အဆောင်ပစ္စည်းမျှဝေခြင်းကဏ
Vol. 28 Ch. 412
ညနေခင်းပိုင်း၌ ငြိမ်ဝပ်ပိပြားရေးအရာရှိနေအိမ်တွင် အသီနာ၊ ဇိုလာနှင့် ခီရာတို့ အခန်းထဲထိုင်ရင်း စကားပြောနေကြသည်။
ခီရာက စိတ်ပူနေဟန်တူသည်။ “ချန်လွေ့ အပြင်မထွက်လာတာ ၅ရက် ရှိနေပြီ။ ပြဿနာတစ်ခုခု မရှိလောက်ပါဘူးနော်။”
“စိတ်မပူပါနဲ့။” အသီနာ နှစ်သိမ့်ပေးလိုက်သည်။ “သူ အဆင်ပြေမှာပါ။ သူ့ကို ယုံကြည်ထားလိုက်ပါ။”
ဇိုလာလည်း ပြောလိုက်သည်။ “ဒီလိုလေ့ကျင့်တာ ပုံမှန်ပါပဲ။ ဒီထက်တောင် ပိုပြီး ကြာတာရှိတယ်။ ဆောင်းခိုနဂါးလို့ခေါ်တဲ့ ရှားပါး နဂါးအတုတစ်ကောင်ကို ငါမှတ်မိတယ်။ သူကအမွေးကျွတ်သန္ဓေပြောင်းလဲခြင်းကို နှစ်ပေါင်း၁၀၀ကျော်ကြာ မစားမသောက်ဘဲနဲ့ လုပ်ဆောင်တာ။ ”
ထိုနှစ်သိမ့်ပေးမှုသည် ဆန့်ကျင်ဘက် ဖြစ်သွားဟန်တူပြီး ခီရာ ထိတ်လန့်သွား၏။ “နှစ်၁၀၀တောင် ကြာမှာလား။”
အသံတစ်သံ ထွက်ပေါ်လာ၏။ “ငါ့ခီရာလေးက ဒီည ငါ့ကို အဖော်မပြုပေးရင် ငါ ဆောင်းခိုနဂါး ဖြစ်တော့မှာ။”
“ချန်လွေ့။” အသီနာနှင့် ခီရာတို့၏အသံများ တစ်ပြိုင်နက်တည်း ထွက်လာသည်။
တစ်ဖက်တည်း ဇိုလာက တစ်စုံတစ်ယောက်ကို တွေ့ထားသကဲ့သို့ပင် မျက်နှာ တည်ငြိမ်နေ၏။ သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှု ပြသလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။ “ငါနင့်ကို ပြောဖို့ မေ့သွားတယ်။ အဲဒီနဂါးက ကျား၊မ လိင်အင်္ဂါ နှစ်မျိုးလုံးရှိတာ။ သူ့ကို ယင်ယန်သားရဲလို့လည်း ခေါ်ကြတယ်။”
“ထွီး။” ချန်လွေ့က ခီရာ ကမ်းပေးသော ရေကိုသောက်ပြီး ထိုစကားကို ကြားလိုက်ရသည့်အခါ ထွေးထုတ်လိုက်မိသည်။ တကယ်ကြီး ဒီလိုထူးဆန်းတဲ့ “နဂါး”မျိုး ရှိသေးတာလား။ ဒါဆိုရင် မိတ်လိုက်တာက ကိုယ့်ကိုယ်ကိုယ်ပဲ မဟုတ်လား။
ခီရာ တခစ်ခစ်ရယ်ရင်း မျက်နှာသုတ်ပဝါတစ်ထည် ကမ်းပေးလိုက်သည်။ “ကျွန်မတို့သုံးယောက် အတူတူအိပ်မယ်လို့ ခုနက ဆွေးနွေးပြီးပြီ။ ရှင် ဆောင်းခိုနဂါးပဲ ဖြစ်နေလိုက်တော့။”
ချန်လွေ့၏မျက်နှာ ပို၍ပင် ခါးသက်သက် ဖြစ်သွားခဲ့သည်။ တကယ်လို့ ခီရာနဲ့ အသီနာတို့ အတူတူ အိပ်ကြမယ်ဆိုရင် ငါတို့က ပျော်ရွှင်တဲ့ချစ်သူတွေ ဖြစ်ကြမှာ။ ဒါပေမဲ့ ဇိုလာပါ ထပ်ပါလာရင်တော့ ငါ တံခါးထဲတောင် မဝင်နိုင်မှာ စိုးရတယ်။
“ချစ်ရတဲ့ ဇိုလာ....”
“အိုး....”
“ည အတူတူ အိပ်ကြရအောင်။ ဟုတ်ပြီလား။”
“ဘာပြောတယ်။”
“အတူတူ အိပ်ရအောင်လေ။”
“အိုး။”
“...................”
“......”
တစ်စုံတစ်ယောက်က မျက်လုံးလှန်လိုက်ပြီး တစ်ခုခု ထုတ်လုပ်သည်။ “မင်း သဘောတူမယ်ဆိုရင် ထိပ်တန်းရတနာ လက်ဆောင်တစ်ခု ရှိတယ်။”
ချန်လွေ့ စကားပြောပြီးသည်နှင့် “ထိပ်တန်းရတနာ”သည် ဇိုလာ၏လက်ထဲသို့ ရောက်ရှိသွားခဲ့လေပြီ။ ထိုကဲ့သို့ အဖြူဖျော့ရောင် မျက်နှာလွှားကို မြင်သည့်အခါ နတ်မိမယ်နဂါးက မည်သို့ထူးခြားသော လှုပ်ရှားမှုကိုမျှ မခံစားရပေ။ ထို့ကြောင့် သူ သံသယ ဝင်မိသွားသည်။ “ဒါက ဘာရတနာလဲ။”
“ဒါက မှော်ငှက်တောင် မျက်နှာလွှား။ အရင်ဆုံး သွေးတစ်ဝက်ချလိုက်။”
“ဒါဆို မညစ်ပတ်သွားဘူးလား။” ထိုသို့ပြောလိုက်သော်လည်း မစ်-နတ်မိမယ်နဂါး လက်ပေါ်၌ သွေးတစ်စက် ရှိနေပြီ ဖြစ်ပြီး အဖြူရောင်မျက်နှာလွှားအပေါ်သို့ အစက်ချ လိုက်သည်။ အဖြူရောင်မျက်နှာလွှားပေါ်သို့ သွေးစက်ကျသွားသည်နှင့် မှော်ငှက်တောင် မျက်နှာလွှားတစ်ခုက အလင်းရောင်ဖျော့ဖျော့ တောက်ပလာ၏။
သွေးနှင့်အလင်းရောင်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကြပြီး မှော်ငှက်တောင် မျက်နှာလွှားလည်း မူလအဖြူရောင် ပြန်ဖြစ်သွားသည်။ သို့သော်လည်း ဇိုလာ၏ နှလုံးသားထဲ၌ ထိုမျက်နှာလွှားသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်သွားသကဲ့သို့ပင် အသွေးအသား ရောစပ်သွားသော ပြင်းထန်သည့် ခံစားချက်တစ်ခု ရရှိခဲ့သည်။ သူ၏ စိတ်ထဲ၌ အဖြူရောင်မျက်နှာလွှား၏ အမျိုးမျိုးသော စွမ်းအားကြီး ဂုဏ်သတ္တိများ စတင် ပေါ်ထွက်လာခဲ့လေသည်။
“ဒီအဝတ်စက အမြန်နှုန်းကို ၁.၂ဆ တိုးစေတယ်။ ရုပ်ပိုင်းဆိုင်ရာခွန်အား၊ စိတ်ဝိညာဉ်စွမ်းအားနဲ့ မှော်စွမ်းအားကို ၂ဆ ပြန်ပြည့်စေတယ်။ မှော်ခုခံမှုကိုလည်း ကြီးကြီးမားမား တိုးမြှင့်ပေးတယ်။ [ကိုယ်ဖော့] လို့ခေါ်တဲ့ အလိုအလျောက်အစွမ်းလည်း ရှိတယ်။ သေစေနိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကို ခံရမယ်ဆိုရင် တယ်လီပို့ အလိုလို ခုန်ပြီး အန္တရာယ်ကနေ လွတ်မြောက်စေနိုင်တယ်။ အဲဒါကို တစ်နာရီမှာနှစ်ခါ သုံးလို့ရတယ်။ အလိုအလျောက် ထိခိုက်မှု ပြန်ပြင်ဆင်ခြင်းအပြင် ဆွဲဆန့်နိုင်စွမ်းနဲ့ ပုံသဏ္ဌာန် ပြောင်းနိုင်စွမ်းလည်း ရှိတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီမှော်ငှက်တောင် မျက်နှာလွှားရဲ့ ပုံသဏ္ဌာန်နဲ့ အရောင်ကို ကြိုက်သလို ပြောင်းလို့ရတယ်။”
ချန်လွေ့၏စကားများက မိန်းမ၃ယောက်၏ မျက်လုံးများကို တစ်ချိန်တည်းမှာပင် အရောင်တောက်သွားစေပြီး သူတို့၏မျက်လုံးများက ထိုမျက်နှာလွှားအပေါ်သို့ ရောက်ရှိ သွားကြသည်။ ခုနကပြောခဲ့သော အလွန်အမင်း အစွမ်းထက်သည့် ဂုဏ်သတ္တိများကို အသာထား။ ပုံသဏ္ဌာန်နှင့် အရောင်ကို ပြောင်းလဲနိုင်သည် ဆိုသည့်တစ်ချက်တည်းနှင့်ပင် မိန်းမသားအားလုံးကို ဆွဲဆောင်နိုင်ရန် လုံလောက်နေသည်။
“ဟုတ်တယ်။ ခုနက သွေးစက်က အသိအမှတ်ပြုဖို့ အတွက်လား။” ဇိုလာက အလွန်ပင် ဗဟုဟုတ ကြွယ်ဝသည်။ သူက ချက်ချင်းပင် အဓိကမေးခွန်းတစ်ခုကို သတိထား မိလိုက်သည်။ “၁၂၀ % နဲ့ ၂၀၀ % တိုးမြှင့်ဂုဏ်သတ္တိတွေလည်း ရှိတယ်။ ဒါက .... မှော်ကွန်းတင်အဆင့် အဆောင်ပစ္စည်းလား။ ”
သာမန်အသုံးအဆောင်များ၏ အမြင့်ဆုံးတိုးမြှင့်နှုန်းမှာ ၁၅% ဖြစ်ပြီး ဆုတ်ယုတ်သော ဂုဏ်သတ္တိများပင် ရှိနိုင်သည်။ ထူးကဲအဆင့်အသုံးအဆောင်များ၏ အမြင့်ဆုံးတိုးမြှင့်နှုန်းမှာ ၃၀ % ဖြစ်ပြီး ဆုတ်ယုတ်သော ဂုဏ်သတ္တိများ မရှိပေ။ ဒဏ္ဍရီလာအဆင့် အသုံးအဆောင်များ၏ အမြင့်ဆုံးတိုးမြှင့်နှုန်းမှာ ၅၀ % အထိ ရောက်ရှိနိုင်သည်။ အဆင့်ပိုမြင့်သော မှော်ကွန်းတင်အဆင့် အသုံးအဆောင်မှာ အဆောင်ပစ္စည်းဖြစ်ပြီး တိုးမြှင့်ဂုဏ်သတ္တိများဖြင့် တိုင်းတာ၍ မရနိုင်တော့ဘဲ ၅၀ % မှ ၂၀၀ % အထိ ရှိနိုင်ပေသည်။ ၎င်းသည် မှော်ကွန်းတင်အဆင့် အဆောင်ပစ္စည်းတစ်ခုသာ ရှိနိုင်သော အင်္ဂါရပ်တစ်ခု ဖြစ်သည်။
ဇိုလာက ချန်လွေ့သည် သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ဖြစ်ကြောင်း သိသည်။ သို့သော်လည်း ချန်လွေ့သည် အဆောင်ပစ္စည်းများကို လုပ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဒါဆိုရင် သူက ဆေးရည်နဲ့ ယန္တရားပညာမှာ မဟာဆရာသခင်တစ်ယောက် ဖြစ်နေပြီ မဟုတ်လား။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ဒါက မဟာဆရာသခင်ဆီကနေ ဆက်ခံထားတဲ့ အဆောင်ပစ္စည်း ချပ်ကာတစ်ခုပါ။ ကံဆိုးချင်တော့ ကိုယ်က အမွေအနှစ်ထဲကအတိုင်းပဲ လုပ်နိုင်တာ။ ကိုယ်တိုင်ပုံစံဖော်ပြီး အဆောင်ပစ္စည်းတစ်ခုကို မဖန်တီးနိုင်ဘူး။ မင်း ခုနက သွေးစက်ချပြီး ပိုင်ရှင်အဖြစ် လက်ခံပြီးပြီ။ အဲဒါကြောင့် ဒီမှော်ငှက်တောင် မျက်နှာလွှားရဲ့ စွမ်းအားကို မင်းကလွဲပြီး ဘယ်သူမှ အသက်သွင်းလို့ မရဘူး။”
အသီနာနှင့် ခီရာတို့က မနာလိုကြောင်း ပြသနေကြသည်။ ဒီအဝတ်စရဲ့ သက်ရောက်မှုက တော်တော်လေး စွမ်းအားကြီးပြီးတော့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေလည်း ရှိတယ်။ ဒါက တော်ဝင်မိသားစုကလွဲရင် ဘယ်သူမှ သုံးလို့မရတဲ့ နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုးလိုပဲ။
(တစ်စုံတစ်ယောက်မှလွဲ၍)
ဒါက လုံးဝ မမျှတဘူး။ အများဆုံးတော့ နောက်တစ်ခါ ငါတို့အတူအိပ်ရင် မျက်မှန်တပ်ထားရမယ်.....။ အစေခံမလေးက နှုတ်ခမ်းကိုက်ထားပြီး ယနေ့ည၌ ဆောင်းခိုနဂါးအား လူသားပြန်ဖြစ်စေရန် တစ်ခုခု ပြောချင်သော်လည်း အသီနာနှင့် ဇိုလာအရှေ့၌ပြောရန် ရှက်နေသည်။ သူ တုံ့ဆိုင်းနေစဉ် အဖြူရောင် ဆင်တူမျက်နှာလွှား တစ်ခုသည် သူ၏ လက်ထဲ၌ ပေါ်ထွက်လာသည်။ သူ၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားခဲ့သည်။
“တစ်ယောက်တစ်ခု။ ကိုယ့်ကို မမျှတဘူးလို့ မပြောနဲ့။” ချန်လွေ့က နောက်တစ်ခုကို အသီနာအား ကမ်းပေးလိုက်ပြီး ရယ်လိုက်သည်။ “ဇိုလာ။ ဒီလက်ဆောင်ကို မင်းသဘောကျတယ်ဆိုရင် ဒီည ကိုယ်တို့အားလုံး အတူတူ အိပ်ကြရအောင်။”
“အိုး။”
အကျိုးအမြတ်တွေရပြီးတော့ ငါ့ကို အသိအမှတ် မပြုဘူးလား။ ဇိုလာ၏ ငေးငိုင်သော အကြည့်က ချန်လွေ့ကို ဆွံ့အသွားစေသည်။ သူက ဆိုးဝါးသောအကြံကို လက်လျှော့လိုက်သည်။ သူသည် စံနှုန်းကို လျှော့ချပြီး အခြားနှစ်ယောက်ကိုသာ အာရုံစိုက်ထားလိုက်သည်။
“ခီရာ။ ကိုယ်တို့နဲ့ အသီနာ....”
“အိုး..” သူသည် အမျိုးသမီးတစ်ယောက်ကို အတုခိုးပြီး ငေးငိုင်နေဟန် ဆောင်နေသည်မှာ သိသာလှပေသည်။
မဖြစ်ရဘူး။ အိပ်ချိန်မှာ အမြဲပျော်ရွှင်စေခဲ့တဲ့ နတ်ဆိုးမလေးတောင် စိတ်နှလုံး မကောင်းတဲ့ မျက်မှန်နဲ့မိန်းကလေးရဲ့ ကူးစက်တာကို ခံလိုက်ရပြီ။
“ဟူး။ အသီနာ။ ဒါဆိုလည်း ကိုယ်တို့နှစ်ယောက်ပဲပေါ့...” စံပုံစံကို အနိမ့်ဆုံးအထိ ချထားခဲ့သော ချန်လွေ့က ရုတ်တရက် အော်ဟစ်လိုက်သည်။ “ဟေး။ဟေး။ မင်း သဘောမတူဘူးဆိုရင် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရဖို့ သွေးစက်မချနဲ့လေ။”
အသီနာက ချန်လွေ့ကို တအံ့တသြနှင့် ငေးကြည့်လိုက်သည်။ သို့သော်လည်း သွေးတစ်စက်က အဖြူရောင် မျက်နှာလွှားပေါ်သို့ အလျင်အမြန် ကျဆင်းသွားပြီး အရောက်တောက်လာ၏။ ငြိမ်ဝပ်ပိပြားရေး အရာရှိမလေးက မေးဟန်ဆောင် လိုက်သည်။ “ဘာပြောတာလဲ။”
ချန်လွေ့သည် ခြေထောက်ပင် မခိုင်တော့ဘဲ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးပဲ။ ငါ့ရဲ့ ချစ်ရတဲ့ အဖိုးတန် အသီနာတောင် ပါသွားပြီ။
“မင်းတို့အားလုံး...”
တစ်စုံတစ်ယောက်၏ ခံစားချက်များ ရောပြွမ်းပြီး မကျေနပ်ချက်များကို ဖော်ပြမည်ကို စောင့်မနေတော့ဘဲ မိန်းမ၃ယောက်၏ ဒရာမာ စတင်တော့ပြန်သည်။
“ခီရာ။ ငါဘယ်လိုပုံစံမျိုး ပြောင်းသင့်လဲ။ ငါ့ကို ပုံစံဆွဲပေး။”
“ငါ့ကိုရောပဲ။”
“ဇိုလာ။ ကျက်သရေဂါဝန်ရှည်နဲ့ နင်လိုက်တယ်။ စဉ်းစားလိုက်ဦးမယ်။ အရင်တစ်ခေါက်လိုမျိုး ဗွီပုံစံလည်ပင်းလေ။ ဒါပေမဲ့ လက်ကတော့....”
“အင်း...အင်း...အပြာဖျော့ဖျော့နဲ့ အဖြူရောင် ကျက်သရေဂါဝန်ရှည်လား။”
“ဟုတ်တယ်။ အသီနာ။ နင် ရိုးရိုးရှင်းရှင်းဖြစ်တဲ့ စကတ်တိုတို ဝတ်သင့်တယ်။”
“အင်း အင်း...”
“...”
ချန်လွေ့သည် အသွင်အပြင်အား မည်သို့ပုံဖော်ရမည်ကို စိတ်လှုပ်တရှား ဆွေးနွေး နေကြသော မိန်းမ၃ယောက်ကို ကြောင်တောင်တောင်နှင့် ကြည့်နေလိုက်သည်။ ခါးသက်သက် ဖြစ်နေသော မူရင်းဖန်တီးရှင်က လျစ်လျူရှုခံလိုက်ရသည်မှာ သေချာနေပြီ ဖြစ်သည်။
အမြတ်အစွန်း-ဝေငှသောကဏ ဆက်လက် ဖြစ်ပွားခဲ့သည်။ ခဏအကြာ၌ အဆိပ်နဂါးနှင့် သူ၏မိန်းမအပြင် ရိုမန်တို့လင်မယားလည်း ဝင်းထဲ ရောက်ရှိလာကြ၏။
ယခုတစ်ခေါက်၌ လဲလှယ်ရေးဌာနသည် အဆောင်ပစ္စည်း၆မျိုးကို ထပ်ထည့် ပေးခဲ့သည်။ သုံးမျိုးမှာ လက်နက်များဖြစ်ပြီး အခြားသုံးမျိုးမှာ ချပ်ကာဖြစ်သည်။ ကုန်ကြမ်း အများအပြားကို လေလံအိမ်နှင့် ကုန်စည်ပြပွဲတို့မှ ရရှိခဲ့သော်လည်း မလုံလောက်သေးပေ။ အထူးသဖြင့် လက်နက်များအတွက် ရှားပါးကုန်ကြမ်းများကို လိုအပ်နေသေးသည်။ ချန်လွေ့သည် ကိုယ်ပိုင်အသုံးပြုရန်အတွက် ဓားရှည်တစ်လက် ဖြစ်သော မြောက်အဏ္ဏဝါကိုသာ ပြုလုပ်နိုင်ခဲ့သည်။ ချပ်ကာအတွက် သူသည် မှော်ငှက်တောင် မျက်နှာလွှား၆ခုနှင့် ချပ်ကာအလေး တစ်ခုဖြစ်သည့် အရှင်သခင်ချပ်ကာကို ပြုလုပ်ခဲ့သည်။ သူသည် အဖိုးတန် “မိုးခြိမ်းသံ”နှစ်မျိုးကိုလည်း ပြုလုပ်ခဲ့သည်။
ကုန်ကြမ်းသန့်စင်ခြင်း၊ ဖော်မြူလာဝယ်ယူခြင်း၊ ပုံကြမ်း ဝယ်ယူခြင်း၊ သန့်စင်ခြင်း ကုန်ကျစရိတ် စသည့် ပစ္စည်းကုန်ကျစရိတ်များကို တွက်ချက်ပြီးသည့်အခါ ချန်လွေ့၏ သန်း၂၀၀နီးပါး အရှိန်အဝါ မလုံလောက်ခဲ့ပေ။ ကံကောင်းစွာပင် သူသည် အရှိန်အဝါ ထောက်ပံ့ပေးသော အရှိန်အဝါသစ်သီး အမြောက်အမြားကို စုဆောင်းထားခဲ့ပြီး နောက်ဆုံး၌ ထုတ်လုပ်ရေး ပြီးမြောက်သွားခဲ့သည်။ လက်ရှိ၌ သူ့တွင် အရှိန်အဝါ ၆သန်းသာ ကျန်တော့သည်။
မှော်ငှက်တောင် မျက်နှာလွှားမှာ အမျိုးသမီးများအကြိုက် ဖြစ်သည်။ ဒေလီယာနှင့် ခရိုဘဲလက်စ်တို့အပြင် တော်ဝင်မင်းသမီးအတွက်လည်း ချန်လွေ့ ချန်ထားခဲ့သည်။
ကျန်ရှိသည့် ရိုမန်နှင့် ပါ့ဂ်လီအိုတို့ကို အရှင်သခင်ချပ်ကာတစ်ခု မျှဝေပေး၍ မရနိုင်ပေ။ ရိုမန်၏ပုံစံမှာ အဓိကအားဖြင့် အမြန်နှုန်းကို အခြေခံထားသည့်အတွက် ချပ်ကာအပေါ့ဖြစ်သော မြန်ဆန်မှု တိုးမြှင့်ပေးသည့် ဆန်းကြယ်ကျောက်စိမ်းချပ်ကာက သူနှင့် အသင့်တော်ဆုံး ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့က အရှင်သခင်ချပ်ကာအား အဆိပ်နဂါးထံပေးလိုက်ပြီး ရိုမန်ကို “မိုးခြိမ်းသံ” ပေးလိုက်သည်။
ထိုမိုးခြိမ်းသံ၏ ဂုဏ်သတ္တိများမှာ - [ မိုးကြိုး ] မှော်ပညာကို ၁၁၀ % တိုးမြှင့်ပေးခြင်း၊ မသေမျိုးထိခိုက်မှုကို ၁၈၀ % တိုးမြှင့်ပေးခြင်း၊ အမြန်နှုန်းကို ၅၂ % တိုးမြှင့်ပေးခြင်း၊ နှစ်ဆထိခိုက်မှုဖြစ်စေရန် ၂၄ % အခွင့်အရေးရှိခြင်း၊ ထပ်တိုး [ မိုးကြိုး ] တိုက်ခိုက်မှု ဖြစ်စေရန် ၂၀ % အခွင့်အရေးရှိခြင်းတို့ ဖြစ်သည်။
ချန်လွေ့၌ရှိသောတစ်ခုနှင့်ယှဉ်လျှင် မသေမျိုးထိခိုက်မှု အတော်လေး နိမ့်ကျ သွားသော်လည်း [ မိုးကြိုး ] မှော်ပညာထိခိုက်မှု ကြီးကြီးမားမား တိုးမြင့်သွားခဲ့သည်။ လေဒြပ်စင်ကို ကျွမ်းကျင်သော ရိုမန်အတွက် ပိုမိုအသုံးဝင်သော ထိပ်တန်း ဂုဏ်သတ္တိတစ်ခု ဖြစ်သည်။ ရိုမန်ကို အဆွဲဆောင်နိုင်ဆုံးမှာ လှုပ်ရှားနှုန်း တိုးမြှင့်ခြင်း ဖြစ်သည်။ ဘယ်ဖီဂေါ မိသားစုမှာ တော်ဝင်မိသားစု၇ခုအတွင်း၌ အမြန်ဆုံး ဖြစ်နေပြီ ဖြစ်သည်။ ထိုရတနာသည် သူ့အတွက် လုံးဝကို အံကိုက်ပင် ဖြစ်လေ၏။
နောက်ထပ် မိုးခြိမ်းသံအတွက် အသင့်တော်ဆုံးသူမှာ ဘယ်ဖီဂါတော်ဝင်မိသားစုမှ အစ်ဇဘယ်လာ ဖြစ်သည်။ သို့သော် မစ်-ရင်းနီသည် ခရိုဘဲလက်စ်၏ ရင်းနှီးသော မိတ်ဆွေတစ်ယောက် ဖြ်စသော်လည်း အသိုင်းအဝိုင်းထဲသို့ အမှန်တကယ် မဝင်ရောက် လာသေးပေ။ သူ့ကို ကိစ္စအတော်များများ ဖုံးကွယ်ထားရန် လိုအပ်သည်။ ထို့ကြောင့် ထိုအဆောင်ပစ္စည်းကို အနီးကပ်တိုက်ခိုက်ရေး၌ အစွမ်းအထက်ဆုံးဖြစ်သော ပါ့ဂ်လီအိုထံ ပေးခဲ့သည်။ အနာဂတ်၌ သင့်တော်သော အခွင့်အရေးတစ်ခုရရှိလျှင် သူ့အတွက် ချန်လွေ့ နောက်ထပ်တစ်ခု ဖန်တီးပေးနိုင်ပေသည်။
ဒေလီယာအပါအဝင် မိန်းမ၅ယောက်က မှော်ငှက်တောင် မျက်နှာလွှားအကြောင်း စကားပြောနေကြသည်ကို မြင်သည့်အခါ ယောက်ျား၃ယောက် အရက်ခွက်တိုက်ပြီး တစ်ပြိုင်နက်တည်း ပြုံးလိုက်ကြသည်။
ရိုမန်က သူ၏အသစ်စက်စက် မိုးခြိမ်းသံကို ဖျစ်ညှစ် ကစားနေပြီး ပြောလိုက်သည်။ “မင်းက တော်တော်ကြမ်းတာပဲ။ ခေါင်းဆောင်။ မင်းက အဆောင်ပစ္စည်းတစ်ခုကိုတောင် ဖန်တီး နိုင်တယ်။ အဲဒီမဟာဆရာသခင်ကို ငါအခုပဲ ကိုးကွယ်ချင်နေပြီ။”
“အဲဒီ မဟာဆရာသခင် ဝူခုန်းမှာ နဂါးသွေးရှိမယ်လို့ ငါပြောရဲတယ်။” ပါ့ဂ်လီအိုက မြကျောက်စိမ်းဝိုင်တစ်ငုံသောက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရှင်သခင်ချပ်ကာကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။
သူက အသေအချာကို မျောက်ကြီးပါ။ ဟုတ်ပြီလား။ ချန်လွေ့ ရေရွတ်လိုက်သည်။ စွမ်းဆောင်ရည်ရှိတဲ့သူတိုင်းကို သူရဲ့ဘိုးဘေးဆီ ဆွဲခေါ်နေတယ်။ ဒီဘဲခေါင်းနဂါးကို ဂြိုလ်သား ဝင်စီးထားတာလား။
“ခေါင်းဆောင်။ မင်းနဲ့ငါ့အဒေါ်တို့ အစီအစဉ်တစ်ခု ဆွဲထားတာ ငါသိတယ်။ အမှောင်လက သိပ်မကြာခင် ချော်ရည်ပြာနယ်မြေကို တပ်ဖွဲ့တွေ စေလွှတ်မှာ။ ဘယ်သူသွားမလဲ သိလို့ရလား။”
“အသီနာနဲ့ငါက မီးလျှံဗိုလ်ခြေရဲ့ လက်ရွေးစင်တွေကို ဦးဆောင်သွားမယ်။ အိုး။ ငါတို့က “အက်ဂ်ယော”ကိုလည်း ခေါ်သွားမယ်။”
သေချာခွဲခြမ်းစိတ်ဖြာစဉ်းစားပြီးနောက် ချန်လွေ့နှင့် အစ်ဇဘယ်လာတို့က ဗိုလ်ခြေခေါင်းဆောင် အသီနာအား စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။ ချန်လွေ့ကမူ အသီနာကို စိတ်မချဟုဆိုကာ အဖော်ပြုပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သည်။ အသီနာ၏ လက်ရှိစွမ်းအားမှာ မဟာနတ်ဆိုးဘုရင် ကနဦးပိုင်းသို့ ရောက်နေပြီး ခက်ခက်ခဲခဲ လေ့ကျင့်လိုက်လျှင် အလတ်ပိုင်းသို့ ရောက်ရှိ သွားနိုင်သည်။ သို့သော်လည်း ချော်ရည်ပြာနယ်မြေ၏ လက်ရှိအခြေအနေကို သေချာ မသိရသေးပေ။ မှန်းဆ၍မရသော အန္တရာယ်အချို့လည်း ရှိနေနိုင်သည်။
အစ်ဇဘယ်လာက ချန်လွေ့၏ စွမ်းအားအမှန်ကို မသိပေ။ သူ၏မျက်လုံးထဲ၌ ထိုဘဏ္ဍာရေး အရာရှိမှာ စွမ်းအားမရှိသော ဉာဏ်များသည့် လူနုံတစ်ယောက်သာ ဖြစ်၏။ မူလက သူသည် ထို “ဝန်ထုတ်ဝန်ပိုး၏” အဖော်ပြုမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ခဲ့သည်။ သို့သော်လည်း ချန်လွေ့က အကြောင်းအမျိုးမျိုးပြပြီး အသီနာနှင့်သွားရန် မရမက တောင်းဆိုခဲ့သည်။ သူက လျို့ဝှက်သက်တော်စောင့် “အက်ဂ်ယော” ကိုလည်း လိုက်ပါစေခဲ့သည်။
အစ်ဇဘယ်လာက “အက်ဂ်ယော”သည် လီရိုမြို့ တောနက်တိုက်ပွဲထဲ၌ လိပ်ပြာနီအုပ်စိုးသူ ဂျို့ရှ်ကို အနိုင်ယူခဲ့ပြီး မြို့တော်သံတမန် ရုစ်အား ခေါင်းဖြတ်ခဲ့ကြောင်း သိသည်။ သူ၏စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော မိမိထက် သာလွန်သည်။ ထိုသူက အသီနာနှင့် ချန်လွေ့တို့ကို ကာကွယ်ရန် ကိစ္စမရှိလောက်ပေ။ လူသား၏ “အသိဉာဏ်”သည် အင်အားသုံး၍မရသော ပြဿနာအများအပြားကို ဖြေရှင်းနိုင်လောက်သည်။ ထို့ကြောင့် သူလည်း အတင်းအကြပ် မပြောနေတော့ပေ။
ထိုကမ်းလှမ်းချက်ကို ရှီရာ သဘောတူခဲ့သည်။ လက်ရှိတွင် အမှောင်လ၏ မီးလျှံဗိုလ်ခြေသည် ဝန်ထမ်းများကို ရွေးချယ်နေပြီး ပြင်ဆင်မှုများ ပြုလုပ်နေသည်။ သူတို့သည် ၃ရက်အတွင်း တရားဝင် ထွက်ခွာကြမည် ဖြစ်သည်။
“သဘောပေါက်ပြီ။ ဒါဆို တစ်ယောက်ယောက်က အက်ဂ်ယောနေရာကို ယူဖို့ လိုနေတာပေါ့။” ရိုမန်၏မျက်လုံးများ တွန့်သွားပြီး ပြောလိုက်သည်။ “ငါ့ကို ပေးလုပ်လိုက် ပါလား။ ငါက ငါ့ဒေါ်လေးကို လူတွေလေ့ကျင့်ပေးဖို့ တစ်နေ့လုံး ကူညီပေးနေရတာ။ ငါ တော်တော်လေး ခြေကုန်လက်ပမ်းကျနေပြီ။ အပြင်ထွက်ပြီး အသက်ရှူရဦးမယ်။”
ဆာ-ခေါင်းဆောင်နှင့် ဘဲခေါင်းနဂါးတို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် သံသယများ ဝင်လာကြသည်။ သူတို့၏ တုံ့ပြန်မှုများကို မြင်သည့် အခါ ဆရာသခင် ရိုမန် ဒေါသထွက်သွားခဲ့သည်။
“ချော်ရည်ပြာနယ်မြေရဲ့ စစ်ပွဲကြောင့် လူတွေအများကြီး သေသွားပြီးတော့ မုဆိုးမတွေ အများကြီး ရှိနေတာကို မင်း သတိထားမိလို့လား။” ချန်လွေ့က မုဆိုးမ စွဲလမ်းနေသူတစ်ယောက်ကို မေးခွန်းတစ်ခုဖြင့် တစ်ခါတည်း ထုတ်ဖော်လိုက်သည်။
ပါ့ဂ်လီအိုလည်း ပြတ်ပြတ်သားသား ထပ်ပြောသည်။ “သူက ခြေကုန်လက်ပမ်း ကျတာမဟုတ်ဘူး။ သူက တဏှာကြီးတာ။”
“ဟီးဟီး။ ခင်ဗျား ဘာပြောလိုက်တာလဲ ကြည့်ဦး။” ရိုမန်က ပြုံးဖြီးဖြီး လုပ်နေလိုက်သည်။ ဇိုလာကြည့်နေသည်ကို သူမြင်လိုက်သည့်အခါ မစ်-နတ်မိမယ်နဂါး၏ အာရုံမှာ အလွန်စူးရှကြောင်း သူသိသည့်အတွက် ချက်ချင်းပင် သမာဓိရှိပြီး အံ့သြဖွယ်ရာ မျက်နှာအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ “ခင်ဗျားတို့နှစ်ယောက်က ညစ်ညစ်ပတ်ပတ် တွေးနေကြတာပဲ။ ရိုမန်ဘယ်ဖီဂေါဆိုတဲ့ကျုပ်က အဲဒီလိုမျိုးလား။”
ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ “မဟုတ်လို့လား။”
ဇိုလာက ဒေလီယာအား စကားအနည်း တီးတိုးပြောခဲ့သည်ကို ရိုမန် မြင်လိုက်သည်။ ဒေလီယာက “အုပ်ချုပ်သူအစည်းအရုံး၏” စကားဝိုင်းလေးမှ ထွက်သွားပြီး ရိုမန်ဆီသို့ လမ်းလျှောက်လာသောအခါ အခြေအနေမကောင်းကြောင်း ခံစားလိုက်မိသည်။ သူ အလျင်အမြန် ပြောလိုက်သည်။ “ငါက ခေါင်းဆောင်ကို ကူညီပြီးတော့ ဒီအဆောင်ပစ္စည်းရဲ့ စွမ်းအားကိုလည်း စမ်းကြည့်ချင်ရုံပါ။”
“ဘာကူညီဖို့ ရှိလို့လဲ။” ဒေလီယာ၏အသံ ထွက်ပေါ်လာသည်။
ဒေလီယာသည် မစ်-နတ်မိမယ်နဂါး၏ “မဟုတ်မမှန်ပြောဆိုမှု”ကို ကြားခဲ့ကြောင်း ရိုမန် သိလိုက်သည်။ သူရှင်းပြလျှင် ပိုဆိုးသွားမည်ကို သူသိသည့်အတွက် ချက်ချင်းပင် သူ၏ သူငယ်ချင်းဆိုးနှစ်ယောက်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။
ချန်လွေ့က သူ့အပေါင်းအဖော် တစ်ယောက်၏ ဝှက်ဖဲကို အသုံးပြုပြီး ငေးငိုင် နေဟန်ဆောင်ကာ ရိုမန်၏ အကူအညီတောင်းနေသာ အကြည့်ကို လျစ်လျူရှု ထားလိုက်သည်။
“ငါရှင်းပြမယ်။” ပါ့ဂ်လီအိုက တာဝန်ယူစိတ်ဖြင့် ပြောလိုက်ပြီး ရိုမန်ကို မျက်ရည်များ ဝဲသွားစေခဲ့သည်။ “ဒီလိုပါ။ ချန်လွေ့နဲ့ ငါတို့က ချော်ရည်ပြာနယ်မြေကို အတူတူသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူကတော့...... အမှောင်နတ်ဆိုးမှာ မင်းနဲ့အတူ လေ့ကျင့်ဖို့ နေရစ်မယ်လို့ ပြောတယ်။”
ချက်ချင်းပင် ဆရာသခင် ရိုမန်၏အကြည့် အတော်လေး စိတ်ဝင်စားစရာ ကောင်းသွားသည်။ ဆရာသခင် အဆိပ်နဂါးက စိတ်ဓာတ်ကျနေသော အကြည့်ကို လျစ်လျူရှုပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ အရင်တစ်ခေါက်တုန်းက မင်းကို လူသား...အဲ..နဂါးတစ်ကောင်ရဲ့ စံထားရတဲ့ ဘဝကို ထုတ်ပြောခိုင်းလို့လဲ။
ပြီးတော့လည်း ဘက်တီးလေးက အခုရက်ပိုင်း ငါ့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်။ ငါ အပြင်ထွက်ပြီး အသက်ရှူချင်နေတာ ကြာပြီ။