← Chapters

သေစေသော”ဆုလာဒ်”

Vol. 30 Ch. 437

သေစေသော”ဆုလာဒ်”

Vol. 30 Ch. 437

ကုန်စည်ပြပွဲနေ့ရက် ပြီးဆုံးသွားခဲ့သည်။ ချန်လွေ့၏ ဆိုင်ခန်းမှာ မနာလိုခြင်း အခံရဆုံး ဖြစ်ခဲ့သည်။ သူသည် သုံးလေးနာရီကြာ အီစီကလီ ပြုလုပ်ခဲ့သည့်အတွင် နောက်ဆုံး၌ လျို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ့ဆိုင်မှ ပစ္စည်းအားလုံးကို ဝယ်ယူသွားခဲ့သည်။ ထို့နောက် သူသည် အမှန်တကယ်ပင် စျေးဝယ်သူကဲ့သို့ ဝတ်စားကာ အေးအေးဆေးဆေး လျှောက်သွားပြီး ပစ္စည်းအများအပြားကို ဝယ်ယူခဲ့လေသည်။

ပိုက်ဆံအများကြီး သုံးစွဲခဲ့သော်လည်း ထို “ဆိုင်မွန်”က ဂုဏ်သရေရှိ အမျိုးသမီးကို ကျေနပ်စေခဲ့သည့် တစ်ခုတည်းသော ဆိုင်ခန်းဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ ထို့ပြင် ၎င်းသည် သာမန်ကျေနပ်ခြင်းမျိုး မစဟုတ်ပေ။ ထိုသူသည် ဆုလာဒ် ၁၀ဆ ရရှိပေမည်။ မည်သို့ပင်ဆိုစေကာမူ ထိုသူသည် ယနေ့အတွင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့လေသည်။

အမှန်တကယ်၌ ပိုက်ဆံသည် ချန်လွေ့အတွက် အရေးမပါပေ။ ယခုတစ်ခေါက် အမှန်တကယ် ရရှိမှုမှာ သြဇာယွမ်မြေအကြောင်း တန်ဖိုးရှိသော သဲလွန်စများနှင့် အဆောင်ပစ္စည်းအပါအဝင် ရှားပါးသော ပစ္စည်းများအား ဝယ်ယူခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းသည် အတော်လေး တန်ဖိုးရှိသော ခရီးတစ်ခု၌ သတ်မှတ်၍ ရနိုင်ပေသည်။

ချန်လွေ့သည် နေ့လယ်ပိုင်း၌ လူတိုင်း၏ မနာလိုသော အကြည့်အောက်တွင် အစောင့် တစ်ယောက်နှင့်အတူ ကုန်စည်ပြပွဲမှ ထွက်သွားခဲ့သည်။

အစောင့်က ချန်လွေ့က ကုန်စည်ပြပွဲမှ ခေါ်ထုတ်သွားပြီး အနောက်မြို့‌တော်၏ ဆင်ခြေဖုံးသို့ ခေါ်လာခဲ့သည်။ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွား၏။ ဆုလာဒ်ကို ဘာလို့ ဒီလိုနေရာမျိုးမှာ ပေးရတာလဲ။.

‌ဝေးလံသော တဲတစ်ခုသို့ ရောက်ရှိသည့်အခါ အေးစက်သော မျက်နှာရှိသည့် ပိန်ပိန်ပါးပါးနှင့် ထူးဆန်းသော ယောက်ျားတစ်ယောက် ရှိနေသည်။ သူက အစောင့်အား လက်ဝှေ့ရမ်းလိုက်ရာ အစောင့်က အရိုအသေပေးပြီး ထွက်သွားလိုက်သည်။

“ငါ့နာမည်က မန်တီလာ။ ငါက မြို့တော်ရဲ့ လျို့ဝှက်သတင်းဌာနရဲ့ ခေါင်းဆောင်ပဲ။ လျို့ဝှက်သတင်းဌာနက မြို့တော်လုံခြုံရေးအတွက် တာဝန်ယူထားရတဲ့ လျို့ဝှက်ဗိုလ်ခြေ တစ်ခုပဲ။ အခုကစပြီးတော့ ငါမင်းကို မေးခွန်းတစ်ခုပေးမယ်။ မင်းတစ်ခု ဖြေရမယ်။ အလိမ်အညာတွေ၊ လှည့်ကွက်တွေ ရှိမယ်ဆိုရင်‌တော့ ဒီကနေ အသက်ရှင်ရက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့။”

လျို့ဝှက်သတင်းဌာနတဲ့လား။ ချန်လွေ့ စဉ်းစားကြည့်လိုက်သည်။ ဒါက အမှောင်နတ်ဆိုးလိုမျိုး သလင်းအချက်အလက် ဌာနတစ်ခု ဖြစ်မယ်။ ဒီတစ်ခေါက် ဆုလာဒ် ၁၀ဆက “အံ့အားသင့်စရာတစ်ခု” ဖြစ်နေတာပဲ။

“ဆာ။ ဆုလာဒ် ၁၀ဆ မဟုတ်လား။ ကျုပ်....”

“ငါတစ်ခုမေးမယ်။ မင်းတစ်ခုဖြေရမယ် လို့ ငါပြောခဲ့တယ် မဟုတ်လား။” မန်တီလာက ရုတ်တရက် နတ်ဆိုးဘုရင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုတ်ရာ “အလယ်ဆင့်နတ်ဆိုး”ဖြစ်သော ချန်လွေ့က တည်တည်ငြိမ်ငြိမ် မရပ်နိုင်တော့ပေ။ သူက မြေပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားဟန် ယောင်ဆောင်လိုက်သည်။

မန်တီလာက သူ့အရှိန်အဝါ၏ သက်ရောက်မှုကို ကျေနပ်စွာကြည့်ပြီး ပြောသည်။ “ဒီနေ့ အဲဒီအမျိုးသမီးကို မင်း ဘာရောင်းလိုက်တာလဲ။”

ချန်လွေ့က ကြောက်ကြောက်လန့်လန့်နှင့် ပြန်ဖြေသည်။ “အဲဒါက ကျုပ်ကိုယ်တိုင် လုပ်ထားတဲ့ ပစ္စည်းလေးတွေပါ။ ဖျော်ဖြေမှု နည်းနည်းပါးပါး ပေးနိုင်ဖို့အတွက် မှော်စက်ဝိုင်းတွေကို သုံးထားတယ်။ အဲဒါတွေက ဘာမှထူးထူးခြားခြား အစွမ်းတွေ မရှိပါဘူး။”

“မင်းရဲ့ အမှိုက်ပစ္စည်းတွေက တန်ဖိုးမရှိဘူးဆိုတာ ငါသိတယ်။ ငါ အခုမေးနေတာ အဲဒီမိန်းကလေး စိတ်ဝင်စားတဲ့ပစ္စည်းကိုပဲ။ ”

“အဲဒါကို တက်ထရစ် သလင်းကျောက်ပြားလို့ ခေါ်တယ်။ အဲဒါက အကြီးအကဲ တစ်ယောက် ချန်ထားတဲ့ နှစ်‌ပေါင်းများစွာကြာ ကျုပ်စုဆောင်းထားတဲ့ မှော်ပစ္စည်း တစ်ခုပဲ။ ကံဆိုးချင်တော့ အဲဒါ တစ်ခုပဲ ရှိတယ်။

“တက်ထရစ် သလင်းကျောက်ပြား ဟုတ်လား။ အဲဒါ တစ်ခုပဲရှိတာ သေချာတယ်။ အဲလိုမျိုး မင်း လုပ်တတ်လား။” မန်တီလာက မျက်မှောင်ကြုတ်လိုက်သည်။ “မင်း အဲလိုမျိုး ဆင်တူတဲ့ ပစ္စည်းတစ်ခု လုပ်နိုင်မယ်ဆိုရင် ဆုလာဒ်၁၀ဆအပြင်ကို စိတ်ကူး ကြည့်လို့ရနိုင်တဲ့ ကြွယ်ဝမှုတွေ မင်းရမယ်။”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားဟန်တူပြီး နောင်တရဟန်ဖြင့် ခေါင်းခါလိုက်သည်။ “အဲဒါက တစ်ခုတည်းသော အဖိုးတန်ပစ္စည်းပဲ။ ကျုပ် တော်တော်လေး ကြိုးစားကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါကို အတုမခိုးနိုင်ခဲ့ဘူး။ မဟုတ်ရင် ကျုပ် အဲဒါကို ပြထားပြီးတော့ မစ်-တစ်ဖနီဆီ ရောင်းလိုက်ပြီ။”

“သိပ်ကောင်းတယ်။ ဒါဆိုရင် မင်းက အသုံးမဝင်တော့ဘူး။” မန်တီလာ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဆိုင်မွန်” ရှင်းပြတာက စတိုးဆိုင်ကနေ ငါရထားတဲ့ သတင်းအချက်အလက်နဲ့ အတူတူပဲ။ ဒီတော့ ပြဿနာ မရှိလောက်ဘူး။

ထိုသူ၏ သတ်ဖြတ်ချင်စိတ်ကို ချန်လွေ့ ခံစားမိနေသည်မှာ ကြာပြီဖြစ်သည်။ သူက လျို့ဝှက်သတင်းဌာနခွဲ ခေါင်းဆောင်ဖြစ်ကြောင်း အစကတည်းမှ ဖော်ပြခဲ့သည့်အချိန် မှစ၍ သူသည် “ဆိုင်မွန်”အား အသက်ရှင်လျက် လွှတ်ပေးရန် ရည်ရွယ်ချက် ရှိပုံမရချေ။ သို့သော်လည်း မိမိကို သတ်ပစ်ချင်ရသည့်အကြောင်းကို ချန်လွေ့က ထူးဆန်းသလို ခံစားနေရသည်။ ချန်လွေ့က ထိတ်လန့်နေဟန်ဆောင်လိုက်ပြီး တစ်လှမ်းချင်း နောက်ဆုတ်သွားလိုက်သည်။ “ဘာလို့လဲ။ အဲဒီအမျိုးသမီးကို ကျေနပ်အောင်လုပ်နိုင်ရင် ဆုလာဒ်၁၀ဆ ရမယ်လို့ ခင်ဗျား ကျုပ်ကိုပြောခဲ့တာ မဟုတ်ဘူးလား။”

“အစကတော့ မင်းက ဆုလာဒ်တစ်ခု ရမှာ။ ဒါပေမဲ့ မင်းက မဆင်မခြင်နဲ့ သခင်မလေးနားကို ကပ်ရဲခဲ့တယ်။ မင်းက ဆာတစ်ယောက်ရဲ့ တားမြစ်မှုကို ဖောက်ဖျက် လိုက်တာပဲ။ သူ့နာမည်ကို သိရုံနဲ့တင် အခါ၁၀၀ သေဖို့ထိုက်တယ်။ မင်းမှာ တစ်သက်ပဲ ရှိတယ်။ ဒီတော့ မင်းမသေခင် ငါ အခါ၁၀၀ နှိပ်စက်ပစ်မယ်။” မန်တီလာက သတ်ချင်သည့် အရှိန်အဝါများ ပြည့်နှက်နေပြီး စိတ်ပျက်စရာလေသံဖြင့် ပြောလိုက်သည်။ “မင်း တစ်ယောက်တည်းကိုပဲ မဟုတ်ဘူး။ မင်းနဲ့ သက်ဆိုင်တဲ့ သူတိုင်းကို အမြစ်ဖြတ် သုတ်သင်ပစ်မှာ။”

သူ စကားပြောပြီးသည်နှင့် ခေါင်းတင်းကြပ်သွားသည်ကို ခံစားလိုက်ရသည်။ လက်တစ်ဖက်က သူ၏ဦးခေါင်းကို သံလက်သည်ကဲ့သို့ ညှစ်ထားသည်။ မန်တီလာ ထိတ်လန့်သွားခဲ့သည်။ သူက ထိုကြောက်မက်ဖွယ်ရာလက်သည် သူ၏ခေါင်းကို အားနည်းနည်း စိုက်ထုတ်ရုံဖြင့် လုံးဝကြေမွသွားအောင် ပြုလုပ်နိုင်ကြောင်း ခံစားလိုက် မိသည်။ သူ၏ နတ်ဆိုးဘုရင်အဆင့် စွမ်းအားက ၎င်းကို လုံးဝ မခံနိုင်ပေ။

“အဲဒီ ဆာဆိုတာက ဘယ်သူလဲ။ ငါမင်းကို ဖြေဖို့ အချိန် ၁၀စက္ကန့် ပေးမယ်။ မင်းရဲ့ခေါင်း ပေါက်ထွက်သွားချင်ရင် ဆက်ပြီးတော့ တိတ်တိတ် နေကြည့်လိုက်။” တစ်ဖက်မှ အေးစက်သောအသံ ထွက်လာသည်။ ထိုအားနည်းသော အရောင်းသမားက အမှန်တကယ်ပင် ကြောက်စရာစွမ်းအားရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မန်တီလာ မထင်ထားခဲ့ပေ။ ထိုကဲ့သို့ ချုပ်တည်းမှု အရှိန်အဝါ တစ်ခုတည်းကပင် သူ့ကို မြေပေါ်၌ တွားတွားသွားစေရန် လုံလောက်သည်။ သူက.... မဟာနတ်ဆိုးဘုရင်အဆင့်လား။ မဟုတ်ဘူး။ သူက မဟာနတ်ဆိုးဘုရင်အဆင့်တင် မဟုတ်ဘူး။

“မင်း ဘယ်သူလဲ။” မန်တီလာ၏နှလုံးသား ရုတ်တရက် တင်းကြပ်သွားခဲ့သည်။

“၅စက္ကန့် ကျန်သေးတယ်။” ချန်လွေ့ အားနည်းနည်း ထပ်ထည့်လိုက်ရာ မန်တီလာက သူ၏ဦးနှောက်ထဲရှိသွေးများ ပေါက်ကွဲလုမတတ် အရှိန်မြန်သွားသည်ကို ခံစားလိုက်ရသည်။ သို့သော်လည်း သူက အံကြိတ်ပြီး တစ်စုံတစ်ခုကို ကိုက်လိုက်သည်။ သူ၏မျက်နှာ အလျင်အမြန် အစိမ်းရောင်ပြောင်းသွားပြီးနောက် သူ၏အကြည့်လည်း ဝေဝါးလာတော့သည်။

တစ်ခုခုလွဲနေကြောင်း ချန်လွေ့ သိလိုက်သည်။ သူ လက်လွှတ်လိုက်ရာ မန်တီလာ၏ ခန္ဓာကိုယ် ပျော့ခွေပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ အစိမ်းရောင် မျက်နှာသည် မီးခိုးရောင်ပြောင်းသွားပြီး ပါးစပ်ထောင့်နားမှ သွေးစိမ်းများ စီးကျနေသည်။ သူသည် အဆိပ်သောက်ပြီး သတ်သေသွားခဲ့လေသည်။

မန်တီလာသည် အမှန်ပင် သွေးရောင်အင်ပါယာ လျို့ဝှက်သတင်းဌာန၏ အဖွဲ့ဝင် ဖြစ်ဟန်တူသည်။ သူက ပြတ်သားပြီး စိတ်ခိုင်မာသည်။ သူက သတင်းအချက်အလက် မထုတ်ဖော်မိစေရန်အတွက် မတုံ့ဆိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ သို့သော် မန်တီလာ၏ “သက်ဆိုင်သူအားလုံးကိုသတ်ပစ်ခြင်း”က ချန်လွေ့ကို ထိတ်လန့်သွားစေ ခဲ့သည်။ ငါက တက်စ်ကနေတစ်ဆင့် အထူးကုန်စည်ပြပွဲကို ဝင်ရောက်ခဲ့တာ။ ဒီလိုဆိုရင် တက်စ် အန္တရာယ် ကျရောက်နေပြီ။

ထိုသို့တွေးပြီးသည်နှင့် တဲအိမ်ထဲမှ ပုံရိပ်သည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

ချန်လွေ့က ရုပ်ဖျက်ပြီး‌ တောင်ပိုင်းဆင်ခြေဖုံးရှိ တက်စ်၏ဟိုတယ်သို့ အမြန် ပြေးလာခဲ့သည်။ တောင်ပိုင်းဆင်ခြေဖုံးသို့ မရောက်သေးခင်မှာပင် ထိုနေရာမှ မီးခိုးများနှင့် မိုးထိမတတ်ဖြစ်နေသော မီးတောက်များကို မြင်လိုက်ရသည်။ သူ၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် လှိမ့်တက်လာခဲ့ပြီး အမြန်အရှိန်တင်လိုက်သည်။

သို့သော်လည်း သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သေးသည်။ ချန်လွေ့က တက်စ်၏ ဟိုတယ်သို့ ရောက်သွားစဉ် မီးငြိမ်းလုနီးပါးဖြစ်နေပြီး အနီးအနားရှိ ဒေသခံ များကြောင့် မီးငြိမ်းသွားသည်။ ဟိုတယ်တစ်ခုလုံး ပြာကျသွား၏။ ၎င်းတို့အထဲရှိ တူးခြစ်မနေသော အလောင်းများကို ပြန်ထုတ်ယူကြသည်။ ကဝေမတစ်ယောက်၏ အလောင်းတွင် တက်စ်၏ ပုံရိပ်ကို ရေးရေးလေးသာ မြင်ရတော့သည်။

တက်စ်က သိပ်ပြီးအစွမ်းမထက်လှသော်လည်း သွေးရောင်အင်ပါယာရှိ အမှောင်နတ်ဆိုး ခေါင်းဆောင်တစ်ယောက် အနေဖြင့် ဉာဏ်ပညာနှင့် ဒဏ်ခံနိုင်မှုမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သူသည် မီးမလောင်ခင်၌ အသတ်ခံခဲ့ရကြောင်း ချန်လွေ့ သေချာသိသည်။ တက်စ်သာမက ဟိုတယ်မှ ဧည့်သည်များပင် ဒုက္ခခံစား ခဲ့ရသည်။ တောင်ပိုင်းဆင်ခြေဖုံးသည် အလွန်‌ဝေးကွာလှပြီး မြို့တော်၏ လုံခြုံရေးများက ကုန်စည်ပြပွဲ၌သာ အားစိုက်နေကြ၍ ဖြစ်ပေသည်။ မီးလုံးဝငြိမ်းသွားပြီးမှသာ သူတို့ ရောက်ရှိလာခဲ့သည်။

ထိုအဖြစ်အပျက်မှာ တက်စ်နှင့် အမှောင်နတ်ဆိုးစွမ်းအား‌ ပေါက်ကြားသွား၍ မဖြစ်နိုင်လောက်ပေ။ “စွမ်းအားကြီးသူ”တစ်ယောက်က မနာလို၍ ထိုသို့ပြုလုပ်ခဲ့ခြင်း ဖြစ်ပေမည်။ သို့မဟုတ် ဆိုင်မွန်အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့က တစ်ဖနီက အလွန်နီးကပ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ချန်လွေ့က ထိုသူ၏သရုပ်မှန်ကို မသိပေ။ သူက တော်တော်လေး ရက်စက်တာပဲ။ ငါ့ကိုရော “‌ဝေးကွာတဲ့ဆွေးမျိုး” ဖြစ်နိုင်တဲ့ တက်စ်နဲ့ အပြစ်မဲ့တဲ့ ခရီးသွားတွေကိုပါ အလွတ်မပေးခဲ့ဘူး။

ချန်လွေ့၏စိတ်ထဲ၌ ပြင်းပြသော ဒေါသနှင့် သတ်ဖြတ်ချင်စိတ်တစ်ခု ဖြစ်ပေါ်လာသည်။ တက်စ်က ဒီကိစ္စထဲ ဒီလိုဝင်ပါသွားမယ်လို့ ငါမထင်ထားခဲ့ဘူး။ တက်စ်သေသွားပေမဲ့ သွေးရောင်အင်ပါယာမှာ အမှောင်နတ်ဆိုး အဖွဲ့ဝင်တွေ ရှိနေတုန်းပဲ။ ဒီကိစ္စကို ငါ သေသေချာချာ စုံစမ်းရမယ်။ ဒီနောက်ကွယ်မှာ ဘယ်သူပဲ ရှိနေရှိနေ ငါ ပေးဆပ်ခိုင်းမယ်။

ချန်လွေ့က အနောက်ပိုင်းဆင်ခြေဖုံးသို့ အမြန်ဆုံးပြန်သွားခဲ့သည်။ ထိုအချိန်၌ တဲထဲရှိ မန်တီလာ၏အလောင်းမှာ မြေပြင်ပေါ်၌ လှဲလျောင်းနေဆဲပင် ဖြစ်သည်။ အနီးအနားကို ခြေရာလက်ရာများကို ကြည့်ရလျှင် မည်သူမှ မရောက်လာခဲ့ဟန် တူသည်။ မန်တီလာက “ဆိုင်မွန်”ကို သတ်ပစ်ရန်မှာ လေပြေလေညင်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။ လူအင်အား ပိုစီစဉ်ထားရန် မလိုအပ်ပေ။

ချန်လွေ့က မန်တီလာ၏ အလောင်းကို ဖယ်ရှားပြီးနောက် [ ရုပ်ဖျပ်ခြင်း ] ဖြင့် မျက်နှာကိုပြောင်းလဲကာ ခန့်ညားစွာ လမ်းလျှောက်ထွက်လာခဲ့သည်။

အရောင်းသမား “ဆိုင်မွန်”က သံသယ ကြီးကြီးမားမား မဖြစ်စေရန် ပျောက်ကွယ် သွားရပေမည်။ မန်တီလာ တည်ရှိသော လျို့ဝှက်သတင်းဌာနမှာမူ သွေးရောင် အင်ပါယာ၌ အလျို့ဝှက်ဆုံး သတင်းအချက်အလက် အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပေသည်။ မန်တီလာ၏ ချက်ချင်း သတ်သေခြင်းကို ကြည့်ရမည်ဆိုလျှင် အထဲဝင်ရောက်ရန် ခက်ခဲနိုင်ပေသည်။ ထို့ကြောင့် “မန်တီလာ”က အရောင်းသမား ဆိုင်မွန်ကို ဖြေရှင်းပြီးနောက် အချိန်အတော်ကြာ “ပျောက်ကွယ်” သွားရမည်ဖြစ်သည်။ ထို့ပြင် သူ၏အလောင်းသည် လိုအပ်သောအချိန်၌ အသုံးဝင်လာနိုင်ပေသည်။

ယခုအရေးကြီးဆုံး အလုပ်မှာ လက်ကျန် အမှောင်နတ်ဆိုး အဖွဲ့ဝင်များကို အရင်ဆုံး စုဆောင်းရန် ဖြစ်သည်။ အစ်ဇဘယ်လာအား တာဝန်မယူခိုင်းခင် သူသည် သွေးရောင် အင်ပါယာဘက်ခြမ်းမှ သတင်းအချက်အလက် စီးဆင်းမှု ထိန်းချုပ်ရန် လိုအပ်သည်။ သူက တစ်ဖနီနှင့် ဆာတစ်ယောက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို စုံစမ်းရန်အတွက်လည်း အာရုံစိုက်ရပေမည်။

နောက်တစ်နေ့၌ သွေးရောင်အင်ပါယာရှိ ယန္တရားအစည်းအရုံး အဆောက်အအုံ အရှေ့တွင် ယန္တရားဝတ်စုံ ဝတ်ဆင်ထားသော ယောက်ျားတစ်ယောက် ပေါ်ထွက်လာ၏။

သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံးမှာ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာတို့ထက် များစွာကြီးမားလှသည်။ နတ်ဆိုးဘုံ၏ ထိပ်တန်း ယန္တရားဆရာသခင်ဟု သိကြသော ဥက္ကဋ္ဌ နိတ်တွင် အပြင်လောကသို့ ကုန်ကြမ်းနှင့် အဆင်တန်ဆာများ ရောင်းချရန်အတွက် ကုန်စည်ပြပွဲ၌ စတိုးဆိုင်တစ်ခု ရှိလေသည်။ စီးပွားရေး အလွန်ကောင်းမွန်လှသည့်အတွက် လူအင်အားအများစုကို ထိုနေရာ၌ ရင်းနှီးမြှုပ်နှံထားလေသည်။

.

“ဒီပုံစံကို ဖြည့်လိုက်။ ပြီးရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ပေး။ ပြီးကျရင် အကဲဖြတ်ဖို့နဲ့ ထောက်ခံချက်ရဖို့ လေးလွှာမှာရှိတဲ့ အကဲဖြတ်ဌာနကိုသွားပြီးလို့ရပြီ။”

“သလင်းကျောက်နက်ဒင်္ဂါး ၁၀၀လား။” ချန်လွေ့ သိမ့်သိမ့်တုန်သွားသည်။ အရိပ်နက် အင်ပါယာရဲ့ ယန္တရားအစည်းအရုံး အကဲဖြတ်မှုအတွက် သလင်းကျောက်နက် ဒင်္ဂါး ၅၀ပဲ ပေးခဲ့ရတာ။ သာမန် ယန္တရားပညာ အကဲဖြတ်မှုအတွက်တောင် ဒီမှာက ဘာလို့ စျေးနှစ်ဆ ဖြစ်သွားရတာလဲ။

“မင်းက တခြားနေရာကဖြစ်မယ်။ ဟုတ်တယ်မလား။” စာရင်းကိုင်က ခေါင်းမော့ပြီး ချန်လွေ့ကို သုံးလေးခေါက်ကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။ “ငါတို့ သွေးရောင်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးမှာ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ယန္တရား ဆရာသခင်ရှိတယ်။ ပြီးတော့ ငါတို့ရဲ့ ယန္တရားပညာရှင်တွေကလည်း အဆင့်တူတွေထဲ အတော်ဆုံးပဲ။ သွေးရောင်အင်ပါယာနဲ့ အခြားအင်ပါယာမှာ ထောက်ခံချက်ရထားတဲ့ ယန္တရားပညာက အခြေခံအားဖြင့် အဆင့်မတူဘူး။ သလင်းကျောက်နက်ဒင်္ဂါး၁၀၀က ထိုက်တန်မတန် မင်းပဲ စဉ်းစားတော့။”

အခွဲသက်ရောက်မှုတောင် ရှိတာလား။ ချန်လွေ့ တိတ်တိတ်လေး ရယ်လိုက်သည်။ တကယ်ယှဉ်မယ်ဆိုရင် အဲဒီနိတ်က နတ်ဆိုးဘုံရဲ့ တကယ့်ထိပ်တန်း ယန္တရားဆရာသခင် မဟုတ်လောက်ဘူး။ သူက ယန္တရားပြိုင်ပွဲစည်းမျဉ်းကို အသုံးချပြီးတော့ အနိုင်ရခဲ့တာ။ သတ္တုကျွမ်းကျင်မှု တစ်ခုတည်းနဲ့ဆိုရင် သွေးရောင်အင်ပါယာရဲ့ ဆရာသခင် အန်ဒါဆန်က နိတ်ထက် သာတယ်။ ပြီးတော့လည်း နိတ်မှာ ရှက်စရာကောင်းတဲ့ ကိစ္စတွေ ရှိသေးတယ်။

ထိုသို့ စဉ်းစားနေသော်လည်း ချန်လွေ့က သလင်း‌ကျောက်နက်ဒင်္ဂါးများကို ပျော်ရွှင်စွာဖြင့် ထုတ်ယူလိုက်သေးသည်။ “ကျုပ် သိပါပြီ။ ကျုပ်က ဝေးလံနဲ့ နယ်မြေမှာ ကျုပ်ဆရာနဲ့အတူ လေ့လာနေခဲ့တာ။ ကျုပ်ဆရာ ဆုံးသွားတော့ မြို့‌တော် အကဲဖြတ်မှု အတွက် ကျူပ် ရောက်လာတာ။ ဒီစည်းမျဉ်းတွေကို ကျုပ် နားမလည်ဘူး။ တောင်းပန်ပါတယ်။ ရှင်းပြပေးလို့ ကျေးဇူးပါ။ ဆာ။”

စာရင်းကိုင်က သလင်းကျောက်ဒင်္ဂါး အပို၂၀ နှင့် ချန်လွေ့၏ နက်ရှိုင်းသော အပြုံးကို မြင်လိုက်ရ၏။ သူက အနီးအနားကို သေသေချာချာ ကြည့်ပြီး ၎င်းကို အေးအေးဆေးဆေး ယူလိုက်သည်။ အခြားနေရာမှလာသော ထိုအလုပ်သင်တပည့်အပေါ် သူ၏အမြင် ရုတ်တရက် အတော်လေး တိုးမြင့်သွားခဲ့သည်။

“ရစ်ချတ်။ မင်းက ပါးနပ်သားပဲ။” စာရင်းကိုင်က ပုံစံမှနာမည်ကို တစ်ချက်ကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။ “ထောက်ခံချက်စာမေးပွဲအတွက် အရည်အချင်းပြည့်မှီတဲ့ ဆရာသခင်တွေ စတုတ္ထအထပ်မှာ သုံးလေးယောက်ရှိတယ်။ မင်းအကျွမ်းကျင်ဆုံးအတိုင်း သက်ဆိုင်ရာ ဆရာသခင်ကို ရွေးချယ်လို့ရတယ်။ ဒါဆိုရင် စာမေးပွဲအောင်ဖို့က အခွင့်အရေး ပိုများသွားမယ်။ ဥပမာပြောရင် ရုံးခန်း(၇)ရဲ့ဆရာသခင် အိုလာစတန်က သတ္တုကျွမ်းကျင်မှု ရှိပြီးတော့ မီးဒြပ်စင်မှော်ကုန်ကြမ်းတွေကို သဘောကျတယ်။ ရုံးခန်း(၄)ရဲ့ ဆရာသခင် သူရိယက သားရေကျွမ်းကျင်မှုရှိပြီးတော့ အရက်ပြင်းတွေ ကြိုက်တယ်...”

ချန်လွေ့ လာဘ်ထိုးမှုကြောင့် စာရင်းကိုင်က ဆရာသခင်များ၏ စိတ်နေစိတ်ထားနှင့် အကြိုက်များကို ဖွင့်ပြောပြခဲ့သည်။ အဆုံး၌ သူက အထူးတလည် သတိပေးခဲ့သည်။ “ဒါနဲ့ ရုံးခန်း(၁၃)ကို မသွားတာကောင်းမယ်။ အဲဒီမှာ ဥက္ကဋ္ဌ နိတ်ရဲ့ လျို့ဝှက်တပည့်ဖြစ်တဲ့ ဆာ-ဟောဖို့ဒ် ဆမ်မြူရယ် ရှိနေတယ်။ သူက သားရေရော သတ္တုမှာပါ ကျွမ်းကျင်တဲ့ ပါရမီရှင် ယန္တရားဆရာသခင် တစ်ယောက်ပဲ။ သူက ဥက္ကဋ္ဌရဲ့ အရိုက်အရာကို ဆက်ဆံနိုင်တဲ့ ပါရမီရှင်တစ်ယောက်လည်း ဟုတ်တယ်။ ဆရာသခင် နိတ် တံခါးပိတ် စမ်းသပ်နေတုန်း ဆာ-ဟောဖို့ဒ်က အစည်းအရုံးကိစ္စတွေကို အမြဲတမ်း ယာယီ ကိုင်တွယ်နေခဲ့တာ။ ဒါပေမဲ့ ဆာ-ဟောဖို့ဒ်ရဲ့စရိုက်က ထူးဆန်းတယ်။ သူနဲ့ အဆင်ပြေဖို့ မလွယ်ဘူး။ မင်း ယုံကြည်ချက် မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျရှုံးအောင် မလုပ်နဲ့။”

ဟောဖို့ဒ်လား။ ချန်လွေ့က အရိပ်နက်အင်ပါယာ ယန္တရားပြိုင်ပွဲ၌ အနိုင်ယူခဲ့သည့် နှစ်သွယ်-အထူးပြု ဆရာသခင်အကြောင်း ချက်ချင်း တွေးမိလိုက်သည်။ ထိုသူက နာမည်အရင်းကို အမှန်တကယ် အသုံးပြုခဲ့ဟန်တူသည်။ ထိုသူက ထိုယန္တရားပြိုင်ပွဲ၌ နာမည်ကျော်ကြားချင်ခဲ့သည်။ ကံဆိုးစွာပင် သူက ယုတ်မာသော ချန်လွေ့နှင့် တွေ့ဆုံသွားခဲ့ပြီး အရံဇာတ်ကောင်တစ်ခုသာ ဖြစ်သွားခဲ့သည်။

ထို့အပြင် သလင်းကျောက်တောင်ကြားသို့ သူလျှိုအဖြစ် ချန်လွေ့ ဝင်သွားခဲ့စဉ် ဟောဖို့ဒ်နှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်း သလင်းကျောက်တောင်ကြား ဖရိုဖရဲ ဖြစ်သည့်အခါ ချန်လွေ့က လျို့ဝှက်အကြံအစည်ဖြင့် ဆန်းကြယ်တောင်ကြားကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ဟောဖို့ဒ် ပျောက်ဆုံးသွားခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူမသေခဲ့ဘဲ အရိပ်နက်အင်ပါယာသို့ ပြန်လာခဲ့လေသည်။

ဟောဖို့ဒ်နှင့် သွေးမြေကျတို့ လုံးဝဆက်နွှယ်နေသည်ကို ချန်လွေ့ သေချာသွားပြီ ဖြစ်သည်။ ထို့ပြင် သွေးရောင်အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂူစတက်ဗ် (ဘရေ့ဂက်)က ဆမ်မြူရယ်တော်ဝင်မိသားစု၏ လက်ရှိခေါင်းဆောင် ဖြစ်သည်။ ဟောဖို့ဒ်သည် သွေးမြေကျ အဖွဲ့အစည်း၏ အရေးပါသော အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့များလေသည်။

သို့သော်လည်း ချန်လွေ့က ဟောဖို့ဒ်အကြောင်းကို စုံစမ်းရန် အလျင်မလိုနေခဲ့‌‌ပေ။ ယခုတစ်ခေါက်တွင် သူက ပိုအရေးကြီးသောကိစ္စအတွက် ယန္တရားအစည်းအရုံးသို့ ခိုးဝင်လာခြင်း ဖြစ်သည်။

“ဒါနဲ့ ဆာ။ ကျုပ် ဆရာမသေခင်က ပြောခဲ့တယ်။ ယန္တရားအစည်းအရုံးမှာ အဖိုးတန် ယန္တရားဂန္ဓဝင်စာပေတွေနဲ့ ကုန်ကြမ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်တဲ့။ ကျုပ်က အဲဒါကို အမြဲတမ်း တွေ့ချင်နေခဲ့တာ။ ကျုပ် အဲဒါတွေကို ရှာဖွေပြီ ဖတ်ကြည့်လို့ရမလား။”

“ဒီမှာရှိတဲ့ ဂန္ဓဝင်စာပေတွေနဲ့ ကုန်ကြမ်းတွေက အင်ပါယာ ၃ခုထဲမှ အကြွယ်ဝဆုံးပဲ။ ပြီးတော့ စာအုပ်ပေါင်းချုပ်ခန်းမ တစ်ခုလည်း ရှိတယ်။” စာရင်းကိုင်က ဂုဏ်ယူလျက် ပြောသည်။ “ဒါပေမဲ့ စာအုပ်ပေါင်းချုပ်ခန်းက တော်တော်လေး တင်းကြပ်တယ်။ အင်ပါယာအစည်းအရုံးရဲ့ ထောက်ခံချက်ပါတဲ့ ယန္တရားပညာရှင်တွေပဲ ဝင်လို့ရတယ်။ အဆင့်မြင့်လေလေ အကျိုးပြုအမှတ်တွေ၊ ခွင့်ပြုချက်တွေ ပိုပိုပြီး လိုအပ်လေလေပဲ။”

လာဘ်ငွေ လက်ခံထားသော စာရင်းကိုင်က အလွန်ပင် စိတ်အားတက်ကြွနေပြီး အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။ သူက ချန်လွေ့အား အစီအစဉ်ဆွဲရန်ပင် ကူညီခဲ့သည်။ “လူသစ်တွေအတွက် အကျိုးပြုအမှတ်ရဖို့ ပိုခက်တယ်။ ပြီးတော့လည်း အချို့ အဆင့်တွေကို ဆရာသခင်အဆင့်တွေပဲ ဝင်လို့ရတာ။ မင်းအဲဒီကို မရောက်သေးဘူးဆိုရင် ဆရာသခင်တစ်ယောက်ကို ရှာပြီးတော့ ဖြတ်လမ်းလိုက်လို့ရတယ်။ ဒါပေမဲ့ ဆရာသခင်ရဲ့ အကျိုးပြု အမှတ်တွေနဲ့တောင် အဓိကအဆင့်ဖြစ်တဲ့ သတင်းအချက်အလက်တွေကို ဖတ်နိုင်မှာမဟုတ်ဘူး။ ဥက္ကဋ္ဌ နိတ်ရဲ့ အထူးခွင့်ပြုချက် လိုအပ်တယ်။”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သွေးရောင်အင်ပါယာရဲ့ စာကြည့်ခန်းမ စဉ်းမျဉ်းတွေက အရိပ်နက်အင်ပါယာမှာရှိတဲ့ ရှေးမှော်မျှော်စင်တွေနဲ့ ဆင်တူတယ်။ အခုတော့ ယန္တရားစာမေးပွဲအောင်အောင် အရင်လုပ်တာ ပိုကောင်းမယ်။

ချန်လွေ့က “စိတ်အားထက်သန်နေသော” စာရင်းကိုင်ကို နှုတ်ဆက်ပြီး စတုတ္ထအထပ်ရှိ အကဲဖြတ်ဌာနသို့ တည့်တည့်သွားလိုက်သည်။

All Chapters