← Chapters

မုမန်ထင်း....

Vol. 13 Ch. 197

မုမန်ထင်း....

Vol. 13 Ch. 197

နေ့တစ်ဝက်ကြာပြီးသောအခါ တာအိုအင်မော်တယ်ဂိုဏ်းက လင်းယွမ်၏ အမြင်တွင် ပေါ်လာသည်။

ထိုနေရာတွင် အင်မော်တယ်တောင်တန်းက တိမ်ပင်လယ်အထက်၌ ကောင်းကင်ကို တွန်းလှန်ပြီး ခမ်းနားစွာ တည်ရှိနေသည်။

" အင်မော်တယ်တောင်..." လင်းယွမ်က အင်မော်တယ်တောင်တန်းကို စိုက်ကြည့်နေသည်။

တာအိုအင်မော်တယ်ဂိုဏ်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ အကြီးဆုံး စိတ်ဝိညာဉ်သွေးကြောများစုံဆည်းရာ အင်မော်တယ်တောင်တန်းပေါ်တွင် တည်ထောင်ခဲ့သည်။ ၎င်းက ကျင့်ကြံသူတိုင်း လိုချင်တောင်းတရသော မြင့်မြတ်နယ်မြေတစ်ခုလည်း ဖြစ်သည်။

အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် ကျင့်ကြံခြင်းဂူ ၇၂လုံးနှင့် တော်ဝင်နယ်မြေ ၁၀၈ခုတို့ရှိပြီး အားလုံးက စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝသော နေရာများဖြစ်ကြသည်။

သို့သော် ၎င်းတို့အားလုံး ပေါင်းစပ်လျှင်ပင် အင်မော်တယ်တောင်တန်းကို မယှဉ်နိုင်ပေ။

ဝှစ်....

တိမ်တိုက်ရတနာက တာအိုအင်မော်တယ်ဂိုဏ်းရှေ့သို့ ပျံသမ်းသွားသည်။ မမြင်ရသော စွမ်းအားလှိုင်းတစ်ခုဖြတ်သန်းသွားပြီး မဟာမှော်အင်းကွက်တွင် ဝင်ပေါက်တစ်ခု ပေါ်လာသည်။

အင်မော်တယ်ဂိုဏ်း၏ တပည့် ဆယ်ယောက်ကျော်က အရိုအသေပေးလိုက်ကြသည်။

" ရှောင်ယောင်ဇီ၊ ကျိလန်နတ်သမီး "

မကြာမီ သူတို့က တာအိုအင်မော်တယ်ဂိုဏ် ပင်မတောင်ထိပ်သို့ ရောက်လာကြသည်။

ထိုနေရာတွင် ကြီးမားသော ခန်းမကြီးတစ်ခု တည်ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအားများက စိတ်ဝိညာဉ်မိုးအဖြစ်ပင် ရွာချနေလေသည်။ ထိုနေရာက ပြင်ပနှင့် လုံးဝကွဲပြားနေပြီး အင်မော်တယ်ဘုံတစ်ခုပင် ဖြစ်သည်။

လင်းယွမ်က ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့နောက်မှ ခန်းမထဲသို့ လိုက်သွားသည်။ ခန်းမထဲတွင် လူအချို့ ထိုင်နေကြသည်။

ကျွင်းတုန်ကျင်းက သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်သော အနာဂတ်ဂိုဏ်းချုပ်အဖြစ် လျာထားခြင်းခံရလေသည်။

" ဝူကျိ " လှပသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်က လင်းယွမ်ကို ပြုံးပြနေသည်။

သူမက ကျွင်းဝူကျိ၏ မိခင်၊ တာအိုအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်၏ တိုက်ရိုက်သမီး မုလျန်အာပင် ဖြစ်၏။ သူမ၏ ဘေးတွင် ထိုင်နေသော အမျိုးသားက ကျွင်းဝူကျိ၏ ဖခင် ကျွင်းတုန်ကျင်းဖြစ်သည်။

" ဟားဟားဟား ဒါဝူကျိဖြစ်ရမယ်။ အမှန်တော့ မင်းက အလားအလာရှိတယ်။ စိတ်ဝိညာဉ်အမြစ်မရှိပေမယ့် ရုပ်ခန္ဓာကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။ " အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က လင်းယွမ်ကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းတုန်ကျင်းကို ရယ်မောပြောလိုက်သည်။

" မုမန်ထင်း " လင်းယွမ်က ထိုလူကို မှတ်မိလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်က မုမိသားစုမှ ဖြစ်ပြီး မုမန်ထင်းကလည်း ဂိုဏ်းချုပ်၏ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်လေသည်။

မုမန်ထင်းကလည်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး ကျွင်းတုန်ကျင်းထက် ခြေလှမ်းတစ်ဝက်သာ နောက်ကျသော်လည်း မုမိသားစုတွင် အရေးပါသော လူတစ်ယောက်ဖြစ်လေသည်။ သူက တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် လျာထားခြင်းခံရသော နောက်ထပ်လူတစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် မုမန်ထင်းနှင့် ကျွင်းတုန်ကျင်းတို့က ပြိုင်ဘက်များ ဖြစ်ကြလေသည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာက မိသားစုနောက်ခံများကြောင့်မဟုတ်ပေ။ ဟင်လင်းပြင်သန့်စင်ခြင်းအဆင့်ကို ပထမဆုံး ရောက်သည့်လူက ဂိုဏ်းချုပ်ဖြစ်လာပေလိမ့်မည်။

" အကိုမန်ထင်းက ချီးကျူးလွန်းနေပါပြီ။ ဝူကျိက သေးငယ်တဲ့အောင်မြင်မှုလေးတွေနဲ့ လျှောက်ကစားနေတာပါ။ ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ရုပ်ခန္ဓာကျင့်ကြံခြင်းရဲ့ ကန့်သတ်ချက်က ရွှေအမြုတေအဆင့်ပဲလေ။ " ကျွင်းတုန်ကျင်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" ဟမ့် " ၎င်းကို ကြားသောအခါ မုမန်ထင်းက ဘာမှမပြောတော့ဘဲ သူ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

လင်းယွမ်က ကျွင်းတုန်ကျင်း၏ ဘေးတွင်ဝင်ထိုင်လိုက်သည်။ မုမန်ထင်းက သူ့ကို စကားနှင့် တိုက်ခိုက်ခဲ့ပြီး ကျွင်းတုန်ကျင်းသာ ဝင်မပြောလျှင် လင်းယွမ်၏ စိတ်အခြေအနေထိခိုက်သွားနိုင်လေသည်။

" ဒီလူကြီး..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

လွန်ခဲ့သော နှစ်နှစ်ဆယ်က လင်းယွမ်မှာ ဒုက္ခိတတစ်ယောက်နှင့် မခြားပေ။ လင်းယွမ်ကို ပစ်မှတ်ထားရန် မပြောနှင့် အာရုံစိုက်ရန်ပင် မထိုက်တန်ပေ။

ယခု လင်းယွမ်က ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် အောင်မြင်မှုများရရှိလာသောအခါ ၎င်းက သူ့အတွက် အသေးအမွှားလေးဖြစ်လျှင်တောင် သူ၏ အဖိုး ဂိုဏ်းချုပ်ထံမှ ချီးကျူးခံရပေလိမ့်မည်။ ၎င်းက မုမန်ထင်းကို မသက်မသာ ခံစားရစေလေသည်။

မုမန်ထင်း၏ အမြင်အရ တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးမှာ သူတို့၏ မုမိသားစုမှ ဖြစ်သင့်လေသည်။

သို့သော် ကျွင်းတုန်ကျင်းက ထွက်ပေါ်လာခဲ့သည်။ သူက မုလျန်အာနှင့် လက်ထပ်ခဲ့လျှင်တောင် အပြင်လူတစ်ယောက်ဖြစ်နေဆဲပင် ဖြစ်၏။

ထိုအချိန်တွင် ခန်းမထဲမှ လေထုက အနည်းငယ် ပြောင်းလဲသွားသည်။ လင်းယွမ်က ၎င်းကို ခံစားမိပြီး ပင်မထိုင်ခုံသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ခန့်ညားသော သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

" ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်။ " ခန်းမထဲမှ အခြားသူများကလည်း ၎င်းကို ခံစားမိကြသည်။ သူတို့က မတ်တပ်ရပ်ပြီး သက်လတ်ပိုင်းလူကြီးကို အရိုအသေပေးလိုက်ကြသည်။

" အားလုံး ထိုင်ကြပါ။ " သက်လတ်ပိုင်းလူကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဟုတ်ကဲ့ " အားလုံးက ထိုင်လိုက်ကြသည်။

" အဲ့ဒါ တာအိုအင်မော်တယ်ဂိုဏ်းချုပ်လား။ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်..." လင်းယွမ်က လျို့ဝှက်စွာ လေ့လာနေသည်။

အဆင့်များအရ ဆဋ္ဌမအလွှာသို့ ဝင်ရောက်သွားသော လင်းယွမ်က ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့်ဟု ပြောလို့ရလေသည်။

ထိုအချိန်တွင် အမျိုးသမီးကျင့်ကြံသူများက စိတ်ဝိညာဉ်သစ်သီးများကို ယူဆောင်လာပြီး စားပွဲပေါ်တွင် ချလိုက်ကြသည်။ ခန်းမထဲတွင် ရှိနေသူအားလုံးက အဆင့်မြင့်သော ရာထူးများနှင့် သန်မာသော ကျင့်ကြံသူများဖြစ်ကြလေသည်။

" မိစ္ဆာနယ်မြေရဲ့ မိစ္ဆာနန်းတော်က အခြေအနေဘယ်လိုလဲ။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ်က တည်ငြိမ်စွာ မေးလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်းက အကြွင်းမဲ့ခွန်အားဖြင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို လွှမ်းမိုးထားပြီး နတ်ဆိုးသားရဲများ၊ နတ်ဆိုးများနှင့် မိစ္ဆာများကို ဖိနှိပ်ထားသည်။ သို့သော် သူတို့သုံးဖွဲ့က ပြင်းထန်သော ဇွဲလုံ့လဖြင့် ခုခံထားပြီး ပြန်လည်ရှင်သန်နိုင်ကြလေသည်။

ထို့ကြောင့် တာအိုအင်မော်တယ်ဂိုဏ်းက ထိုသုံးဖွဲ့ကို တားဆီးရန် တပည့်များက မကြာခန တိုက်ခိုက်သတ်ဖြတ်ရလေသည်။

" ဂိုဏ်းချုပ် အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေက ကျုပ်တို့ ရိုက်တာခံရပြီး အလယ်ပိုင်းကို ခြေချဖို့ အရမ်းကြောက်နေကြပါပြီ။ " ဆံပင်ကောက်ကောက်နှင့် အဘိုးကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

သူက တောင်ဘက်မှ မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းရန် တာဝန်ရှိပြီး သူ၏ တာဝန်ပြီးမြောက်ခဲ့သောကြောင့် ယုံကြည်မှုရှိစွာ ပြောလိုက်ခြင်းဖြစ်သည်။

" မဆိုးဘူး။ " ဂိုဏ်းချုပ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

" အဲ့ဒိမိစ္ဆာနန်းတော်ရဲ့ ဇစ်မြစ်က အရမ်းဆန်းကျယ်ပြီးတော့ ငါရှာတာတောင် ခက်ခဲနေတယ်။ ပြီးတော့ ငါတို့က အဲ့ဒီဘက်က မိစ္ဆာကျင့်ကြံသူတွေကိုလည်း သတိထားရလိမ့်မယ်။ " ဂိုဏ်းချုပ်က ပြောလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်းက မိစ္ဆာကျင့်ကြံသူများကို အမြစ်ပြတ်မချေမှုန်းလိုသောကြောင့်မဟုတ်ပေ။ သူတို့မလုပ်နိုင်သောကြောင့်ဖြစ်သည်။

တာအိုအင်မော်တယ်ဂိုဏ်းချုပ်က တောင်ဘက်နယ်မြေကို ဖျက်ဆီးရန် ဂိုဏ်းရတနာကို အသုံးပြုတော့မည်အကြိမ်တိုင်း မိစ္ဆာကျင့်ကြံသူအားလုံးက ရှေးဟောင်းသူတော်စင်များပင် မရှာဖွေနိုင်သော မိစ္ဆာနန်းတော်ထဲသို့ ဝင်ရောက်ပုန်းကွယ်နေကြလေသည်။

ထို့ကြောင့် တောင်ဘက်မှ မိစ္ဆာကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် သူတို့ အင်းအားကြီးလာခြင်းမှ တားဆီးရန် ဖိနှိပ်ခြင်းနှင့် ရှင်းလင်းခြင်းတို့အပြင် ပြဿနာထွေထွေထူးထူးမရှိပေ။

" မြောက်ဘက်က သွေးနတ်ဆိုးတွေကရော..." ဂိုဏ်းချုပ်က မေးလိုက်သည်။

" ဂိုဏ်းချုပ် သွေးနတ်ဆိုးသခင်ရဲ့ သွေးနတ်ဆိုးငယ်တွေက ခြောက်ဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပါပြီ။ ဟားဟား အခု သူတို့က သွေးနတ်ဆိုးပင်လယ်ထဲက မထွက်ရဲကြတော့ဘူး။ " နောက်ထပ်လူတစ်ယောက်က ပြောလိုက်သည်။

" သွေးနတ်ဆိုးသခင်က သွေးပင်လယ်နဲ့ ပေါင်းစပ်ထားခဲ့တယ်။ သူက အင်မော်တယ်ဖြစ်လုနီးပါးဆိုပေမယ့် သွေးနတ်ဆိုးပင်လယ်ထဲက ထွက်မသွားနိုင်ဘူး။ " ဂိုဏ်းချုပ်က ခေါင်းငြိမ့်လိုက်သည်။

သွေးနတ်ဆိုးသခင်က ထူးဆန်းသော တည်ရှိမှုတစ်ခုဖြစ်သည်။ ယခင် ဂိုဏ်းချုပ်များက ဂိုဏ်ရတနာကို အသုံးပြုခဲ့သော်လည်း သွေးနတ်ဆိုးသခင်ကို သတ်ပစ်နိုင်ခြင်းမရှိခဲ့ပေ။

" အရှေ့ပင်လယ်ကျွန်းစုကရော..." ဂိုဏ်းချုပ်က ထပ်မေးလိုက်သည်။

ထိုအခိုက်တွင် မုမန်ထင်းက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ " အရှေ့ပင်လယ်ကျွန်းစုက နဂါးနဲ့ မြွေတွေ ရောနှောနေပြီး ပြင်ပအင်အားစုတွေကို အလွန်ခံနိုင်ရည်ရှိကြတယ်။ "

" ဒါပေမယ့် ဒီနှစ်တွေမှာ ကျုပ်က အင်အားစုတစ်ခုတည်ထောင်ပြီး ဟေးကျင်းကျွန်းစုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျုပ်ဒီမှာရှိနေလည်း အရှေ့ပင်လယ်ကျွန်းစုကတော့ ဖရိုဖရဲ ဖြစ်နေဦးမှာပါပဲ။ " မုမန်ထင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်းက အရှေ့ပင်လယ်ကျွန်းစုကို တိုက်ရိုက်ဖိနှိပ်ခြင်းနှင့် မတူသော နည်းလမ်းကို အသုံးပြုခဲ့သည်။

အရှေ့ပင်လယ်ကျွန်းစု၏ အခြေအနေက အလွန်ရှုပ်ထွေးနေပြီး အတွင်းရေးပဋိပက္ခများက အမြဲတမ်းဖြစ်ပျက်နေခဲ့သည်။ ထို့ကြောင့် တာအိုအင်မော်တယ်ဂိုဏ်းက အရှေ့ပင်လယ်ကျွန်းစုတွင် အင်အားကြီးအဖွဲ့အစည်းတစ်ခု မပေါ်ပေါက်လာစေရန်သာ လိုအပ်လေသည်။

ထို့ကြောင့် ကျွန်းစုများ ပူးပေါင်းမည့်လက္ခဏာများ ပေါ်လာသည့်အကြိမ်တိုင်း မုမန်ထင်းက ဝင်ရောက်နှောက်ယှက်ခဲ့လေသည်။

" မဆိုးဘူး။ " ဂိုဏ်းချုပ်က နောက်တစ်ကြိမ် ခေါင်းငြိမ့်လိုက်သည်။

" ဟေးကျင်းကျွန်းစု..." ကျွင်းတုန်ကျင်း၏ ဘေးတွင် ထိုင်နေသော လင်းယွမ်က သူ၏ စိတ်ထဲမှ အနည်းငယ် တုန်ခါသွားသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် အရှေ့ပင်လယ်ကျွန်းစုမှ စတင်မည်ဖြစ်သောကြောင့် လင်းယွမ်က ကျွန်းများ၏ တည်နေရာကို ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူက ဟေးကျင်းကျွန်းစုကိုလည်း သိနေခဲ့သည်။

All Chapters