← Chapters

အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)

Vol. 28 Ch. 410

အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)

Vol. 28 Ch. 410

နတ်ဆိုးအရှင်သခင် တိုက်ပွဲများ ပြီးနောက်တွင် နောက်ထပ် လေလံပွဲမှာ အလွန်ပင် တက်ကြွနေပြီး အခြေအနေလည်း အလွန်ကောင်းမွန်နေ၏။ မစ်-မြနဂါး၏ ဘေးနားမှ ရေခဲရုပ်ထု၏ “အကူအညီ”နှင့်အတူ အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၄)မှ အက်စ်မီရာကို ကဲ့သို့သော မျက်စိနောက်စရာလူ မရှိတော့ပေ။

ပထမဆုံး သက်ရောက်မှုက အသုံးဝင်ဆုံးဖြစ်သည်မှာ ငြင်းစရာမရှိပေ။

နောက်ဆုံး၌ လေလံပွဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားတော့သည်။ မိစ္ဆာသစ်သီး ၂လုံးကို သန်း၇၀၀ နှင့် သန်း၇၇၀ဖြင့် အသီးသီး ရောင်းချနိုင်ခဲ့သည်။ ၎င်းတို့အထဲ၌ ဒုတိယ သစ်သီးအတွက် ငွေသားမှာ သန်း၅၇၀ ဖြစ်ပြီး အပေးအယူလုပ်ထားသည့် ရှားပါးကုန်ကြမ်း အများအပြားလည်း ရှိသည်။

အမှောင်လသည် ထိုမိစ္ဆာသစ်သီး နှစ်လုံးတည်းဖြင့်ပင် သလင်းကျောက်နက်ဒင်္ဂါး သန်း၂၀၀ကျော် ရရှိခဲ့သည်။ ၎င်းသည် အမှန်တကယ်ပင် သန်း၁၀၀ နေ့စဉ်ဝင်ငွေ ဖြစ်သည်။

ထိုကဲ့သို့ ကြီးမားလှသော ဝင်ငွေသည် နယ်မြေတိုင်းကို မနာလို ဖြစ်စေသော်လည်း သူတို့သည် ပြင်းထန်သော ဘဏ္ဍာရေးနှင့် စစ်ရေးအင်အား၊ ရှိန်လောက်သော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် အရိပ်နက်အင်ပါယာမှ အားကောင်းသော ထောက်ပံ့မှုများကို မနာလိုရုံသာ တတ်နိုင်ကြသည်။ အိုင်ဆိုင်ဒန်က အရိပ်နက်အင်ပါယာ၏ သက်ရောက်မှုကို လျစ်လျူရှုပြီး အမှောင်သို့ မြို့တော်မှ တပ်ဖွဲ့များ မစေလွှတ်လျှင် ကြယ်ကြွေတမန် အင်ပါယာ၌ အမှောင်လမြို့ကို ယှဉ်နိုင်သော နယ်မြေရှိတော့မည် မဟုတ်ပေ။

မိစ္ဆာသစ်သီးကို လက်ခံရရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် အမှောင်လ၏ စွမ်းအားအမှန်ကို မြင်ခဲ့သော ဗိုလ်ချုပ် ခရောဖို့ဒ်သည် ထိုလေလံပွဲ အောင်မြင်မှုကို ချီးမွမ်းခဲ့သည်။ ရှီရာကလည်း တရိုတသေ တုံ့ပြန်ခဲ့သည်။ သူ၏ မနှိမ့်ချသော၊ မမောက်မာသော အမူအကျင့်သည် အရိပ်နက်အင်ပါယာမှလာလည်သူများ၏ သဘောကျခြင်းကို တညီတညွတ်တည်း ရရှိခဲ့သည်။

တစ်ဖက်တွင်တော့ ဘဲခေါင်းနဂါးက မစ်-မြနဂါးအရှေ့၌ ကြွားလုံးထုတ်နေသည်။ “ဘက်တီလေး။ ငါဘယ်လောက် တော်လဲဆိုတာ မြင်တယ် မဟုတ်လား။ အဲဒီ နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူကို အာငွေ့တစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် ငါ မှုတ်ခဲ့တာ။”

မြောက်မြားလှစွာသော အခက်အခဲများနှင့် နောက်ပြောင်မှုများကို တွေ့ကြုံ ခံစားရပြီးနောက် မစ်-နတ်မိမယ်နဂါးက စိတ်ကောင်းဝင်ပြီး ဆရာသခင် အဆိပ်နဂါး၏ ရှေးမှော်စာ ချိပ်ပိတ်ကို လုံးဝဖယ်ရှားပေးခဲ့သည်။ ပါ့ဂ်လီအိုသည် နတ်ဆိုးဧကရာဇ် အဆင့်၌ ပိတ်မိနေစဉ် ထာဝရ ဆေးရည်များ သောက်ခဲ့ဖူးသည့်အတွက် ချိပ်ပိတ်၏ ဖိနှိပ်မှုအောက်တွင် ဆေးရည်မည်းသည် ထူးခြားသော သက်ရောက်မှုတစ်ခု ပေးစွမ်းခဲ့ပြီး သူ၏အခြေခံကို ခိုင်ခံ့သွားစေခဲ့သည်။ ယခု နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ပြန်ရောက်သောအခါ သူ၏စွမ်းအားများ မလျော့သွားဘဲ ပို၍ပင် တိုးသွားခဲ့သည်။ ထို့ကြောင့် သူသည် အလွန်ပင် စိတ်အားတက်ကြွနေပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေ၏။

“အိုး။ စွမ်းလှချည်လား။” ဘေးဖက်မှ မစ်-ဇိုလာ၏အသံ ထွက်ပေါ်လာသည်။

“......”

“...”

ပါ့ဂ်လီအိုသည် ကျန်ရှိသော ကြွာလုံးထုတ်မည့် စကားများကို ဗိုက်ထဲသို့ ချက်ချင်းပင် မျိုချပြီး စကားအနည်းငယ်ပြောကာ တချိုးတည်း ပြေးသွားတော့သည်။

ဇိုလာက ချိပ်ပိတ်ကို ဖယ်ရှားနေစဉ် မခံမရပ်နိုင်သော နေ့ရက်များ၌ ဆိုးဆိုးဝါးဝါး နှိပ်စက်ခံခဲ့ရသော ဆရာသခင် အဆိပ်နဂါးက တစ်ကြိမ်မက ကျိန်ဆိုခဲ့သည်။ ငါ့စွမ်းအား ပြန်ရလာရင် ငါအကြိုက်ဆုံး...အဲ..ငါ့ရဲ့ အညစ်ပတ်ဆုံး ချောင်းမြောင်းတိုက်ကွက်ကို သုံးပြီးတော့ ဒီအရူးမကို တိုက်ခိုက်ရမယ်။

သို့သော်လည်း သူ၏စွမ်းအားများ အမှန်တကယ် ပြန်ရသွားသောအခါ ပါ့ဂ်လီအိုက မစ်-နတ်မိမယ်နဂါး၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ပို၍ပင် ခံစားမိခဲ့သည်။ အထူးသဖြင့် သူသည် ဇိုလာက ရှေးမှော်စာများကို တိုက်ပွဲအတွင်း၌ အသုံးပြုနိုင်ကြောင်း သိရှိသွားသောအချိန်၌ ဖြစ်သည်။ လခွမ်းပဲ။ အဲဒါက နတ်ဘုရား ဘာသာစကားလေ။

ဒီအရူးမက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားပြီးတော့ နတ်ဘုရား-တစ်ပိုင်းအဆင့်ကို ရောက်တော့မှာလား။ ဒါဆိုရင် ငါ့အတွက် ပိုပြီးတော့ ပြဿနာတက်ပြီ။

ဇိုလာ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိပြီးနောက် ဆရာသခင် အဆိပ်နဂါး၏ မူလ လက်စားချေမည့်အစီအစည်ကို တရားဝင် ပယ်ဖျက်လိုက်ရတော့၏။ မစ်-နတ်မိမယ်နဂါးအား သူမြင်သည့်အခါတိုင်း ပါ့ဂ်လီအိုက ခေါင်းငုံ့ထားနေတော့သည်။

“ဇိုလာက အစွမ်းထက်တာပဲ။ သူက အဲဒီတစ်ယောက်ကို မထွက်လာဘဲနဲ့တောင် အရှင်လတ်လတ် ဖမ်းဆီးခဲ့တယ်။”

မစ်-မြနဂါးသည် အဆိပ်နဂါးဘက်၌ ဖြစ်သည့်အတွက် မစ်-နတ်မိမယ်နဂါးထံမှ ခံစားခဲ့ရသည်။ သူက ဇိုလာနှင့် အဆင်မပြေ ဖြစ်နေခဲ့သော်လည်း ဇိုလာ၏စွမ်းအားကို အမှန်တကယ် လေးစား၏။ “အဲဒီဒြပ်ပေါင်း ရေဒြပ်စင်စွမ်းအားက တကယ်ကြီး နတ်ဆိုးအရှင်သခင်အဆင့် မီးတောက်ကိုတောင် အေးခဲစေနိုင်တယ်။”

“အဲဒါက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းရဲ့ အလစ်တိုက်ခိုက်မှုတစ်ခုပါပဲ။ ဘာမှ မဟုတ်ဘူး။ ဒီစွမ်းအားကို နင်တတ်ချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။” ဇိုလာက ပြောလိုက်သည်။ ထို့နောက် သူ၏ မျက်မှန်နောက်ဘက်၌ အငြိုးထားသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

မစ်-မြနဂါးက သ‌ဘောတူမည် ပြင်လိုက်စဉ် ပါ့ဂ်လီအိုက ဆွဲလိုက်သည်။ သူ ခံစားခဲ့ရသည့် နာကျင်မှုကို ပြန်သတိရလိုက်ပြီး ခရိုဘဲလက်စ်က သတိထားသည့်မျက်နှာ ပြသလိုက်သည်။ “မလိုပါဘူး။”

“တစ်ယောက်ယောက်ကို အထူးချုပ်တည်းဖို့အတွက် သီးသန့်ဒြပ်ပေါင်းမှော်တ်စခု ငါနင့်ကို သင်ပေးနိုင်တယ်။ အနည်းဆုံး သူကအခု စွမ်းအားပြန်ရပြီဆိုတော့ အပြင်ထွက်ပြီးတော့ ကြောင်လို့ မရတော့ဘူးပေါ့။” ဇိုလာက တစ်စုံတစ်ယောက်အား ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဒါက ငါ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ လျို့ဝှက်နည်းလမ်း တစ်ခုပဲ။ အသီနာနဲ့ ငါတို့ အုပ်ချုပ်မှုအစည်းအရုံးကြောင့်သာ မဟုတ်ရင် ငါနင့်ကို သင်ပေးမှာ မဟုတ်ဘူး။”

အုပ်ချုပ်မှုအစည်းအရုံး ဆိုသည်မှာ ပါးစပ်ပုတ် တူလေးတစ်ယောက်က တစ်ရက်တွင် ဘဲခေါင်းနဂါး၏ အမှာင်လတစ်လျှောက် နဂါးမတစ်အုပ်နှင့် ပျံသန်းမည့် ခမ်းနားသော ရည်မှန်းချက်အကြောင်း ထုတ်ပြောလိုက်မိသည့်အခါ ဖွဲ့စည်းထားခဲ့သော အဖွဲ့အစည်း ဖြစ်သည်။ ပိုက်ဆံနှင့်ကာမကို လိမ်ညာယူခဲ့သော မကောင်းမှုများကို ပြန်သတိရသွားသည့် မစ်-ဘက်တီက အမှန်တရားဘက်မှ မခံမရပ်နိုင်အောင် ဒေါသထွက် သွားခဲ့သည်။ သူက အပြင်ဘက်မှ မစ်-ရင်းနီအပါအဝင် အိမ်ထဲမှ အမျိုးသမီး မိသားစုအားလုံးကို စုစည်းလိုက်ပြီး အုပ်ချုပ်မှုအစည်းအရုံး တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

“အုပ်ချုပ်မှုအစည်းအရုံး”သည် အပြင်ဘက်၌ ယောက်ျားများ မိန်းမမရှုပ်ရန် အုပ်ချုပ်သည့် မိန်းမများ၏ အဖွဲ့အစည်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ အချင်းချင်း ထောက်လှမ်းရန်၊ ထုတ်ဖော်ရန်နှင့် လိုအပ်လျှင် အရေးယူရန် ဖြစ်သည်။

အစ်ဇဘယ်လာနှင့် ‌ဒေလီယာတို့က အမှောင်နတ်ဆိုး၏ ခေါင်းဆောင်နှစ်ယောက် ဖြစ်ကြသည့်အတွက် သူတို့သည် အမှောင်လ၏ လှုပ်ရှားမှုအားလုံးကို သိကြသည်။

ဇိုလာ၏စကားများကို ကြားသည့်အခါ မစ်-ဇိုလာ၏ အပြာရောင်မျက်လုံးများ၌ ပြတ်သားသောအကြည့် ရုတ်တရက် ပြသလိုက်သည်။ “ကောင်းပြီ။ သဘောတူတယ်။”

သွားပြီ။ အဆိပ်နဂါးကို ချက်ချင်းပင် မျက်လုံးလှန်လိုက်သည်။ ငါ့ရဲ့ပျော်ရွှင်မှုနဲ့ မောင်းမဆောင် အကြံအစည်တွေတော့ ဒီမုန်းတီးစရာ နတ်မိမယ်နဂါးရဲ့ လက်ထဲမှာ ပျက်စီးသွားပြီ။

ချန်လွေ့သည် နဂါးသုံးကောင်၏ “ဆွေးနွေးမှု”ထဲ မပါဝင်သလို ရှီရာကိုလည်း နန်းတော်သို့ အဖော်ပြုကာ မပြန်သွားခဲ့ပေ။ သူက အခြားကိစ္စတစ်ခုကို ကိုင်တွယ်နေ၏။

ပထမဆုံး မိစ္ဆာသစ်သီးအား သန်း၇၀၀ဖြင့် ဝယ်ယူခဲ့သော အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)က ထူးဆန်းသော တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူက လေလံအိမ်ကို တာဝန်ယူထားသော ဘဏ္ဍာရေးအရာရှိ ချန်လွေ့ကို တွေ့ချင်နေသည်။

အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)က လုပ်ကြံမှုပြီးနောက် အက်စ်မီရာကိုအား လျစ်လျူရှုပြီး မိစ္ဆာသစ်သီးအား သန်း၇၀၀ဖြင့် ရရှိခဲ့သည်။ ၎င်းသည် လူအများ၏ စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့စေသည်။ ယခုတွင် ထိုသူက လေလံအိမ်ကို တာဝန်ယူထားသောသူနှင့် တွေ့ချင်နေ၏။ ချန်လွေ့ သိချင်စိတ် ပြင်းပြသွားသည်။

အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)က မျက်နှာကို မဖုံးကွယ်ထားပေ။ သူက ခန့်ညားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ရည်မွန်လှသည်။ သူ့ကို လူနှစ်ယောက်က နောက်မှလိုက်နေပြီး တစ်ယောက်မှာ ပိန်ပါးပါးနှင့် အဘိုးအိုဖြစ်ပြီး ကျန်တစ်ယောက်မှာ အရပ်မြင့်မြင့် ပိန်ပိန်းပါးပါးနှင့် လေးထာင့်မျက်နှာရှိသောသူ ဖြစ်သည်။ သူ၏မျက်လုံးထဲ၌ အေးစက်သော အငွေ့အသက်များ ရှိနေသည်။

သူလား။ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုသူမှာ သွေးရောင် အင်ပါယာ၏ အငယ်ဆုံးမင်းသားဖြစ်သော တဲရစ်မန်မွန် ဖြစ်ပြီး နတ်ဆိုးဘုံရှိ ထိပ်သီး အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သည့် မဟာရိုင်ဇန်၏ သားအငယ်ဆုံးလည်း ဖြစ်သည်။

တဲရစ်သည် တစ်ခါက ဆရာသခင် ရှင်းရှင်းကို သွေးရောင်အင်ပါယာသို့သွားပြီး ယန္တရားအစည်းအရုံး၏ လက်ထောက်ဥက္ကဋ္ဌ ဖြစ်လာရန် စည်းရုံးခဲ့သည်။ အက်ဂ်ယော အဖြစ် ဟန်ဆောင်ထားသော ချန်လွေ့လည်း ထိုနေရာ၌ ရှိနေခဲ့သည်။

တဲရစ်၏စွမ်းအားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ ထိုမင်းသားသည် ထူးချွန်သော ပါရမီရှိသည်ဟု ဖော်ပြ၍ ရနိုင်သည်။ သူသည် စစ်ဘက် ရေးရာ၊ သတင်းအချက်အလက်၊ နိုင်ငံရေးနှင့် ကုန်သွယ်ရေး၌ ကျွမ်းကျင်သည်။ ထို့ပြင် သူသည် ရက်ရောပြီး ရည်မွန်သည်။ ထို့ကြောင့် သွေးရောင်အင်ပါယာ၌ ကောင်းမွန်သော ဂုဏ်သတင်းရှိသည်။

သို့သော်လည်း ထိုမင်းသားသည် သတင်းများကဲ့သို့ မကောင်းနိုင်သော ဆရာသခင် စကိုင်းထံမှ ချန်လွေ့ ကြားခဲ့ရသည်။ သို့သော်လည်း နတ်ဆိုးဘုံ၌ ဉာဏ်မများလျှင် အထူးသဖြင့် လျို့ဝှက်ကြံစည်နေကြသော တော်ဝင်မိသားစုများအကြား၌ အသက်ရှင်ရန် ခက်ခဲလှသည်။ တဲရစ်သည် ယခုတွင် ကျော်ကြားမှုနှင့် ဂုဏ်သတင်း ရရှိထားရာ သူ၏ မယုံနိုင်စရာ ဉာဏ်ပညာနှင့်ပေါင်းလိုက်လျှင် သေချာပေါက် သာမန်မဟုတ်တော့ပေ။

ထိုပိန်ပိန်ပါးပါးနှင့် အဘိုးအိုကို ယခင်တစ်ခေါက်က ချန်လွေ့ မြင်ခဲ့ရသည်။ သူသည် မန်မွန်တော်ဝင်မိသားစုမှဖြစ်ပြီး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ ချန်လွေ့သည် ယခင်က မတွေ့ခဲ့ဖူးသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့် ယောက်ျားကို ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

မျိုးနွယ် - အမျက်တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - A+ (S-)

ခန္ဓာအမျိုးအစား - A (S-)

ခွန်အား - A+ (S)

စိတ်ဝိညာဉ် - B+ (A-)

မြန်ဆန်မှု - A (S-)

[ စိစစ်ချက် ] - မီးဂုဏ်သတ္တိ။

အပေါ်ယံမှာတော့ နတ်ဆိုးဧကရာဇ် ထိပ်သီးပိုင်းလို့ ထင်ရတဲ့ ဒီလူက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ဖြစ်မယ်။ သူ့ရဲ့ခွန်အားက S- ပေမဲ့ သူ့စွမ်းအားက S ကို ရောက်နေပြီ။ သူက စွမ်းအားသက်သက်ကို လေ့ကျင့်ထားတဲ့ပုံပဲ။

တဲရစ်တွင် နတ်ဆိုးအရှင်သခင်ကဲ့သို့ အာရုံခံစွမ်းရည် မရှိသော်လည်း အကဲဖြတ်ရာ၌ ထူးချွန်သည်။ ချန်လွေ့ အနည်းငယ်သာ အံ့အားသင့်သွားသော်လည်း တဲရစ် သတိထားမိသွားခဲ့သည်။ တဲရစ်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။ “ဒါက နာမည်ကြီး ဆာ-ချန်လွေ့ ဖြစ်မယ်။ ခင်ဗျား ကျုပ်ကို သိတာလား။”

တဲရစ်သည် အလွန်ဉာဏ်ကောင်းလှကြောင်း ချန်လွေ့ သိသည့်အတွက် ထိုအချိန်၌ မငြင်းပယ်ခဲ့ပေ။ သူက အသာလေး အရိုအသေ ပေးလိုက်သည်။ “နတ်ဆိုးဘုံရဲ့ ထိပ်တန်းပါရမီရှင်ဖြစ်တဲ့ အရှင်မင်းသား တဲရစ်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်ရတာက ကျုပ်အတွက် ကံကောင်းတာပါပဲ။ ကျုပ်က ရေးရေးလေးပဲ မှတ်မိတာ။ အဲဒါကြောင့် ကျုပ်အရှေ့မှာ အရှင်မင်းသား တဲရစ် အမှန်တကယ် ပေါ်ထွက်လာတော့ ကျုပ် အမြင် မှားနေတယ်လို့ ထင်လိုက်မိတာပါ။”

“ဆာ-ချန်လွေ့က ယဉ်ကျေးလွန်းနေတာပဲ။” တဲရစ်က အသာလေး ပြုံးလိုက်ပြီး ဂျိုးဆက်ပ်၏ အမူအရာနှင့် လုံးဝခြားနားနေသော သက်တောင့်သက်သာရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ “ဆာ-ချန်လွေ့ကသာ “ပါရမီရှင်”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပါ။ အမှောင်လကို ဒီလိုအဆင့်အထိရောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါနဲ့ အမှောင်လရဲ့ စီးပွားရေးစနစ်နဲ့ သက်ဆိုင်ရာ ပြန်လည်တည်ဆောက်မှုတွေကို ဆောင်ရွက်ဖို့အတွက် ကျုပ်ခမည်းတော်ဆီကို စာပို့ပြီးပါပြီ။ ဆာ့ရဲ့ အပတ်တကုတ် ကြိုးစားခဲ့ရတာတွေကို ခိုးချရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ။”

ဒါက ခိုးချတယ်ဆိုတာကို မင်းလည်း သိတာပဲ။ မင်းအဖေဆီကတောင် စာပို့ပြီးပြီ ဆိုတော့ အခုတောင်းပန်လို့ ဘာမှမထူးဘူး မဟုတ်လား။ တစ်စုံတစ်ယောက်က သူကိုယ်တိုင်လည်း ခိုးချခဲ့ကြောင်းကို မေ့လျော့သွားဟန်ပြီးပြီး စိတ်ထဲ၌ ဒေါသတကြီး ရေရွတ်လိုက်သည်။

စဉ်းစားကြည့်လိုက်လျှင် ယခင်က အမှောင်လသို့ တဲရစ် ရောက်လာသောအခါ သူ၏ ရည်ရွယ်ချက်တစ်ခုမှာ ဆရာသခင်ရှင်းရှင်းကို ခေါ်ယူရန်အပြင် အမှောင်လ၏ စနစ်အချို့နှင့် လုပ်ငန်းများကို စူးစမ်းလေ့လာပြီး “ခိုးချရန်”လည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမှောင်၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း ကြီးထွား လာသည့်အတွက် ညစျေး၊ ဟော့ပေါ့ အစရှိသော အရာအသစ်များသည် နတ်ဆိုးဘုံ နေရာအနှံ့တွင် ခိုးထားသောဗာရှင်းများ ရှိနေပြီဖြစ်သည်။ တဲရစ် ထိုကဲ့သို့ ပြုလုပ်သည်မှာ အံ့သြစရာ မရှိပေ။ ထို့အပြင် မင်းသားဖြစ်သော တဲရစ်က နယ်မြေတစ်ခု၏ အရာရှိ တစ်ယောက်ကို တောင်းပန်စကားဆိုခြင်းကြောင့် ချန်လွေ့ ကျေနပ်သွားမိသည်။

“အရှင်မင်းသားက အလေးအနက်ထားလွန်းတာပဲ။ ကျုပ်လည်း တစ်ခုခုကို ကူးယူတာပါပဲ။ ကျုပ်မှာ မေးစရာတစ်ခု ရှိတယ်။ ရိုင်းပြသွားရင် ခွင့်လွှတ်ပေးပါ။ အရှင်မင်းသားက တော်ဝင်မိသားစုဝင်ဆိုတော့ မိစ္ဆာသစ်သီးကို လေလံဆွဲတာက ဘာလုပ်မလို့လဲ။” သတင်းအချက်အလက်တစ်ခုခု ရရှိရန် ချန်လွေ့က တမင်တကာ မေးလိုက်သည်။

တဲရစ်က အမှန်အတိုင်း ပြောသည်။ “ကျုပ်က ကလေးဘဝကတည်းက နေမကောင်း ဖြစ်နေခဲ့တာ။ အဲဒါကြောင့် ကျုပ်ခန္ဓာကိုယ်က အားနည်းတယ်။ ကျုပ်ရဲ့ အားနည်းတဲ့ အလေ့အကျင့်ကြောင့်လည်း ကျုပ်စွမ်းအားက အမြဲတမ်း နိမ့်ပါးနေခဲ့တယ်။ ကျုပ်က မိစ္ဆာသစ်သီးရဲ့စွမ်းအားကို အသုံးချပြီးတော့ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ချင်တာပါ။ မိစ္ဆာသစ်သီး ပေးနိုင်တဲ့ သန္ဓေပြောင်းစွမ်းရည်ကိုလည်း စိတ်ဝင်စား တာပေါ့။”

လူတိုင်း သိကြသည့်အတိုင်း တဲရစ်၏ လေ့ကျင့်ရေး ပါရမီသည် သူ၏ ဉာဏ်ပညာထက် နိမ့်ပါးသည်။ သူက မဟာနတ်ဆိုးဘုရင်အဆင့်၌ ရှိနေသည်မှာ ကြာပြီ ဖြစ်ပြီး သူ၏အစ််ကို နတ်ဆိုးအရှင်သခင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့်များထက် များစွာအားနည်းလှသည်။ ရလာဒ်အနေဖြင့် သူသည် သွေးရောင်အင်ပါယာ၏ အနာဂတ် အုပ်စိုးသူနေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။

“ဒါဆိုလည်း အရှင်မင်းသား အောင်မြင်ပါစေလို့ ကျုပ် ဆုတောင်းပေးပါတယ်။ တကယ်တော့ အရှင်မင်းသားနဲ့ယှဉ်ရင် ကျုပ်လိုလူသားတစ်ယောက်က တကယ့်ကို အားနည်းတဲ့သူပါပဲ။” ချန်လွေ့က တမင်တကာပင် သက်ပြင်းချလိုက်သည်။ “တော်ဝင် မင်းသမီးက ကျုပ်ကို ဆင့်ခေါ်လိုက်တယ်။ ခင်ဗျားမှာ လေလံအိမ်အတွက် အကြံပြု စရာတွေ၊ အမြင်တွေ ဘာတွေများရှိလား မသိဘူး။”

“ကျုပ်ရဲ့ အမြင်အကြောင်း မပြောရဲပါဘူး။” တဲရစ်က ပြုံးရင်း ပြောလိုက်သည်။ “ကျုပ် လေလံအိမ်ကို အလုပ်အပ်စရာ တစ်ခုရှိတယ်။ အမှောင်လရဲ့ လေလံအိမ်က နတ်ဆိုးဘုံတစ်လျှောက်မှာ နာမည်ကျော်ကြားတယ်။ ဒီတစ်ခေါက် မရေတွက်နိုင်တဲ့ ရောင်းချသူတွေက မိစ္ဆာသစ်သီးလိုမျိုး ရတနာတွေကို လေလံတင်ဖို့ အပ်နှံခဲ့ကြတယ်။ ကျုပ် တောင်းဆိုချင်တာက အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတချို့ပဲ။ ဆာ့မှာ သတင်း ရတယ်ဆိုရင် ကျုပ်ကို ကြိုပြီး‌တော့ အသိပေးပါ။ ရောင်းသူလိုချင်တဲ့ စျေးအတိုင်း ကျုပ် တစ်ခါတည်း ပေးမှာပါ။ ပြီးတော့ လေလံအိမ်ကိုလည်း ၂၀% ပေးမှာပါ။ ဆာ့ကို သတင်းအတွက် ကျေးဇူးတင်ဖို့အတွက် အရောင်းအဝယ်စျေးနှုန်းရဲ့ ၁% ကိုလည်း သီးခြားပေးပါမယ်။”

ချန်လွေ့ အံ့အားသင့်သွားသည်။ တဲရစ်ရဲ့ ဦးနှောက်က တကယ် ဖြတ်လတ်တယ်။ သူက လေလံအိမ်အရင်းအမြစ်တွေကို အသုံးချပြီးတော့ ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းဖို့ ချက်ချင်း တွေးခဲ့တယ်။ ပြီးတော့ ၁% “ပြန်အမ်းငွေ”က သေချာပေါက် ကိစ္စကြီး တစ်ခုပဲ။ ဒီနေ့လိုမျိုး မိစ္ဆာသစ်သီးက သန်း၇၀၀ ရတယ်ဆိုရင် သီးခြားပေးမှာက ၇သန်းပဲ။ ဒါက တော်တော်များတယ်။

ချန်လွေ့ အမြန်စဉ်းစားပြီး ပျော်ရွှင်သွားပုံရသည်။ တဲရစ် သတိထားမိသွားပြီး ပြောလိုက်သည်။ “ကျုပ်မှာ သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ အဲဒါက လျို့ဝှက်ထားဖို့ပဲ။”

“ဒါက လုံးဝ ပြဿနာ မရှိပါဘူး။ တကယ်တော့ လျို့ဝှက်ထားဖို့က ဝယ်သူတိုင်း အတွက် လေလံအိမ်ရဲ့ အခြေခံအကျဆုံး ကတိတစ်ခုပါ။” ချန်လွေ့ ခေါင်းညိတ်လိုက်ရင်း မစဉ်းစားဘဲ သဘောတူလိုက်သည်။

တဲရစ်က ပိန်ပိန်ပါးပါး အဘိုးအိုကြီးကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထိုအဘိုးအိုက စာရင်းတစ်ခုကို ထုတ်ပြီး ချန်လွေ့ကို ပေးလိုက်သည်။ ချန်လွေ့က ၎င်းကို ကြည့်သည်။ ၎င်းအထဲတွင် ပစ္စည်းအများအပြား ရှိနေပြီး အများစုမှာ ရှားပါးပစ္စည်းများ ဖြစ်ကြသည်။ ပစ္စည်းတစ်ခုက ချန်လွေ့၏အာရုံကို ဖမ်းစားသွားခဲ့သည်။

ဘုံဘုရင်သစ်သီးမှာ အရုဏ်ဦးနှင်းခဲမှ ဖြစ်ပေါ်လာသော အမြုတေ ဖြစ်သည်။ ထိုသစ်သီးသည် ပိုင်နက်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုကို ထုတ်လုပ်ပေးနိုင်ပြီး စားသုံးပြီးနောက် စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ချန်ရစ်ထားပေးသည်။ ၎င်းကို အသုံးပြုသူက စုပ်ယူလိုက်မည်ဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့်များနှင့် နတ်ဆိုးဧကရာဇ် အဆင့် နီးကပ်နေသူများအား ပိုင်နက်စွမ်းအားအကြောင်းကို လေးလေးနက်နက် ပိုမို သဘောပေါက်စေသည်။

ချန်လွေ့က တစ်ခါက ချော်ရည်ပြာနယ်မြေ၏ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေ၏ လက်ထောက်ခေါင်းဆောင် လာဗတ်အဖြစ် ရုပ်ဖျက်ခဲ့ပြီး မယ်လွန်မိသားစုမှ ဘုံဘုရင် သစ်သီး၃လုံးကို လိမ်ညာယူခဲ့ဖူးသည်။ ၎င်းကို စားသုံးပြီးနောက် မယ်ဂရီဇ် အခြေအနေ၏ ပိုင်နက်စွမ်းအားကို သဘောပေါက်ရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။

မယ်လွန်မိသားစုခေါင်းဆောင် လွန်ဘာဒိုက သူတို့မိသားစု နှစ်ရာနှင့်ချီ စောင့်ကြပ်နေသော ရတနာတစ်ခုရှိကြောင်း ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ လွန်ဘာဒိုက သူ၏သား ဝီလီယမ်စ်မယ်လွန်သည် သွေးရောင်အင်ပါယာ၏ သွေးလှိုင်း ဗိုလ်ခြေ၌ တာဝန်ထမ်း‌ဆောင်နေကြောင်း ပြောခဲ့ပြီး ဝီလီယမ်စ်အား ဂရုစိုက်ပေးရန် “လာဗတ်”အား တောင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် ချန်လွေ့သည် ဘုံဘုရင်သစ်သီးများကို လိမ်ညာယူခဲ့ပြီး သေဆုံးသွားခဲ့သော လွန်ဘာဒိုကို အပြစ်ဒဏ် ခံစေရုံသာမက အထိန်းချုပ်ခံ ရုပ်သေးကိုလည်း လိပ်ပြာနီနယ်မြေသို့ အပြစ်ဖို့ရန် အသုံးချခဲ့သည်။

သို့သော်လည်း လျို့ဝှက်ဆန်းကြယ်သော လူအချို့က အရုဏ်ဦးနှင်းခဲ၏ အခြေစိုက်စခန်း၊မယ်လွန်မိသားစု၏ နေရာဟောင်းသို့ သွားရောက်ရှာဖွေခဲ့ကြသေးသည်။

(သို့သော် အရုဏ်ဦးနှင်းခဲကို ယခုတွင် မစ်-နတ်မိမယ်နဂါးက ယူသွားခဲ့လေပြီ။ သူက ၎င်းသည် အကောင်းဆုံ စမ်းသပ်ကုန်ကြမ်းဟုလည်း ပြောခဲ့သည်။)

ဒီလိုဆိုရင် လာဗတ်က သွေးရောင်အင်ပါယာကနေ ချော်ရည်ပြာနယ်မြေကို လွှတ်လိုက်တဲ့ သူလျှို ဖြစ်မယ်။ ပြီးတော့ မယ်လွန်မိသားစုကလည်း တကယ်တမ်း သွေးရောင်အင်ပါယာ လက်အောက်ကပဲ။ တဲရစ်က သွေးရောင်အင်ပါယာရဲ့ မင်းသား အငယ်ဆုံးပဲ။ ပြီးတော့ သူအမြန်လိုနေတဲ့ ပစ္စည်းတွေထဲမှာ ဘုံဘုရင်သစ်သီးလည်း ပါနေတယ်။

ဒါတွေကြားမှာ ဆက်စပ်နေတာ ရှိနေလား။ ဒါမှမဟုတ် တိုက်ဆိုင်တာလား။

ချန်လွေ့ အာရုံ အနည်းငယ် ပျံ့လွင့်နေသည်ကို တဲရစ် သေသေချာချာ သတိထား လိုက်မိပြီး မေးလိုက်သည်။ “ဆာ-ချန်လွေ့။ ပြဿနာတစ်ခုခု ရှိလို့လား။”

ချန်လွေ့ သတိပြန်ဝင်လာပြီး ပြန်ဖြေသည်။ “အရှင်မင်းသား။ အမှန်အတိုင်း ပြောရရင် ဒီလိုပစ္စည်းတွေက တော်တော်လေး ရှားပါးတယ်။ တချို့ကိုတော့ ကျုပ် တစ်ခါမှ မကြားဖူးဘူး။ အချိန်တိုအတွင်းတော့ ဘာသတင်းမှ ကြားရနိုင်မှာ မဟုတ်ဘူး။”

“အင်း။ မဟုတ်ရင် ခင်ဗျားရဲ့ လေလံအိမ်နဲ့ ဆာ့ကို ကျုပ် အလုပ်အပ်မှာ မဟုတ်ဘူးလေ။” တဲရစ်က အဘိုးကြီးတစ်ယောက်အား သိုလှောင်လက်စွပ်တစ်ခု ထုတ်ပေးရန် ခြေဟန်လက်ဟန် ပြလိုက်သည်။ “ဒီထဲမှာ မှော်အဆက်အသွယ် အဆောင်တစ်ခုပါတဲ့ အိတ်တစ်လုံး ရှိတယ်။ ခင်ဗျား သတင်းတစ်ခုခု ရမယ်ဆိုရင် ကျုပ်ကို အမြန်ဆုံး ဆက်သွယ်ပေးပါ။ ဒီသလင်းကျောက်ဒင်္ဂါး အနည်းငယ်ကိုတော့ ကျုပ်မိတ်ဆွေကို လာတွေ့တဲ့ လက်ဆောင်အနေနဲ့ သဘောထားပေါးပါ။ ဆာ။”

ချန်လွေ့က အသိစိတ်ဖြင့် ရှာဖွေပြီးနောက် အတွင်းထဲ၌ သလင်းကျောက်နက် ဒင်္ဂါးအိတ်များကို ခံစားမိလိုက်သည်။ ကြည့်ရတာ ဒီမင်းသားက ‌တော်တော်လေး ရက်ရောတဲ့ပုံပဲ။ ဒီလို “ရက်‌ရောတဲ့”ပုံစံကို ငါ တစ်နေရာရာမှာ တွေ့ဖူးခဲ့သလိုပဲ။ ပြီးတော့လည်း တစ်ခါမကဘူး။

ငါ အတွေးလွန်နေတာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူက အင်အားအကြီးဆုံး အင်ပါယာရဲ့ မင်းသားတစ်သားပဲ။ သူ ရက်ရောတာကတော့ သံသယဖြစ်စရာ မဟုတ်ဘူး။ အကဲဖြတ်ကောင်းသော တဲရစ်နှင့် ရင်ဆိုင်ရသောအခါ ချန်လွေ့ တုံ့ဆိုင်းမနေဘဲ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “စိတ်ချပါ။ အရှင်မင်းသား။ အရှင်မင်းသားရဲ့ “ရင်းနှီးမှု”အတိုင်း ဖြစ်မြောက်လာမှာပါ။”

ချန်လွေ့၏ တုံ့ပြန်မှုကြောင့် တဲရစ်လည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။ ချန်လွေ့က ယဉ်ကျေးစွာဖြင့် ပြုံးပြလိုက်သည်။ “ဒါဆို ခင်ဗျားဆီက သတင်းကောင်းတွေ ကျုပ် မျှော်နေပါ့မယ်။”

ထွက်ခွာသွားကြသည့် တဲရစ်နှင့် အခြားသူနှစ်ယောက်၏ ကျောဘက်ကို ကြည့်ရင်း ချန်လွေ့က ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ တဲရစ်သည် သုံးယောက်ထဲ၌ အားအနည်းဆုံးဟု စူပါစနစ်၏ စွမ်းအားအချက်အလက်၌ ပြသသော်လည်း ထိုပါရမီရှင်မင်းသားမှာ ကြောက်စရာအကောင်းဆုံး ဖြစ်ပုံရသည်။

All Chapters