အခြေအနေများ ရှုပ်ထွေးလာခြင်း...
Vol. 13 Ch. 200
" ဒီကမ္ဘာရဲ့ အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကိုးကားပြီး အသုံးပြုရမယ်။ "
လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့်အတူ အသွေးအသားပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ယခုအခါ လင်းယွမ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို အကိုးအကားအနေအဖြစ် အသုံးပြုခြင်းက ဖြစ်သင့်လေသည်။
လင်းယွမ်က အရေးကြီးသောအရာများကိုတော့ ရှင်းလင်းလေသည်။ သူက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကိုးကားခြင်းမျှသာဖြစ်သည်။ ကျင့်ကြံခြင်းစနစ်များ သို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ မည်မျှပင် ပေါင်းစပ်ထားသည်ဖြစ်စေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မူလနှင့် ကွဲပြားမသွားဘဲ သိုင်းတာအိုအဖြစ်သာ ရှိနေပေလိမ့်မည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ် ကြိုးစားအားထုတ်၍ ဖန်တီးထားခြင်းဖြစ်ပြီး သူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်လေသည်။
" ပြီးတော့ ငါ့ရဲ့ ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ မြှင့်တင်ဖို့ စွမ်းအားအချို့ ချန်ထားလို့ရတယ်။ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ရုပ်ခန္ဓာကျင့်ကြံခြင်းစနစ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ အခွဲတစ်ခုဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့်လည်း အတော်လေး လိုက်ဖက်လေသည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် နှစ်ပေါင်းတစ်သောင်းကျော်အတွင်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်သွားသော ရုပ်ခန္ဓာကျင့်ကြံသူဟူ၍ မရှိပေ။ သို့သော် လင်းယွမ်ကတော့မတူပေ။ ဤကမ္ဘာပေါ်တွင် မရေတွက်နိုင်သော ပါရမီရှင်များ မလုပ်နိုင်ခဲ့လျှင်တောင် သူလုပ်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
ယခု ဆဋ္ဌမအလွှာကို ရောက်သွားပြီဖြစ်သောကြောင့် သူ၏ ခွန်အားနှင့် ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ လေ့ကျင့်ခြင်းက ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အချိန်တစ်ခုသာ လိုလေသည်။
လင်းယွမ်က ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ ကျင့်ကြံရခြင်း၏ ရည်ကွယ်ချက်မှာ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာချင်သောကြောင့် ဖြစ်သည်။ အချို့သော စွမ်းရည်များက လူတစ်ယောက်၏ အရည်အချင်းကို များစွာ တိုးတက်စေသောကြောင့် လင်းယွမ်က ၎င်းနှင့်ပက်သက်ပြီး သိချင်နေလေသည်။ ထို့အပြင် ရုပ်ခန္ဓာကျင့်ကြံခြင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် များစွာ အထောက်အကူပြုလေသည်။
ထိုအချိန် အရှေပင်လယ်ကျွန်းစုများက အုတ်အုတ်ကျက်ကျက်ဖြစ်နေကြသည်။ အဓိကအားဖြင့် အချက်နှစ်ချက် ရှိလေသည်။
ပထမအချက်မှာ ပိုင်ယုကျွန်း ပြန်လည်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ၎င်းက ပင်လယ်နက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများကို နှစ်ပေါင်းနှစ်ထောင်ကြာ စုစည်းပြီး ပြန်လည်ထွက်ပေါ်လာသည်နှင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှ တော်ဝင်နယ်မြေများနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ စိတ်ဝိညာဉ်ဆေးပင်ဆေးမြစ်များကလည်း ရင့်သန်ကြီးထွားနေပြီဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ကျင့်ကြံသူများမှာ ပိုင်ယုကျွန်းပေါ်တွင် စိတ်ဝိညာဉ်အပင်များနှင့် အင်မော်တယ်အမြစ်များကို စိုက်ပျိုးခဲ့ကြလေသည်။ ပင်လယ်အောက်တွင် အနှောက်အယှက်မရှိဘဲ နှစ်နှစ်ထောင်ကြာ ကြီးထွားလာပြီးနောက် ၎င်းတို့၏ အရည်အသွေးများမှာ ထူးခြားကောင်းမွန်နေမည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် ၎င်းက အရှေ့ပင်လယ်မှ ကျင့်ကြံသူတိုင်းအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်လေသည်။ စိတ်မဝင်စားသူ ဘယ်သူမှမရှိပေ။
မြောက်ဘက်ရှိ သွေးနတ်ဆိုးသခင်နှင့် တောင်ဘက်ရှိ မိစ္ဆာဘုရင်တို့ပင် ပိုင်ယုကျွန်းကို စောင့်ကြည့်နေကြသည်။
ပိုင်ယုကျွန်းအပြင် ကျင့်ကြံသူများစွာ စိတ်ဝင်စားသောအရာမှာ ဟေးကျင်းကျွန်းစု ပျက်ဆီးသွားခြင်းနှင့် ပက်သက်နေသည်။
ထိုကိစ္စကို ရှုထောင့်နှစ်ခုဖြင့် မြင်ကြလေသည်။
ပထမမှာ တစ်ချက်တည်းဖြင့် ဟေးကျင်းကျွန်းစုကို ဖျက်ဆီးသွားခဲ့သည့် မီးတာအိုတွင် ကျွမ်းကျင်သော ဆန်းကျယ်သည့် ကျင့်ကြံသူဖြစ်လေသည်။
ထိုလျို့ဝှက်ဆန်းကျယ်သောလူက ရှေးဟောင်းသူတော်စင်အဆင့်နှင့် အလွန်နီးကပ်နေပြီဟု အပြင်လူများက ခန့်မှန်းကြလေသည်။ မဟုတ်လျှင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် ဆယ်ယောက်ကျော်နှင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ငါးဆယ်ကျော်ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်စရာ အကြောင်းမရှိပေ။
အခြားရှုထောင့်တစ်ခုမှာ ဆန်းကျယ်သော ကျင့်ကြံသူက ဟေးကျင်းကျွန်းစုကို ဖျက်ဆီးပြီးနောက် တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းရတနာမှ အလင်းတန်းက ဟေးကျင်းကျွန်းစုပေါ်သို့ ဆင်းသက်လာခဲ့သည်။
ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အင်မော်တယ်ရတနာတစ်ခု ဖြစ်လေသည်။ ၎င်းက အလွန်စွမ်းအားကြီးလျှင်တောင် အင်မော်တယ်ဂိုဏ်းမှ အရှေ့ပင်လယ်သို့ ဘယ်သူမှမသိဘဲ နေရာရွေ့ပြောင်းပေးနိုင်မည်မဟုတ်ပေ။
ဆန်းကျယ်သော ကျင့်ကြံသူက ဟေးကျင်းကျွန်းစုကို ဖျက်ဆီးပြီးနောက် ဂိုဏ်းရတနာမှ အလင်းတန်းက အလွန်လျင်မြန်စွာ ရောက်ရှိလာသောကြောင့် သူတို့နှစ်ယောက် တွေ့ဆုံရန် မခက်ခဲပေ။
" အဲ့ဒီဆန်းကျယ်တဲ့ ကျင့်ကြံသူရဲ့ နောက်ခံကဘာလဲ။ "
" သူက ဘယ်ကလာတာဖြစ်ဖြစ် အဲ့ဒီကျင့်ကြံသူနဲ့ တာအိုအင်မော်တယ်ဂိုဏ်းနဲ့က ပြဿနာအချို့ ရှိရမယ်။ "
" မဟုတ်ရင် တာအိုအင်မော်တယ်ဂိုဏ်းက ဂိုဏ်းရတနာကို အသုံးပြုမှာမဟုတ်ဘူး။ အဲ့ဒါကို တစ်ကြိမ်အသုံးပြုရင် ရှေးဟောင်သူတော်စင်တောင် စွမ်းအားအများကြီး ကုန်လိမ့်မယ်။ "
" အဲ့ဒီစွမ်းအားရှင်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တောင် ရောက်ခါနီးပြီးကို ဘယ်ကမှန်မသိပေါ်လာစရာ အကြောင်းမရှိဘူး မဟုတ်လား။ အဲ့ဒါ မိစ္ဆာဘုရင် ပျိုးထောင်ထားတဲ့ ကျင့်ကြံသူဖြစ်နိုင်လား။ "
" မိစ္ဆာဘုရင်လား။ မိစ္ဆာဘုရင်က ရှေးဟောင်းသူတော်စင်တစ်ယောက်ဆိုတော့ တကယ်သန်မာပေမယ့် ထိုက်ယန်အစစ်အမှန်မီးတောက်ကို ဆုပ်ကိုင်ပြီး ယန်စွမ်းအားမှာ ကျွမ်းကျင်တဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်ကို လေ့ကျင့်ပေးဖို့ကတော့ တကယ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ "
" အဲ့ဒီဆန်းကျယ်တဲ့လူက ထိုက်ယန်အစစ်အမှန်မီးတောက်ကို ကျွမ်းကျင်တာဆိုတော့ မိစ္ဆာဘုရင်နဲ့ သွေးနတ်ဆိုးသခင်တို့တော့ မဖြစ်နိုင်ဘူး။ "
" အဲ့ဒါ အနောက်ဘက်က နတ်ဆိုးသူတော်စင်ဖြစ်နိုင်လား။ ဒါပေမယ့် အဲ့လိုလည်း မဟုတ်သေးဘူး။ အနောက်ဘက်နယ်မြေနဲ့ အရှေ့ပင်လယ်ကြားမှာ အင်မော်တယ်တောင်တန်းရှိနေတော့ ဒီကိုလာဖို့တောင် အတော်ခက်ခဲနေပြီ။ "
အရှေ့ပင်လယ်မှ ကျင့်ကြံသူများစွာက အမျိုးမျိုး ဆွေးနွေးနေကြသည်။ သူတို့က ဆန်းကျယ်သောလူ၏ မူလဇစ်မြစ်ကို ခန့်မှန်းနေကြသည်။ အရှေ့ပင်လယ်က ကျားများနဂါးများ ရောနှောနေလျှင်တောင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသော နတ်အသွင်ပြောင်းလဲခြင်းအဆင့် တစ်ယောက်ကတော့ အလွန်ရှားပါးလေသည်။
သွေးနတ်ဆိုးပင်လယ်။
သွေးကဲ့သို့ နီရဲနေသော ပင်လယ်၏ နက်ရှိုင်းသော နေရာမှ ကျွန်းလေးတစ်ခုပေါ်တွင် အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက် ထိုင်နေသည်။ သူ၏ ရှေ့တွင် လင်းယွမ် ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခဲ့သော ပုံရိပ်များ ပေါ်နေသည်။
" ထိုက်ယန်အစစ်အမှန်မီးတောက်..."
" ထိုက်ယန်အစစ်အမှန်မီးတောက်ကို ကျွမ်းကျင်တဲ့ အစစ်အမှန်ဘုရင်တစ်ယောက် ပေါ်မလာတာ ဘယ်လောက်တောင်ကြာပြီလဲ။ " အနီရောင်ဝတ်ရုံနှင့်လူ၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ပြုံးလိုက်သည်။
ထိုက်ယန်အစစ်အမှန်မီးတောက်က ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းနိုင်သည်ဟု ပြောကြသည်။
" သူက တာအိုအင်မော်တယ်ဂိုဏ်းကတော့ ဟုတ်ပုံမရဘူး။ " အနီရောင်ဝတ်ရုံနှင့်လူက အတွေးထဲနစ်မြှုပ်သွားသည်။ " လာခဲ့ "
" သခင် " သွေးပင်လယ်က သူ၏ ရှေ့တွင် စုစည်းသွားပြီး ပုံရိပ်တစ်ခုပေါ်လာကာ အနီရောင်ဝတ်ရုံနှင့်လူကို အရိုအသေပေးလိုက်သည်။
" အဲ့ဒီလူအကြောင်းကို သွားပြီး စုံစမ်းခဲ့။ သူ့ကို မဆန့်ကျင်မိစေနဲ့။ တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ရန်သူက ငါ့ရဲ့ မိတ်ဆွေပဲ။ နားလည်လား။ " အနီရောင်ဝတ်ရုံနှင့်လူက သာမန်အတိုင်း ပြောလိုက်သည်။
မိစ္ဆာနယ်မြေ၏ မိစ္ဆာနန်းတော်ထဲရှိ အနက်ရောင်ပလ္လင်ပေါ်တွင် ပိန်ပိန်နှင့်လူတစ်ယောက် ထိုင်နေသည်။
" ဒီထိုက်ယန်အစစ်အမှန်မီးတောက်ရဲ့ အဆင့်က..." ပိန်ပိန်နှင့်လူက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်နေသော မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ထိုက်ယန်အစစ်အမှန်မီးတောက်ကို အလွန်စက်ဆုပ်လေသည်။
သို့သော် ပါးနပ်သော လူတစ်ယောက်အနေဖြင့် ထိုက်ယန်အစစ်အမှန်မီးတောက်ပိုင်ရှင်က တာအိုအင်မော်တယ်ဂိုဏ်းနှင့် ရန်ငြိုးရှိသည်ကို ကောင်းကောင်း နားလည်လေသည်။ ထို့ကြောင့် မည်သည့်စွမ်းအားကို အသုံးပြုသည်ဖြစ်စေ သူက မိစ္ဆာနန်းတော်နှင့် မဟာမိတ်ဖြစ်ပေလိမ့်မည်။
" ရှောင်လျို " မိစ္ဆာဘုရင်က ပြောလိုက်သည်။
နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သေချာကြည့်လျှင် ထိုအမျိုးသမီး၏ အသွင်အပြင်က အနည်းငယ် ဖြူဖတ်ဖြူရော်ဖြစ်နေသည်ကို ကြည့်ခြင်းဖြင့် မိစ္ဆာကျင့်ကြံသူမှန်း သိနိုင်လေသည်။
" အရှေ့ပင်လယ်ကိုသွား။ အဲ့ဒီလူနဲ့ပက်သက်သမျှကို အတတ်နိုင်ဆုံး စုံစမ်းလာခဲ့။ " ထို့နောက် မိစ္ဆာဘုရင်က ထပ်ပြောလိုက်သည်။ " မှတ်ထား သူက ငါတို့နဲ့ မဟာမိတ်ပဲ။ သူ့ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ မလုပ်မိစေနဲ့။ "
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကြာသွားခဲ့သည်။
တိမ်မြူခိုးတော်ဝင်နယ်မြေတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများက မြစ်များသဖွယ် စီးဆင်းနေပြီး သွေးချီများ၏ အပူချိန်က လေထုကိုပင် ပုံပျက်သွားစေသည်။
" ရုပ်ခန္ဓာကျင့်ကြံခြင်း အထွတ်အထိပ်။ နည်းနည်းဆိုရင် ငါ ဟင်လင်းပြင်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားကြည့်လို့ရပြီ။ " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး သူ၏ သွေးချီများကို ထိန်းချုပ်လိုက်သည်။
ရုပ်ခန္ဓာနတ်စွမ်းရည်က လူတစ်ယောက်၏ အသွေးအသားထဲတွင် နစ်မြှုပ်နေပြီး မနိုးထလာမချင်း မည်သည့်စွမ်းရည်ဖြစ်သည်ကို မသိနိုင်ပေ။ သို့သော် မည်သည့်စွမ်းရည်မျိုးဖြစ်စေ မိမိအတွက်တော့ အကျိုးရှိလေသည်။
" ဖြည်းဖြည်းပေါ့။ အလျင်လိုစရာမလိုဘူး။ " လင်းယွမ်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။