← Chapters

နိတ်၏ စိတ်ရင်းအမှန်

Vol. 30 Ch. 449

နိတ်၏ စိတ်ရင်းအမှန်

Vol. 30 Ch. 449

မျက်မှန်မှ သတိပေးချက်ကြောင့် နိတ်သည် လေထဲ၌ နိမ့်လိုက်မြင့်လိုက် ပျံဝဲနေသော ချန်လွေ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက အံကြိတ်ပြီး ဝတ်ရုံမှ အနီရောင် သော့ခလောက်ကို ချက်ချင်းပင် ဖိခြေလိုက်သည်။ သူ၏ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားပြီး စတုတ္ထအလွှာရှိ ဂိတ်တံခါးအပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။

နိတ်ထွက်သွားသည်ကို ချန်လွေ့လည်း ခံစားလိုက်မိသည်။ သူက နိတ်၏ မုန်းတီးသော ခံစားချက်ကိုပင် သေသေချာချာ ခံစားခဲ့ရသည်။ ချန်လွေ့၏ လက်ရှိ အာရုံခံမှုမှာ နတ်ဘုရား-တစ်ပိုင်းပိုင်နက်နှင့် အလွန်သိမ်မွေ့သောအဆင့်အထိ တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။ သူ၏ ဥပဒေသအပေါ် နားလည်မှုသည်လည်း အဆုံးစွန်သို့ နီးကပ်လာခဲ့လေသည်။ 

သို့သော် ချန်လွေ့လည်း မျက်မှန်မှ သတိပေးချက်ကို ခံစားခဲ့ရသည်။ နိတ်က သူ၏ “သားကောင်”အား မတုံ့မဆိုင်းဘဲ လက်လျှော့လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အမှန်တကယ်ပင် အရေးကြီးလှပေသည်။

“စတုတ္ထအလွှာတွင် ဆရာသခင် တစ်ယောက်မက သေခဲ့”ကြောင့် နိတ် ပြောခဲ့သည်မှာ ခြောက်လှန့်ရန်သက်သက်သာ မဟုတ်နိုင်ပေ။ ချန်လွေ့သည် ဝတ်ရုံပေါ်မှ “ဥပဒေသ”တစ်ခု တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်း အာရုံခံမိလိုက်သည်။ ထို “ဥပဒေသ”မှတစ်ဆင့် ပျံ့နှံ့လာသော အန္တရာယ်ခံစားချက်ကလည်း ရုတ်တရက် တိုးပွားလာသည်။ အချိန်ကုန်တော့မယ်။

ဝတ်ရုံပေါ်မှ အကာအကွယ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ပျော်ကွယ်သွားသည်နှင့် အငွေ့အသက် အနည်းငယ်ကပင် “ပြင်ပအရာ” ဖြစ်သော ချန်လွေ့အား ချေမှုန်းပစ်နိုင်ပေသည်။

၎င်းမှာ လုံးဝပျက်စီးခြင်း ဖြစ်သည်။ [ အသစ်ပြန်ဖြစ်ခြင်း ] လုပ်ဆောင်ချက်ဖြင့်ပင် ပြန်လည် မရှင်သန်နိုင်ပေ။ ချန်လွေ့သည် အနီရောင် သော့ခလောက်အား ကိုင်ထားလိုက်မိသည်။

သို့သော်လည်း နားလည်သဘောပေါက်မှုမှာ ပြီးလုနီးပါး ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးမှာ အလွန်ရှားပါးလှပေသည်။ နိတ်ထွက်သွားသော ပုံစံကို ကြည့်ခြင်းအားဖြင့် ယခုတစ်ခေါက်၌ ချန်လွေ့ထင်ထားသောအရာ ဖြစ်မလာသည့်တိုင် စတုတ္ထအလွှာသို့ နောက်တစ်ကြိမ် ဝင်ခွင့်မရလောက်တော့ပေ။ သူ ပြန်ရောက်လာလျှင်ပင် ထိုကဲ့သို့ စိတ်ဝိညာဉ် ကွန့်မြူးမှုမျိုးကို ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ သြဇာယွမ်မြေအကြောင်း သိရှိပြီးနောက် ချန်လွေ့သည် သွေးရောင်အင်ပါယာမြို့တော်မှ ထွက်သွားပြီး မြောက်ဘက်ရှိ ဆက်ဖေးတောင်တန်းသို့ ဦးတည်ကာ ဆက်ခ်ရက်တောင်ကို သွားရှာရမည် ဖြစ်သည်။

ဝတ်ရုံမှ ဥပဒေသ ပိုမိုပျောက်ကွယ်သွားပြီး အချိန်မရွေး ပြိုလဲနိုင်သည့် အန္တရာယ် တစ်ခု ရှိလာသည်။ သေရေးရှင်ရေး အခြေအနေ၌ ချန်လွေ့က စိတ်တည်ငြိမ်သွားသည်။ သူက ဉာဏ်ကွန့်မြူးသော လျို့ဝှက်ဆန်းကြယ်သည့် အခြေအနေ၌သာ ဆက်လက် နေနေသည်။ ယူဆောင်လာသော မယုံနိုင်စရာ အမြင်သစ်များက မကြုံစဖူး ကြည်လင်မှုများဖြင့် စုစည်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအပေါ်သို့ သက်ရောက်နေသော ပြင်ပလှိုင်းများလည်း လျော့ကျသွားခဲ့သည်။ ၎င်းသည် တဖြည်းဖြည်းနှင့် သီးခြား စက်ဝိုင်းတစ်ခု ဖြစ်သွားကာ စစ်တုရင် ကစားနည်းထဲရှိ ကိုယ်ပိုင် ကစားနည်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။

အတိအကျပြောရလျှင် ၎င်းမှာ ပိုင်နက်အတွင်းမှ ပိုင်နက်တစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းမှာ နတ်ဘုရား-တစ်ပိုင်းအဆင့် ပိုင်နက်အတွင်းရှိ ပိုင်နက်တစ်ခုပင် ဖြစ်လေသည်။

အတွေးအမြစ်အသစ်များ ပြီးစီးတော့မည့်အချိန်၌ “တီတီ” အသံတစ်ခုက တိုးတိုးလေး ထွက်ပေါ်လာသည်။ ဝတ်ရုံတစ်ခုလုံးလည်း စတင်ပျက်စီးလာပြီး မျက်စိဖြင့် မြင်နိုင်သော အကွာအဝေးအတွင်းမှာပင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ ပိုင်နက်စွမ်းအားကး ဝတ်ရုံကို အဆုံးသတ်ပြီးနေားက် ချန်လွေ့ကို ဝိုင်းရံရန် ပြင်လိုက်စဉ် ရုတ်တရက် ဖော်ပြ၍မရသော ရပ်တန့်မှုတစ်ခု ဖြစ်သွားသည်။ နတ်ဘုရား-တစ်ပိုင်းအဆင့် ပိုင်နက် ပိုင်ရှင်က ထိုအခြေအနေကို မြင်နိုင်မည်ဆိုလျှင် အံ့အားသင့်သွားပေလိမ့်မည်။ နတ်ဆိုးဧကရာဇ်အဆင့်ပဲရှိတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်က ဒီလိုမျိုး နတ်ဘုရား-တစ်ပိုင်း ပိုင်နက်စွမ်းအားကို တကယ်ကြီး ရပ်တန့်နိုင်တာလား။

ထိုရပ်တန့်မှုက ၂စက္ကန့်သာ ကြာသည်။ ထို့နောက် ၎င်းသည် ချက်ချင်းပင် အရှိန်ပိုမြန်လာပြီး ပစ်မှတ်၏တည်နေရာကို “လွှမ်းခြုံ”လိုက်သည်။ 

တစ်ချိန်တည်းမှာပင် ချန်လွေ့၏ပုံရိပ်က စတုတ္ထအလွှာ ဂိတ်တံခါး အပြင်ဘက်၌ ရုတ်တရက် ပေါ်ထွက်လာပြီး မောဟိုက်လျက်ရှိနေသည်။ ၎င်းမှာ ကပ်သီးလေး လွတ်သွားသည်ဟု ပြော၍ရနိုင်ပေသည်။ သူက ထိုအဖိုးတန်စက္ကန့်ကို အသုံးချပြီး သော့ခလောက်အား ဖိခြေကာ လွတ်မြောက်နိုင်ခဲ့သည်။ သူသာ ၁စက္ကန့် နောက်ကျသွားလျှင် သူ့တွင် နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအား ရှိလျှင်ပင် သုတ်သင် ခံရမည့် ကံကြမ္မာမှ လွတ်မြောက်မည် မဟုတ်သည်မှာ သေချာသည်။

သို့သော် နောက်ဆုံး၌ သူ လွတ်မြောက်သွားခဲ့သည်။ ထို့အပြင် သူသည် အခြေခံ ဥပ‌ဒေသ၏ အလွန်အမင်း အဖိုးတန်သော အတွေးအမြင်အသစ် တစ်ခုကိုလည်း ရရှိခဲ့သည်။ နတ်ဘုရား-တစ်ပိုင်းအဆင့် ဥပ‌ဒေသကို တစ်ဘဝလုံး၌ သဘောမပေါက် နိုင်ခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်များ မရေမတွက်နိုင်အောင် ရှိသည်။ ချန်လွေ့သည် တစ်သက်တွင် တစ်ခါသာ ကြုံတွေ့ရသော အခွင့်အရေးမျိုး ရရှိခဲ့ခြင်း ဖြစ်သည်။ သြဇာယွမ်မြေ၏ တည်နေရာအပြင် ကုန်ကြမ်းနှင့် သတင်းအချက်အလက် ပမာဏ အများအပြားပါ ပေါင်းလိုက်သည့်အခါ စာအုပ်ပေါင်းချုပ်ခန်းမသို့ သွားခဲ့သော ခရီးမှာ အလွန်ပင် အကျိုးအမြတ် များလှပေသည်။

ချန်လွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏အကြည့်က ဘေးဖက်မှ မျက်နှာ မည်းမှောင်နေသော နိတ်ထံသို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူ၏ရယ်သံ ရပ်မသွားခဲ့ပေ။

နိတ်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် စကားပြောရန် ပြင်လိုက်စဉ် ချန်လွေ့က အမြန် ရောက်ရှိလာခဲ့သည်။ သူက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောလိုက်၏။ “ဆရာ။ ကျုပ်ရဲ့ မှော်မျက်လုံးက သိပ်မကြာခင် သန္ဓေပြောင်းတော့မယ်။”

နိတ်၏မျက်လုံးထဲ၌ အရောင်လက်သွားပြီးနောက် ချန်လွေ့ကို အပြစ်မတင် နိုင်တော့ပေ။ သူ၏အံ့အားသင့်သော အမူအရာမှာ ပြောစရာစကားမဲ့နေခဲ့သည်။ “တကယ်လား။” 

“အမှန်ပဲ။” ချန်လွေ့က အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။ “ဆရာ။ ကျုပ်ရဲ့ မှော်မျက်လုံး သန္ဓေ‌ပြောင်းအချက်ပြကို ကျုပ် အာရုံခံမိတယ်။ နဂိုကုန်ကြမ်းတွေအပြင်ကို ကျုပ် မီးသလင်းကျောက်သဲ၊ အကောင်းဆုံးဘော့ချ်ကျောက်၊ သြဇာယွမ်မြေတွေလည်း လိုအပ်တယ်....”

“သြဇာယွမ်မြေဆိုတာ ဘာလဲ။” နိတ်က မျက်မှောင်ကြုတ်လိုက်သည်။

ချန်လွေ့က နိတ်အား တမင်တကာ စမ်းသပ်နေခြင်း ဖြစ်သည်။ ၎င်းကို နိတ် မသိကြောင်း မြင်သည့်အခါ ချန်လွေ့က တမင်တကာပင် စကားပြောင်းလိုက်သည်။ “ကုန်ကြမ်း တစ်ခုနှစ်ခုမပါလည်း အဆင်ပြေပါတယ်။ ကုန်ကြမ်း ပိုများရင်တော့ သန္ဓေပြောင်းလဲခြင်း အောင်မြင်နိုင်ချေ ပိုများတာပေါ့။ အဲဒါတွေက သန္ဓေပြောင်း မှော်မျက်လုံးကို ပိုပြီးတော့ အစွမ်းထက်အောင် လုပ်ပေးနိုင်မှာ။ ဒီတစ်ခေါက်က မှော်မျက်လုံးရဲ့ အနှိုင်းမဲ့ပုံစံ ဖြစ်လောက်တယ်။”

“သြဇာယွမ်မြေက လွဲပြီးတော့ တခြားဟာတွေ ငါ့မှာ ရှိတယ်။” နိတ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ သူက ဥက္ကဋ္ဌ ဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်ကို အသုံးချကာ လတိုင်း ကုန်ကြမ်းပစ္စည်း ၃ခု ထုတ်ယူနိုင်သည်။ သို့သော်လည်း ယခုတွင် ရှားပါးသော ကုန်ကြမ်း အများအပြားကို လိုအပ်နေသည်။ ကုန်ကြမ်းအများအပြား ဖယ်ထုတ်ထားစေကာမူ အကျိုးပြုအမှတ် အမြောက်အမြား လိုအပ်နေသေးသည်။ သို့သော်လည်း ထိုအရာများမှာ “ပြင်ပ ပစ္စည်းများ”သာ ဖြစ်ကြသည်။ တန်ဖိုးမှာ မှော်မျက်လုံး၏ “အနှိုင်းမဲ့ပုံစံ” နှင့်ယှဉ်လျှင် ပိုမို နည်းပါးပေသည်။

“ကောင်းတာပေါ့။ ဆရာ။ ကျုပ် ဆရာ့ကို အခန်းထဲမှာ စောင့်နေမယ်။ ဆရာ့ဆီကနေ ကျုပ် အကူအညီ နည်းနည်းလောက် လိုနိုင်တယ်။”

“ကောင်းပြီလေ။ ငါ အခုပဲ ဂိုဒေါင်ထဲသွားပြီးတော့ ကုန်ကြမ်းပစ္စည်းတွေကို လဲလှယ်လိုက်မယ်။” နိတ်က လှည့်ထွက်သွားလိုက်သည်။ သူက ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်ပြီး ထပ်ဖြည့်ပြောသည်။ “မင်း အခုချက်ချင်း အခန်းထဲ ပြန်သွားလိုက်။ အန္တရာယ်ကင်းအောင်လို့ပါ။ မှော်မျက်လုံး အမှန်တကယ် သန္ဓေမပြောင်းခင်အထိ ဘယ်သူ့ကိုမှ မပြောနဲ့။ လမ်းမှာ ဘယ်သူနဲ့မှလည်း စကားအများကြီး မပြောနဲ့ဦး။”

ဆရာသခင်သူရိယက ထိုသို့ပြောမည်ဆိုလျှင် ချန်လွေ့ အလေးထားမည်မှာ သေချာသည်။ သို့သော်လည်း ယခုပြောနေသည်မှာ နိတ် ဖြစ်နေသည်။ ထို့ပြင် ချန်လွေ့သည် စိတ်လှုပ်ရှားနေသည့် ခံစားချက် အတက်အကျများကို အာရုံခံမိခဲ့သည်။

“စိတ်မပူပါနဲ့။ ဆရာ။ ကျုပ် ဘယ်သူ့ဆီကမှ အနှောင့်အယှက် မခံပါဘူး။” ချန်လွေ့က စိတ်လှုပ်ရှားနေသော အပြုံးနှင့်အတူ လှည့်ထွက်သွားလိုက်သည်။

 ခဏအကြာ၌ နိတ်က ရနိုင်သမျှ ကုန်ကြမ်းအားလုံးနှင့် ရောက်ရှိလာသည်။ အန္တရာယ် ကင်းစေရန်အတွက် သူက အခန်းအနီးတွင် “အနှောင့်အယှက်ကာကွယ်ခြင်း” မှော်စက်ဝိုင်းကို ခင်းကျင်းထားလိုက်သည်။

နိတ်၏အကြည့်အောက်တွင် ချန်လွေ့က မှော်ကုန်ကြမ်းများကို တစ်ခုပြီးတစ်ခု ရှေ့တွင် ထားလိုက်သည်။ ချန်လွေ့က ၎င်းတို့အပေါ်၌ လက်တင်ထားပြီး စိုက်ကြည့်နေ လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်‌ မှော်ကုန်ကြမ်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေသည်....

ချန်လွေ့၏လက်ထဲ၌ မည်သည့် နေရာလွတ်ပစ္စည်းမှ မရှိကြောင်း နိတ် သေချာသိသည်။ ၎င်းသည် နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော နေရာလွတ်မှော်ပညာသာ မဟုတ်ရင် အမှန်တကယ်ပင် မှော်မျက်လုံး၏ “စုပ်ယူခြင်း”ကို ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

ထိုမေးခွန်း၏အဖြေမှာ သိသာလှပေသည်။ အကယ်၍ အလယ်ဆင့်နတ်ဆိုး ထိုအလုပ်သင်တပည့်၌ နေရာလွတ် မှော်ပညာ ရှိနိုင်သည်ဆိုလျှင် နိတ်သည် နတ်ဘုရား အဆင့် ဖြစ်နိုင်မည် မဟုတ်ပါလား။

__ အမှန်တကယ်၌ နိတ်သည် နိတ်ဘုရားအဆင့် မဟုတ်ပေ။ သို့သော်လည်း ထို “အလုပ်သင်တပည့်”တွင် နေရာလွတ် “မှော်ပညာ” အမှန်တကယ် ရှိလေသည်။

ချန်လွေ့က နောက်ဆုံးကုန်ကြမ်းကို “စုပ်ယူ”ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်၌ ထူးဆန်းသော မတည်ငြိမ်မှုများ ပေါ်ထွက်လာသည်။ မဟာနတ်ဆိုးဘုရင်အဆင့်ဖြစ်သော နိတ်သည်ပင် လျို့ဝှက်ဆန်းကြယ်သလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် မတည်ငြိမ်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး “ရစ်ချတ်”က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ။” နိတ်က အသက်အောင့်ထားခဲ့သည်။ ခုနက သူ မနှောင့်ယှက်ရဲခဲ့ပေ။ ယခုမှသာ သူ ရှေ့ဆက်ပြီး အသံကျယ်ကျယ်နှင့် မေးလိုက်ခြင်း ဖြစ်သည်။

ချန်လွေ့၏မျက်လုံးများက ရဲရဲတောက် အလင်းရောင်များ တောက်ပသွားသည်။ “ဆရာ။ ခင်ဗျားရဲ့ စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းမလား။ အိုး။ ခင်ဗျားရဲ့ ခွန်အားနဲ့ စိတ်ဝိညာဉ်စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းတွေပဲ။ ခင်ဗျားရဲ့ အမြန်နှုန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကတော့ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းမှာပဲ။”

နိတ် ထိတ်လန့်သွားသည်။ ငါ့ရဲ့စွမ်းအားနဲ့ ဝိသေသလက္ခဏာတွေကို အလယ်ဆင့် နတ်ဆိုးတစ်ယောက်က တကယ်ကြီး မြင်သွားတာပဲ။ ဒါဆို သန္ဓေပြောင်းလဲတာက လုံးဝ အောင်မြင်သွားတာလား။ သန္ဓေပြောင်းလဲပြီးတော့ မှော်မျက်လုံးက ပစ်မှတ်ရဲ့ စွမ်းအားကို အမှန်တကယ် မြင်နိုင်နေပြီ။

“ဒါက မှော်မျက်လုံးရဲ့ သန္ဓေပြောင်းလုပ်ဆောင်ချက်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်မယ်။ ဆရာ။ ခင်ဗျားရဲ့ သိုလှောင်လက်စွပ် ကျုပ်ကို ပြပါလား။” ထိုသို့ပြောပြီးသည်နှင့် နိတ်က ၎င်းကို ချက်ချင်းချွတ်ပြီး မစဉ်းစားဘဲ ချန်လွေ့အား ပေးလိုက်သည်။ ချန်လွေ့က ၎င်းကို ခဏလောက် ကြည့်ဟန်ဆောင်လိုက်သည်။ “ဒီလက်စွပ်ရဲ့ အခြေခံမျဉ်းကို ပရိုတာ နည်းစနစ်နဲ့ လုပ်ထားတာဖြစ်မယ်။ အရင်ဆုံးဒါကို အရည်ပျော်မှတ်နိမ့်တဲ့ မီးတောက်နဲ့ အရည်ပျော်အောင်လုပ်တယ်။ ပြီးရင် ဒါက ရေခဲကျောက်စိမ်းနဲ့ ပုံသွင်းတယ်။ နောက်ဆုံးတော့ အစက်ချနည်းလမ်းကိုသုံးပြီး မှော်အစီအရင် ထည့်သွင်းတယ်။ ဒါနဲ့ ပရိုတာ နည်းစနစ်နဲ့ အစက်ချနည်းလမ်းတွေက ဘာတွေလဲ။ ဒါတွေက ဘာလို့ ကျုပ်ရဲ့ ခေါင်းထဲမှာ အလိုလို ပေါ်လာရတာလဲ။”

သူက ထုတ်လုပ်ရေးနည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေကိုပါ မြင်နိုင်တာလား။ နိတ်၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် အရောင်လက်သွားခဲ့သည်။

 နိတ်သည် အဆင်တန်ဆာ ကျွမ်းကျင်မှု၌ လိုအပ်နေသေးသော်လည်း မှော်ပစ္စည်း ထုတ်လုပ်ရေး နည်းလမ်းများကို မရင်းနှီးသည် မဟုတ်ပေ။ ၎င်းကို ကြားသည့်အခါ လုပ်ကြံပြောဆိုခြင်း မဟုတ်ကြောင်း သူသိသည်။ သူ၏ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုမှာ အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။ ဒါက မှော်မျက်လုံး၏ အနှိုင်းမဲ့ပုံစံ ဆိုတာနဲ့ ထိုက်တန်တာပဲ။ ဒါက တော်တော်လေးကို ကောင်းလွန်းနေတယ်။ ဒီစွမ်းရည်ကိုသာ ငါ ရလို့ကတော့ ဘယ်ယန္တရားပညာရှင်မဆိုကို ဖောက်ထွင်းမြင်နိုင်ပြီ မဟုတ်လား။ ပြီးတော့လည်း ငါ့အတွက် အမြဲတမ်း ခက်ခဲနေတဲ့ အဆင်တန်ဆာ စွမ်းရည်ကိုလည်း အဆင့်ဆင့် တိုးတက်သွားအောင် လုပ်နိုင်တယ်။ ဒါဆိုရင် ငါက ပါရမီရှင်ငယ်လေး “အာသာ”နဲ့ ယှဉ်နိုင်တဲ့ သုံးသွယ်-အထူးပြု ဆရာသခင်တစ်ယောက် ဖြစ်နိုင်ပြီမလား။

လောဘကြောင့် စိတ်လွတ်သွားသော နိတ်က “အနှိုင်းမဲ့သန္ဓေပြောင်းခြင်း”မှာ အလိမ်အညာတစ်ခုဖြစ်ကြောင်း လုံးဝ မတွေးမိခဲ့ပေ။ ယခင် ခွန်အား [ စိစစ်မှု ] မှာ [ သရုပ်ခွဲမျက်လုံး ] ၏ “သာမန်” လုပ်ဆောင်ချက်သာဖြစ်ပြီး နောက်ကွယ်မှ ထုတ်လုပ်ရေး လုပ်ဆောင်ချက်မှာ အမှန်တကယ် လေ့လာထားသော အတွေ့အကြုံများ ဖြစ်ပေသည်။ သနားစရာ နှစ်သွယ်-အထူးပြု ဆရာသခင်သည် လူလိမ် သုံးသွယ်-အထူးပြု ဆရာသခင်၏ လှည့်စားခြင်းကို ခံခဲ့ရလေပြီ။

သုံးလေးကြိမ် စမ်းကြည့်ပြီးနောက် နိတ်က “မှော်မျက်လုံး” စွမ်းအားကို သံသယ မရှိတော့ပေ။

“အရမ်းမိုက်တာပဲ။ ကျုပ် အပြင်ထွက်ပြီးတော့ အားလုံးကို ပြောပြလိုက်မယ်။” ချန်လွေ့က အံ့အားသင့်သွားသည့်အမူအရာ ပြသလိုက်သည်။ ခြေသုံးလေးလှမ်း လျှောက်ပြီးနောက် သူ၏ခန္ဓာကိုယ် ရုတ်တရက် ပျော့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ “ဆရာ။ ကျုပ်ခန္ဓာကိုယ်က ဘာလို့ ရုတ်တရက်ကြီး အားအင်တွေ ဆုံးရှုံးသွားတယ်လို့ ခံစားနေရတာလဲ။”

“ဟုတ်လား။” နိတ်၏မျက်လုံးများက ပျော်ရွှင်သော အရိပ်အယောင်များနှင့် လက်သွားသည်။ “ပင်ပန်းနေလို့ ဖြစ်မှာပါ။ လာခဲ့။ ငါမင်းကို ခဏထိုင်နားဖို့ ကူပေးမယ်။”

“ကျေးဇူးတင်ပါတယ်။ ဆရာ။” ချန်လွေ့က နိတ်အား မိမိကို ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း တင်ပေးခွင့် ပြုလုပ်သည်။

“ဘယ်လိုနေလဲ။”

“ပိုဆိုးလာသလိုပဲ။ ကျုပ် အားလုံးဝ မရှိတော့ဘူး။ ကျုပ် ခေါင်းမူးလာပြီ....” ချန်လွေ့က ဆိုဖာပေါ်၌ အသာလေး လှဲနေလိုက်သည်။

နိတ် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ၏အသံက တဖြည်းဖြည်း စတင် ပြောင်းလဲလာ၏။ “သိပ်မကြာခင် မင်း မသက်မသာ ဖြစ်တော့မှာ မဟုတ်ဘူး။ ငါမင်းကို ဒီကနေ လွတ်မြောက်အောင် လုပ်ပေးမယ်။”

 “ဆရာ။ ခင်ဗျားရဲ့အပြုံးက ဘာလို့ ကြောက်စရာ ကောင်းနေရတာလဲ....”

“မင်း မှော်မျက်လုံးတွေရဲ့ ကျေးဇူးကြောင့်လေ။” နိတ်က ဖုံးကွယ်၍မရသော ဂုဏ်ယူမှုဖြင့် ရုတ်တရက် ရယ်လိုက်သည်။ “ဒါပေမဲ့ အဲဒါက သိပ်မကြာခင် ငါ့ဟာ ဖြစ်လာတော့မှာ။ ငါ့မှာ ဒီမှော်မျက်လုံးတွေ ရှိမယ်ဆိုရင် နိတ်မန်မွန်ဆိုတဲ့ငါက နတ်ဆိုးဘုံရဲ့ ထိပ်တန်း ယန္တရားဆရာသခင်တစ်ယောက် ဖြစ်ရုံသာမက နတ်ဆိုးဘုံရဲ့ ထိပ်တန်း အကဲဖြတ်ဆရာသခင်လည်း ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ငါက နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ယောက်ပေါ်ထွန်းတဲ့ ထိပ်တန်း ယန္တရားဆရာသခင် တစ်ယောက် ဖြစ်လာဖို့များတယ်။ ”

နိတ်က သိလျက်နှင့် ပြုံးလိုက်သည်။ နောက်ဆုံးတော့ သေသေချာချာ မွေးထားတဲ့ သားကောင်ကို အမဲဖြတ်ဖို့ အချိန်ရောက်လာပြီပဲ။

ချန်လွေ့လည်း ပင့်သက်ရှိုက်လိုက်သည်။ ငါ သရုပ်ဆောင်တာ တော်တော်လေး ကြာခဲ့ပြီ။ အခုက အဆုံးသတ်အတွက် အချိန်ရောက်ပြီ။

All Chapters