ပန်းပွင့်
Vol. 29 Ch. 431
သလင်းကျောက်တောင်ကြားအပြင်ဘက် စစ်တပ်၏ အနီးကပ် ကာကွယ်မှု အောက်တွင် ဆရာသခင် ရမ္မနစ်ဂီက ဝေးကွာနေသည့် တောင်ကြားရှိ ကောင်းကင်ထက်မှ ပြောင်းလဲမှုများကို ကြည့်နေသည်။ စစ်သည်များကဲ့သို့ပင် သူလည်း အံ့သြမိသွားသည်။
အဝေးမှပင် အော်သံများကို ကြားသည့်အခါ လူအများကို ကြောက်လန့်သွား စေသည်။ အာရုံခံမြင့်မားသော စစ်မြင်းများပင် ကြောက်လန့်သွားကြသည်။ အကယ်၍ သူတို့ကို သေသေချာချာ မလေ့ကျင့်ထားဘဲ စစ်သည်များ၏ ထိန်းချုပ်မှု၍သာ ရှိမနေလျှင် တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးသွားကြပေလိမ့်မည်။
အဝေးတစ်နေရာ ခရမ်းရောင်အလင်းနှင့် အစိမ်းရောင်အလင်းများ အဆက်မပြတ် ပြောင်းလဲနေကြသည်။ မြေပြင်လည်း အနည်းငယ် တုန်ခါနေ၏။ မှော်စက်ဝိုင်းများပင် ၎င်းကို မတောင့်ခံနိုင်ပေ။ ထိုတိုက်ပွဲ၏ ပြင်းထန်မှုကို စဉ်းစားကြည့်၍ပင် ရနိုင်သည်။ သို့သော်လည်း ထိုအဖွဲ့သားများက မဆင်မခြင်မလုပ်ဘဲ သလင်းကျောက်တောင်ကြား အပြင်ဘက် ခံစစ်ကြောင်း၌သာ ရပ်နေကြသည်။
အကြောင်းမှာ လွန်ခဲ့သော သုံးလေးရက်က သူတို့ထံသို့ ဆရာသခင် ရမ္မနစ်ဂီအား တစ်စုံတစ်ယောက် အပ်ထားခဲ့ခြင်းကြောင့်ပင်။ ထိုသူက သွေးနွယ်နယ်မြေလော့ဒ်ကို ကိုယ်စားပြုသော မှော်တံဆိပ်ပြားအား ပြသခဲ့သည်။ ထိုသူက စစ်တပ်အား ဆရာသခင်ကို ကာကွယ်ရန်နှင့် ထိုနေရာတွင် နေနေရန် အမိန့်ပေးခဲ့သည်။ မည်သည့်အရာ ဖြစ်စေကာမူ မည်သည်မျှ လုပ်ခွင့်မပြုပေ။ ဆရာသခင် ရမ္မနစ်ဂီ အပါအဝင် အပြင်လူများကိုလည်း အဝင်အထွက် ပိတ်ပင်ထားသည်။
အမှန်တကယ်၌ ထိုစစ်သည်များ မြင်ခဲ့သည်မှာ ရှေးမှော်စာစွမ်းအားများ၏ ချုပ်တည်းခြင်း ခံထားရေ တိုက်ခိုက်ရေး မြင်ကွင်းများသာ ဖြစ်သည်။ ချန်လွေ့၏ ရှေးမှော်စာ စွမ်းအားမှာ ဇိုလာနှင့်ယှဉ်လျှင် အတော်လေး ကွာဟသည်။ ဇိုလာသာ ၎င်းကို ခင်းကျင်းခဲ့လျှင် သက်ရောက်မှု ကွာခြားမည်မှာ သေချာသည်။ သို့သော်လည်း အမှောင်လသည် သလင်းကျောက်တောင်ကြားနှင့် အလွန်ပင် ဝေးကွာလှသည်။ အသွားအပြန်လုပ်လျှင် အချိန်အတော်ကြာမည်ဖြစ်ပြီး ဇိုလာအတွက် နေရာလွတ် လမ်းကြောင်း တည်ဆောက်ရန်မှာလည်း အချိန်နှင့် ကုန်ကြမ်းများ လိုအပ်သည်။ ထို့ကြောင့် ချန်လွေ့က ထိုအချိန်၌ အမှောင်လအား စောင့်ကြပ်နေသော နတ်မိမယ်နဂါးကို သတိမပေးခဲ့ခြင်း ဖြစ်သည်။
သလင်းကျောက်တောင်ကြား၌ သလင်းကျောက်တိုင်များက ကောင်းကင်နှင့် ချိတ်ဆက်နေသကဲ့သို့ ဖြစ်နေပြီး မြေပြင်လည်း အက်ကွဲနေကာ အချို့မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနေသည်။ သလင်းကျောက်နဂါးက ပြင်းပြင်းထန်ထန် မောဟိုက်နေ၏။ သူ၏ အလွန်ကြီးမားလှသော ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး သလင်းကျောက်ကြေးခွံများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေကြသည်။
သူ၏မျက်နှာချင်းဆိုင်တွေင် အနက်ရောင်ချပ်ကာ ဝတ်ဆင်ထားသည့် ပါ့ဂ်လီအို ရှိနေပြီး သူ၏တစ်ကိုယ်လုံး၌ အစိမ်းရောင်မြူများ ထုတ်လွှတ်နေသည်။ သူလည်း အနည်းငယ် မောဟိုက်နေသော်လည်း ပို၍တည်ငြိမ်ပြီး အေးဆေးနေသည်။ အနက်ရောင် ချပ်ကာပေါ်၌ လက်သည်းနှင့် သွားတို့ကြောင့်ဖြစ်သော ကုန်ခြစ်ရာများ ရှိနေသော်လည်း မအက်ကွဲသွားပေ။ ချပ်ကာက မကာကွယ်ပေးနိုင်သော မထင်ရှားသည့် နေရာများ၌သာ သွေးစက်အချို့ ထွက်လာသည်။
သလင်းကျောက်နဂါး၏ ဖောက်ထွင်းမြင်ရသော အပြာနုရောင် မြွေမျက်လုံးများက ပါ့ဂ်လီအို ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ကာကို စိုက်ကြည့်နေလိုက်သည်။ နဂါးများမှာ အဓိကအားဖြင့် ရတနာစုဆောင်းသူများနှင့် အနုပညာခံစားသူများ ဖြစ်ကြသည့်အတွက် ထိုချပ်ကာက သာမန် ဒဏ္ဍရီလာအဆင့်မဟုတ်ကြောင့် သလင်းကျောက်နဂါး တွက်ဆနိုင်သည်။ ဒါက အကောင်းဆုံး လက်ရွေးစင် ဒဏ္ဍာရီအဆင့်တောင် မဟုတ်ဘူး။ ဧကန္တ... ဒါက အဆောင်ပစ္စည်းများလား။ ဒါက အနည်းဆုံး တစ်ဝက်-အဆောင်ပစ္စည်းအဆင့် လောက်လား။
ဖြစ်နိုင်လောက်တယ်။ ဒီချပ်ကာက ထူးထူးခြားခြားကို အစွမ်းထက်တယ်။ ဒါက သူ နဂါးအသွင်ပြောင်းတာတောင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းနိုင်တယ်။ အလင်းရောင် ရေးရေးလေး တောက်နေတာက ရန်သူကို အားနည်းစေတဲ့ အထူးသက်ရောက်မှုတစ်ခု ရှိတဲ့ပုံပဲ။ ကံကောင်းစွာပင် သလင်းကျောက်ခန္ဓာကိုယ်သည် ထိုမုန်းတီးစရာစွမ်းရည်ကို လုံးဝခုခံနိုင်သည်။ သို့မဟုတ်ပါက ယာကော့ဗ်၏ဒဏ်ရာ ပို၍ပင် ပြင်းထန်သွားပေမည်။
ငါသူ့ကို မတွေ့တာ နှစ်ပေါင်း ၂၀၀၀ ကြာပြီ။ ပြီးတော့ ဒီကြောက်စရာ အဆိပ်နဂါးက တကယ်ကြီး နဂါးတွေ ဝတ်လို့ရတဲ့ ချပ်ကာ အဆောင်ပစ္စည်းတစ်ခု ရထားတာပဲ။
သူက ငါ့ထက် စွမ်းအားကြီးတယ်။ သူ့ရဲ့ ထူးဆန်းတဲ့အဆိပ်က ငါ့ရဲ့ သလင်းကျောက် ခန္ဓာကိုယ်ကို ချုပ်တည်းနိုင်တယ်။
ထပ်ပြီးတော့လည်း သူ့မှာ အဆောင်ပစ္စည်းတစ်ခု ရှိနေတယ်။
ဒါက လုံးဝကို မမျှတတာပဲ။
သလင်းကျောက်နဂါး၏ နှလုံးသားထဲ၌ ပြင်းထန်သော ဒေါသစိတ် လှိမ့်တက် လာသည်။ အဆိပ်နဂါးက အခွင့်အရေးကို မြင်လိုက်ပြီး သန်မာလှသော အမြီးဖြင့် သလင်းကျောက်နဂါး၏ ဘယ်တောင်ပံကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ပုတ်လိုက်သည်။ ပိုင်နက်၏ ထူးဆန်းသောအားတစ်ခုအောက်တွင် ကျိုးပဲ့သွားသော တောင်ပံက ချက်ချင်းပင် အရိုးခြောက်အသွင်သို့ ပြန်ဖြစ်သွားသည်။ ၎င်းသည် သာမန်မျက်လုံးနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်ကောင်းနေပြီး အပြန်အလှန်အဖြစ် ထိုသလင်းကျောက် တိုင်များက အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားသည်။ သူ၏ပိုင်နက်စွမ်းအားမှာလည်း ပို၍ပင် ဖိနှိပ်ခံလိုက်ရသည်။ အစိမ်းရောင်မြူကြောင့် သလင်းကျောက်တိုင်များက အရည်အဖြစ် ပြိုကွဲသွားကြပြီး မြူအသစ်အဖြစ် အငွေ့ပျံသွားကာ နေရာတစ်ခုလုံးသို့ ပြည့်နှက်သွား၏။
ပိုင်နက်စွမ်းအား ရုတ်တရက်ကျသွားခြင်းနှင့် ပြင်းထန်သော ဒဏ်ရာတို့ကြောင့် သလင်းကျောက်နဂါး ယိမ်းယိုင်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
မဖြစ်ဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သေချာပေါက် ရန်သူသတ်တာ ငါ ခံရလိမ့်မယ်။
ဒီလိုအချိန်ကို အဲဒီအရာကိုပဲ ငါသုံးရတော့မယ်။ အဲဒီပစ္စည်းရဲ့ စွမ်းအားအမှန်ကို ငါ မထိန်းချုပ်နိုင်သေးပေမဲ့၊ အဲဒါကိုသုံးရင် တစ်ခုခု ပေးဆပ်ရပေမဲ့၊ ဒါက ရန်သူကို အလဲထိုးဖို့အတွက် ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။
ငါ ဂရုမစိုက်နိုင်တော့ဘူး။
သလင်းကျောက်နဂါး အံကြိတ်ပြီး စိတ်ပိုင်းဖြတ်လိုက်တော့သည်။
ပါ့ဂ်လီအိုသည် အမြဲပင် အသားစီး ရနေခဲ့သည်။ သူက ဂုဏ်ယူနေပြီး အနိုင်ယူရန် ပြင်လိုက်စဉ် သလင်းကျောက်နဂါး၏ မျက်လုံးများ ရုတ်တရက် သွေးနီရောင် ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ သူ၏နှလုံးသားထဲ၌ အန္တရာယ် သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
အဆိပ်နဂါး သတိလက်လွတ် မနေရဲပေ။ သူက ချက်ချင်းပင် စွမ်းအားကို စုစည်းပြီး ခံစစ်အနေဖြင့် စောင့်ဆိုင်းနေလိုက်သည်။ သလင်းကျောက်နဂါးက လုံးဝန်းသော အနီရောင်ဖျော့ ပုတီးလုံးတစ်လုံးကို ထွေးထုတ်လိုက်ရာ ၎င်းသည် ထူးဆန်းသော ပန်းပွင့် အသွင်သို့ ချက်ချင်း ပွင့်လန်းသွားသည်။ ၎င်း၏အရောင်သည် အနီရောင်ဖျော့မှ သွေးနီရောင်သို့ ပြောင်းလဲသွားပြီး [ အဆိပ်ပိုင်နက် ] သည်ပင် ပုတီးလုံး၏ အလင်းရောင်ကို မဖုံးလွှမ်းနိုင်ခဲ့ပေ။
မြင်နေရသော လနှစ်စင်းသည် ပုတီးလုံးကြောင့် ခရမ်းစိမ်းရောင်မှ သွေးနီရောင် အဖြစ် လုံးဝပြောင်းလဲသွားသည်။
လရောင်အောက်၌ ထူးဆန်းသော အနီရောင်ပန်းပွင့်များက ရုတ်တရက် ကွဲထွက်သွားသည်။ စွမ်းအားကြီး အငွေ့အသက်များ ရှိနေသော အနီရောင်မြူတစ်ခုက သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ သူက အလျင်အမြန်ပင် ယောင်ကိုင်းကာ ပျက်ယွင်းလာပြီး မူမမှန်သော ပြောင်းလဲမှုများ ဖြစ်လာသည်။
သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်တစ်ခုလုံး အရွယ်အစား နှစ်ဆ ဖြစ်သွားသည်။ သူက ပိုမိုအစွမ်းထက်လာဟန်တူပြီး ဟိုက်ဒြာကဲ့သို့ ခေါင်း၃လုံး ဖြစ်သွားကာ ခန္ဓာကိုယ် တစ်လျှောက် ချွန်ထက်ပြီး ကြီးမားသော အရိုးဆူးချွန်များ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ခဏခဏ ထူးဆန်းသော မီးတောက်များ ထုတ်လွှတ်နေသည်။ မီးတောက် ဖြတ်သွားသောနေရာတိုင်း [ အဆိပ်ပိုင်နက် ] ရှိ အစိမ်းရောင်မြူများကို စုပ်ယူသည်။
သလင်းကျောက်နဂါးက တစ်ကိုယ်လုံးတွင် ထိမ်းမရသိမ်းမရ စွမ်းအားများ ပြည့်နှက်နေသည်ဟု ခံစားလိုက်မိသည်။ သူ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံဖြင့် ရှေးမှော်စာ စွမ်းအား ပါဝင်နေသော မြေပြင်က အမှန်တကယ် ကွဲအက်သွားခဲ့သည်။ သူ၏ ယုံကြည်မှု ရုတ်တရက် တိုးမြင့်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ “ပါ့ဂ်လီအို။ မင်းသေဖို့ နီးလာပြီ။”
ပါ့ဂ်လီအိုက အလွန်အမင်း တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝလှသည်။ သူက သလင်းကျောက်နဂါး၏ အခြေအနေမှာ ထူးခြားနေကြောင်း မြင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် နောက်ဆုံး သတ်ဖြတ်ခြင်းတိုက်ကွက် ဖြစ်နိုင်ပေသည်။ ၎င်းတွင် တစ်ခုခု လွဲမှားနေသောအရာ ရှိရပေမည်။ သို့မဟုတ်ပါက သလင်းကျောက်နဂါးသည် ထိုစွမ်းအားကို အစောကြီးကတည်းက အသုံးပြုမည် ဖြစ်သည်။
“သနားစရာပဲ။ ဒါက မင်းရဲ့ကိုယ်ပိုင်စွမ်းအားမှ မဟုတ်တာ။” ပါ့ဂ်လီအိုက စိတ်ပိုင်းဆိုင်ရာဗျူဟာဖြင့် ရွံရှာလျက် ပြောလိုက်သည်။
“ဟမ့်။ မင်းရော အဲဒီအဆောင်ပစ္စည်းကို အားကိုးနေရတယ် မဟုတ်လား။ အောင်နိုင်မှုက နောက်ဆုံး အဆုံးအဖြတ်ပေးတဲ့သူပဲ။” ယာကော့ဗ်၏အသံ အက်ကွဲပြီး ထူးဆန်းသော ခံစားချက်တစ်မျိုးကို ဖော်ပြနေသည်။
“ငါ့ကို အနိုင်ယူချင်တယ် ဟုတ်လား။” ပါ့ဂ်လီအို သရော်ပြုံးပြုံးလိုက်သည်။ “မင်းကိုယ်တိုင်တောင် မထိန်းချုပ်နိုင်တဲ့ ဒီစွမ်းအားကို သုံးပြီးတော့လေ။”
ယာကော့ဗ် ပေါက်ကရ ထပ်မပြောတော့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင် မီးတောက်များ တောက်လောင်နေပြီး ပါ့ဂ်လီအိုထံ ပြေးဝင်သွားလိုက်သည်။ သူ၏ အမြန်နှုန်းမှာ ယခင်ကထက် အမှန်တကယ် ပိုမြန်နေပြီး သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှု စွမ်းအားတို့မှာလည်း ကြီးကြီးမားမား တိုးတက်သွားသည်။ ထိုသန္ဓေပြောင်းလဲခြင်း၏ သက်ရောက်မှုမှာ အလွန်ပင် သိသာလှပေသည်။
“မိုးခြိမ်းသံ” နှင့် “အရှင်သခင်ချပ်ကာ” တို့၏ အကူအညီဖြင့် ပါ့ဂ်လီအိုက ယာကော့ဗ်၏ ကြီးမားလှသော ဖိအားကို ခုခံရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ယခင် အခြေအနေ ပြောင်းပြန်ဖြစ်သွားသော်လည်း ပါ့ဂ်လီအို၏ ခိုင်မာသော ခုခံမှု၊ ကြာရှည်သော ခံနိုင်ရည်ရှိမှုတို့ကြောင့် ယာကော့ဗ်က အသာစီးသာ ရရှိနိုင်ပြီး အနိုင်ရယူရန် မစွမ်းဆောင်နိုင်သေးပေ။
အခြေအနေမှာ တည်ငြိမ်နေသော်လည်း အလွန်ကြီးမားသည့်ဖိအားကို ရင်ဆိုင်နေရသော အဆိပ်နဂါး ကိုယ်တိုင်ကသာ အရှင်သခင်ချပ်ကာ၏ ထိပ်တန်း အကာအကွယ်စွမ်းအားနှင့် ထိခိုက်မှုစုပ်ယူပြီး ခွန်အားအဖြစ် ပြောင်းလဲပေးခြင်းကြောင့် မဟုတ်လျှင် သူ ပြားချပ်သွားမည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယာကော့ဗ်၏ အခြေအနေမှာလည်း ပြဿနာတက်နေသည်မှာ သေချာသည်။ သူလည်း သိပ်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပါ့ဂ်လီအိုက ထိုတိုက်ခိုက်မှုများကို ထိန်းနိုင်ရပေမည်။ ယာယီသန္ဓေပြောင်းစွမ်းအား အားနည်းသွားသည့်အခါ၌ သူသည် ရန်သူအား တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်ရန် တန်ပြန်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ယာကော့ဗ်၏ သန္ဓေပြောင်း အချိန်နှင့် သက်ရောက်မှုများမှာ ယာကော့ဗ် ထင်ထားသည်ထက် လွန်ကဲနေပေသည်။ ပြင်းထန်ပြီး ကြမ်းတမ်းသော စွမ်းအားများမှာ ငြိမ်းသတ်၍ မရနိုင်အောင်ပင် ဖြစ်နေသည်။ မီးတောက်သည် အဆိပ်ကို ဝါးမျိုနိုင်ရုံသာမက ထူးဆန်းသော ထိခိုက်မှုတစ်ခုကိုလည်း ယူဆောင်လာသည်။ ကံကောင်းစွာပင် ပါ့ဂ်လီအို၌ အရှင်သခင်ချပ်ကာ၏ အကာအကွယ် ရှိသည်။ သို့မဟုတ်ပါက သူ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားပေလိမ့်မည်။
ပါ့ဂ်လီအိုက မိမိ၏ [ အဆိပ်ပိုင်နက် ] ဝါးမျိုခံနေရစဉ် ယာကော့ဗ်၏ [ သလင်းကျောက်ပိုင်နက် ] လည်း အလိုလို ပြိုကွဲနေကြောင်း သတိထားမိလိုက်သည်။ ထို ထူးခြားသောအားနှင့် သူ၏ခန္ဓာကိုယ်က လိုက်ဖက်မညီ၍ ဖြစ်နေပုံရသည်။ ပါ့ဂ်လီအို သိချင်မိသွားသည်။
သူက ချက်ချင်းပင် နဂိုကတည်းက စုစည်းထားသော [ အရှင်သခင်ချပ်ကာ လျှော့ချခြင်း ] ကို အသက်သွင်းကာ ယာကော့ဗ်အား လက်သီးဖြင့် ထိုးလိုက်သည်။ မိုးခြိမ်းသံ၏ ထပ်တိုးဂုဏ်သတ္တိဖြစ်သော [ မိုးကြိုး ] ပေါ်ထွက်လာ၏။ ယာကော့ဗ်က [ မိုးကြိုး ] ကြောင့် သွက်ချာပါဒ ဖြစ်သွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ ပါ့ဂ်လီအိုက တစ်နေရာတည်းက လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် နှစ်ချက်ဆင့် ထိုးလိုက်ပြန်သည်။ သလင်းကျောက်နဂါးက ညည်းညူလိုက်ပြီး နောက်ဆုတ်သွားသည်။ သူ၏ခန္ဓာကိုယ် အစိမ်းရောင် ပြောင်းသွားပြီး မီးတောက်လည်း အားပိုနည်းသွားသည်။ ထို့နောက် ချက်ချင်းပင် သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ပါ့ဂ်လီအို ရှင်းရှင်းလင်းလင်း သိသွားသည်။ အနီရောင်ပုတီးက ယာကော့ဗ်ရဲ့ စွမ်းအားကို တဟုန်ထိုး တိုးသွားစေတယ်။ အားနည်းသွားစေတဲ့အတွက် အဆိပ် ပြန့်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာအားကို အသုံးပြုတဲ့ ငါ့ရဲ့ အဆိပ်လက်သီးက အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ သူ့၏ကိုယ်ပိုင်ဂုဏ်သတ္တိ မကိုက်ညီတာကြောင့် ယာကော့ဗ်ရဲ့ သလင်းကျောက်ခန္ဓာကိုယ်က အစွမ်းမရှိတော့ဘူး။ တစ်နည်းပြောရရင် မှော်စွမ်းအားတွေပြီးတဲ့ သူ့ရဲ့အကြီးမားဆုံး အားသာချက်ကို ဆုံးရှုံးသွားတာပဲ။ ဒါကြောင့် သူ့ကို [ အရှင်သခင်ချပ်ကာ လျှော့ချခြင်း ] ၊ သာမန် [ မိုးကြိုး ] နဲ့ အဆိပ်နဲ့တောင် အံ့သြစရာကောင်းလောက်အောင် သက်ရောက်မှု ရှိခဲ့တယ်။
ထိုသို့စဉ်းစားနေရင်း ပါ့ဂ်လီအိုက ချက်ချင်းပင် နည်းဗျူဟာများကို စတင် ပြောင်းလဲတော့သည်။ သူက ပိုင်နက်စွမ်းအားကို ဖယ်ရှားလိုက်သည်။ မဆင်မခြင် တိုက်ခိုက်ခြင်းအစား အဆိပ်အသုံးပြုခြင်းကို အာရုံစိုက်လိုက်သည်။ [ အရှင်သခင်ချပ်ကာ လျှော့ချခြင်း ] နှင့် [ မိုးကြိုး ] တိုက်ခိုက်မှု၏ အထူးသက်ရောက်မှုတို့နှင့်အတူ သူက အခြေအနေကို တဖြည်းဖြည်း ပြောင်းပြန်လှန်နိုင်ခဲ့သည်။
ထိုအချိန်၌ သလင်းကျောက်နဂါးလည်း အတော်လေး ဆိုးဝါးနေသည်။ သူက အနီရောင် ပုတီးလုံး၏ စွမ်းအားအနည်းငယ်ကိုသာ စမ်းကြည့်ခဲ့သည်။ သို့သော်လည်း အန္တရာယ်ကို တိတ်တိတ်လေး သတိထားမိသွားခဲ့သည်။ ယခုကဲ့သို့ ကြံရာမရသည့်အဆုံး အနီရောင်ပုတီးလုံးကို အသက်သွင်းခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထူးဆန်းသော စွမ်းအား၏ ပေါက်ကွဲထွက်မှုမှာ သူထင်ထားသည်ထက် ကျော်လွန်ပြီး ခဏတာ အသာစီး ရရှိခဲ့သော်လည်း အနီရောင်ပုတီးလုံးထဲရှိ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို အသိစိတ် မရှိသော သတ္တဝါတစ်ကောင်အဖြစ် လုံးဝပြောင်းလဲချင်နေသည်။ ထိုခံစားချက်က သလင်းကျောက်နဂါးကို ကြောက်လန့်သွားစေသည်။
ယာကော့ဗ်သည် ပါ့ဂ်လီအိုကို တိုက်ခိုက်နေသည့်အပြင် “ကိုယ့်ကိုယ်ကိုယ်” လည်း တိုက်ခိုက်နေသည်ဟု ပြော၍ ရနိုင်ပေသည်။
“ဝုန်း။” အာရုံပျံ့လွင့်နေသော သလင်းကျောက်နဂါးက ပါ့ဂ်လီအို၏ ထိုးချက်ကို ခံလိုက်ရပြန်သည်။ သို့သော်လည်း ပါ့ဂ်လီအိုက ပိုမိုပြန်းထင်သောအားကြောင့် နောက်သို့ လွင့်စင်သွားသည်။ သလင်းကျောက်နဂါး၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တွန့်လိမ်လာပြီး ကျယ်ပြန့်တော့မလိုဖြစ်နေသည်။
သလင်းကျောက်နဂါးက ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်သည်။ သူ၏ သွေးနီရောင် မျက်လုံးများထဲတွင် မီးပွင့်များ ပြည့်နှက်နေသည်။ သူ၏ယောင်ကိုင်ပြီး မူမမှန် ဖြစ်နေသော “အသား” နှင့် အရိုးဆူးချွန်များက သူ၏ခန္ဓာကိုယ်မှ အမှန်တကယ်ပင် ထွက်လာသည်။ ထို့နောက် အနီရောင်အမြုတေရှိသော ပန်းပွင့်ပုံစံတစ်ခု ပေါ်လာသည်။ ၎င်းသည် တလက်လက် အလင်းရောင်တောက်ပနေပြီးနောက် အားလုံး ပေါက်ကွဲထွက် သွားတော့သည်။
အနီရောင်ပုတီးလုံး လင်းလက်နေစဉ်က ချန်လွေ့သည် မကောင်းသော ခံစားချက် တစ်ခုကို ခံစားမိခဲ့သည်။ သူက လူသားအသွင် ပြန်ပြောင်းပြီး လက်ကို ကြက်ခြေခတ်ကာ ခံစစ်အသွင် ပြုလုပ်လိုက်သည်။ သို့သော်လည်း ထိုပေါက်ကွဲမှုအားက အလွန်အမင်း စွမ်းအားကြီးလှသည်။ မျက်မှာပြင်ထိခိုက်မှုကို လျှော့ချရန်အတွက် ပါ့ဂ်လီအိုက လူသားအသွင် ပြန်ပြောင်းလိုက်သော်လည်း တုန်ခါမှုကြောင့် နောက်သို့ လွင့်သွားဆဲပင် ဖြစ်သည်။
ရှေးမှော်စာစွမ်းအားဖြင့် တားဆီးထားသော သလင်းကျောက်သားရဲတွင်း နေရာသည်ပင် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ နေရာလွတ်ထဲ၌ သာမန် မျက်လုံးဖြင့် မြင်နိုင်သော အလွန်ကြီးမားသည့် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
အမှန်တွင် ယာကော့ဗ်ကိုယ်တိုင်လည်း အရေးအနိမ့်ဆုံး ဖြစ်နေသည်။ သေလုနီးပါး အချိန်၌ သူက အနီရောင် ပုတီးလုံး၏ ထိန်းချုပ်မှုကို ဖယ်ရှားပြီး သတိပြန်ဝင်လာခဲ့သည်။ သို့သော်လည်း သူက ပေါက်ကွဲမှုနှင့် အနီးဆုံးဖြစ်နေသည့်အပြင် အဆိပ်နဂါး၏ အစွမ်းထက် တိုက်ခိုက်မှုများကြောင့် သူ၏ဒဏ်ရာများက လွန်စွာပြင်းထန်နေခဲ့သည်။ အနီရောင်ပုတီးအား အသက်သွင်းသည့် ဆိုးကျိုးများအပြင် သူသည် နေရာတွင် သတိလွတ် မတတ် ဖြစ်သွားခဲ့သည်။
အဆုံးမှာတော့ သလင်းကျောက်နဂါးသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက ရူးရူးမိုက်မိုက် ဟိန်းဟောက်ရင်း ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် မူမမှန်မှုများကို လျစ်လျူရှုလိုက်သည်။ သူက နောက်ဆုံးလက်ကျန် အင်အားကို အသုံးချကာ နေရာလွတ် အက်ကွဲမှုမှတစ်ဆင့် တောင်ပံခတ်ပြီး ပျံထွက်သွား ခဲ့သည်။ သူက ရှေးမှော်စာများ၏ ချုပ်တည်းမှုများကို ဖောက်ထွက်ကာ ထွက်ပြေးသွား၏။ နောက်ဆုံး၌ သူသည် ချက်ချင်းပင် ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ပေါက်ကွဲမှုပြီးနောက်တွင် ပါ့ဂ်လီအိုက မီးခိုးများကို ဖယ်ရှားခဲ့ပြီး ယာကော့ဗ်ကို မည်သည့်နေရာတွင်မှ မတွေ့တော့ကြောင်း သိရှိသွားသည်။ အရှင်သခင်ချပ်ကာ၌လည်း သေးငယ်သော အက်ကွဲကြောင်းများ ရှိနေသည်။ သူ ထိတ်လန့်သွား၏။ ကံကောင်းစွာပင် ထိုချုပ်ကာ၌ အလိုလို ပြုပြင်သော အစွမ်းရှိသည်။ သို့သော်လည်း ပါ့ဂ်လီအိုက ၎င်းကို အချိန်တိုအတွင်း အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
ထိုတိုက်ပွဲ၌ ယာကော့ဗ်သည် ကံကောင်းစွာပင် လွတ်မြောက်သွားခဲ့ပြန်သည်။ သို့သော်လည်း သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ အနီရောင်ပုတီး၏ မူမမှန်မှုများကို ကြည့်ခြင်းအားဖြင့် သူသည် ကြောက်မက်ဖွယ်ရာကောင်းသော တန်ပြန်မှု တစ်ခု ခံစားသွားရဟန်တူသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြီးကြီးမားမား လျော့ကျသွားမည်ဖြစ်ပြီး အချိန်တိုအတွင်း ပြန်ပေါ်လာတော့မည် မဟုတ်ပေ။
တိုက်ပွဲတစ်ခုလုံးသည် ပါ့ဂ်လီအို ထင်ထားသည်ထက် ပိုမိုပြင်းထန်နေခဲ့သည်။ သူ့ကို အံ့အားအသင့်စေဆုံးမှာ ကြောက်မက်ဖွယ်ရာ သန္ဓေပြောင်းစွမ်းအားအချို့ကို ဖြစ်စေသော အနီရောင်ပုတီးလုံးပင် ဖြစ်သည်။ အဲဒါက တကယ်တမ်း ဘာကြီးလဲ။
ဒါနဲ့ အဲဒီဉာဏ်များတဲ့ လူသား ဘာတွေလုပ်နေလဲဆိုတာ ငါ သိချင်တယ်။ သလင်းကျောက်နဂါး၏ ကြွယ်ဝမှုများကို စဉ်းစားနေရင်း အဆိပ်နဂါး၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ ခုနက သူခံစားခဲ့ရသော နာကျင်မှုနှင့် ဒဏ်ရာများမှာ အရေးမပါတော့ပေ။
ယာကော့ဗ် ထူးထူးဆန်းဆန်း ပြောင်းလဲသွားစဉ်က မြေအောက်ရှိ နေရာလွတ် ဝင်ပေါက်က ပြောင်းပြန်ရွှေ့ပြောင်းမှု ပြီးစီးသွားသည်ကို ပါ့ဂ်လီအို မသိခဲ့ပေ။ တစ်နည်း ပြောရလျှင် ချန်လွေ့သည် သလင်းကျောက်နဂါး၏ ကြွယ်ဝမှုများအားလုံးကို လက်ခံ ရရှိခဲ့ပြီးဖြစ်သည်။ ထိုကြွယ်ဝမှု ပမာဏမှာ အသံတိတ်ညစိမ့်မြေရှိ ပါ့ဂ်လီအို၏ ရတနာများ ထက်ပင် ပို၍ အဖိုးတန်နေသည်။ အဆိပ်နဂါးက ကြွယ်ဝမှု “စုဆောင်းခြင်း”၌ နှစ်၂၀၀၀ နောက်ကျခဲ့သည် မဟုတ်ပါလား။
ထိုနေ့က ပါ့ဂ်လီအိုအား သတင်းပေးပြီးနောက် ချန်လွေ့သည် ရမ္မနစ်ဂီအဖြစ် ရုပ်ဖျက်ပြီး ခန်းမ၏မှော်စက်ဝိုင်းအား အသွင်ပြောင်းရန် မိုင်းလုပ်သားများအား တိတ်တိတ်လေး ဦးဆောင်နေခဲ့သည်။ သတိမထားမိစေရန်အတွက် သူက နဂါးထွင်းစာ အသုံးမပြုခဲ့ဘဲ ရှေးမှော်စာများကို မှော်စက်ဝိုင်းများနှင့် ပေါင်းစပ်ခဲ့သည်။ သလင်းကျောက် နဂါးသည် “ရမ္မနစ်ဂီ”ကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်အား စိတ်ထဲ မထားခဲ့ပေ။ ထို့ကြောင့် သူက တစ်ချက်မျှပင် မစစ်ဆေးကြည့်ခဲ့ပေ။
ချန်လွေ့က ကျန်ရှိသော သလင်းကျောက်လူသားများကို ရှင်းပစ်ပြီး မိုင်းလုပ်သားများကို အန္တရာယ်ကင်းသော လိုဏ်ဂူတစ်ခုထံသို့ နေရာချထားလိုက်သည်။ ထို့နောက် သူက သလင်းကျောက်နဂါး ခင်းကျင်းထားသော နဂါးထွင်းစာများကို ဖြည်းဖြည်းချင်း ဖယ်ရှားသည်။ သူ့အပေါ်မှ တိုက်ပွဲသည် သူ၏လက်ရှိစွမ်းအားဖြင့် ဝင်ပတ်သက်၍ ရနိုင်သောအရာ မဟုတ်ပေ။ သူ မဆင်မခြင်လုပ်မိလျှင် ပါ့ဂ်လီအို၏ ဝန်ထုတ်ဝန်ပိုးသာ ဖြစ်သွားပေမည်။
သလင်းကျောက်လူသားများအား ပထမဆုံး ကြုံတွေ့ခဲ့သော လမ်းဆုံသို့ ရောက်လာစဉ် ချန်လွေ့က စိတ်ထဲ၌ ပြင်းထန်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ရှေးမှော်စာတွေရဲ့ အငွေ့အသက်က ၁၀ဆ ပိုပြီးတော့ ရုတ်တရက် ပြင်းထန်လာတဲ့ပုံပဲ။
မဟုတ်သေးဘူး။ ရှေးမှော်စာတင် မဟုတ်ဘူး။ ထူးခြားတဲ့စွမ်းအားတစ်ခုကလည်း ငါ့ကို ခေါ်နေသလိုပဲ။
ထိုစွမ်းအား၏ပစ်မှတ်မှာ မူလက သူ ဟုတ်ဟန် မတူပေ။ သို့သော်လည်း ယခုတွင် သူ့ကို ခေါ်နေကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံမိနေသည်။ ထိုစွမ်းအားက ချန်လွေ့ကို သတိထားမိသွားခြင်းလည်း ဖြစ်နိုင်ပေသည်။
ချန်လွေ့က မသိလိုက်ဘဲနှင့် အောက်ဘက်လမ်းကြောင်းသို့ စတင် လျှောက်လာသည်။
လမ်းတစ်လျှောက်၌ ချန်လွေ့သည် တစ်ခါတစ်ရံတွင် ထူးဆန်းသော အငွေ့အသက် တစ်မျိုးကို ခံစားမိသည်။ ၎င်းသည် ပြင်းထန်သော ဆွဲဆောင်မှုအားတစ်ခု သယ်ဆောင် လာပုံရသည်။ သူက မသိလိုက်ဘဲနှင့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။
ထိုနေရာသည် သလင်းကျောက်မိုင်းတွင်း၏ မြေအောက် ဖြစ်ဟန်တူသည်။ ၎င်းသည် မြေအောက်လမ်းကြောင်း တစ်ခုမှတစ်ဆင့် ဝင်ရောက်၍ရသော သီးခြား နေရာလွတ်တစ်ခု ဖြစ်နိုင်ပေသည်။ ရှေးမှော်စာ အငွေ့အသက် အဆတိုးသွားခြင်းကြောင့် မဟုတ်လျှင်၊ ဆွဲဆောင်မှုအားကြောင့် မဟုတ်လျှင်၊ ချန်လွေ့သည် မြေအောက်တစ်ခုလုံး ရှာဖွေ့သည့်တိုင် ထိုနေရာသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
သူက သွေးနီရောင် ချော်ရည်များများကိုသာ မြင်လိုက်ရသည်။ သို့သော်လည်း ၎င်းသည် သွေးနီမြစ်တစ်ခုကဲ့သို့ပင် ထိုအရောင်သည် ကြက်သီးထစရာ ခံစားချက်မျိုး ပေးစွမ်းနေ၏။
နေရာလွတ်တစ်ခုလုံးသည် မီးတောင်လိုဏ်ဂူ ဖြစ်သည်။ သွေးနီရောင်အမူများက ပတ်ဝန်းကျင်ရှုခင်းကို ပျက်ယွင်းသွားစေပြီး နေရာအနှံ့၌ ပွက်ပွက်ဆူနေသော ကျောက်ရည်ပူများ ရှိနေသည်။ အန္တရာယ်များပြီး ကျဉ်းမြောင်းသော လမ်းကြောင်းက ရှေ့မှ ဘာမှမသိရသော နက်ရှိုင်းမှုတစ်ခုသို့ ဦးတည်သွားသည်။
ကြောက်မက်ဖွယ်ရာအပူကြောင့် ချန်လွေ့က အကာအကွယ်အတွက် စွမ်းအား လည်ပတ်လိုက်ရသည်။ သူက ငရဲမီးဖိုထဲ ရောက်နေသကဲ့သို့ပင် တစ်ကိုယ်လုံး ချွေးများ ထွက်နေတော့သည်။
ချန်လွေ့က သူ့ခြေထောက်အောက်ရှိ ကျောက်တုံးနက်ကို သေသေချာချာ တက်နင်းပြီး တစ်လှမ်းချင်း ရှေ့သို့ လမ်းလျှောက်သွားသည်။ အချိန်အတော်ကြော လမ်းလျှောက်ပြီးနောက် ထောင့်တစ်နေရာ၌ အထက်အောက် လွင့်ပျံနေသော ထူးခြားတဲ့ အရာတစ်ခုက ကျောက်ရည်ပူထဲ ရှိနေသည်ကို ရှာတွေ့သွားသည်။ ၎င်းသည် အရည်မပျော်သွားခဲ့ဘဲ ကျောက်ရည်ပူမှ ဖြစ်ပေါ်လာသကဲ့သို့ပင် ဖြစ်နေသည်။
၎င်းမှာ ထူးဆန်းသောပန်းတစ်ပွင့်ဖြစ်ပြီး လက်သီးဆုပ်နှစ်ခုခန့် အရွယ်အစား ရှိသည်။ သွေးနီရောင် ချော်ရည်များကဲ့သို့မဟုတ်ဘဲ ပို၍ညှို့ယူဖမ်းစားနိုင်သော အနီရောင်က ထူးဆန်းသော အလှတရားတစ်ခုကို ထုတ်လွှတ်ပေးနေသည်။