← Chapters

တာအိုအင်မော်တယ်ဂိုဏ်းသို့...

Vol. 13 Ch. 196

တာအိုအင်မော်တယ်ဂိုဏ်းသို့...

Vol. 13 Ch. 196

အရှေ့ပင်လယ်ကျွန်းစုက အင်အားစုများ ရှုပ်ထွေးနေသော နေရာတစ်ခုဖြစ်သောကြောင့် သိုင်းတာအိုက ၎င်းတို့နှင့် ရောနှောနေပြီး ပေါ်လွင်နေမည်မဟုတ်ပေ။

" မင်း အရှေ့ပင်လယ်ကို သွား သိုင်းတာအိုကို ဖြန့်ကျက်ပြီး အင်အားစုတစ်ခု ထူထောင်လိုက်။ " လင်းယွမ်၏ စိတ်က တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်က အပြင်သို့ ထွက်လာသည်နှင့် လျင်မြန်စွာ ဖွဲ့စည်းလာပြီး ထိုက်ယန်စွမ်းအားများဖြင့် သူ၏ မျက်လုံးများက တောက်ပနေသည်။

၎င်းက လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ဟုလည်း ခေါ်သည့် ယန်စိတ်ဝိညာဉ်ပင်ဖြစ်သည်။ သိုင်းတာအို၏ ပဉ္စမအလွှာသို့ ရောက်ပြီးနောက် မူလစိတ်ဝိညာဉ်များလည်း မွေးဖွားလာကြသည်။

သိုင်းတာအို၏ မူလစိတ်ဝိညာဉ်က ကိုယ်ပွားတစ်ခုလည်း ဖြစ်ပြီး မူလခန္ဓာကိုယ်မှ စိတ်အသိတစ်ခုကို ခွဲထုတ်နိုင်လေသည်။ ၎င်း၏ ခွန်အားက မူလခန္ဓာကိုယ်ထက် များစွာ အားနည်းခြင်းမရှိပေ။

ဝှစ်...

ယန်စိတ်ဝိညာဉ်က မူလနေရာမှ ပျောက်ကွယ်သွားသည်။

လင်းယွမ်၏ အမိန့်အတိုင်း သူက အရှေ့ပင်လယ်သို့ ဦးတည်သွားခြင်းဖြစ်သည်။ လင်းယွမ်နှင့် ယန်စိတ်ဝိညာဉ်တို့က စိတ်အသိမျှဝေထားခြင်းဖြစ်သော်ကြောင့် ယန်စိတ်ဝိညာဉ်မြင်သမျှကို လင်းယွမ်က မြင်နိုင်လေသည်။

လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က တိမ်မြူခိုးတော်ဝင်နယ်မြေ၏ ကန့်သတ်ချက်များစွာကို ဖြတ်ကျော်ပြီး ပြင်ပကမ္ဘာသို့ ရောက်သွားခဲ့သည်။

" ငါ အချိန်အတော်ကြာမှပြန်လာနိုင်မယ်ထင်တယ်။ " လင်းယွမ်က ရေရွတ်လိုက်ပြီး အရှေ့ဘက်သို့ ပျံသန်းသွားသည်။

တောင်ထိပ်ပေါ်မှ အဆောက်အဦးထဲတွင် လင်းယွမ်က ထိုင်နေဆဲ ဖြစ်သည်။ ယန်စိတ်ဝိညာဉ်ကို အပြင်သို့ စေလွှတ်ခြင်းက သူ၏ အစီအစဉ်မှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အချိန်ကျသည်နှင့် လင်းယွမ်က ယင်စိတ်ဝိညာဉ်ကိုလည်း စေလွှတ်ခဲ့သည်။

သိုင်းတာအိုမှ မူလစိတ်ဝိညာဉ်နှစ်ခုက လင်းယွမ်၏ ကိုယ်ပွားနှစ်ခုနှင့် တူလေသည်။ စိတ်အသိတစ်ခုတည်းနှင့် သုံးကိုယ်ခွဲနိုင်လေသည်။

မူလစိတ်ဝိညာဉ်တွင် နောက်ထပ် အကျိုးကျေးဇူးတစ်ခုလည်း ရှိလေသည်။ လင်းယွမ်၏ မူလခန္ဓာကိုယ် သေဆုံးသွားလျှင်တောင် ၎င်းက အဆုံးသတ်မဟုတ်ပေ။

ထိုက်ယင်မှ ထိုက်ယန်လာသည်။

ထိုက်ယန်မှ ထိုက်ယင်လာသည်။

ယင်နှင့်ယန်မှ ထိုက်ကျိလာသည်။

ထိုက်ကျိမှ အရာခပ်သိမ်းလာသည်။

ယန်စိတ်ဝိညာဉ်နှင့် ယင်စိတ်ဝိညာဉ်တို့ တည်ရှိနေသမျှ ရုပ်ခန္ဓာအသစ်ကို ပြန်လည်မွေးဖွားနိုင်လေသည်။

ထို့အတူ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ပြင်ပတွင် ပျက်ဆီးသွားလျှင်တောင် ရုပ်ခန္ဓာရှိနေသရွေ့ ပြန်လည်ဖန်တီးနိုင်လေသည်။ ပြောရလျှင် ယင်စိတ်ဝိညာဉ်၊ ယန်စိတ်ဝိညာဉ်နှင့် မူလခန္ဓာကိုယ် တစ်ခုရှိနေသရွေ့ လင်းယွမ်က မသေနိုင်ပေ။

ထို့ကြောင့် လင်းယွမ်က ရှင်သန်မှု အခွင်အရေးပိုများစေရန် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို ပြင်ပကမ္ဘာသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

လဝက်ကြာပြီးသောအခါ....

" ငါ ဆဋ္ဌမအလွှာရဲ့ စွမ်းအားကို ပြန်ရခါနီးပြီ။ " လင်းယွမ်က တွေးလိုက်သည်။

" ရုပ်ခန္ဓာကျင့်ကြံခြင်း..." လင်းယွမ်က အတွေးနက်နေသည်။

ရုပ်ခန္ဓာကျင့်စဉ်ကို ဟင်လင်းပြင်သန့်စင်ခြင်းအဆင့်ထိ ကျင့်ကြံရန်မှာ ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲလေသည်။ ၎င်းက အောင်မြင်ရန် မဖြစ်နိုင်လုနီးပါးပင်။

အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ နှစ်တစ်သောင်းအတွင်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်သွားသော ရုပ်ခန္ဓာကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိပေ။

လင်းယွမ်က ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ မြှင့်တင်နိုင်ရန် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တွက်ချက်နေစဉ် သူ၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။ သူက တိမ်မြူခိုးတော်ဝင်နယ်မြေ၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် သူက မိုင်တစ်ရာ သို့မဟုတ် မိုင်တစ်ထောင်အတွင်း သေးငယ်သော အချက်အလက်လေးကအစ အာရုံခံနိုင်လေသည်။ ၎င်းက အာရုံခံမှုတစ်ခုသာ ဖြစ်ပြီး သူ၏ ထိုက်ကျိနယ်ပယ်ကို ဖြန့်ကျက်လိုက်လျှင် မိုင်းတစ်သောင်းမှ မိုင်တစ်သိန်းအတွင်းက သူ၏ ထိန်းချုပ်မှုအောက် ရောက်သွားပေလိမ့်မည်။

" သူတို့ ဘာလို့လာကြတာလဲ။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်လိုက်သည်။

ထိုခနတွင် တိမ်မြူခိုးတော်ဝင်နယ်မြေ၏ မိုင်နှစ်ရာအဝေး၌ အလင်းတန်းနှစ်ခုပေါ်လာသည်။ သူတို့က လင်းယွမ်၏ အကိုကြီးနှင့် ဒုတိယအမတို့ ဖြစ်ကြသည်။ ဤနှစ်များတွင် သူတို့ လင်းယွမ်ဆီသို့ ခြောက်လတစ်ကြိမ် လာလည်ကြလေသည်။ ယခု သူတို့လာလည်ထားသည်မှာ နှစ်လပင်မပြည့်သေးပေ။

" တာအိုအင်မော်တယ်ဂိုဏ်းမှာ တစ်ခုခုဖြစ်လို့လား။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။

မကြာမီ အလင်းတန်းနှစ်ခုက တော်ဝင်နယ်မြေ၏ အပြင်ဘက်သို့ ရောက်လာကြသည်။ လင်းယွမ်က အံ့ဩသောအမူအရာကို ပြလိုက်ပြီး တော်ဝင်နယ်မြေ၏ တားမြစ်မှော်အင်းကွက်ကို ဖွင့်၍ သူ၏ အကိုကြီးနှင့် အမတို့ကို ကြိုဆိုလိုက်သည်။

လင်းယွမ် အကိုကြီး၏ နာမည်မှာ ကျွင်းရှောင်ယောင်ဖြစ်ပြီး တာအိုနာမည်မှာ ရှောင်ယောင်ဇီဖြစ်၏။

ဒုတိယအမ၏ နာမည်မှာ ကျွင်းကျိလန်ဖြစ်ပြီး သူမ၏ တာအိုနာမည်မှာ ကျိလန်နတ်သမီးဟု ခေါ်သကဲ့သို့ အပြင်လူများက သူမကို ချန်ရှောင်နတ်သမီးဟုလည်း ခေါ်ဆိုကြသည်။

" ညီလေး ဂိုဏ်းချုပ်က ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်ကို ချိုးဖျက်သွားပြီ။ အင်မော်တယ်ဂိုဏ်းမှာ ဂုဏ်ပြုပွဲကျင်းပနေကြတယ်။ ငါတို့က မင်းကို လာခေါ်တာ။ " ကျွင်းရှောင်ယောင်က ရှင်းပြလိုက်သည်။

" ဟင်းလင်ပြင်လှိုဏ်ဂူ အဆင့်..." လင်းယွမ်က ချက်ချင်း နားလည်သွား၏။

အင်းမော်တယ်လမ်းစဉ်၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့်၊ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်၊ ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်။

တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်ကို ရောက်သွားပြီး ယခင် ရှေးဟောင်းသူတော်စင်များက ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့်သာ ရှိသောကြောင့် သူက ရှေးဟောင်းသူတော်စင်များထဲတွင် အသန်မာဆုံးဟု ပြောလို့ရပေသည်။

" မောင်လေး အဘိုးက မင်းကို သေချာပြောလိုက်တယ်။ ဘာမှထူးထူးခြားခြားလုပ်ဖို့မလိုဘူး။ ဒီဂုဏ်ပြုပွဲက ငါတို့အင်မော်တယ်ဂိုဏ်းက လူအချို့ပဲ ပါဝင်ကြမှာ။ " ကျွင်းကျိလန်က ကျွင်းရှောင်ယောင်နှင့်မတူဘဲ မိသားစုနှင့်အတူ ရှိနေချိန်တွင် သူမ၏ အဘိုးကို ဂိုဏ်းချုပ်အဖြစ် ရည်ညွှန်းခြင်းမရှိပေ။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ " ဒါပေမယ့် အကိုကြီး ဒုတိယအမ ကျွန်တော် အဖိုးအတွက် လက်ဆောင်ရွေးဖို့ ရတနာခန်းမကို သွားလိုက်ဦးမယ်။ "

ဆွေမျိုးရင်းချာများဖြစ်လျှင်တောင် လက်ဗလာနှင့် သွားရန် အဆင်မပြေပေ။

" ကောင်းပြီ " ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က ခေါင်းငြိမ့်လိုက်ကြသည်။

" မောင်လေးက ဒီနှစ်တွေမှာ အတော်ပြောင်းလဲသွားတယ်။ " ကျွင်းကျိလန်က ပြောလိုက်သည်။

" ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ တိုက်တက်မှုရှိဖို့ ပြင်းထန်တဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ လိုတယ်။ ညီလေးက ရုပ်ခန္ဓာကို ရွှေအမြုတေအဆင့်ထိ လေ့ကျင့်ထားတာ အရင်နဲ့ ဘယ်လိုလုပ်တူတော့မှာလဲ။ " ကျွင်းရှောင်ယောင်က ၎င်းကို မျှော်လင့်ထားသကဲ့သို့ ပြောလိုက်သည်။

သူက ရုပ်ခန္ဓာကို ရွှေအမြုတေအဆင့်ထိ ကျင့်ကြံခြင်းကို တွေးကြည့်ရုံနှင့် ဦးရေပြားများ ထုံကျဉ်လာမိသည်။ ကျွင်းဝူကျိက ထိုအဆင့်ထိ လေ့ကျင့်ခဲ့သောကြောင့် သူ၏ စိတ်အခြေအနေက အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများထက် သာလွန်လေသည်။

ကျွင်းဝူကျိ၏ ကြီးမားစွာ ပြောင်းလဲမှုများအတွက် ကျွင်းရှောင်ယောင်က အံ့ဩခြင်းမရှိပေ။ လွန်ခဲ့သော နှစ်နှစ်ဆယ်က ကျွင်းဝူကျိက စိတ်ဓာတ်ကျပြီး အင်မော်တယ်တောင်တန်းမှ ထွက်ကာ တိမ်မြူခိုးတော်ဝင်နယ်မြေသို့ လာခဲ့လေသည်။စိတ်ဓာတ်နာကျင်မှုများကြောင့် ရုပ်ခန္ဓာကျင့်ကြံခြင်းကို စတင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခြင်းက ထူးဆန်းသော ကိစ္စမဟုတ်ပေ။

လင်းယွမ်က ရတနာခန်းမသို့ လာပြီး ရတနာတစ်ခုကို ရွေးချယ်လိုက်သည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်အတွက် မည်သည့်လက်ဆောင် ယူလာသည်က အရေးမကြီးဘဲ စိတ်ဓာတ်ကသာ အဓိကဖြစ်သည်။

" စုစည်းစမ်း " လင်းယွမ်က မတ်တပ်ရပ်နေဆဲ ဖြစ်သည်။

သူက သိုင်းတာအို၏ သဲလွန်စအားလုံးကို ရုပ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း အနက်ရှိုင်းဆုံးသို့ နစ်မြှုပ်ထားလိုက်သည်။ တာအိုအင်မော်တယ်ဂိုဏ်းသို့ သွား၍ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်သို့ ရောက်နေသော ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန် လင်းယွမ်က သေချာပြင်ဆင်သွားရပေလိမ့်မည်။

" ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ယခု သူ၏ အော်ရာအားလုံးက ပျောက်ကွယ်သွားပြီး ရွှေအမြုတေအဆင့် ရုပ်ခွန်အားသာ ကျန်နေခဲ့သည်။ ထို့ကြောင့် ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်မပြောနှင့် ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်ရှိသူပင် သူ့ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

" ယင်စိတ်ဝိညာဉ်ကို ထားခဲ့တာ ပိုကောင်းလိမ့်မယ်။ " လင်းယွမ်၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ယင်စိတ်ဝိညာဉ်တည်ရှိမှုက မရှိသလိုပင် ဖြစ်သော်လည်း ၎င်းကို သူနှင့်အတူ ထားရှိခြင်းက အန္တရာယ်ရှိနိုင်လေသည်။ ထို့ကြောင့် ယင်စိတ်ဝိညာဉ်က တိမ်မြူခိုးတော်ဝင်နယ်မြေတွင် ထားခဲ့ခြင်းက ပိုကောင်းလေသည်။

လင်းယွမ်က လက်ဆောင်ယူပြီးနောက် သူ၏ အကိုကြီးနှင့် ဒုတိယအမတို့ဆီသို့ ရောက်လာသည်။

" သွားကြရအောင် " ကျွင်းကျိလန်က သူမ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ရောင်စုံလက်ကိုင်ပဝါတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြန့်သွားကာ ကျန့်ရာချီကျယ်သော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။

ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က အလင်းတန်းများအဖြစ် ပြောင်းလဲပြီး ပျံသန်းသွားနိုင်ကြလေသည်။ သို့သော် သူတို့နှင့်အတူ လင်းယွမ်လည်း ရှိနေသည်။ ရွှေအမြုတေအဆင့် ရုပ်ခန္ဓာကျင့်ကြံသူက ပျံသန်းနိုင်လျှင်တောင် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ကျင့်ကြံသူကို မှီအောင်ပျံသန်းနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ကျွင်းကျိလန်က ပို့ဆောင်ရေးရတနာတစ်ခု ထုတ်လိုက်ခြင်းဖြစ်သည်။

" သွားရအောင် " ကျွင်းရှောင်ယောင်က တိမ်တိုက်ရတနာပေါ်သို့ တက်သွားလိုက်ပြီး လင်းယွမ်ကလည်း နောက်ကလိုက်သွားသည်။

All Chapters