မောင်းမဆောင်အတွက် သွေးတစ်စက်
Vol. 28 Ch. 407
ငြိမ်ဝပ်ပိပြားရေးနှင့် ဘဏ္ဍာရေးအရာရှိ နေအိမ်၌ ဥယျာဉ်အသစ်တစ်ခု ရှိလာသည်။ လှပသော ပန်းပင်နှင့် သီးပင်များကိုလည်း ထိုနေရာ၌ စိုက်ပျိုးထား၏။ နံနက်စောစော လွင့်ပျံနေသော မြူနှင်းများမှာ လျို့ဝှက်ဆန်းကြယ်ပြီး လှပနေလေသည်။
သို့သော်လည်း ထိုဥယျာဉ်မှာ အလှပြသက်သက်သာ မဟုတ်ပေ။ မစ်-နတ်မိမယ် နဂါးသည် ၎င်းကို အတော်လေး ကြိုးစားအားထုတ်ပြီး တည်ဆောက်ခဲ့ရသည်။ ထိုဥယျာဉ်ထဲရှိ ရှုပ်ထွေးပြီး အနုစိတ်သော နဂါးထွင်းစာများကပင် ဆရာသခင်အဆင့်ရှိ ပါ့ဂ်လီအိုကို ဘဝင်ကျသွားစေသည်။ အခြားမှော်စက်ဝိုင်းများနှင့် ရှေးမှော်စာများကိုမူ ပြောစရာပင် မလိုတော့ချေ။
ထိုဥယျာဉ်မှာ သက်တန့်တောင်ကြားနှင့် အမှောင်လကို တိုက်ရိုက်ချိတ်ဆက် ထားသော နေရာလွတ် အဆက်အသွယ် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် မှော်အစွမ်းဖြင့် အလွယ်တကူ နှောင့်ယှက်၍ရပြီး အချိန်အကန့်အသတ် ရှိသော ရေဒြပ်စင်မှော်ပညာ၏ နေရာလွတ် တံခါးမဟုတ်ဘဲ တည်မြဲသော အမှတ်အသား လမ်းကြောင်းတစ်ခု ဖြစ်သည်။
အသုံးပြုသူများသည် သက်တန့်တောင်ကြားနှင့် အမှောင်လအကြားကို တံခါးပေါက် တစ်ခုကဲ့သို့ပင် အတားအဆီးမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ဇိုလာသည် ထို “တံခါး”ကို အသုံးပြုပြီး သက်တန့်တောင်ကြားသို့ သွားကာ သုတေသန ပြုလုပ်ပေမည်။ ထို့နောက် အမှောင်လသို့ ပြန်လာကာ အနားယူ ပေမည်။ သူ၏ဘဝမှာ အတော်လေး ပြည့်စုံနေ၏။
သို့သော်လည်း သက်တန့်တောင်ကြားရှိ နေရာအနှံ့တင် ထောင်ခြောက်များ ရှိသည်။ အန္တရာယ်များမှာ ရေကန်ပြာတောင်ခြေရှိ “ရတနာမြေ”ထက် ပိုမြင့်သည်။ အလွယ်တကူ ဝင်ရောက်နိုင်သည့် ချန်လွေ့အပြင် အသီနာသည်ပင် ဇိုလာနှင့်အတူ ထိုနေရာသို့ နှစ်ခေါက်သာ ရောက်ဖူးသည်။ အမှန်တကယ်၌ မြို့တော်မှလူများက မူမမှန်သော “သက်တန့်များ”ကို မြင်ရခြင်းမှာ ဇိုလာသည် အန္တရာယ်များသော စမ်းသပ်မှုများကို ပြုလုပ်နေပြီး နေရာလွတ်ကို ပြင်းထန်သော ယိုယွင်းမှု ဖြစ်စေခဲ့၍ ဖြစ်သည်။
လေလံပွဲ နီးနေပြီ ဖြစ်သော်လည်း ချန်လွေ့သည် မအားလပ်သည့်ကြားမှ ဇိုလာနှင့်အတူ သက်တန့်တောင်ကြားသို့သွားပြီး ရှေးမှော်စာများကို သုတေသန ပြုလုပ်နေခဲ့သည်။ တစ်ခါတစ်ရံ သူသည် ထူးခြားသော “ရှေးမှော်စာ”အချို့ကို သုတေသန ပြုလုပ်တတ်သည်။
ဥပမာ....ယခုတွင် ဖြစ်သည်။
ရှေးမှော်စာ သုသေတန စမ်းသပ်ခန်း၌ ရံဖန်ရံခါ စိတ်လှုပ်ရှားနေသော အသံများ ထွက်ပေါ်လာနေသည်။ ၎င်းမှာ ပန်းသီးတစ်ကိုက်ကိုက်ပြီးနောက် ထပ်ပြီး တောင့်တ နေကြသော ယောက်ျားနှင့် မိန်းမတို့ထံမှ ဖြစ်သည်။
“မဖြစ်ဘူး။ ငါ့ကို ချမ်းသာပေးပါ...” (တောင်းပန်သူမှာ အမှန်တကယ်ပင် မစ်-နတ်မိယ်နဂါ ဖြစ်နေသည်။)
“အဲဒါ....ကွဲသွားလိမ့်မယ်...” (မှော်ဆရာမတစ်ယောက်က လိုလီတပည့်ထံမှ ရရှိထားသော အထူးဝတ္ထုတစ်ခုမှ စကားတစ်ခွန်းကို ယူပြောလိုက်ခြင်း ဖြစ်သည်။)
“....” (မြောက်မြားလှစွာသော အသံစာလုံးများကို ဖယ်ထား)
ဗလုံးဗထွေး ညည်းသံများ ခဏတာ ဆက်လက်ထွက်ပေါ်လာပြီးနောက် အဆက်မပြတ် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ရုတ်တရက် သုတေသနခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
သို့သော်လည်း မပြီးသေးပေ။
မိန်းမ - “ကောင်းပြီလေ။ အခု ကျွန်မ အပေါ်ကနေမယ်။”
ယောက်ျား - “...”
(ချွေးပျံနေ...)
မိန်းမ - “ဟေး။ ခုနက ငါ တော်တော်လေး ကြိုးစားခဲ့ပြီးတော့ နင်ကြိုက်တဲ့ မျက်မှန်တွေတောင် ဝတ်ခဲ့တာ။ နင် အသံနည်းနည်းတော့ ထွက်ရမယ်လေ။”
ယောက်ျား - “....” (ဟမ်...)
မိန်းမ - “ယောက်ျားတွေ စိတ်ကျေနပ်သွားတဲ့အခါ ညည်းကြတယ်လို့ အဲလစ်ရဲ့ စာအုပ်မှာ ပြောထားတယ် မဟုတ်လား။”
ယောက်ျား - “အား.....” (ညစ်ညမ်းဝတ္ထုတွေကို ငါမုန်းတယ်။)
မိန်းမ - “ဟန်ဆောင်မနေနဲ့။ နင်ငါ့ကို သက်တောင့်သက်သာ ခံစားရအောင် လုပ်ပေးမယ်ဆိုရင် နင့်ကို အသီနာနဲ့အတူ အဖော်ပြုပေးဖို့ စဉ်းစားပေးမယ်။” (ဟွန့်။ ငါ အသီနာကို အနိုင်ယူရမယ်။)
ယောက်ျား - “ယာမဲတဲ..”
နဂါးများ၏ ခန္ဓာကိုယ်မှာ အတော်လေး သန်မာလှသည်။ လှုပ်ရှားမှု အတော်လေး ပြီးသွားပြီးနောက်တွင် ဇိုလာသည် သုတေသနများကို အားတက်သရော စိတ်နှစ်ပြီး လုပ်နေခဲ့သည်။ ထိုလူသားမှာတော့ ခါးကိုကိုင်ပြီး အမှောင်လသို့ သနားစရာပုံစံနှင့် ပြန်လာခဲ့သည်။
အမှန်တကယ်၌ ထိုဆိုးရွားသော [နှစ်သွယ်လေ့ကျင့်ရေး] သည်လည်း အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ ဇိုလာနှင့် ချန်လွေ့တို့ နှစ်ယောက်လုံးသည် တရင်းတနှီး အတူနေပြီးနောက် များစွာ အကျိုးအမြတ် ရရှိခဲ့သည်။
သို့သော်လည်း ဇိုလာမှာ တဖြည်းဖြည်းနှင့် “ပိုမိုသန်မာ”လာခဲ့သည်။ နဂါးကို သူရဲကောင်း စီးတာပဲဖြစ်ဖြစ် သူရဲကောင်းကို နဂါးစီးတာပဲဖြစ်ဖြစ်၊ အားလုံးသည် ပျော်ရွှင်ပြီး နာကျင်ရသော အလုပ်များ ဖြစ်ကြပေသည်...
ဥယျာဉ်မှ ထွက်သွားပြီးနောက် ခါးကိုကိုင်ထားပြီး ပင်ပန်းနေဟန်တူသော ပါ့ဂ်လီအိုအား မြင်ရာ ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ သူသည် “အလုပ်ကြိုးစား” ထားသကဲ့သို့ပင် မျက်တွင်းများ နက်မှောင်နေ၏။
ဒါကြောင့် အရင်နှစ်ရက်တုန်းက ပါ့ဂ်လီအိုနဲ့ ခရိုဘဲလက်စ်တို့ကို ငါ မတွေ့ခဲ့တာကိုး။ သူတို့နှစ်ယောက်လုံးက “နဂါးဥထုတ်လုပ်ရေး”နဲ့ အလုပ်များနေ ကြတာလား။
ဒါပေမဲ့ သူတို့က မများလွန်းဘူးလား။ ပါ့ဂ်လီအိုကို ကြည့်ရတာ သေတော့မလိုပဲ။
ချန်လွေ့ကို တွေ့သည့်အခါ ပါ့ဂ်လီအိုက အသံပြာပြာဖြင့် ပြောလိုက်သည်။ “ဟေး။ မင်းက ရှေးမှော်စာကို ကျွမ်းနေပြီလို့ ပြောလို့ရနေပြီ မဟုတ်လား။ ဒီချီးထုပ် ချိပ်ပိတ်ကို ဖယ်ရှားဖို့အတွက် နှစ်ရက်နှစ်ညလုံး မနားဘဲလုပ်ဖို့ တကယ်လိုတာလား...ဟမ်...”
နှစ်ရက်နှစ်ည။ မနားဘဲနဲ့။ ဟုတ်လား။
ချန်လွေ့ အံ့သြတုန်လှုပ်သွားသည်။ နောက်ဆုံး၌ အဆိပ်နဂါး၏ မျက်ကွင်းနှစ်ကွင်း မည်သည့်နေရာမှ ရောက်လာသည်ကို ချန်လွေ့ သဘောပေါက်သွားခဲ့သည်။
လခွမ်း။ သူက အစွမ်းမထွက်လွန်းဘူးလား။
နေပါဦး။ ချိပ်ပိတ်ကို ဖယ်ရှားဖို့ ဟုတ်လား။
ချန်လွေ့နှင့် အသီနာတို့၏ ကြိုးစားအားထုတ်မှုကြောင့် နောက်ဆုံးတွင် မစ်-ဇိုလာက ပါ့ဂ်လီအိုကို ခွင့်လွှတ်လိုက်ပြီး ရှေးမှော်စာချိပ်ပိတ်ကို ဖယ်ရှားပေးရန် ကတိပေး ခဲ့သည်။ သို့သော်လည်း ထိုချိပ်ပိတ်မှာ အလွန်အမင်း ရှုပ်ထွေးလှသည်။ မစ်-နတ်မိမယ် နဂါးတွင် ကျောက်ပြားအားလုံး ရှိနေသော်လည်း ထိုချိပ်ပိတ်ကို အချိန်တိုအတွင်း မဖယ်ရှားနိုင်သေးပေ။ ထို့ပြင် မိန်းမများမှာ အငြိုးကြီးလှသည်။ ထို့ကြောင့် ဆရာသခင် အဆိပ်နဂါးသည် တစ်ခါတစ်ရံ၌ မမျှော်လင့်ထားသော “ဦးစားပေးကုသမှု”အချို့ ခံရသည်။ မဟုတ်မှလွဲရော .....
ချန်လွေ့၏ အသိပညာအရဆိုလျှင် ချိပ်ပိတ်ဖယ်ရှားခြင်းမှာ ထိုသို့ ကြောက်မက်ဖွယ်ရာ တရစပ်လိင်ဆက်ဆံခြင်းမျိုး မလိုအပ်ပေ။ သနားစရာ ဆရာသခင် အဆိပ်နဂါး နောက်ထပ် အလိမ်ခံခဲ့ရကြောင်း ချန်လွေ့ အတည်ပြုနိုင်ခဲ့သည်။
ဒါက နှစ်ရက်နှစ်ည တရစပ် လိင်ဆက်ဆံခဲ့တာပဲ။ သာမန်လူတစ်ယောက်က ဒါကို ဘယ်လိုလုပ် ခံနိုင်မှာလဲ......။ “စိတ်ကြွမှော်စာတွေ ရှိတာကို ကျုပ်မှတ်မိမယ်။ ဒါပေမဲ့ အဲဒါတွေကို ၁၀ယွမ်အဆင့် ရှိတယ်။” ချန်လွေ့က ရေးရေးလေး ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခင်ဗျားကိုယ်ပေါ်က ချိပ်ပိတ်က တစ်ဝက်နီးပါး ပျောက်သွားပြီ။ ဒီအတိုင် ဆက်လုပ်နေ။ ဇိုလာကိုယုံ....အဲ...ကျုပ်ကို ယုံထားလိုက်ပါ။ ကျုပ် အခု အရေးတကြီး လုပ်စရာ ရှိသေးတယ်။ ဘဏ္ဍာရေးအရာရှိ ရုံးခန်းကို သွားလိုက်ဦးမယ်။”
ဆရာသခင် အဆိပ်နဂါး၏ သံသယမျက်လုံးများအောက်တွင် ချန်လွေ့၏ခါး မနာတော့ဘဲ ခြေထောက်များလည်း ညောင်းမနေတော့ပေ။ သူ၏ခန္ဓာကိုယ်လည်း အလွန် ကောင်းမွန်သွားခဲ့ပြီး ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
“ခေါင်းဆောင်။” တံခါးသို့မရောက်ခင် ဒေလီယာ၏အသံ ထွက်လာသည်။
ဒေလီယာက အစီရင်ခံစာနှစ်ခုကို ကမ်းပေးလိုက်သည်။ “ဒါက ရန်ပုံငွေအသုံးချမှု အစီရင်ခံစာပါ။ အမှောင်နတ်ဆိုး လှုပ်ရားမှုတွေအတွက် ငွေကြေး ပထမအသုတ်အနေနဲ့ သလင်းကျောက်နက်ဒင်္ဂါး ၁သန်းလိုတယ်။ နောက်တစ်ခုက မြို့တော်ကို ပြန်လည် တည်ဆောက်ဖို့ပဲ။ အစ်ဇဘယ်လာရဲ့ အမြင်အရဆိုရင် ဗဟိုပလာဇာနဲ့ ပြိုင်ကွင်း အပါအဝင် မြို့ထဲက နေရာတော်တော်များများကို ပြန်ပြင်ဆင်ဖို့ လိုအပ်တယ်။ လုပ်ကြုံမှုတွေ၊ ပုန်ကန်မှုတွေနဲ့ တခြားမတော်တဆမှုတွေကို တားဆီးဖို့အတွက် စောင့်ကြည့်ရေး အထောက်အပံ့တွေကို ထည့်ဖြည့်သင့်တယ်။”
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “အားလုံးက မင်းတို့ကို အားကိုးနေပါတယ်။”
ဒေလီယာ မျက်မှောင်ကြုတ်လိုက်သည်။ “ခေါင်းဆောင်။ ရှင်က ကျွန်မကို ဒီတာဝန် ယူခိုင်းထားတယ်ဆိုတော့ လုပ်ငန်းအတိုင်း သေချာ ဆောင်ရွက်ရပါမယ်။ ရှင်က ဘဏ္ဍာရေးအရာရှိပဲ။ ဒီအစီရင်ခံစာကို အရင် အတည်ပြုပေးပါ။”
ဒေလီယာသည် အလုပ်လုပ်ရာ၌ သေချာသောသူတစ်ယောက် ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် ချက်ချင်းပင် ချန်လွေ့က အစီရင်ခံစာကိုယူပြီး မှော်လက်စွပ်ဖြင့် အထူးတံဆိပ်ထုကာ ပြန်လည်တည်ဆောက်ခြင်း အစီရင်ခံစာကို လက်ခံလိုက်သည်။
“ကောင်းပြီလေ။ ငါ ဒီအစီအရင်ခံစာကို နန်းတော်ကို ယူသွားပြီးတော့ တော်ဝင်မင်းသမီးကို သွားပြလိုက်မယ်။”
“ဘက်တီကိုကယ်တင်ခြင်း” စီမံကိန်း ပြီးနောက်တွင် ချန်လွေ့က အားလုံးကို အဖြစ်အပျက်များအား ပြောပြခဲ့သည်။ နောက်ဆုံးတွင် အစ်ဇဘယ်လာက ခရိုဘဲလက်စ်နှင့် ပါ့ဂ်လီအိုတို့၏ ပတ်သက်မှု အပါအဝင် အမှောင်လသို့ ခရိုဘဲလက်စ် “အညံ့ခံ”ရသည့် အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။
အစ်ဇဘယ်လာ “မသေခင်”တွင် သူသည် အိုဆိုင်ဒန်၏ လျို့ဝှက်ဌာနကို ထိန်းချုပ် ခဲ့ဖူးသည်။ သူက အဓိကအားဖြင့် သတင်းအချက်အလက်နှင့် လုပ်ကြံခြင်းကို တာဝန်ယူ ရသည်။ ထို့ကြောင့် ထိုအပိုင်း၌ သူသည် အတော်လေး ကျွမ်းကျင်မှု ရှိလှသည်။ ယခုတစ်ခေါက် သူသည် ၎င်းကို လက်လွှတ်ခံမည် မဟုတ်ပေ။
အစ်ဇဘယ်လာက မိမိသည် လျို့ဝှက်ချက် အများအပြားကို သိရှိသွားခဲ့ပြီး တစ်ဖက်လူက မိမိကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း သိသည်။ ချန်လွေ့နှင့် ခရိုဘဲလက်စ်တို့၏ စည်းရုံးမှုများကြောင့် ခရိုဘဲလက်စ်သည် ထိုနေရာ၌ နေရစ်ပြီး အမှောင်နတ်ဆိုး၏ အလုပ်ကို ကိုင်တွယ်ရန် သဘောတူခဲ့သည်။ ဒေလီယာကလည်း အောက်ဆင်းပြီး လုပ်ထောက်အဖြစ် ဆောင်ရွက်လိုက်သည်။
လက်စားချေရန် အတွက်ကိုမူ စိုးရိမ်စရာ မလိုအပ်ပေ။ အကြောင်းမှာ မည်သူမှ ဘရော့ခ်ကို အလွတ်ပေးမည် မဟုတ်သောကြောင့်ပင်။
အစ်ဇဘယ်လာက ဖမ်းထားခဲ့သော လူသားအရာရှိသည် “လူလိမ်” ချာလီစ် ဖြစ်ကြောင်း ခရိုဘဲလက်စ်နှင့် အစ်ဇဘယ်လာတို့ မသိကြသေးပေ။ အခြားအတွင်းလူများ ကလည်း ချန်လွေ့၏ ညွှန်ကြားချက်များကြောင့် နှုတ်ပိတ်ထားခဲ့သည်။ ချန်လွေ့ “ဂရုအစိုက်ဆုံး”မှာ သူ၏တူလေးကိုပင် ဖြစ်သည်။ ချန်လွေ့က သူ့ကို အတော်လေး ခြိမ်းခြောက်ပြီး လာဘ်ထိုးခဲ့ရသည်။
ယခင်က အစ်ဇဘယ်လာသည် အမှောင်အပေါ် မြို့တော်၏ အရေးယူမှုများ ပြုလုပ်ခဲ့သည့်အတွက် ရှီရာနှင့် အစ်ဇဘယ်လာတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ဆိုးဝါးနေခဲ့သည်။ သို့သော်လည်း အစ်ဇဘယ်လာ မျှော်လင့်ထားသည့်အတိုင်းပင် ရှီရာက အမှောင်နတ်ဆိုးကို အစ်ဇဘယ်လာ တာဝန်ယူမည့်အကြောင်း ကြားလိုက်သည့်အခါ ရှီရာသည် အတိတ်အကြောင်းကို ဂရုမစိုက်ရုံသာမက ဆုလာဒ်များကိုပင် ပေးအပ်ခဲ့သည်။
မိမိ၏ရန်သူက မိမိကို အကောင်းဆုံးသိသည် ဟူသော စကားအတိုင်းပင် ဖြစ်သည်။
၎င်းတစ်ခုတည်းကပင် အစ်ဇဘယ်လာသည် အမှောင်နတ်ဆိုးအတွက် အကောင်းဆုံး အလောင်းအလျာဖြစ်ကြောင်း မြင်နိုင်ပေသည်။
ချန်လွေ့က အစီရင်ခံစာကို အတည်ပြုပြီးနောက်တွင် ဒေလီယာက ခဏတာ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ “ခေါင်းဆောင်။ ရှင်နဲ့ အစ်ဇဘယ်လာက တကယ်ပဲ ရှင်းလင်းရဲ့လား။”
ခုနက တရားဝင်လုပ်ငန်းအရဆိုလျှင် ယခုစကားသည် ကိုယ်ရေးကိုယ်တာ သက်သက်သာ ဖြစ်သည်။ ချန်လွေ့က အလျင်အမြန် ခေါင်းခါလိုက်သည်။ “ငါတို့က တကယ်ရှင်းလင်းပါတယ်။ သူက အခု အပြင်မှာ တစ်ယောက်တည်း နေနေတာ မဟုတ်လား။ သိပ်အများကြီး မစဉ်းစားနဲ့ဦး။ ရိုမန်ရဲ့ ပါးစပ်ကြီးကို ပိတ်ထား။ ဒီကိစ္စကို ဘယ်တော့မှ မပြောပြမိစေနဲ့။”
ယခုတွင် ရိုမန်ကို အစ်ဇဘယ်လာကို ဖမ်းဆီးပြီး ထောက်လှမ်းရေးနှင့် လုပ်ကြံသူအဖြစ် လေ့ကျင့်ပေးနေသည်။ အဒေါ်ဟူသော သရုပ်ကြောင့် ဖြစ်နိုင်သည်။ ထရာဗန်တီ မြေအောက်လိုဏ်ဂူ၌ လေ့ကျင်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသူသည် မစ်-ရင်းနီအရှေ့၌ အလွန်ပင် ရိုးသားပုံပေါ်သည်။ သို့သော်လည်း ထိုကိစ္စကို ထုတ်ပြောရမည်ကို ပိုကြောက်နေ၏။
“ချာလီစ်”၏ သရုပ်မှန်ကို အစ်ဇဘယ်လာ သိသွားသည်နှင့် ပြဿနာ ပိုမိုကြီးထွား လာနိုင်ပေသည်။ ယခုတွင် သူ၏ ကွဲကြေလွယ်သော မောင်းမဆောင် တည်ငြိမ်သွားပြီး ကသောင်းကနင်း မဖြစ်တော့လျှင် မြာပွေသူတစ်ယောက်၏သွေးကို စတေးရတော့မည် ဖြစ်သည်။
“စိတ်မပူပါနဲ့။ ခေါင်းဆောင်။ အဲဒီလူ မလုပ်ရဲပါဘူး။” ဒေလီယာ၏မျက်နှာပေါ်မှ ယုံကြည်ချက်ရှိသော အပြုံးကိုမြင်ပြီး ချန်လွေ့ စိတ်သက်သာရာ ရသွားကာ ရိုမန်အတွက် တိတ်တဆိတ် ဝမ်းနည်းပေးလိုက်သည်။ ဒေလီယာက သူ့ဘဝကို ထိန်းချုပ်မယ့်ပုံပဲ။ သူ့ရဲ့ သစ်တောအိပ်မက်က ဒီသစ်ပင်မှာပဲ ချိတ်ခံရတော့မယ် ထင်တယ်။
ချန်လွေ့ အိမ်ထဲမှ ထွက်သွားပြီး လမ်းပေါ် ရောက်သောအခါ လိုလီလေးနှင့်အတူ လမ်းလျှောက်နေသော ခီရာကို မြင်လိုက်ရသည်။
“အစ်ကို ချန်လွေ့။” ချန်လွေ့ကို မြင်သည့်အခါ လိုလီလေးက ပျော်ရွှင်လျက် ခုန်ပေါက်ရောက်လာသည်။ “အဲလစ် ဒီနေ့ လှလား။”
လိုလီလေးက ကော်လာအဝိုင်းနှင့် သကြားလုံးအရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် လှပသော အနီရောင်ဖဲပြားကိုပင် ဝတ်ထားသည်။ သူသည် ဖြူစင်ပြီး ချစ်စဖွယ် ကောင်းလှသည်။ သူသည် ဦးလေးအရွယ်ရှိသော ချန်လွေ့ကိုပင် မျက်လုံးများ ကန်းသွားစေသည်။ ( ယခင်ဘဝ၌ သူသည် အမှန်ကတယ်ပင် ဦးလေးတစ်ယောက် ဖြစ်သည်။ )
“အဲလစ်က နေ့တိုင်းလှပါတယ်။” ချန်လွေ့က အဲလစ်ကို ချီးမွမ်းလိုက်၏။ လိုလီလေး မကျေမနပ်နှင့် နှုတ်ခမ်းစူနေသည်ကို မြင်သည့်အခါ ချန်လွေ့ ထပ်ပြောသည်။ “အထူးသဖြင့် ဒီနေ့ပေါ့။ ကောင်းကင်ပေါ်က လှနှစ်စင်းတောင် ထိတ်လန့်သွားပြီးတော့ တိမ်နောက်မှာ ပုန်းနေကြတယ်။”
တိမ်ဖြင့်ကွယ်နေသော လနှစ်စင်းကို လိုလီလေး ကြည့်လိုက်သောအခါ သူ၏ လှပပြီး ချစ်စဖွယ်ကောင်းသော မျက်နှာသည် အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။ “အစ်မဇိုလာ ရှိနေလား။ ငါ သူ့ဆီကနေ မှော်ပညာ လာသင်တာ။”
ယခင်က ရိုကိုမိသားစု အဖြစ်အပျက်သည် တော်ဝင်မင်းသမီးရှီရာကို အံ့အားသင့်သွား စေခဲ့သည်။ မိသားစုခေါင်ဆောင် မော်တန်က အပြစ်ရှိလျက်နှင့် မိသားစုများကို စုစည်းပြီး ရှီရာအရှေ့၌ မကျေမနပ်ပြောသည်။
ရှီရာဘေးမှ ဘဏ္ဍာရေးအရာရှိက စကားတစ်ခွန်းသာ ပြောလိုက်သည်။ “ခင်ဗျားရဲ့သား နှောင့်ယှက်ခဲ့တဲ့ မစ်-စိုင်မွန်က အမှောင်လရဲ့ ဧည့်သည် ခရိုဘဲလက်စ်ရဲ့ အစ်မပါ။”
မော်တန်နှင့် မိသားစုခေါင်းဆောင်များ ကြောင်သွားကြသည်။ ခရိုဘဲလက်စ်က ဘယ်သူလဲ။ အရင် မြို့တော်သံသမန်။ မြို့တော်ရဲ့ အထက်တန်း အတိုင်င်ခံ။ ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်။
အမှောင်လနန်းတော်ရဲ့ လက်ရှိအမြင့်ဆုံး ဧည့်သည်။
လော့ဒ်စစ်ပွဲ၌ ဘရိုဘဲလက်စ် မလှုပ်ရှားခဲ့ပဲ အမှန်တရားဘက်မှ အမှောင်လနှင့်အတူ ရပ်တည်ခဲ့သည်ဟု ပြောကြသည်။ သို့မဟုတ်ပါက လော့ဒ်စစ်ပွဲ ရလာဒ် လုံးဝပြောင်းလဲသွားမည် ဖြစ်သည်။ ချော်ရည်ပြာစစ်တပ်ကို ခရိုဘဲလက်စ် တစ်ယောက်တည်းက ရှင်းပစ်ခဲ့ကြောင်း ကောလာဟလများလည်း ဖြစ်ပေါ်လာ၏။
မော်တန်၏သား ဘရူးသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူသည် ယခုတွင် အမှန်တကယ်ပင် အမြင်ကန်းခဲ့ပြီး နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်၏ အစ်မကို နှောင့်ယှက်ခဲ့လေသည်။
အမှန်တကယ်၌ သတိလစ်တော့မည့် မော်တန်သည် သူ၏သားနှောင့်ယှက်ခဲ့သူမှာ နတ်ဆိုးအရှင်သခင်အဆင့်၏ အစ်မမဟုတ်ဘဲ ခရိုဘဲလက်စ်ထက် ပို၍စွမ်းအားကြီးသော စစ်မှန်သည့် နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်ကြောင်းကို မသိခဲ့ပေ။
ချန်လွေ့ကို အခွင့်အရေးကို အရယူပြီး မော်တန်တို့သားအဖ၏ အတိတ်က မကောင်းမှုအားလုံးကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့နောက် ယခုအချိန်သည် အမှောင်လ၏ ဖွံ့ဖြိုးမှုအတွက် အရေးကြီးအခိုက်အတန့် ဖြစ်သောကြောင့် အမှောင်လ၏ပုံရိပ်ကို ထိုစုန်းပြူးအား ထိခိုက်ခွင့်မပြုနိုင်ကြောင်း ပြောခဲ့သည်။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန်လည်း ရှီရာကို ချန်လွေ့ အကြံပြုခဲ့သည်။
ထို့နောက် ခရိုဘဲလက်စ်က လူတိုင်းအရှေ့တွင် အချိန်ကိုက် ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် မော်တန်စုဆောင်းထားသော မိသားစုအကြီးအကဲများက ပြန်တိုက်ခိုက်ကြပြီး မော်တန်၏ အပြစ်များကို ရှုတ်ချကြတော့သည်။ နောက်ဆုံး၌ ရိုကိုမိသားစု၏ ပိုင်ဆိုင်မှုကို သိမ်းယူပြီး မော်တန်တို့ သားအဖကိုလည်း နယ်နှင်ဒဏ်ပေးခဲ့သည်။ မီးလျှံ စစ်တပ်တွင် တာဝန်ထမ်းဆာင်သည့် ပို၍မှန်ကန်သော တူတစ်ယောက်က ကျန်ရှိသည့် လုပ်ငန်းနှင့် ရိုကိုမိသားစုနာမည်ကို ဆက်ခံခဲ့သည်။
မော်တန်တို့သားအဖတွင် ရန်သူ အများအပြား ရှိကြသည်။ ယခုတွင် သူတို့သည် ရာထူးများ ရှုံးဆုံးသွားကြသည့်အတွက် မြို့တော်မှ မောင်းထုတ်ခံလိုက်ရပြီးနောက်တွင် အသတ်ခံရမည်ဟု ပြော၍ရနိုင်ပေသည်။ ပြည်သူများအားလုံးက လက်ခုတ်တီးပြီး အားပေးလိုက်ကြသည်။ ရိုကိုမိသားစု၏ အပြစ်ဒဏ်သည် အခြားသူများအား သင်ခန်းစာ ပေးလိုက်သလိုပင် ဖြစ်သည်။ မိသားစုအများအပြားက ထိုကဲ့သို့ အမှာများ ဖြစ်မလာစေရန် သူတို့၏ကလေးများ ချုပ်တည်းကြတော့သည်။ ဝတ်ရုံဂိုဏ်း၏ ထိန်းချုပ်မှုအပြင်၊ အမှောင်လ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပိုမိုကောင်းမွန်သွားခဲ့သည်။ ပြည်ပ စီးပွားရေးသမားများကလည်း ၎င်းကို ခံစားမိလာပြီး ပျော်ရွှင်သွားကြသည်။
စိုင်မွန်ဟူသော နာမည်တုကို မကြိုက်သည့် ဇိုလာသည် တော်ဝင်မှော်ပညာရှင် ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။ မင်းသမီးလေး အဲလစ်မှာ အပျော်ဆုံး ဖြစ်သည်။ လိုလီလေးသည် ရင်သားကြီဂြိုလ်သား အမြန်ဖြစ်လာရန်အတွက် “မှော်ပညာ” သင်ကြား ချင်နေသည်မှာ သိသာလှပေသည်။
“မစ်-ဇိုလာက အခု အလုပ်များနေတယ်။ သူ မအားလောက်ဘူး။ နေ့လယ်မှ အဲလစ် ပြန်လာခဲ့လေ။”
လိုလီလေး အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ “အိုး....’
ဘေးဖက်မှ အစေခံမလေးက ထပ်ဖြည့်ပြောလိုက်သည်။ “မစ်-ဇိုလာက မနက်တိုင်း အလုပ်များနေသလိုပဲ။”
သဝန်တိုနေသလိုပဲ.....
“အဲဒါလား....ဟုတ်သားပဲ။” ချန်လွေ့က စိတ်ထဲ၌ လိပ်ပြာမလုံဖြစ်သွားပြီး အမြန် ပြန်ဖြေလိုက်သည်။ “တော်ဝင်မင်းသမီးကို တင်ပြဖို့အတွက် အရေးကြီး အစီရင်ခံစာတစ်ခု ရှိတယ်။ ငါ အရင် သွားလိုက်ဦးမယ်။”
ဒါနဲ့ အခုအချိန်မှာ နန်းတော်က နေရာကောင်း မဟုတ်တဲ့ပုံပဲ.....
ယခင်ဖုံးကွယ်မှုမှ ဆိုးဝါးသော အကျိုးဆက်များကို စဉ်းစားပြီးနောက် ချန်လွေ့က ဇိုလာနှင့်ပတ်သက်မှုကို မင်းသမီးရှီရာအား လွန်ခဲ့သော ၃ရက်က ရိုးရိုးရှင်းရှင်း ဖွင့်ပြောခဲ့သည်။ ဇိုလာသည် ချန်လွေ့၏ မိန်းမတစ်ယောက်ဖြစ်ကြောင်း ကြားသည့်အခါ ရှီရာ၏မျက်နှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ ထို့နောက် ဇိုလာ၏ စွမ်းအားမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ကြောင်း ကြားလိုက်သည့်အခါ ရှီရာ ထိတ်လန့်သွားခဲ့ပြီးနောက် ချန်လွေ့ကို လေးလေးနက်နက် ပြောလိုက်သည်။ “ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။”
တော်ဝင်မင်းသမီး၏ စကားအဓိပ္ပာယ်ကို ချန်လွေ့ သေချာသိသည်။ မင်းရဲ့ ခန္ဓာကိုယ်ကို “စတေး”ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို “ခေါ်ယူ” ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီလိုကြိုးစားမှုမျိုးကို ငါ့ဆီကနေ ဖုံးကွယ်ဖို့ ခက်ခဲမှာပဲ။
ဒါဆိုရင် ဒီနတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ပြန်ရဖို့အတွက် ဆက်ပြီးတော့ “ကြိုးစား”ပေါ့။
မင်းမှာ သတ္တိနဲ့ အရည်အချင်း ရှိတယ်ဆိုရင် ထပ်ပြီးတော့ “ကြိုးစား”ကြည့်ပါလား။
ဇိုလာကို တော်ဝင်မှော်ပညာရှင်အဖြစ် ပညာထားသော်လည်း နောက်၃ရက်၌ တော်ဝင်မင်းသမီးက အေးစက်မှုများ ထုတ်လွှတ်နေခဲ့သည်။...မနာလိုခြင်းမှာ ထုတ်လွှတ် နေသည်နှင့် ပိုတူပြီး ဆာ-ဘဏ္ဍာရေးအရာရှိကို လျစ်လျူရှုထားခဲ့သည်။ သူသ်ည လျို့ဝှက်အခန်းသို့ပင် မသွားခဲ့ပေ။
နန်းတော်၏ ကောင်စီခန်းမသို့ ရောက်သောအခါ ချန်လွေ့က တော်ဝင်မင်းသမီးအား ပြန်လည်တည်ဆောက်ခြင်း အစီရင်ခံစာကို တင်ပြခဲ့သည်။ ခံစားက ခံစားချက်မဲ့နေလျက်ပင်ဖြစ်ပြီး အေးစက်စက်ပြောလိုက်သည်။ “ကိုယ့်ဘာသာ ကြည့်လုပ်လိုက်။”
“တကယ်ပဲ ကိုယ့်ဘာသာ လုပ်လိုက်ရမှာလား။”
“အပိုတွေ။”
“ကောင်းပြီလေ။” (လမ်းလျှောက်လာ)
“မင်း ဘာလုပ်နေတာလဲ။”
“အစီရင်ခံစာရဲ့ အဖုံးကို ကြည့်လုပ်နေတာလေ။ ကိုယ်တိုင် ကြည့်လုပ်လို့ အရှင်မ ပြောခဲ့တာလေ။” (ပြုံးဖြီးဖြီးလုပ်နေ)
ရှီရာက အစီရင်ခံစာကို လှန်ပြီး ကြည့်လိုက်သည်။ ထိုထဲ၌ ပြောထားသည်မှာ -
“ချစ်ရတဲ့ရှီရာ။ ကျုပ် ခင်ဗျားရဲ့ ချိုမြိန်လှတဲ့ နှုတ်ခမ်းတွေကို လွမ်းနေပြီးတော့ အကြင်နာပေးချင်နေတယ်။ အခု ခင်ဗျားဆီကနေ ခွင့်ပြုချက် တောင်းနေတာပါ။”
(မသာကောင်။ ဒီလိုအကွက်မျိုး လုပ်ပြန်ပြီ။)
“အမ်း..အာ..”
ခဏကြာပြီးနောက် လူသားဘဏ္ဍာရေးအရာရှိက အောက်နှုတ်ခမ်းကိုကိုကိုက်ပြီး အစီရင်ခံစာကိုကိုင်ကာ နန်းတော်ထဲမှ နာကျင်စွာဖြင့် လမ်းလျှောက်ထွက်လာ၏။
အစောင့်များ၏ အကြည့်အောက်တွင် လူသား ဘဏ္ဍာရေးအရာရှိက မချိတင်ကဲနှင့် သက်ပြင်းလိုက်သည်။ မောင်းမဆောင်ရဲ့ ယဇ်ပလ္လင်က ဝက်ခြေထောက်တွေ ထည့်သွင်း ထားမှပဲ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ မှန်နေတာပဲ။ ဒါက မောင်းမဆောင်အတွက် သွေးတစ်စက်ဆိုတာ ဖြစ်လိမ့်မယ်။ သနားစရာကောင်းလိုက်တဲ့ငါ။