← Chapters

ပထမ ဗိုလ်ချုပ်

Vol. 29 Ch. 433

ပထမ ဗိုလ်ချုပ်

Vol. 29 Ch. 433

ချန်လွေ့ ဝိုင်ဗန်စီးပြီး အဝေးပျံသွားသည်ကို ကြည့်ရင်း ပါ့ဂ်လီအိုက မြကျောက်စိမ်းဝိုင် တစ်ပုလင်းထုတ်ကာ တစ်ငုံသောက်လိုက်ပြီး အားရပါးရ လေပူ မှုတ်ထုတ်လိုက်သည်။ အမှန်ပဲ။ ဘက်တီလေးရဲ့ဝိုင်သာ အကောင်းဆုံး။

ဉာဏ်များသော သွေးစုပ်ကောင်လူသားနှင့် ဝေစုမျှဝေခြင်းမှာ အရေအတွက်ချင်း လဲလှယ်ခြင်းသာ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဆရာသခင် အဆိပ်နဂါး၏ ကိုယ်ပိုင် စုဆောင်းမှုများမှာ သွေးစုတ်ကောင်လူသားထံ အပ်ထားခြင်းဖြစ်ပြီး ထိုအချိန်၌ ပြန်ယူနိုင်မနိုင် မသိသေးပေ။

သို့သော်လည်း ထိုအရာများမှာ အရေးကြီးဟန် မတူပေ။ အရေးကြီးသည်မှာ ယခုတွင် ဆရာသခင် ပါ့ဂ်လီအိုက တိုက်ခိုက်နေသော တစ်ကိုယ်တည်း နဂါးတစ်ကောင် မဟုတ်တော့ခြင်းပင်။ သူ့အနီးတွင် ဉာဏ်များသောလူသား၊ မိန်းမခေါင်ဟု ယူဆ၍ ရရုံသာရှိသော ဘက်တီလေးနှင့် အခြား ယုံကြည်စိတ်ချရသော အသိများ ရှိနေပြီဖြစ်သည်။

မွေးကတည်းကး သူမြင်ခဲ့သမျှမှာ ဥခွံများသာ ဖြစ်သော်လည်း နှစ်သောင်းချီအတွင်း သူ၏ဘဝနှင့် မှတ်ဉာဏ်များက ထိုတစ်နှစ်အတွင်းမှာပင် ရှင်းလင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒါနဲ့ အဲဒီကောင်ရဲ့ မိန်းမတွေကို ကယ်တင်ဖို့အတွက် ငါ အမြန်ဆုံ ပြန်သွားဖို့ လိုအပ်တယ်။ ပါ့ဂ်လီအိုက ဝိုင်ပုလင်းကို အကုန်သောက်ပြီး လေထဲသို့ ပျံလိုက်သည်။ အလွန်ကြီးမားလှသော အနက်ရောင်အရိပ်တစ်ခုက တောင်ပံခတ်ပြီး ချက်ချင်းမှာပင် အစက်သေးသေးလေး ဖြစ်သွားကာ အမှောင်ထဲ ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က မှော်မြေပုံ၏ လမ်းညွှန်မှုဖြင့် ဝိုင်ဗန်စီးကာ သွားနေခဲ့သည်။ သံနက်တောင်ခြေကို ဖြတ်ပြီး သွေးရောင်အင်ပါယာ နယ်စပ်သို့ ရောက်ရှိရန်အတွက် အချိန် ၄ရက်အတိအကျ ကြာမြင့်ခဲ့သည်။

သံနက်တောင်ခြေက ခြားထားသော်လည်း သွေးရောင်အင်ပါယာက မော်ရိုခံတပ်ကို သံနက်တောင်ခြေ အခြားအစွန်းတစ်ဖက်၌ တည်ဆောက်ထားခဲ့သည်။ ၎င်းသည် အရိပ်နက်အင်ပါယာထံမှ ကာကွယ်ရန် သို့မဟုတ် အခြားအကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

ချန်လွေ့က “ရစ်ချတ်”ဟူသော ယန္တရားအလုပ်သင်တပည့်ပုံစံဖြင့် ခံတပ်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်သွားနိုင်ခဲ့သည်။ ယန္တရားပညာရှင်များ၌ သီးသန့်ဖြစ်သော တံဆိပ်ပြားများ ရှိကြသည်။ ၎င်းသည် ယန္တရားအစည်းအရုံး၏ အထူးစုံစမ်းရေးပစ္စည်း အောက်တွင် နာမည်ကို ပြသနိုင်သည်။ သူက ပျောက်ဆုံးနေသော နတ်ဆိုးဘုံ ပါရမီရှင် ဆရာသခင် “အာသာ”အဖြစ် သတိလက်လွတ် ထုတ်ဖော်မိလိုက်လျှင် အလွန်ဆိုးဝါး သွားပေလိမ့်မည်။

ချန်လွေ့၏ ရည်ရွယ်ချက်မှာ မြေဒြပ်စင်ဘုရင် မိုးရီ ပြောခဲ့သော မြောက်ဘက် အစွန်ရှိ ဆက်ခ်ရက်တောင်မှ သြဇာယွမ်မြေ ဖြစ်သည်။ ထိုရတနာသည် မိုးရီအား နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိရန် ကူညီနိုင်သည့်အတွက် အဆောင်ပစ္စည်း ကြိမ်စကြာဖြစ်သော “လျို့ဝှက်အရိပ်” ပြုလုပ်ရန် လိုအပ်နေသည့် ကုန်ကြမ်းတစ်ခုလည်း ဖြစ်သည်။

လျို့ဝှက်အရိပ်သည် ဒြပ်စင်အားလုံး၏ မှော်စွမ်းအားကို နှစ်ဆတိုးစေပြီး မှော် အသုံးပြုနှုန်းကိုလည်း နှစ်ဆတိုးစေကာ ဝိညာဉ်တိုက်ခိုက်မှုများကိုလည်း ပြီးစေနိုင်သည်။ ၎င်းတွင် ပြိုင်ဘက်၏ မှော်ခုခံမှုနှင့် မှော်ပြီးမှုကို လျစ်လျူရှုနိုင်ချေရှိသော [ အကန့်အသတ် ချိုးဖောက် ပိုင်နက် ] လည်း ရှိသည်။ ၎င်းမှာ ဇိုလာအတွက် လိုက်ဖက်ညီသော အစွမ်းထက်ဆုံး ရတနာတစ်ခုပင် ဖြစ်လေသည်။

သို့သော်လည်း သွေးရောင်အင်ပါယာတို့ စိမ့်ဝင်သွားခဲ့သော အမှောင်နတ်ဆိုးများက ဆက်ခ်ရက်တောင်အကြောင်း ရှာမတွေ့သေးပေ။ ထိုတောင်အကြောင်းကို မည်သူမှ မသိသကဲ့သို့ပင် ဖြစ်နေသည်။

အမှောင်နတ်ဆိုး တည်ထောင်ပြီးသည်မှာ သိပ်မကြာသေးပေ။ လက်ရှိ၌ အဓိက အာရုံစိုက်စရာမှာ ကြယ်ကြွေတမန်အင်ပါယာ ဖြစ်သည်။ အခြားအင်ပါယာနှစ်ခုရှိ လူအင်အားနှင့် ခွန်အားတို့မှာ အတော်လေး မလုံလောက်သေးပေ။ သူတို့သည် သာမန် သတင်းများကိုသာ စုဆောင်းနိုင်ကြသည်။ အဓိက လျို့ဝှက်သတင်းအချို့ ရရှိရန် မဖြစ်နိုင်ပေ။

ယခုတွင် ချန်လွေ့သည် သွေးရောင်အင်ပါယာသို့ ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် သူက လက်ဗလာနှင့် ပြန်မသွားချင်ပေ။ သူ ခဏ စဉ်းစားလိုက်ပြီး အသုံးဝင်သော သတင်းများ ရမရ သွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ခုခု မရခဲ့လျှင် မြောက်ဘက်သို့ သွားရောက် စူးစမ်းလေ့လာသည်မှာ နောက်မကျသေးပေ။

ချန်လွေ့က မော်ရိုခံတပ်မှတစ်ဆင့် မြို့ငယ်လေး တစ်မြို့သို့ ရောက်လာသည်။ သူက မြင်းလှည်းတစ်စီးကိုစီးပြီး အနောက်ဘက်သို့ ရောက်လာကာ နောက်ဆုံး၌ မြို့တော်အတွက် လိုအပ်သောနေရာဖြစ်သည့် အယ်စီဒေါသို့ သုံးလေးရက်ကြာပြီးနောက် ရောက်ရှိသွားခဲ့သည်။

အယ်စီဒေါမြို့ကို မူလက မည်သူမှ မသိကြပေ။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း‌ထောင်ချီက စစ်ပွဲတစ်ပွဲပြီးနောက်တွင် နတ်ဆိုးဘုံရှိ အိမ်ထောင်စု နာမည်တစ်ခုနီးပါးပင် ဖြစ်သွားခဲ့သည်။

ထိုအချိန်၌ မန်မွန်တော်ဝင်မိသားစု သွေးရောင်အင်ပါယာ စစ်တပ်က ဆမ်မြူရယ် တော်ဝင်မိသားစု၏ အမျက်အင်ပါယာကို ကျူးကျော်ခဲ့သည်။ ထိုစစ်တပ်သည် ယခင်မှ ပြိုင်ဘက်ကင်းခဲ့သော်လည်း မြို့တော်သို့ လမ်းကြောင်းဖြစ်သော ထိုမြို့လေးသို့ ရောက်ရှိသောအခါ ယခင်ခံတပ်၊ မြို့တော်များထက် အဆဒါဇင်ခန့် ပိုသာလွန်သော ခေါင်းမာသည့် ခုခံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

အမျက်တော်ဝင်မိသားစု၏ ပထမဗိုလ်ချုပ် ဆရေးက တစ်သောင်းသော အိုမင်း၊ အားနည်း၊ ဖျားနာပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူများကို ဦးဆောင်ကာ သွေးရောင် အင်ပါယာ၏ အဓိကအင်အားစုဖြစ်သော စစ်သည် ၃သိန်း၏ တိုက်ခိုက်မှုကို အံ့သြဖွယ် ကောင်းလောက်အောင် ခုံနိုင်ခဲ့သည်။ သို့သော်လည်း စစ်ကူမရှိခြင်းကြောင့် စစ်တပ် တစ်ခုလုံးက ၁၀ရက်ပြီးနောက်တွင် အသတ်ခံခဲ့ကြရသည်။

သွေးရောင်အင်ပါယာစစ်တပ်က အယ်စီ‌ဒေါမြို့လေးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ရန်သူ၏တန်ဖိုးလေးဆ ပေးဆပ်ခဲ့ရသည်။ ထို့နောက် သူတို့က မြို့တော်သို့ တစ်ခါတည်း ချီတက်သွားကြသည်။ ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာ သတ်သေလိုက်သည်။ အမျက်အင်ပါယာက သမိုင်းကြောင်း ဖြစ်သွားခဲ့သော်လည်း ဗိုလ်ချုပ် ဆရေးက ရန်သူ အပါအဝင် လူတိုင်း၏ လေးစားမှုကို ရရှိခဲ့သည်။ သွေးရောင်ဧကရာဇ်လော့ဒ် ကိုယ်တိုင်ကပင် သူ့အတွက် ကြေးရုပ်ထုတစ်ခု ကိုယ်တိုင် ပြုလုပ်ပေးခဲ့သည်။

ဆရေး၏ ရဲရင့်မှုကို အမှတ်ရနေရန်အတွက် နောက်မျိုးဆက်များက “အယ်စီဒေါသီချင်း”ကို ရေးသားခဲ့ပြီး ယနေ့ထိတိုင် ပြန့်နှံ့နေဆဲပင် ဖြစ်သည်။ နောက်ဆုံး တစ်ခေါက်က ချော်ရည်ပြာနယ်မြေ၌ သေ‌ရေးရှင်ရေးအခြေအနေ ရင်ဆိုင်နေရစဉ် အသီနာက ထိုသီချင်းကို ချန်လွေ့အား ဆိုပြခဲ့လေသည်။

ပူဆွေးမှုနဲ့ ခြောက်ကပ်မှုအကြားတွင် ကြံ့ကြံ့ခံမှုနှင့် မလျှော့မပေးမှုများ ရှိနေသည်။ ၎င်းသည် ထိုအချိန်က အသီနာ၏ စိတ်အခြေအနေကို ပြသခဲ့လေသည်။

ရှီလန်တောင် မြေအောက်မီးတောက်များ၌ ဖွင့်ပြောသလိုမျိုးပင် ထိုမြင်ကွင်းသည် ချန်လွေံ၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေခဲ့သည်။ အသီနာက ခီရာကဲ့သို့ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုမရှိပေ။ ဇိုလာကဲ့သို့ အစွမ်းထက်ပြီး အသိပညာ မကြွယ်ဝပေ။ ထို့ပြင် သူသည် ရှီရာနှင့် ကတ်သရင်းကဲ့သို့ အလှတရားလည်း မရှိပေ။ သို့သော်လည်း သူသည် အသီနာဆိုသည်မှာ ယုံမှားသံသယမရှိနိုင်ပေ။ တစ်ဦးတည်းသော ထူးခြားသည့် အသီနာပင် ဖြစ်လေသည်။ သူသည် ချန်လွေ့ အချစ်ဆုံးသော အမျိုးသမီး တစ်ယောက်လည်း ဖြစ်ပေသည်။

ဒီလိုဆိုတော့ ငါဆက်ပြီးတော့ အစွမ်းထက်ရမယ်။ စွမ်းအားအတွက် မဟုတ်ဘူး။ ကျော်ကြားဖို့၊ ကြွယ်ဝဖို့အတွက် မဟုတ်ဘူး။ ကာကွယ်ဖို့ပဲ။ ချန်လွေ့က အသက်ကို ပြင်းပြင်း ရှိုက်သွင်းလိုက်ပြီးနောက် သူ၏မျက်လုံးများ ပို၍ပင် ဆုံးဖြတ်ချက် ပြတ်သား သွားခဲ့သည်။

လှည်းက ဂိတ်သို့ တစ်ခါတည်း မရောက်ဘဲ အယ်စီ‌ဒေါမြို့ ဝင်ပေါက်တွင် ရပ်တန့်သွားသည်။ လှည့်အတွင်းမှလူများ ဆင်းသွားလိုက်သည်။ ဝန်ဆောင်မှုများ မကောင်းမွန်၍ မဟုတ်ဘဲ မြို့ဝင်ပေါက်၌ မြို့ထဲဝင်လာ‌သူများကို စစ်ဆေးနေသော တပ်သား အများအပြား ရှိနေခြင်းကြောင့်ပင် ဖြစ်လေသည်။ မှတ်ပုံတင်ရန် တာဝန်ယူထားသော ဝန်ထမ်းအများအပြားလည်း ရှိနေကြသည်။

ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ အရင်မြို့တွေနဲ့ ခံတပ်မှာဆောင် ဒီလိုတင်းကြပ်တဲ့ စစ်ဆေးမှုတွေ မရှိဘူး။ တစ်ခုခု ဖြစ်လို့များလား။

ခဏအကြာ၌ ချန်လွေ့ကို စစ်မေးသောအလှည့် ရောက်ရှိလာသည်။ ပတ်ပတ်လည်မှ စစ်သားများက ချန်လွေ့ကို စိုက်ကြည့်နေပြီး သေရွာပြန် မှတ်ပုံတင်အရာရှိက ခေါင်းမမော့ဘဲ မေးလိုက်သည်။ “နာမည်၊ မျိုးနွယ်၊ အလုပ်၊ သွားမယ့်နေရာကိုပြော။”

“ရစ်ချတ်၊ မဟာနတ်ဆိုး၊ ယန္တရားအလုပ်သင်တပည့်၊ မြို့တော်မှာ ယန္တရားပညာ အရည်အချင်းစစ် စာမေးပွဲ သွားဖြေမလို့ပါ။”

သေရွာပြန်က ချန်လွေ့သည် ယန္တရားစာမေးပွဲ ဖြေမည့်အကြောင်း ကြားသည့်အခါ ခေါင်းမော့ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ “ဒီမှာ တစ်ခုခု လုပ်စရာ မရှိဘူးဆိုရင် အယ်စီဒေါကနေ အမြန်ဆုံးဖြတ်သွားတာ အကောင်းဆုံးပဲ။”

“ဘာလို့လဲ။” ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ သို့သော်လည်း သေရွာပြန်က စိတ်မရှည်ဘဲ လက်ဝှေ့ရမ်းလိုက်ကာ ချန်လွေ့ကို မြန်မြန်သွားရန် အချက်ပြလိုက်သည်။

ချန်လွေ့ သံသယ ဝင်သွားသည်။ သူက ရှေ့မှလူနောက်လိုက်ကာ အယ်စီဒေါမြို့သို့ သွားခဲ့သည်။

သူသည် ထိုစဉ်က ဆရေးဆမ်မြူရယ် အတွက် သွေးရောင်အင်ပါယာ အုပ်စိုးသူကိုယ်တိုင် တည်ဆောက်ပေးထားသော ဧရာမ ကြေးရုပ်ထုတစ်ခုကို တွေ့သွားသည်။ ထိုရုပ်ထုသည် မျက်နှာလေးထောင့်ဖြစ်ပြီး ပြတ်သားသော အသွင်အပြင် ရှိသည်။ ၎င်းသည် ကျိုးပဲ့နေသော ချပ်ကာတစ်ခုကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ်အား ရှည်လျားပြီး ထက်မြက်သော ဓားတစ်လက်ဖြင့် ထောက်ထားသည်။ ဗိုလ်ချုပ် ဆရေး သေသွားချိန်တွင် ထိုပုံစံမျိုး ဖြစ်နေသည်ဟု အများက ပြောကြသည်။ မျက်လုံးဖွင့်ထားကာ တည့်မတ်သော အနေအထားဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။ သွေးရောင်အင်ပါယာမှ စစ်သည်များအားလုံး သူ၏ခန္ဓာကိုယ်ကို မထိခဲ့ကြပေ။ သူတို့က တရိုတသေနှင့် တိမ်းရှောင် သွားခဲ့ကြသည်။

ယနေ့တွင် ရုပ်ထုအရှေ့၌ ပန်းပွင့်လတ်လတ်ဆတ်ဆတ်များ တောင်လိုပုံနေသည်။ လူအများအပြားက လာရောက် ဂါရဝပြုကြပုံရသည်။ မြို့ထဲ၌ လူအများအပြား ရှိနေသည်။ ထို့အပြင် အယ်စီဒေါမြို့လေး၏ အစောင့်အင်အားမှာ သာမန်မြို့ငယ်များထက် သုံးလေးဆ ပိုကြီးမားနေသည်။ ကင်းလှည့်များကလည်း ခဏခဏ သွားလာနေကြသည်။

ချန်လွေ့က သတင်းစုံစမ်းရန်အတွက် အရက်ဆိုင်တစ်ခုသို့ သွားချင်ခဲ့သည်။ မမျှော်လင့်ထားဘဲနှင့် မြို့ထဲ၌ အရက်ဆိုင်အားလုံး ပိတ်ထားကြသည်။ ပိုက်ဆံအနည်းငယ် သုံးပြီးနောက်တွင် ယနေ့သည် ဗိုလ်ချုပ် ဆရေးသေဆုံးသွားသည်မှာ နှစ် ၂၃၇၀ ပြည့်ပြီ ဖြစ်ကြောင်း မှင်စာတစ်ယောက်ထံမှ ချန်လွေ့သိခဲ့ရသည်။ ၎င်းကို အယ်စီဒေါနေ့ ဟုလည်း သိကြပေသည်။

မူလက ထိုကဲ့သို့ သေဆုံးခြင်းနေ့ရက်ကို စစ်တပ်က အထူးတလှယ် ပြုလုပ်ရန် မလိုအပ်ပေ။ သို့သော်လည်း သွေးရောင်အင်ပါယာက အမျက်အင်ပါယာအား ကျူးကျော် သိမ်းပိုက်ပြီးနောက် အမျိုးမျိုးသော ခုခံမှုအင်အားများနှင့် ကြုံတွေ့ခဲ့ကြရသည်။

အမျက်တော်ဝင်မိသားစုများမှာ နတ်ဆိုးဘုံတိုက်ခိုက်ခြင်းတွင် အရဲရင့်ဆုံးနှင့် အတော်ဆုံး တော်ဝင်မိသားစု ဖြစ်သည်။ ဧကရာဇ် ကျရှုံးသွားသော်လည်း သူတို့က အမှန်တကယ် အညံ့မခံခဲ့ပေ။ အထူးသဖြင်င့ ဗိုလ်ချုပ် ဆရေး သေဆုံးသောနေ့ရက်တွင် ဆရေးအမည်ခံ ပုန်ကန်မှုများကြောင့် သွေးရောင်အင်ပါယာအတွက် အလွန်ကြီးမားသော ခေါင်းကိုက်စရာတစ်ခု ဖြစ်ခဲ့သည်။ ထိုရက်အတွင်း၌ အင်ပါယာတစ်ခုလုံးက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီး သံသယရှိသူများက စစ်တပ်က စစ်ဆေးပြီး လိုက်လံ ရှာဖွေကြရတော့သည်။

ထိုအခြေအနေကို လက်ရှိ သွေးရောင်အင်ပါယာ အုပ်စိုးသူ ရိုင်ဇန် ထီးနန်း မတက်ခင်အထိ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ရိုင်ဇန်သည် အစကတည်းက ရက်စက်သော ဖိနှိပ်မှုများကို ပြုလုပ်ခဲ့သည်။ ၎င်းတို့အားလုံးကို ပြောင်းလဲခဲ့သည်မှာ မင်းသားငယ်လေး တဲရစ် ဖြစ်သည်။ လွန်ခဲ့သော နှစ်၁၀၀ကျော်က တဲရစ်သည် မဟာရိုင်ဇန်အား ထိုစဉ်က အမျက်တော်ဝင်မိသားစု၏ ငယ်ရွယ်သော အကြီးအကဲ တစ်ယောက်ဖြစ်သည့် ဂူစတက်ဗ်ကို အင်ပါယာ၏ ပထမဗိုလ်ချုပ်ရာထူး ခန့်အပ်ပေးရန် တစ်နည်းနည်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ ရိုင်ဇန်က ဗိုလ်ချုပ် ဆရေး၏ သေဆုံးသောနေ့ရက်ကိုလည်း အယ်စီဒေါနေ့အဖြစ် နာမည်ပေးခဲ့သည်။ ၁၀နှစ်ကြာတိုင်း အထိမ်းအမှတ်ပွဲတော်တစ်ခုကို တရားဝင် ကျင်းပမည် ဖြစ်သည်။ သူရဲကောင်းဗိုလ်ချုပ်အတွက် ဝမ်းနည်းပူဆွေးရန် အယ်စီဒေါမြို့သို့ မည်သူမဆို ဝင်ရောင်ခွင့်ပြုပေမည်။

ထိုရင်ကြားစေ့ မူဝါဒနှင့် ညှိနှိုင်းမှု ပြုလုပ်ပြီးနောက်တွင် သွေးရောင်အင်ပါယာရှိ ဆူပူအုံကြွမှုများ တည်ငြိမ်သွားခဲ့သည်။ မဟာရိုင်ဇန်ကလည်း ထူးခြားသော သတ္တိများ ပြသပြီး ဂူစတက်ဗ်အား အရေးပါသော တာဝန်များ အပ်နှင်းကာ ယုံကြည်စွာပင် ပထမဗိုလ်ချုပ်အဖြစ် ခန့်ထားလိုက်သည်။

ချန်လွေ့ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ တဲရစ်၏ “မပိတ်ဆို့ဘဲ လူစုခွဲခြင်း” နည်းလမ်းမှာ အတော်လေး ထိရောက်မှုရှိခဲ့သည်။ ယနေ့သည် ၁၀နှစ် ကြာတိုင်း ကျင်းပသော “တရားဝင်” အထိမ်းအမှတ်ပွဲတော်နေ့ ဖြစ်သည်။ ထို့ကြောင့် တပ်သားအများအပြားက “ဥပဒေထိန်းသိမ်းရန်”အတွက် ရှိနေခြင်း ဖြစ်သည်။ အရက်များ ကန့်သတ်ထားရခြင်းမှာ ပထမဦးစွာ ဆရေးကို အမှတ်ရရန်ဖြစ်ပြီး ဒုတိယအနေဖြင့် မူးရူးသော မတော်တဆမှုများကို တားဆီးရန် ဖြစ်သည်။

ထိုအချိန်၌ လူအများအပြားက လမ်းပေါ်တွင် စုဝေးလိုက်ကြသည်။ တစ်စုံတစ်ယောက် တီးတိုးပြောသည်ကို ချန်လွေ့ ကြားလိုက်ရသည်။ “ဗိုလ်ချုပ် ဂူစတက်ဗ် ရောက်လာပြီ။”

အမျက်တော်ဝင်မိသားစုက အင်ပါယာရဲ့ ပထမဗိုလ်ချုပ်လား။ ချန်လွေ့က သိချင်စိတ်ဖြင့် မြို့ဝင်ပေါက်သို့ လူအုပ်ကြီးနှင့်အတူ လိုက်သွားခဲ့သည်။ သူက အနက်ရောင် စစ်မြင်းစီးထားကာ ချပ်ကာ ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့် ယောက်ျား တစ်ယောက်ကို တွေ့ခဲ့သည်။ အနီရောင်ချပ်ကာ ဝတ်ဆင်ထားသော ယန္တရားတပ်ဖွဲ့ အသေးလေး၏ လိုက်ပို့မှုနှင့်အတူ သူက စစ်ဆေးရေဂိတ်ကို ဖြတ်ကျော်ပြီးနောက် မြင်းပေါ်မှဆင်းလိုက်ရာ ဆရေး၏ရုပ်ထုဘက်သို့ လမ်းလျှောက်သွားလိုက်ကြသည်။ ချန်လွေ့၏ အမြင်အာရုံမှာ ထူးခြားလှသည်။ သူသည် ဂူစတက်ဗ်၏ အသွင်အပြင်ကို သေသေချာချာ မြင်လိုက်ရသည်။ ဂူစတက်ဗ်သည် ရှည်လျားပြီး ပိန်ပါးသော ခန္ဓာကိုယ် ရှိကာ မျက်ခုံးရိုးမြင့်ပြီး မျက်နှာအသွင်အပြင်များ ဓားကဲ့သို့ ထက်မြက်လျက်ရှိလျက် အေးစက်စက် ခံစားမှုတစ်ခု ပေးစွမ်းနေသည်။

သူပဲ။ ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ ဂူစတက်ဗ်သည် ယခင်တစ်ခေါက် အမှောင်လ လေလံပွဲ၌ သွေးရောင်အင်ပါယာမင်းသားငယ် တဲရစ်၏ ဘေးနားတွင်ရှိသော နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။

ထိုအချိန်၌ ဂူစတက်ဗ်က ထိုဘက်သို့ လမ်းလျှောက်လာခဲ့သည်။ ဘေးမှ ဝိုင်းကြည့်နေသူများမှာ အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက်လာသော အမျက် တော်ဝင်မိသားစုများ ဖြစ်ကြသည်။ သူတို့က ဦးညွှတ်ပြီး ဂူစတက်ဗ်ကို အရိုအသေ ပေးလိုက်သည်။ သူတို့အများအပြားက ဂူစတက်ဗ်၏ အစောင့်များနောက်သို့ လိုက်သွားကြပြီး ရုပ်ထုဆီသို့ လျှောက်သွားကြတော့သည်။

ချန်လွေ့၏စိတ် လှုပ်ရှားသွားပြီး ရှေ့သို့သွားနေသော လူအုပ်ကြီးထဲသို့ ‌ရောနှောလိုက်သည်။ သူ၏စိတ်ထဲ၌ အမြဲပင် သံသယတစ်ခု ရှိနေသည်။ သို့မဟုတ် ၎င်းကို အထင်ဟု ခေါ်ရပေမည်။ ယခုတွင် သူသည် ၎င်းကို အတည်ပြုရန်အတွက် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်သည်။

ဂူစတက်ဗ်က ကြေးရုပ်ထုဆီသို့ ရောက်လာပြီး အစောင့်လက်ထဲမှ လတ်ဆတ်သော ပန်းပွင့်များကိုယူပြီး ရုပ်ထုအရှေ့တွင် ချထားလိုက်သည်။ ထို့နောက် ဒူးတစ်ဖက် ထောက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ့နောက်မှ လူအများကလည်း ထိုသို့ ပြုလုပ်ကြသည်။ သို့သော်လည်း အစောင့်များက ထိုသူများကို မတားဆီးကြပေ။ သူတို့က ၎င်းကို အသားကျနေပုံရသည်။

ချန်လွေ့က တဖြည်းဖြည်း ချဉ်းကပ်လာပြီး ရှေ့မှ လူအုပ်တန်းထဲသို့ အတင်း တိုးဝင်လိုက်သည်။ နောက်ဆုံး၌ သူသည် [ သရုပ်ခွဲမျက်လုံး ] သက်ရောက်မှုရှိသော အကွာအဝေးအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

မျိုးနွယ် - အမျက်တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - A + (S)

ခန္ဓာအမျိုးအစား - A (S)

ခွန်အား - A + (S)

စိတ်ဝိညာဉ် - B (A)

မြန်ဆန်မှု - A (S)

[ စိစစ်မှု ] - မီးဂုဏ်သတ္တိ။

အချက်အလက်များ အတိအကျပင် ထပ်တူညီနေလေသည်။

“အတိအကျ ထပ်တူညီသော” ထိုသူသည် ချော်ရည်ပြာနယ်မြေ လုပင်မြို့၌ ချန်လွေ့ကို သတ်လုနီးပါး ဖြစ်သွားခဲ့ပြီး အသီနာကို ဒဏ္ဍာရီလာအဆင့် လက်ပတ်တစ်စုံ ပေးခဲ့သော ဘရေ့ဂက်ပင် ဖြစ်လေသည်။

အဲဒီတုန်းက အသီနာ သီချင်းဆိုတာကို ဘရေ့ဂက် “သဘောကျ”တာ ဒါကြောင့်ကိုး။

အယ်စီဒေါသီချင်း။

သွေးရောင်အင်ပါယာရဲ့ ပထမဗိုလ်ချုပ်က ‌တကယ်တမ်း သွေးမြေကျက ဖြစ်နေတာပဲ။

လုပင်မြို့ရဲ့ အသက်တွေအများကြီးကို စတေးတာက အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်ကို စွမ်းအားပြန်ရစေဖို့ တစ်ခုတည်း မဟုတ်ဘဲနဲ့ တစ်ဆို့မှုကို ချိုးဖောက်ပြီး အမှောင်စွမ်းအား ရရှိဖို့လိုအပ်နေတဲ့ တစ်စုံတစ်ယောက်ကြောင့်အတွက်လည်း ဟုတ်တယ်လို့ ရေဒြပ်စင်ဘုရင် လမ်ဘို့စ် ပြောခဲ့ဖူးတယ်။

အမှောင်စွမ်းအား.....အမှောင်ကျွမ်းကျင်မှုလား။

ပြီးတော့ တစ်ဆို့မှု ချိုးဖောက်တာ.......မိစ္ဆာသစ်သီးများလား။

“ဘရေ့ဂက်”ဟူသောနာမည်ကို အသုံးပြုခဲ့သည့် အမျက်တော်ဝင်မိသားစု အစွမ်းထက်ပုဂ္ဂိုလ်ကိုကြည့်ရင်း ချန်လွေ့၏စိတ်ထဲ၌ ရဲတင်းသည့် အထင်အမြင် အသစ်တစ်ခုက တဖြည်းဖြည်း ရှင်းလင်းလာသည်။ ထိုအချိန်၌ ဂူစတက်ဗ်က ဝမ်းနည်းပူဆွေးမှု ပြီးစီးသွားပြီ ဖြစ်သည်။ သူ မတ်တပ်ရပ်လိုက်ကာ ချန်လွေ့ဘက်သို့ ရုတ်တရက် ကြည့်လိုက်သည်။ ထိုနတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်က သူ့နောက်မှ အကြည့်ကို လေးလေးနက်နက် အာရုံခံမိနေပုံရသည်။

ချန်လွေ့ ထိတ်လန့်သွားသည်။ “ဘရေ့ဂက်”၏ သရုပ် သေချာသွားပြီး‌နောက် ချန်လွေ့၏အကြည့်တွင် ရန်လိုသော အရိပ်အယောင် မသိမသာ ပါဝင်နေခဲ့သည်။ ဂူစတက်ဗ်က လူအများအပြားကြား၌ သူ့ကို အမှန်တကယ် ရှာတွေ့သွားခဲ့သည်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား အာရုံခံမှုက အံ့အားသင့်စရာပဲ။ [ သရုပ်ခွဲမျက်လုံး ] ကတော့ ဂူစတက်ဗ်က ခွန်အားလေ့ကျင်သူလို့ ပြောတယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ပဲ ရှိတယ်။

ဒါက စိတ်ဝိညာဉ်စွမ်းအား အာရုံခံတာနဲ့ တိုက်ပွဲပေါင်းများစွာ တွေ့ကြုံပြီးတော့ ပင်ကိုအသိစိတ်တစ်မျိုးလည်း ဖြစ်နိုင်တယ်။

သူက တကယ့်ကို ကိုင်တွယ်ရခက်တဲ့ ရန်သူတစ်ယောက်ပဲ။

ဂူစတက်ဗ်၏ အကြည့်အကြောင့် ချန်လွေ့၏ ပတ်ပတ်လည်မှလူတိုင်းက ချန်လွေ့ကို စိုက်ကြည့်လိုက်ကြသည်။ ခဏအကြာ၌ ချန်လွေ့ကို “ရှာတွေ့”သွားကြပြီး လူတိုင်း၏ အာရုံစိုက်မှု ခံလိုက်ရတော့သည်။

အစောင့်တစ်ယောက်က ချန်လွေ့ကို ချက်ချင်းပင် ဖမ်းမိသွားခဲ့သည်။ ဂူစတက်ဗ်က ချန်လွေ့ကို ကြည့်လိုက်သည်။ “မင်း ဘယ်သူလဲ။”

ထိုအသံသည် ဘရေ့ဂက်နှင့် မတူသော်လည်း ခံစားချက်ကို ချန်လွေ့ ပို၍ သေချာနေသည်။ သူ့အသံက အစွမ်းတစ်မျိုးမျိုးနဲ့ ပြောင်းလဲထားတာ ဒါမှမဟုတ် မျက်နှာအစစ်အမှန်ကို အုပ်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့စိတ်ထင်တာကတော့ မမှားနိုင်ဘူး။ သူပဲ။

ချန်လွေ့က အလွန်အမင်းစိုးရိမ်နေသော အမူအရာ ပြသလိုက်သည်။ “ဗိုလ်ချုပ်၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်က ယန္တရားပညာ အလုပ်သင်တပည့်တစ်ယောက်ပါ။ ပြီးတော့ ကျုပ်က မြို့တော်မှာ ယန္တရားပြိုင်ပွဲ စာမေးပွဲတစ်ခုဖြေဖို့ သွားမလို့ပါ။ ဗိုလ်ချုပ် ဆရေးအတွက် ဝမ်းနည်းကြေကွဲဖို့ ဒီကို‌ရောက်လာတာပါ။ ပြီးတော့ ဗိုလ်ချုပ်အကြောင်း ကျုပ် နည်းနည်းလေး သိချင်သွားလို့ပါ...”

ဂူစတက်ဗ်က ချန်လွေ့ကို ရှင်းပြခွင့် မပေးခဲ့ဘဲ အေးစက်စက် ပြောလိုက်သည်။ “မင်းနောက်က လူတွေကိုပြောလိုက်။ ဒီနေ့ ငါ့ကို အာရုံနောက်အောင် မလုပ်နဲ့။ မဟုတ်လို့ကတော့....”

ချန်လွေ့က သူ့တစ်ကိုယ်လုံးသို့ ထိုးဖောက်ဝင်ရောက်သွားသော ထက်မြက်သည့် အလင်းရောင်ခြည်နှစ်ခုကိုသာ ခံစားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူ၏နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။ ဂူစတက်ဗ်က သူ့ကို စောင့်ကြည့်သူ တစ်ယောက်ယောက်နှင့် အထင်မှားသွားဟန်တူသည်။

အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်ဖြစ်သူ ဂူစတက်ဗ်၏ဘဝမှာ အပြင်လူများ ထင်ထားသကဲ့သို့ မကောင်းမွန်လောက်ပေ။ ချန်လွေ့က ချက်ချင်းပင် ခေါင်းကိုငုံ့ပြီး ဆက်မပြောတော့ပေ။ ၎င်းသည် သံသယ မဝင်စေရန်အတွက် တိုက်တိုက်ဆိုင်ဆိုင်ပင် အကြည့်လွှဲလိုက်ခြင်း ဖြစ်သည်။

အထင်သေးသော၊ ဒေါသထွက်နေသော၊ မုန်းတီးနေသော မျက်လုံးက ချန်လွေ့ကို ကြည့်လိုက်ပြီး မသက်မသာ ခံစားသွားရစေသည်။

“သူ့ကို အပြင် ပစ်ထုတ်လိုက်။” ဂူစတက်ဗ်က ချန်လွေ့ကို လျစ်လျူရှုပြီး အစောင့်များကို အမိန့်ပေးလိုက်ကာ ကြေးရုပ်ထုကို လှည့်ကြည့်လိုက်သည်။

အစောင့်က ချန်လွေ့၏လည်ပင်းကို ကြမ်းကြမ်းတမ်းတမ်း ကိုင်ပြီး မြို့ဝင်ပေါက်သို့ ဆွဲခေါ်သွားလိုက်သည်။ ချန်လွေ့ မတုံ့ပြန်ခဲ့ပေ။ သူက ကံမကောင်းခြင်းကိုသာ ညည်းညူလိုက်သည်။ ခုနကပဲ ဒီကနေ ငါလာခဲ့တာ။ အခု ပြန်ပစ်ထုတ် ခံလိုက်ရပြန်ပြီ။ ငါ့ကို ဘာလို့ မြို့တော်ဘက်သို့ မလွှင့်ပစ်လိုက်တာလဲ။

ချန်လွေ့ ချောချောမွေ့မွေ့ “ဆင်းသက်”ပြီးနောက် မြို့ငယ်လေးဘက်မှ သီချင်းသံ ထွက်ပေါ်လာသည်။ ကြေကွဲစရာကောင်းသော အယ်စီ‌ဒေါသီချင်းက ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွားပြီး လုံးဝခြောက်ကပ်နေခဲ့သည်။

ဝမ်းနည်းစရာ အခြေအနေကို ခံစားမိရင်း ချန်လွေ့က လုပင်မြို့၌ ရှိနေသေး သကဲ့သို့ပင် ရင်ထဲထိခဲ့သည်။ ထိုနေ့က ဘရေ့ဂက်လိုမျိုးပင် ချန်လွေ့က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်မိသည်။

All Chapters