ပိုင်ယုကျွန်း...
Vol. 13 Ch. 199
ထိုအချိန်တွင် ကြေးမုံအလင်းတန်းမှ ပုံရိပ်တစ်ခုပေါ်လာပြီး သေချာကြည့်လျှင် ထိုပုံရိပ်မှာ တာအိုအင်မော်တယ်ဂိုဏ်းချုပ်ဖြစ်သည်ကို သိရပေလိမ့်မည်။
ပုံရိပ်က မီးပင်လယ်ဖြစ်နေသော ဟေးကျင်းကျွန်းစုကို ကြည့်၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
မိုင်တစ်သောင်းအဝေးတွင် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က ပေါ်လာသည်။
" ဒါဆို အဲ့ဒါ ဂိုဏ်းရတနာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံပေါ့။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။
ယန်စိတ်ဝိညာဉ်က တိမ်မြူခိုးတော်ဝင်နယ်မြေမှ အရှေ့ပင်လယ်သို့ လဝက်ကြာ ပျံသန်းခဲ့ရလေသည်။ သို့သော် တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အကူအညီနှင့် အရှေ့ပင်လယ်သို့ ခနအတွင်း ရောက်လာခဲ့လေသည်။
၎င်းမှာ တာအိုအင်မော်တယ်ဂိုဏ်းချုပ်က အလွန်သန်မာသောကြောင့် မဟုတ်ပေ။ သူက ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်သာ ရှိသောကြောင့် မူလကမ္ဘာတွင် ဆဋ္ဌမအလွှာ အဆင့်လေးနှင့် ကိုးကြားတွင်သာ ရှိပေလိမ့်မည်။ ထိုမျှမြန်နေခြင်းက ဂိုဏ်းရတနာကြောင့်သာ ဖြစ်သည်။
ထိုက်ဟောက်အင်မော်တယ်ကြေးမုံ။
ထိုအင်မော်တယ်ရတနာ၏ စွမ်းအားက အကန့်အသတ်မရှိဘဲ အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ မည်သည့်နေရာကိုမဆို ရောက်နိုင်လေသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀က သွေးနတ်ဆိုး၊ မိစ္ဆာဘုရင်နဲ့ နတ်ဆိုးသူတော်စင်တို့က အတူပူးပေါင်းပြီး တာအိုအင်မော်တယ်ဂိုဏ်းနဲ့ အဆုံးအဖြတ်တိုက်ပွဲတိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
" ဒါပေမယ့် ဆင်းသက်လာတဲ့သူက တာအိုအင်မော်တယ်ဂိုဏ်းချုပ်မဟုတ်ဘူး။ အင်မော်တယ်ကြေးမုံရဲ့ ပုံရိပ်တစ်ခုပဲ။ ဒီလောက်အကွာအဝေးကို ဖြတ်ကျော်တာ ပေးဆပ်ရတဲ့ တန်ဖိုးကလည်း နည်းမှာမဟုတ်ဘူး။ " လင်းယွမ်က သူ၏ စိတ်ထဲမှ တွက်ချက်လိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်း မဟာခန်းမထဲတွင် ဂိုဏ်းချုပ်က သူ၏ ခေါင်းအထက်မှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော ကြေးမုံကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်ထိုက်လိုက်သည်။
" ဂိုဏ်းချုပ် " မုမန်ထင်းက ပြောလိုက်သည်။ သူက ဟေးကျင်းကျွန်းစုကို နှစ်ပေါင်းများစွာကြာအောင် ကြိုးစားတည်ထောင်ခဲ့သောကြောင့် အလွန်စိတ်ပျက်နေလေသည်။
နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များများနှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် အစစ်အမှန်ဘုရင်များက နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ပြီး တာအိုအင်မော်တယ်ဂိုဏ်းအတွက် အသုံးမဝင်လျှင်တောင် အရှေ့ပင်လယ်ကျွန်းများတွင် သူတို့၏ အသုံးဝင်မှုကို အစားထိုး၍ မရနိုင်ပေ။
အရှေ့ပင်လယ်ကျွန်းစုများက အရင်းအမြစ်များ နည်းပါးသောကြောင့် တာအိုအင်မော်တယ်ဂိုဏ်းက သိမ်းပိုက်ရန် မလိုအပ်ဟု အထင်သေးခဲ့လေသည်။
သို့သော် တာအိုအင်မော်တယ်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင်သာ အရင်းအမြစ်များ နည်းပါးခြင်းဖြစ်ပြီး အရှေ့ပင်လယ်ကျွန်းစုများ၏ အစိတ်အပိုင်းအနည်းငယ်ကို ဆုပ်ကိုင်ထားသော ကျင့်ကြံသူများအတွက် အကျိုးအမြတ်များက များပြားနေဆဲ ဖြစ်သည်။
ယခုမူ အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
" အဲ့ဒီလူ ထွက်ပြေးသွားတယ်။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ခေါင်းခါလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက တုန်လှုပ်သွားကြသည်။ မုမန်ထင်းက အလွန်စိတ်ထိခိုက်နေသော်လည်း သူ၏ အမူအရာကို ထိန်းချုပ်ထားနိုင်သည်။
ဂိုဏ်းချုပ်က ဂိုဏ်းရတနာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသက်သွင်းခဲ့သော်လည်း ဟေးကျင်းကျွန်းစုအား ဖျက်ဆီးသွားသူက ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
" ကြည့်လိုက် " ပုံရိပ်ယောင်များက ခန်းမအထက်တွင် ပေါ်လာခဲ့သည်။
သူက တရားခံကို မဖမ်းမိခဲ့သော်လည်း ကျန်ခဲ့သော အော်ရာများကို အခြေခံပြီး အဖြစ်အပျက်၏ တစ်စိတ်တစ်ပိုင်းကို ခြေရာခံနိုင်ခဲ့သည်။ ခန်းမထဲမှ လူအားလုံးက မြင်ကွင်းကို ကြည့်နေကြသည်။
ထိုအချိန်တွင် ဟေးကျင်းကျွန်းစုက အေးချမ်းသော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ ဝေဝါးနေသော ပုံရိပ်တစ်ခုက အောက်မှ ဟေးကျင်းကျွန်းစုကို တိတ်တဆိတ် ငုံ့ကြည့်နေသည်။
လူတိုင်း၏ အကြည့်အောက်တွင် တိမ်များထက်မှ ပုံရိပ်က သူ၏ ညာလက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ အဆုံးမဲ့ယန်စွမ်းအားများက ပုံရိပ်၏ ညာလက်တွင် အဆက်မပြတ် စုစည်းလာပြီး ထိုက်ယန်အစစ်အမှန်မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် နေအသေးစားတစ်ခု ဖြစ်ပေါ်လာသည်။ နေ၏ တောက်ပမှုနှင့် အပူချိန်က ကောင်းကင်မှ နေနှင့် ယှဉ်ပြိုင်လုနီးပါး ဖြစ်နေသည်။
တိမ်များပေါ်မှ လူက သူ၏ လက်ထဲမှ နေလုံးကို ဟေးကျင်းကျွန်းစုပေါ်သို့ ပစ်ချလိုက်သည်။
မြင်ကွင်းက ပြီးဆုံးသွားခဲ့သည်။
" ကြောက်စရာကောင်းလိုက်တဲ့ မီးတာအို နည်းစနစ်ပဲ။ " ရွှေရောင်ဆံပင်များနှင့် အကြီးအကဲက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
အချိန်ခနအတွင်း ထိုမျှ ကြီးမားသော ထိုက်ယန်အစစ်အမှန်မီးတောက်ကို စုစည်းနိုင်ခြင်းက ကျင့်ကြံခြင်းအဆင့် မြင့်ရုံသာမက ထိုက်ယန်စွမ်းအားအပေါ် ကြောက်စရာကောင်းအောင် ထိန်းချုပ်နိုင်သည်ကိုလည်း ပြသနေသည်။
" ဒီလိုစွမ်းအားကောင်းတဲ့ လူတစ်ယောက်က အရှေ့ပင်လယ်မှာ ဘယ်တုန်းက ပေါ်လာတာလဲ။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်နေသည်။
ထိုပုံရိပ်၏ စွမ်းအားက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီး ရှေးဟောင်းသူတော်စင်အဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။
" အဲ့ဒီလူကို ပိုပြီး အာရုံစိုက်ထား။ " ဂိုဏ်းချုပ်က ပြောလိုက်သည်။
" ဟုတ်ကဲ့ " လူတိုင်းက ညီညာစွာ ပြန်ပြောလိုက်ကြသည်။
" ရှောင်ယောင်၊ ကျိလန် ဒီအတောအတွင်း ဂိုဏ်းထဲမှာပဲ နေကြ အပြင်မထွက်ကြသေးနဲ့ဦး။ " မုလျန်အာက ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့ကို ကြည့်ပြီး အသံပို့လွှတ်လိုက်သည်။ " မင်းတို့ အဲ့ဒီလူနဲ့တွေ့ရင် ခုခံဖို့ မကြိုးစားနဲ့။ အသက်ကယ်ဝှက်ဖဲတွေကို သုံးပြီး ချက်ချင်း ပြေးကြ။ "
သူမက ပြောပြီးနောက် ဘေးမှ တည်ငြိမ်စွာ ထိုင်နေသော လင်းယွမ်ကို ကြည့်လိုက်သည်။
" မင်းတို့နှစ်ယောက် ဝူကျိဆီက သင်ယူကြ။ အပြင်ထွက်ဖို့ပဲ အမြဲစဉ်းစားမနေကြနဲ့။ အပြင်ထွက်တာ ဘယ်လောက်အန္တရာယ်များလဲ။ ဝူကျိပဲကောင်းတယ်။ သူက တိမ်မြူခိုးတော်ဝင်နယ်မြေထဲမှာနေပြီး ဘယ်မှမသွားဘူး။ " မုလျန်အာက သူမ၏ သားငယ်ကို စိတ်သက်သာစွာ ကြည့်လိုက်သည်။
ကျွင်းဝူကျိက စိတ်ဝိညာဉ်အမြစ်မရှိလျှင်တောင် အနည်းဆုံးတော့ သူမကို စိုးရိမ်စေခြင်းမရှိခဲ့ပေ။
နေ့တစ်ဝက်ကြာပြီးနောက် အခမ်းအနား ပြီးဆုံးသွားသည်။ လင်းယွမ်က ကျွင်းရှောင်ယောင်၊ ကျွင်းကျိလန်တို့နှင့်အတူ တိမ်မြူခိုးတော်ဝင်နယ်မြေသို့ ပြန်လာခဲ့ကြသည်။
" ညီလေး ငါတို့ အရင်ပြန်လိုက်ဦးမယ်။ " ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
အရှေ့ပင်လယ်ရှိ မီးတာအိုနည်းစနစ်တွင် ကျွမ်းကျင်သော လျို့ဝှက်ဆန်းကျယ်သည့် ပုံရိပ်က တာအိုအင်မော်တယ်ဂိုဏ်း၏ အာရုံကို ဆွဲဆောင်ခဲ့ပြီး ထိုလူကို မည်သို့ကိုင်တွယ်ရန် ဆွေးနွေးရပေလိမ့်မည်။
တာအိုအင်မော်တယ်ဂိုဏ်းက သူတို့၏ ထိန်းချုပ်မှုထက်ကျော်လွန်သော ဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။
တစ်လကြာပြီးသောအခါ အရှေ့ပင်လယ်မှ သတင်းများထွက်ပေါ်လာသည်။ ပိုင်ယုကျွန်းပေါ်လာတော့မည်။
ပိုင်ယုကျွန်းက အလွန်ထူးခြားသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ၎င်းက ထူထပ်သော စိတ်ဝိညာဉ်စွမ်းအားများနှင့် အရှေ့ပင်လယ်တွင် တော်ဝင်နယ်မြေတစ်ခု ဖြစ်လေသည်။
သို့သော် ပိုင်ယုကျွန်းက နေရာအတည်အကျ မရှိဘဲ နှစ်နှစ်ထောင်ကြာတိုင်း ပင်လယ်အောက်သို့ နစ်မြှုပ်သွားလေသည်။ ထို့ကြောင့် ပိုင်ယုကျွန်းနစ်မြှုပ်သွားသည့်အကြိမ်တိုင်း ကျွန်းပေါ်မှ လူများက ထွက်ခွာသွားရပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့်များပင် ပိုင်ယုကျွန်းနှင့်အတူ ပင်လယ်အောက်သို့ လိုက်မသွားရဲကြပေ။
ပင်လယ်အောက်တွင် ပင်လယ်ရေဖိအားအပြင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များပင် နားမလည်နိုင်သော ရှေးဟောင်းသားရဲများလည်း ရှိနေလေသည်။
ပိုင်ယုကျွန်း နောက်ဆုံးအကြိမ် နစ်မြှုပ်သွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်ကြာပြီဖြစ်သောကြောင့် ကျွန်းနှင့်ပက်သက်သော သတင်းများ ထွက်ပေါ်လာခဲ့သည်။
အချိန်ကျလျှင် ပိုင်ယုကျွန်းက နှစ်ပေါင်းနှစ်ထောင်ကြာ စုဆောင်းထားသော စိတ်ဝိညာဉ်စွမ်းအားများနှင့် အရှေ့ပင်လယ်တွင် ပြန်လည်ထွက်ပေါ်လာပေတော့မည်။
အရှေ့ပင်လယ်က သာမန်အားဖြင့် စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝခြင်းမရှိဘဲ ကျင့်ကြံခြင်းနှင့် သင့်တော်သော နေရာအနည်းငယ် ရှိသော်လည်း ၎င်းတို့ကို အင်အားကြီးအဖွဲ့အစည်းများက ထိန်းချုပ်ထားကြသည်။
ယခုအခါ ပိုင်ယုကျွန်းက ပြန်လည်ထွက်ပေါ်လာတော့မည်ဖြစ်သောကြောင့် အရှေ့ပင်လယ်မှ မရေတွက်နိုင်သော ကျင့်ကြံသူများက အကျိုးရှိစွာ ကျင့်ကြံနိုင်ရန် ပြင်ဆင်နေကြသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေ။
လင်းယွမ်က ထိုင်နေပြီး သူ၏ အတွင်းအားချီက တဖြည်းဖြည်း အသွင်ပြောင်းလဲလာသည်။
နောက်ဆုံး အကန့်အသတ်သို့ ရောက်သောအခါ လင်းယွမ်၏ အော်ရာက ထိုးတက်လာပြီး လျင်မြန်စွာ ပြန်လည်ငြိမ်သက်သွားသည်။
" ဆဋ္ဌမအလွှာ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်ပြီး ပြုံးလိုက်သည်။
" ငါ့ရဲ့ ခွန်အားတွေအားလုံး ပြန်ရပြီ။ "လင်းယွမ်၏ အပြုံးက ပျောက်ကွယ်သွားပြီး ပြန်လည်တည်ငြိမ်သွားသည်။
ဆဋ္ဌမအလွှာက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်နှင့် ညီမျှလေသည်။ လက်ရှိခေတ်တွင် အသန်မာဆုံးဟု ယူဆရပြီး တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ဂိုဏ်းရတနာကို အသုံးပြုလျှင်တောင် ရင်ဆိုင်နိုင်ပြီဖြစ်သည်။
ရှေးဟောင်းသူတော်စင်တစ်ယောက်ကို သတ်ရန် အလွန်ခဲယဉ်းလေသည်။ ရှေးဟောင်းသူတော်စင်များ၏ နည်းစနစ်များက အမှန်တကယ်ပင် စိတ်ကူးယဉ်၍ မရနိုင်ပေ။
" ပထမအလွှာကနေ ဆဋ္ဌမအလွှာထိက ငါ့အတွက် ဘာမှမဟုတ်ဘူး။ အရင်ခြေလှမ်းအတိုင်း ပြန်လျှောက်ရုံပဲ။ ဆဋ္ဌမအလွှာကို ကျော်လွန်ဖို့က အဓိကပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် နေ့ချင်းညချင်း အောင်မြင်နိုင်သော အရာမဟုတ်ပေ။
ယခုအချိန်တွင် လင်းယွမ်က ရည်ရွယ်ချက်နှစ်ခု ရှိလေသည်။ ပထမအချက်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန် ဖြစ်သည်။ သူက အနည်းဆုံးတော့ ဆဋ္ဌမအလွှာ အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ရန် လိုအပ်လေသည်။ နှစ်ငါးရာအတွင်း ၎င်းက လင်းယွမ်အတွက် ပြဿနာမဟုတ်ပေ။
ဒုတိယအချက်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ပြီး ဤကမ္ဘာကြီးတွင် သူ၏ လမ်းစဉ်ကို အမြစ်တွယ်စေရန် ဖြစ်သည်။ ၎င်းက သူ၏ အနာဂတ် အန္တိမအသိအမြင်အတွက် ဖြစ်လေသည်။