← Chapters

[ စိတ်ဦးဆောင်ခြင်း ]

Vol. 28 Ch. 415

[ စိတ်ဦးဆောင်ခြင်း ]

Vol. 28 Ch. 415

ပီဆာမြို့မှ အဆိပ်ကြောင့် ဆူပူအုံကြွခြင်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ၂ရက်ကြာပြီးနောက် အဆိပ်မိထားသော စစ်သည်များနှင့် မြို့သူ/သားများက ပုံမှန် ပြန်ဖြစ်သွားကြသည်။ ထိုအချိန်အတောအတွင်း ချန်လွေ့သည် ပီဆာမြို့အား “ဥပမာ” အနေဖြင့် အသုံးချကာ ချော်ရည်ပြာနယ်မြေအပေါ် အမှောင်လစစ်တပ်၏ အကူအညီကို ကြော်ငြာရန်အတွက် နေရာအနှံ့အပြား၌ရှိနေသော အမှောင်နတ်ဆိုး အဖွဲ့ဝင်များနှင့် ပူးပေါင်းနိုင်ရန် တမင်တကာပင် လူအင်အား စေလွှတ်ခဲ့သည်။

ပီဆာမြို့၌ အမှောင်လစစ်တပ်၏ လုပ်ဆောင်ချက်များကို မကြာမီတွင် လူအများ သိရှိသွားသည်။ “ပထမမှတ်တိုင်” အောင်မြင်သွားသည်မှာ သိသာပေသည်။ သူတို့ ဖြတ်သွားသော နေရာအသီးသီး၌ ခုခံမှုများ မရှိသလောက် ဖြစ်သွားပြီး အမှောင်လ စစ်တပ်၏ စည်းကမ်းနှင့် အကူအညီများက ချီးမြှောက်ခြင်း ခံခဲ့ရသည်။ “ကျူးကျော်သူများကို ကြိုဆိုရန် ဂိတ်တံခါးဖွင့်ပေးခြင်း”ကဲ့သို့ အတိုင်းအတာအထိ မဟုတ်သော်လည်း ကောင်းမွန်သော ဂုဏ်သိက္ခာ၊ ကြီးမားလှသော စွမ်းအား၊ ရာနီး၏ အကူအညီတို့နှင့်အတူ အခက်ခဲဆုံးအချိန်၌ ချော်ရည်ပြာနယ်မြေကို အမှောင်လစစ်တပ် လာရောက်ကူညီကြောင်းသတင်းသည် နယ်မြေအနှံ့ ပျံ့နှံ့သွားတော့သည်။ မူလ အမုန်းတရားများလည်း အတော်လေး လျော့ပါးသွားခဲ့သည်။

စစ်ပွဲအမုန်းတရားကို အများအားဖြင့် အကျိုးအမြတ်လိုချင်သော အုပ်စိုးသူ အတန်းစားက ယူဆောင်လာပေးခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းကို သာမန်စစ်သည်များနှင့် ပြည်သူများ မခံစားသင့်ပေ။

ထို့ပြင် “အစွမ်းထက်သူကို ဂုဏ်ပြုပြီး အနိုင်ရသူက အကုန်စားခြင်း”သည် အမြဲပင် နတ်ဆိုးဘုံ၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ရှုံးနိမ့်သူများက အနိုင်ရရှိသူကို သစ္စာခံပြီး အလုပ်အကျွေးပြုသော ဥပမာများစွာလည်း ရှိကြပေသည်။ အရှုံးမပေးခြင်းသူသည် စင်ပေါ်မှ ထွက်မသွားလျှင် တစ်ခါတည်း အသတ်ခံရပေမည်။

“အဟုန်တည်ဆောက်ရန်” ရည်ရွယ်ချက် ရှိသည့်အတွက် အမှောင်လ၏ခရီးမှာ မမြန်လှပေ။ ယခုတွင် နယ်မြေထဲမှ လူတိုင်းနီးပါးသည်‌ လော့ဒ်-ချန်ဒလာ၏ အကူအညီ တောင်းခံမှုကြောင်း အမှောင်လစစ်တပ် ရောက်ရှိလာကြောင်း သိနေကြပြီဖြစ်သည်။ သူတို့သည် ချော်ရည်ပြာနယ်မြေအား အကူအညီ အတော်များများ ပေးခဲ့သည်။ ချန်ဒလာကို တိတ်တဆိတ် ထိန်းချုပ်ထားသူသည်ပင် “မငြင်း” နိုင်ခဲ့ပေ။

နောက်ဆုံး၌ အမှောင်လ မီးလျှံဗိုလ်ခြေသည် ချော်ရည်ပြာနယ်မြေ၏ ဗဟိုဖြစ်သော ချော်ရည်ပြာမြို့တော်သို့ ရောက်ရှိသွားခဲ့သည်။

ထူးဆန်းသည်မှာ ချော်ရည်ပြာနယ်မြေသည် ထင်ထားသကဲ့သို့ ဂိတ်တံခါးကို မပိတ်ထားသလို သူတို့ကို စောင့်လည်း စောင့်မနေကြပေ။ ဂိတ်တံခါးသည် ပွင့်လျက်သား ရှိနေပြီး “လုပ်ချင်သလိုလုပ်”ဟူသော အမူအရာမျိုး ဖြစ်နေသည်။

ချော်ရည်ပြာနယ်မြေမှ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်နှင့် ဘဏ္ဍာရေးအရာရှိ မုစ်တို့က “ကိုယ်စားလှယ်လော့ဒ်” ချန်ဒလာကို ကိုယ်စားပြုသော အင်အားစုအသီးသီးမှ ခေါင်းဆောင်များကို ဦးဆောင်လာခဲ့ပြီး အမှောင်လ မီးလျှံဗိုလ်ခြေကို နွေးနွေးထွေးထွေးနှင့် လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုကြသည်။

ချော်ရည်ပြာနယ်မြေနှင့် အမှောင်လတို့သည် အဓိကနယ်မြေ ၄ခုထဲမှ တစ်ခု ဖြစ်သည်။ ဗာရစ်၊ မုစ်၊ ချန်လွေ့နှင့် အသီနာတို့သည် ရာထူး တူညီကြသည်။ ထို့ကြောင့် သူတို့က ချန်ဒလာကို ကိုယ်စားပြုပြီး လာရောက်ကြိုဆိုသည်မှာ ရိုင်းပျခြင်း မဟုတ်ပေ။

“ဆာ-လော့ဒ်က ကိုယ်တိုင် ကြိုဆိုချင်ပါတယ်။ ဒါပေမဲ့ သူက နေမကောင်း ဖြစ်နေလို့ မလာနိုင်ခဲ့ဘူး။ ခွင့်လွှတ်ပေးပါ။ ဆာတို့။” ဘဏ္ဍာရေးအရာရှိ မုစ်သည် အနည်းငယ် ပိန်ပါးသော သေရွာပြန်တစ်ယောက် ဖြစ်သည်။ သူက ပြုံးရင်း ပြောလိုက်ခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင် မီးလျှံဗိုလ်ခြေခေါင်းဆောင် ငြိမ်ဝပ်ပိပြားရေးအရာရှိ အသီနာ၊ သွေးနီဗိုလ်ခြေ ဒုတိယ‌ခေါင်းဆောင် အက်ဂ်ယောနှင့် ဘဏ္ဍာရေးအရာရှိ ချန်လွေ့ အမည်ရသော အမှောင်လမှ ခေါင်းဆောင်သုံးယောက် လာရောက်ကြောင်းကို သူ သေသေချာချာ သိရှိသွားခဲ့သည်။

ချန်လွေ့ ပြောလိုက်သည်။ “ဆာ-မုစ်က ယဉ်ကျေးလွန်း‌နေပါပြီ။ ကျုပ်တို့က ဘယ်လိုလုပ်ပြီးတော့ ဆာ-လော့ဒ်ကို ကိုယ်တိုင် လာကြိုခိုင်းရမှာလဲ။ စစ်တပ် စခန်းချဖို့ မြို့အပြင်မှာ သင့်တော်တဲ့ နေရာတစ်ခုရှိလား မသိဘူး။”

“မြို့အပြင်မှာလား။ ခင်ဗျားတို့စစ်သည်တွေက အဝေးကနေ လာခဲ့ရတာပဲ။ အဲဒါကြောင့် မြို့ထဲက စစ်တန်းလျားမှာပဲ စခန်းချကြပါ။ အဇူရီဗိုလ်ခြေရဲ့ ဒုတိယ ခေါင်းဆောင် ဆူမန် ပုန်ကန်သွားတော့ အဇူရီဗိုလ်ခြေရဲ့ စစ်တန်းလျားက အခုဆိုရင် ကွက်လပ်ဖြစ်နေပြီ။ အခုတော့ ကောင်းကောင်း အသုံးချနိုင်ပါပြီ။ အဲဒီနေရာကို ရှင်းလင်းဖို့အတွက် လူလွှတ်လိုက်ပါမယ်။ ခဏကြာရင် ခင်ဗျားတို့ဗိုလ်ခြေက ရဲရင့်တဲ့ စစ်သည်တွေအတွက် အရင်းအမြစ်တွေအများကြီး ရှိလာမှာပါ။”

ချန်လွေ့နှင့် အသီနာတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ “ဒါဆိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။ ဒါနဲ့ ကျုပ်က အမှောင်လရဲ့ ဆရာသခင်အဲဒက်စ်ဆီကနေ ဆေးဝါးပညာကို သင်ယူနေခဲ့တာ။ အခုဆိုရင် ကျုပ် တော်တော်လေး ကျွမ်းကျင်နေပြီ။ အသီနာ။ မင်း စစ်တန်းလျားမှာနေပြီးတော့ စစ်သည်တွေကို နေရာချပေးလိုက်။ ကိုယ် အခုပဲ ဆာ-အက်ဂ်ယောနဲ့ ဆာလော့ဒ်ဆီကို သွားလိုက်ဦးမယ်။” ချန်လွေ့က ညှိနှိုင်းသော၊ တောင်းဆိုသော လေသံမျိုး အသုံးမပြုခဲ့ပြီး တိုက်ရိုက် ဆုံးဖြတ်လိုက်သည့် အမူအရာမျိုး ပြသလိုက်သည်။ “ဒါ....”

မုစ် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ ဘေးဖက်မှ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ သူက စကားပြောရန် ပြင်လိုက်စဉ် မုစ်က အကြည့်ဖြင့် တားလိုက်သည်။ သေရွာပြန်ဘဏ္ဍာရေးအရာရှိက ပြုံးရင်း ပြောသည်။ “ဆရာသခင်အဲဒက်စ်က အင်ပါယာတစ်ယောက်မှာ နာမည်ကျော်ကြားတဲ့ ဆေးရည် ဆရာသခင်တစ်ယောက်ပြ။ မြို့တော်ရဲ့ ဆေးရည်ပညာရှင်ပြိုင်ပွဲကို မရွှေ့ဆိုင်းခဲ့ရင် အခုဆို သူက နတ်ဆိုးဘုံတစ်ခုလုံးမှာ အစွမ်းအထက်ဆုံး ဆရာသခင် ဖြစ်နေလောက်ပြီ။ ဆာ-ချန်လွေ့က သူ့ဆီကနေ စစ်မှန်တဲ့သင်ကြားမှုတွေ ရရှိထားတာဆိုတော့ ဆရာသခင်အဆင့်လောက် ရှိနေပြီထင်တယ်။ ဒါပေမဲ့ ကျုပ်တို့က ဆေးရည် ဆရာသခင်တွေကို ဖိတ်ကြားပြီးပြီ။ ဘယ်သူမှ ဆာလော့ဒ်ကို မကုသနိုင်ဘူး။ ဆာက အဝေးကနေလာပြီး စိတ်အားထက်သန်နေတယ်ဆိုတော့ ခင်ဗျားရဲ့စေတနာကို ငြင်းပယ်ဖို့ ခက်ခဲပါတယ်။ ဒါဆိုလည်း ဆာ့ကို ကျုပ် ဒုက္ခပေးရပါဦးမယ်။”

ငြင်းပယ်၍ မရတော့သည့်အတွက် ၎င်းကို ချန်လွေ့အား ချီးမွမ်းခြင်းအဖြစ် အသုံးချ ရတော့သည်။ မုစ်သည် အမှန်တကယ်ပင် ရောနှောဆက်ဆံရာ၌ ကောင်းမွန်ပုံရသည်။

ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး အသီနာကို စကားအနည်းငယ် တီးတိုးပြောကာ မုစ်နှင့် အခြားသူများနှင့်အတူ လော့ဒ်နေထိုင်ရာသို့ လမ်းလျှောက်သွားတော့သည်။ အက်ဂ်ယောအဖြစ် ဟန်ဆောင်ထားသော ပါ့ဂ်လီအိုလည်း သူတို့နောက်မှ လိုက်လာ ခဲ့သည်။

လမ်းတစ်လျှောက်၌ ချန်လွေ့သည် တမင်တကာပင် မေးမြန်းခဲ့သည်။ “အဇူရီ ဗိုလ်ခြေရဲ့ ဗိုလ်ချုပ်ဆူမန်က ဘာဖြစ်တာလဲ။ လမ်းမှာတုန်းက ကောလာဟလတွေ အများကြီး ကြားရတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ရဲ့ တကယ့်ဇာတ်လမ်းကိုတော့ ကျုပ်တို့ မသိခဲ့ဘူး။”

မုစ်က ရှင်းပြသည်။ “ဆူမန်က ဆာလော့ဒ်ရဲ့ အမိန့်ကို ဆန့်ကျင်ပြီးတော့ ခွင့်ပြုချက် မရှိဘဲနဲ့ စစ်သည်တွေနဲ့အတူ ထွက်ပြေးသွားခဲ့တယ်။ သူ့ကို အဇူရီ ဗိုလ်ခြေကနေ ဖယ်ရှားပြီးပြီ။ အခု အဲဒီသစ္စာဖောက်ကို နယ်မြေတစ်ခုလုံးက ရှာဖွေနေကြတယ်။”

ချန်လွေ့ မပြောနိုင်ခင်မှာပင် ဗာရစ်က အေးစက်စက် ပြောသည်။ “ဗိုလ်ချုပ်ဆူမန်က သစ္စာဖောက် မဟုတ်ဘူး။”

“ဗာရစ်၊ မင်း.....” မုစ် ဒေါသထွက်သွားသည်။ “ဘာကြောင့်ပဲဖြစ်ဖြစ် ဆာလော့ဒ်ကို ဆန့်ကျင်တာက ပုန်ကန်တာပဲ။ ဆာလော့ဒ်က ဒါကို တရားဝင် ကြေညာပြီးသွားပြီ။”

ဗာရစ် နှာမှုတ်လိုက်ပြီး ဆက်မပြောတော့ပေ။

လော့ဒ်စံအိမ်သည် လုံခြုံရေး ထူထပ်လှသည်။ မုစ်က သူ၏ရည်ရွယ်ချက်ကို ဖော်ပြပြီးသည့်အခါ အစောင့်များက သွားရောက် သတင်းပို့ကြသည်။ ခဏကြာပြီးနောက် သူတို့ထွက်လာပြီး အမှောင်လဧည့်သည်များအား ဝင်လာရန် အမူအရာ ပြသလိုက်သည်။

မုစ်၊ ဗာရစ်နှင့် မိသားစုကိုယ်စားလှယ်များက ချန်လွေ့ကို လော့ဒ်စံအိမ်သို့ ခေါ်သွားခဲ့ကြသည်။

ဧည့်စောင့်ခန်း၌ ချန်လွေ့က မြို့တော်၏ တရားဝင် ခန့်အပ်ခြင်း မခံထားရသော ချော်ရည်ပြာနယ်မြေ၏ “ကိုယ်စားလှယ်လော့ဒ်” ချန်ဒလာကို တွေ့ဆုံခဲ့သည်။

ချန်ဒလာသည် တိုင်တန်၏ တစ်ဦးတည်းသောသားဖြစ်ပြီး လော့ဒ်ဖြစ်လာမည့် မလွဲမသွေ ဆက်ခံသူ ဖြစ်သည်။ သူသည် အသက်၂၀ခန့် ရှိဟန်တူပြီး မျက်နှာမှာ အတော်လေး ဖြူဖျော့နေ၏။ ပလ္လင်ကိုမှီထားသော သူ၏ခန္ဓာကိုယ်သည် အတော်လေး အားနည်းနေပြီး မျက်လုံးများမှာလည်း မှိုင်းနေကာ မျက်တွင်းကျနေသည်။ မုစ် ပြောသည့်အတိုင်းပင် သူသည် အနည်းငယ် နေမကောင်း ဖြစ်နေပုံရသည်။

ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့က အသာလေး အရိုအသေ ပေးလိုက်သည်။ “အမှောင်လရဲ့ ဘဏ္ဍာရေးအရာရှိ ချန်လွေ့နဲ့ သွေးနီဗိုလ်ခြေရဲ့ ဒုတိယခေါင်းဆောင် အက်ဂ်ယောတို့က ဆာလော့ဒ်ကို နှုတ်ဆက်ပါတယ်။”

“ချန်လွေ့။ ဒီနာမည်ကို ငါ ကြားဖူးသလိုပဲ။ မင်းက....အမှောင်လကလား။” ချန်ဒလာ၏ စကားများမှာ သိသိသာသာ အားနည်းနေ၏။ သူက တစ်ခုခုကို သတိထား မိသွားဟန်ဖြင့် ပြန်မေးလိုက်သည်။ “ဒါပေမဲ့ သိပ်မကြာခင်ကပဲ ချော်ရည်ပြာနယ်မြေနဲ့ အမှောင်လတို့က စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတစ်ခု ရှိခဲ့တယ်။ မင်းတို့နှစ်ယောက် ချော်ရည်ပြာနယ်မြေကို ဘာလို့လာလဲဆိုတာ ငါ သေချာမသိဘူး။”

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မုစ်က အလျင်အမြန် ရှေ့တက်ပြီး ပြောသည်။ “ဆာလော့ဒ်က အမှောင်လရဲ့ တော်ဝင်မင်းသမီးဆီကနေ အကူအညီတောင်းဖို့ စာပို့လိုက်တာ မဟုတ်လား။ အခု အမှောင်လရဲ့ မီးလျှံဗိုလ်ခြေက ချော်ရည်ပြာမြို့‌တော်ကို ရောက်နေပြီ။”

“အမှောင်လစစ်တပ်ရဲ့ လက်ရွေးစင်တွေက ချော်ရည်ပြာနယ်မြေကို ရောက်နေပြီလား။” ချန်ဒလာ၏မျက်လုံးများထဲရှိ မြူများက ရုတ်တရက်ပင် ကြောက်ရွံ့မှု အဖြစ် ပြောင်းလဲသွားသည်။ “ရန်သူကို ရင်ဆိုင်ဖို့ ဆူမန်ကို မြန်မြန်ခေါ်လိုက်။”

“ဆာလော့ဒ်။ ဗိုလ်ချုပ်ဆူမန်ကို သစ္စာဖောက်လို့ ကြေညာခဲ့တယ်ဆိုတာ မေ့သွားပြီလား။ သူအခု ထွက်ပြေးနေတယ်။” မုစ်က ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့ကို ကြည့်လိုက်သည်။ “ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ဆာ-ချန်လွေ့နဲ့ တပ်သားတွေကို စေလွှတ်ခဲ့တာ။”

“ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် အမှောင်လစစ်တပ်ကနေ အကူအညီ တောင်းခဲ့တာလား။” ချန်ဒလာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ “ငါဘာလို့ မမှတ်မိရတာလဲ။”

မုစ်က သက်ပြင်းချပြီး ချန်လွေ့ကို ပြောလိုက်သည်။ “ဆာ-ချန်လွေ့။ လော့ဒ်က သိပ်မကြာခင်ကပဲ မတော်တဆ နေမကောင်း ဖြစ်ခဲ့တာ။ မြင်တဲ့အတိုင်းပဲ သူက တော်တော်များများကို မမှတ်မိတော့ဘူး။ ဆေးရည်ပညာရှင်တွေ အများကြီးကို ကျုပ်တို့ဖိတ်ကြားခဲ့တယ်။ ဒါပေမဲ့ အကြောင်းမထူးခဲ့ဘူး။ ဆာ့မှာ နည်းလမ်းတစ်ခု ရှိနိုင်မလား မသိဘူး။”

ချန်ဒလာတွင် အမှန်တကယ်ပင် ပြဿနာတစ်ခု ရှိနေကြောင်း ချန်လွေ့ သတိထားမိခဲ့ပြီး ဖြစ်သည်။ ထိုအချိန်၌ ချန်လွေ့ တိတ်ဆိတ်နေခဲ့သည်။ အသေးစား ဒဏ်ရာတစ်ခုခုဆိုရင် လဲလှယ်ရေးဌာနမှာရှိတဲ့ မဟာဆရာသခင်အဆင့် ဆေးရည်နဲ့ ဖြေရှင်းရင် လုံလောက်တယ်။ ဒါပေမဲ့ ချန်ဒလာရဲ့ရောဂါကို သာမန်ဆေးဝါးနဲ့ မကုသ နိုင်လောက်ဘူး။

ထိုအချိန်၌ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်က ပြောသည်။ “ဆာ-ချန်လွေ့။ အမှောင်လက ဆာလော့ဒ်ဆီကနေ အကူအညီတောင်းခံစာ လက်ခံရရှိခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ်။ ဒါပေမဲ့ ဆာလော့ဒ်ရဲ့ လက်ရှိအခြေအနေအရ ဒီကိစ္စရဲ့စစ်မှန်မှုကို မေးခွန်းထုတ်စရာ ရှိနေသေးတယ်။ မလိုအပ်ထားတဲ့ အထင်လွှဲမှုတွေ မဖြစ်အောင်လို့ အထောက်အထား ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုစကားပြောလိုက်သည်နှင့် မိသားစုကိုယ်စားလှယ်များ၏အကြည့်က ချန်လွေ့ထံ ရောက်ရှိသွားကြသည်။ ချန်လွေ့သည် ချန်ဒလာ၏အခြေအနေကို မြင်ပြီးကတည်းက စိတ်ထဲ၌ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက စာတစ်စောင်ကို အေးအေးဆေးဆေး ထုတ်လိုက်သည်။ “ဒီစာကို အမှောင်လဆီ လော့ဒ်ချန်ဒလာရဲ့ လူယုံတော် ဂရာဟမ်က အဲဒီတုန်းက ပေးပို့ခဲ့တာ။ ဒီထဲမှာ အက်ဘက်စ်မိသားစုအတွက် သီးသန့်ဖြစ်တဲ့ သွေးမျိုးဆက် အမှတ်အသားလည်း ပါတယ်။”

ဗာရစ်က ထိုစာကိုယူပြီး ကြည့်လိုက်သောအခါ မသင်္ကာ ဖြစ်မိသွားသည်။ မိသားစု ကိုယ်စားလှယ်များကလည်း စုဝေးလိုက်ကြပြီး စာပေါ်မှ သွေးမျိုးဆက် အမှတ်အသားနှင့် ရေးသားထားသည်များကို သေသေချာချာ ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။

ဂရာဟမ်သည် ချန်ဒလာ၏ လူယုံတော်တစ်ယောက် ဖြစ်သည်။ သိပ်မကြာခင်က လူအများအပြား ပျောက်ဆုံးသွားခဲ့ပြီး ထိုအထဲ၌ ဂရာဟမ်လည်း ပါဝင်သည်။ အမှန်တွင် ထိုသူသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး အမှောင်နတ်ဆိုးအဖွဲ့ဝင်များက သူမသေခင် သူ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့သည် တမင်တကာပင် ထိုနာမည်ကို အသုံးပြုကာ ထူးခြားသော သွေးမျိုးဆက် အမှတ်အသားကို အသုံးပြုခဲ့သည်အတွက် လုံးဝက သံသယ မဝင်ခဲ့ကြ‌ပေ။

အမှန်တကယ်၌ ချန်လွေ့သည် ယန်းကောမြို့ကို ဖြတ်သွားစဉ်က ဂူရာဒန်၏ ထိန်းချုပ်မှုအောက်၌ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားသေုာ တိုင်တန်အား လိုရမယ်ရ သွေးမျိုးဆက်အမှတ်အသား ပြုလုပ်ခိုင်းခဲ့သည်။ ၎င်းသည် ယခုတွင် အမှန်တကယ် အသုံးဝင်လာခဲ့လေသည်။

ချန်ဒလာ၏ လက်ရှိအခြေအနေ၌ ထိုစာမှာ လိမ်ညာရန် လုံလောက်သည်။ ချန်ဒလာ အသိစိတ် ပြန်ဝင်လာသည့်တိုင် ထိုစာ၌ ရေးထားသည်ကို မှတ်မိနိုင်မည် မဟုတ်လောက်ပေ။

မုစ်က ချန်ဒလာကို ချဉ်းကပ်ပြီး ပြောလိုက်သည်။ “ဆာ-လော့ဒ်။ ကြည့်ရတာ အရှင် တကယ် မေ့သွားတာထင်တယ်။ ဆူမန်ရဲ့ ပုန်ကန်မှုကို နှိမ်နင်ဖို့အတွက် အမှောင်လရဲ့ မီးလျှံဗိုလ်ခြေကို မြန်မြန် အကူအညီတောင်းလိုက်ပါ။ ဒါမှ သူတို့တွေ အမှောင်လကို အမြန်ပြန်နိုင်မှာ။”

ထိုစကားက ချန်ဒလာ၏ အမြင်များကို တဖြည်းဖြည်း ဝေဝါးသွားစေခဲ့ပြီး သူက စက်ရုပ်ကဲ့သို့ ပြောလိုက်သည်။ “ဟုတ်တယ်။ ငါ့ခမည်းတော်နဲ့ငါက ဆူမန်ကို အတော်လေး အလေးပေးခဲ့တာ။ ဒါပေမဲ့ သူက တကယ်ပဲ ပုန်ကန်ခဲ့တယ်။ ချော်ရည်ပြာနယ်မြေရဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးပြန်ရနိုင်ဖို့အတွက် အဲဒီသူပုန်ကို မြန်မြန်သတ်ပေးပါ။ အမှောင်လစစ်တပ်။”

“အဲဒီသေရွာပြန်က [ စိတ်ဦးဆောင်ခြင်း ]ကို သုံးနေတာ။ အဲဒါက ပျောက်ဆုံးလု နီးပါးဖြစ်နေတဲ့ အမှောင်မှော်ပညာတစ်ခုပဲ။ ပြီးတော့ သူ့မှာ သန္ဓေပြောင်း ပါရမီတစ်ခု ရှိရမယ်။ သူက တစ်ဖက်လူရဲ့ စကားနဲ့လုပ်ရပ်တွေကို အချိန်နဲ့နေရာလွတ်ရဲ့ ချုပ်တည်းမှု မခံရဘဲနဲ့ ထိန်းချုပ်နိုင်နေတယ်။ အဲဒီသေရွာပြန်ကို မသတ်ရင် ဒါမှမဟုတ် သူက မန္တန်ကို ကိုယ်တိုင်မဖယ်ရှားရင် ထိန်းချုပ်မှုကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။” ချန်လွေ့၏နားထဲ၌ ပါ့ဂ်လီအို၏ အသံတိုးတိုး ထွက်ပေါ်လာသည်။

ချန်လွေ့မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ သရုပ်ခွဲမျက်လုံးထဲ၌ မုစ်၏ စွမ်အားအကဲဖြတ်မှုမှာ D (C+) ဖြစ်သည်။ သူသည် အပေါ်ယံ၌ အမြင့်ဆင့်နတ်ဆိုးဖြစသ်ပြီး အမှန်တကယ်၌ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်ပြီး [ C- ]အဆင့် ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်ထက် စွမ်းအားကြီးသည်။ ချန်လွေ့ သံသယဝင်နေသည်မှာ ကြာပြီဖြစ်သည်။ ပါ့ဂ်လီအိုက သူ့ကို သတိပေးလိုက်သည့်အခါ သူ ချက်ချင်းပင် သဘောပေါက်သွားသည်။

ချန်လွေ့က တမင်တကာပင် ရှေ့သို့လှမ်းပြီး ရုတ်တရက် ပြောလိုက်သည်။ “ကျုပ်သိပြီ။ လော့ဒ်-ချန်ဒလာကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ်သိလောက်တယ်။”

မုစ်၏မျက်လုံးများ အနည်းငယ် တွန့်သွားသည်။ “ဆာ-ချန်လွေ့။ ခင်ဗျား ဘာလုပ်နိုင်လဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ သတိထားတာ ကောင်းပါတယ်။ ဆာ-လော့ဒ်မှာ တော်ဝင်အဆင့်အတန်း ရှိတယ်။ ဘယ်လိုမျိုး အမှားအယွင်းမျိုးကိုမှ ခွင့်မပြုသင့်ဘူး။ ပြီးတော့လည်း ဆေးရည်ဆရာသခင်တွေကို ကျုပ်တို့ ဖိတ်ကြားပြီးပြီ.....”

“အဲဒါ ဘာလို့လဲဆိုတော့ ခင်ဗျားက ဆေးရည်ဆရာသခင်တစ်ယောက်ကိုပဲ ငှားခဲ့လို့။ တကယ်လို့ ခင်ဗျားသာ အမှောင်မှော် ဆရာသခင်တစ်ယောက်ကို ငှားလိုက်ရင် တစ်ခုခု သိသွားနိုင်တယ်။” ချန်လွေ့၏ စကားများက မုစ်၏ မျက်နှာအမူအရာကို ကြီးကြီးမားမား ပြောင်းလဲသွားစေခဲ့သည်။ “ကျုပ်တို့ လူသားတွေက အလင်းမှော်ကို ဆန့်ကျင်တဲ့ အမှောင်မှော်ပညာအပေါ်မှာ တော်တော်များများ သုတေသန လုပ်ခဲ့တယ်။ ကျုပ်ရဲ့စွမ်းအားက အားနည်းပေမဲ့ ဒီလိုမျိုး အမှောင်မှောလှည့်ကွက်မျိုးကို သတိထား မိသေးတယ်။ ကျုပ်သိရသလောက်ဆိုရင် ဒီလိုမှော်ပညာမျိုးက တော်တော်လေး လျို့ဝှက်ဆန်းကြယ်တယ်။ ဆရာသခင်အဆင့် ...အဲ.... နတ်ဆိုးဘုရင်အဆင့်နဲ့အထက် တွေပဲ ဒါကို သုံးနိုင်တာ။ ဟုတ်တယ်မလား ဆာ-မုစ်။ ဒါမှမဟုတ် ကျုပ် ခင်ဗျားကို အမှောင်မှော် ဆရာသခင်လို့ပဲ ခေါ်ရမလား။”

ထိုစကားများ ထွက်လာသည်နှင့် ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်နှင့် မိသားစုများမှ ကိုယ်စားလှယ် အသီးသီးတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ပိန်ပါးသော မုစ်ကို စိုက်ကြည့်လိုက်ကြသည်။

All Chapters