← Chapters

သံသယနှင့် စည်းရုံးရေး

Vol. 29 Ch. 422

သံသယနှင့် စည်းရုံးရေး

Vol. 29 Ch. 422

“သူက အယ်မို့စ်ကို သတ်ပစ်ခဲ့တယ်။ အယ်ဆာ့ခ်ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့တယ်။” ဟေးဂယ်၏ ကြက်သွေးရင့်ရောင် မျက်လုံးထဲရှိ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ် အငွေ့အသက်များ ရှိနေသည်။ “ပြီးတော့လည်း အမှောင် ဒြပ်စင်ကောင်တွေ အများကြီးလည်း သူ့လက်ထဲမှာ သေသွားခဲ့တယ်။”

ယခုတစ်ခေါက်၌ လမ်းဘို့စ် လက်မလျှော့ပေ။ “ဒြပ်စင်ကောင်တွေက သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သေခြင်းရှင်ခြင်းက တည်ရှိမှုပုံစံတွေ ပြောင်းလဲသွားတာထက် မပိုဘုး။ စွမ်းအားပြန်ရဖို့အတွက် မင်းက အမှောင်နေရာ ၃ခုမှာ အသက်တွေအများကြီးကို စ‌တေးခဲ့တယ် မဟုတ်လား။”

“အဲဒါတွေက အဆင့်နိမ့် နတ်ဆိုးတွေပဲ။ ငါ့ရဲ့စွမ်းအားကို ပြန်ရဖို့အတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကို သူတို့ ဂုဏ်ယူသင့်တယ်။” ဟေးဂယ်က ရွံရှာသည့် အမူအရာ ပြသလိုက်ပြီး ရေဒြပ်စင်ဘုရင်ကို တည့်တည့် ကြည့်လိုက်သည်။ “ဒီနတ်ဆိုးတွေကို ကူညီဖို့အတွက် မင်းငါ့ကို တကယ်ပဲ ဆန့်ကျင်မှာလား။”

“ဒီအသက်တွေကို ငါ လျစ်လျူရှုနိုင်တယ်။ ပြီးတော့ ငါ့ရဲ့စွမ်းအားကို သုံးပြီးတော့တောင် မင်းရဲ့စွမ်းအားတွေ ပြန်ရဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အရေးအကြီးအဆုံးအရာကို မင်း သဘောပေါက်သင့်တယ်။ အမှောင်ထု ဘုရင်၃ပါးရဲ့ ရန်သူက အဲဒီဘုရင်၃ပါးပဲ မဖြစ်ရဘူး။” လမ်းဘို့စ်၏လေသံက ရုတ်တရက်ပင် အတော်လေး ခံ့ညားသောအသံအဖြစ် ပြောင်းလဲသွားသည်။ “ငါက ဒါကို နတ်ဆိုးတွေ အတွက် လုပ်နေတာ မဟုတ်ဘူး။ ဒြပ်စင်ပဋိညာဉ်စာချုပ် အတွက်ပဲ။ မင်းက ကိုယ်ရေးကိုယ်တာ အညှိုးအတွက် ဒြပ်စင်ပဋိညာဉ်စာချုပ်ကို ဖောက်ဖျက်မယ် ဆိုရင်တော့ ငါမင်းကို အစွမ်းကုန် တားရလိမ့်မယ်။”

ထို့နောက် လမ်းဘို့စ်၏ လက်ထဲရှိ ခရာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် တစ်ခုလုံး အပြာရောင် ဖြစ်နေပြီး အရောင်ဖျော့ဖျော့ တောက်နေ၏။ “ဟေးဂယ်။ မင်းငါ့ကို ဒီလို လုပ်စေချင်လား။”

ဟေးဂယ်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ၎င်းသည် ရေဒြပ်စင်စစ်တပ်ကို ဆင့်ခေါ်သော ခရာပြာဖြစ်သည်။ လမ်းဘို့စ် အတည်ပြောနေခြင်း ဖြစ်ဟန်တူသည်။ ယခုတွင် ဟေးဂယ်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက် သေးသည့်အတွက် လမ်းဘို့စ်၏ပြိုင်ဘက် မဟုတ်ပေ။ ထို့ပြင် သူ၏ဘေး၌ အတော်လေး အစွမ်းထက်ပြီး ရန်လိုသော နဂါးတစ်ကောင် ရှိနေသည်။ ဘရေ့ဂက်ဖြင့်ပင် သူ အနိုင်မရနိုင်ပေ။ ထို့ပြင် လမ်းဘို့စ် သတိပေးခဲ့သော ဒြပ်စင်ပဋိညာဉ်စာချုပ်က ဟေးဂယ်အား တွန့်ဆုတ်သွားစေသည်။

အမှောင်ဒြပ်စင်ဘုရင်၏ ကြမ်းတမ်းသောအကြည့်က ရေဒြပ်စင်ဘုရင်၏ ထိပ်တိုက် ရင်ဆိုင်မှုအောက်တွင် တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူက ချန်လွေ့အား အေးစက်စက်နှင့် ပြောလိုက်သည်။ “ဘုရင်၂ပါးနဲ့ ဒြပ်စင်ပဋိညာဉ်စာချုပ်အတွက် ငါဒီနေ့ မင်းကို လွှတ်ပေးလိုက်မယ်။ ဒြပ်စင်ကောင်တွေက မင်းတို့နတ်ဆိုးတွေရဲ့ ပဋိပက္ခတွေကို ဝင်မရှုပ်ဘူး။ ဒါပေမဲ့ နောက်တစ်ခေါက် မင်း ငါ့အရှေ့မှာ ရန်သူအနေနဲ့ ပြန်ပြီးတော့ ပေါ်ထွက်လာမယ်ဆိုရင်တော့ ငါဘယ်တော့မှာ သက်ညှာတော့မှာ မဟုတ်ဘူး။”

ကောင်းကင်ထက်မှ တဖြည်းဖြည်းပျောက်ကွယ်လာနေသော တိမ်များနှင့် ဆုတ်ခွာနေကြသော အမှောင်ဒြပ်စင်ကောင်များကို ကြည့်ရင်း ပါ့ဂ်လီအိုနှင့် ချန်လွေ့ အပါအဝင် လူတိုင်းက အိပ်မက်မက်နေသလိုမျိုး ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး၌ ကြောက်မက်ဖွယ်ရာ အငွေ့မည်းများ ပျောက်ကွယ်သွားလေပြီ။ ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်သည့်အတွက် သူတို့သည် ကံကောင်းပြီး အံ့အားသင့်မှုကိုသာ ခံစားရသည်။

“အဇ်ဂါလောက မင်းလက်ထဲမှာလား။” အေးစက်စက် အသံတစ်သံ ထွက်လာ၏။ ၎င်းမှာ ဘရေ့ဂက်ပင် ဖြစ်လေသည်။

ချန်လွေ့၏တိုက်ပွဲက “ဘယ်ဇီဘတ်တော်ဝင်မိသားစု”ဟူသော သရုပ်ကို ပေါက်ကြားသွားစေခဲ့ပြီး ဘရေ့ဂက်၏မေးခွန်းက သူသည် သွေးမြေကျ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေပေသည်။

လုပင်မြို့ အဖြစ်အပျက်မှာ သွေးမြေကျနှင့် သက်ဆိုင်နေကြောင်း ချန်လွေ့ မှန်းဆမိသည်မှာ ကြာပြီဖြစ်သော်လည်း သွေးမြေကျ၏စွမ်းအားမှာ ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့သည် အမှန်တကယ်ပင် အမှောင်ဒြပ်စင်ဘုရင်နှင့် ဆက်နွှယ်နေ၏။

ချန်လွေ့ တွေးလိုက်သည်။ “အဇ်ဂါလောကို ကျုပ်ရဲ့ မဟာမိတ်တစ်ယောက်က ခေါ်သွားခဲ့တာ။ ကျုပ်တို့ ဘာမှမလုပ်ခဲ့ဘူး။”

အမှောင်လ “အက်ဂ်ယော”၏ သရုပ်နှင့် စွမ်းအားတို့မှာ သွေးမြေကျ၏ မျက်လုံးထဲ၌ ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး ပါ့ဂ်လီအို၏ စွမ်းအားလည်း ပေါက်ကြားသွားခဲ့လေပြီ။ သို့သော်လည်း “အက်ဂ်ယော”နောက်ကွယ်မှ “စွမ်းအား”သည် သွေးမြေကျကို ပို၍ပင် ကြောက်ရွံ့စေသည်။ ဝတ်ရုံဂိုဏ်း သို့မဟုတ် ဒုတိယ်ခေါင်းဆောင် ဆိုသည်မှာ လမ်းလွှဲတစ်ခုသာ ဖြစ်နိုင်ပေသည်။ သူ၏တကယ့်စွမ်းအားမှာ နက်နဲလွန်းလှပေသည်။

ဒြပ်စင်ဘုရင်ကို ယှဉ်ပြိုင်နိုင်သော အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်နိုင်သော နဂါးတစ်ကောင် ရှိနေသည်။ အက်ဂ်ယော ကိုယ်တိုင်သည်ပင် နတ်ဆိုးအရှင်သခင်အဆင့်နား နီးကပ်နေသော နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်ပြီး အဇ်ဂါလောကို “ခေါ်ထုတ်”သွားနိုင်သော လျို့ဝှက်ဆန်းကြယ်သည့် မဟာမိတ် တစ်ယောက်ရှိသည်။ ပို၍ပင် မသိသေးသော အစွမ်းထက် ပုဂ္ဂိုလ်များပင် ရှိနေနိုင်သည်။

ဘရေ့ဂက် တိတ်ဆိတ်သွားခဲ့သည်။ သူ၏ မပြတ်သားသော မျက်နှာသည် အတွေးများထဲ၌ ပျောက်ဆုံးသွားပုံရသည်။

ခဏကြာပြီးနောက် ဘရေ့ဂက် ခေါင်းမော့လိုက်ပြီး ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့ကို လျစ်လျူရှုကာ အသီနာကို ဖျပ်ခနဲ ကြည့်လိုက်သည်။

“မင်းနာမည်က အသီနာဟုတ်။ မင်း သီချင်းဆိုတာကို ငါ သဘောကျတယ်။ ဒါက မင်းအတွက်။”

ထိုသို့ပြောပြီးနောက် အသီနာထံသို့ အနီရောင်အလင်းတစ်ခု တဖြည်ဖြည်း လွင့်ပျံသွားသည်။ ပါ့ဂ်လီအိုက အသီနာအ‌ရှေ့တွင် အချိန်မီ ပေါ်ထွက်လာပြီး ထိုအရာကို သတိဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်ပြီး အသီနာကို ကမ်းပေးလိုက်သည်။

အသီနာ ကြည့်လိုက်သောအခါ ၎င်းသည် ထူးဆန်းသော စွမ်းအား အတက်အကျများ ထုတ်လွှတ်နေသော လက်ပတ်တစ်စုံတစ်ကြောင်း မြင်လိုက်ရသည်။ သူက အံ့အားသင့်မိသွားသည်။ ရန်သူက သူ့ကို တစ်စုံတစ်ခု ပေးလိမ့်မည်ဟု အသီနာ မထင်မှတ်ထားခဲ့ပေ။ သူက စကားပြောရန်ပြင်လိုက်စဉ် ဘရေ့ဂက်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က ရေဒြပ်စင်ဘုရင် လမ်းဘို့စ်ကို စိုက်ကြည့်နေလိုက်သည်။ ခုနက လမ်းဘို့စ်ကြောင့်သာ မဟုတ်လျှင် ပါ့ဂ်လီအို တစ်ယောက်တည်း ထွက်ပြေးနိုင်သည်။ သို့သော်လည်း အသီနာ၊ သူနှင့် အခြားသူများ ချေမှုန်းခံရပေမည်။

လမ်းဘို့စ်က ပြောသည်။ “မင်းက မြေဒြပ်စင်ဘုရင်ရဲ့ ယုံကြည်မှုနဲ့ ရင်းနှီးမှုကို ဘယ်လိုရခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ မင်းအပေါ်မှာရှိတဲ့ ဒြပ်စင်ကောင်းချီးက မင်းအသက်ကို ကယ်တင်ခဲ့တယ်ဆိုတာ အသေအချာပဲ။”

“ဒါက ဒြပ်စင်ပဋိညာဉ်စာချုပ်ကြောင့်လား။” ချန်လွေ့က ထိုအသုံးအနှုန်းကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ပြီးတော့လည်း အမှောင်ထု ဘုရင်၃ပါး ရှိတယ်။ ဒါဆို စုစုပေါင်း ဘုရင်၃ပါးပေါ့။ အမှောင်ထု ဘုရင်၃ပါးက မြေ၊ အမှောင်နဲ့ ရေဒြပ်စင်များလား။ ဒါဆိုရင် အလင်း ဘုရင်၃ပါး ရှိတာလား။ ဒြပ်စင်တွေရဲ့ ဂုဏ်သတ္တိအရဆိုရင်တော့ အဲဒါက သူတို့ရဲ့ သူသေကိုယ်သေရန်သူ ဖြစ်တဲ့ လေ၊ အလင်းနဲ့ မီးဒြပ်စင်တွေ ဖြစ်မယ်။

“မင်း ဒါကို သိဖို့မလိုဘူး။ ငါမင်းကို မေးမယ်။ အခုလက်ရှိ မြေဒြပ်စင်ဘုရင်ရဲ့ နာမည်က ဘာလဲ။”

“မိုးရီ။”

“ပင်လယ်သေမှာ သူ့ကို စောင့်နေမယ်လို့ မိုးရီကို ပြောလိုက်။ သူ့အတွက် ငါ့မှာ အရေးကြီးတဲ့အရာတစ်ခု ရှိတယ်။”

“ကျုပ် သူ့ကို သေချာပေါက် ပြောလိုက်ပါ့မယ်။” ချန်လွေ့ ခေါင်းညိတ်ပြီး ထိုကိစ္စကို မမေးတော့ပေ။ သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “လုပင်မြို့ ဘာဖြစ်သွားလဲဆိုတာ အရှင်မင်းကြီး လမ်းဘို့စ်ကို မေးလို့ရမလား။ မြို့သူ/သားတွေ အကုန်လုံး အသတ်ခံလိုက်ရတာလား။”

“ဒြပ်စင်စစ်ပွဲမှာ မြေဒြပ်စင်ဘုရင် သေသွားပြီးတော့ အမှောင်ဒြပ်စင်ဘုရင်က ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်။ သူရဲ့စွမ်းအားတွေ ပြန်ရဖို့အတွက် သူက အမှောင်ထုအရင်းအမြစ် ၃ခုနဲ့ သက်ရှိတွေပမာဏအများကြီး စတေးဖို့ လိုအပ်တယ်။ လုပင်မြို့က....တတိယမြောက်နေရာပဲ။ မြေအောက် အမှောင်ဒြပ်စင်ထဲမှာ အမှောင်ဆုံး အရင်းအမြစ်တစ်ခုရှိတယ်။ ပြီးတော့ မြေပြင်ပေါ်မှာ သိပ်သည်းတဲ့ သက်ရှိတွေ ရှိတယ်။ ငါ့ရဲ့အကူအညီနဲ့ ဟေးဂယ်က အစွမ်းပြန်ရခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ထိပ်သီးအခြေအနေ ရောက်ဖို့အတွက် ခဏလောက် ပြန်ပြီးအနားယူဖို့ လိုနေသေးတယ်။ မဟုတ်ရင် နဂါးက သူ့ကို ထိန်းနိုင်မှာ မဟုတ်ဘူး။” လမ်းဘို့စ်က ပါ့ဂ်လီအိုအား ဖျပ်ခနဲကြည့်လိုက်ပြီး အဆိပ်နဂါးက အေးစက်စက် နှာမှုတ်ကာ ပြန်မငြင်းခဲ့ပေ။ ရေဒြပ်စင်ဘုရင် လိမ်နေခြင်း မဟုတ်ကြောင်းကို မြင်နိုင်ပေသည်။

“အရှင်မင်းကြီးက ဟေးဂယ်ကို......သက်ရှိတွေအများကြီး စတေးဖို့အတွက် ကူညီပေးခဲ့တာလား။” ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လမ်းဘို့စ်ရဲ့ စကားအတိုင်းဆိုရင် လုပင်တစ်မြို့လုံးမှာ ဆူမန်ရှာနေတဲ့ ချန်ဒလာရဲ့ သားအပါအဝင် အသက်ရှင်တဲ့သူ မရှိလောက်တော့မှာ စိုးမိတယ်။

လမ်းဘို့စ်က အသာလေး ပြန်ဖြေသည်။ “အစကတော့ ဒီလောက်အများကြီး ငါတို့ မလိုအပ်ဘူး။ ဒါပေမဲ့ ဟေးဂယ်ရဲ့ တောင်းဆိုမှုကြောင့် အဆင့်တက်ဖို့အတွက် အမှောင်စွမ်းအားလိုအပ်နေတဲ့ တခြားတစ်ယောက်ကိုလည်း ငါ ကူညီပေးခဲ့တယ်။ ဒြပ်စင်ကောင်တွေအတွက် သေတာရှင်တာက တည်ရှိမှုပုံစံ ပြောင်းလဲသွားတာပဲ။ တစ်နေ့ကျရင် မင်းရယ်၊ ငါရယ်၊ သက်ရှိတွေအားလုံးလည်း ဒီအခိုက်အတန့်ကို ကြုံတွေ့ရမှာ။”

ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ “ဒီအသက်တွေက ဒြပ်စင်ကောင်တွေ မဟုတ်ဘူး။”

“ခုနက ငါ တိုက်ပွဲကို ကြည့်နေခဲ့တာ။ မင်းက နတ်ဆိုးအရှင်သခင်အဆင့် ရောက်ဖို့အတွက် အတော်လေး ဝေးနေသေးပေမဲ့ မင်းရဲ့ပိုင်နက်စွမ်းက တော်တော်လေး ထူးခြားတယ်။ အဲဒီထဲမှာ အချိန်စည်းမျဉ်းရဲ့ ကနဦးအပိုင်းအစတစ်ခု ပါဝင်နေတဲ့ပုံပဲ။ တကယ့် နတ်ဆိုးအရှင်သခင်အဆင့်တောင် ဒီစည်းမျဉ်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ ကြည့်ရတာ မြေဒြင်စင်ဘုရင် မိုးရီက မင်းက အတော်လေးထူးခြားတဲ့ အမြင်ရှိပြီးတော့ မင်းကို ကောင်းချီးပေးဖို့ ရွေးချယ်ခဲ့တာပဲ။ အဲဒါကြောင့် မိုးရီအတွက် ငါမင်းကို နောက်ဆုံး အကြံဉာဏ်တစ်ခု ပေးလိုက်မယ်။ အားနည်းမှုနဲ့ ရိုးသားမှုက အစွမ်းထက်ပုဂ္ဂိုလ်တွေ အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲ။ အန္တိမနတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ သက်ရှိတွေ အားလုံးက ကစားစရာတွေကလွဲပြီး ဘာမှဟုတ်ဘူး။” လမ်းဘို့စ်၏ တည်ငြိမ်ပြီး အေးချမ်းသော လေသံသည် အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ သူ့ဘေးမှ နေရာလွတ် ပျက်ယွင်းသွားပြီး လမ်းဘို့စ်လည်း အစအနပင်ရှာမရဘဲ ပျောက်ကွယ် သွားတော့သည်။

ချန်လွေ့ ခဏတာ တုံ့ဆိုင်သွားခဲ့သည်။ ပါ့ဂ်လီအို လမ်းလျှောက်လာပြီး ချန်လွေ့ကို ပုခုံးပုတ်လိုက်သည်။ “အခုက ငေးငိုင်နေဖို့ အချိန်မဟုတ်ဘူး။ ငါအခု သွားတော့မယ်။”

ချန်လွေ့က အဆိပ်နဂါး ပြောသည်ကို သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။ ကပ်ဘေးအန္တရာယ်ကို ကျော်ဖြတ်သွားနိုင်ပြီးနောက် “နဂါး” ပါ့ဂ်လီအို ပျောက်ကွယ်သွားပြီး အက်ဂ်ယောဟူသော သရုပ်အဖြစ် ပြန်ပေါ်လာခဲ့သည်။ ထိုစဉ် ချန်လွေ့သည် စစ်ပွဲမတိုင်ခင် အသီနာက “သတိလစ်အောင်” ပြုလုပ်ထားသော ဘဏ္ဍာရေးအရာရှိအဖြစ် ပေါ်ထွက်လာသည်။

သို့သော်လည်း အခုမှ “နိုးထ”လာသော ဘဏ္ဍာရေးအရာရှိ၏ စိတ်ထဲ၌ သံသယ အများအပြား ရှိနေသေးလေသည်။

အမှောင်ထု အရင်းအမြစ်က လုပင်မြို့ကို ပျက်သုဉ်းသွားစေတဲ့ ဇစ်မြစ်ပဲ။ အဲဒါကို သုံးသပ်လို့ရတယ်။ ဒါပေမဲ့ သွေးမြေကျနဲ့ အမှောင်ဒြပ်စင်ကောင်တွေက ဘယ်လိုမျိုး ပတ်သက်မှု ရှိတာလဲ။

ပြီးတော့ ရေဒြပ်စင်ဘုရင်ပြောတဲ့ “အမှောင်စွမ်းအားကို ရရှိသွားပြီးတော့ အဆင့်တက်သွားတဲ့”သူက ဘယ်သူလဲ။

ဒီနေရာမှာ သွေးမြေကျက ဘယ်အခန်းကဏ္ဍကနေ ပါဝင်တာလဲ။

ဘရေ့ဂက်က ဘယ်သူလဲ။ သွေးမြေကျမှာ လျို့ဝှက်ထားတဲ့ အင်အားစုတွေ ဘယ်လောက်တောင် ရှိတာလဲ။

ဒြပ်စင်ကောင်တွေက နတ်ဆိုးတွေရဲ့ ပဋိပက္ခတွေကို လွယ်လွယ်နဲ့ ဝင်မရှုပ်ဘူးလို့ အမှောင်ဒြပ်စင်ဘုရင် ပြောတယ်။ ပြီးတော့ သူက ရေဒြပ်စင်ဘုရင်အရှေ့မှာပဲ “အက်ဂ်ယော”ကို လက်စားမချေဘူးလို့ ရေးရေးလေး ဖော်ပြခဲ့တယ်။ အဲဒါကြောင့် အခုအချိန် အတောအတွင်း ဘာမှစိုးရိမ်စရာ မလိုဘူး။

ချန်လွေ့သည် အတိတ်မှ ပစ္စုပ္ပန်အထိ အသေးစိတ်များကို သံသယ ဖြစ်နေသေးသည်။ သို့သော်လည်း အမှောင်လ၏ ယခုလက်ရှိ အာရုံစိုက်နေသည်မှာ ကြယ်ကြွေတမန်အင်ပါယာနှင့် မင်းသားဆိုဆိုင်ဒန်တို့ဖြစ်ကြောင်း ချန်လွေ့ သေချာသိသည်။ သွေးမြေကျကို အနာဂတ်မှာ ငါ ပြန်ပြီးတော့ ရင်ဆိုင်ရနိုင်တယ်။ အဲဒါဆို ဘရေ့ဂက်နဲ့ အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်ကို ငါ နောက်တစ်ကြိမ် ထပ်ပြီးတော့ ရင်ဆိုင်ရမယ်။ ငါ အမြန်ဆုံး စွမ်းအားကြီးလာရမယ်။ ဒီနေ့လိုမျိုး မိတ်ဆွေတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ပြီးတော့ ချစ်ရသူကို မကာကွယ်နိုင်တဲ့မြင်ကွင်းမျိုး ထပ်မဖြစ်စေရဘူး။

ထိုတိုက်ပွဲအတွင်း၌ မီးလျှံဗိုလ်ခြေမှ လက်ရွေးစင် ၃၆၁ယောက် ကျဆုံးသွားခဲ့ပြီး ၅၄၀ကျော် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ ချော်ရည်ပြာစစ်တပ်အတွက်မူ စစ်တပ်မှ ထွက်လာခဲ့သော စစ်သည်များနှင့် လုပင်မြို့မှ ဆူမန်ခေါ်လာခဲ့သော စစ်သည်များနှင့် ပေါင်းလိုက်လျှင် စစ်သည်၈၀၀အောက်သာ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။

ပြင်းထန်လှသော သေရေးရှင်ရေးတိုက်ပွဲပြီးနောက်တွင် ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ခဲ့သော မီးလျှံဗိုလ်ခြေနှင့် ချော်ရည်ပြာနယ်မြေစစ်တပ်တို့က စစ်မှန်သော တိုက်ပွဲစမ်းသပ်ချက်တစ်ခုကို ဖြတ်ကျော်နိုင်သွားခဲ့သည်။ သူတို့ ကောင်းကောင်းမွန်မွန် လေ့ကျင့်မည်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းအားနှင့် စိတ်စွမ်းအားတို့မှာ အရည်အသွေးအရ တိုးတက်လာပေလိမ့်မည်။

ချန်လွေ့က အသီနာထံသို့ “ဘဏ္ဍာရေးအရာရှိ”အဖြစ် ရောက်လာစဉ် အသီနာက ဆူမန်နှင့် စကားပြောနေသည်။ ပါ့ဂ်လီအိုမှာမူ အက်ဂ်ယောအဖြစ် အယောင်ပြသပြီး တဲထဲဝင်ကာ ဒဏ်ရာကုသနေလိုက်သည်။

“မစ်နဲ့ ဆာ-အက်ဂ်ယောတို့ ဒီတစ်ခေါက် ကယ်တင်ခဲ့လိုပါပဲ။ မဟုတ်ရင် ကျုပ်နဲ့ စစ်သည်တွေက လုပင်မြို့မှာပဲ အမြှုပ်ခံလိုက်ရမှာ။”

ဆူမန်က အသီနာအား ဗိုလ်ခြေခေါင်းဆောင်၊ မဒမ် စသဖြင့် မခေါ်ဘဲ “မစ်”ဟု ခေါ်ရခြင်းမှာ သူသည် အသီနာ၏ဖခင်ဖြစ်သော ဗိုလ်ချုပ် ဂျော့ချ်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်အတွက် ဖြစ်သည်။ သို့သော်လည်း သူသည် လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်က ချော်ရည်ပြာနယ်မြေသို့ ပြောင်းရွှေ့သွားခဲ့သည်။ ထိုအချိန်က အသီနာ မမွေးသေးပေ။

ထိုရင်းနှီးမှုအပြင် ခုနက အမှောင်ဒြပ်စင်ကောင်များနှင့် တိုက်ခိုက်မှုကြောင့် အမှောင်လစစ်တပ်နှင့် ချော်ရည်ပြာနယ်မြေ စစ်တပ်တို့မှာ အတော်လေး နီးကပ်နေပုံရသည်။

“ဗိုလ်ချုပ်ဆူမန်က ယဉ်ကျေးလွန်းနေပါပြီ။ ရှင်ပြောသလိုဆိုရင် လော့ဒ်-ချန်ဒလာက သေသွားပြီ။ သူရဲ့ တစ်ဦးတည်းသောသာ တာဂိုးကလည်း လုပင်မြို့မှာ အသတ်ခံ လိုက်ရတယ်။ ဒီတော့ ရှင် ဘယ်လို စီစဉ်ထားတာရှိလဲ။”

ဆူမန် သက်ပြင်းချလိုက်သည်။ “ကျုပ်က အသုံးမကျဘူး။ ကျုပ်က ဆာ-ချန်ဒလာရဲ့ နောက်ဆုံးတာဝန်ကို ကျရှုံးခဲ့တယ်။ အက်ဘက်စ်မိသားစုရဲ့ မျိုးဆက်က ကျုပ်ကြောင့် ပြတ်တောက်သွားပြီ။ ချော်ရည်ပြာနယ်မြေက သူတို့ရဲ့ တကယ်အုပ်ချုပ်သူကို ဆုံးရှုံးသွားခဲ့ပြီ။”

“ဒါက ဗိုလ်ချုပ် ဆူမန်ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ကျုပ် စကားနည်းနည်း ပြောလို့ရမလား။” ချန်လွေ့က ပြောလိုက်သည်။

အသီနာက အလျင်အမြန်ပင် နှစ်ဖက်စလုံးကို မိတ်ဆက်ပေးလိုက်သည်။ ဆူမန်က သူ့အရှေ့မှ စွမ်းအားမဲ့သောလူသားသည် အသီနာ၏ ခင်ပွန်းလောင်းနှင့် အမှောင်လ၏ နာမည်ကျော် ဘဏ္ဍာရေးအရာရှိဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အသာလေး ခေါင်းညိတ်လိုက်သည်။ “ဆာ-ချန်လွေ့။ ပြောပါ။”

“ချော်ရည်ပြာနယ်မြေရဲ့ အုပ်ချုပ်သူက အက်ဘက်စ် မိသားစုဝင်ဖြစ်ရမယ်လို့ ဘာလို့ ဗိုလ်ချုပ် ထင်ရတာလဲ။ ကျုပ် သိရသလောက်ဆို လော့ဒ်-တိုင်တန်က ချော်ရည်ပြာနယ်မြေရဲ့ လော့ဒ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာက အရင်က စစ်ဘက်ရေးရာ အကျိုးပြုမှုတွေကြောင့်ပဲ။ လော့ဒ်-ချန်ဒလာကိုတော့ ခေတ္တ လော့ဒ်လို့ပဲ သတ်မှတ်လို့ရမယ်။ သူ့ကို မြို့‌တော်က တရားဝင် မခန့်အပ်ရသေးဘူး။ ကံမကောင်းတဲ့ တာဂိုးကိုတော့ ပြောစရာ မလိုတော့ပါဘူး။”

“လော့ဒ်-တိုင်တန်က အိမ်ရှေ့မင်းသား ဂါရမ်းရဲ့ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို လျစ်လျူရှုခဲ့တယ်။ သူက အမှောင်လကို အပေါ်ယံမှာ ကောင်းပြီးတော့ အမှောင်လရဲ့ အရင်းအမြစ်တွေနဲ့ လူဦးရေတွေကို တိတ်တဆိတ် ခိုးထုတ်နေခဲ့တယ်။ အမှောင်လရဲ့ အခက်ခဲဆုံးအချိန်မှာ သူက လိပ်ပြာနီလော့ဒ်နဲ့ ပူးပေါင်းပြီးတော့တောင် အမှောင်လကို ကျူးကျော်ခဲ့တယ်။ တိုတိုပြောရရင်တော့ သူ့ကို ကျေးဇူးမသတိတတ်ဘူး၊ အရှက်မရှိဘူး။ ရွံစရာကောင်းတယ်လို့ပဲ ပြောရမယ်။ ပြီးတော့လည်း သူက ပြည်သူတွေကို ဖိနှိပ်ပြီး ရက်ရက်စက်စက် ခေါင်းပုံဖြတ်ခဲ့တယ်။ ချော်ရည်ပြာနယ်မြေက အပြစ်တင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ လော့ဒ်-ချန်ဒလာ တာဝန်ယူပြီးတော့ အခြေအနေကို ပိုပြီးတော့ ဆိုးဝါးလာခဲ့တယ်။ ငတ်မွတ်ခေါင်ပါးမှုတွေလည်း ဖြစ်လာပြီးတော့ နယ်မြေထဲမှာ နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ လက်ရှိ ချော်ရည်ပြာနယ်မြေကိုကြည့်။ ပြီးရင် အမှောင်လကို ကြည့်လိုက်။ တချို့စကားတွေကို ဆက်ပြီးတော့ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ အချက်အလက်တွေကို အားလုံးကို ပြောပြနေတာပဲ။”

ချန်လွေ့၏မှတ်ချက်ကြောင့် ဆူမန် ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။ “လော့ဒ်-တိုင်တန်မှာလည်း ကျုပ်အတွက် အသက်ကယ်ကျေးဇူး ရှိတယ်။ အဲဒါကြောင့်....”

“လမ်းတစ်လျှောက်မှာ ဗိုလ်ချုပ်ရဲ့ လုပ်ရပ်တွေနဲ့ ဂုဏ်သြဇာအကြောင်း ကျုပ် ကြားခဲ့တယ်။ ခင်ဗျားက သူပုန်လို့ ကြေညာခံရပြီးတာတောင် ခင်ဗျားနောက်ကိုလိုက်တဲ့ သစ္စာရှိ စစ်သည်တွေ ရှိနေတုန်းပဲ။ ခင်ဗျားက ရဲရင့်ဖြောင့်မတ်ပြီးတော့ လေးစားစရာ ခေါင်းဆောင်တစ်ယောက်ဆိုတာ အသေအချာပဲ။ ဒါဆို စဉ်းစားကြည့်လိုက်ပါ။ ဗိုလ်ချုပ်။ ခင်ဗျားက အသက်ကြွေးကို ပြန်ဆပ်ဖို့အတွက် ချော်ရည်ပြာနယ်မြေတစ်ခုလုံးကို အငတ်ဘေးဆိုက်ပြီးတော့ ပျက်စီးစေချင်တာလား။ ပြီးတော့လည်း ခင်ဗျားက နှစ်ပေါင်း၂၀ကြာအောင် ချော်ရည်ပြာနယ်မြေအတွက် အလုပ်ကြိုးစားခဲ့တယ်။ လော့ဒ်-တိုင်တန်သေပြီးတဲ့နောက်မှာ သူ့ရဲ့သား ချန်ဒလာကိုလည်း သစ္စာရှိရှိ ခင်ဗျား အထောက်အပံ့ ပေးခဲ့တယ်။ ခင်ဗျားက အသက်ကိုရင်းပြီးတော့ လုပင်မြို့ဆီ လာခဲ့တယ်။ ဒါက သူ့ကို ကျေးဇူးဆပ်ဖို့ လုံလောက်နေပါပြီ။”

ဆူမန် ခဏတာ တုံ့ဆိုင်းသွားပြီးနောက်‌ မော့ကြည့်လိုက်သည်။ “ဆာ-ချန်လွေ့။ ဒါဆို ကျုပ်ကို သင်ပေးပါ။ ကျုပ် ဘာလုပ်သင့်လဲ။”

“အရင်ဆုံး လော့ဒ်အတုအယောင်ရဲ့ အကြံအစည်ကို ဖော်ထုတ်ရမယ်။ ပြီးရင် လော့ဒ် အသစ်တစ်ယောက်ကို နေရာချပေးရမယ်။ လော့ဒ်အသစ် ဒါမှမဟုတ် သခင်လေး တာဂိုးအတွက်ကိုတော့ လော့ဒ်-ချန်ဒလာမှာ ဗိုလ်ချုပ်ကို မအပ်နှင်းခင် သိသာတဲ့ သက်သေတွေရှိမှာ သေချာတယ်။”

နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ ဆူမန် အံ့အားသင့်သွားသည်။ “ဆာ ပြောချင်တာက....”

ဆူမန် အဓိပ္ပာယ်နားလည်ကြောင်း မြင်သည့်အခါ ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ချော်ရည်ပြာနယ်မြေကို တည်ငြိမ်အောင် ကျုပ်တို့တွေ အရင်လုပ်ရမယ်။ ကျုပ်တို့တွေ အကောင်းဆုံး အကူအညီပေးမယ်။ ပြီးရင် ချော်ရည်ပြာနယ်မြေက လူတွေကို ငတ်မွတ်ခေါင်ပါးမှုနဲ့ ဖရိုဖရဲဖြစ်မှုတွေကနေ တဖြည်းဖြည်း လွတ်မြောက်အောင် လုပ်ရမယ်။ နောက်ပိုင်းကတော့......ဆာ-တိုင်တန်က အစပိုင်းမှာ လော့ဒ်ဖြစ်ဖို့အတွက် စစ်တပ်အကျိုးပြုမှုကို အမှီပြုခဲ့တာပဲ။ အဲဒါကြောင့် ဗိုလ်ချုပ်ဆူမန်လည်း ချော်ရည်ပြာ နယ်မြေကို တည်ငြိမ်အောင်လုပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အကျိုးပြုမှုပေါ်မှာ အမှီပြုလို့ ရတာပဲ။”

တစ်ဖက်လူက ထိုသို့ ပြောလိမ့်မည်ဟု မထင်ထားခဲ့မိသည့်အတွက် ဆူမန် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ ချန်လွေ့က ပြုံးရင်း ပြောသည်။ “ပြောရမယ် ဆိုရင်တော့ အက်ဘက်စ်ရဲ့ မျိုးဆက် ပြတ်တောက်သွားပြီ။ ချော်ရည်ပြာနယ်မြေက လူတွေအတွက် ဗိုလ်ချုပ်က တာဝန်ယူသင့်တယ်။ ဒါပေမဲ့ ဒီလိုမျိုးကိစ္စတွေက မလောသင့်ဘူး။ ဗိုလ်ချုပ်က တာဂိုးရဲ့နာမည်ကို အသုံးချပြီးတော့ နယ်မြေရဲ့ အာဏာကို အရင်ဆုံး ထိန်းချုပ်ထားသင့်တယ်။ အရာအားလုံးက ချော်ရည်ပြာနယ်မြေက မြို့သူ/သားတွေ အတွက်ပါပဲ။”

အသီနာလည်း ဘေးဖက်မှ စကားအနည်းငယ် ပြောလိုက်သည်။ ဆူမန်၏ မျက်လုံးများ ပို၍ပို၍ စိတ်အားထက်သန်သွားသောအခါ ချန်လွေ့နှင့် အသီနာတို့ အချင်းချင်း ကြည့်လိုက်ပြီး ပြုံးလိုက်ကြသည်။

All Chapters