← Chapters

ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခြင်း....

Vol. 13 Ch. 198

ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခြင်း....

Vol. 13 Ch. 198

အရှေ့ပင်လယ်တွင် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က ရုတ်တရက် ရပ်တန့်သွား၏။ တိမ်မြူခိုးတော်ဝင်နယ်မြေက အရှေ့ပင်လယ်နှင့် အလွန်ဝေးကွာလှသည်။ သို့သော် ယန်စိတ်ဝိညာဉ်က ရုပ်ခန္ဓာမရှိသောကြောင့် ၎င်း၏ ပျံသန်းနှုန်းက ရှေးဟောင်းသူတော်စင်များပင် ယှဉ်နိုင်မည်မဟုတ်ပေ။

လဝက်ကြာပျံသန်းပြီးနောက် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က အရှေ့ပင်လယ်ထဲသို့ ရောက်လာခဲ့သည်။

တာအိုအင်မော်တယ်ဂိုဏ်းတွင် အရှေ့ပင်လယ်အနီးသို့ ရောက်နိုင်သော နေရာရွေ့ပြောင်းမှော်အင်းကွက်တစ်ခု ရှိလေသည်။ သို့သော် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က လမ်းတစ်လျှောက် ပျံသန်းသွားရန် ဆုံးဖြတ်ခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နှစ်ရာချီအစီအစဉ်ဖြစ်သောကြောင့် အလျင်လိုရန်မလိုအပ်ပေ။

" ဟေးကျင်းကျွန်းစု..." လင်းယွမ်နှင့် ယန်စိတ်ဝိညာဉ်တို့က စိတ်အသိတစ်ခုတည်း ဖြစ်လေသည်။

သူတို့၏ မှတ်ဉာဏ်များက တူညီကြပြီး အသိပညာနှင့် ဗဟုသုတများကို ဖလှယ်နေကြလေသည်။ ထို့ကြောင့် မုမန်ထင်းက ဟေးကျင်းကျွန်းစုတွင် အင်အားစုတစ်ခု ထူထောင်ထားသည်ကို ကြားသောအခါ ယန်ဝိညာဉ်ကလည်း ချက်ချင်း သိသွားခဲ့သည်။

" ဟေးကျင်းကျွန်းစုက အဲ့ဒီဘက်မှာ ဖြစ်ရမယ်။ " ယန်စိတ်ဝိညာဉ်က ဦးတည်ချက်ပြောင်းပြီး ဟေးကျင်းကျွန်းစုသို့ ထွက်ခွာသွားသည်။

ခနကြာသောအခါ သူက ဟေးကျင်းကျွန်းစုအနီးတွင် ပေါ်လာသည်။

" နတ်အသွင်ပြောင်းလဲခြင်း ၁၂ယောက်၊ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ၅၆ ယောက်..." ယန်စိတ်ဝိညာဉ်က တွက်ချက်ပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်သည်။

ချက်ချင်း နေလုံးကြီးတစ်ခုက ကောင်းကင်တွင် ထွန်းလင်းလာသည်။ ထိုက်ယန်၏ အဆုံးမရှိသော စွမ်းအားများက အမိန့်ပေးခံလိုက်ရသကဲ့သို့ ယန်စိတ်ဝိညာဉ်၏ ညာလက်တွင် စုစည်းသွားကြသည်။

တစ်ချိန်တည်းတွင် ကောင်းကင်တွင် နေလုံးနှစ်လုံး ချိတ်ဆွဲထားသည်။

အဆုံးတွင် နေလုံးကို ဦးတည်ထားသော လင်းယွမ်၏ ညာလက်က ရုတ်တရက် ဟေးကျင်းကျွန်းစုရှိရာသို့ ဖိချလိုက်သည်။

ဟေးကျင်းကျွန်းစု။

ပင်မကျွန်း၏ အုပ်ချုပ်ရေးခန်းမ။

နတ်အသွင်ပြောင်းလဲခြင်းအဆင့် ၁၂ ယောက်နှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ၅၆ ယောက်တို့က ထိုနေရာတွင် စုစည်းနေကြသည်။ ဥပဒေမရှိဘဲ ရှုပ်ထွေလှသော အရှေ့ပင်လယ်တွင် သူတို့ကို သေးငယ်သော အင်အားစုတစ်ခုဟု ပြော၍ မရပေ။

ဂိုဏ်းငယ် ၈၀၀နှင့် အဖွဲ့အစည်း ၃၀၀၀ကြားတွင် ထိုအင်အားစုက အဆင့်တစ်ဆယ်အတွင်း ရှိလေသည်။ ထို့အပြင် ဟေးကျင်းကျွန်းစု၏ အာဏာက အရှေ့ပင်လယ်ကျွန်းစုများထဲတွင် ပေါင်းစပ်နေပြီဖြစ်သည်။

အသန်မာဆုံး နတ်အသွင်ပြောင်းလဲခြင်းအဆင့် သုံးယောက်မှလွဲ၍ ဟေးကျင်းကျွန်းစုအား တာအိုအင်မော်တယ်ဂိုဏ်းက နောက်ကွယ်မှ ထိန်းချုပ်ထားသည်ကို ဘယ်သူမှမသိကြပေ။

အရှေ့ပင်လယ်ကျွန်းစုမှ အင်အားစုများက သူတို့ထဲတွင် တာအိုအင်မော်တယ်ဂိုဏ်း စိမ့်ဝင်နေသည်ကိုသာ သိသွားခဲ့လျှင် သူတို့က မဆန့်ကျင်ရဲလျှင်တောင် သူတို့၏ ပဋိပက္ခများကို ဘေးဖယ်ပြီး ပူးပေါင်းသွားကြပေလိမ့်မည်။

၎င်းက အရှေ့ပင်လယ်အပေါ်အသုံးပြုထားသော တာအိုအင်မော်တယ်ဂိုဏ်း၏ အစီအစဉ်ကို ချိုးဖောက်သွားပေလိမ့်မည်။

အရှေ့ပင်လယ်၏ ဂိုဏ်းပေါင်း ၈၀၀နှင့် အဖွဲ့အစည်း ၃၀၀ တို့က အဆက်မပြတ် တိုက်ပွဲများနှင့် ဖရိုဖရဲ ဖြစ်နေခြင်းက အကောင်းဆုံးဖြစ်လေသည်။

မုမန်ထင်းက ဟေးကျင်းကျွန်းစုကို တိတ်တဆိတ် ထိန်းချုပ်ပြီး အရှေ့ပင်လယ်၏ အခြေအနေကို လှုံ့ဆော်ကာ အရင်အမြစ်များစွာ စုဆောင်းခဲ့သည်။

ပြင်းထန်စွာ ဖိနှိပ်နေရာသော မြောက်ဘက်မှ နတ်ဆိုးများ၊ အနောက်ဘက်မှ နတ်ဆိုးသားရဲများနှင့် တောင်ဘက်မှ မိစ္ဆာများနှင့် ယှဉ်လျှင် မုမန်ထင်းက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

" ငါ အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို သွားပြီး ဒီနှစ်တစ်ရာအတွင်း ရသမျှကို လွှဲပြောင်းပေရမယ်။ " ခန်းမအတွင်း ခေါင်းဆောင်နေရာတွင် ထိုင်နေသော နတ်အသွင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်က ပြောလိုက်သည်။

သူက အောက်မှ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များနှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ထိုလူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ ပတ်ဝန်းကျင်မှ လေထုက ပူလောင်လာသည်ကို ခံစားလိုက်ရသည်။

" မကောင်းတော့ဘူး။ "

နတ်အသွင်ပြောင်းလဲခြင်းအဆင့် ဆယ်ယောက်ကျော်က ကောင်းကင်သို့ ပျံတက်သွားပြီး ကြီးစိုးသော အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။

သို့သော် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ၏ မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ပေါ်လာသည်။

အကြောင်းမှာ သူတို့က ကောင်းကင်မှ ဟေးကျင်းကျွန်းစုပေါ်သို့ ကျဆင်းလာသော နေလုံးကြီးကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

တိမ်များထက်၌ လင်းယွမ်က သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

ထိုအခိုက်အတန်းတွင် ဟေးကျင်းကျွန်းစုက မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့်များနှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များက အဆက်မပြတ် ပေါက်ကွဲသွားကြသည်။

" ဝမ်ယန်မျိုးနွယ်ရဲ့ လျို့ဝှက်နည်းစနစ်က တကယ် ကြောက်စရာကောင်းတာပဲ။ " ၎င်းကို မြင်သောအခါ လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

သူပစ်လိုက်သော နေလုံးက ဝမ်ယန်သားတော်အသုံးပြုခဲ့သော ဝမ်ယန်ယန်ထျန်း၏ ရိုးရှင်းသော ပုံစံဖြစ်လေသည်။ ဝမ်ယန်တော်ဝင်သားတော်နှင့် နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် လင်းယွမ်က ထိုနည်းစနစ်ကို နားလည်ခဲ့ခေသည်။

မူလကမ္ဘာတွင် လင်းယွမ်က ဝမ်ယန်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်ကို ထုတ်ဖော်မည်မဟုတ်ပေ။ အကယ်၍ ၎င်းအား အခြားအဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများတွေ့သွားခဲ့လျှင် မူပိုင်ခွင့်အငြင်းပွားမှုများ ဖြစ်ပေါ်နိုင်လေသည်။

မူလကမ္ဘာရှိ လူသားမျိုးနွယ်၏ ဥပဒေများက ခိုင်မာပြီး လျို့ဝှက်နည်းစနစ်များကို ကောင်းစွာ ကာကွယ်ပေးထားလေသည်။ အကယ်၍ ထိုမျိုးနွယ်မှမဟုတ်သည့်အပြင် ဝယ်ယူရခြင်းမရှိသေးဘဲ ထိုမျိုးနွယ်မှ လျို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့လျှင် ခိုးသည်ဟုသာ ယူဆလေသည်။ ကြယ်နယ်မြေ သို့မဟုတ် ကြယ်မဟာမိတ်များတွင် ၎င်းကို တရားမဝင်ဟု သတ်မှတ်ထားလေသည်။

သို့သော် အခြားကမ္ဘာတွင် ဖုံးကွယ်ထားရန် မလိုအပ်ပေ။ ထို့အပြင် ယန်စိတ်ဝိညာဉ်သာ ဖြစ်သောကြောင့် ပို၍ပင် သတိထားရန် မလိုအပ်ပေ။

" ဟေးကျင်းကျွန်းစု..." လင်းယွမ်က အသက်ရှင်ကျန်ရစ်သူ ရှိမရှိ စစ်ဆေးလိုက်သည်။

ဟေးကျင်းကျွန်းစုကို ပစ်မှတ်ထားရခြင်းမှာ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်သည်။ တစ်ခုမှာ သူနှင့် ကျွင်းတုန်ကျင်းအတွက် လက်စားချေရန်ဖြစ်သည်။

သူ၏ ဖခင် ကျွင်းတုန်ကျင်းက သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ရှိပြီး တာအိုအင်မော်တယ်ဂိုဏ်း၏ သူတို့မျိုးဆက်များကြားတွင် သူ၏ ပါရမီက ပြိုင်ဘက်ကင်းလေသည်။

သို့သော် သူ၏ အဆင့်အတန်းကြောင့် မုမန်ထင်း၏ ရန်စမှုနှင့် ရင်ဆိုင်ရသောအခါ တိတ်ဆိတ်ရုံသာ တတ်နိုင်ခဲ့သည်။ ယခု လင်းယွမ်က လက်စားချေရန် အခွင့်အရေးရသောကြောင့် ၎င်းကို လက်မလွှတ်နိုင်ပေ။

နောက်တစ်ချက်မှာ သူက အရှေ့ပင်လယ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်လျှင် နောက်ဆုံးတွင် ဟေးကျင်းကျွန်းစုနှက့် ထိပ်တိုက်တွေ့ရပေလိမ့်မည်။

အနာဂတ်တွင် နှောက်ယှက်ခံမည့်အစား ယခုအချိန်တွင် ပြတ်ပြတ်သားသား ချေမှုန်းလိုက်ခြင်းက ပိုကောင်းလေသည်။

" စုစည်းစမ်း " လင်းယွမ်က အောက်မှ ဟေးကျင်းကျွန်းစုကို ငုံ့ကြည့်ပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ချက်ချင်း များပြားသော စိတ်ဝိညာဉ်စွမ်းအားများက သူ့ဆီသို့ စီးဝင်လာကြသည်။

အရှေ့ပင်လယ်ကျွန်းစု၏ ထိပ်သီးအင်အားစုများထဲမှ တစ်ခုအနေဖြင့် ဟေးကျင်းကျွန်းစုက ရတနာနှင့် အရင်းအမြစ်များစွာ စုဆောင်းထားလေသည်။

အထူးသဖြင့် မုမန်ထင်းအတွက် စုဆောင်းထားသော ရတနာတိုက်ထဲမှ အရင်းအမြစ်များနှင့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ၏ သိုလှောင်လက်စွပ်များဖြစ်ကြလေသည်။

ယခု ဟေးကျင်းကျွန်းစုတစ်ခုလုံးက မီးလောင်ပြာကျသွားပြီး ရတနာများနှင့် အရင်းအမြစ်များကို ထိုက်ယန်အစစ်အမှန်မီးတောက်က အလွန်သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲပေးခဲ့သည်။ ထို့နောက် အားလုံးကို လင်းယွမ်က စုပ်ယူခဲ့လေသည်။

" တော်တော်များတာပဲ။ " အရာအားလုံးကို ဝါးမျိုပြီးနောက် လင်းယွမ်က ပြုံးလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်း။

မုမန်ထင်းက မတ်တပ်ရပ်နေပြီး ဤနှစ်များတွင် ဟေးကျင်းကျွန်းစုမှ စုဆောင်းထားသော အကျိုးအမြတ်များနှင့် အရှေ့ပင်လယ်ကျွန်းစုများ၏ အခြေအနေကို ဂိုဏ်းချုပ်အား တင်ပြရန် ပြင်လိုက်သည်။

မုမန်ထင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ " ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာပေါ်လာသည်။ ဟေးကျင်းကျွန်းစုရှိ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များနှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များ၏ အသက်တံဆိပ်များက တစ်ချိန်တည်း ကွဲအက်သွားသည်ကို သတိပြုမိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ အားလုံး သေဆုံးသွားပြီဖြစ်သည်။ ထို့အပြင် သူတို့၏ သေဆုံးချိန်က ထပ်တူညီလုနီးပါး ဖြစ်၏။

သူ ကြိုးစားအားထုတ်ပြီး တည်ထောင်ခဲ့သော ဟေးကျင်းကျွန်းစုက ပျောက်ကွယ်သွားပြီဖြစ်သည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်နှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များပင် သေဆုံးသွားလျှင် အခြားကျင့်ကြံသူများက ပြေားရာပင်မလိုပေ။

" ဘာဖြစ်တာလဲ။ " ထိပ်တွင် ထိုင်နေသော ဂိုဏ်းချုပ်က မေးလိုက်သည်။

" ဂိုဏ်းချုပ် ဟေးကျင်းကျွန်းစုက နတ်အသွင်ပြောင်းလဲခြင်းအဆင့်နဲ့ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်တွေ အားလုံး သေကုန်ကြပြီ။ " မုမန်ထင်းက ဖုံးကွယ်ထားရဲခြင်းမရှိဘဲ အမှန်အတိုင်း ပြောလိုက်သည်။

" ဘာ " ဂိုဏ်းချုပ်၏ မျက်လုံးများက အေးစက်သွားသည်။

" သူတို့က ဘယ်လိုတောင်လုပ်ရဲတာလဲ။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

တစ်ချိန်တည်းတွင် တာအိုအင်မော်တယ်ဂိုဏ်းချုပ်၏ ခေါင်းအထက်၌ အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်နေသော ကြေးမုံတစ်ချပ်ပေါ်လာသည်။

ဝုန်း....

အလင်းတန်းတစ်ခုက အချိန်နှင့် လေဟာနယ်ကို ထိုးဖောက်သွားသကဲ့သို့ တာအိုအင်မော်တယ်ဂိုဏ်း၏ အထက်သို့ ထိုးတက်သွားပြီး ၎င်းက အရှေ့ပင်လယ်မှ ဟေးကျင်းကျွန်းစုပေါ်သို့ ကျဆင်းသွားသည်။

" ဟမ် " တိမ်များအထက်မှ လင်းယွမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး တာအိုအင်မော်တယ်ဂိုဏ်းမှလာသော ကြေးမုံအလင်းတန်းကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

All Chapters