← Chapters

လေလံပွဲ

Vol. 28 Ch. 408

လေလံပွဲ

Vol. 28 Ch. 408

လူအများစောင့်မျှော်နေကြသော အမှောင်လ လေလံပွဲကို များမကြာမီ၌ အစီအစဉ် ဆွဲထားသည့်အတိုင်း ကျင်းပမည် ဖြစ်သည်။

သို့သော်လည်း လေလံပွဲမတိုင်မီနေ့တွင် ၎င်းနှင့်နည်းတူ ဖြစ်စဉ်တစ်ရပ် မမျှော်လင့်ဘဲ ဖြစ်သွားခဲ့သည်။ အရိပ်နက်အင်ပါယာ၏ သွေးနွယ်နယ်မြေ အုပ်စိုးသူ အသစ်နှင့် တတိယဗိုလ်ချုပ်ဖြစ်သော ခရောဖို့ဒ်တို့ ချစ်ကြည်ရေး သံတမန်တစ်ဖွဲ့ကို ဦးစီးပြီး အမှောင်လနယ်မြေသို့ တရားဝင် လာရောက်လည်ပတ်ခဲ့သည်။

အမှောင်လ တော်ဝင်မင်းသမီးရှီရာနှင့် ဗိုလ်ချုပ် ခရောဖို့ဒ်တို့ ချစ်ကြည်ရေး တွေ့ဆုံတွဲတွင် သူတို့သည် အမွှာမြို့ မှော်စာချုပ်ကို လက်မှတ်ထိုးပြီး ချစ်ကြည်ရေး သင်္ကေတအဖြစ် မြို့သော့များကို လဲလှယ်ခဲ့ကြသည်။ အမှောင်လနယ်မြေနှင့် သွေးနွယ် နယ်မြေတို့သည် ရင်းနှီးမှုနေရာတစ်နေရာ ဖြစ်သွားကြပြီး အသားပျိုးထောင်ခြင်း၊ မြေသြဇာ တိုးမြှင့်ခြင်းနှင့် တိုက်ပွဲဘောလုံးတို့ကဲ့သို့သော နှစ်ဦးနှစ်ဖက် ပူးပေါင်းမှုများကို ဆောင်ရွက်ကြမည် ဖြစ်သည်။

“အမွှာမြို့”ဟူသော အယူအဆမှာ နတ်ဆိုးဘုံမှ မကြုံစဖူး ဖြစ်သည်။ အထူးသဖြင့် အင်ပါယာများ၏ နယ်မြေအကြား၌ ဖြစ်သည်။ ထို “အမွှာမြို့”ဆိုသည်မှာ လုပ်ရိုးလုပ်စဉ် သက်သက်သာ မဟုတ်ဘဲ အရိပ်နက်အင်ပါယာ ဧကရီ၏ခွင့်ပြုချက် ရရှိထားကြောင်း ခရောဖို့ဒ်၏ လည်ပတ်မှုက အပြင်လောကသို့ ပြသခဲ့သည်။

ရှင်းရှင်းပြောရလျှင် ယခုတွင် အမှောင်နယ်မြေကို အရိပ်နက်အင်ပါယာက‌ ထောက်ပံ့နေပြီ ဖြစ်သည်။

ထို့သတင်းသည် အလျင်အမြန်ပင် ကြယ်ကြွေတမန်မြို့တော်သို့ ပျံ့နှံ့သွားပြီး မြို့တော်နှင့် အင်ပါယာတစ်ခုလုံး တုန်လှုပ်သွားကြသည်။ “ရန်ပုံငွေလိမ်လည်ခြင်း”၌ ပိတ်မိနေပြီး ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံနေရသော ရီဂျန့် အိုဆိုင်ဒန်က ဒေါသူပုန်ထသွား တော့သည်။ သူက ချက်ချင်းပင် အရိပ်နက်အင်ပါယာအား သံတမန်များမှတစ်ဆင့် သဘောမတူကြောင်း ကန့်ကွက်ခဲ့သည်။

အရိပ်နက်အင်ပါယာ၏အဖြေမှာ ရိုးရှင်းလှသည်။ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန် အင်ပါယာတို့မှာ မဟာမိတ်များ ဖြစ်ကြသည်။ အင်ပါယာနှစ်ခု၏ လက်အောက်ခံများက အချင်းချင်း ပူးပေါင်းပြီး ဆက်သွယ်ကြသည်။ ၎င်းမှာ အင်ပါယာ နှစ်ခုအကြား ရင်းနှီးမှု ပိုမိုတိုးလာစေရန်အတွက် အပြုသဘောဆောင်သော လက္ခဏာ ဖြစ်ပြီး အားပေးထောက်ခံသင့်ပေသည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိသော အကြောင်းအရာများ အရ ထိုကဲ့သို့ အမွှာမြို့များကို ထပ်မံတိုးချဲ့သင့်ပေသည်။

ထိုကဲ့သို့ ကြီးကျယ်သော အကြောင်းပြချက်သည် အိုဆိုင်ဒန်၏ ပြင်းထန်သော ကန့်ကွက်မှုအား ဝါဂွမ်းကို လက်သီးဖြင့် ထိုးသကဲ့သို့ ဖြစ်သွားစေသည်။ အမှောင်လ၏ လုပ်ရပ်မှာ မယုံနိုင်စရာ ကောင်းလှသည်။ အကြောင်းမှာ သူတို့သည် တိုင်းတစ်ပါး နယ်မြေနှင့် “ချစ်ကြည်ရေးပူးပေါင်းမှု ပြုလုပ်ရန်”အတွက် နယ်မြေကို “ယူနစ်”အဖြစ် အသုံးပြုခဲ့ခြင်းပင်။ ယခုတွင် အရိပ်နက်အင်ပါယာသည် ကြယ်ကြွေတမန်အင်ပါယာနှင့် မဟာမိတ်ဖြစ်နေပြီး သူတို့၏စွမ်းအားမှာ ကြယ်ကြွေတမန်အင်ပါယာထက် သာလွန်သည်။ အိုဆိုင်ဒန်သည် ယခုတစ်ခေါက်၌ ရွေးစရာမရှိတော့ဘဲ ဆေးခါးခါးကို မျိုချရတော့သည်။

စိတ်ဝင်စားသော လူအများအပြားက နယ်မြေနှစ်ခု၏ စစ်တပ်ကို အမှောင်လ အလွယ်တကူ အနိုင်ယူခဲ့နိုင်ခြင်း အကြောင်းရင်းမှာ သီးခြားစွမ်းအားနှင့် အစွမ်းထက် ပုဂ္ဂိုလ်များကြောင့် မဟုတ်ဘဲ အမှောင်လကို ဧရာမ အရိပ်နက်အင်ပါယာက တိတ်တဆိတ် ထောက်ပနေခြင်းဖြစ်ကြောင်း မှန်းဆမိခဲ့သည်။

အိုဆိုင်ဒန်က အလွန်အမင်း ဒေါသထွက်နေသော်လည်း အမှောင်လ၏ တမင်တကာ လှုံ့ဆော်မှုအပြီးတွင် ရီဂျန့် အိုဆိုင်ဒန်က ဖိနှိပ်ထားသော ညိုမှိန်းနေသည့် မုန်တိုင်းထဲသို့ ပြန်ရောက်သွားပြီး ပိုမိုဆိုးဝါးသွားခဲ့သည်။

သွေးနွယ်နယ်မြေ အုပ်စိုးသူ ခရောဖို့ဒ်သည် အမှောင်လသို့ လွန်ခဲ့သော ၁၀နှစ်ခန့်က လာရောက်လည်ပတ်ခဲ့ဖူးသည်။ ထိုအချိန်၌ ရှီရာ၏ခမည်းတော် ဂါရမ်း၊ သန်းခေါင်နေအရှင်၏သားတော်က အမှောင်လကို ထိန်းချုပ်နေခဲ့သည်။ အိုဆိုင်ဒန်၏ ဖိနှိပ်မှုအမျိုးမျိုးအောက်တွင် အမှောင်လသည် အစွန်အဖျားသို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။ ၎င်းကို စကားလုံးသုံးလုံးဖြင့် ဖော်ပြ၍ ရနိုင်ပေသည်။ “ကျတ်တီးတယ်။ ခေတ်နောက်ပြန်နေတယ်။ ယိုယွင်းပျက်စီးနေတယ်။”

သို့သော်လည်း ၁၀နှစ်ကြာပြီးနောက် အမှောင်လသို့ သူပြန်ရောက်လာသည့်အခါ သူ့အရှေ့မှ စည်ကားပြီး ပျားပန်းခပ်မျှ လှုပ်ရှားနေသော မြင်ကွင်းသည် သူမှတ်မိသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက စိတ်ထဲ၌ ပြင်ဆင်ထားခဲ့သော်လည်း အံ့အားသင့်သွား မိခဲ့သေးသည်။

အဓိကအားဖြင့် ရှီရာက ခရောဖို့ဒ်အား တိုးမြှင့်ထားသည့် မှော်မြေနှင့် စိတ်လှုပ်ရှားစရာ တိုက်ပွဲဘောလုံးပြိုင်ပွဲသို့ သွားကြည့်ရန် အဖော်ပြုပေးသည့်အခါ ခရော့ဖို့ဒ် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ဒါတွေက ကျတ်တီးပြီးတော့ အသက်မဲ့နေတဲ့ သွေးနွယ်နယ်မြေအတွက် လုံးဝလိုအပ်နေတာပဲ။ သွေးနွယ်နယ်မြေရဲ့ အရည်အသွေးမြင့် ကျွဲ၊နွား၊ဝက် အပါအဝင် အထူးကောက်ပဲသီးနှံ မျိုးစေ့တွေက လုံလောက်တာထက်ကို ပိုတယ်။ ဒါပေမဲ့လည်း အမှောင်လမှာ အရေးတကြီး လိုအပ်နေတာတွေ ရှိတယ်။ ဒါကြောင့် ဒီပူးပေါင်းမှုက တကယ့်ကို နှစ်ဖက်လုံးအတွက် အကျိုးရှိတယ်။

တတိယဗိုလ်ချုပ်က ဧကရီ၏ ပါးနပ်သော ဆုံးဖြတ်ချက်ကို အတော်ကြာအောင် လေးစားနေခဲ့သည်။

ဗိုလ်ချုပ် ခရောဖို့ဒ် ဦးဆောင်သော ချစ်ကြယ်ရေးလည်ပတ်မှုမှာ အယောက် ၁၀၀ ကျော်သည်။ အမှောင်လသို့ လည်ပတ်သည့် အချိန်ကာလ ၅ရက်အတွင်း သူက နတ်ဆိုးဘုံ၌ များစွာ စောင့်မျှော်နေကြသော လေလံပွဲနှင့် နောက်ကျင်းပမည့် ကုန်စည်ပြပွဲကို လေ့လာဖြစ်ခဲ့သည်။

သွေးနွယ်နယ်မြေနှင့်အတူ အမွှာမြို့ ပြုလုပ်နိုင်ခြင်းသည် အမှောင်လ၏ ယုံကြည်ချက်ကို တိုးသွားစေခဲ့သည်။ လက်ရှိ၌ အမှောင်လနယ်မြေသည် စီးပွားရေး တဟုန်ထိုး တိုးတက်နေပြီး အတွင်း၌ အင်အားကောင်းသော စစ်တပ်တစ်ခုရှိကာ အပြင်ဘက်၌လည်း အရိပ်နက်အင်ပါယာကဲ့သို့ အားကောင်းသော အကူအညီရှိသည်။ အင်ပါယာက အမှောင်လနယ်မြေကို ဖိနှိပ်ချင်လျှင်ပင် ကြောက်ရွံ့ပြီး စောင့်ထိန်းနေရမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း၄၀၀ခန့်က နာမည်အကျော်ကြားဆုံး သာယာဝပြောသည့် နယ်မြေတစ်ခုကို ပြန်လည်ဖန်တီးရန်မှာ စိတ်ကူးယဉ် မဟုတ်တော့ပေ။

သွေးနွယ်နယ်မြေ အုပ်စိုးသူ လာရောက်လည်ပတ်သော သတင်းကောင်းကို အသုံးချပြီး လေလံပွဲကို မထင်မှတ်ထားလောက် ခမ်းခမ်းနားနာ စတင်ဖွင့်လှစ်သည်။ ဝင်ခွင့်လက်မှတ်များကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် စျေးတက်သွားခဲ့ပြီး ယခုတွင် လက်မှတ်တစ်စောင် ရရှိရန်ပင် ခက်ခဲသွားလေပြီ။

လေလံအိမ်အပြင် အမှောင်လမြို့၌ အမျိုးမျိုးသော ဆိုင်များက ကြီးမားလှသော စီးပွားရေး အခွင့်အရေးများကြောင့် နေရာယူလာကြသည်။ ကုန်စည်ပြပွဲသို့ လာရောက်ကြသော အပြင်လူများ ယူဆောင်လာသည့် အကျိုးအမြတ်များနှင့် သုံးစွဲမှုများက စီးပွားရေးသမားတိုင်းကို ဟီလာတိုက်သွားစေသည်။

လေလံအိမ်ထဲ၌ ခုံအလွတ်မရှိပေ။ အပေါ်ထပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ အခန်းထဲ၌ ဧည့်သည်များ၏သရုပ်ကို ဖုံးကွယ်ရန်အတွက် လိုက်ကာများ ကာထားပြီး လေလံ ပေးသောစျေး မှန်ကန်ကြောင်း အတည်ပြုရန်အတွက် သတ်မှတ်ထားသူတစ်ယောက်က တာဝန်ယူထားရသည်။

အကြီးမားဆုံး အရေးကြီးပုဂ္ဂိုလ်အခန်းကို မဖုံးကွယ်ထားလဲ ဧည့်သည်များ အားလုံးအတွက် ပွင့်လင်းသေား စင်္ကြံအဖြစ် ပြောင်းလဲထားသည်။ အတွင်းထဲ၌ သွေးနွယ်နယ်မြေ အုပ်စိုးသူ ဗိုလ်ချုပ် ခရော့ဖို့ဒ်ရှိသည်။ သူ့၏အနီးတွင် အမှောင်လ အုပ်စိုးသူ တော်ဝင်မင်းသမီး ရှီရာ ရှိနေပြီး အတော်လေး ထင်းခနဲ မြင်သာလှသည်။ သို့သော်လည်း ရှီရာက လေလံပွဲစတင်ကြောင်း ကြေညာလိုက်သည့်အခါ ထိုအာရုံက စင်ပေါ်သို့ ‌ရွှေ့ပြောင်းသွားခဲ့သည်။

လေလံစင်ပေါ်၌ ခရိုဘဲလက်စ်သည် ငွေရောင်ဂါဝန်ရှည်နှင့် အလွန်လှပနေသည်။ သူသည် ဘေးနားမှ ဂါ့စ်၏ ထင်ရှားကျော်ကြားမှုကို လုံးဝ ဖုံးလွှမ်းနေခဲ့သည်။

မစ်-မြနဂါးသည် ချမ်းသာကြယ်ဝမှုကို နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။ လေလံပစ်သူအဖြစ် သုံးလေးခေါက် လုပ်စမ်းကြည့်ပြီးနောက် သူက ထိုအလုပ်ကို စွဲလမ်းသွားခဲ့သည်။ မစ်-ဘက်တီ၏ ရတနာအပေါ် အတွင်းသိမြင်နိုင်စွမ်းနှင့် တိကျသော ဆုံးဖြတ်ချက်များကြောင့် လေလံပွဲတွင် အံ့အားသင့်စရာကောင်းလောက်အောင် စွမ်း‌ဆောင်နိုင်ခဲ့ပြီး ဆရာသခင်အဆင့် လေလံပစ်သူတစ်ယောက် ဖြစ်လာသည်။ တိတ်ဆိတ်မှုနှင့် အခြေအနေကို အသက်ဝင်စေနိုင်သည့် ဂါ့စ်နှင့် ပေါင်းလိုက်သောအခါ သူတို့သည် လေလံအိမ်၏ ရွှေ‌ရောင်ပေါင်းစည်းမှု ဖြစ်သွားခဲ့သည်။

အရေးကြီးဆုံးမှာ မစ်-မြနဂါး၏ စွမ်းအားဖြင့်ဆိုလျှင် မကောင်းကြံနေသူများကို ဟန့်တားနိုင်ခြင်းပင် ဖြစ်သည်။

လူတိုင်း၏မျက်လုံးများက မိမိအပေါ်သို့ ရောက်နေသည်ကို မြင်သည့်အခါ မစ်-ဘက်တီက အရောင်တောက်သွားပြီး ယုံကြည်ချက်များ ပြည့်နှက်နေကာ သူ၏ ပင်ကိုစရိုက်အပေါ် ဆွဲဆောင်မှု ထပ်ပေါင်းသွားခဲ့သည်။

ယဉ်ကျေးသော ကြိုဆိုစကားတစ်ခွန်း ပြောပြီးနောက် ပထမဆုံး ရတနာများ၏ လေလံပွဲ စတင်တော့သည်။

“ပထမပစ္စည်းက အမှောင်လ ယန္တရားအစည်းအရုံးခွဲက ဆရာသခင်ရှင်းရှင်းရဲ့ ဒဏ္ဍာရီလာအဆင့် မှော်လက်စွပ်ဖြစ်တဲ့ ဝက်သစ်ချနှလုံးသား ပါ။ ဒါက တိုက်ခိုက်မှု အမြန်နှုန်းကို ၅၀% တိုးစေတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖြည့်တင်းမှုကို မြန်ဆန်စေတယ်။ စိတ်ဝိညာဉ်စွမ်းအား သုံးစွဲနှုန်းကို ၃၀% လျှော့ချပေးတယ်။ မှော်ထိခိုက်မှုကို ၃၀% စုပ်ယူပေးတယ်။ ဒါကို သလင်းကျောက်နက်ဒင်္ဂါး ၁၀သိန်းကနေစပြီးတော့ လေလံဆွဲလို့ရပါတယ်။ လေလံစျေးတိုးချင်ရင်တော့ သလင်း‌ကျောက်နက်ဒင်္ဂါး တစ်သိန်းထက် နည်းလို့ မရပါဘူး။”

ပထမဆုံးပစ္စည်းသည် လူအများအပြား၏ စိတ်ဝင်စားမှုကို မြင့်တက်သွားစေသည်။ အကြောင်းမှာ ဆရာသခင်ရှင်းရှင်းက သိပ်မကြာခင်၌ ထင်ပေါ်ကျော်ကြား နေခြင်းကြောင့်ပင်။ ဒဏ္ဍာရီလာအဆင့် ပစ္စည်းများမှာ ဆရာသခင်အဆင့်၌ အမြင့်ဆုံး ယန္တရားအောင်မြင်မှု ဖြစ်သည်။ ထိုဒဏ္ဍာရီလာအဆင့် ပစ္စည်းသည် သေးငယ်ပြီး ‌ရွှေ့ပြောင်း၍ရကာ အလွန်အစွမ်းထက်သော လုပ်ဆောင်ချက်များ ရှိသည်။ တိုက်ခိုက်မှု အမြန်နှုန်း တိုးတက်မှုသည် ဒဏ္ဍာရီလာအဆင့်၏ ၅၀% အကန့်အသက်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် မှော်ပညာနှင့် ကိုယ်ခံပညာ နှစ်ခုလုံးကို လေ့ကျင့်နေသူများအတွက် အလွန်ပင် သင့်တော်လှပေသည်။ ခရိုဘဲလက်စ်က လေလံစျေးကို ကြေညာပြီးသည့်အခါ တစ်စုံတစ်ယောက်က စတင်လေလံဆွဲတော့သည်။ “၁၁သိန်းခွဲ။”

“၁၂သိန်း။”

“၁၅သိန်း။”

“......”

“...”

စိတ်အားထက်သန်နေသော အခြေအနေအတွင်း၌ လေလံတူကို ကိုင်ထားသော ခရိုဘဲလက်စ်သည် ပထမဆုံး လေလံပစ္စည်းကို ရောင်းချပြီးသွားသည့်အတွက် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးသို့ ချဉ်းကပ်လာသည်နှင့်အမျှ လေလံပွဲသည် အပြင်းထန်ဆုံးနှင့် အထွတ်အထိပ် အခိုက်အတန့်သို့ ရောက်ရှိလာခဲ့သည်။

စင်ပေါ်၌ ဖောက်ထွင်းမြင်နိုင်သော မှော်သလင်းကျောက် အကာများဖြင့် ပြသထားသော မိစ္ဆာသစ်သီး ၃လုံး စင်ပေါ်၌ ပေါ်ထွက်လာသောအခါ ရဲရဲတောက် အကြည့်များက ရုတ်တရက်ပင် ၎င်းတို့အပေါ်သို့ ရောက်ရှိသွားခဲ့သည်။

အလားအလာ အကန့်အသတ်မဲ့နီးပါးဖြစ်သော တော်ဝင်မိသားစုများနှင့်ယှဉ်လျှင် သန္ဓေပြောင်း နတ်ဆိုးများ၌ပင် အကြီးမားဆုံး အလားအကာ တစ်ဆို့မှု ရှိသည်။ ထို့ကြောင့်ပင် နတ်ဆိုးဘုံ၌ တော်ဝင်မိသားစု၇စုသည် ထိပ်သီးအခြေအနေ အစွမ်းထက် ပုဂ္ဂိုလ်များနေရာကို ယူထားခြင်း ဖြစ်သည်။ အဆင့်မြင့်လေလေ တော်ဝင်မိသားစု အချိုးအစား ပိုမိုကြီးမားလေလေပင် ဖြစ်သည်။ နဂါးမိသားစုများမှာ သာမန်နတ်ဆိုး အမျိုးအစားအထဲ၌ မပါဝင်ကြပေ။

မိစ္ဆာသစ်သီးကို သူတို့ စားသုံးလိုက်သည်နှင့် တော်ဝင်မိသားစုနှင့် ယှဉ်နိုင်သော အလားအလာမျိုးကို ရရှိမည် ဖြစ်သည်။ တစ်ဆို့မှုကို ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်လည်း ကြီးကြီးမားမား တိုးမြင့်သွားပေမည်။ ထပ်တိုး သန္ဓေပြောင်း စွမ်းရည်များလည်း ရရှိနိုင်သည့်အခွင့်အရေး ရှိသည်။ ထို့ကြောင့် မိစ္ဆာသစ်သီးများကို တန်ဖိုးဖြတ်၍မရနိုင်ဟု ပြောကြပေသည်။

လာလည်ပတ်သော ဧည့်သည် သွေးနွယ်နယ်မြေ အုပ်စိုးသူ ဗိုလ်ချုပ် ခရောဖို့ဒ်ိ၏ မျက်လုံးတွင်ပင် အရောင်များ တောက်ပနေ၏။

ခရောဖို့ဒ်သည် သန္ဓေပြောင်း မဟာနတ်ဆိုး ဖြစ်သည်။ သူ၏စွမ်းအားမှာ ယခုတွင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့‌ ရောက်နေပြီ ဖြစ်သည်။ တကယ်၌ သူသာ မိစ္ဆာသစ်သီးတစ်လုံး ရရှိမည်ဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့်‌နှောင်းပိုင်းသို့ တစ်ခါတည်း ရောက်ရှိသွားမည်ဖြစ်ပြီး အနာဂတ်၌ နတ်ဆိုးအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြီးမားသော အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။

ထိုအချိန်၌ ခရိုဘဲလက်စ်က ထပြောသည်။ “ဂုဏ်သရေရှိ ဧည့်သည်တော်များရှင့်။ ဒီသလင်းကျောက် အကာထဲက ရတနာတွေကို လူကြီးမင်းတို့ မြင်ဖူးလောက်မှာပါ။ ဒါတွေက နတ်ဆိုးဘုံမှာ အရှားပါးဆုံး သစ်သီးဖြစ်တဲ့ မိစ္ဆာသစ်သီးပါ။ သူရဲ့စွမ်းရည်က ဘယ်လိုလဲဆိုတာ ကျွန်မပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒါကိုလေလံမတင်ခင် ကျွန်မကြေညာစရာ သတင်းနှစ်ခု ရှိတယ်။ ပထမတစ်ခုကတော့ လေလံပွဲမစခင် တစ်နာရီအလိုမှာ မိစ္ဆာသစ်သီးတွေရဲ့ မူလပိုင်ရှင်ဆီကနေ ကျွန်မတို့ စာတစ်စောင် လက်ခံရရှီခိဲ့တယ်။ အဲဒီလျို့ဝှက်ဆန်းကြယ်တဲ့ရောင်းသူက အကျိုးအမြတ် အများကြီးနဲ့ အဆင်ပြေအောင် လုပ်ပေးတဲ့အတွက် အမှောင်လနယ်မြေရဲ့ တော်ဝင်မင်းသမီးရှီရာကို ကျေးဇူတင်တဲ့အနေနဲ့ အဖိုးတန် မိစ္ဆာသစ်သီးတစ်လုံး လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောထားတယ်။”

ထိုသတင်းက အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။ လျို့ဝှက်ဆန်းကြယ်တဲ့ ‌ရောင်းသူက ဒီ‌လောက် ရက်ရောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လူတိုင်းက ရှီရာ ရှိနေသည့် အရေးကြီးပုဂ္ဂိုလ်အခန်းကို အာရုံစိုက်နေလိုက်ကြသည်။

ဒါက တကယ့်ကို မယုံနိုင်စရာကောင်းပြီးတော့ အဖိုးတန်တဲ့ လက်ဆောင်ပဲ။

ရှီရာ အနည်းငယ် အံ့အားသင့်သွားဟန် တူသည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူ မတ်တပ်ရပ်လိုက်ကာ လေလံအိမ်ထဲ၌ သူ၏အေးစက်စက်အသံ ထွက်လာသည်။ “‌ရောင်းသူရဲ့စေတနာကို ကျေးဇူးအများကြီး တင်ပါတယ်။ အမှောင်လ လေလံအိမ်က ရောင်းသူတိုင်းအတွက် ပိုပြီးအဆင်ပြေတာတွေကို ထောက်ပံ့ပေးသွားမှာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်နိုင်စွမ်းကနေ ဒီမိစ္ဆာသစ်သီးကို ဧည့်သည်ဖြစ်တဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်ဆီ လက်ဆောင်ပေးချင်ပါတယ်။ ဒီချစ်ကြည်ရေးလက်ဆောင်ကို ဗိုလ်ချုပ် လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဗိုလ်ချုပ် ခရောဖို့ဒ်က ၎င်းကို လုံးဝမမျှော်လင့်ထားသည့်အတွက် အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့သည်။ သူက ချက်ချင်းပင် ထရပ်ပြီး ရှီရာအား အရိုအသေ ပေးလိုက်သည်။ “အဖိုးတန်တဲ့ လက်ဆောင်အတွက် မင်းသမီးရှီရာကို ကျေးဇူး တင်ပါတယ်။ ကျုပ် ခရော့ဇို့ဒ်တီဗီဇ်က ဒီကိုယ်ရေးကိုယ်တာရင်းနှီးမှုကို အမြဲတမ်း မှတ်မိနေမှာပါ။”

ကရောဖို့ဒ် စိတ်လှုပ်ရှားနေသော်လည်း “ကိုယ်‌ရေးကိုယ်တာရင်းနှီးမှု”ဟူသော အသုံးအနှုန်းကို အသုံးပြုရန် မမေ့ခဲ့ပေ။ အကြောင်းမှာ ယခုတွင် သူသည် ကိုယ်ကိုယ်တိုင် အတွက်သာမက သွေးနွယ်နယ်မြေအပင် အရိပ်နက်အင်ပါယာတစ်ခုလုံးကိုပင် ကိုယ်စားပြုသောကြောင့်ပင်။

ရှီရာက အရိုအသေပြန်ပြုရင်း‌ ခေါင်းညိတ်လိုက်သည်။ “နယ်မြေနှစ်ခုအကြား ကျွန်မတို့ရဲ့ ရင်းနှီးမှု ထာဝရတည်စေသား။”

ခရောဖို့ဒ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ်ရဲ့တစ်ဦးတည်းသောသား မွန်ရိုးက သွေးနွယ်နယ်မြေကို ရောက်နေတယ်။ သူက တိုက်ပွဲဘောလုံးကို တော်တော် သဘောကျနေတယ်။ သူက တိုက်ပွဲဘောလုံး မွေးဖွားရာဖြစ်တဲ့ အမှောင်လဆီလာပြီး သင်ယူချင်နေခဲ့တာ။ ကျုပ်ရဲ့ ဒီတောင်းဆိုချက်ကို တော်ဝင်မင်းသမီး ကတိပေးမယ်လို့ မျှော်လင့်ပါတယ်။”

အမှန်တကယ်၌ နယ်မြေနှစ်ခုအကြား ပူးပေါင်းမှုတွင် အမှောင်လနယ်မြေက သွေးနွယ်နယ်မြေသို့ လူလွှတ်ပြီး တိုက်ပွဲဘောလုံး လေ့ကျင့်ပေးရန်ဟူသော စာပိုဒ်ငယ် ပါရှိသည်။ ခရောဖို့ဒ်၏ တောင်းဆိုချက်မှာ မလိုအပ်သော်လည်း လူအများအပြားက သွေးနွယ်နယ်မြေ အုပ်စိုးသူနှင့် အရိပ်နက်အင်ပါယာ တတိယဗိုလ်ချုပ်ကို သဘောပေါက် ကြသည်။ ထိုတောင်းဆိုချက်သည် နယ်မြေအကြား ပူးပေါင်းမှု အပြင်ဘက်မှ ကိုယ်ရေး ကိုယ်တာ ရင်းနှီးမှုမျိုးဖြစ်ပြီး ရှီရာအပေါ် ခရောဖို့ဒ်၏ ထောက်ခံမှုကိုလည်း ပြသသည်။

ထိုကဲ့သို့ ကိုယ်‌ရေးကိုယ်တာ ထောက်ခံမှုသည် အရေးကြီးသော အခိုက်အတန့်၌ ခန့်မှန်း၍မရသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်နိုင်ချေ များပေသည်။

ရှီရာ၏မျက်လုံးများ အ‌ရောင်‌တောက်သွား၏။ “ဆာ-မွန်ရိုးက အမှောင်လမှာ အနွေးထွေးဆုံး ကြိုဆိုမှုကို လက်ခံရရှိမှာပါ။”

ထိုဖြစ်စဉ်ကြောင့် လေလံစင်မှ မိစ္ဆာသစ်သီးများ နှစ်လုံးသာ ကျန်တော့သည်။ နတ်ဆိုး အများအပြားက မကျေနပ်ကြောင်း ပြသကြသော်လည်း ထိုဆုံးဖြတ်ချက်ကို ရောင်းသူက ပြုလုပ်ခဲ့သည့်အတွက် သူတို့ အများကြီး ပြော၍မရနိုင်ပေ။

မူလက ဝယ်လိုအားသည် ရောင်းအားထက် များနေပြီ ဖြစ်သည်။ သို့သော် ယခုတွင် မိစ္ဆာသစ်သီး ၂လုံးသာ ကျန်တော့သည်။ လူတိုင်း၏အကြည့်များ ပို၍ပင် ပြင်းထန်သွားတော့သည်။

All Chapters