်လည်း အံ့အားသင့်စွာပင် ဘက်တီသည် ပါ့ဂ်လီအိုဟု ထင်ရသောသူကို တရင်းတနှီးနှင့် ဖမ်းချုပ်ထားသည်။ အဲဒီလူက တစ်ခုခု ပြောပြီးတော့ ဘက်တီ ဆူတာ ခံနေရသလိုပဲ။ သူက တကယ်ကြီး ခေါင်းငုံ့ထားပြီးတော့ ဘာအသံမှ မထွက်ရဲဘူး။ ဒါ ရန်သူရဲ့ “ဖမ်း”တာကို ခံနေရတာလား။

ပြောင်းပြန်ဖြစ်နေတာ မဟုတ်လား။

အခြားယောက်ျားတစ်ယောက်ရဲ့ ကျောဘက်ကို ရင်နှီးနေသလိုပဲ။ ပြီးတော့ အသီနာဘေးမှာရှိတဲ့ မျက်မှန်နဲ့မိန်းမလှက ....တကယ် ဇိုလာပဲ။

ဟုတ်တယ်။ ဇိုလာ။ ပါ့ဂ်လီအို။

နတ်ဆိုးဘုံ၌ နာမည်တူ များစွာ ရှိသည်။ အစက အစ်ဇဘယ်လာ အများအပြား မစဉ်းစားခဲ့သော်လည်း ယခုတွင် ထိုနာမည်များ အတူတူ ချိတ်ဆက်သွားပြီး ရုတ်တရက် သ‌ဘောပေါက်သွားခဲ့သည်။ လက်စသတ်တော့ ခရိုဘဲလက်စ်ကို နောက်ထပ် ရန်သူ တစ်ယောက်ကို ဖမ်းထားတာကိုး။ အဲဒါကို ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ရန်သူ နတ်မိမယ်နဂါး ဇိုလာပဲ။

အမှန်တကယ်၌ ပါ့ဂ်လီအို ချန်လွေ့သည် ထိုသို့မဖြစ်သင့်ကြောင်း တိုးတိုးလေးသာ ပြောခဲ့သည်။ သို့သော်လည်း မစ်-မြနဂါးနှင့် မစ်-နတ်မိမယ်နဂါးတို့ ဦးဆောင်သော အမျိုးသမီးအုပ်စုကို ဆွဲဆောင်မိသွားသည်။ မနာလိုခြင်း တော်ဝင်မိသားစုဝင် ဖြစ်သွားသော ရိုမန်မှာမူ ဒေလီယာဘက်၌သာ မြဲမြဲမြံမြံ မတ်တပ်ရပ်နေ၏။

သနားစရာ အဆိပ်နဂါးသည် အခြေအနေ ဆိုးဝါးအောင် ပြုလုပ်တတ်သည်။ ယနေ့တွင် သူ၏နဂါးမျက်လုံးများ ကန်းသွားခဲ့သည်။ သူ အသိစိတ်ဝင်ပြီး သူ၏ သဟဇီဝ စာချုပ်အဖော်အတွက် အကောင်းပြောပေးသည်မှာ ရှားလှသည်။ (ဆရာသခင် အဆိပ်နဂါးသည် အမှန်ပင် ထိုသို့ တွေးခဲ့သည်။) သို့သော်လည်း သူ့ကို လူတိုင်းက အပြစ်တင်ကြသည်။

စွမ်းအားချင်းယှဉ်လျှင် သူသည် အားနည်းနေပြီး အရေအတွက်အရလည်း သူက လုံးဝ အရေးနိမ့်နေသည်။ ဆရာသခင် ပါ့ဂ်လီအိုသည် ယခုတစ်ခေါက်၌ အမှန်တကယ်ပင် ရန်စမိခဲ့လေပြီ။

ထိုအချိန်၌ ဇိုလာက ထိုဘက်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ဇိုလာ၏ မျက်မှန်ထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး အစ်ဇဘယ်လာက ချက်ချင်းပင် စိတ်‌ရွေ့လျားသွားကြောင်း ခံစားလိုက်မိသည်။ သူသတိပြန်ဝင်လာသောအခါ ချန်လွေ့နှင့် အတူ လူတိုင်းအရှေ့၌ ပေါ်ထွက်လာလေသည်။

“[ နေရာလွတ်ဖိနှိပ်ခြင်း ]”။ အစ်ဇဘယ်လာသည် ဇိုလာနှင့်အတူ ခရီးသွားခဲ့ပြီး ဇိုလာ၏ စွမ်းအားမှာ ပြိုင်စံရှားဖြစ်ကြောင်း သိသော်လည်း ပျောက်ကွယ်သွားပြီဖြစ်သော နေရာလွတ်မှော်ပညာကို ရိုးရှင်းသော အမူအရာဖြင့် အလွယ်တကူ အသုံးနိုင်သော အဆင့်အထိ ‌ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

ချန်လွေ့နှင့် မစ်-ရင်းနီတို့၏ တည်ရှိမှုကို သတိထားမိသွားသည်နှင့် ဇိုလာက လူတိုင်းအရှေ့၌ “ဖောက်ပြန်သူနှစ်ယောက်”ကို ဖမ်းရန်အတွက် မှော်ပညာ ချက်ချင်း အသုံးပြုလိုက်သည်။ သို့သော်လည်း သူ ကြက်သေသေသွား၏။ “ရင်းနီလား။”

ထိုစကားပြောလိုက်သည်နှင့် ခရူးဆိတ်အဖွဲ့ ခေါင်းဆောင် မစ်-မြနဂါးလည်း အံ့အားသင့်သွားသည်။ ခရိုဘဲလက်စ်က အစ်ဇဘယ်လာကို သုံးလေးခေါက် ကြည့်ပြီးနောက် ခံစားချက်များဖြင့် ပြောလိုက်သည်။ “ရင်းနီလား။”

အစ်ဇဘယ်လာက အခြေအနေမှာ ကွဲပြားနေကြောင်း မြင်နေရသည့်အတွက် ပိုးဇာလွှားကို ဖယ်ရှားလိုက်သည်။ ခရိုဘဲလက်စ်၏ မျက်နှာအမူအရာသည် ထိတ်လန့် နေရာမှ အံ့အားသင့်သွားခဲ့သည်။ သူက အစ်ဇဘယ်လာကို ပွေ့ဖက်ပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။

ချန်လွေ့၏အကြည့်က လက်ကိုင်ထားသော အသီနာနှင့် ဇိုလာတို့ထံ ရောက်ရှိသွားပြီး ကြောင်သွားကာ မျက်လုံးများ အရောင်တောက်သွား၏။ လက်စသတ်တော့ ငါ့မှာ ဇာတ်လိုက်ရောင်လျှံ ရှိတာကိုး။ ခြယ်လှယ်တဲ့စိတ်ဝိညာဉ်က အသက်ဝင်လာတာလား။

ဘေးဖယ်မှ ရိုမန်လည်း ကြက်သေသေသွားခဲ့သည်။ သူက လွှတ်ခနဲ ပြောလိုက်၏။ “အဒေါ်...ဒေါ်လေးလား။”

နတ်ဆိုးဘုရားသခင်။ တကယ်ကြီး ဒေါ်လေးပဲ။ အဲဒီ ခေါင်းဆောင်စုတ်တော့။ ဆရာသခင် ရိုမန်ဆိုတဲငါက သူ့ကို တကယ်ပဲ ဦးလေးလို့ခေါ်ရအောင် လုပ်နေတာလား။

သူ၏ မသမာသော တူလေးကို မြင်သည့်အခါ အစ်ဇဘယ်လာလည်း ကြောင်သွားခဲ့သည်။ “မင်းဘာလို့ ဒီကို ရောက်နေတာလဲ။”

“ဘာတွေဖြစ်နေတာလဲ။” ကြက်သေသေနေသော ဒေလီယာကလည်း မနေနိုင်ဘဲ မေးလိုက်တော့သည်။

ချန်လွေ့က အပြစ်မရှိဟန်ဖြင့် ပုခုံးတွန့်လိုက်သည်။ “ဘာမှမဟုတ်ပါဘူး။...အားလုံး ဒီကို ရောက်လာရုံပါ။”

All Chapters