သလင်းကျောက်မိုင်းတွင်း၏ လျို့ဝှက်ဆန်းကြယ်မှု
Vol. 29 Ch. 428
ချန်လွေ့က သလင်းကျောက်တောင်ကြားသို့ သွားမည့်အကြောင်း ခီရာ သိသွားသည့်အခါ သူ၏အမေ သေသွားသောနေရာသို့ ချန်လွေ့နှင့်အတူ လိုက်သွား ချင်ခဲ့သည်။ သို့သော် သလင်းကျောက်တောင်ကြားသည် ယခုတွင် အန္တရာယ်မကင်း ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ ချန်လွေ့က ခီရာအား နားချရုံမျှတတ်နိုင်ခဲ့၏။
ယခင်တစ်ခေါက်က ချန်လွေ့သည် လုပင်မြို့၌ စိတ်ဝိညာဉ်ကွင်းဆက်ကို ဖြတ်တောက်ပြီး ပါ့ဂ်လီအိုနှင့် သဟဇီဝစာချူပ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း သူက “ပယ်ဖျက်ခြင်း” အစား “ဖြတ်တောက်ခြင်း”ကို သုံးခဲ့သည်။
ပယ်ဖျက်ခြင်းဆိုသည်မှာ အဆုံးသတ်ခြင်းကို ဆိုလိုပြီး ဖြတ်တောက်ခြင်းမှာ ချိတ်ဆက်မှုမှ ရရှိထားသော အကျိုးကျေးဇူးများအား ချန်ထားပြီး ချိတ်ဆက်မှုကို အတင်းဖြတ်တောက်ခြင်း ဖြစ်သည်။ သို့သော်လည်း ကုန်ကျစရိတ်မှာ “ပယ်ဖျက်ခြင်း”ထက် ပိုများသည်။ ချန်လွေ့က သဟဇီဝစာချုပ်ကို ဖြတ်တောက်ရန် အရှိန်အဝါ ၁၀သိန်း အသုံးပြုခဲ့ရသည်။
၎င်းမှာ သူက ပါ့ဂ်လီအို၏ သက်တမ်းကို တမင်ခိုးယူချင်၍ မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းထဲ၌ သူ နှစ်ရာချီ နေခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ သူသည် သာမန်လူသားသက်တမ်းထက် များစွာကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ ပယ်ဖျက်လိုက်လျှင် ပါ့ဂ်လီအိုနှင့် အသီနာတို့ ထွက်ပြေးရန်အတွက် ကာကွယ်ဖို့မပြောနှင့်၊ သက်တမ်းကုန်ဆုံးပြီး ချက်ချင်း သေသွားခဲ့နိုင်ပေသည်။
ယခင်တစ်ခါက်က မန်နူကဲ့သို့ပင် အစွမ်းထက် ချစ်တင်းနှောခြင်း အပါအဝင် သဟဇီဝစာချုပ်က ထောက်ပံ့ပေးသော အကျိုးကျေးဇူးများ ဆက်လက်တည်ရှိ နေလေသည်။ အမှန်တကယ်၌ သဟဇီဝစာချုပ်က ထောက်ပံ့ပေးသော စွမ်းအားများ မရှိလျှင်ပင် စူပါစနစ်၏ [ နှစ်သွယ်လေ့ကျင့်ရေး ] တစ်ခုတည်းနှင့်ပင် နောက်ထပ် တိုက်ပွဲတစ်ခုတိုက်ခိုက်ရန် လုံလောက်ပေသည်။ အထူးသဖြင့် [ နှစ်သွယ်လေ့ကျင့်ရေး ] သည် အမှောင်ဆန္ဒမသုံးဘဲ ကဝေမ၏ အထူးဝါးမျိုခြင်းခန္ဓာကို ကိုင်တွယ်ရန် ကူညီပေး နိုင်လေသည်။
နံနက်ခင်းစောစော၌ ချန်လွေ့က ဖြည်းဖြည်းချင်းထပြီး စောင်ကို ဆွဲယူကာ ခီရာ၏ ချောမွေ့ပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ခြုံပေးလိုက်သည်။
မနေ့ညက လူသားသည် အားကုန်ထုတ်ပြီး အစေခံမလေးအား သုံးလေးကြိမ် ကိစ္စပြီးရန် စွမ်းဆောင်ခဲ့ပြီး ခီရာက အိပ်ယာပေါ်၌ ချည်နဲ့လုနီးပါး ဖြစ်သွားစေခဲ့သည်။ ယခုတွင် သူက အိပ်မောကျလျက် ရှိနေသည်။ ချန်လွေ့က ကဝေမလေး၏ နဖူးကို အသာလေး နမ်းပြီး ခြေဖျားထောက်၊ အဝတ်ဝတ်ကာ အခန်းထဲမှ ထွက်သွားတော့သည်။
ချန်လွေ့ တံခါးဆီသို့ လှည့်ထွက်သွားချိန်၌ ခီရာ၏ လှပသော မျက်လုံးများ အသာလေး ပွင့်လာပြီး သူ၏ကျောဘက် တဖြည်ဖြည်း ပျောက်ကွယ်သွားသည်ကို တိတ်တိတ်လေး ကြည့်နေလိုက်သည်။ အစေခံမလေးက မိမိသည် စွမ်းအားမကြီးကြောင်း သိသည်။ ထို့ကြောင့် သူသည် ချန်လွေ့အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်သင့်ပေ။ ယခု သူလုပ်နိုင်သော အရာတစ်ခုမှာ ချန်လွေ့ ဘေးကင်းကင်းနှင့် ပြန်လာရန်အတွက် ဆုတောင်းရန်သာ ဖြစ်ပေသည်။
ချန်လွေ့က ရှီရာတို့ ညီအစ်မကို နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဝိုင်ဗန်စီးကာ သွေးနွယ်နယ်မြေမှ တစ်ခါတည်း ထွက်သွားတော့သည်။ သူက တောင်ဘက်ရှိ အမှောင်လသို့ ပျံသန်းသွားသော်လည်း အမှန်တကယ်၌ သူက မြောက်ဘက်သို့ ကွေ့ပတ်သွားနေခြင်း ဖြစ်သည်။ သူ၏ ခရီးပန်းတိုင်မှာ မြောက်ဘက်ရှိ သံနက်တောင်ခြေ အတိအကျပင် ဖြစ်လေသည်။
စာချုပ်၏ စည်းမျဉ်းမှာ တစ်သက်တွင် တူညီသောအရာတစ်ခုပေါ်၌ စာချုပ် တစ်ခုတည်းသာ ချုပ်ဆို၍ရပေမည်။ ပါ့ဂ်လီအိုက သဟဇီဝစာချုပ် ထပ်ချုပ်ဆိုလျှင်ပင် အလုပ်ဖြစ်တော့မည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် အခြား ညီတူမျှတူ စာချုပ်များ ရှိနေသေးသည်။ ယခု ချန်လွေ့၏ ညီတူမျှတူ ကွင်းဆက်ခွဲတမ်းမှာ ၅ခုသာ ကျန်သည်။ ပါ့ဂ်လီအိုနှင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိသော ညီတူမျှတူ ချိတ်ဆက်ပြီးနောက်တွင် ၄ခုသာ ကျန်တော့သည်။
ယာယီ [ ကွင်းဆက်တိုးမြှင့်မှု ] သက်ရောက်မှုသည် အတော်လေး သိသာလှသည့် အတွက်ကြောင့် ထို၄နေရာမှ ၂နေရာကို တိုက်ခိုက်ရေးအစွမ်းထက်ဆုံး ဖြစ်ကြသော ဇိုလာနှင့် ခရိုဘဲလက်စ်တို့ထံ ပေးလိုက်သည်။ ၂နေရာ ယာယီကျန်နေသေးသည်။ ရိုမန်က တစ်သက်သာ သားရဲအဖော်နှင့် စိတ်ဝိညာဉ်စာချုပ်မျိုး ချုပ်ဆိုထားသည့်အတွက်ကြောင့် ဒုတိယမြောက်စာချုပ် ထပ်မချုပ်နိုင်တော့ပေ။ ထိုစဉ် ဒေလီယာ၊ အသီနာနှင့် အခြားသူများကလည်း တိုက်ခိုက်ရေးစွမ်းအား မလုံလောက်ကြောင်း ဖွင့်ပြောကြသည်။ ထို့ကြောင့် သူတို့က အကန့်အသတ်ရှိသော နေရာများကို မဖြုန်းတီးချင်ကြပေ။
ချန်လွေ့လည်း သူတို့ကို ဖိအားမပေးခဲ့ပေ။ သူ၏အကြံမှာ ယုံကြည်မှု သလင်းကျောက် အလုံလောက် ရှိသည့်အခါ၌ တစ်ယောက်ချင်းစီနှင့် စာချုပ် ချုပ်ဆိုရန် ဖြစ်သည်။ ထို့နောက် သူသည် [ ကြယ်တာရာအဆင့် တိုးမြှင့်မှု ] ကိုသုံးပြီး သူတို့၏ စွမ်းအားများကို အပြီးတိုင် တိုးမြှင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း ထိုစျေးနှုန်းမှာ မနည်းလှပေ။ ကြယ်တစ်ပွင့်တိုးမြှင့်မှု၏ ပထမအဆင့် တစ်ခုတည်းကပင် ယုံကြည်မှု သလင်းကျောက် တစ်သိန်း လိုအပ်သည်။ ၎င်းသည် သလင်းကျောက် ၁၀၀သာ လိုအပ်သော အချိန်အကန့်အသတ်ရှိသည့် [ ကွင်းဆက်တိုးမြှင့်မှု ] နှင့် လုံးဝ ကွဲပြားသည်။
အသူရာ၏ စစ်ပွဲ ယုံကြည်မှုကို တည်ဆောက်ပြီးနောက် ယုံကြည်မှုသလင်းကျောက် ဖြစ်ပေါ်နှုန်းသည် တဟုန်ထိုး တိုးပွားလာခဲ့သည်။ လက်ရှိ၌ ၉၀၀ ကျော်နေပြီ ဖြစ်သည်။ အစွမ်းအထက်ဆုံးဖြစ်သော [ တော်ဝင်ကြယ်တာရာ အသွင်ပြောင်းခြင်း ] ကို စမ်းသပ်နိုင်ရန် သိပ်ပြီးကြာတော့မည် မဟုတ်ပေ။
သွေးနွယ်နယ်မြေမှာ အလွန်ကျယ်ဝန်းလှသော်လည်း အမှောင်လထက် အနည်းငယ်သာ သေးသည်။ ချန်လွေ့သည် မြောက်ဘက်အစွန်ဆုံးရှိ သံနက်တောင်ခြေသို့ သွားနေခြင်း ဖြစ်သည်။ ဝိုင်ဗန်စီးသွားသည့်တိုင် သလင်းကျောက်တောင်ကြား တည်ရှိရာ မြူဖုံးရွံ့နွံအိုင်သို့ ရောက်ရှိရန် ၅ရက်ကြာသည်။ ထိုအမြန်နှုန်းမှာ အတော်လေး မြန်နေပြီ ဖြစ်သည်။ ယခင်တစ်ခေါက် မန်နူနောက်သို့ သူလိုက်သွားသောအခါ သူတို့သည် သန္ဓေပြောင်း ဂရစ်ဖင်းကိုစီးသွားခဲ့ရာ ၇ရက် ကြာသွားခဲ့သည်။
ခရောဖို့ဒ် ပြောသည့်အတိုင်းပင် မြူဖုံးရွံ့နွံအိုင်ကို အစောင့်များ တင်းကြပ်ထားပြီး အကာအကွယ်မှော်စက်ဝိုင်းများစွာ ရှိသည်။ သို့သော်လည်း ထိုခုခံမှုမှာ သခင်က ကတ်သရင်း အတင်းဝင်ရောက်ခဲ့သော “ဝင်ပေါက်”အတွက်သာ ဖြစ်သည်။ ချန်လွေ့က သလင်းကျောက်တောင်ကြားသို့ နဂါးထွင်းစာမှတစ်ဆင့် သွားနိုင်သည့် အထူးလမ်းကြောင်း တစ်ခုကို သိထားသည်။ လျို့ဝှက်ထွင်းစာများ မဖျက်ဆီးခံထား ရသေးပေ။ အထူးသဖြင့် ရေအိုင်အရှေ့ရှိ သုံးလွှာထွင်းစာပင် ဖြစ်သည်။ ရေအိုင်မှတစ်ဆင့် ချန်လွေ့သည် ကာကွယ်ရေးတပ်ဖွဲ့များကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး သလင်းကျောက်တောင်ကြားသို့ ဝင်ရောက်နိုင်ခဲ့သည်။
သလင်းကျောက်တောင်ကြား ရှုခင်းများမှာ ရင်သပ်ရှုမောဖွယ် ကောင်းနေဆဲ ဖြစ်သော်လည်း မူရင်း ဝါးမျိုခြင်းခန်းမ၊ အိပ်မက်ဆိုးတောင်ကြား၊ သလင်းကျောက် သားရဲတွင်းနှင့် အခြားနေရာများမှာ စွန့်ပစ်ခံထားရလေသည်။ အချို့ကိုမူ မိုင်းတွင်း စက်ရုံများအဖြစ် အသွင်ပြောင်းထားခဲ့သည်။ ချန်လွေ့က သလင်းကျောက်တောင်ကြား၌ သူလျှို ပြုလုပ်ခဲ့သည့်အချိန်များကို မနေ့ကကဲ့သို့ပင် လွမ်းဆွတ်သတိရလိုက်သည်။ ဖရီယာနှင့် လဖ္ဖါတို့ သေဆုံးခြင်းသည် သူ၏နှလုံးသားထဲ၌ အမြဲပင် နာကျင်မှုတစ်ခု ဖြစ်နေခဲ့သည်။
စွမ်းအား လိုတယ်။ ငါ့အတွက် အရေးကြီးတဲ့သူတွေကို ကာကွယ်ဖို့အတွက် စွမ်းအားတွေ ငါ ပိုပြီးတော့ လိုအပ်နေသေးတယ်။
ချန်လွေ့က ပင့်သက်ရှိုက်ပြီး မူလက သလင်းကျောက်နဂါး ယာကော့ဗ်ရှိခဲ့သော သလင်းကျောက်သားရဲတွင်းဖြစ်သည့် မိုင်းတွင်းဝင်ပေါက်ကို ကြည့်လိုက်သည်။ တောင်ကြားထဲ၌ မည်သူမှ ရှိမနေပေ။
ချန်လွေ့သည် ဝတ်ရုံ ဝတ်ထားဆဲပင် ဖြစ်သည်။ သူက မိုင်းတွင်းထဲ ဝင်သွားပြီး ခရောဖို့ဒ် ပေးထားသော မိုင်းတွင်းမြေပုံအတိုင်း မိုင်းတွင်းအလင်းရောင်များအောက်တွင် ခိုးဝင်သွားလိုက်သည်။
ထိုမြေအောက်မိုင်းတွင်းမှာ အတော်လေး ကျယ်ဝန်းလှပြီး နေရာအနှံ့သို့ ဆန့်တန်းနေသည်။ ၎င်းသည် ရှီလန်တောင်နှင့် ပုံစံတူတူပင် ဖြစ်သည်။ အတိအကျ ပြောရလျှင် ၎င်းကို ခရောဖို့ဒ်နှင့် ကတ်သရင်းတို့ တည်ဆောက်ထားခြးင်းမဟုတ်ဘဲ သလင်းကျောက်နဂါး ယာကော့ဗ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယာကော့ဗ်သည် ပါ့ဂ်လီအိုကြောင့် ရခဲ့သော ဒဏ်ရာကို ပြန်မကုသနိုင်ခဲ့ပေ။ သူ၏ ထူးခြားသော ခန္ဓာကိုယ် အမျိုးအစားကြောင့် ဆေးရည်များလည်း အသုံးမဝင်ခဲ့ပေ။ သူက ခန္ဓာကိုယ်ကို ပြန်လည် ပြင်ဆင်ရန်အတွက် သလင်းကျောက်စွမ်းအားကို စုပ်ယူရန် မှော်စက်ဝိုင်းအား အသုံးချခဲ့ရသည်။ သို့သော်လည်း သနားစရာ သလင်းကျောက်နဂါး လုံးဝ ပြန်မကောင်းခင်မှာပင် နောက်ထပ် ယုတ်မာသော ဆရာသခင်အာသာနှင့် တွေ့ခဲ့သည်။ ရလာဒ်အနေဖြင့် သူက နတ်ဆိုးဘုံ၏ ထိပ်တန်းမိန်းမလှဖြစ်သူနှင့် ချစ်ကြည်ရေး “တိုက်ခိုက်ရသည်”အထိ ကံကောင်းသွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် မှော်မြေပုံကို အားတစ်ခုခုက နှောင့်ယှက်ပြီး အသုံးပြု၍ မရတော့ပေ။ ချန်လွေ့က ခရောဖို့ဒ် ပေးထားသော မြေပုံဖြင့်သာ ရှေ့ဆက်သွားရသည်။ သို့သော်လည်း မှော်စက်ဝိုင်းက ဖန်တီးသော ပုံရိပ်ယောင်များကြောင့် ထိုမြေပုံ၌လည်း သိသာထင်ရှားသော အမှားများရှိသည်။ သို့သော်လည်း ချန်လွေ့သည် ရှီလန်တောင်မှာ ကဲ့သို့ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူက ရှေ့သို့ဆက်သွားရင်း အမှတ်အသား ပြုလုပ်ကာ မြေပုံကို အမှန်ပြင်ခဲ့သည်။ တစ်လက်မချင်းရှာဖွေခြင်းမှာ နှေးကွေးပြီး တစ်ခါတစ်ရံ၌ လမ်းဆုံးတတ်သော်လည်း အမှားအယွင်းများကို အကြီးမားဆုံး အတိုင်းအတာအထိ ရှောင်ရှားနိုင်သည်။ ပြန်လည်ပြင်ဆင်ထားသော မြေပုံသည်လည်း သွေးနွယ်နယ်မြေအတွက် အတော်လေး တန်ဖိုးရှိလှပေသည်။
ခဏကြာပြီးနောက် ချန်လွေ့က မှော်စက်ဝိုင်း တည်ရှိမှုကို သေသေချာချာ ရှာတွေ့သွားသည်။ ထို့ပြင် ၎င်းသည် နဂါးထွင်းစွာ အငွေ့အသက်နှင့် ရောနှောနေသည်။ ၎င်းသည် ထိုစဉ်က သလင်းကျောက်နဂါး ချန်ထားခဲ့သော ထောင်ခြောက်တစ်ခု ဖြစ်နိုင်သည်။ အတော်လေး ရှုပ်ထွေးသော ထောင်ခြောက်တစ်စုံ ရှိနေလောက်ပေသည်။
နဂါးထွင်းစာများကို ဖယ်ရှားရသည်မှာ မလွယ်ကူလှပေ။ ၎င်းသည် အင်ဂျင်နီယာများက မိုင်းရှင်းသကဲ့သို့ပင် ဖြစ်နေသည်။ သက်ဆိုင်ရာ အသိပညာများ ရှိသည့်တိုင် အန္တရာယ် ကြီးမားလှပေသည်။ စူပါစနစ်၏ အကူအညီဖြင့် ချန်လွေ့သည် ပါ့ဂ်လီအို၏ အသိပညာကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့သည်။ သလင်းကျောက် နဂါးကလည်း ယခင် သလင်းကျောက်တောင်ကြား၌ နေစဉ်က သူ၏ကိုယ်ပိုင် အတွေ့အကြံများကို သင်ကြားပေးခဲ့ဖူးသည်။ ထို့ပြင် ဇိုလာက ကျယ်ပြန့်လှသော ထွင်းစာ အသိပညာများကိုလည်း သင်ယူခဲ့ရသည်။ ထို့ကြောင့် ချန်လွေ့၏ လက်ရှိ နဂါးထွင်းစာ အဆင့်မှာ ပါ့ဂ်လီအိုကိုပင် ကျော်လွန်နေပြီး ဇိုလာပြီးလျှင် ဒုတိယ ဖြစ်သ်ည။ သူသည် ထွင်းစာများကို ပယ်ဖျက်ရန် အချိန်အများကြီး မသုံးခဲ့ဘဲ နဂါးထွင်းစာများမှ သတိထား၍ ကွေ့ပတ်ရှောင်သွားခဲ့သည်။ သူက ထိုထွင်းစာများအား မနှောင့်ယှက်သလို အသက်လည်း မဝင်စေခဲ့ပေ။ လမ်းတစ်လျှောက်၌ သူက ဆရာသခင် ရမ္မနစ်ဂီကို လိုက်ရှာနေခဲ့သည်။
သုံးနာရီကြာပြီးနောက် ချန်လွေ့သည် နဂါးထွင်းစွာများ၏ ပြောင်းလဲမှုပုံစံကို အဖြေရှာတွေ့သွားသည်။ ၎င်းသည် အမှန်တကယပင် ကြီးမားပြီး အဆင့်မြင့်သော ထွင်းစာ မှော်စက်ဝိုင်းတစ်ခု ဖြစ်သည်။ သူက ဇစ်မြစ်ကို တစ်ဆင့်ချင်း ခြေရာခံပြီးနောက် အရင်းအမြစ်ကို သတိထား ချဉ်းကပ်လာခဲ့သည်။
ထိုမိုင်းတွင်း၏ အရွယ်အစားမှာ ချန်လွေ့ မျှော်မှန်းထားသည်ထက် ပိုကျယ်ပြီး အဆုံးမရှိသကဲ့သို့ပင် ထင်ရသည်။ ထို့ပြင် အပြင်အဆင်နှင့် မြေမျက်နှာသွင်ပြင်မှာ မိုင်းတွင်းနှင့်မတူဘဲ အလွန်ကြီးမားပြီး ရှုပ်ထွေးသော မြေအောက် ဝင်္ဂပါတစ်ခုနှင့်ပင် တူနေလေသည်။
ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ ကွင်းဆက်ထွင်းစာများကို ဖြတ်သွားပြီးနောက် ရှေးမှော်စာ အရိပ်အယောင်ကို ခံစားမိခဲ့ခြင်း ဖြစ်သည်။ သူက သလင်းကျောက်နဂါးသည် ရှေးမှော်စာနှင့် မရင်းနှီးကြောင်း သိသည်။ ဇိုလာရဲ့ ကျောက်ပြားကို ယာကော့ဗ် လုယူခဲ့တုန်းက သူ့ဒဏ်ရာတွေကို ကုသဖို့အတွက်ပဲ ကျောက်ပြားရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားကို အသုံးချခဲ့တာ။ ပြီးတော့လည်း ကျောက်ပြား၆ခုကို ငါ ခိုးပြီးသွားပြီ။ အဲဒီနဂါးရဲ့အဆင့်နဲ့ဆို သူက ဒီလိုရှေးမှော်စာ အဆင့်ကို မသုံးနိုင်ဘူးဆိုတာ သေချာတယ်။ သွေးမြေကျက ဒီအပိုင်းမှာ ပညာရှင် တစ်ယောက် ရှိနေတာများလား။
ချန်လွေ့ အံ့အားသင့်နေစဉ်မှာပင် ရုတ်တရက် သတိထားလိုက်ပြီး အရိပ်ထဲတွင် ပုန်းနေလိုက်သည်။ ခဏအကြာ၌ ရှေ့မှ အလင်းယဲ့ယဲ့လေးတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုပုံရိပ်၏ လှုပ်ရှားမှုမှာ အနည်းငယ် တောင့်တင်းနေသော်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြည်လင်သော သလင်းကျောက်များနှင့် ပြည့်နှက်နေကာ မှော်မီးအိမ်၏ အလင်းရောင်ကြောင့် ထူးဆန်းသောအလင်းများ ရောင်ပြန်ဟပ်နေ၏။
မျိုးနွယ် - သလင်းကျောက်လူသား (ရုပ်သေး) ။
စွမ်းအားအကဲဖြတ်မှု - C-
ခန္ဓာအမျိုးအစား - C
ခွန်အား - C
စိတ်ဝိညာဉ် - F-
မြန်ဆန်မှု - D-
ဂုဏ်သတ္တိ - [ မှော်-ဆန့်ကျင် ]
နတ်ဆိုးဘုရင်အဆင့်.....သလင်းကျောက်လူသားတွေလား။ ထိုရင်းနှီးသော သလင်းကျောက်ရုပ်သေးများကြောင့် ချန်လွေ့က သူ၏ “မိတ်ဆွေဟောင်း” ပြုလုပ်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို သဘောပေါက်သွားခဲ့သည်။
ချန်လွေ့သည် ရှေးမှော်စာများနှင့်ပတ်သက်၍ သံသယအနည်းငယ် ရှိနေသေး သော်လည်း ဆက်ပြီး မစဉ်းစားခဲ့ပေ။ သူက သလင်းကျောက်လူသားနောက်သို့ လိုက်သွားခဲ့သည်။ သလင်းကျောက်ရုပ်သေးသည် အလိုအလျောက် အသိစိတ်မရှိဘဲ သခင်၏အမိန့်ကိုသာ နာခံသည်။ သိမြင်နားလည်မှု အနည်းငယ် ရှိသော်လည်း နတ်ဆိုးဧကရာဇ်အဆင့်တစ်ယောက် လိုက်နေသည်ကို အာရုံမခံနိုင်သေးပေ။
အလင်းရောင်များ စတင်တောက်ပလာပြီးနောက် သလင်းကျောက်လူသားက နေရာတစ်နေရာသို့သွားကာ ရပ်တန့်လိုက်သည်။ အတွင်းထဲ၌ တစ်ပုံစံတည်းဖြစ်နေသည့် သလင်းကျောက်ရုပ်သေးများ ရှိနေကြသည်။ နတ်ဆိုးများကလည်း အနီးအနားရှိ မိုင်းတွင်းထဲမှ ဓာတ်သတ္တုများကို မကြာခဏ သယ်ဆောင်နေကြသည်။
ထိုနတ်ဆိုးများသည် နှေးကွေးလေးလံနေပြီး အလွန်ပင်ပန်းနေပုံရသည်။ သို့သော် သူတို့ အနည်းငယ် ရပ်တန့်လျှင်ပင် သလင်းကျောက်လူသားများ၏ ရိုက်နှက်ခြင်းကို ခံရပြီး သေသည်အထိ ဖြစ်နိုင်သည်။ သူတို့၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူတို့သည် ယခင်မိုင်းတွင်းမှ ပျောက်ကွယ်သွားသော မိုင်းလုပ်သားများ ဖြစ်နိုင်ပေသည်။ သလင်းကျောက် ရုပ်သေးများ၏ တာဝန်မှာ သူတို့ကို စောင့်ကြည့်ပြီး ကြီးကြပ်ရန် ဖြစ်နိုင်ပေသည်။
အတွေးတစ်ချက်ဖြင့် ချန်လွေ့က သူတို့ထံ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူက မိုင်းလုပ်သားတစ်ယောက်၏ အဝတ်အစားသို့ ပြောင်းလဲလိုက်ပြီး ခံ့ညားသော အမူအရာဖြင့် လမ်းလျှောက်သွားလိုက်သည်။ သူက ဓာတ်သတ္တုတစ်ခြင်းကိုယူပြီး မိုင်းလုပ်သားများနောက်သို့ လိုက်သွားခဲ့သည်။
မိုင်းတူးပြီးသော ဓာတ်သတ္တုများကို မိုင်းလုပ်သားများက ခန်းမတစ်ခုသို့ ရွှေ့ပြောင်းပေးရသည်။ ခန်းမကို သလင်းကျောက်ရုပ်သေးများက ဝိုင်းရံထားကြသည်။ ၎င်းမှာ အလွန်ပင် အစောင့်တင်းကြပ်လှသည်။ ရှေ့တွင် ဝင်ပေါက်ကဲ့သို့အရာတစ်ခု ရှိနေပြီး ဓာတ်သတ္တုများကို ဝင်ပေါက်ထဲသို့ လောင်းချနေကြသည်။
ဝင်ပေါက်အနီးတွင် အသက်၄၀ခန့်ရှိနိုင်သော ထူးခြားသည့် အမူအကျင့် ရှိသော သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေသည်။ သူက မြေပေါ်၌ မှော်အမှတ်အသားများ ရေးဆွဲရန် မိုင်းလုပ်သားများအား ညွှန်ကြားနေသည်။
ချန်လွေ့၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သတ်လတ်ပိုင်းလူကြီးမှာ ယခုတစ်ခေါက် သူ၏ပစ်မှတ်များထဲမှ တစ်ခုဖြစ်သော ဆရာသခင် ရမ္မနစ်ဂီပင် ဖြစ်၏။