စေလွှတ်ခြင်း။ ချော်ရည်ပြာနယ်မြေသို့ သွားနေသော ငြိမ်းချမ်းမှုဖော်ဆောင်ရေးတပ်ဖွဲ့
Vol. 28 Ch. 413
လီရိုမြို့ အောင်ပွဲပြီးနောက် စစ်ဘက်ရေးရာ၌ သိုသိုသိပ်သိပ် နေနေဿော အမှောင်လသည် နောက်ဆုံး၌ လှုပ်ရှားမှုကြီးတစ်ခု ပြုလုပ်တော့သည်။
သူတို့သည် တပ်ဖွဲ့များအား ချော်ရည်ပြာနယ်မြေရှိရာ တောင်ဘက်သို့ စေလွှတ်ခဲ့သည်။
လော့ဒ်စစ်ပွဲ၌ လိပ်ပြာနီအုပ်စိုးသူ ဂျို့ရှ်တွင် သူ၏ “ဆက်ခံသူ” ဂျိုးဆက်ပ် သေဆုံးခြင်းအတွက် ကြီးကျယ်သော အကြောင်းပြချက်တစ်ခု ရှိသေးသည်။ သို့သော် ချော်ရည်ပြာနယ်မြေမှာမူ အမှောင်လ၏ ကံဆိုးမှုကို အခွင့်ကောင်းယူခြင်းသာ ဖြစ်သည်။
သန်းခေါင်နေအရှင်က ချော်ရည်ပြာနယ်မြေအုပ်စိုးသူ တိုင်တန်ကို ဒေါသတကြီးနှင့် ခေါင်းဖြတ်ချင်ခဲ့စဉ် ရှီရာ၏ခမည်းတော် ဂါရမ်းက သူ့ကို အသက်ချမ်းသားပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တိုင်တန်က လော့ဒ်ဂါရမ်းနှင့် လောဒ်ရှီရာတို့ မျိုးဆက်နှစ်ခုအပေါ် အပေါ်ယံ၌ ကျေးဇူးတုံ့ပြန်ခဲ့သော်လည်း အမှောင်လ၏ လူဦးရေနှင့် အရင်းအမြစ်တို့ကို တိတ်တဆိတ် ခိုးယူနေခဲ့သည်။ ယခုတစ်ခေါက် သူက လိပ်ပြာနီ နယ်မြေနှင့်အတူ တပ်ဖွဲ့များစေလွှတ်ခြင်းသည် ကျေးဇူးရှင်ကို ကျေးပြန်စွပ်ခြင်းပင် ဖြစ်လေသည်။
သို့ရာတွင် အမှောင်လက ချော်ရည်ပြာနယ်မြေသို့ တပ်ဖွဲ့များ စေလွှတ်ခြင်းမှာ လက်စားချေရန်အတွက် မဟုတ်ဘဲ ချော်ရည်ပြာလော့ဒ်ဟောင်း တိုင်တန်၏သားဖြစ်သူ လက်ရှိ ယာယီလော့ဒ်အဖြစ် တာဝန်ထမ်းဆောင်နေသော ချန်ဒလာက အမှောင်လ တော်ဝင်မင်းသမီး ရှီရာထံသို့ အကူအညီတောင်းခံသော စာတစ်စောင်ကို မကြာခင်က ပေးပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုစာထဲ၌ ချော်ရည်ပြာနယ်မြေသည် ယခုတွင် ကြီးမားလှသော အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရေးသားထားသည်။ မြို့တော်သည် ရန်ပုံငွေ ပိုက်ဆံမှ သလင်းကျောက်ဖြူဒင်္ဂါး တစ်ပြားပင် ပြန်မပေးသေးပေ။ လူများသည် ငတ်မွတ်မှုများ ရင်ဆိုင်နေရပြီး ဆူမန်ကဲ့သို့သော သူပုန်များက ပြဿနာ ရှာလာကြသည်။ ထို့ကြောင့် သူသည် တော်ဝင်မင်းသမီးရှီရာအား ဘဏ္ဍာရေးအထောက်အပံ့ပေးရန်အတွက် တပ်ဖွဲ့များ လွှတ်လိုက်ရန် တောင်းဆိုခဲ့သည်။
ချန်ဒလာ၏ စာထဲ၌ ချော်ရည်ပြာနယ်မြေက အမှောင်လကို ရန်ပြုခဲ့သည့်တိုင် ထိုမကောင်းမှုအတွက် ချော်ရည်ပြာအုပ်စိုးသူဟောင်း တိုင်တန်နှင့် လူပေါင်းတစ်သိန်း၏ သေဆုံးမှုက အစားထိုးရန် လုံလောက်ပြီဖြစ်သည်။ သူက တော်ဝင်မင်းသမီးရှီရာအား မြို့သူ/သားများအတွက် ခက်ခဲသောအခြေအနေကို ကျော်လွှားရန်အတွက် ကူညီပေးရန် တောင်းဆိုခဲ့သည်။ ချော်ရည်ပြာနယ်မြေသည် အမှောင်လ၏အမိန့်ကို နာခံမည်ဖြစ်သည်။
ထိုထဲ၌ အညံ့ခံချင်သည့် အရိပ်အယောင် ရှိနေပြီဖြစ်သည်။ အကယ်၍ အကြီးမားဆုံး နယ်မြေလေးခုထဲရှိ ချော်ရည်ပြာနယ်မြေက အမှောင်လသို့ အညံ့ခံမည် ဆိုလျှင် ထိုအကျိုးဆက်သည် ထိုနယ်မြေအသေးနှင့် နယ်မြေအလတ်များ၏ ပူးပေါင်းမှုကို ကျော်လွှားနိုင်မည်မှာ သေချာသည်။
တော်ဝင်မင်းသမီးရှီရာက အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး နောက်ဆုံး၌ ချော်ရည်ပြာနယ်မြေကို ကူညီရန်အတွက် တပ်ဖွဲ့များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုမတိုင်ခင် အမှောင်လသည် အနီးအနားရှိ နယ်မြေအသေးများကို ထပ်ကာထပ်ကာ ကူညီပြီး ထောက်ပံ့ပေးနေခဲ့သည်။ ချန်ဒလာဆီမှ စာမှလွဲ၍ အမှောင်လ၏ လှုပ်ရှားမှုသည် ပတ်ဝန်းကျင်နေရာများကို ထူးထူးခြားခြား ဂနာမငြိမ် မဖြစ်စေခဲ့ပေ။
ယခုတစ်ခေါက်တွင် အမှောင်လသည် မီးလျှံဗိုလ်ခြေအဖြစ် နာမည်ပြောင်း ထားသော မြို့စောင့်တပ်၏ လက်ရွေးစင်တပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ အသီနာက တပ်သားတစ်သောင်းကို ကိုယ်တိုင် ဦးဆောင်လာခဲ့သည်။ ဘဏ္ဍာရေးအရာရှိ ချန်လွေ့ကလည်း စာရင်းထဲ၌ ပါဝင်၏။ သူသည် စစ်ဘက်ဆိုင်ရာအကြံပေးနေရာကို ယာယီ တာဝန်ယူထားသည်။ သူ၏အဓိကတာဝန်မှာ ချော်ရည်ပြာနယ်မြေ၏ စီးပွားရေးနှင့် လုပ်ငန်းများကို ပြန်လည်တည်ဆောက်ရာ၌ ကူညီပေးရန် ဖြစ်သည်။
အန္တရာယ်ကင်းစေရန်အတွက် ရှီရာသည် သွေးနီဗိုလ်ခြေ၏ လက်ထောက် ခေါင်းဆောင်ဖြစ်သော ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောအား ဘဏ္ဍာရေးအရာရှိ ချန်လွေ့အပါအဝင် အရေးကြီးသော ဝန်ထမ်းများ ဘေးကင်ရန် စစ်တပ်နှင့်အတူ လိုက်ပါသွားရန် စေလွှတ်ခဲ့သည်။
အက်ဂ်ယော၏သရုပ်မှာ အမြဲပင် လျို့ဝှက်ဆန်းကြယ်နေခဲ့သည်။ သူ၏ မျက်နှာ အမည်ကို မည်သူမှ မမြင်ဖူးသေးဟုလည်း ပြောဆိုနေကြသည်။ သူသည် ဂျိုးဆက်ပ် ကျရှုံးရာတွင် အဓိကနေရာ၌ ပါဝင်ခဲ့ဖူးသည်။ သူသည် ထူးခြားဆန်းကြယ်သော ဉာဏ်ပညာများကိုလည်း ပြသခဲ့သည်။ လီရိုမြို့တောနက်တိုက်ပွဲထဲ၌ လိပ်ပြာနီလော့ဒ် ဂျို့စ်ကို အနိုင်ယူခဲ့ပြီး မြို့တော်သံတမန် ရုစ်ကို သတ်ပစ်ခဲ့သည့် လျို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနှင့်လူမှာ ဝတ်ရုံဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်ပေသည်။
ပြည်တွင်းရေးရာဖြစ်စေ၊ စစ်ဘက်ရေးရာဖြစ်စေ၊ အမှောင်လသည် လက်ရွေးစင် အားလုံးကို လွှတ်ပေးခဲ့သည်ဟု ယူဆ၍ ရနိုင်သည်။ သူတို့သည် ချော်ရည်ပြာနယ်မြေကို အကူအညီပေးရန်အတွက် စိတ်ပိုင်းဖြတ်ထားကြလေသည်။
“ငြိမ်းချမ်းမှုဖော်ဆောင်ရေးတပ်ဖွဲ့”ဟု ချန်လွေ့ နာမည်ပြောင်ပေးထားသော မီးလျှံဗိုလ်ခြေမှ လက်ရွေးစင်များ ယန်းကော်မြို့ကို ကျော်ဖြတ်သွားသည့်အခါ အသီနာက ကွေ့ပတ်ရှောင်သွားရန် သို့မဟုတ် ခပ်မြန်မြန် ရှေ့ဆက်ရန် အမိန့်မပေးခဲ့ဘဲ ထိုနေရာ၌ စခန်းချရန် အမိန့်ပေးခဲ့သည်။ လက်ရွေးစင်များက ချော်ရည်ပြာစစ်သည် တစ်သိန်းခန့် အမြှုပ်ခံထားရသော လျို့ဝှက်ဆန်းကြယ်သည့် မရဏနယ်မြေနှင့်ပတ်သက်ပြီး သတိထားကာ စိုးရိမ်နေကြသည်။ မြူခိုးဖြူမှာ ညဘက်၌ ကြောက်မက်ဖွယ်ကောင်းပြီး ရံဖန်ရံခါ၌ ကြောက်စရာကောင်းသော သားရဲများအူနေသော်လည်း ကံကောင်းစွာပင် မည်သည့်ပြောင်းလဲမှုများမှ မဖြစ်ပွားခဲ့ပေ။ နောက်တစ်ရက်၌ စစ်တပ်က ခရီးထွက်ကြပြန်တော့သည်။
ထိုလက်ရွေးစင်တပ်ဖွဲ့များကို အနီးအနားရှိ နယ်မြေအသေးလေးများမှ သူခိုး ဓားပြများကို နှိမ်နင်းခိုင်းပြီး လေ့ကျင့်ပေးခဲ့သည်။ ထို့နောက် ယခုတွင် သတ္တိကို လေ့ကျင့်ပြီးနောက် သူတို့၏ အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများ တိုးပွားလာခဲ့သည်။ ယန်းကော်မြို့၌ အသီနာ နေနေရန် ရွေးချယ်ခဲ့သည်မှာ စစ်တပ်၏ သတ္တိကို လေ့ကျင့်ရန်အတွက်သာ မဟုတ်ဘဲ အဓိကအားဖြင့် ဂူရာဒန်ကြောင့် ဖြစ်သည်။
ချန်လွေ့သည် ယခုတစ်ခေါက်တွင် ဂူရာဒန်၏ မသေမျိုးစစတပ်ကို ချပ်ဝပ်တန်ဆာများ တပ်ဆင်ပေးရန် အများအပြား ယူလာပေးခဲ့သည်။ ထူးကဲအဆင့် ချပ်ဝတ်တန်ဆာ အများအပြား ပါဝင်သည်။ အလောင်းအောက်လမ်းပညာရှင်က ထိုအဆင်တန်ဆာများကို မြင်လိုက်ရသည့်အခါ အံ့အားသင့်စွာဖြင့် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ပုံမှန်အားဖြင့် မသေမျိုးစစ်တပ်ကို အမြောက်စာနှင့် လူစုနည်းဗျူဟာအဖြစ် အသုံးပြုကြသည်။ လက်ရွေးစင်တပ်ဖွဲ့ဟူ၍ မရှိပေ။ ၎င်းမှာ ဂူရာဒန်၏ အသစ်စက်စက် မသေမျိုးစစ်တပ်ကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း အဓိကအားဖြင့် ၎င်းမှာ သူ၏သခင်က သူ့အပေါ် အလေးထားသည့်အတွက်ကြောင့် ဖြစ်သည်။ သို့မဟုတ် လေးစားမှု ဟူ၍လည်း ခေါ်၍ရနိုင်ပေသည်။
အဓိကအားဖြင့် ထို“လေးစားမှု” အခြေခံမှာ အဆိပ်နဂါး၏ နတ်ဆိုးအရှင်အဆင့် စွမ်းအား ပြန်ရရှိပြီးကတည်းက ဖြစ်သည်။ ချန်လွေ့က ၎င်းကို ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း အဆိပ်နဂါးထံမှ အငွေ့အသက်သည် သူ့ကို တုန်လှုပ်စေကြောင်း နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်သည့် အလောင်း အောက်လမ်းပညာရှင်က ခံစားမိသည်။ မဟုတ်ဘူး။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကထက် ပိုပြီးတော့ ကြောက်စရာ ကောင်းလာသလိုပဲ။
ချော်ရည်ပြာနယ်မြေ၏ အယောက်တစ်သိန်း စစ်တပ်ကို မသေမျိုးအဖြစ် အသွင်ပြောင်းပြီးပြီ ဖြစ်သည်။ ၎င်းတို့အထဲတွင် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း မယ်လော်ကာကို အစွမ်းအထက်ဆုံးဖြစ်သည့် လက်ရွေးစင် အထိတ်တလန့် မြင်းစီးသူရဲအဖြစ် ပြုလုပ်ခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော ချော်ရည်ပြာနယ်မြေအုပ်စိုးသူ တိုင်တန်သည် အသွင်းပြောင်းရာ၌ တစ်ခုခု မှားယွင်းသွား ခဲ့သည်။ သို့သော်လည်း ဆာလ်ဖာ ကမ်းလှမ်းသော တိုးမြှင့်ထားသည့် သွေးစုပ်ဖုတ်ကောင် ဖန်တီးခြင်းလျို့ဝှက်ချက်များ၏ ကျေးဇူးကြောင့် တိုင်တန်ကို သွေးစုပ်ဖုတ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်။
ဂူရာဒန်က ဆာလ်ဖာ၏ ပါရမီကို အတော်လေးစားသည်။ ထို့ကြောင့် သူက ဆာလ်ဖာကို အစေခံအဖြစ် လက်ခံရန် ဆုံးဖြတ်ထားခဲ့သည်။ ကံဆိုးစွာပင် သူသည် ချန်လွေ့နှင့် ကျွန်-သခင်စာချုပ် ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် ဒုတိယတစ်ယောက်နှင့် ချုပ်ဆိုနိုင်တော့မည် မဟုတ်ပေ။ သူက ချန်လွေ့ကို ဆာလ်ဖာအား အစေခံအဖြစ် လက်ခံရန် တောင်းဆိုခဲ့သည်။ ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်ပြီးနောက် ချန်လွေ့၏ စိတ်ဝိညာဉ်ကွင်းဆက်လည်း အဆင့်တက်သွားခဲ့သည်။ သာတူညီမျှ ကွင်းဆက်မှာ ၄နေရာမှ ၅ နေရာသို့ တိုးသွားပြီး လက်ရှိတွင် ပါ့ဂ်လီအို တစ်ယောက်သာ ရှိသည်။
လက်အောက်ခံစာချုပ် အရေအတွက်မှာ ၁၂မှ ၁၅သို့ တိုးသွားသည်။ ဂူရာဒန်၊ ဆမ်မြူရယ်တို့က လက်အောက်ခံစာချုပ် ချုပ်ဆိုထားကြသည်။ မှင်စာ စလီ၊ ဒိုဒို၊ တင်မ်၊ ရွိုင့်စ်နှင့် အခြားနှစ်ယောက်ကို ကျွန်-သခင်စာချုပ် ချုပ်ထားသည်။ ဆယ်လင်းနှင့်လည်း ကျွန်-သခင်စာချုပ် ချုပ်ဆိုထား၏။ ယခုတွင် ဆာလ်ဖာကို ထပ်ပေါင်းထည့်လိုက်ရာ ၁၀ယောက်ရှိပြီ ဖြစ်သည်။ ၅နေရာ ကျန်နေသေးသည်။ ရုပ်သေးများအတွက် ၂နေရာ ရှိသေးသည်။ အခုတွင် ခါနီတာနှင့် စနိုးဒင်တို့ ရှိကြသည်။ ပြောရမည်ဆိုလျှင် ထို၂နေရာမှာ အနည်းငယ် တထေရာတည်းပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင် ပြောင်းလဲစရာ မလိုအပ်ပေ။
စိတ်ဝိညာဉ်ကွင်းဆက်သည် စာချုပ်များ၏ အသေးစိတ် ပုံကားချပ်ကို ဖော်ပြပြီး ကွင်းဆက်တိုးမြှင့် လုပ်ဆောင်ချက်တစ်ခုပင် ရှိသည်။ ယခုတွင် ချန်လွေ့သည် ကြယ်၅ပွင့် ကြယ်တာရာအရှင်သခင်ဖြစ်နေပြီ ဖြစ်သည့်အတွက် တိုးမြှင့်မှုများကို ပြုလုပ်နိုင်လေပြီ။ ၎င်းကို ကြယ်အဆင့် တိုးမြှင့်ခြင်းနှင့် တိုက်ခိုက်ရေးတိုးမြှင့်ခြင်းဟူ၍ ခွဲခြားနိုင်ပေသည်။
ကြယ်အဆင့်တိုးမြှင့်ခြင်းမှာ အမြဲတမ်းအတွက်ဖြစ်သည်။ ကြယ်တစ်ပွင့်တည်း တိုးမြှင့်ရန် ယုံကြည်မှုသလင်းကျောက် တစ်သိန်း လိုအပ်သည်။ တိုက်ခိုက်ရေး တိုးမြှင့်မှုမှာ ယာယီသာဖြစ်ပြီး တစ်ခါသုံးလျှင် ယုံကြည်မှုသလင်းကျောက် ၁၀၀ အသုံးပြုရသည်။
လက်ရှိစူပါစနစ်၌ ဂြိုလ်ပြာ၏ လူဦးရေမှာ အလွန်နည်းပါးလှပြီး ယုံကြည်မှု သလင်းကျောက် တိုးပွားနှုန်းမှာလည်း အတော်လေး နှေးကွေးလှသည်။ ထို့ပြင် ယုံကြည်မှု ကျောက်တိုင်သည် တစ်နေ့လျှင် သလင်းကျောက်တစ်ခု ထုတ်ပေးနိုင်သည်။ ယခုတွင် စုစုပေါင်း သလင်းကျောက် ၃၀၀ကျော်သာ ရှိသေးသည်။
ချန်လွေ့သည် [ တော်ဝင်ကြယ်စင်စုအသွင်ပြောင်းခြင်း ] တိုက်ခိုက်ရေးအစွမ်းနှင့် အမြဲပင် စမ်းသပ်ချင်နေခဲ့သည်။ သို့သော်လည်း သူ၏ယုံကြည်မှုမှာ အရှိန်အဝါကဲ့သို့ မများလှပေ။ ထို့ကြောင့် သူသည် ၎င်းကို ရရှိရန်အတွက် ကုန်ကြမ်းအချို့ကို မပြောင်းလဲ နိုင်ပေ။ လက်ရှိ၌ ချန်လွေ့သည် ထိုကွင်းဆက်တိုးမြှင့်မှုကို ထပ်မစမ်းကြည့်ခင် သလင်းကျောက် ၁၀၀၀အထိ စုဆောင်းချင်သည်။
မသေမျိုးစစ်နပ်ကို လက်နက်များ အပြည့်အဝ တပ်ဆင်ထား၏။ သာမန် အမြောက်စာ အရိုးခြောက်ကောင်များကိုပင် အဆင့်နိမ့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပေးသည်။ လက်ရွေးစင်တပ်ဖွဲ့များကို အမြင့်ဆင့် ချပ်ဝတ်များ တပ်ဆင် ပေးထားပြီး အများစုမှာ မှော်ချပ်ဝတ်များ ဖြစ်ကြသည်။ ဥပမာ အသစ်စက်စက် ဖွဲ့စည်းထားသော အရိုးခြောက်မြားတပ်ကို မှော်လေးများ တပ်ဆင်ထားပေးသည်။ အရိုးခြောက်မှော်ပညာရှင်များ၌လည်း မှော်စွမ်းအား တိုးမြင့်စေပြီး စိတ်ဝိညာဉ်စွမ်းအား အမြန်ပြန်ပြည့်စေသော မှော်လက်ပတ်များ ရှိသည်။ အရိုးခြောက်သံချပ်ကာတပ်နှင့် အရိုးခြောက်စစ်မြင်းများက ပေါ့ပါးသော ချပ်ကာများ ဝတ်ဆင်ထားကြပြီး ခုခံမှုကို တိုးမြှင့်စေကာ မြန်ဆန်စေနိုင်သည်။ အထိတ်တလန့် မြင်းစီးသူရဲများ၏ ချပ်ဝတ်များမှာ ထူးကဲအဆင့်သို့ ရောက်ရှိနေပြီး လက်ရွေးစင် အထိတ်တလန့်မြင့်စီးသူရဲ မယ်လော်ကာနှင့် လက်ရွေးစင်သွေးစုပ်ဖုတ်ကောင်တို့ကို တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ချပ်ကာနှင့် လက်နက်များ တပ်ဆင်ပေးထားသည်။
အစွမ်းထက်လက်နက်များ တပ်ဆင်ထားပေးသော မသေမျိုးဗိုလ်ခြေကိုကြည့်ရင်း ဂူရာဒန် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သခင့်ရဲ့ ကတိစကားက အလိမ်အညာ မဟုတ်ဘူး။ ဒီချပ်ဝပ်တွေက စံပုံစံစစ်တပ်နဲ့ ဘာမှမကွာဘူး။ ချန်လွေ့သည် အလောင်း အောက်လမ်းပညာရှင်အား တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ဝတ်ရုံနှင့် ဒဏ္ဍာရီလာအဆင့် မှော်တုတ်တံတို့နှင့်အတူ ထူးကဲအဆင့် အဆင်တန်ဆာနှစ်ခုကိုလည်း ပေးခဲ့သည်။ အဆင်တန်ဆာ ပေါင်းစည်းမှုမှာ အလွန်ပင် ဗဟုသုတ ကြွယ်ဝလှသည်။ မှော်အသုံးအဆောင်များမှာ ထူးကဲအဆင့်သာ ဖြစ်သော်လည်း အလောင်း အောက်လမ်းပညာရှင်အား မှော်ပညာတည်ငြိမ်စေပြီး အဆင်တန်ဆာအားလုံး၏ စွမ်းအားကို အမြင့်ဆုံး ရောက်ရှိစေနိုင်သည့်အပြင် စိတ်ဝိညာဉ်စွမ်းအားနှင့် အမှောင် မှော်စွမ်းအားကိုလည်း ကြီးကြီးမားမား တိုးပွားစေ၏။
ပုံမှန် မသေမျိုးမှော်ပညာရှင်သည် စိတ်ဝိညာဉ်စွမ်းအားကို အသုံးချပြီး စစ်တပ်ကို ထိန်းချုပ်သည်။ သို့သော် ဂူရာဒန်က ကိုယ်တိုင်ဖန်တီးထားသော ဝိညာဉ်ကွင်းဆက်နှင့် ဆင်တူသည့် လျို့ဝှက်ပညာရပ်ကို အသုံးပြုသည်။ သူသည် ကွင်းဆက်အရေအတွက်ကို တိုးမြှင့်နိုင်သော်လည်း ထိုပညာရပ်သည် စိတ်ဝိညာဉ်စွမ်းအားအခြေခံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ။ ယခု ချန်လွေ့၏ အဆင်တန်ဆာ လက်ဆောင်များကြောင့် သူ၏ မှော်စွမ်းအား တိုးမြင့်လာသည့်အပြင် မသေမျိုးစစ်တပ်ကို ထိန်းချုပ်သည့် သူ၏ စွမ်းရည်လည်း ကြီးကြီးမားမား အားကောင်းလာခဲ့သည်။ သူက ချက်ချင်းပင် ကျေးဇူးတင်ကြောင်း စိတ်ရင်းနှင့် တလေးတစား ဖော်ပြလိုက်သည်။
စစ်တပ်က ယန်းကော်မြို့ကို ဖြတ်သွားပြီး အမှောင်လ တောင်ဘက်အစွန်ဆုံးရှိ ဆိုတိုမြို့သို့ သွားကြသည်။ ထိုနေရာ၌ ခံစစ်ကြောင်း အသစ်တစ်ခုကို နေရာချထားပြီး ဖြစ်သည်။ အသီနာက ဆိုတိုမြို့ကို စောင့်ကြပ်နေကြသူများအား နှုတ်ဆက်ပြီးနောက် ဗိုလ်ခြေလက်ရွေးစင် အယောက် တစ်သောင်းကို ဦးဆောင်ပြီး တောင်ပိုင်းသို့ ဆက်သက် သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် ချော်ရည်ပြာနယ်မြေ နယ်စပ်သို့ ငွားငွားစွင့်စွင့် ဝင်ရောက်သွားကြသည်။
ချော်ရည်ပြာနယ်မြေ၏ မြောက်ဘက်အစွန်ဆုံး အကာအရံမှာ ပီဆာမြို့ ဖြစ်သည်။ ကင်းထောက်တစ်ယောက်က သတင်းလာပို့၏။ ပီဆာမြို့က တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေပြီးတော့ မှော်ဒိုင်းအားလုံးကို အသက်သွင်းသွားပြီးပြီ။
ချပ်ဝတ်တန်ဆာ ပြည့်စုံသော မီးလျှံဗိုလ်ခြေနှင့်ယှဉ်လျှင် မီဆာမြို့ကို ခုခံသူများကို စုတ်ပြတ်နေသည်ဟူ၍သာ ဖော်ပြ၍ ရနိုင်သည်။ အများအပြားတွင် ချပ်ကာနှင့် လက်နက်များပင် မရှိကြပေ။ သူတို့သည် ရိုးရှင်းသော လက်နက်များနှင့် လယ်ယာသုံး ကိရိယာများကိုသာ ကိုင်စွဲထားကြသည်။ အများစုက စစ်သည်များ မဟုတ်သည်မှာ သိသာလှပေသည်။
လော့ဒ်စစ်ပွဲ ပြီးနောက်တွင် ချော်ရည်ပြာနယ်မြေ၏ လက်ရွေးစင်အများစု သေဆုံး သွားကြသည်။ ထို့အပြင် ယာယီလော့ဒ် ချန်ဒလာကလည်း မပြည့်ဝပေ။ သူသည် အခွန်ကို အတင်းကောက်ခံသည့်အတွက် ပြည်သူများ၏ အတွင်းရေး မတည်ငြိမ်မှုများနှင့် စိတ်ဓာတ်ကျရှုံးခြင်းတို့ကို ဖြစ်စေခဲ့သည်။
ပီဆာမြို့၏ စစ်ဘက်ဆိုင်ရာငွေကြေး အကြွေးတင်နေသည်မှာ ၂လကျော်ပြီ ဖြစ်သည်။ စစ်သည်များလည်း ထွက်ပြေးသွားကြလေပြီ။ တပ်ဖွဲ့များပုံမှန်ချထားသော နေရာ၌ ပုံမှန်အင်အားစု၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။ မှော်စက်ဝိုင်းများကို အသုံးချ၍ ရသည့်တိုင် အမှောင်လမှ ထောင်သောင်းချီသော လက်ရွေးစင်များကို ရင်ဆိုင်ရာ၌ ရွှံ့တံတိုင်းထက် ခိုင်မာလှမည် မဟုတ်ပေ။
လယ်ယာသုံးကိရိယာများ ကိုင်ဆိုင်ထားသော မြို့သားများက မြို့တော်ဝန် ရာနီး၏ ဦးဆောင်မှုအောက်တွင် မြို့ကိုကာကွယ်ရန်အတွက် အလိုလို ရောက်လာကြ၏။ ချော်ရည်ပြာနယ်မြေက ကျေးဇူးမသိတတ်စွာဖြင့် အမှောင်လကို ကျုးကျော်ခဲ့သည့် အတွက် ယခုတွင် အမှောင်လ၏ လက်ရွေးစင်များ လာရောက်လက်တုံပြန်ကြသည်မှာ အကြောင်းအကျိုးသင့်ပေသည်။ တစ်သိန်းသော စစ်တပ်ကို ခြေမှုန်းခဲ့သည့် အမှောင်လ၏ ရက်စက်သော နည်းလမ်းများကြောင့် မြို့ကျိုးပေါက်သွားလျှင် လူတိုင်း အသတ်ခံရ နိုင်ပေသည်။
မိန်းမနှင့် ကလေးများက ပြောင်းရွှေ့ရန် ကြိုးစားနေကြသည်။ “ရန်သူစစ်တပ်”က အလျင်အမြန် ရောက်လာသည့်အတွက် သူတို့ အချိန်ဆွဲရပေမည်။ နတ်ဆိုးအများစုမှာ ရဲရင့်ပြီး ညှာတာမှု ကင်းမဲ့ကြသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် သေကြတော့မည် ဖြစ်သည့်အတွက် မိန်းမနှင့်ကလေးများအတွက် ရန်သူကို တိုက်ခိုက်ခြင်းသည်က ပိုမို ကောင်းပေသည်။
ပီဆာမြို့၏ ရန်လိုသော စစ်သည်များနှင့် မြို့သူ/သားများကိုကြည့်ရင်း မြင်းစီးနေသော အသီနာက မျက်မှောင်ကြုတ်လိုက်သည်။ မီးလျှံဗိုလ်ခြေ၏စွမ်းအားဖြင့် ပီဆာမြို့ကို သုတ်သင်ရန် မခက်ခဲလှပေ။ သို့သော်လည်း ယခုတစ်ခေါက် တပ်ဖွဲ့များကို စေလွှတ်လိုက်ခြင်းမှာ ကျူးကျော်ရန်နှင့် သတ်ဖြတ်ရန် မဟုတ်ဘဲ “ကူညီ”ရန် ဖြစ်လေသည်။
ပထမဆုံးမှတ်တိုင်ကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ခဲ့လျှင် နောက်ပိုင်း၌ ပိုမိုခက်ခဲပြီး မလိုအပ်သော ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပေသည်။
စနစ်တကျ လေ့ကျင့်ထားပြီး ချပ်ဝပ်အပြည့် ဝတ်ဆင်ထားသော အမှောင်လ စစ်တပ်သည် ပီဆာမြို့သူ/သားများနှင့် ခုခံသူများအပေါ် ကြီးမားသော ဖိအားများ ဖြစ်စေခဲ့သည်။ ကြောက်မက်ဖွယ်ရာ စိုးရိမ်စိတ်များက လူတိုင်း၏နှလုံးသားကို လွှမ်းခြုံသွားခဲ့သည်။ လေးတစ်လက်ကိုင်ထားသော မြို့သားတစ်ယောက်က လက်တုန်နေပြီး မြားတစ်ချောင်း ချက်ချင်းထွက်လာက မီးလျှံဗိုလ်ခြေအရှေ့သို့ ကျရောက်သွားခဲ့သည်။
သူ၏ ပစ်ချက် လွဲချော်သွားသော်လည်း ၎င်းမှာ သိသာထင်ရှားသော ရန်စခြင်း ဖြစ်နေလေပြီ။ မီးလျှံဗိုလ်ခြေ၏ လက်ရွေးစင်များကလည်း ပြင်းပြသော တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြသပြီး အသင့်ပြင်ထားလိုက်ကြသည်။ သူတို့သည် ဗိုလ်ခြေခေါင်းဆောင် အသီနာထံမှ အမိန့်ကို ကြားရသည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြလေပြီ။
“ခဏနေဦး။” ချန်လွေ့၏အသံ အချိန်မီ ထွက်ပေါ်လာ၏။