← Chapters

ဆရာ နှင့် ယှဉ်ပြိုင်မှု

Vol. 30 Ch. 439

ဆရာ နှင့် ယှဉ်ပြိုင်မှု

Vol. 30 Ch. 439

အကဲဖြတ်ဌာန ရုံးခန်း(၄)၌ ဆရာသခင် သူရိယက သူ့အရှေ့သို့ ထပ်မံ ရောက်ရှိလာသော ထူးဆန်းသည့် အလုပ်သင်တပည့်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေ လိုက်သည်။ အိုး။ ဟုတ်သားပဲ။ သူက အခုဆိုရင် ယန္တရားပညာရှင် ဖြစ်နေပြီ။ ခုနက ငါသူ့ကို အောင်ခွင့်ပေးလိုက်တာပဲ။

သူ့အပေါ် ငါနည်းနည်းလေး အမြင်ကောင်းတယ်။ သူ့ရဲ့ ယန္တရားပညာက ရှုပ်ပွ ပြီးတော့ အောင်ရုံပဲ ရှိတယ်။ အမ်း....ဒါပေမဲ့ သူ့ရဲ့အရက်တော့ မဆိုးဘူး။

မေးစရာရှိတာက ငါ့သမီး ဘလူအန်က ဘာလို့ သူ့နဲ့ ရှိနေတာလဲ။

ထိုအချိန်၌ ဘလူအန်က သူရိယနား လမ်းလျှောက်လာပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ပြောမပြီးသေးခင်မှာပင် ဆရာသခင် သူရိယ၏နှာခေါင်း ပို၍ နီရဲသွားသည်။ သူက မဟာနတ်ဆိုးဘုရင်အဆင့် ပါရမီကို အသက်သွင်းပြီး ချန်လွေ့ အရှေ့၌ ချက်ချင်း ပေါ်ထွက်လာကာ ချန်လွေ့၏ ဝတ်ရုံကို ဆွဲကိုင်လိုက်သည်။ “လူလိမ်ကောင်။ ငါ့ရဲ့အဖိုးတန် သမီးလေးကို ဒီလိုအချိန်တိုအတွင်း လှည့်စားဖို့အတွက် မင်း ဘာနည်းလမ်းတွေ သုံးခဲ့တာလဲ.....”

သူရိယ၏အမြင်၌ သူ၏သမီးမှာ အမြော်အမြင်ရှိပြီး မှန်ကန်သည်။ သူက တစ်စုံတစ်ယောက်အား အလွယ်တကူ အကြံပြုမည် မဟုတ်ပေ။ သူရိယသည် သူ့အရှေ့မှ အကြံပြုခံရသူ၏အဆင့် မည်မျှဆိုးဝါးကြောင်း သိသည်။ ထိုသူသည် ထူးခြားသော နည်းလမ်းများ အသုံးပြုခဲ့နိုင်ကြောင်း စဉ်းစားကြည့်၍ ရပေသည်။

သွေးဆောင်ဖြားယောင်းတာလား။ ဒါက အချိန်တိုလွန်းတယ်။ ပြီးတော့ သူရဲ့ ရုပ်ရည်ကလည်း သိပ်ပြီးမချောမောဘူး....

အရက်ကြောင့် ဆရာသခင် သူရိယက ဒေါသတကြီးမေးရန် ပြင်လိုက်စဉ် သူ၏ အဖိုးတန်သမီးထံမှ ဒေါသသံတစ်ခုကို ကြားလိုက်ရသည်။ “အဖေ။ သမီးကို စကားအဆုံးထိ ပေးပြောပါလား။”

အလွန်အမင်း ဒေါသထွက်နေဟန်တူသော နီမြန်းနေသည့် သမီးဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း သူရိယက လက်အမြန်လွှတ်လိုက်ကာ ချန်လွေ့ကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ကောင်လေး။ ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါမင်းကို ဘယ်ကိုကိုင်တွယ်မလဲဆိုတာ မင်းသိစေရမယ်။”

သူရိယ၏ အရက်နံ့များ စင်သွားသည့်အတွက် ချန်လွေ့ ပြောစရာစကား မဲ့သွားခဲ့သည်။ ဘလူအန်က ဆရာသခင်သူရိယကို ဘေးနားသို့ ဆွဲခေါ်ပြီး စကား အနည်းငယ် ပြောလိုက်သည်။ သူရိယ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အမူးပါပြေသွားသည်။ သူက ချန်လွေ့နားသို့ ရောက်လာပြီး ခြေအစ ခေါင်းအဆုံး ကြည့်လိုက်သည်။

အကြည့်ခံနေရရင်း ချန်လွေ့ ကြက်သီးထလာသည်။ ထို့နောက် ဆရာသခင် သူရိယက ဝတ်ရုံတစ်ခု ထုတ်လိုက်သည်။ “ငါ့ကို ဒီအဆင်တန်ဆာရဲ့ ဂုဏ်သတ္တိနဲ့ ကုန်ကြမ်းတွေ ပြောပြ။”

ချန်လွေ့ အလျင်အမြန် ဖြေလိုက်သည်။ “ဒါက လှုပ်ရှားမှု အမြန်နှုန်းကို ၃၂% တိုးစေသည်။ မှော်ထိခိုက်မှုကို ၂၀% လျှော့ချပေးတယ်။ ဒါကို ကုန်ကြမ်း၁၁မျိုးနဲ့ လုပ်ထားတာ။ ကြွက်ငါးအကျားနဲ့ ငွေအခွံမှုန့်ကိုပဲ ကျုပ်သိတယ်။ အဓိက ကုန်ကြမ်းကိုတော့ ကျုပ် မသိဘူး။ ဂုဏ်သတ္တိကတော့ ထိခိုက်မှု အတိုင်းအတာတစ်ခုကို အလိုလို ပြန်ပြည့် စေတာပဲ။ ဒီ အဆင့်တန်ဆာက တစ်ဝက်-ဒဏ္ဍာရီလာအဆင့်လို့ ယူဆလို့ရတယ်။ ဟုတ်တယ်မလား။”

“ဘာ ယူဆလို့ ရတာလဲ။ ဟုတ်ကိုဟုတ်တာ။” ဂုဏ်သတ္တိများနှင့် ကုန်ကြမ်း အရေအတွက် မှန်ကန်ကြောင်း ကြားလိုက်သည့်အခါ သူရိယ အံ့အားသင့်သွားပြီး ပျော်ရွှင်သွားသည်။ သို့သော်လည်း သူက ဆူလိုက်မိသည်။ “အဓိက ကုန်ကြမ်းက ‌မှော်ပုစဉ်းရင်ကွဲ တောင်ပံမျဉ်းပဲ။ မင်းဆရာက တကယ့်ကို မျိုးမစစ်ကောင်ပဲ။ မင်းကို ဒီလိုမျိုး အခြေခံကုန်ကြမ်း ဗဟုသုတတွေကိုတောင် မသင်ပေးခဲ့ဘူး။”

“ဆရာသခင်။ ကျုပ် ခင်ဗျားရဲ့ အကြံဉာဏ်ကို တကယ်လိုချင်ပေမဲ့ ကျုပ်ရဲ့ ဆုံးပါးသွားတဲ့ ဆရာကို မစော်ကားပါနဲ့။ မဟုတ်ရင် မစ်-ဘလူအန်ကိုတောင် ကျုပ် အကူအညီတောင်းတော့မှာ မဟုတ်ဘူး။” ချန်လွေ့ ဒေါသထွက်သွားပုံရသည်။ သူက ထိုစွမ်းရည် ထုတ်ပြလိုက်သည်နှင့် သူရိယ လက်လွှတ်မည် မဟုတ်ကြောင်း သိသည်။ ယေဘုယျအားဖြင့်ပြောရလျှင် အဆင်တန်ဆာ အကဲဖြတ်ခြင်းသည် အမျိုးမျိုးသော ဂုဏ်သတ္တိများကို တိတိကျကျ ဆုံးဖြတ်နိုင်ရန်အတွက် ဆရာသခင်အဆင့် အမြင်များနှင့် အထူးကိရိယာများ လိုအပ်ပေသည်။ ထိုသို့ခက်ခဲသော ကုန်ကြမ်းအကဲဖြတ်ခြင်းကိုမူ ပြောစရာပင် မလိုအပ်ပေ။

“ကောင်းတယ်။ သိပ်ကောင်းတယ်။” သူရိယက ဒေါသမထွက်ဘဲ ပျော်ရွှင်သွား၏။ သူက ဒီလိုမျိုး ထူးချွန်တဲ့ ပါရမီတစ်ခု ပိုင်ဆိုင်ထားတယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဓာတ် ကလည်း မဆိုးဘူး။ အနည်းဆုံးတော့ သူ့ရဲ့ ဆုံးပါးသွားတဲ့ ဆရာအပေါ်မှာ ကျေးဇူးတင်စိတ် ရှိနေသေးတယ်။ သူက ငါ့ရဲ့ အလုပ်သင်တပည့်ဖြစ်ဖို့ ကောင်းမွန်တဲ့သူ တစ်ယောက်ပဲ။ သူက ကုန်ကြမ်းဗဟုဟုတတွေကို ပိုကျွမ်းကျင်သွားဦးမယ်ဆို သူ့ရဲ့ ယန္တရားပညာ ဆိုးဝါးနေရင်တောင် အနည်းဆုံးတော့ ဆရာသခင်အဆင့် ပစ္စည်းကိရိယာ အကဲဖြတ်သူတစ်ယောက် ဖြစ်လာနိုင်တာပဲ။ သူက နောက်ပိုင်းကျရင် ယန္တရား အစည်းအရုံး တစ်ခုလုံးနဲ့ နတ်ဆိုးဘုံမှာတောင် အကောင်းဆုံး အကဲဖြတ် ဆရာသခင် တစ်ယောက် ဖြစ်လာနိုင်တယ်။

အကောင်းဆုံး အကဲဖြတ်ဆရာသခင်ရဲ့ ဆရာတစ်ယောက် ဖြစ်ရတာက..... သူရိယ၏ မျက်လုံးများ အရောင်‌တောက်သွားသည်။ “အခုကစပြီးတော့ မင်းက ငါ့ရဲ့ အလုပ်သင်တပည့်ပဲ။ အခုပဲ အစည်းအရုံးကို ငါ ကြေညာလိုက်မယ်။”

“အစည်းအရုံးကို ကြေညာမှာလား။ အဖေက တရားဝင် အလုပ်သင်တပည့် လက်ခံဖို့ စဉ်းစားနေတာလား။” ဘလူအန်က အံ့အားသင့်သွာပုံရသည်။ “ဟုတ်တယ်။ ထရပ်စ်နဲ့ ရော်ဂျာကို ခဏနေ စုခိုင်းလိုက်။ ငါတို့တွေ အတူတူ သွားစားကြမယ်။” သူရိယက ပျော်ရွှင်စွာ ထွက်သွားပြီးနောက် ရုတ်တရက် ပြန်လှည့်လာသည်။ “အမ်း...ရစ်ချတ်။ ဆရာ့ကို လောကဝတ်ပြုဖို့အတွက် ဝိုင်အရက် ပြင်ဆင်ထားဖို့ မမေ့နဲ့။”

ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် သူရိယက ရုံးခန်းထဲမှ ထွက်သွားလိုက်သည်။

ဘလူအန်က ချန်လွေ့ကို ပျော်ရွှင်စွာ လက်ကိုင်ပြီး ထွက်သွားလိုက်သည်။ “အဆင်ပြေသွားပြီ။ ရစ်ချတ်။ ထရပ်စ်နဲ့ ရော်ဂျာတို့က အဖေ့ရဲ့ နောက်ထပ် တပည့်နှစ်ယောက်ပဲ။ သူတို့ကို သွားတွေ့ကြရအောင်။”

နေပါဦး။ ဘာလို့ ဒီလူတွေက ငါ့ထက်မြင်ချက်ကို မမေးဘဲနဲ့ ဆုံးဖြတ်ချက် တစ်ခါတည်း ချနေရတာလဲ။ တကယ်တော့ ငါက နာမည်ခံ အလုပ်သင်တပည့်ခံပြီး စာကြည့်တိုက်မှာ သတင်းအချက်အလက်တွေကို သွားကြည့်ချင်ရုံပါ......။ ချန်လွေ့က ခါးသက်က်နှင့် ပြုံးလိုက်သည်။ သို့သော်လည်း ကိစ္စများမှာ ထင်ထားသည်ထက် ပိုမို ချောမွေ့နေပုံရသည်။ ဟုတ်တယ်မလား။ ကျောင်းသားလေး ရစ်ချတ်။

ခဏအကြာတွင် ဆရာသခင် သူရိယ၏ တရားဝင် အလုပ်သင်တပည့်လက်ခံသော သတင်း ပျံ့နှံ့သွားခဲ့သည်။ ဆရာသခင်သူရိယရဲ့ အမြင်က အမြဲတမ်း မြင့်မားတယ်။ ပြီးတော့ သူက အလုပ်သင်တပည့် လက်ခံတဲ့နေရာမှာလည်း တင်းကြပ်တယ်။ ဥက္ကဋ္ဌ နိတ်တောင် သူ့တူဖြစ်တဲ့ အီဘွဲကို သူရိယရဲ့ တပည့်အဖြစ် အကြံပြုခဲ့သေးတယ်။ ဒါပေမဲ့ သူ လက်မခံခဲ့ဘူး။ အခု သူက တကယ်ပဲ အလုပ်သင်တပည့်အသစ် တစ်ယောက်ကို လက်ခံခဲ့တယ်။ သူက အကဲဖြတ်မှုကို အောင်မြင်ပြီးခါစ ရှိသေးတဲ့ လူသစ် တစ်ယောက်လို့ ကြားထားတယ်။

အချိန်တစ်ခုကြာအောင် ယန္တရားအစည်းအရုံးမှ ဆွေးနွေးမှုများ ထွက်‌ပေါ်လာ၏။ အချို့က ထိုရစ်ချတ်သည် ပါရမီရှိပြီး ထူးချွန်ကြောင်း ယုံကြည်ကြသည်။ သူ့ကို အကဲဖြတ်နေစဉ်အတွင်း ဆရာသခင်သူရိယက သဘောကျသည့်အတွက် လက်ခံလိုက်ခြင်း ဖြစ်ပေမည်။ အချို့ကမူ ရစ်ချတ်က ဆရာသခင်သူရိယ၏ သမီးဖြစ်သူ ဘလူအန်နှင့် သိကျွမ်းနိုင်ရန်အတွက် ဟိုးကတည်းက ထိုသို့ စီစဉ်ခဲ့ပြီး နောက်ဆုံး၌ သူ၏ပန်းတိုင်ကို ‌ရောက်ရှိသွဦးသည်ဟု ယုံကြည်ကြသည်။ ထိုခန့်မှန်းချက်များမှာ အခြေအမြစ်မရှိသည် မဟုတ်ကြပေ။ တစ်ဦးထက်မနည်းက ရစ်ချတ်နှင့် ဘလူအန်တို့ စာကြည့်တိုက် ပထမအလွှာတွင် အချိန်အတော်ကြာ နေခဲ့ကြောင်း မြင်တွေ့ခဲ့ရလေသည်။

မည်သို့ပင်ဆိုစေကာမူ ရစ်ချတ် အမည်ရှိ ထိုသူသည် မနာလိုစရာကောင်းသော ဆရာသခင် သူရိယ၏ အလုပ်သင်တပည့် ဖြစ်နိုင်ခဲ့သည့် မောင်ကံကောင်းတစ်ယောက် ဖြစ်ပေသည်။ မနာလိုအဖြစ်ဆုံးမှာ အောင်မြင်မှုမရရှိဘဲ ဘလူအန်အား ပိုးပန်းနေသော အီဘွဲပင် ဖြစ်လေသည်။

ချန်လွေ့က ထိုကောလာဟလများကို မျက်ကွယ်ပြုထားခဲ့သည်။ သူ၏ အကြီးမားဆုံး ပန်းတိုင်မှာ စာအုပ်ပေါင်းချုပ်ခန်းမ အမြင့်ဆုံးအလွှာရှိ သတင်း အချက်အလက်များ ဖြစ်သည်။ ဆရာသခင် သူရိယက ချန်လွေ့ကို အတော်လေး တန်ဖိုးထားလေသည်။ သူက ချန်လွေ့၏ “အခြေခံ”ကို သေချာပျိုးထောင်ပေးနေသည်။ ချန်လွေ့သည် ၎င်းအတွက် ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူ ယန္တရားပညာ ကျွမ်းကျင်သည်မှာ စူပါစနစ်ကြောင့် ဖြစ်သည်။ ကိုယ်တိုင်လေ့လာမှုကြောင့် သူ၏အခြေခံ ပြည့်ဝသွားခဲ့သော်လည်း သိပ်ပြီး မကောင်းမွန်လှပေ။ ယခုမှသာ သူ၏ အခြေခံကို ပြန်လည်တည်ဆောက်နေသည်ဟု ယူဆ၍ ရနိုင်ပေသည်။

သို့သော်လည်း ဆရာသခင် သူရိယ အရှေ့၌ ချန်လွေ့က အဆင့်အမှန် ပြသမည် မဟုတ်သည်မှာ သေချာသည်။ သူက မယုံကြည်နိုင်စရာ မှတ်ဉာဏ်ကိုသာ ပြသခဲ့သည်။ သူ၏နားလည်သဘောပေါက်မှုများမှာတော့ ဆိုးဝါးနေဆဲပင် ဖြစ်သည်။ ဆရာသခင် သူရိယက တိုးတက်မှုကိုမြင်ရန် စိတ်မရှည်သကဲ့သို့ပင် တစ်ခါတစ်ရံ ဒေါသထွက်မိသည်။ သူတို့နှစ်ယောက်အတွက် ၎င်းမှာ အသေအချာပင် မချိတင်ကဲဖြစ်စေသော အရာတစ်ခု ဖြစ်နေလေသည်။

ဘလူအန်၏ အကူအညီနှင့်အတူ ဆရာသခင် သူရိယက ချန်လွေ့အား စာအုပ် ပေါင်းချုပ်ခန်းမ၏ ဒုတိယအလွှာသို့ ခေါ်သွားရန် သဘောတူခဲ့သည်။ လိုရမည်ရ ချန်လွေ့သည် မလိုအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် ဘလူအန်အား ဆက်ခ်ရက်တောင်နှင့် သြဇာယွမ်မြေအကြောင်း လျို့ဝှက်ထားရန် သဘောတူညီမှု ပြုလုပ်ခဲ့သည်။ ထိုအချိန်အတောအတွင်း ချန်လွေ့က ထိုအရာနှစ်ခုနှင့် ဆက်နွှယ်သော အရာများကို ဆရာသခင် သူရိယအရှေ့၌ ဖော်ပြခဲ့သည်။ သို့သော်လည်း ထူးထူးခြားခြား တုံ့ပြန်မှု မရှိခဲ့ပေ။ သူ မသိလောက်ပေ။ ကံ‌ကောင်းစွာပင် နောက်ဆုံး၌ ချန်လွေ့သည် ဒုတိယအလွှာ၌ စူးစမ်းရှာဖွေနိုင်ပြီ ဖြစ်သည်။

သူရိယကလည်း ကိုယ်ပိုင်အတွေးဖြင့် ချန်လွေ့အား ဒုတိယအလွှာသို့‌ ခေါ်လာခြင်း ဖြစ်သည်။ ဒီတပည့်ရဲ့ ပါရမီက တော်တော်လေး ကောင်းတယ်။ သူက ခေါင်ပါးတဲ့ နေရာမှာ အကြာကြီးနေခဲ့ရတဲ့ တစ်ဝက်ပဲ အရည်အချင်းပြည့်မီတဲ့ ဆရာတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရလို့ဖြစ်မယ်။ အဲဒါကြောင့် သူက ဉာဏ်အလင်း မပွင့်နိုင်ဘူး။ အလောတကြီး ပြောင်းလဲဖို့က တကယ် ခက်ခဲတယ်။ ဒီလို ခမ်းနားတဲ့ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ခံစားပြီး‌တော့ တိုးတက်အောင်လုပ်တာ သူ့အတွက် ပိုကောင်းမယ်။

အတိအကျ ပြောရရင်တော့ အခု သူ့ရဲ့ စာဖတ်နှုန်းကို တိုးမြှင့်ဖို့လိုတယ်။ သူ နားလည်လည် မလည်လည် အရင်ဆုံး မှတ်မိအောင် လုပ်ထားရမယ်။ တစ်နေ့ကျရင် သူက ယန္တရားပညာရဲ့ စစ်မှန်တဲ့ ဗဟိုချက်ကို ဖမ်းဆုပ်နိုင်လာလိမ့်မယ်။ နောက်တစ်လှမ်း ဆုတ်လိုက်မယ်ဆိုရင် ဒီလိုမျိုး ကုန်ကြမ်းစာအုပ်တွေရဲ့ ဗဟုသုတွေကို စုဆောင်းမှု တစ်ခုတည်းနဲ့တင် “မှော်မျက်လုံး”ရဲ့ လုပ်ဆောင်ချက်ကို ပိုတိကျစေပြီးတော့ ပြီးပြည့်စုံ စေတယ်။ သူရိယက သူ၏ အလုပ်သင်တပည့်ကို ပျိုးထောင်ပေးရန်အတွက် အတော်လေး စိတ်နှစ်ထားလေသည်။

ဆရာသခင်များက သူတို့၏ တပည့်များကို စာအုပ်ပေါင်းချုပ်ခန်းမ ဒုတိယအလွှာသို့ အခမဲ့ ခေါ်သွားနိုင်သည်။ သို့သော်လည်း သာမန်ယန္တရားပညာရှင်များက အကျိုးပြု အမှတ်များ အသုံးပြုရန် လိုအပ်သည်။ တတိယ အလွှာကိုမူ ဆရာသခင်များပင် အကျိုးပြု အမှတ် အတော်များများ အသုံးပြုရန် လိုအပ်ပေသည်။

ဒုတိယအလွှာသည် ပထမအလွှာထက် စာအုပ်ပိုနည်းသော်လည်း အတော်‌လေး ပိုမိုသမားရိုးကျဆန်ကာ ပြတ်သားပြီး ခေတ်မီသည်။ ချန်လွေ့က အလွန်လျင်မြင်စွာဖြင့် စာအုပ်တိုင်းကို လှန်လှောနေဆဲ ဖြစ်သည်။ ထိုကိုးရို့ကားရားမြင်ကွင်းကြောင့် ယန္တရား ပညာရှင်အများအပြား၏ အာရုံစိုက်မှု ခံလိုက်ရသည်။ သို့သော်လည်း သူ့ဘေးတွင် ဆရာသခင် သူရိယ ရှိနေသည့်အတွက် ၎င်းမှာ သူ စီစဉ်ထားသော “အထူးတာဝန်”တစ်ရပ် ဖြစ်မည်ဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် သူတို့လည်း ရှေ့တက်ပြီး မမေးကြည့်ပေ။ သူတို့က ချန်လွေ့ကို ခဏသာကြည့်ကြပြီး အာရုံမစိုက်ကြတော့ပေ။ သူတို့အားလုံးသည် ဤနေရာ၌ အကျိုးပြုအမှတ်များ သုံးစွဲနေရခြင်း ဖြစ်ပေသည်။

“သူရိယ။ ဒါက ရှင့်ရဲ့ တပည့်အသစ်လား။” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ မျက်မှန်ဝတ်ထားသော ဝတ်ရုံနက်နှင့် အမျိုးသမီး တစ်‌ယောက် ဖြစ်သည်။ သို့သော်လည်း သူ၏မျက်နှာ အေးစက်နေပြီး လူတိုင်းက သူ့ကို သလင်းကျောက်နက်ဒင်္ဂါး သန်းနှင့်ချီ အကြွေးတင်ထားသကဲ့သို့ ဖြစ်နေသည်။

ချန်လွေ့ ထိုအမျိုးသမီး၏ ရင်ဘတ်ပေါ်ရှိ ဆရာသခင်အဆင့် တံဆိပ်ပြားကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်မှ လိုက်လာသော ကောင်မလေးကို ကြည့်သည်။ ထိုသူမှာ အမှန်တကယ်ပင် ဘလူအန် ဖြစ်နေသည်။ သူ့တွင် သားရေကျွမ်းကျင်မှုအပြင် အဆင်တန်ဆာ၌လည်း ပါရမီထူးကြောင်း ဘလူအန် ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူက သွေးရောင်ဧကရာဇ် ယန္တရားအစည်းအရုံးမှ နောက်ထပ်ဆရာသခင်တစ်ယောက်ဖြစ်သည့် မာဗင်နာထံတွင် လေ့လာဆည်းဖူးနေသည်။

ယခုတွင် စာရင်းကိုင် အန်ရက္ကာမှာ ချန်လွေ့နှင့် မိတ်ဆွေ ဖြစ်နေပြီ ဖြစ်သည်။ အားလုံးသိသည်ဟု ကိုယ့်ကိုယ်ကိုယ် ပြောထားသော “စိတ်အားတက်ကြွသူ” က အတင်းအဖျင်းသတင်းများကို ပြောပြခဲ့သည်။ အဆင်တန်ဆာ၌ ဝါရင့် ဆရာသခင်မ တစ်ယောက်ဖြစ်သော မာဗင်နာသည် ‌အေးစက်သောမျက်နှာနှင့် ထူးဆန်းသော စရိုက်ကြောင့် လူသိများသည်။ သူက ကိုင်တွယ်ရအခက်ဆုံးသူများထဲမှ တစ်ယောက် ဖြစ်သည်။

သူရိယက မာဗင်နာကို မြင်လိုက်သည့်အခါ ထိုင်ခုံမှ အမြန်ထပြီး ဟန်လုပ် ပြုံးလိုက်သည်။ “ဆရာသခင်မ မာဗင်နာ ကိုး။ ရစ်ချတ်။ ဒီကိုလာပြီး ဆရာသခင်မ မာဗင်နာကို လာတွေ့လိုက်ပါဦး။”

ချန်လွေ့ လမ်းလျှောက်လာပြီး မာဗင်နာကို အရိုအသေ ပေးလိုက်သည်။ “ဆရာသခင်မ မာဗင်နာ။”

မာဗင်နာက ချန်လွေ့ကို လျစ်လျူရှုထားသည်။ သူ၏အကြည့်က သူရိယ၏ လက်ထဲရှိ ဝိုင်ပုလင်းပေါ်သို့ ရောက်သွားပြီး ရွံရှာလျက် မျက်မှောင်ကြုတ်လိုက်သည်။ “ရှင့်ဆီက ဝိုင်အနံ့ ပိုပြင်းလာသလိုပဲ။”

အကြောင်းတစ်ခုခုကြောင့် ပုံမှန်အားဖြင့် အပူအပင် ကင်းမဲ့နေသော သူရိယသည် မာဗင်နာအရှေ့တွင် ကြောက်နေပုံရသည်။ သူက စိတ်မသန့်ဘဲ ပြောလိုက်သည်။ “ဒါက ရစ်ချတ်ယူလာတဲ့ အရိပ်နက်အင်ပါယာရဲ့ အထူးထုတ်ကုန် ခရမ်းဘယ်ရီ ဝိုင်အရက်ပါ...”

မာဗင်နာက ချန်လွေ့က စိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်။ သူက စကားပြောရန် ပြင်လိုက်စဉ် နောက်ထပ် ကြောင်တောင်တောင် အသံတစ်သံ ထွက်လာပြီ။ “ငါသိပြီ။ လက်စသတ်တော့ ဆရာသခင် သူရိယ အလုပ်သင်တပည့်လက်ခံတာ ဒါကြောင့်ကိုး။ မင်းက သူ့ရဲ့ ဝိုင်အရက်ကို လက်ခံခဲ့တာပဲ။”

ထိုအသံကြောင့် သူရိယ၏မျက်နှာ ရုတ်တရက် အေးစက်သွားသည်။ “ဂျူးလိယက်။ ငါ ဘယ်လိုမျိုး တပည့်လက်ခံလဲဆိုတာ ငါ့ကိစ္စ။ အကြံပေးရအောင် မင်းက ဘာမို့လို့လဲ။”

အခြေအနေမှာ ပို၍စိတ်ဝင်စားစရာ ကောင်းနေဟန်တူသည်။ ချန်လွေ့သည် ဂျူးလိယက်ကို ကြားဖူးသည်။ ထိုသူသည် သတ္တုကျွမ်းကျင်မှုကို အထူးပြုသော အစည်းအရုံးမှ အကြီးတန်း ဆရာသခင်တစ်ယောက် ဖြစ်သည်။ တက်ကြွနေသူ၏ အတင်းအဖျင်းများအရ ဂျုးလိယက်သည် ဆရာသခင်မ မာဗင်နာကို စိတ်ဝင်စားနေသည်။ သို့သော်လည်း မာဗင်နာက လုံးဝ စိတ်မဝင်စားပေ။ ဘလူအန်ကြောင့် ဖြစ်ပေမည်။ မျက်နှာအေးစက်စက်ဖြစ်နေသော အမျိုးသမီးက အမူးသမား သူရိယကို အထူးတလည် အာရုံစိုက်နေဟန်တူသည်။

အထီးနှင့်အမ မဟုတ်လျှင် တောင်တစ်တောင်၌ ကျားနှစ်ကောင် နေရိုးထုံးစံ မရှိပေ။ ယခုတွင် ကျားထီးတစ်ကောင် ပိုလာလေပြီ။ သာမန်စိတ်ကိုင်းညွှတ်မှု ရှိကြသော အမျိုးသားနှစ်ယောက်အကြား၌ သူတို့သည် အချင်းချင်း တိုက်ခိုက်ကြသော ပြိုင်ဘက်များ ဖြစ်ကြပေသည်။

“တကယ်တော့ မင်း တပည့်လက်ခံတာက ငါ့အတွက် ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါလည်း အာ့ခ်လိုဆိုတဲ့ အလုပ်သင် တပည့်တစ်ယောက် လက်ခံခဲ့တယ်။ လူငယ်တွေ တိုးတက်ဖို့အတွက် ပြိုင်ဆိုင်မှုတွေ ရှိသင့်တယ်။ ငါရှုံးမယ်ဆိုရင် မင်းကို အကျိုးပြုအမှတ် ၅၀၀၀ ပေးမယ်။ အိုး....ငါ မေ့တော့မလို့။ မင်းက သောက်ပဲသောက်နေလို့ အကျိုးပြုအမှတ် တစ်ထောင်ကျော်ကျော်ပဲ ရှိတော့တာ။ သနားစရာပဲ။ ဒီလိုလုပ်ပါလား။ မင်းရှုံးရင် အမှတ် တစ်‌ထောင်ပဲပေး။ ငါမင်းကို အခွင့်အရေးပေးမယ်။ ဘယ်လိုလဲ။”

ဂျူးလိယက်၏စကားများထဲ၌ ထေ့လုံးများ ပြည့်နေသည်။ သူက လူတိုင်းအရှေ့၌ အထူးသဖြင့် မာဗင်နာအရှေ့တွင် သူရိယကို သိမ်ငယ်စေအောင် ပြုလုပ်ချင်နေသည်။ သူရိယက အလွန်ဒေါသထွက်သွားပြီး နှာခေါင်းများ ပို၍ပင် နီရဲသွားခဲ့သည်။ သို့သော် အာ့ခ်လိုက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဥက္ကဋ္ဌနိတ်ကပင် ချီးမွမ်းထားသည်။ “ရစ်ချတ်” သည် သူ့ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။ ကြည့်ရသည်မှာ သူကို ဆေးခါးခါးကို မျိုချရုံသာ တတ်နိုင်တော့လေသည်။

“ဘာလို့လဲ။ မင်းက ကြောက်နေပြီးတော့ ပြိုင်တောင် မပြိုင်ရဲတာလား။”

ဂျူးလိယက်က ရန်စနေဆဲပင် ဖြစ်သည်။ ဘလူအန်က ဖခင်ဖြစ်သူ ထိုကဲ့သို့ အရှက်ခွဲခံနေရကြောင်း မြင်သည့်အခါ လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။ သူ၏မျက်နှာ နီမြန်းသွားသည်။ သို့သော်လည်း သူသည် အာ့ခ်လို၏ ပြိုင်ဘက် မဟုတ်ပေ။ “ရစ်ချတ်” အတွက်ကိုမူ ပြောစရာပင် မလိုပေ။

ထိုအချိန်၌ ချန်လွေ့က ရုတ်တရက် ပြောလိုက်သည်။ “ဒါနဲ့ ဆရာ။ ဆရာက ကျုပ်ကို စာအုပ်ပေါင်းချုပ်ခန်းမရဲ့ တတိယထပ်ကို ခေါ်သွားမယ်လို့ ပြောတယ်မလား။ အခု တစ်ယောက်ယောက်က ကျုပ်တို့ကို အကျိုးပြုအမှတ်တွေ လာပေးနေတာပဲ။”

အကျိုးပြုအမှတ် ရှာရသည်မှာ ဆရာသခင် တစ်ယောက်အတွက်ပင် မလွယ်ကူပေ။ သူရိယက ချန်လွေ့က တတိယအလွှာသို့ သုံးလေးရက်ကြာ ခေါ်သွားမည်ဟု ကတိ ပေးခဲ့သည်။ သူက ထိုအလုပ်သင်တပည့်အတွက် ပေးဆပ်ချင်စိတ် ရှိပုံရသည်။ ချန်လွေ့က အဆိုးအကောင်းကို မသိသူတစ်ယောက် မဟုတ်ပေ။ သူက “တစ်လုပ်စားဖူး သူ့ကျေးဇူး” ဟူသော သဘောတရားကို သိသည်။ ယခုတွင် ဂျူးလိယက်က အမှတ်ပေးနေသည့်အတွက် ဆရာသခင် သူရိယ၏ စိတ်ကောင်းကို ရရှိရန်အတွက် ငှားလိုက်ရုံသာ ဖြစ်သည်။

မိမိ၏ အသစ်စက်စက် တပည့် ဆက်ပြောသည်ကို သူရိယ အံ့အားသင့်သွားသည်။ “ဒါဆို ဆရာသခင် ဂျူး (ကျူး = ဝက်)။ ကျုပ်က တပည့်ဖြစ်တာ သိပ်မကြာသေးဘူး။ ဒါကြောင့် ကျုပ်ဆရာက ကျုပ်ကို ပစ္စည်းကိရိယာ အကဲဖြတ်တာပဲ နည်းနည်းပါးပါး သင်ရသေးတယ်။ အဲဒါကို ပြိုင်ရဲလား။ တောင်းပန်ပါတယ်။ ကျုပ်က တောကလာလို့ စကားသိပ်ပြောမတတ်ဘူး။ ခွင့်လွှတ်ပေးပါ။ ဆရာသခင်။”

အမှန်တကယ်၌ ချန်လွေ့က သူ၏စွမ်းရည်အစစ်အမှန်ကို ပြသမည်ဆိုလျှင် အာ့ခ်လိုနှင့် ဂျူးလိယက်ကိုပင် အရှက်ရအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ သူ၏ လက်ရှိ သရုပ်ကြောင့်သာ ကန့်သတ်ခံနေရခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ “မှော်မျက်လုံး” ပါရမီက သူတို့ကို သင်ခန်းစာပေးရန် လုံလောက်ပေသည်။

“ဟမ့်။ မင်းဆရာက သတ္တိရှိမှတော့ မင်းရဲ့ အသစ်စက်စက် သင်ယူထားတဲ့ အကဲဖြတ် ပညာရပ်ကို ကြည့်ရတာပေါ့။” ဂျူးလိယက်က ထိုယန္တရားပညာရှင်လေး၏ ရိုင်းပျသော အမူအရာမှာ တမင်တကာဖြစ်ကြောင်း ခံစားမိသည်။ သူက တကယ့်ကို တောသားပဲ။ အာ့ခ်လိုရဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး။

အာ့ခ်လိုက နာမည်ကြီးနေတဲ့ သတ္တုနဲ့ အဆင်တန်တာ နှစ်သွယ်အထူးပြု ယန္တရား ပါရမီရှင် တစ်ယောက်ပဲ။ သူက ကုန်ကြမ်းတွေ့အပေါ်မှာ အတော်လေး ထူးခြားတဲ့ နားလည်မှုတွေ ရှိတယ်။ အကဲဖြတ်တာက သူအားသာတာတွေထဲက တစ်ခုပဲ။ အကဲဖြတ် ပြိုင်ဖို့အတွက် အကြံပြုတဲ့ ဒီယန္တရားပညာရှင်‌လေးက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။

သူရိယတို့ သားအဖနှစ်ယောက်၏ မျက်လုံးများ တစ်ပြိုင်နက်တည်း အရောင်တောက် သွားကြသည်။ “ရစ်ချတ်”မှာ ဒီလို ပါးနပ်တဲ့နည်းလမ်းတွေ ရှိမယ်လို့ ငါမထင်ထားခဲ့ဘူး။ ရုတ်တရက်ကြီး သူက သူအကောင်းဆုံးဖြစ်တဲ့ တစ်ခုတည်းသော ယှဉ်ပြိုင်မှုဆီကို ဆွဲခေါ်သွားလိုက်တယ်။ ထူးခြားလှတဲ့ မှော်မျက်လုံး ပါရမီနဲ့ဆိုရင် ငါတို့တွေ သေချာပေါက် အကျိုးပြုအမှတ် ၅၀၀၀ ရပြီပဲ။

သူရိယက ငတုံးတစ်ယောက် မဟုတ်ပေ။ သူက မျက်လုံးလှန်ကာ ချန်လွေ့အား ကြည့်ပြီး အပြစ်တင်ဟန် ဆောင်လိုက်သည်။ ထို့နောက် မာဗင်နာကို ကြည့်လိုက်ပြန်၏။ သူ အံကြိတ်ပြီး ပြောလိုက်သည်။ “ဘယ်သူက သတ္တိမရှိလို့လဲ။ လုပ်လိုက်စမ်းပါ။”

“ကောင်းပြီလေ။ ဆရာသခင် မာဗင်နာနဲ့ ဒီနေ့ ဒီမှာရှိတဲ့သူတိုင်းက ဒီပြိုင်ပွဲရဲ့ မျက်မြင်သက်သေတွေပဲ။” ဂျုးလိယက် အလွန်ပျော်သွားသူသည်။ သူသည် သူ့ကိုယ်သူ အတွက် တွင်းတူးနေပြီး တစ်လှမ်းချင်း သွားနေမိသည်ကို မသိခဲ့ပေ။

All Chapters