← Chapters

ရတနာမြေပုံ

Vol. 28 Ch. 416

ရတနာမြေပုံ

Vol. 28 Ch. 416

“မင်း...ပေါက်ကရ မပြောနဲ့။” မုစ်က ကြောက်လန့်နေဟန် ပြသလိုက်သည်။ “မင်းတို့ အမှောင်လက ချော်ရည်ပြာနယ်မြေကိုလာတာ မကောင်းတဲ့အကြံ သေချာပေါက် ရှိမယ်လို့ ငါထင်တယ်။ အခု မင်းတို့က ဒီလိုမျိုး အကောက်ကြံပြီးတော့ မကောင်းတဲ့ လှုံ့ဆော်မှုမျိုးကို အသုံးချနေတယ်။”

ပါ့ဂ်လီအိုက ချန်လွေ့အရှေ့တွင် ကာကွယ်ပေးသည့်ပုံစံဖြင့် ရပ်နေပြီး လူသား ဘဏ္ဍာရေးအရာရှိက ပို၍ပင် တည်ငြိမ်နေသည်။ “ဆာ-မုစ်။ ခင်ဗျားရဲ့ အမူအရာက ခုနကနဲ့ အခုနဲ့ တော်တော်လေး ကွဲပြားနေတယ်။ အမှောင်လစစ်တပ် ရောက်လာတာကို ခင်ဗျား ခုနက ကျေးဇူးတွေ တင်နေခဲ့တယ်။ ပြီးတော့လည်း ကျုပ်က သိထားတဲ့အတိုင်း ထင်မြင်ချက်ပေးနေတာပါ။ ခင်ဗျားမှာ အပြစ်မရှိဘူးဆိုရင် ဘာလို့ စိုးရိမ်နေရတာလဲ။”

“ဒါကြောင့် ဆေးရည်ဆရာသခင်တွေက ဘာမှလုပ်ရတာကိုး။” ငြိမ်ဝပ်ပိပြားရေး အရာရှိ ဗာရစ်က ပြောလိုက်သည်။ “ဆာ-ချန်လွေ့ သတိမပေးခဲ့ရင် ဒီအကြောင်း တွေးမိမှာ မဟုတ်ဘူး။ ကြည့်ရတာ ကျုပ်တို့တွေ ခင်ဗျားကို အထင်သေးမိခဲ့တဲ့ပုံပဲ။ မုစ်။”

ထိုသို့ ဗာရစ်ပြောလိုက်ခြင်းမှာ သူသည် “အပြင်လူ”ဖြစ်သော ချန်လွေ့၏ ထင်မြင်ချက်ကို သဘောတူကြောင်း ဆိုလိုပေသည်။ မိသားစုကိုယ်စားလှယ်များကလည်း သံသယ ဝင်လာကြသည်။

“အစောင့်တွေ လာခဲ့ကြ။” ဗာရစ် အော်ပြောလိုက်သည်။ “မုစ်ကို ဖမ်းလိုက်။ ဒါက ဆာလော့ဒ်ရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်တယ်။”

အစောင့်များ ပြေးဝင်လာကြသော်လည်း သူတို့က ဗာရစ်နှင့် အခြားသူများကို ဝိုင်းရံလိုက်ကြသည်။

“လော့ဒ်စံအိမ်တစ်ခုလုံးက ငါ့ရဲ့လက်ထဲမှာပဲ။ ဒီနေ့ မင်းတို့တွေ ဘယ်သူမှ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။” မုစ်က တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားသည်။ “ငါ့ရဲ့ လျို့ဝှက်ပညာရပ်ကို အန္တရာယ်မရှိတဲ့ လူသားတစ်ယောက်က မြင်သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကြည့်ရတာ အစီအစဉ်တချို့ကို ပြောင်းလဲရမယ့်ပုံပဲ။”

ဗာရစ်က ဒေါသတကြီး ပြောလိုက်သည်။ “လက်စသတ်တော့ ခင်ဗျားက တကယ်ပဲ ဆာလော့ဒ်ကို ထိန်းချုပ်ထားတာကိုး။ ဗိုလ်ချုပ်ဆူမန်ကို မောင်းထုတ် လိုက်တာကလည်း ခင်ဗျားရဲ့ လှည့်ကွက်ပဲလား။”

“မင်းကိုယ်မင်းသာ စိတ်ပူစမ်းပါ။ ဗာရစ်။ မင်း မခံစားမိသေးဘူးလား။” မုစ်က ကြက်သီးထစရာ ကောင်းအောင် ပြုံးလိုက်သည်။ “မင်းရဲ့စွမ်းအားတွေ အလျင်အမြန် ကျဆင်းနေလောက်ပြီ။ ဒီအဆိပ်က အမှောင်မှော်ပညာရဲ့စွမ်းအားနဲ့ ပေါင်းစပ်ထားတာ။ နတ်ဆိုးဧကရာဇ်အဆင့်တောင် ခုခံဖို့ ခက်ခဲတယ်။ သိပ်မကြာခင်က မင်းက ဘာကိုမှ မခုခံနိုင်တဲ့ အမှိုက်တစ်ခု ဖြစ်သွားမှာပဲ။ ပြီးတော့ ဒီလူသားကို ငါထိန်းချုပ်ပြီးတော့ သူခေါ်လာတဲ့ စစ်သည်တွေကို အဆိပ်နဲ့ မြှုပ်နှံခိုင်းမယ်။”

“ခင်ဗျားက ဘယ်သူလဲ။ လော့ဒ်-ချန်ဒလာကို ဘာလို့ ထိန်းချုပ်ချင်ရတာလဲ။” ချန်လွေ့သည် စူပါစနစ်မှ သတိပေးချက်ကို လက်ခံရရှိခဲ့သည်။ ထိုကဲ့သို့ အဆိပ်မျိုးသည် ပါ့ဂ်လီအိုကို မပြောနှင့်၊ သူ့အပေါ်ပင် သက်ရောက်မှု မရှိပေ။ သို့သော်လည်း ဗာရစ်နှင့် အခြားသူများမှ မသက်သာသော ခံစားချက်များ ပြသလာကြသည်။

မုစ်က ပြုံးဖြီးဖြီးလုပ်ရင်း ပြောသည်။ “မင်း သေပြီးရင် မင်းရဲ့အလောင်းကို ငါပြောပြပေးလိုက်မယ်။”

“မဟုတ်ဘူး။ ကျုပ် အခု သိဖို့လိုတယ်။” ချန်လွေ့ စကားပြောပြီးသည်နှင့် ပါ့ဂ်လီအို လက်ဝှေ့ရမ်းလိုက်ရာ အနီးအနားရှိ အစောင့်များက ဒိုးစက်များသဖွယ် လဲကျသွားကြ၏။ တစ်ချိန်တည်းမှာပင် မုစ်ကလည်း ခန္ဓာကိုယ် တင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။ သူ၏ပိန်ပါးသောမျက်နှာပေါ်ရှိအပြုံး ရုတ်တရက် အေးခဲသွား တော့သည်။

မုစ် တုန်လှုပ်သွားခဲ့သည်။ ဒီကြောက်စရာအားကို ခုခံဖို့ လုံးဝ မဖြစ်နိုင်ဘူး။ “အက်ဂ်ယော”ရဲ့ စွမ်းအားက ငါထင်ထားတာထက် ကျော်လွန်နေတာလား။ သူ့ကို ဘာလို့ အဆိပ်က သက်‌ရောက်မှု မရှိတာလဲ။ အဲဒီလူသားကို‌ရောပဲ။ သူတို့မှာ လျို့ဝှက် ရတနာတစ်ခုခု ရှိတာလား။

“[ စိတ်ဦးဆောင်ခြင်း ]ကို ဖယ်ရှားပြီးတော့ ကျုပ်မေးတာကိုဖြေ။ ပြီးရင် ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးမယ်။” အစမှအဆုံးမထိ ပါ့ဂ်လီအိုက စကားတစ်လုံးမှ မပြောခဲ့ပေ။ ချန်လွေ့တစ်ယောက်တည်းသာ “ဇာတ်ကြောင်းပြောခြင်း”ကို တာဝန်ယူ ထားခဲ့သည်။

“ငါ့အဖြေက...မင်းတို့လို ပုရွက်ဆိတ်တွေကြောင့် ငါ့သခင်ရဲ့ အကြံအစည်ကို ထိခိုက်ခွင့် မပြုနိုင်ဘူး။” မုစ်၏ ဒွါရ၇ပေါက်မှ ငွေအလင်းရောင်များ တစ်ပြိုင်နက်တည်း တောက်ပလာကြသည်။ သူ စကား မဆုံးသေးခင်မှာပင် ပေါက်ကွဲထွက်သွား၏။

ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်ပြီး ပေါက်ကွဲမှုကို ထိန်းချုပ်လိုက်ပြန်သည်။ ထိုကဲ့သို့ ပေါက်ကွဲမှုမျိုးကို သူကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

ချန်လွေ့ စဉ်းစားခန်း ဝင်နေလိုက်သည်။ မုစ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာက လျို့ဝှက်ချက်တွေ မပေါက်ကြားစေချင်လို့ပဲ။ ကြည့်ရတာ ဒီအင်အားစုက ချော်ရည်ပြာ နယ်မြေကို ထိန်းချုပ်ဖို့ပဲ ကြံစည်ထားတာ မဟုတ်လောက်ဘူး။ ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။

မုစ် သေဆုံးသွားသောအခါ အမှောင်မှော် အဆိပ်က တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ ဗာရစ်နှင့် အခြားသူများလည်း တဖြည်းဖြည်းနှင့် အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ၎င်းသည်သာမက ပလ္လင်ပေါ်မှ လော့ဒ်-ချန်ဒလာ၏ ဝေဝါးနေသော အမြင်များလည်း ပြန်လည်ကြည်လင်လာခဲ့သည်။

ဗာရစ်က ချန်ဒလာအနားသို့ အလျင်အမြန် ရောက်ရှိလာသည်။ “ဆာလော့ဒ်။”

ချန်ဒလာက အင်တိုက်အားတိုက် တုံ့ပြန်လိုက်သည်။ “ဗာရစ်လား။”

“ဟုတ်ပါတယ်။ ဆာလော့ဒ်။” ချန်ဒလာ၏အကြည့် သိသိသာသာ ပြောင်းလဲသွားကြောင်း ဗာရစ် သတိထားမိသွားသည့်အခါ သူ၏ တင်းမာနေသော မျက်နှာက အံ့အားသင့်သွားသည်။ ကြည့်ရတာ ချန်ဒလာကို လူသားပြောတဲ့အတိုင်း ပျောက်ဆုံးလုနီးပါးဖြစ်နေတဲ့ အမှောင်မှော် [ စိတ်ဦးဆောင်ခြင်း ] နဲ့ ထိန်းချုပ်ထားတဲ့ပုံပဲ။ အသုံးပြုသူ သေဆုံးသွားရင် သက်ရောက်မှုလည်း ပျောက်ကွယ်သွားတယ်။

[ စိတ်ဦးဆောင်ခြင်း ]ကို ဖယ်ရှားပြီးနောက် ချန်ဒလာ၏ အခြေအနေမှာလည်း သိပ်ပြီး မကောင်းလှပေ။ အထူးသဖြင့် “ထိန်းချုပ်ခံရသော” အချိန်အတောအတွင်း မှတ်ဉာဏ်များမှာ ဝေဝေဝါးဝါးသာ ဖြစ်သည်။ အကူအညီတောင်းခံခဲ့ရေသာ စာကလည်း ဇဝေဇဝါဖြစ်နေပြီး ချန်ဒလာသည်ပင် အမှားအမှန်ကို မပြောနိုင်တော့ပေ။ သို့သော်လည်း ချန်လွေ့သည် ဟာကွက်တစ်ခုခု မပေါ်စေရန်အတွက် ဆင်ခြေတစ်ခုပေးပြီး စာကို ပြန်တောင်းလိုက်သည်။

ချန်ဒလာက ချော်ရည်ပြာနယ်မြေရှိ စစ်တန်းလျား၏ အမှောင်လ၏ လက်ရွေးစင် စစ်သည်တစ်သောင်း စခန်းချထားကြောင်း ကြားလိုက်ရသည့်အခါ ထိတ်လန့်သွားပြီး မေးလိုက်ုသည်။ “ဗိုလ်ချုပ်ဆူမန် ဘယ်မှာလဲ။”

“ဗိုလ်ချုပ်ဆူမန်.....” ဗာရစ် သက်ပြင်းချလိုက်သည်။ သူက ချန်ဒလာ၏ နားသို့ ချဉ်းကပ်ပြီး တီးတိုးပြောလိုက်သည်။

“ဗိုလ်ချုပ်ဆူမန်က အဇူရီဗိုလ်ခြေကနေ ထွက်ပြေးသွားတယ်လား။ ငါက သူ့ကို သစ္စာဖောက်လို့ ကြေညာပြီးတော့ နယ်မြေတစ်ခုလုံးကို လိုက်ဖမ်းခိုင်းခဲ့တယ်လား။” ဗာရစ်ပြောသည်ကို ကြားသည့်အခါ ချန်ဒလာ အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ အမှောင်လစစ်ပွဲ၌ အဇူရီဗိုလ်ခြေခေါင်းဆောင် နာဒါ၊ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေခေါင်းဆောင် မယ်လော်ကာအပြင် ချော်ရည်ပြာနယ်မြေ၏ လက်‌ရွေးစင်များ သေဆုံးသွားကြရာ သူအားကိုး၍ရနိုင်သော အရေးအကြီးဆုံး စစ်တပ်ပုဂ္ဂိုလ်မှာ ဆူမန်သာ ဖြစ်သည်။ ငါ တကယ်ကြီး ဒီလို “အထောက်အပံ့မျိုး”ကို ကိုယ်တိုင် ဖယ်ရှားခဲ့တာပဲ။

“ဗိုလ်ချုပ်ဆူမန်ကို ခွင့်လွှတ်ပေးတယ်လို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်။ ပြီးတော့ သူ့ကို ချော်ရည်ပြာနယ်မြေဆီ ပြန်ခေါ်။”

ဗာရစ် တုံ့ဆိုင်းသွားသည်။ “ဆာလော့ဒ်။ နောက်ဆုံးရခဲ့တဲ့ သတင်းအရဆိုရင် ဗိုလ်ချုပ်ဆူမန်က ပျောက်ဆုံးမှုတွေ ဖြစ်ပွားနေတဲ့ လုပင်မြို့ကို သွားခဲ့တာ။ ပြီးတော့ သူ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးဘူး။”

ချန်ဒလာက စဉ်းစားနေဟန်တူသော ချန်လွေ့ကို ကြည့်လိုက်သည်။ သူ အကြံတစ်ခု ရသွားပြီး ပြောသည်။ “ဆာ-ချန်လွေ့။ ဆာ-အက်ဂ်ယော။ အရင်ရန်ကြွေးကို ဘေးဖယ်ထားပြီး ချော်ရည်ပြာနယ်မြေရဲ့ အခက်ခဲဆုံးအချိန်မှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆာနှစ်ယောက်ကို ကိစ္စတစ်ခု ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ လုပင်မြို့မှာ ခဏခဏ ပျောက်ဆုံးမှုတွေ ဖြစ်နေတယ်။ အမှောင်လက ဒါကို စုံစမ်းပြီး ဗိုလ်ချုပ်ဆူမန်ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာဖို့ ကူညီပေးနိုင်မလား။”

ချန်လွေ့က ခဏစဉ်းစားပြီး ပြန်ဖြေသည်။ “ကျုပ်တို့က ပုန်ကန်မှုကို နှိမ်နင်းဖို့ ဆာလော့ဒ်ရဲ့ တောင်းဆိုမှုအတိုင်း တော်ဝင်မင်းသမီးရဲ့ တုံ့ပြန်မှုနဲ့ ရောက်လာတာပါ။ ဗိုလ်ချုပ်ဆူမန်က သူပုန်မဟုတ်ဘဲနဲ့ အခြားသူရဲ့ အကောက်ကြံခံရတာဆိုတော့ ဒီကိစ္စကို ကျုပ်တို့ ဝင်စွက်ဖက်လို့ အဆင်မပြေလောက်ဘူး....”

ချန်ဒလာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ “အမှန်အတိုင်း ‌ပြောရရင် ချော်ရည်ပြာနယ်မြေက အခု ဖရိုဖရဲ ဖြစ်နေတာ။ အရင်လော့ဒ်ရဲ့ အမှားကြောင်း စစ်တပ်အင်အား ကြီးကြီးမားမား ကျဆင်းသွားခဲ့တယ်။ ပြီးတော့ မြို့‌တော်ရဲ့ ရန်ပုံငွေကိုလည်း ပြန်မရသေးဘူး။ ကျုပ်ကို သစ္စာဖောက်မုစ်က ထိန်းချုပ်ထားတဲ့ အချိန်မှာ ကျုပ်ရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်စေခဲ့ပြီးတော့ ငတ်မွတ်ခေါင်ပါးမှုတွေလည်း ပျံ့နှံ့သွားခဲ့တယ်။ ဒါက ကျုပ်လုပ်နိုင်တာထက်ကို ကျော်လွန်သွားပြီ။ ကျုပ်ကို ကူညီပေးပါ။ ဆာတို့။”

“ဖရိုဖရဲ ဖြစ်နေတယ်ဆိုရင် အားကောင်းတဲ့ အင်အားစုတစ်ခုကို မှီခိုဖို့ ဘာလို့ မရှာတာလဲ။” ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “မင်းသမီးရှီရာကို ဆာလော့ဒ်ရဲ့ ကတိအရ အမှောင်လက ချော်ရည်ပြာနယ်မြေကို ကူညီပြီးသွားပြီဆိုတော့ ဆာလော့ဒ် စိတ်ရင်းနည်းနည်း ပြသသင့်တယ်လို့ မထင်ဘူးလား။”

“အဲဒီစာနဲ့ပတ်သက်ပြီးတော့ ကျုပ် တကယ် မမှတ်မိဘူး။” ချန်ဒလာက အံကြိတ် လိုက်သည်။ “ဒါပေမဲ့ မင်းသမီးရှီရာက ကျုပ်ရဲ့လော့ဒ်နေရာကို ထိန်းသိမ်းထားနိုင်ပြီး ချော်ရည်ပြာနယ်မြေရဲ့ ကြွယ်ဝမှုနဲ့ တည်ငြိမ်မှုကို ထိန်းထားနိုင်မယ်ဆိုရင် တော်ဝင်မင်းသမီးဆီမှာ ကျုပ် သေချာပေါက် အညံ့ခံမှာပါ။”

ချန်လွေ့က တိတ်တိတ်လေး ခေါင်းညိတ်ပြီး မှတ်တမ်းတင် ကျောက်တုံးတစ်ခုကို တိတ်တဆိတ် ကိုင်ထားသည်။ အနည်းဆုံးတော့ ငါ့မှာ ချန်ဒလာရဲ့ နှုတ်ကတိ ရှိနေပြီ။ အမှောင်လက ဒီအခွင့်အရေးကို တကယ်အသုံးချပြီးတော့ ချော်ရည်ပြာနယ်မြေရဲ့ စီးပွားရေးနဲ့ စစ်ရေးကို ထိန်းချုပ်နိုင်သရွေ့တော့ ချန်ဒလာ ကတိဖျက်မှာကို စိုးရိမ်စရာ မလိုဘူး။

“ဒီလိုလုပ်ရအောင်။ ခင်ဗျားတို့နှစ်ယောက်နဲ့ ကျုပ်မတွေ့ရသေးတဲ့ အသီနာတို့က အဝေးကြီးကနေ လာခဲ့ရတာပဲ။ ဆာ၃ယောက်ကို ကျေးဇူးတင်ဖို့အတွက် ခင်ဗျားတို့ကို ရတနာတစ်ခုစီ ပေးချင်တယ်။ ကျုပ်ရဲ့ ရတနာတိုက်ထဲကနေ ခင်ဗျားတို့ကြိုက်တဲ့ ပစ္စည်းတစ်ခုကို သွားယူကြပါ။” ချန်လွေ့က ဂရုမစိုက်ဟန်ဖြင့် ရှိနသေးကြောင်း မြင်လိုက်ရသည့်အခါ ချန်ဒလာက နာကျင်သောအမူအရာဖြင့် ပြောလိုက်ပြန်သည်။

ချန်လွေ့ သ‌ဘောမတူခင်မှာပင် ဘေးဖက်မှ ဝတ်ရုံနက်ဝတ်ထားသည့် “အက်ဂ်ယော”က အရင်ပြောလိုက်သည်။ “‌ကောင်းပြီလေ။”

ဒီဘဲခေါင်းနဂါးက ရတနာရှိတယ်ဆိုတာ ကြားတာနဲ့ ဟန်မဆောင်နိုင်တော့ဘူး။ ချန်လွေ့က ထိုသူကို ရွံရှာလျက် ဖျပ်ခနဲ ကြည့်လိုက်သည်။ ယခုတွင် ချန်လွေ့သည် ပါ့ဂ်လီအို၏ မျက်နှာအမှန်ကို မမြင်နိုင်သော်လည်း မျက်နှာဖုံးနောက်ကွယ်၌ သူ၏ မျက်လုံးများ အရောင်တောက်နေမည်ကို စိတ်ကူးကြည့်၍ ရပေမည်။

အမှန်တကယ်၌ လုပင်မြို့သည် သွေးမြေကျ အကြံအစည်နှင့် သက်ဆိုင်နိုင်ချေ များသည်။ ချန်လွေ့သည် ယခင်ကတည်းက ထိုနေရာသို့ သွားချင်နေခဲ့သည်။ သို့သော် ယခုက သူ ငြင်းလိုက်ခြင်းမှာ နောက်ဆုတ်ပြီး အကျိုးအမြတ်များ ပိုမိုရရှိရန် ဖြစ်သည်။

ချန်လွေ့သည် ချန်ဒလာ၏ စားသောက်ပွဲ ဖိတ်ကြားခြင်းကို ငြင်းပယ်ခဲ့သည်။ သူသည် စစ်တပ်အား အထောက်အပံ့ပေးသည်ကိုသာ လက်ခံခဲ့သည်။ ထို့ပြင် သူသည် ရတနာသုံးခုကိုလည်း လက်ခံခဲ့သည်။ အမှန်တကယ်၌ သူ ငြင်းလိုက်လျှင်ပင် ဘဲခေါင်းနဂါးက ၎င်းတို့ကို ထပ်မံတောင်းဆိုမည် ဖြစ်ပေသည်။

ချော်ရည်ပြာနယ်မြေ၏ လက်ရှိစီးပွားရေးနှင့် ဘဏ္ဍာရေး အခြေအနေတို့မှာ အခက်အခဲ ဖြစ်နေသော်လည်း ချန်ဒလာ၏ ရတနာတိုက်မှာ မစုတ်ပြတ်နေပေ။ အများစုမှာ သေဆုံးသွားသော ဖခင်ဖြစ်သူ တိုင်တန်ထံမှ ချန်ဒလာ ရရှိထားသော ပစ္စည်းကောင်းများ ဖြစ်ကြသည်။ ရတနာများအပြင် ထိုသူသည် သူ့ဖခင်၏ မိန်းမများကိုလည်း သိမ်းပိုက်ထားခဲ့သည်ဟု ပြောကြသည်။

ပါ့ဂ်လီအိုသည် အမှန်တကယ်ပင် စံနှုန်းမြင့်မားလှသည်။ အကယ်၍ ယခင်ကသာ ဆိုလျှင် သူသည် ရတနာတိုက်ထဲမှ ပစ္စည်များကို ကြည့်ပင်ကြည့်မည် မဟုတ်ပေ။ သို့သော် သူ၏ယခင် ကြွယ်ဝမှုများကို “လောဘကြီးသောလူသား”နှင့် မျှဝေနေရပြီး “လူသား၏ ကြောက်မက်ဖွယ်ရာ မိန်းမရူး”ကလည်း တစ်စိတ်တစ်ပိုင်း ယူထားသည်။ ဘက်တီလေးအား သူ “ပေးအပ်”ခဲ့သည့် အရည်အသွေးမြင့် ရတနာများအပြင် ဘဲခေါင်း နဂါးတွင် အတော်လေး နည်းပါးနေပြီ ဖြစ်သည်။ (သူ၏စိတ်ထင်) _ ဘယ်လောက်ပဲ တန်ဖိုးနည်းနည်း၊ ရတနာက ရတနာပါပဲ။

မြို့တော်မှ ကြီးမားလှသော ကြွယ်ဝမှုအတွက်မူ “လောဘကြီးသောလူသား”က ၎င်းအတွက် နောက်ထပ် ရည်ရွယ်ချက်တစ်ခုရှိကြောင်း ပြောခဲ့သည့်အတွက် ၎င်းကို ဝေမျှ၍ မရနိုင်သေးပေ။ ဒါလည်း တစ်မျိုးကောင်းတာပဲ။ အနည်းဆုံးတော့ ဘက်တီလေး ရှာမတွေ့တော့ဘူးပေါ့။ ဒါက နောက်ပိုင်းမှာ ငါ့ရဲ့ကိုယ်ပိုင်ပိုက်ဆံတွေ ဖြစ်လာနိုင်တယ်။

ဘက်တီလေးက ငါ့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပေမဲ့၊ ငါ့ရဲ့ ရတနာတွေကို မျှဝေနေရပေမဲ့ ( ဒါက ဘက်တီလေးအတွက် သီးသန့်ပဲ ) ဂုဏ်သရေရှိ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ငါ့မှာ ရတနာသိုက် အသေးလေး မရှိဘူးဆိုရင် တကယ်ရှက်စရာကောင်းတယ်။

ချန်လွေ့၏ ထပ်ကာထပ်ကာ အရိပ်အမြွက်များအောက်၌ ဆရာသခင် အဆိပ်နဂါးသည် အခြေအနေတစ်ခုလုံးကို တွန့်ဆုတ်တွန့်ဆုတ်နှင့် အာရုံစိုက်ပြီး “ဉာဏ်များသောလူသား”အား အခွင့်အရေးသုံးခု ပေးလိုက်သည်။ အမှန်တကယ်၌ သူသည် ရတနာများအပေါ်၌ သက်ဆိုင်ရာ အမှတ်အသားများ ပြုလုပ်ခဲ့သည်။ သူသည် သိပ်မကြာခင်တွင် ထိုနေရာသို့ “ပြန်လာလည်”ရန် စီစဉ်ထားနိုင်ပေသည်။

ချန်လွေ့သည် ဆန်းကြယ် ကျောက်စိမ်းချပ်ကာ ဖန်တီးရာ၌ လိုအပ်နေသော ယွမ်လိပ်ကျောက်တုံးကို မြင်သွားခဲ့ပြီး မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ ဒီ ယွမ်လိပ်ကျောက်တုံးနဲ့ စုဆောင်းထားတဲ့ အခြားကုန်ကြမ်းတွေနဲ့ဆိုရင် ငါ ဆန်းကြယ် ကျောက်စိမ်းချပ်ကာတစ်ခုကို ဖန်တီးနိုင်ပြီ။

ကံဆိုးစွာပင် ရတနာတိုက် တစ်ခုလုံးကို ရှာဖွေပြီးနောက်တွင် တစ်ခုသာ တွေ့ခဲ့ရသည်။ ချန်လွေ့သည် အခြားရွေးစရာမရှိတော့ဘဲ နောက်ထပ် ထိပ်တန်းအဆင့် မှော်ကုန်ကြမ်းကို ရွေးချယ်ရတော့သည်။ သူက တတိယတစ်ခုကို ကောက်ယူရန် ပြင်လိုက်စဉ် သေတ္တာဟောင်းတစ်ခုကို ရုတ်တရက်တွေ့သွားပြီး ဖွင့်လိုက်သည်။ ၎င်းသည် စုတ်ပြဲနေသော သားရေစာလိပ်တစ်ခုဖြစ်ပြီး ပုံစံကွက်မှာ အလွန်ပင် ရင်းနှီးလှသည်။

ဘေးဖက်က ဘဏ္ဍာစိုးက အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။ “ဒါက တစ်နေရာက လျို့ဝှက်ရတနာသိုက်တစ်ခုအတွက် ရတနာမြေပုံပါ။ သူ့သမိုင်းကြောင်းက ‌တော်တော်ရှည်တယ်။ ဒါက ဒီထဲရောက်နေတာ နှစ်ပေါင်း၁၀၀၀၀ ရှိတော့မယ်။ ကံဆိုးချင်တော့ ဒါက မပြည့်စုံနေဘူး။”

ချန်လွေ့၏စိတ် လှုပ်ရှားသွားခဲ့သည်။ သူက ရတနာမြေပုံကို ယူထားလိုက်သည်။ မတော်တဆ အကျိုးအမြတ်တွေ ရလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီနေရာမှာ အဲဒီရတနာမြေပုံရဲ့ အပိုင်းအစတစ်ခုကို ငါတွေ့ခဲ့တယ်။

မိုးသစ်တောမည်း၌ ပထမဆုံး မြေပုံအပိုင်းအစကို ဒိုဒို ပေးပြီးနောက် ချန်လွေ့က ခါနီတာနှင့် မိုလင်မြို့ ကုန်စည်ပြပွဲတို့မှ အပိုင်းအစနှစ်ခု ရရှိခဲ့သည်။ ယခုနှင့်ဆိုလျှင် နောက်ဆုံးတစ်ခုသာ ကျန်တော့သ်ည။

ကုန်စည်ပြပွဲမှာ အမှောင်လူပုက ဒီရတနာမြေပုံဟာ ပင်လယ်သေရဲ့ ရတနာသိုက်ကို မှတ်တမ်းတင်ထားတယ်လို့ ပြောခဲ့တာ ငါ မှတ်မိတယ်။ ဒီရတနာသိုက်က လွန်ခဲ့တဲ့နှစ်ပေါင်း သိန်းသောင်းချီတုန်းက နတ်ဆိုးဘုံမှာ နာမည်ကျော်ခဲ့တဲ့ အမှောင် နဂါးဧကရာဇ်ရဲ့ အမွေအနှစ်ပဲ။ အဲဒီထဲမှာ မရေတွက်နိုင်တဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်းတွေ ရှိတယ်။

ပင်လယ်သေက လုပင်မြို့ တောင်ဘက်အစွန်ဆုံးမှာ ရှိတယ်။ ဒီစကားက မှန်မမှန် ငါ မသိဘူး။ ဒါပေမဲ့ ငါအခု တကယ်အလုပ်များနေတယ်။ ဒီထင်ယောင်မှား ဒဏ္ဍာရီကို ရှာဖွေဖို့ ငါ့မှာ အချိန်မရှိဘူး။ ပြီးတော့လည်း ရတနာမြေပုံမှာ တစ်ပိုင်းတစ်စ ပျောက်နေ သေးတယ်။ အားလုံး စုမိပြီးတော့မှပဲ စဉ်းစားတာပေါ့။

ချော်ရည်ပြာနယ်မြေ တံတိုင်းအပေါ်၌ မျက်တွင်းကျနေသော လော့ဒ်-ချန်ဒလာက တောင်ဘက်သို့ အမှောင်လစစ်တပ် သွားနေသည်ကိုကြည့်ပြီးနောက် သူ့ဘေးနားမှ မျက်နှာ အေးစက်စက် ဖြစ်နေသော ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူတို့သည် ထူးထူးဆန်းဆန်း ပြုံးလိုက်ကြသည်။

All Chapters