မှော်မျက်လုံး။ နတ်ဆိုးဘုံ၏ အစွမ်းအထက်ဆုံး ပါရမီ
Vol. 30 Ch. 438
အကဲဖြတ်ဌာန၏ ရုံးခန်း(၄)တွင် နှာခေါင်းနီနေသော မဟာနတ်ဆိုး ဆရာသခင် သူရိယက မဟာနတ်ဆိုး အလုပ်သင်တပည့်တစ်ယောက် ကမ်းပေးသော အသစ်စက်စက် ပြုလုပ်ထားသော မှော်သားရေလက်ပတ်ကို သံသယဖြင့် ကြည့်နေလိုက်သည်။
ထိုအလုပ်သင်တပည့် အသုံးပြုသော နည်းစနစ်များကို ရှုပ်ပွနေသည် ဟူ၍သာ ဖော်ပြ၍ရနိုင်ပြီး စည်းကမ်းချက်များကို အပြင်းအထန် ချိုးဖောက်ထားခဲ့သည်။ သို့သော် သူက အမြင့်ဆင့် လက်ပတ်တစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီး ယန္တရားပညာ အရည်အချင်း တံခါးဝသို့ ရောက်ရှိသွားခဲ့သည်။
ဘတ်စကက်ဘော ကစားသကဲ့သို့ပင် ဖြစ်သည်။ အချို့လူများ၏ ဘောလုံးပစ်သော ပုံစံနှင့် လက်အမူအရာများက အလွန်ထူးဆန်းလှပြီး လောကကြီး အပြင်သို့ ရောက်နေ သကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း မည်မျှပင် ကိုးရိုးကားရား နိုင်စေကာမူ သူတို့က အမှတ်များ ရရှိကြလေသည်။
ချန်လွေ့ အပြင်းအထန် ချွေးထွက်နေသည်ကို မြင်ရင်း ဆရာသခင် သူရိယက အလုပ်သင်တပည့် ကမ်းလှမ်းသော ခရမ်းဘယ်ရီဝိုင်ကို တစ်ငုံသောက်သည်။ နောက်ဆုံး၌ သူ ခေါင်းညိတ်ပြီး ထောက်ခံချက် တံဆိပ်ထုပေးလိုက်သည်။ “မင်းရဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ်က ရှုပ်ပွနေတယ်။ ဒါပေမဲ့ နည်းစနစ်ကတော့ တော်တော်လေး ကျွမ်းကျင်တယ်။ နောက်ဆုံးမှာတော့ မင်းက အမြင့်ဆင့် မှော်လက်ပတ်တစ်ခုကို လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ငါမင်းကို ယန္တရားပညာ ထောက်ခံချက် ပေးလိုက်မယ်။”
“ကျေးဇူးတင်ပါတယ်။ ဆရာသခင်။” ချန်လွေ့က အမြန် ခေါင်းညိတ်လိုက်သည်။ သူက သူ့စွမ်းရည်ကို ကောင်းကောင်းသိသည်။ ချွေးထွက်နေခြင်းမှာ ဟန်ဆောင်နေခြင်း လုံးဝ မဟုတ်ပေ။ ချန်လွေ့သည် ဆရာသခင်အဆင့် ဖြစ်သည်။ သူက ဆရာသခင် တစ်ယောက်၏ မျက်လုံးနောက်တွင် အလုပ်သင်တပည့်အဆင့် ပစ္စည်းတစ်ခု လုပ်ခဲ့ရသည်။ ၎င်းမှာ လွယ်ကူလှသည် မဟုတ်ပေ။
ချန်လွေ့က ကိုယ်ပိုင်အတွေးဖြင့် ဝိုင်ချစ်သူ ဆရာသခင် သူရိယကို တမင်တကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဟောဖို့ဒ်သည် အရိပ်နက်အင်ပါယာ ယန္တရားပြိုင်ပွဲ၌ သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထိုနည်းလမ်းကို အသုံးပြုပြီး ဖုံးကွယ်သည့်နှင့် ဟာကွက်များ မပေါ်သွားနိုင်ကြောင်း အာမ မခံနိုင်ပေ။ ယခင် “တက်ကြွနေသော” စာရင်းကိုင် ပြောသည့် အတိုင်းဆိုလျှင် ဆရာသခင် သူရိယသည် မကြမ်းတမ်းပေ။ ထို့ပြင် သူက အဖော်ရွေဆုံး ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် ချန်လွေ့သည် အကဲဖြတ်ခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားခဲ့သည်။
“မင်းရဲ့ အခြေခံတွေနဲ့ နည်းစနစ်တွေကို မပြင်ဘူးဆိုရင် ဒီဘဝတော့ မင်းရဲ့ ယန္တရားပညာ ရပ်တန့်သွားမှာ စိုးရတယ်။” ဆရာသခင် သူရိယက နှာခေါင်းကို ပွတ်လိုက်သည်။ “တကယ်လို့ ယန္တရားပညာ လမ်းကြောင်းပေါ်ကို တကယ်သွားချင်ရင် ကိစ္စတော်တော်များများကို မင်း အမှန်ပြင်ရမယ်။”
“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်။ ဆရာသခင်။ ဒီတစ်ခေါက် ကုန်ကြမ်းတွေကို လေ့လာဖတ်ရှုဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ အဲဒီအချိန် ဆရာသခင် ကျုပ်ကို အကြံတချို့ပေးဖို့ မျှော်လင့်ပါတယ်။” ချန်လွေ့က ရိုရိုသေသေနှင့် ဦးညွှတ်လိုက်သည်။ ဒီဆရာသခင်ရဲ့ စံနှုန်းက ကောင်းတယ်။ သူက အရက်သောက်ပေမဲ့ စိတ်မရှုပ်ထွေးဘူး။ ဒီအကြံပေးတာကို ကြည့်မယ်ဆိုရင် သူက ငါထင်ထားတာထက် ပိုပြီးတော့ တာဝန်ယူ တတ်တာပဲ။
“အင်း။ စာအုပ်ပေါင်းချုပ်ခန်းမကို မင်းသွားပြီးတော့ အခြေခံစာအုပ်တွေ သွားဖတ်လို့ ရတယ်။ အကြံပေးဖို့ကတော့..... ငါအားတဲ့အခါ စဉ်းစားပေးမယ်။” ဆရာသခင် သူရိယက လက်ထဲမှ ပုလင်းကို လှုပ်ပြီး မအားကြောင်း ဖော်ပြသည်။ ချန်လွေ့လည်း အလိုက်သိစွာဖြင့် ပြုံးပြီး ထွက်သွားလိုက်သည်။
ယန္တရားထောက်ခံချက် ရရှိပြီးနောက် ချန်လွေ့က ယခင် အကဲဖြတ် စာရင်းအရာရှိထံ ရောက်ရှိလာပြန်သည်။ ထိုသူ၏နာမည်မှာ အန်ရက္ကာ ဖြစ်သည်။ ချန်လွေ့က ဆရာသခင် သူရိယ၏ အကဲဖြတ်မှုမှ ယန္တရားထောက်ခံချက် ရရှိသွားကြောင်း မြင်လိုက်သည့်အခါ သူက အလျင်အမြန် အားတက်သရောနှင့် ချန်လွေ့အား ဂိုဒေါင်သို့ ခေါ်သွားပြီး ယန္တရားပညာရှင် ဝတ်ရုံနှင့် တံဆိပ်ပြားတို့ကို ပေးအပ်ခဲ့သည်။ ချန်လွေ့လည်း သူ့ကို အကျိုးအမြတ်အချို့ ပေးလိုက်သည်။ ထို့ကြောင့် အန်ရက္ကာ ပြုံးလိုက်ပြီး ချန်လွေ့အား စာအုပ်ပေါင်းချုပ်ခန်းမသို့ ခေါ်သွားလိုက်သည်။
စာအုပ်ပေါင်းချုပ်ခန်းမမှာ အလွန်ကြီးမားသော အဆောက်အအုံတစ်ခု ဖြစ်သည်။ မြို့တော်က လက်ရှိတွင် ကုန်စည်ပြပွဲနှင့် အလုပ်များနေသည့်အတွက် လူအများအပြား ရှိမနေပေ။ သို့သော်လည်း စီမံခန့်ခွဲမှုများမှာ တင်းကြပ်နေဆဲ ဖြစ်သည်။ အလွှာတစ်ခုစီ တိုင်းတွင် သီးခြား အုပ်ချုပ်ရေးမှူး တစ်ယောက်စီနှင့် ရှုပ်ထွေးသော မှော်စက်ဝိုင်းတစ်ခု ရှိသည်။
ချန်လွေ့က ပထမအလွှာသို့ ဝင်ရောက်နိုင်ခဲ့သည်။ ယန္တရားပညာရှင် ဖြစ်သည်နှင့် လွတ်လွတ်လပ်လပ် ဖတ်ရှုနိုင်ပြီဖြစ်သော်လည်း အချိန်အကန့်အသတ် ရှိသည်။ အများဆုံး တစ်နေ့ရင် ၅နာရီ ဖြစ်ပြီး စာအုပ်များကို ငှားရမ်း၍ မရပေ။ စာအုပ်တစ်အုပ်ချင်းစီတွင် သက်ဆိုင်ရာ မှော်တံဆိပ်ရှိသည်။ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်က ယူသွားခဲ့လျှင် နေရာလွတ်ပစ္စည်းထဲ၌ ထားထားသည့်အတိုင် ရှာဖွေနိုင်ပေမည်။ အတော်လေး “ခေတ်ဆန်သော” အင်္ဂါရပ်တစ်ခုဟု ယူဆ၍ရနိုင်သော ဘက်စုံ စောင့်ကြည့်ခြင်းလည်း ရှိပေသည်။
အန်ရက္ကာ ပထမအလွှာမှ အုပ်ချုပ်ရေးမှူးနှင့် အတော်လေး ရင်းနှီးသည်။ သူ၏ ရင်းနှီးမှုကြောင့် ချန်လွေ့က တစ်ခေါက်လျှင် အချိန်နှစ်ဆ ဖတ်ခွင့်ရသွားသည်။ ၎င်းမှာ အတော်လေး အဆင်ပြေလှပေသည်။
ချန်လွေ့က ပထမအလွှာသို့ ဝင်သွားလိုက်ရာ သူ၏ယခင်ဘဝမှ စာကြည့်တိုက် တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ အမျိုးအစား အမျိုးမျိုးရှိသော အခန်းများစွာ ရှိသော်လည်း လမ်းလျှောက်၍ရသော နေရာလွတ် အကျယ်ကြီးလည်း ရှိသည်။ အခြေခံ ဗဟုသုတ စာအုပ်များအပြင် အမျိုးမျိုးသော ယန္တရားပညာရှင်များ၏ အတွေ့အကြုံများနှင့် သတင်းအချက်အလက်များလည်း ရှိသည်။ ထိုထဲတွင် အသိအမှတ်ပြုပြီးသား ဖော်မြူလာများနှင့် အမျိုးမျိုးသော အရာများများကို ရောနှောထားဟန်တူသည်။
ချန်လွေ့က [ အထူးစိစစ်မှု ] ကို ဖွင့်လိုက်ပြီး မယုံနိုင်စရာ အမြန်နှုန်းဖြင့် စတင် ရှာဖွေတော့သည်။ သူက စာအုပ်တစ်အုပ်စီကို တစ်ချက်သာ ကြည့်သည်။ သိပ်မကြာခင်၌ ထိုအခန်းထဲမှ စာအုပ်တစ်ဝက်နီးပါးကို ရှာဖွေပြီးသွားခဲ့သည်။
ချန်လွေ့က မိမိအား တစ်စုံတစ်ယောက် စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ ယန္တရားပညာရှင်ဝတ်ရုံ ဝတ်ထားသော မျက်မှန်နှင့် မိန်းကလေးတစ်ယောက်က သူ့ကို အံ့အားသင့်စွာကြည့်နေကြောင်း မြင်လိုက်ရသည်။ ထိုမိန်းကလေးသည် အနည်းငယ် ချစ်စရာကောင်းလှသည်။ သူဝတ်ထားသော ဝတ်ရုံက သူ၏ လှပသော ကောက်ကြောင်းများက ရေးရေးလေး ပြသနေသည်။ သူသည် အရပ်မမြင့်သော်လည်း ကိုယ်လုံးကိုယ်ပေါက် ဖွံဖြိုးလှသည်။
“မိန်းကလေး။ ကိစ္စတစ်ခုခု ရှိလို့လား။”
ထိုကောင်မလေး သတိပြန်ဝင်လာသောအခါ မျက်နှာ နီရဲသွားခဲ့သည်။ “ကျွန်မ နာမည်က ဘလူအန်ပါ။ ရှင်က စာအုပ်ဖတ်နေတာလား။”
ထိုမိန်းကလေးမှာ သန္ဓေပြောင်း မဟာနတ်ဆိုး ဖြစ်ပြီး သူ၏စွမ်းအားမှာ အလယ်ဆင့် နတ်ဆိုးဖြစ်ကာ သာမန်သာ ဖြစ်သည်။
“ခင်ဗျား မြင်တဲ့အတိုင်းပဲ။ ကျုပ်က စာအုပ်ဖတ်နေတာ မဟုတ်ဘူး။ စာအုပ်လှန် နေတာလေ။” ချန်လွေ့က မိမိသည် မျက်စိစပါးမွှေးစူနိုင်ကြောင်း သိလိုက်ပြီး ရွှတ်နောက်နောက်နှင့် ဆင်ခြေပေးလိုက်သည်။ “ကျုပ်နာမည်က ရစ်ချတ်ပါ။ ကျုပ်က ယန္တရားထောက်ခံချက်ရဖို့ သွားခဲ့တာ။ ဒါပေမဲ့ ဒီကစာအုပ်တွေအားလုံးကို ဖတ်ပြီးမှ တရားဝင် အောင်ခွင့်ပေးမယ်လို့ ဆရာသခင် သူရိယက ပြောခဲ့တယ်။”
“ဆရာသခင် သူရိယဆိုတာ သေချာလား။ သူက ရှင့်အတွက် ဘာလို့ ခက်ခဲအောင် လုပ်ရတာလဲ။” ကောင်မလေးက ပို၍ပင် အံ့အားသင့်သွားသည်။
ချန်လွေ့က သနားစရာကောင်းသော အမူအရာ ပြသလိုက်သည်။ “ဆရာသခင်က အရက်မူးနေလို့ဖြစ်မယ်။ ဒါပေမဲ့ ကျုပ် ဒီလိုပဲ လုပ်လို့ရတယ်။ မဟုတ်ရင် ကျုပ်ရခဲ့တဲ့ ဝတ်ရုံကို ပြန်ယူသွားလိမ့်မယ်။ မစ်-ဘလူအန်။ တခြားသူတွေကို မပြောပါနဲ့။ မဟုတ်ရင် ကျုပ် ဒုက္ခရောက်ရမှာ။”
ဘလူအန်၏ မျက်နှာ တဖန်နီရဲသွားပြန်သည်။ သို့သော်လည်း ယခုတစ်ခေါက်မှာ ဒေါသကြောင့် ဖြစ်သည်။ “ကျွန်မအဖေက ဘာလို့ ဒီလိုလုပ်ရတာလဲ။ အခုပဲ သူ့ဆီ သွားပြီးတော့ ရှင့်အတွက် တရားမျှတအောင် လုပ်ပေးမယ်။”
အဖေတဲ့လား။ ဒါက ဆရာသခင် သူရိယရဲ့ သမီးလား။ ချန်လွေ့က ထိုမျှလောက် ရှုပ်ထွေးသွားမည်ဟု မထင်ထားခဲ့ပေ။ သူက အလျင်အမြန်ပင် စကားပြောင်းလိုက်သည်။ “လက်စသတ်တော့ ဆရာသခင် သူရိယက ခင်ဗျားရဲ့ အဖေကိုး။ ခုနက ကျုပ် စနောက်နေတာပါ။ ဆရာသခင်က စိတ်ကောင်းတယ်ဆိုတာကို ယန္တရားအစည်းအရုံး တစ်ခုလုံး သိကြတာပဲ။ ဒါပေမဲ့ ခုနက ကျုပ်ကို ထောက်ခံချက်ပေးတုန်းက ကျုပ်ရဲ့ အခြေခံက မခိုင်မာသေးဘူးလို့ ဆရာသခင်ပြောပြီး အကြံဉာဏ်ပေးခဲ့တယ်။ ဒါကြောင့် ကျုပ်ရဲ့စွမ်းရည်ကို တိုးမြှင့်ဖို့အတွက် ဒီမှာ သလင်းအချက်အလက်တချိူ့ လာရှာတာပါ။”
“စနောက်တာကိုး။ ရှင်က တကယ်ပဲ....” ဘလူအန်က သက်ပြင်းချလိုက်သည်။ “ရှင်က အခြေခံအားနည်းတာကို သိပေမဲ့ အဖေက ရှင့်ကို ပေးအောင်ခဲ့တယ်။ ရှင်က အရက်အတွက် တော်တော်လေး ပိုက်ဆံ သုံးခဲ့ရမှာပဲ။ ကျွန်မအဖေက အရက်ကြိုက်ပေမဲ့ မဟုတ်တာတွေ မပြောဘူး။ ကျွန်မရှင့်ကို စာအုပ်တချို့ အကြံပေးမယ်လေ။”
သမီးက အဖေကို ကောင်းကောင်းသိပေသည်။ သို့သော်လည်း ချန်လွေ့၏ တကယ့် ယန္တရားပညာအဆင့်မှာ ဆရာသခင် သူရိယထက် မနိမ့်နေပေ။ ထို့ပြင် သူသည် မည်သည့် သတင်းအချက်အလက်ကိုမှ ရှာဖွေနေခြင်း မဟုတ်ပေ။ မစ်-ဘလူအန်၏ စိတ်အား တက်ကြွမှုက ချန်လွေ့ကို အမြင်ကောင်း ဖြစ်စေခဲ့သသည်။ သူ အတွေးပြောင်းသွားပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ မိန်းကလေး။ ကျုပ်က အခြေခံကုန်ကြမ်းတွေကို လေ့လာဖို့အတွက် ရှာတွေ့သွားပါပြီ။ အမှန်အတိုင်းပြောရမယ်ဆိုရင် တကယ်တော့ ဒီကိုလာရတဲ့ ကျုပ်ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က.....ကျုပ်ရဲ့ ဆရာကြောင့်ပဲ။ သူမသေခင်မှာ ဆက်ခ်ရက်တောင်နဲ့ သြဇာယွမ်မြေအကြောင်း မေ့သွားတာထင်တယ်။ အဲဒါကြောင့် ကျုပ် ရှာပေးချင်ခဲ့တာ။ ဒါက ကျုပ်ဆရာရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းတာလို့ သတ်မှတ်လို့ရတယ်။ ဒါက ကျုပ်ရဲ့ လျို့ဝှက်ချက် အသေးလေးပါ။ တခြားသူတွေကို မပြောပြပါနဲ့။”
“ဆက်ခ်ရက်တောင်။ သြဇာယွမ်မြေ ဟုတ်လား။” ဘလူအန်က စိတ်ထဲ တွေးနေဟန် တူသည်။ “ကျွန်မ အဲဒါတွေကို တစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် ရှင်က စာအုပ်တွေကို အဲလိုမျိုး လိုက်လှန်ဖတ်နေတာကိုး။ တောင်းပန်ပါတယ်။ ရှင်ရဲ့ လျို့ဝှက်ချက်ကို ကျွန်မ သိချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်လှန်တာက တော်တော်လေး မြန်နေတယ်။ ကျော်သွားမိမှာ အသေအချာပဲ။ ကျွန်မ ကူညီပါရစေ။”
ဘလူအန်က စာအုပ်တစ်အုပ်စီ ရောက်လာသော်လည်း စာအုပ်ကို မဖွင့်ခဲ့ပေ။ သူက ၎င်းအပေါ်၌ လက်ကိုသာ တင်ထားပြီး ခဏအကြာ၌ လက်မြှောက်လိုက်သည်။ ထို့နောက် သူက အခြားစာအုပ်တစ်အုပ်ကို လက်နှင့်ထိလိုက်သည်။ သူသည် [အထူးစိစစ်မှု] စာဖတ်ခြင်းထက် ပိုမြန်နေသည်။ ယခုတစ်ခေါက် ချန်လွေ့ အံ့အားသင့်သွားရသည်။ “မစ်-ဘလူအန်။ ဒါက.....”
ဘလူအန် အသာလေး ပြုုံးလိုက်သည်။ “ဒါက သန္ဓေပြောင်း ပါရမီတစ်ခုပါ။ တော်တော်လေး အသုံးမဝင်ပါဘူး။”
ချန်လွေ့က ၎င်းကို အသုံးမဝင်သော ပါရမီဟု မထင်ပေ။ သူက စာအုပ်ထဲမှာ ရေးထားတာတွေကို မဖွင့်ဘဲနဲ့ အာရုံခံနိုင်တယ်။ ပြီးတော့ အမြန်ရှာဖွေရေးအင်ဂျင်နဲ့ တူတဲ့ သက်ဆိုင်ရာအချက်အလက်တွေကို တော်တော်လေး မြန်မြန် “စစ်ထုတ်”ပေးနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ပါတယ်။ ဒါက တကယ့်ကို အသုံးဝင်တဲ့ ပါရမီတစ်ခုပဲ။
ဤသို့ပင် တစ်ယောက်က စာအုပ်လှန်၊ တစ်ယောက်က အာရုံခံရင်း သူတို့ မသိလိုက်ခင်မှာပင် သုံးလေးနာရီ အချိန်ကုန်ဆုံးသွားခဲ့သည်။ သူတို့နှစ်ယောက်၏ ထူးခြားလှသော အမြန်နှုန်းနှင့် နည်းလမ်းတို့ကြောင့် သူတို့သည် ပထမအလွှာရှိ အခန်းအားလုံးကို သွားပြီးလုနီးပါး ဖြစ်သွားခဲ့သည်။ ကံဆိုးစွာပင် သူတို့လိုချင်သောရလာဒ် ရှိမနေခဲ့ပေ။
အစပိုင်း၌ ဘလူအန်က ချန်လွေ့ အမြန်လှန်နေသည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ချန်လွေ့က စာမျက်နှာတစ်ခုခုမှ စကားလုံး တစ်လုံးလုံးကို အေးအေးဆေးဆေး ပြောပြသည့်အခါ ဘလူအန် ထိတ်လန့်သွားခဲ့ပြီး ထို “ရစ်ချတ်”သည် မိမိကဲ့သို့ ဆင်တူသည့် သန္ဓေပြောင်းပါရမီမျိုး ရှိနေကြောင်း သဘောပေါက်သွားသည်။ သူက အနည်းငယ် ပို၍ ရင်းနှီးသွားခဲ့သည်။
“ဘလူအန်။ မင်း ဘာရှာနေတာလဲ။” ယောက်ျားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
ဘလူအန် မျက်မှောင်ကြုတ်လိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ကျွန်မက ဒီလူသစ် ယန္တရားပညာရှင် ရစ်ချတ်ကို အခြေခံအရာတချို့ ကူညီရှာပေးနေတာပါ။”
ထိုသူမှာ မန်မွန်မိသားစုမှ အမြင့်ဆင့်နတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူ၏ပုံစံမှာ သာမန်သာ ဖြစ်သော်လည်း သူ၏ အကျည်းတန်သောအကြည့်က လူအများက မသက်မသာ ဖြစ်စေသည်။ “ခရမ်းမြက်စားသောက်ဆိုင်မှာ ငါ တစ်နေရာစာ ကြိုမှာ ထားတယ်။ နေ့လယ်ကျရင် အတူတူ သွားစားကြမလား။ သူတို့က မကြာသေးခင်ကပဲ အသစ်စက်စက် ဟော့ပေါ့တွေ ရနေပြီ။”
ဘလူအန်က ချက်ချင်း ငြင်းလိုက်သည်။ “တောင်းပန်ပါတယ်။ အီဘွဲ။ ကျွန်မက သူ့နဲ့ လိုက်စားဖို့ အဖေ့ကို ကတိပေးထားတယ်။”
“ညဘက်ကော။”
“ကျွန်မ မအားဘူး။”
“မနက်ဖြန်ကော။”
“မနက်ဖြန်ကော၊ သန်ဘက်ခါကော ကျွန်မ ချိန်းထားတာ ရှိတယ်။”
ဘလူအန်က အီဘွဲကို သဘောမကျသည်မှာ သိသာလှပေသည်။ အီဘွဲက ဒေါသတကြီးနှင့် လက်လျှော့လိုက်ရသည်။ သူ၏အကြည့်က ချန်လွေ့ထံသို့ ရုတ်တရက် ရောက်ရှိသွားပြီး အေးစက်ကာ တင်းမာသွားသည်။ “အသစ်လေး။ မင်းဒီမှာ နေချင်တယ် ဆိုရင် ပါးပါးနပ်နပ်နေ။ မင်းလိုမျိုး အမှိုက်က ဘလူအန်အား ကပ်ဖို့အတွက် ဆင်ခြေပေးလို့ မရဘူး။”
“ယဉ်ယဉ်ကျေးကျေးနေပေးပါ။ ကိစ္စမရှိတော့ဘူးဆိုရင် ကျွန်မ ရစ်ချတ်ကို သတင်းအချက်အလက်တွေ ဆက်ပြီးတော့ ကူညီရှာပေးလိုက်ပါဦးမယ်။ ဒါက ကျွန်မ အဖေရဲ့ အမိန့်ပဲ။” ဘလူအန်၏ ရွံရှာသောအမူအရာမှာ ထင်ရှားနေပြီး ချန်လွေ့အား အခြားအခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။ အီဘွဲ၏ အကြည့်က ချန်လွေ့ကို ကိုင်ထားသော ဘလူအန်၏လက်ထံသို့ ရောက်ရှိသွားပြီး သူ၏အကြည့် ပို၍ပင် ကောက်ကျစ်သွားသည်။
ချန်လွေ့က ထိုကဲ့သို့ ပုရွက်ဆိတ်မျိုးကို စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော် အီဘွဲက အမှန်တကယ်ပင် အသုံးမကျလှပေ။ သူက ဘလူအန်အရှေ့မှာ ငါ့ကိုတောင် ခြိမ်းခြောက်ခဲ့သေးတယ်။ ဒါကြောင့် ဘလူအန်က ဒီလူက သေအောင်မုန်းနေတာပေါ့။
“တောင်းပန်ပါတယ်။” ဘလူအန်က ချန်လွေ့၏လက်ကို လွှတ်လိုက်သည်။ “အီဘွဲက ဆရာသခင်နိတ်ရဲ့ တူလေးပဲ။ သူက အကြံများပြီးတော့ ကောက်ကျစ်တယ်။ ဒီအဖြစ်အပျက်က. ... ရှင့်ကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်တယ်။ ကျွန်မ တကယ် တောင်းပန်ပါတယ်နော်။”
“ခင်ဗျားက ကျုပ်ကို ကာကွယ်ချင်လို့ ဆရာသခင် သူရိယက ဆင်ခြေအနေနဲ့ အသုံးချခဲ့တာပဲ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်က ဒီမှာ ကြာကြာနေမှာ မဟုတ်ပါဘူး။ ကျုပ်က ဆရာ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အဓိကရောက်လာတာပါ။ အချိန်ကျလာရင် ကျုပ် ထွက်သွားမှာပါ။ ”
ဘလူအန် ခေါင်းညိတ်လိုက်သည်။ “ကျွန်မတို့ ရှာနေတာ နှံ့နေပြီ။ ရှင်လိုချင်တဲ့ သတင်းအချက်အလက်ကို ကျွန်မတို့ မတွေ့သေးဘူး....”
ချန်လွေ့က စာရင်းကိုင် အန်ရက္ကာ မိတ်ဆက်ပေးခဲ့သေား စာအုပ်ပေါင်းချုပ်ခန်းမကို တွေးလိုက်မိပြီး ခေါင်းထဲ အကြံဉာဏ်အသစ်တစ်ခု ရောက်ရှိလာကာ ပြောလိုက်သည်။ “မစ်-ဘလူအန်။ ခင်ဗျားဆီကနေ အကူအညီတစ်ခု တောင်းလို့ရမလား မသိဘူး....”
ချန်လွေ့၏တောင်းဆိုချက်ကို နားထောင်ပြီးနောက် ဘလူအန် အံ့အားသင့်သွား၏။ “ရှင်က ကျွန်မအဖေရဲ့ အလုပ်သင်တပည့် ဖြစ်ချင်တာလား။”
“နာမည်ခံ တပည့်ပါပဲ။ ကျုပ်က ဆရာသခင် သူရိယနောက်ကို လိုက်သွားပြီးတော့ ဒုတိယအလွှာနဲ့ တတိယအလွှာတွေမှာ သတင်းအချက်အလက်တွေ သွားကြည့်ဖို့ပါ။ ကျုပ် ရှာတွေ့ပြီဆိုရင် သွေးရောင်အင်ပါယာကနေ ထွက်သွားပြီး ကျုပ်ဆရာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူ့အုပ်ဂူဆီကို သွားမှာပါ။ မိန်းကလေး။ ခင်ဗျား ကျုပ်ကို ကူညီမှဖြစ်မယ်။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရပါ။”
“ဆရာ၏ နောက်ဆုံးဆန္ဒ”ဟူသော အကြောင်းပြချက်ကြောင့် ဘလူအန် အနည်းငယ် သနားသွားပြီး ချန်လွေ့ကို လေးစားမိသွားသည်။ သို့သော်လည်း သူက ပြဿနာ ဖြစ်နေသေးပုံရသည်။ “ကျွန်မအဖေက အရက်သောက်ရတာ ကြိုက်ပေမဲ့ တကယ့် ပါရမီတွေ မရှိဘူးဆိုရင် သူ့တပည့် ဖြစ်နိုင်မှာ မဟုတ်ဘူး။ သူက အလုပ်သင် တပည့် နှစ်ယောက်ပဲ လက်ခံထားသေးတာ။ ပြီးတော့ ရှင်က ယန္တရားစာမေးပွဲကို အောင်ပြီးရုံပဲ ရှိသေးတယ်။ ကျွန်မ စိုးရိမ်မိတာက ....”
အထက်အလွှာများအား ရှာဖွေရန်အတွက် ဘလူအန်ကို ချန်လွေ့က မဖြစ်နိုင်သော တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘလူအန်က ပြောလိုက်သည်။ “ရှင့်မှာ အထူးစွမ်းရည်တစ်ခုခု မရှိဘူးဆိုရင်တော့ ရှင့်ကို ကျွန်မ ကူညီရင်တောင် ကျွန်မအဖေက သဘောတူမှာ မဟုတ်ဘူး။၊”
“အထူးစွမ်းရည်လား။” ချန်လွေ့ တွေးလိုက်သည်။ “ကျုပ်မှာ ရှိသလိုပဲ။ ဒီမှာလေ။”
ကိုယ့်မျက်လုံးကိုယ် လက်ညှိုးထိုးပြနေသော ချန်လွေ့ကို ဘလူအန် မြင်လိုက်သည်။ သူ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းခါလိုက်ပြန်သည်။ “ရှင့်ရဲ့ မှတ်ဉာဏ်ပါရမီက နည်းနည်း ထူးခြားပေမဲ့.....”
“ဒါက မှတ်ဉာဏ်ပါရမီပဲ မဟုတ်ဘူး။” ချန်လွေံ ရယ်လိုက်သည်။ “ကျုပ်ရဲ့ နိမ့်ကျတဲ့ ယန္တရားပညာက မိန်းကလေးနဲ့ ဆရာသခင်လိုမျိုး အဆင့်အတန်းမြင့်မားတဲ့သူတွေရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ပေမဲ့ ဒီမှော်မျက်လုံးရဲ့ သန္ဓေပြောင်းပါရမီက နတ်ဆိုးဘုံမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ်။ ဥပမာပြောရရင် မိန်းကလေးရဲ့ ဘယ်လက်မှာရှိတဲ့ လက်ပတ်က အမြန်နှုန်းကို ၂၀% တိုးစေတယ်။ မှော်အသုံးပြုနှုနးကို ၂၂% တိုးစေတယ်။ ပြီးတော့ ဒါက....အမ်း..ဒဏ္ဍရီလာအဆင့်ဖြစ်မယ်။ ဟုတ်တယ်မလား။”
“ထူးကဲအဆင့်ပါ။” ဘလူအန်က ချန်လွေ့၏ “အမှား”ကို ပြန်ပြင်ပေးခဲ့သည်။ သို့သော်လည်း သူက အံ့အားသင့်သွားသည်။ ပုံမှန် အဆင့်ခွဲတဲ့ အမှားကလွဲရင် အဆင်တန်ဆာရဲ့ အသေးစိတ် ဂုဏ်သတ္တိတွေက တော်တော်လေး တိကျတာပဲ။
ချန်လွေ့က ပြုံးလိုက်သည်။ “ဟုတ်တယ်။ ဒါက ထူးကဲအဆင့်ပဲ။ ကျုပ်မှတ်မိတာ လွဲသွားတယ်။ အိုး.... ကုန်ကြမ်းအရဆိုရင်တော့ ကြယ်သဲ၊ ဆန်းကြယ်မှော်သဲ နဲ့ အခွံနီ ကျောက်စိမ်းကလွဲပြီးတော့ ကျန်တာ မသိဘူး။ ကျုပ် မသိတာ နောက်ထပ် ၇ခုလောက် ရှိနေတယ်။”
၎င်းမှာ ချန်လွေ့က တမင်တကာ လှည့်စားခဲ့ခြင်း ဖြစ်သည်။ သူသာ ပြောချင်လျှင် ကုန်ကြမ်းအားလုံးကို အလွယ်တကူ ပြောနိုင်သည်။ ဤသည်မှာ [ သရုပ်ခွဲမျက်လုံး ] ၏ အစွမ်းထက်သော [အကဲဖြတ်ခြင်း] စွမ်းအားပင် ဖြစ်လေသည်။
ခုနက ဘလူအန် အံ့အားသင့်သွားသည်ဆိုလျှင် ယခုတွင် ထိတ်လန့်သွားခြင်း ဖြစ်သည်။ ဒီလက်ပတ်ကို ငါကိုယ်တိုင်လုပ်ခဲ့တာ။ အဲဒါကြောင့် ကုန်ကြမ်းတွေ အားလုံးကို ငါသိတယ်။ ငါက ကုန်ကြမ်း၁၀မျိုး အတိအကျ သုံးခဲ့တယ်။ ရစ်ချတ်က ဒါတွေကို အမှန်တကယ် ဖော်ထုတ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ကြယ်သဲ၊ ဆန်းကြယ် မှော်သဲ နဲ့ အခွံနံကျောက်စိမ်းတွေက အတိအကျပဲ။ အမြင်ကြောင့်သာ မဟုတ်ရင် သူက တခြားကုန်ကြမ်းတွေကို သေချာပေါက် ပြောပြနိုင်မှာ။ ဒီမှော်မျက်လုံးက ဘယ်လို သန္ဓေပြောင်းပါရမီမျိုးလဲ။ တကယ့်ကို တော်တော်လေး အစွမ်းထက်တယ်။
ချန်လွေ့၏ပါရမီက “နတ်ဆိုးဘုံ၌ ပြိုင်ဘက်ကင်းကြောင်း” ပြောခဲ့သည်ကို ဘလူအန် ကြားသည့်အခါ သူ အမြင်ကောင်းရှိခဲ့သော လူသစ်လေး၏ စိတ်မြန်လက်မြန် ဖြစ်မှုအပေါ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း ထို “ပြိုင်ဘက်ကင်းခြင်း”သည် ယခုတွင် လုံးဝ တိုက်တန်သွားပြီဟု ထင်ရလေသည်။
သူက အသိပညာတွေကို ပိုပြီးကျွမ်းကျင်နိုင်မယ်ဆိုရင် ဒီလိုပါရမီမျိုးက ပိုအားကောင်းတဲ့ သက်ရောက်မှုတွေ ထုတ်ပေးနိုင်မှာပြ။ ဒီတစ်ခုတည်းနဲ့တင် ငါ့အဖေရဲ့ တရားဝင် အလုပ်သင်တပည့်ဖြစ်ဖို့ လုံလောက်တယ်။
“မိန်းကလေး....”
သူ့အရှေ့တွင် ချန်လွေ့ ခေါင်းခါနေသည်ကို မြင်ရင်း ဘလူအန်က ငေးငိုင်နေရာမှ သတိပြန်လည်သွားသည်။ သူ ရှက်သွားရင်း ခေါင်းညိတ်လိုက်သည်။ “ရှင့်ရဲ့ ပါရမီက ဒီလောက်ကောင်းမယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မရှင့်ကို အဖေ့ဆီ အခုပဲ ခေါ်သွားမယ်။”