ဘဏ္ဍာရေးအရာရှိ၏ စိတ်ထဲရှိ လျို့ဝှက်ချက်လေး
Vol. 29 Ch. 427
ရှီရာက ချန်လွေ့၏ လျို့ဝှက် ခြေဟန်လက်ဟန်ကို မြင်သော်လည်း ခရောဖို့ဒ်ကို ချက်ချင်း သဘောမတူဘဲ စဉ်းစားတွေးတောနေလိုက်သည်။ မှော်စက်ဝိုင်းနဲ့ပတ်သက်ရင် ချန်လွေ့က အတော်ဆုံးပဲ။ ဒါပေမဲ့ သလင်းကျောက်မိုင်းတွင်းရဲ့ ဓာတ်သတ္တုကြောတွေက နယ်မြေတစ်ခုအတွက်နဲ့ အင်ပါယာတစ်ခု အတွက်တောင့် ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ ခရောဖို့ဒ်က အကြိမ်တော်တော်များများ ကြိုးစားခဲ့ပြီးလောက်ပြီ။ ပြီးတော့ မြို့တော်ကနေ ဆရာသခင်တွေကိုပါ ဖိတ်ခေါ်ခဲ့တယ်။ နောက်ဆုံး မရတဲ့အဆုံး သူက မဟာမိတ်ဖြစ်တဲ့ အမှောင်လဆီကို တောင်းဆိုလာခဲ့တယ်။ ဒီသလင်းကျောက်မိုင်းတွင်းမှာ မသိသေးတဲ့ အန္တရာယ်ကြီးတစ်ခု ရှိနေနိုင်လောက်တယ်။
ရှီရာ စကားမပြောသည်ကို မြင်သည့်အခါ ချန်လွေ့က စပြောလိုက်သည်။ “တော်ဝင်မင်းသမီးက “အဲဒီလူ” ထွက်သွားရင် မင်းသမီးလေး အန္တရာယ်ရှိမှာကို စိုးရိမ်နေတာလား။”
ခရောဖို့ဒ်က အမြန်ပြောလိုက်သည်။ “စိတ်ချပါ။ ဒါက အရိပ်နက်အင်ပါယာက သွေးနွယ်နယ်မြေပါ။ ဧကရီက ဒီလည်ပတ်မှုကို တော်တော်လေး အရေးထားတယ်။ နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူတွေ ရောက်လာရင်တောင် မင်းသမီး နှစ်ယောက်ရဲ့ လုံခြုံရေးကို ကျုပ် ကာကွယ်ပေးနိုင်ပါတယ်။”
၎င်းမှာ ဧကရီကတ်သရင်းက သွေးနွယ်နယ်မြေကို စောင့်ကြည့်ပြီး ကာကွယ်ရန် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များကို စေလွှတ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိူ့ကြောင့် အိုဆိုင်ဒန်နှင့် သွေးမြေကျမှလူများသည်ပင် သူတို့၏ စောင့်ကြည့်မှု အောက်တွင် ပြဿနာ ရှာရဲမည် မဟုတ်ပေ။
ထိုသို့ပြောသည်ကို ကြားပြီးနောက် ရှီရာ ခေတ္တ တုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။ “ဗိုလ်ချုပ်က ကျွန်မရဲ့ မိတ်ဆွေပါ။ အမှောင်လရဲ့ မိတ်ဆွေ တစ်ယောက်လည်း ဟုတ်တယ်။ ကျွန်မ ရှင့်ကို သေချာပေါက် ကူညီပေးမှာပါ။ ဒါပေမဲ့ ဆရာသခင် ရမ္မနစ်ဂီလိုမျိုး အကြီးတန်း ဆရာသခင်တစ်ယောက်တောင် ပျောက်သွားတာ ဆိုတော့ ဒီသလင်းကျောက်မိုင်းတွင်း ပြဿနာက မရိုးရှင်းနိုင်ဘူး။ ကျွန်မတို့က အကောင်းဆုံး လုပ်ဖို့ပဲ ကတိပေးနိုင်ပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်မနိုင်ကတော့ ကံတရားအပေါ်မှာပဲ မူတည်တယ်။”
ခရောဖို့ဒ် ပျော်ရွှင်သွားပုံရသည်။ “ကျေးဇူးပါပဲ။ အရှင်မင်းသမီး။ တကယ်လို့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ ကူညီပေးနိုင်မယ်ဆိုရင်... မွန်ရိုး ပြန်လာတုန်းက အမှောင်လ ဗိုလ်ခြေကို ကိုယ်ရေးကိုယ်တာအနေနဲ့ ဝင်ရောက်ချင်တယ်လို့ ကျုပ်ကို ပြောဖူးတယ်။ ကျုပ်က စစ်တပ်ရဲ့ အရင်းအမြစ်တွေကိုသုံးပြီးတော့ သူ့ကို ကာကွယ်ပေးဖို့နဲ့ အဖော်ပြုပေးဖို့အတွက် မှော်အစောင့်တပ်သား ၁၀၀၀ကို လွှတ်ပေးမှာပါ။”
ထိုသို့ ခရောဖို့ဒ် ပြောလိုက်သည့်အခါ ချန်လွေ့နှင့် ရှီရာတို့၏ မျက်လုံးများ တစ်ပြိုင်နက်တည်း အရောင်လက်သွားကြသည်။
မှော်ပညာရှင်ဗိုလ်ခြေသည် စစ်မြေပြင်၌ အတော်လေး အင်အားကောင်းသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်သည်။ လက်ရှိ၌ အမှောင်လတွင် ဝိုင်ဗန် လေတပ်အပြင် သွေးနီ၊ မီးလျှံနှင့် လရိပ်ဟူသော ဗိုလ်ခြေ၃ခုရှိသည်။ မှော်ပညာရှင်ဗိုလ်ခြေသာ လိုအပ်နေ၏။ ရှီရာက ထိုအတွက် ပစ်မှတ်ထားပြီး လူခေါ်သော်လည်း တိုးတက်မှုများမှာ သာမန် တပ်သားများထက် များစွာနိမ့်ကျနေသည်။
ခရောဖို့ဒ် ဆိုလိုသည်မှာ သိသာလှပေသည်။ ထိုအကာအကွယ် အစောင့်အဖွဲ့မှာ အမှန်တကယ်၌ အမှောင်လအား ၁၀၀၀ဦးရေရှိသော မှော်ပညာရှင်ဗိုလ်ခြေတစ်ခုအား အမှောင်လသို့ ပေးအပ်ခြင်းပင် ဖြစ်သည်။
၁၀၀၀ဦးရေရှိသော မှော်ပညာရှင်ဗိုလ်ခြေတစ်ခုအား စေလွှတ်ခြင်းမှာ ကိစ္စကြီး တစ်ခုဖြစ်ပြီး လော့ဒ်တစ်ယောက် လုပ်ပိုင်ခွင့်ထက်ပင် ကျော်လွန်နေသည်။ သို့သော် ခရောဖို့ဒ်၏ တတိယဗိုလ်ချုပ်ဟူသော စစ်တပ်ရာထူးအရ သူ့အတွင် အထူးနည်းလမ်း တစ်ခု ရှိရပေမည်။ မည်သို့ပင် ဆိုစေကာမူ ထို ဆာ-ဗိုလ်ချုပ်သည် ယခုတွင် အစွမ်းကုန် ထုတ်သုံးရန် ကြံစည်ထားလေသည်။
“ဗိုလ်ချုပ် စိတ်မပျက်ရအောင် ကျုပ်တို့ အကောင်းဆုံး သေချာပေါက် ကြိုးစားသွားမှာပါ။ ဒါဆိုရင်တော့ ဒီလောက်ပါပဲ။ အသီနာဆီကနေ ကျုပ် စာတစ်စောင် ရထားတယ်။ ပြီးတော့ အမှောင်လဆီကို အရေးပေါ်ကိစ္စတွေ ကိုင်တွယ်ဖို့ ပြန်သွားရမယ်။ မနက်ဖြန် မနက်ကျရင် အမှောင်လဆီကို ကျုပ် တိတ်တိတ်လေးပြန်ပြီးတော့ ဒီကို လာဖို့ ဆရာသခင်တစ်ယောက်ကို ဖိတ်လိုက်ပါမယ်။”
မည်သို့ပင်ဆိုစေကာမူ ချန်လွေ့သည် သလင်းကျောက်တောင်ကြားသို့သွားရန် စီစဉ်ထားပြီး ဖြစ်သည်။ “ထိုလူ” နှင့် “ဆရာသခင်” ဆိုသည်မှာ အမှောင်လ၏ အမှန်တရားကို ခရောဖို့ဒ် ရှာမတွေ့သွားရန် လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ အမှန်တကယ်၌ လေလံပွဲလုပ်ကြံမှုတွင် နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက်ကို တစ်ခါတည်း သတ်ပစ်နိုင်ခဲ့ခြင်းကြောင့် အမှောင်လအပေါ် ခရောဖို့ဒ်၏အမြင်များ ပိုမိုမြင့်မားလာခဲ့သည်။
ချန်လွေ့ ဆိုလိုသည်ကို ရှီရာ သဘောပေါက်သည်။ သူက ထိုသို့သွားရန် စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်သည့်အတွက် ချန်လွေ့ဟူသောသရုပ် ပျောက်ကွယ်သွားရ ပေမည်။ ရှီရာက ချက်ချင်းပင် ဆက်ပြောသည်။ “ဒါဆိုလည်း ဒီနည်းအတိုင်း လုပ်ကြ တာပေါ့။ ဒါနဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်။ ကျွန်မတို့လူတွေ ဒီနယ်မြေမှာ အလုပ်လုပ်နေတဲ့အခါ အဆင်မပြေမှုတချို့ ဖြစ်လာမှာ စိုးရိမ်မိတယ်.....”
“ဒီသွေးနွယ်နယ်မြေ မှော်တံဆိပ်ပြားက လော့ဒ်ရဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြု ပါတယ်။ ဒါက တော်တော်လေး အဆင်ပြေစေမှာပါ။ သလင်းကျောက်မိုင်းတွင်းက မိုင်းတူးတာရပ်ထားပြီးတော့ အခုဆို အစောင့်တင်းကြပ်ထားတယ်။ လိုအပ်မယ်ဆိုရင် အကူအညီပေးဖို့အတွက် ကျုပ် စစ်တပ်ကို ရွှေ့ပြောင်းပေးလို့ရပါတယ်။” ခရောဖို့ဒ်က သွေးနွယ်နယ်မြေ၏ အမှတ်တံဆိပ်ပါရှိသော မှော်တံဆိပ်ပြားတစ်ခု ကမ်းပေးလိုက်သည်။
ရှီရာက တံဆိပ်ပြားကိုယူပြီး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း နှောင်းနှေးမှု မရှိစေဖို့အတွက် လူအင်အား စီစဉ်ဖို့ အခုပဲ ပြန်သွားပြီးတော့ ပြင်ဆင်မှုတွေ လုပ်လိုက် ပါဦးမယ်။”
ခရောဖို့ဒ်က ရှီရာကို လိုက်ပို့ပြီးနောက် သူ၏စိတ်ထဲရှိ သံသယများကို ထုတ်ပြသည်။ အမှန်တကယ်၌ သူက သလင်းကျောက်မိုင်းတွင်း၏ အခက်အခဲများကို မြို့တော်ထံသို့ သတင်းပို့ပေးပြီးသည်မှာ ကြာပြီဖြစ်သည်။ မဟာကတ်သရင်းက ၎င်းကို အရေးထားပြီး စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ လွှတ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ မိုင်းလုပ်သားများ ပိုပို၍ ပျောက်ဆုံးလာသည်။ နောက်ပိုင်း၌ သူက တော်ဝင်မိသားစုမှ ဆရာသခင် ရမ္မနစ်ဂီကို ဖိတ်ကြားခဲ့သည်။ သို့သော် ရမ္မနစ်ဂီလည်း ထူးဆန်းစွာပင် မြေအောက်ထဲ၌ ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း နည်းဗျူဟာ ကြွယ်ဝသော မဟာကတ်သရင်းက နောက်ထပ် ဆရာသခင်တစ်ယောက် မလွှတ်ဘဲ စကားတစ်ခွန်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
အမှောင်လဆီက အကူအညီတောင်းလိုက်။
ခရောဖို့ဒ်က မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ အမှောင်လက နယ်မြေတစ်ခုပဲ။ သူတို့က အင်ပါယာတစ်ခုရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာလား။ ဧကရီမှာ ထူးခြားတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့များလား။
သို့သော်လည်း ခရောဖို့ဒ်က မဟာကတ်သရင်း၏ ဆုံးဖြတ်ချက်ကို အမြဲပင် ယုံကြည်နေခဲ့သည်။ အခုတော့ ရှီရာက သဘောတူလိုက်ပြီ။ ငါ စောင့်ပြီးတော့ အပြောင်းအလဲတွေကို ကြည့်နေရုံပဲ။ အံ့အားသင့်စရာတွေ ရှိနေနိုင်တယ်။
ရှီရာနှင့် ချန်လွေ့တို့က လော့ဒ်စံအိမ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွား လိုက်ကြသည်။ ထို့နောက် သူတို့က လှည်းပေါ်တက်ပြီး ခရောဖို့ဒ် အထူးပြင်ဆင်ထားသည့် နေအိမ်သို့ ပြန်သွားခဲ့ကြသည်။
၎င်းမှာ တော်ဝင်မျိုးနွယ်တစ်ဦး၏ ပိုင်ဆိုင်မှုဖြစ်ခဲ့သော ဇိမ်ခံစံအိမ်တစ်ခု ဖြစ်သည်။ ခရောဖို့ဒ်က ၎င်းကို ဝယ်ယူခဲ့ပြီး ရှီရာနှင့် သူ၏လူများ ယာယီနေထိုင်ရာအဖြစ် အထူးတလှယ် အသုံးချခဲ့သည်။ ၎င်းကို လောကဝတ်ဟုလည်း ပြော၍ ရနိုင်ပေသည်။
“ဒီတစ်ခေါက် သလင်းကျောက်တောင်ကြား ခရီးအတွက် မင်းဘယ်လောက် ယုံကြည်ချက်ရှိလဲ။” ရှီရာက ဥယျာဉ်ထဲမှ စိုပြည်နေသော ပန်းပင်များကို ငေးကြည့်ရင်း အသာလေး မေးလိုက်သည်။
“မသိသေးဘူး။ အဲဒီက အခြေအနေကို အရင်ဆုံး သွားကြည့်ရမယ်။” ချန်လွေ့က အကျင့်အတိုင်း ပုခုံးတွန့်လိုက်သည်။ “ဒါပေမဲ့ ဒါက ဦးရေ၁၀၀၀ပါတဲ့ မှော်ဆရာ ဗိုလ်ခြေနော်။ ကျုပ်တို့တွေ အခုနေ ခရောဖို့ဒ်ကို မဟာမိတ်အဖြစ် ဆုံးရှုံးလို့မရဘူး။ မသေချာရင်တောင် ကြိုးစားကြည့်ရမှာပဲ။ မနက်ဖြန် မနက်ကျရင် ကျုပ် စောစော ထွက်သွားမယ်။”
ချန်လွေ့က ယခင်က ရှီရာအား သလင်းကျောက်တောင်ကြား အကြောင်းကို အကြမ်းဖျင်း ပြောပြခဲ့ဖူးသည်။ ခီရာသည်ပင် ချန်လွေ့က သူ့အမေ ဖရီယာကို မကယ်တင် နိုင်ခဲ့ဘဲ နတ်ဆိုးအရှင်သခင်အဆင့် ၃ဦးလက်က လွတ်မြောက်ခဲ့ကြောင်းကိုသာ သိသည်။ ထို “စိတ်ဝင်စားစရာ” အတိတ်တွင် အရိပ်နက်အင်ပါယာ၏ အရှင်မလည်း ပါဝင်နေ၏။
“ဒါဆို ပါ့ဂ်လီအိုကို လိုက်သွားခိုင်း။” ယခင်တစ်ခေါက် ချော်ရည်ပြာနယ်မြေတွင် ချန်လွေ့က ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ရှီရာ သိသည်။ သူ့ကို နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတစ်ယောက်က ထောက်ပံ့ပေးထားရင် ရှီရာ ပို၍ စိတ်ချရမည် ဖြစ်ပေသည်။
“မလိုပါဘူး။ တစ်ယောက်ယောက်က တိတ်တိတ်လေး ကာကွယ်ပေးမယ်လို့ ခရောဖို့ဒ် ပြောပေမဲ့ ကျုပ်တို့လူတွေလောက် စိတ်မချရဘူး။ အထူးသဖြင့် အပြင်သွားရတာ ကြိုက်တဲ့ အဲလစ်ကို တိတ်တိတ်လေး ကာကွယ်ရမယ်။ ကျုပ်က သလင်းကျောက် တောင်ကြားကို ရောက်ဖူးတယ်။ အန္တရာယ်ရှိမယ်ဆိုရင် ကျုပ် ထွက်ပြေးမှာပါ။ ပြဿနာ မရှိလောက်ဘူး။ ပါ့ဂ်လီအိုက ယာယီတော့ ခင်ဗျားနဲ့အတူ နေမယ်။ ဖြေရှင်လို့မရတဲ့ ပြဿနာတစ်ခုခု ရှိမယ်ဆိုရင် ကျုပ် ခင်ဗျားကို အချိန်မီ အကြောင်းကြားမှာပါ။”
ရှီရာ တိတ်ဆိတ်သွားခဲ့သည်။ ချန်လွေ့က ရှီရာ စိုးရိမ်နေသည်ကို သိသွားပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “အခုအချိန်မှာ လော့ဒ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လက်အောက်ငယ်သားကို ဂရုတစိုက်နဲ့ စိုးရိမ်တဲ့ အမူအရာမျိုး လုပ်သင့်တယ်။ သူတို့ကို သေတဲ့အထိ တာဝန်ထမ်းဆောင်ဖို့အတွက် သစ္စာဆိုတဲ့အထိ ရင်ထဲထိသွားအောင် လုပ်လိုက်တော့။”
ရှီရာက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဒါဆိုလည်း မင်းကြားချင်သလို ငါပြောမယ်။ တန်ဖိုးက တည်ရှိမှုရဲ့ အဓိပ္ပာယ်ကို ဆုံးဖြတ်ပေးမယ်။ ပြီးတော့ မင်းရဲ့ လက်ရှိတန်ဖိုးက ဘယ်လို မတော်တဆမှ ဖြစ်လို့မရဘူး။”
“ဒါက တုံးတိကြီး ဖြစ်မနေဘူးလား။” ချန်လွေ့က အနည်းငယ် ဆွံ့အသွားသည်။ “ခင်ဗျားက ကိုယ့်ရဲ့ လက်အောက်ငယ်သားကို ဒီလိုမျိုး မစည်းရုံးချင်ဘူးဆိုရင် အနည်းဆုံးတော့ တစ်ခုခုထူးထူးခြားခြား ပြောရမယ်လေ....”
“စည်းကျော်တတ်တဲ့ မုန်းစရာ လက်အောင်ငယ်အားကို ဒီလိုပြောဖို့ လိုတယ်ထင်လား။” ရှီရာ၏အကြည့်က သူ၏လက်ကိုကိုင်ထားသော လက်ဖဝါးအပေါ် ရောက်သွားသည်။ ထိုလက်ဖဝါးပိုင်ရှင်က မုန်းစရာကောင်းသော လက်အောင်ငယ်သားပင် ဖြစ်လေသည်။
သူ၏အကြည့် စူးရှသော်လည်း သူ၏လက်များကို မရုပ်သိမ်းခဲ့ပေ။ မုန်းစရာ လက်အောက်ငယ်သားကို ၎င်းကိုသိပြီး ကြေကွဲဝမ်းနည်းသွားသည်။ “သလင်းကျောက် မိုင်းတွင်းမှာ အန္တရာတစ်ခုရှိမှာ သေချာတယ်။ ယန္တရားအစည်းအရုံးက အကြီးတန်း ဆရာသခင်တောင် ပျောက်သွားတယ်။ ကျုပ်မှာ တကယ်တော့ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ဒါပေမဲ့ အမှောင်လအတွင်၊ ခင်ဗျားအတွက် ကျုပ်သွားရမယ်။ ကျုပ်မသွားခင် ခင်ဗျားကိုပြောချင်တဲ့ နောက်ထပ် လျို့ဝှက်ချက်တစ်ခု ရှိတယ်။”
ထိုစကားထဲ၌ အလိမ်အညာများစွာ ရှိနေပုံရသည်။ အမှန်တကယ်၌ သူသည် ဆရာသခင် ရမ္မနစ်ဂီအတွက် သွားရခြင်း ဖြစ်သည်။ သို့သော်လည်း သူနှင့် ရှီရာတို့ ပထမဆုံး တွေ့ဆုံစဉ်က သူတို့သည် ထိုကဲ့သို့ “လှပသောအထင်လွဲခြင်း”မှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ရှီရာက ထိုသူတွင် ပြဿနာတစ်ခုခု ရှိနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး သူနှင့်အတူ လိုက်သွားပြီး သစ်ပင်တစ်ပင်၏ နောက်ဘက်သို့ ရောက်လာကြသည်။ ရှီရာက ထိုလျို့ဝှက်ချက်ကို နားထောင်ရန် ပြင်လိုက်စဉ် မမျှော်လင့်ထားဘဲနှင့် ထိုသူက ရှေ့တက်ပြီး သူ၏သေးသွယ်သောခါးကို နောက်မှ ဖက်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အလွန်ပင် နီးကပ်နေခဲ့သည်။
“ကျုပ်ချစ်ရတဲ့ မင်းသမီးကို အပြင်မှာ ဒီလိုပွေ့ဖက်ချင်နေခဲ့တာ။ ဒါက ဘဏ္ဍာရေး အရာရှိလေးရဲ့စိတ်ထဲက အကြီးဆုံး လျို့ဝှက်ချက်ပဲ။”
“မသာကောင်။ ဒါက ဘယ်လို လျို့ဝှက်ချက်မျိုးလဲ။” ရှီရာ ထိတ်လန့်သွား၏။ ဒါက လျို့ဝှက်ခန်းလည်း မဟုတ်ဘူး။ အမှောင်လနန်းတော်လည်း မဟုတ်ဘူး။ ဒါက အရိပ်နက် အင်ပါယာမှာ။ အခု လူနှစ်ယောက်ပဲ ရှိနေပေမဲ့ မနီးမဝေးမှာ အစေခံတွေ၊ ကျွန်တွေ ရှိနေတယ်။ ဒီမျိုးမစစ်ကောင်က တော်တော် အတင့်ရဲတာပဲ။
ရှီရာ ရုန်းကန်နေစဉ် စိတ်ရှုပ်စရာ အသံတစ်သံကို ကြားလိုက်ရသည်။ “ဒါက လုံးဝ လျို့ဝှက်ချက်တစ်ခုပါ။ အရှင်မင်းသမီး။ သတိထားပါ။ တစ်ယောက်ယောက်မြင်သွားရင် ကောင်းမှာ မဟုတ်ဘူး။”
ရှီရာ မလွတ်မြောက်နိုင်ခင်မှာပင် သူ၏ ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ လည်ပင်း အနမ်းခံလိုက်ရသည့်အခါ အနည်းငယ် ကြက်သီးထသွားခဲ့သည်။ ထို့နောက် ထိုလူက ရှီရာ၏ ဆတ်ဆတ်ထိမခံသော နားပျဉ်းကို နမ်းလိုက်သည်။ ရှီရာ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပျော့ခွေသွားတော့သည်။
လက်များက ရင်ဘတ်သို့ ရောက်လာပြီး မရိုးမဖြောင့်နှင့် လျှောက်သွားနေ တော့သည်။ သူက ထူးဆန်းသော လက်အမူအရာများ ပြုလုပ်ပြီး ရှီရာ၏ ဘရာကို ဖြုတ်လိုက်သည်။ ယောက်ျားတစ်ယောက်၏ ဆုပ်ကိုင်မှုကြောင့် ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ စနေနှစ်ခိုင်က ပိုမိုကြီးမားလာကာ အစွန်းရှိ ပန်းရောင် အဖူးများကလည်း ထောင်မတ်လာကြသည်။
ယောက်ျားကောင်းတိုင်း၌ ထိပ်တန်း အနှိပ်ပညာနှင့် မေတ္တာတရားကြီးမားသော လက်တစ်စုံ ရှိကြလေသည်။
ရှီရာ၏နားအရင်းများ နီမြန်းသွားပြီး ဖောက်ပြန်ခြင်းနှင့် ဆင်တူသော ပြင်းထန်သည့် ရင်ဖိုစရာခံစားချက်များက သူ၏အသံရှူသံကို ပို၍မြန်ဆန် လာစေသည်။
ထိုအချိန်၌ အဝေးတစ်နေရာမှ လိုလီလေး၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ “အစ်မ။ အစ်မ ဘယ်မှာလဲ။”
ရှီရာ ပြင်းပြင်းထန်ထန် နိုးထသွားပြီး အတင့်ရဲလှသော ရွံစရာ လက်အောက် ငယ်သားကို တွန်းထုတ်လိုက်သည်။
တော်ဝင်မင်းသမီးက မျက်နှာပူလောင်သွားပြီး အဝတ်အစားများကို အလျင်အမြန် သပ်သပ်ရပ်ရပ် ပြုလုပ်လိုက်သည်။ ငါ ဘာဖြစ်သွားတာလဲ။ ဒီလိုနေရာမျိုးမှာ ငါ့ကို သူနဲ့ တွေ့သွားရင် ပြဿနာ တက်လိမ့်မယ်။
ခဏကြာပြီးနောက် လိုလီလေးနှင့် ခီရာတို့က ရှီရာနှင့် ချန်လွေ့တို့ရှေ့သို့ ရောက်ရှိလာကြသည်။
အဲလစ်က လှလှပပ အဝတ်အစားများ ဝတ်ဆင်ထားပြီး တစ်ပတ်လှည့်လိုက်သည်။
“ညီမရဲ့ အဝတ်အစား အသစ်တွေကို ကြည့်လိုက်။ မလှဘူးလား။”
လိုလီလေးသည် အရိပ်နက်အင်ပါယာထံမှ အထူးဝတ်စုံတစ်ခု ဝယ်ခဲ့သည်။ သူက မျက်နှာပေါ်၌ ပိုးဇာလွှားတစ်ခုပင် အုပ်ထားပြီး လျို့ဝှက်ဆန်းကြယ်နေပုံရသည်။ ရှီရာက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ခေါင်းညိတ်လိုက်သည်။
လိုလီလေးက ချန်လွေ့ကို ကြည့်လိုက်ပြန်သည်။ ခုနက သူ့အစ်မကို ဗလက္ကာရ ပြုလုပ်ခဲ့သော တစ်စုံတစ်ယောက်က လိပ်ပြာမလုံ ဖြစ်နေသည်မှာ သိသာလှသည်။ သို့သော်လည်း သူက လုံးဝ ချီးကျူးခဲ့သည်။ အဲလစ်က ဂုဏ်ယူစွာဖြင့် ကိုယ်ဟန် အနေအထား အမျိုးမျိုး လုပ်ပြီးနောက် မေးလိုက်သည်။ “အစ်မက အစောကြီး ပြန်လာတယ်လို့ အစေခံဆီက ကြားတယ်။ ခုနက ဘာလို့ အစ်မကို မတွေ့ရတာလဲ။”
ရှီရာ မပြောခင်မှာပင် ချန်လွေ့ အရင်စပြောသည်။ “အရေးပေါ်ကိစ္စတွေကို ဖြေရှင်းဖို့အတွက် မနက်ဖြန်မနက် အမှောင်လကို အမြန်ပြန်ဖို့ ငါစီစဉ်ထားတယ်။ တော်ဝင်မင်းသမီးက ငါ့ကို သီးသန့်ပြောဖို့ လျို့ဝှက်ချက်ကိစ္စတွေ ရှိနေလို့။”
“လျို့ဝှက်ချက်”ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ခုနက ဖက်နမ်းခံရသည့် မြင်ကွင်းက ရှီရာ၏စိတ်ထဲ၌ ပေါ်ထွက်လာပြီး သူ၏မျက်နှာ နီမြန်းသွားခဲ့သည်။ အဲလစ်က စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းစူလိုက်သည်။ “နင်ဘာလို့ အရင် သွားချင်တာလဲ။”
လိုလီလေးက အလွန်ပင် စိတ်လှုပ်ရှားနေသည့်အတွက် သူ့အစ်မ၏ ထူးဆန်းသော အမူအရာကို သတိမထားမိခဲ့ပေ။ သို့သော် အမြင်စူးရှသော အစေခံမလေးမှာမူ ထိုကဲ့သို့ မဟုတ်ပေ။ သူက တော်ဝင်မင်းသမီးရဲ့ လည်ပင်းမှ အနီရောင်အမှတ်ကိုပင် သေသေချာချာ သတိထားမိခဲ့ပြီး လိပ်ပြာမလုံ ဖြစ်နေသူတစ်ယောက်ကို ကြည့်လိုက်သည်။ အတွေ့အကြုံ ရှိသူတစ်ယောက် ဖြစ်သည့်အလျောက် သူက စိတ်ထဲ၌ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ထိုသူက လိုလီလေးအား ဖြေရှင်းပြီးနောက် အစေခံမလေးကိုဆွဲကာ ရှီရာ၏ မြင်ကွင်းမှ ပြေးထွက်သွားလိုက်သည်။ သို့သော်လည်း သူ့ကု အစေခံမလေးက လက်သည်းဖြင့် ပြင်းပြင်းထန်ထန် ကုတ်ခြစ်ခဲ့သည်။ အစေခံမလေးက ပြုံးရင်းပြောသည်။ “ချစ်ရတဲ့သခင်။ ထွက်မသွားခင် ဘဝရဲ့...လျို့ဝှက်ချက်တချို့ကို ကျွန်မတို့ မဆွေးနွေး သင့်ဘူးလား။ ကျွန်မ မကျေနပ်ရင် သခင် မထွက်သွားရဘူး။ ဟုတ်ပြီလား။”
“လျို့ဝှက်ချက်” ပေါက်ကြားသွားကြောင်း ချန်လွေ့ သိလိုက်သည်။ အစေခံ မလေး၏ မနာလိုသောအပြုံးကို ကြည့်ခြင်းအားဖြင့် ယနေ့ညက သူ သေသည်အထိ အာရုံစူးစိုက် နှစ်မြှုပ်မထားလျှင် အမှန်တကယ် ထွက်သွား၍ ရနိုင်တော့မည် မဟုတ်ပေ။