← Chapters

ဥပဒေသ။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်နှင့် ပြန်ကြုံတွေ့ခြင်း

Vol. 30 Ch. 448

ဥပဒေသ။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်နှင့် ပြန်ကြုံတွေ့ခြင်း

Vol. 30 Ch. 448

ဆက်ခ်ရက်ကို “အထွတ်အမြတ်တောင်တန်း”ဟုလည်း သိကြပေသည်။ သို့သော် ထို “လောက”မှ အချက်အလက်များမှာ အခြားနေရာများထက် ပိုမိုရိုးရှင်းသည်။ အချို့ အထူး ဒေသရင်းအပင်များနှင့် ဒေသရင်း တိရစ္ဆာများကိုသာ မိတ်ဆက်ပေးထားသည်။

ပေါက်ကွဲငှက် = စိတ်မြန်ကာ ကြိုက်ခြင်း၊ မကြိုက်ခြင်း ခံစားချက်ပြင်းထန်သည့် သန္ဓေပြောင်းငှက်။ အဆိပ်‌ရှိသော နှုတ်သီးနှင့် ခြေသည်းများရှိ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော ဂုဏ်သတ္တိရှိ။

ဂါဂိုယောင် = ပျံသန်းနိုင်သည့် ရှေးအဂ္ဂိရတ်ထုတ်ကုန်တစ်ခု။ သန္ဓေပြောင်းများ ဖြစ်ကြပြီး သီးခြားတွေးတောနိုင်စွမ်း၊ အားကောင်းသော ခုခံမှု၊ စိတ်ဝိညာဉ် မှော်ပညာကို လုံးဝခုခံနိုင်ခြင်း၊ မှော်ထိခိုက်မှုကို တစ်ဝက်လျှော့ချနိုင်ခြင်းတို့ ရှိသည်။

မန်တီကိုး = ခြင်္သေ့ခန္ဓာကိုယ်နှင့် ကင်းမြီးကောက်အမြီးရှိသော သန္ဓေပြောင်း နတ်ဆိုးသားရဲ။ လျင်မြန်စွာ လှုပ်ရှားနိုင်။ လက်သည်များက အဆိပ်ပြင်းထန်ပြီး ရန်သူကို သွက်ချာပါဒ ဖြစ်စေနိုင်။ အမြီးရှိ အဆိပ်ဆူးချွန်က လက်သည်းထက် ၁၀ခန့် အဆိပ်ပိုပြင်းထန်သည်။ စွမ်းအားကြီးပြီး ကြမ်းတမ်းသော နတ်ဆိုးသားရဲ ဖြစ်သည်။ ၎င်းသည် ကျုးကျော်သူကို အပြင်းအထန် တိုက်ခိုက်သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူက သလင်း‌ကျောက် တောင်ကြား၌ ဆာဘရီနာနှင့် မန်တီကိုးတို့၏ ပြင်းထန်သော တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့ နတ်ဆိုးသားရဲမှာ ကိုင်တွယ်ရ အလွန်ခက်ခဲသည်။ ထို့ပြင် မန်တီကိုး၏ တိုက်ခိုက်ရေး စွမ်းအားမှာ နှိပ်စက်မှုနှင့် စမ်းသပ်မှုများကြောင့် ထိုအချိန်က ကြီးကြီးမားမား လျော့ကျနေခဲ့သည်။ သာမန်နတ်ဆိုးဧကရာဇ်အဆင့်သည် ၎င်း၏ပြိုင်ဘက် မဟုတ်လောက်ပေ။

ထိုအချိန်၌ အဖြူရောင်တောင်တန်း၏ ကောင်းကင်ပေါ်တွင် အလွန်ကြီးမားသည့် အနက်ရောင်အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းကို မြင်လိုက်သည့်အခါ ချန်လွေ့ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။

၎င်းသည် ၁၀မီတာခန့် အလျားရှိသော ဧရာမနဂါးတစ်ကောင် ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ အသွင်အပြင်ရှိပြီး ကြေးခွံနက်ကဲ့သို့သော ချပ်ကာနှင့် တစ်ကိုယ်လုံး မည်းနက်နေသည်။ ၎င်းသည် အလင်းရောင်အောက်၌ အနက်ရောင် ကျောက်မျက် တစ်ခုကဲ့သို့ပင် ရောင်ပြန်ဟပ်နေလေသည်။

နဂါးနက် = အမှောင်အာငွေ့။ အဆင့်နိမ့်မှော်များကို လုံးဝခုခံနိုင်။ အဆင့်မြင့် မှော်များ၏ ထိခိုက်မှုကို ၉၀% လျှော့ချပေးနိုင်။ ပါရမီ ပိုအစွမ်းထက်လေလေ ခုခံနိုင်စွမ်း ပိုမြင့်လေလေဖြစ်ပြီး ၉၉% အထိ အမြင့်ဆုံး ရောက်ရှိနိုင်။ အခြားနဂါးများနှင့်ယှဉ်လျှင် ခုခံမှုနှင့် အမြန်နှုန်း အနည်းငယ် နိမ့်ကျသည်။

နဂါးနက်၏ ပါရမီများမှာ သလင်းကျောက်နဂါးနှင့် အတော်လေး ဆင်တူသည်။ ၎င်းတို့မှာ မှော်ပညာ၏ ဝိပါက်များ ဖြစ်ကြသည်။ မှော်ပညာကို လုံးဝပြီးသော သလင်းကျောက်နဂါးနှင့်ယှဉ်လျှင် နဂါးနက်မှာ အဆင့်နိမ့်မှော်ပြီးကာ အဆင့်မြင့် မှော်များကို ၉၀%အထိ ခုခံနိုင်သည်။( ၎င်းမှာ အခြေခံနံပါတ်သာဖြစ်ပြီး 99%အထိ အမြင့်ဆုံး ရောက်ရှိနိုင်သည်။ ) ၎င်းမှာ လုံးဝခုခံနိုင်လောက်သည့်နီးပါးပင် ဖြစ်သည်။ နဂါးနက်တွင် သလင်းကျောက်နဂါးမရှိသော အရာတစ်ခု ရှိသည်။ ၎င်းမှာ အဆင့်မြင့် ဆေးဝါးများ အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။

ဆက်ခ်ရက်တောင်တွင် မန်တီကိုးကဲ့သို့ သားရဲများသာမက နဂါးနက်များပင်ရှိကြောင်း မြင်လိုက်ရသည့်အခါ ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်မိသွားသည်။ ဒါကြောင့် တစ်ဖနီက သူ(စီးပွားရေးသမား စိုင်မွန်) သွားနိုင်တဲ့ နေရာမဟုတ်ဘူးလို့ ပြောခဲ့တာကိုး။

နောက်ပိုင်း မျိုးစိတ်များ၌ မိတ်ဆက်ပေးရာ၌ ချန်လွေ့သည် အချိန်အတော်ကြာ ရှာဖွေနေခဲ့သော သြဇာယွမ်မြေကို တွေ့ရှိသွားခဲ့သည်။

သြဇာယွမ်မြေ = မြေဒြပ်စင်အရင်းအမြစ်စွမ်းအားရှိသော အံ့အားသင့်စရာ ပစ္စည်းတစ်ခု။ ၎င်းသည် အမည်မသိ သန္ဓေပြောင်းလဲခြင်း အချို့ကိုပင် ဖြစ်စေနိုင်သည်။ သို့သော်လည်း ခန္ဓာကိုယ်ပေါ်၌ အားကောင်းသော အစိုင်အခဲဖြစ်တည်ခြင်း သက်ရောက်မှုတစ်ခု ရှိသည်။ အထူးသတ္တဝါ မဟုတ်သူများ အသုံးပြုရန် မသင့်တော်ပေ။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သြဇာယွမ်မြေက တကယ့်ကို အံ့အားသင့်စရာ အရာတစ်ခုပဲ။ တစ်ခုတည်းသော “ဘေးထွက်ဆိုးကျိုး”က ခန္ဓာကိုယ်ကို အစိုင်အခဲ ဖြစ်စေတာပဲ။ ဒါပေမဲ့ မြေဒြပ်စင်ကောင်တွေအတွက် ဒါက ထိခိုက်မှုမဟုတ်ဘဲ အကျိုးအမြတ် ဖြစ်လောက်တယ်။ ဒါကြောင့် အဆုံးမှာ ဒီလိုမျိုးမှတ်ချက် ရေးထားတာကိုး။

ဒီအချက်အလက်အတိုင်းဆိုရင် ဆက်ခ်ရက်တောင်က သွေးရောင်အင်ပါယာရဲ့ မြောက်ပိုင်းမှာရှိတဲ့ ဆက်ဖေးတောင်တန်းမှာ တည်ရှိတာပဲ။ နေရာအတိအကျကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ တည်နေရာအကြမ်းဖျင်းကိုတော့ ငါ သိထားပြီးပြီ။ ပြီးတော့ ဆက်ခ်ရက်တောင်ရဲ့ပုံစံကိုလည်း ငါသိတယ်။ ဒါက သဲလွန်စမရှိဘဲ ရှာနေတာထက် ပိုကောင်းတယ်။

ဆက်ခ်ရက်တောင်မှာ မန်တီကိုးနဲ့ နဂါးနက်လိုမျိုး ကြောက်စရာ သတ္တဝါတွေ ရှိတယ်။ ပြီးတော့ သြဇာယွမ်မြေရဲ့ တည်နေရာ အသေးစိတ်ကိုလည်း မသိရသေးဘူး။ ဒါပေမဲ့ ဒီအထိ ရောက်လာမှတော့ ငါ ဘယ်လိုလုပ် လက်လျှော့ရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ တစ်ချက်တော့ သွားကြည့်မှဖြစ်မယ်။

သြဇာယွမ်မြေအကြောင်း ရှာတွေ့ပြီးနောက်ဆုံး၌ ချန်လွေ့ စိတ်သက်သာရာ ရသွားခဲ့သည်။ အချိန်နည်းနည်း ကျန်သေးလောက်တယ်။ ငါ လျှောက်သွားပြီး တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ပိုစုဆောင်းရမယ်။

စတုတ္ထအလွှာရှိ “လောက”ထဲ၌ အမှန်တကယ်ပင် ကောင်းမွန်သော သတင်းအချက်အလက်များ ရှိနေသည်။ ၎င်းတို့မှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော အတွေ့အကြုံများနှင့် အသိပညာများ ဖြစ်ကြသည်။ ၎င်းတို့ကို မည်သူချန်ထားခဲ့မှန်း ဘယ်သူမှ မသိကြပေ။ ၎င်းတို့သည် အလွန်အမင်း လေးနက်ကြပြီး အရိပ်နက် အင်ပါယာရှိ ရှေးမှော်မျှော်စင်ကိုပင် ယှဉ်၍ရနိုင်သည်။

ချန်လွေ့က [ အထူးစိစစ်မှု ] ကို အသုံးပြုပြီး အချက်အလက်များနှင့် အသိပညာများ ရရှိရန်အတွက် မထပ်သော “လောကများ”ထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း သူ၏စိတ်ထဲရှိ ထူးဆန်းသော ခံစားချက်တစ်ခုက တဖြည်ဖြည်းနှင့် ထင်ရှားလာခဲ့သည်။ ထိုခံစားချက်မှာ အတော်လေး ရင်းနှီးလှသည်။ ၎င်းမှာ စတုတ္ထအလွှာတစ်ခုလုံးရှိ လွှမ်းမိုး ပျံ့နှံ့နေသော အငွေ့အသက်လိုမျိုးပင် ဖြစ်သည်။ ၎င်းသည် အဆက်မပြတ် ဖြစ်နေပြီး အဆုံးမဲ့ ဖြစ်နေသည်။ ၎င်းသည် ထို “လောကများ”၏ အရင်းအမြစ်နှင့် လည်ပတ်စေသော အား ဖြစ်နိုင်လောက်သည်။

ထို “လောကများ”ထဲသို့ ချန်လွေ့ “ဝင်ထွက်”သွားလေလေ၊ ခံစားချက် ပိုမို ပြင်းထန်လေလေပင် ဖြစ်သည်။ ၎င်းသည် ကျယ်ပြောပြီး အဆုံးမဲ့ကာ ဥတုရာသီ ပြောင်းလဲနေသလိုမျိုးပင် ဖြစ်သည်။ ချန်လွေ့သည် ၎င်းသည် တိကျသော ဘာသာစကားဖြင့် မဖော်ပြနိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ထဲရှိ ကြယ်စွမ်းအားသည်ပင် ထိန်းချုပ်၍မရဘဲ စတင်မတည်မငြိမ် ဖြစ်လာသည်။ ၎င်းမှာ အမည်မသိ အားများ ဦးဆောင်မှုကြောင့် ဖြစ်နိုင်သည်။

ချန်လွေ့သည် ခန္ဓာကိုယ်မှ ထူးဆန်းသော မတည်မငြိမ်မှုများကို ခံစားလိုက်မိပြီး ရုတ်တရက် အကြံရသွားကာ မျက်မှန်ကို ရဲရဲတင်းတင်း ချွတ်လိုက်သည်။

နိတ်က မျက်မှန်ကို မည်သည့်အချိန်မှ မချွတ်သင့်ကြောင်း ထပ်ကာထပ်ကာ ပြောခဲ့သော်လည်း ချန်လွေ့က အရာအားလုံးသည် အလိုလို ဖြစ်နေသကဲ့သို့ပင် မျက်မှန်ကို ချွတ်ပစ်လိုက်သည်။

ချန်လွေ့ မျက်မှန်ချွတ်လိုက်သည်နှင့် ခေါင်းကို ရိုက်မိသွားသလို ခံစားလိုက်ရသည်။ မြင်ကွင်းအားလုံး အလျင်အမြန်ပင် ပြောင်းလဲသွားခဲ့သည်။ လောကများနှင့် ကုန်ကြမ်းများအားလုံး ပျောက်ကွယ်ကုန်သည်။ ကောင်းကင်ထက်၌ လည်ပတ်နေပြီး တလက်လက်ဖြစ်နေသော သင်္ကေတ အကြီးအငယ်များသာ ရှိနေတော့သည်။

ထိုသင်္ကေတများကို မြင်လိုက်ရသည့်အခါ ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ရှေးမှော်စာတွေ။ ဒါတွေအားလုံးက ရှေးမှော်စာတွေပဲ။ စကားတစ်လုံးတွေ အခြေခံတွေ မဟုတ်ဘူး။ “လောက”တစ်ခုလုံးကို ရှေးမှော်စာတွေနဲ့ လုပ်ထားတာပဲ။

အရင်က ငါနဲ့ဇိုလာတို့ လေ့လာနေခဲ့တာက စကားလုံးတွေ၊ ဝါကျတိုတွေနဲ့ အများဆုံး စာပိုဒ်တွေဆိုရင် ငါ့အရှေ့မှာရှိတဲ့ ရှေးမှော်စာတွေက ပြီးပြည့်စုံပြီးတော့ အဆက်အစပ်ရှိတဲ့ လက်ရာမြောက်တစ်ခုပဲ။ စတုတ္ထလွှာတစ်ခုလုံးရဲ့ အံ့သြဖွယ်ရာတွေနဲ့ အပြင်ထွက်သွားရင် အရေးမပါတဲ့ မှတ်ဉာဏ်တွေ မေ့သွားတဲ့ ထူးဆန်းတဲ့ ခံစားချက်က ရှေးမှော်စာတွေရဲ့ သက်ရောက်မှုတွေပဲ။

ရှေးမှော်စာအားလုံးက အဲဒီအခြေခံ မှော်စာ၁၈ခုကနေ ဆင်းသက်လာတာ။ တရုတ်အက္ခရာတွေရဲ့ အခြေခံတွေလိုမျိုးပဲ။ ဒါပေမဲ့ အဲဒါက တကယ့်ကို ပထမအဆင့်။ ဇိုလာနဲ့ငါက ကျောက်ပြား၁၈ခုကနေ ဆင်းသက်လာတဲ့ အခြေခံမှော်စာ သင်္ကေတတွေ ကိုတောင် ပြည့်ပြည့်ဝဝ နားမလည်သေးဘူး။ စကားလုံးအားလုံးကို ငါတို့ သိရင်တောင် ပြီးပြည့်စုံတဲ့ လက်ရာတစ်ခုကို မပြောနဲ့။ စာပိုဒ်တစ်ခုကိုတောင် ငါတို့ ရေးနိုင်တယ်လို့ မဆိုနိုင်ဘူး။

ပြီးတော့ ငါ့အရှေ့မှာရှိတဲ့ “လောက”ဆိုတာက ပြီးပြည့်စုံပြီးတော့ ခမ်းနားထည်ဝါတဲ့ “လက်ရာ”တစ်ခုဆိုတာ အသေအချာပဲ။

တကယ်လို့ ဇိုလာသာ ဒီမှာရှိနေမယ်ဆိုရင် တော်တော်လေး စိတ်လှုပ်ရှားမှာ သေချာတယ်။ ဒီမှာ မသိသေးတဲ့ ရှေးမှော်စာစကားစုတွေ၊ အခြေခံတွေနဲ့ စာပိုဒ် အချိတ်အဆက်တွေပ် ရှိနေတယ်။ ဒီထဲမှာ ဖန်တီးထားတဲ့ “လောကတွေ”ကို မပြောနဲ့။ ဒီရှေးမှော်စာတစ်ခုတည်းကပင် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်နေပြီ။

ချန်လွေ့က [ အထူးစိစစ်မှု ] ကို အသက်သွင်းခဲ့သော်လည်း ထို “အဖိုးမဖြတ်နိုင်သည့် ရတနာများ”ကို အနီးကပ်သွားကြည့်ရန် နောက်ကျသွားလေပြီ။ အကြောင်းမှာ သူ၏ခန္ဓာကိုယ်၌ ဖြည်းဖြည်းချင်း စီးဆင်းနေသော အားက ထို “အမြင်” ကြောင့် ဆူပွက်လာသည့်အတွက်ပင် ဖြစ်လေသည်။ ၎င်းသည် မဖိသိပ်နိုင်သော အခြေအနေသို့ ရောက်ရှိလာခဲ့လေသည်။

ထိုဆူပွက်မှုနှင့်အတူ နေရာလွတ်တစ်ခုလုံးရှိ ရှေးမှော်စာများ စတင်ပြောင်းလဲ လာသည်။ အားကောင်းသော အန္တရာယ်ရှိ အငွေ့အသက်လှိုင်းများက ကောင်းကင် တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ ထိုကျယ်ပြောပြီး အဆုံးမဲ့သော စွမ်းအားနှင့်ယှဉ်လျှင် ချန်လွေ့သည် နေရာလွတ်ထဲ၌ မပြောပလောက်သော ဖုန်မှုန့်တစ်ခုသာ ဖြစ်နေသည်။ ၎င်းကို တားဆီးရန် လုံးဝမဖြစ်နိုင်ပေ။ ထိုအငွေ့အသက်က သက်ရှိခန္ဓာကိုယ် တစ်ခုသာဆိုလျှင် သူ့ကို လုံးဝသုတ်သင်ရန်အတွက် အတွေးတစ်ချက်သာ လိုအပ်လေ၏။

ထိုအချိန်၌ ချန်လွေ့သည် တယ်လီပို့ခုန်၍ မရသလို [ ကြယ်တာရာဂိတ် ] ကိုလည်း အသုံးပြု၍ မရတော့ပေ။ နောက်ဆုံး၌ ချန်လွေ့သည် ထိုလျို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲ၌ ရှိနေသည့် ရင်းနှီးသော အငွေ့အသက်ကို သဘောပေါက်သွားပြီး ထိတ်လန့်သွားခဲ့သည်။

ပိုင်နက်......

ဒီလိုပိုင်နက်မျိုးက သာမန်အဆင့်စွမ်းအားတော့ မဖြစ်နိုင်ဘူး။ ‌ပြောရမယ်ဆိုရင် နတ်ဆိုးဧကရာဇ်အဆင့်နဲ့ နတ်ဆိုးအရှင်သခင်အဆင့်တွေရဲ့ ပိုင်နက်တွေက လှိုင်းထန်တဲ့ မြစ်တစ်ခုအရှေ့က စမ်းချောင်းငယ်လေး တစ်ခုလိုပဲ။ ဒါက နတ်ဘုရား-တစ်ပိုင်း ပိုင်နက်ပဲ။

သွေးရောင်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးမှာရှိတဲ့ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာက တကယ်တော့ ရှေးမှော်စာတွေနဲ့ တည်ဆောက်ထားတဲ့ နတ်ဘုရား-တစ်ပိုင်း ပိုင်နက် ဖြစ်နေတာပဲ။

နတ်ဘုရား-တစ်ပိုင်း ပိုင်နက်ကို ရင်ဆိုင်ရသည်မှာ ချန်လွေ့အတွက် ပထမဆုံး အကြိမ် မဟုတ်ပေ။ ယခင်တစ်ခေါက်မှာ သက်တန့်တောင်ကြား စမ်းသပ်မှု၌ ဖြစ်သည်။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက် အငွေ့အသက်၏ တစ်စွန်းတစ်စသည်လည်း နတ်ဘုရား-တစ်ပိုင်း ပိုင်နက် ဖြစ်သော်လည်း သူ၏အရှေ့၌ ပြီးပြည့်စုံသောပိုက်နက်ကို “တစ်စွန်းတစ်စ”နှင့် လုံးဝယှဉ်၍မရနိုင်ပေ။ ၎င်းသည် ဖျက်ဆီးခြင်း ဥပဒေသ မဟုတ်ပေ။ ချန်လွေ့က ၎င်းကို လက်ခံရန် သို့မဟုတ် ရှောင်တိမ်းချင်လျှင်ပင် မည်သည့်အားကိုမှ အသုံးပြု၍ ရမနေပေ။

ချန်လွေ့ ချက်ချင်း ပျောက်ကွယ်သွားတော့မည့်အချိန်၌ ထိုကြောက်မက်ဖွယ်ရာ စွမ်းအား သူ့ကို ထိသွားသောအခါ စည်းမျဉ်းအချို့ကြောင့် “ချော်ထွက်”သွားပုံရသည်။ ချန်လွေ့သည် “ခြွင်းချက်”တည်ရှိမှုတစ်ခု ဖြစ်နေဟန်တူသည်။

ထိုဖြစ်စဉ်မှာ ချန်လွေ့၏ မထင်ရှားသော စွမ်းအားကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံ၏ လုပ်ဆောင်ချက် ဖြစ်လေသည်။

ထိတ်လန့်သွားသော ချန်လွေ့က နောက်ဆုံး၌ သတိပြန်ဝင်လာခဲ့သည်။ ရုတ်တရက် သူသည် ဝတ်ရုံနှင့် မျက်မှန်တို့၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ဒီနတ်ဘုရား-တစ်ပိုင်း ပိုင်နက်က မူမမှန်တဲ့ ခံစားချက် အတက်အကျနဲ့ တိုက်ခိုက်မှုတွေကို အာရုံခံနိုင်တယ်။ မျက်မှန်ရဲ့လုပ်ဆောင်ချက်က ဝတ်ဆင်သူရဲ့ ခံစားချက် အတက်အကျကို ကာကွယ်ပေးဖို့နဲ့ ထူးဆန်းတဲ့စွမ်းအင်ရှိတဲ့ ဒီသင်္ကေတတွေကို ဝတ်ဆင်သူ မမြင်နိုင်အောင်လို့ ရှေးမှော်စာအရင်းအမြစ် ပုံစံကို စစ်ထုတ်ပေးတာ။ ဝတ်ဆင်သူက ရှေးမှော်စာတွေ ဖော်ပြထားတဲ့ “လောကတွေ”ကိုပဲ မြင်နိုင်မှာ။

ဝတ်ရုံမှာ ပိုင်နက်ထဲက “အထူးစည်းမျဉ်း”တစ်ခုခု ရှိနေနိုင်တယ်။ အခြေအနေကို ထိန်းချုပ်တဲ့သူ မရှိတဲ့အချိန်တွေမှာ ဒီ “အထူးစည်းမျဉ်း”က ပိုင်နက်စွမ်းအားရဲ့ သာမန် ကျုးကျော်မှုတွေဆီကနေ အသုံးပြုသူတွေကို ကာကွယ်ပေးနိုင်တယ်။ ဒါက သက်ဆိုင်ရာ အထူးအခွင့်အရေးရှိတဲ့ အဆင့်မြင့် အရေးကြီးပုဂ္ဂိုလ်အကောင့်နဲ့ နည်းနည်း ဆင်တူတယ်။

ထိုအကြောင်းများကို သိရှိသွားပြီးနောက် ချန်လွေ့ တည်ငြိမ်သွားခဲ့သည်။ ပိုင်နက်ထဲရှိ မတည်ငြိမ်မှုများ အမှန်တကယ် ငြိမ်သက်သွားခဲ့သော်လည်း ဒီရေကဲ့သို့ စွမ်းအားက သူ့ဆီသို့ အရှိန်ဖြင့် ရောက်လာနေဆဲပင် ဖြစ်သည်။ ကံကောင်းစွာပင် ဝတ်ရုံ၏ အထူးစည်းမျဉ်းက တည်ရှိနေသေးသည်။ ထို့ကြောင့် သူ မထိခိုက်ခဲ့ပေ။

ထင်ထားသည့်အတိုင်းပင် နတ်ဘုရား-တစ်ပိုင်း ပိုင်နက်မှာ မရိုးရှင်းလှပေ။ ချန်လွေ့က မျက်မှန်ဝတ်တော့မည့်အချိန်၌ ရုတ်တရက် သူ၏စိတ်ပြောင်းသွားခဲ့သည်။ သူက နတ်ဘုရား-တစ်ပိုင်းအဆင့်စွမ်းအားက သူ့ထံသို့ ဝင်သွားစေလိုက်သည်။ သူက ခန္ဓာကိုယ်ထဲရှိ လှိမ့်တက်လာသောစွမ်းအားကို မထိန်းချုပ်ဘဲ စိတ်ကို အေးအေး ထားလိုက်သည်။ ထို့နောက် [ သရုပ်ခွဲမျက်လုံး ] ၏ [ စိစစ်မှု ] စွမ်းရည်ကို အသုံးပြုလိုက်သည်။ အလွန်ကြီးမားသောအား မငြိမ်မသက် ဖြစ်နေသည့်တိုင် သူက လျို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

ယခင်တစ်ခေါက် သက်တန့်တောင်ကြားရှိ နတ်ဘုရား-တစ်ပိုင်း နေရာလွတ်ထဲ၌ ချန်လွေ့သည် အခြေခံ ဥပဒေသ တစ်စိတ်တစ်ပိုင်းကို ခံစားမိခဲ့ဖူးသည်။ ၎င်းသည် သူ၏ ပိုင်နက်စွမ်းအားကို ကြီးကြီးမားမား တိုးတက်သွားစေခဲ့သည်။ ယခုတွင် ပို၍ ပြီးပြည့်စုံကာ စွမ်းအားကြီးသော နတ်ဘုရား-တစ်ပိုင်း လောကထဲ၌ သူ၏ အခြေခံဥပဒေသအပေါ် နားလည်မှု ပိုမိုအားကောင်းစေနိုင်ပြီး ပိုမိုပြီးပြည့်စုံအောင် လုပ်နိုင်တော့ပေမည်။

ထင်ထားသည့်အတိုင်းပင် [ အထူးစိစစ်မှု ] ၏ အချက်လက် စုဆောင်းမှုအောက်၌ ထိုကဲ့သို့ အတွေးအမြင် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ယခင်က မရှိခဲ့သော အရာများစွာ ရှိနေသကဲ့သို့ ဖြစ်သွားသည်။ ၎င်းမှာ စက္ကူပြတင်းပေါက် အပေါက်ခံလိုက်ရသလိုမျိုးပင် ဖြစ်သည်။ ချန်လွေ့က အတွေးအမြင်အသစ်များ ရရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအားက ပြင်ပအားနှင့် စတင်ညီမျှလာပြီး စီးချက်ညီသကဲ့သို့ ဖြစ်သွားခဲ့သေးသည်။

၎င်းမှာ တန်ဖိုးရှိသော ရုတ်တရက် နားလည်သဘောပေါက်ခြင်းမျိုး ဖြစ်သည်။

သို့သော်လည်း ပတ်ဝန်းကျင်မှာ ဟာသ မဟုတ်ပေ။ ပဲ့တင်ထပ်မှုက ဝတ်ရုံ၏ အကာအကွယ် စွမ်းအားကို ဖိနှိပ်နိုင်သွားသည်နှင့် ပိုင်နက်ထဲရှိ ကြောက်မက်ဖွယ်ရာ အငွေ့အသက်သည် ချန်လွေ့ကို ချက်ချင်း ပြာအဖြစ် ပြောင်းလဲပေးနိုင်ပေသည်။ ၎င်းသည် အသက်အန္တရာယ် ခြိမ်း‌ခြောက်နိုင်သော်လည်း နတ်ဆိုးဧကရာဇ်အဆင့်မှာပင် ဥပဒေသကို နားလည်ရန်အတွက် နတ်ဘုရား-တစ်ပိုင်း ပိုင်နက်စွမ်းအားကို အသုံးချသူမှာ ချန်လွေ့ ပထမဆုံး ဖြစ်သည်။

ပြောင်းလဲမှုများအားလုံးသည် မူလနိယာမများမှ မသွေဖည်သွားသည့်အတွက် နတ်ဘုရား-တစ်ပိုင်း ပိုင်နက်၏ လျို့ဝှက်ဆန်းကြယ်မှုကို ချန်လွေ့ နားမလည်ချင်ပေ။ သူ လုပ်ချင်သည်မှာ အနာဂတ်၌ ကိုယ်ပိုင်စွမ်းအား ခွဲထွက်စေရန် သုံးနိုင်မည့် သူ၏ ကိုယ်ပိုင်အခြေခံဥပဒေသကို ကျစ်လစ်ပြီး နက်ရှိုင်းစေရန် ဖြစ်သည်။

“လောက”တစ်ခု၌ တရားရှုမှတ်ကာ နားလည်သဘောပေါက်ရန် ပြုလုပ်နေသော နိတ်က သူ၏ပတ်ပတ်လည်မှ ထူးဆန်းမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ လောက မြင်ကွင်းများမှာ တစ်ခုခု၏ နှောင့်ယှက်မှုကြောင့် ပြင်းပြင်းထန်ထန် ပြောင်းလဲပြီး တုန်ခါနေလေသည်။ နိတ်က အကြာကြီး မနေရဲတော့ပေ။ သူက ထို “လောက”မှ အမြန် ပြန်ထွက်လာလိုက်သည်။ သို့သော်လည်း သူတို့ပထမဆုံး ဝင်ရောက်ခဲ့သော လောကများ၏ “မီနူးကြီး”ဆီသို့ ရောက်လာသောအခါ ရုတ်တရက် သူ သိမ့်သိမ့်တုန် သွားခဲ့သည်။

“ရစ်ချတ်”က လေထဲ၌ ရစ်ဝဲနေသည်ကို နိတ် မြင်လိုက်ရသည်။ ထို့နောက် ချန်လွေ့သည် အမြင့်သို့ရောက်သွားပြီး အောက်ပြန်ကျသွားပြန်သည်။ နိတ်ကို ထိတ်လန့်သွားစေသည်မှာ ရစ်ချတ်၏မျက်နှာပေါ်တွင် မျက်မှန် မရှိနေခြင်းပင်။ သူက မျက်လုံးများ မှိတ်ထားပြီး ထိန်းချုပ်၍မရသော ခန္ဓာကိုယ်ကြောင့် သေသွားသကဲ့သို့ ဖြစ်နေစေသည်။

မိုက်မဲလိုက်တဲ့ကောင်။ ငါသူ့ကို အရင်က ပြောခဲ့တယ်။ ဒါပေမဲ့ သူက တကယ်ကြီး မျက်မှန်ကို ချွတ်ပစ်ခဲ့တယ်။ နတ်ဆိုးဘုံရဲ့ ထိပ်တန်းဆရာသခင်ဖြစ်တဲ့ ငါတောင် ဒီလိုမျိုး မလုပ်ရဲဘူး။ ဒီကောင်က တကယ်ပဲ.....

“ရစ်ချတ်”၌သာ အကြီးမားဆုံး အသုံးချတန်ဖိုး ရှိမနေခဲ့လျှင် နိတ်သည် သူ၏ နားလည် သဘောပေါက်မှုကို နှောင့်ယှက်သည့် ထိုသူကို ကိုယ်တိုင်စုတ်ဖြဲရန် စောင့်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်၌ နိတ်၏မျက်မှန် ရုတ်တရက် အနီရောင်လင်းလာသည်။ ဒီမှာနေရမယ့် အချိန်အကန့်အသတ် နီးကပ်နေပြီ။ အန္တရာယ်ရှိတယ်။

All Chapters