ငါက ပိုင်ယုကျွန်းသခင်ပဲ....
Vol. 13 Ch. 201
လွန်ခဲ့သော ငါးနှစ်က သူ၏ ရုပ်ခန္ဓာကိုယ်ကို နတ်အသွင်ပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်သို့ မြှင့်တင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းကလည်း ဆဋ္ဌမအလွှာ အဆင့်တစ်မှ အဆင့်သုံးသို့ ရောက်လာခဲ့သည်။
အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ အဆင့်သတ်မှတ်ချက်များအရ လင်းယွမ်က ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
" ပိုင်ယုကျွန်းက ထွက်ပေါ်လာသင့်ပြီ။ " လင်းယွမ်၏ စိတ်က အနည်းငယ် တုန်ခါသွားပြီး အရှေ့ပင်လယ်ရှိရာသို့ ကြည့်လိုက်သည်။
လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်က ပိုင်ယုကျွန်း၏ ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ သို့သော် လက်တွေ့တွင် ပိုင်ယုကျွန်းထွက်ပေါ်လာရန် အချိန်အတော် လိုအပ်လေသည်။ ပင်လယ်နက်ထဲမှ မျက်နှာပြင်ပေါ်သို့ တက်လာခြင်းက နေ့ချင်းညချင်း ဖြစ်ပေါ်လာနိုင်သောအရာမဟုတ်ပေ။ သို့သော် ယခုအချိန်က နီးကပ်နေသင့်ပြီဖြစ်သည်။
" ဒါအချိန်မှန်ပဲ။ ငါ သိုင်းတာအိုကို ဖြန့်ကျက်ပြီး အင်အားစုတစ်ခု ထူထောင်ချင်ရင် နယ်မြေတစ်ခုရှိဖို့ လိုတယ်။ "
" တာအိုအင်မော်တယ်ဂိုဏ်းက အင်မော်တယ်တောင်တန်းရှိတယ်။ သွေးနတ်ဆိုးသခင်က မြောက်ဘက်၊ မိစ္ဆာဘုရင်က တောင်ဘက်၊ နတ်ဆိုးသူတော်စင်က အနောက်ဘက်၊ ပြီးတော့ ငါ့ရဲ့ သိုင်းတာအိုကို ပိုင်ယုကျွန်းက စမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ပထမဆုံး ပိုင်ယုကျွန်းကို သိမ်းပိုက်ပြီး တ့ည့်များစုဆောင်းကာ သိုင်းတာအိုကို ကျင့်ကြံစေမည်။ လင်းယွမ်၏ အစီအစဉ်အရ နှစ်နှစ်ရာမပြည့်မီ သိုင်းတာအိုက အရှေ့ပင်လယ်ကျွန်းစုများကို ဖြတ်ကျော်ပြီး အနှစ်သုံးရာအတွင်း သိုင်းတာအိုက နတ်ဆိုးသားရဲလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ နတ်ဆိုးလမ်းစဉ်နှင့် တန်းတူရပ်တည်နိုင်ပေလိမ့်မည်။
သိုင်းတာအို မည်မျှသွားနိုင်ခြင်းက လင်းယွမ် ကျင့်ကြံနိုင်သည့် အဆင့်အပေါ် မူတည်လေသည်။
အရှေ့ပင်လယ်ကျွန်းစုများ။
ယန်စိတ်ဝိညာဉ်က တိမ်များကြားတွင် မတ်တပ်ရပ်နေသည်။
" ပိုင်ယုကျွန်း " လင်းယွမ်၏ အကြည့်က အဝေးသို့ ရောက်နေသည်။
ထိုနေရာတွင် အရှေ့ပင်လယ်၏ မူလစိတ်ဝိညာဉ်စွမ်းအားများထက် ပိုကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည်။ ၎င်းက ပိုင်ယုကျွန်းထွက်ပေါ်လာမည့် လက္ခဏာဖြစ်လေသည်။
" သွားစို့ " လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
အရှေ့ပင်လယ်၏ နက်ရှိုင်းသော နေရာတွင် စိတ်ဝိညာဉ်စွမ်းအားများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။ ကြီးမားသော ကျွန်းကြီးတစ်ကျွန်းက ပင်လယ်အောက်ခြေမှ အထက်သို့ ဖြည်းညင်းစွာ မြင့်တက်နေသည်။
ကျွန်းဟုဆိုသော်လည်း ကန်လန်ကြယ်ထက် အဆအနည်းငယ် ပိုကြီးပြီး ကြီးမားသော ပင်လယ်နှင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် ယှဉ်လျှင်တော့ ကျွန်းတစ်ကျွန်းသာ ဖြစ်သည်။
" ပိုင်ယုကျွန်း ထွက်ပေါ်လာပြီ။ "
" မြန်မြန် မင်းနောက်ကျရင် အခွင့်အလမ်းအားလုံး သူများယူသွားလိမ့်မယ်။ "
" ဟုတ်တယ်။ ငါတို့ မြန်မြန် လှုပ်ရှားဖို့လိုတယ်။ "
အရှေ့ပင်လယ်မှ ကျင့်ကြံသူတစ်သောင်းကျော်က ယခုအချိန်ကို စောင့်နေကြခြင်းဖြစ်သည်။ ပိုင်ယုကျွန်းပေါ်လာသည့် အခိုက်အတန့်တွင် သူတို့က ထိုနေရာသို့ အမြန်ဆုံး ပျံသန်းသွားကြသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်အပြည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင် ဒါဇင်ကျော်က ကောင်းကင်အောက်တွင် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေကြသည်။
" အဲ့ဒါ ကောင်းကင်သခင်တွေပဲ။ "
" သေစမ်း အဲ့ဒါ ဂိုဏ်းရှစ်ရာနဲ့ အဖွဲ့သုံးထောင်က ကောင်းကင်သခင်တွေပဲ။ သူတို့က ပူးပေါင်းပြီး ပိုင်ယုကျွန်းကို လက်ဝါးကြီးအုပ်ချင်နေတာလား။ "
" ဘယ်လောက်တောင် မောက်မာလိုက်လဲ။ ငါတို့မှာ အဲ့လိုကောင်းကင်သခင်တစ်ယောက် ဘာလို့မရှိတာလဲ။ "
မရေတွက်နိုင်သော ကျင့်ကြံသူများက ဒေါသထွက်ပြီး ကူကယ်ရာမဲ့သွားကြသည်။ အရှေ့ပင်လယ်ကျွန်းများတွင် သန်မာသူများကိုသာ လေးစားကြသည်။ အားကြီးသူစားသတမ်း တောတွင်းဥပဒေသာဖြစ်သည်။
" တာအိုရောင်းရင်းတို့ ကျွန်မတို့က လူတိုင်းကို အကျိုးအမြတ်မရဘဲ ပြန်မလွှတ်ပါဘူး။ ပိုင်ယုကျွန်းရဲ့ အပြင်ဘက်နယ်မြေကို မကြာခင် ဖွင့်ပေးပါမယ်။ " ကောင်းကင်အထက်တွင် အမျိုးသမီး ကောင်းကင်သခင်တစ်ယောက်က ပြောလိုက်ပြီး သူမ၏ အသံက ကျင့်ကြံသူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
" အပြင်ဘက်နယ်မြေ..."
" လက်ခံနိုင်စရာပဲ။ စိတ်ဝိညာဉ်စွမ်းအားက ပိုင်ယုကျွန်းအတွင်းပိုင်းထက် နည်းပေမယ့် အပြင်မှာထက်တော့ ပိုကောင်းပါတယ်။ "
" ငါတို့ကို ဘယ်သူက အားနည်းတယ်လို့ ပြောတာလဲ။ "
ထိုစကားကို ကြားသောအခါ အရှေ့ပင်လယ်မှ ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသည်။ အနည်းဆုံးတော့ ဤခရီးက သူတို့အတွက် အချည်းနှီးမဖြစ်ပေ။
ပိုင်ယုကျွန်း၏ အထက်ကောင်းကင်တွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်ဆယ်ယောက်ကျော်က မျက်နှာချင်းဆိုင်နေကြသည်။
" ဒီတစ်ကြိမ် အရိုးဖြူဂိုဏ်းက အလယ်ပိုင်းနယ်မြေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ယူမယ်။ " အရိုးခြောက်နှင့်တူသော ကောင်းကင်သခင်တစ်ယောက်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုလူက အရိုးဖြူဂိုဏ်း၏ ဂိုဏ်းချုပ် အရိုးဖြူကောင်းကင်သခင်ဖြစ်၏။
ဂိုဏ်းပေါင်းရှစ်ရာထဲတွင် အရိုးဖြူဂိုဏ်းက အလွန်စွမ်းအားကောင်းပြီး ထိပ်ဆုံးငါးနေရာအတွင်း ရှိလေသည်။
" ပိုင်ယုကျွန်းရဲ့ အလယ်ပိုင်းနယ်မြေ ငါးဆယ်ရာခိုင်နှုန်း။ အရိုးဖြူကောင်းကင်သခင် မင်းဂေါက်သွားတာလား။ " အုံ့မှိုင်းသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသော နောက်ထပ်ကောင်းကင်သခင်တစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သူက ယင်တောင်တန်းဂိုဏ်း၏ ဂိုဏ်းချုပ် ယင်တောင်တန်းကောင်းကင်သခင်ဖြစ်၏။
ယင်တောင်တန်းကောင်းကင်သခင်က အရိုဖြူကောင်းကင်သခင်လောက် မသန်မာသော်လည်း ဤနေရာတွင် ကောင်းကင်သခင် ဆယ်ယောက်ကျော်ရှိနေသောကြောင့် အရိုဖြူကောင်းကင်သခင်က ဆန့်ကျင်ရဲမည်မဟုတ်ပေ။
" မှန်တယ်။ အရိုးဖြူ မင်းက အရမ်းလောဘကြီးတယ်။ "
" ငါတို့က မင်းကို အများဆုံး အလယ်ပိုင်းနယ်မြေရဲ့ ဆယ်ရာခိုင်နှုန်းပဲ ပေးနိုင်မယ်။ " အမျိုးသမီးကောင်းကင်သခင်တစ်ယောက်က ပြောလိုက်သည်။
သူမက ရှေ့ဖြစ်ဟောခြင်းဂိုဏ်း၏ ဂိူဏ်းချုပ် ရှေ့ဖြစ်ဟောသူကောင်းကင်သခင် ဖြစ်၏။
" ဟားဟားဟား ငါက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့် ရောက်နေပြီ။ ရှေးဟောင်းသူတော်စင်အဆင့်နဲ့ ခြေလှမ်းတစ်ဝက်ပဲလိုတော့တယ်။ အဘယ်ပိုင်းနယ်မြေရဲ့ ငါးဆယ်ရာခိုင်နှုန်းမပြောနဲ့ တစ်ရာရာခိုင်နှုန်းယူရင်တောင် မင်းတို့က ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ။ "
အရိုဖြူကောင်းကင်သခင်က အေးစက်စွာ ရယ်မောလိုက်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရောက်လုနီးပါးဖြစ်သော သူ၏ အော်ရာကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်သခင်ဆယ်ယောက်ကျော်က သူတို့၏ စိတ်များ တင်းကျပ်သွားကြသည်။ သူတို့အားလုံးက နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များဖြစ်ကြသော်လည်း အစောပိုင်းအဆင့်နှင့် အလယ်အဆင့်များဖြစ်ကြပြီး နှောင်ပိုင်းအဆင့်တွင် အနည်းသာ ရှိကြလေသည်။
အရိုးဖြူကောင်းကင်သခင်ကဲ့သို့ နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်အား နီးကပ်နေသူ မရှိပေ။
" အရှေ့ပင်လယ်မှာ သန်မာတဲ့သူကို လေးစားရမှာပဲ။ ငါက အသန်မာဆုံးဆိုတော့ အကောင်းဆုံးအရင်းအမြစ်တွေ ခံစားရမှာ သဘာဝပဲလေ။ ကန့်ကွက်စရာရှိလား။ " အရိုးဖြူကောင်းကင်သခင်၏ အသံက အလွန်ကြီးစိုးလွန်းလှသည်။
" အသန်မာဆုံးလား။ "
" အရိုးဖြူကောင်းကင်သခင် မင်းက အရှေ့ပင်လယ်မှာ အသန်မာဆုံးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟေးကျင်းကျွန်းစုကို မီးလောင်တိုက်သွင်းခဲ့တဲ့ ဆန်းကျယ်တဲ့ စွမ်းအားရှင်ကို မင်းမေ့နေတာလား။ " ကောင်းကင်သခင်တစ်ယောက်က မကျေမနပ်နှင့် ပြောလိုက်သည်။
" အဲ့ဒီလူက..."
အရိုးဖြူကောင်းကင်သခင်က မောက်မာနေဆဲ ဖြစ်သည်။ " ငါ့ရဲ့ ခွန်အားနဲ့ အဲ့ဒီ ဆန်းကျယ်တဲ့လူ လာရင်တောင် သူဘာလုပ်နိုင်မှာမလို့လဲ။ "
အရိုးဖြူကောင်းကင်သခင်က ယုံကြည်မှုပြန်လည်ရရှိသွားသည်။ ဟေးကျင်းကျွန်းစုတွင် ကျန်နေခဲ့သော အော်ရာနှင့် အပြင်လူများ၏ စကားများအရ ထိုဆန်းကျယ်သောလူက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်သာ ရှိပေလိမ့်မည်။ သူက ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက် လုံးဝ မဟုတ်ပေ။
ထို့ကြောင့် အရိုးဖြူကောင်းကင်သခင်က ကြောက်လန့်ခြင်းမရှိပေ။
" တော်လောက်ပြီ။ ငြင်းချင်တဲ့သူ ရှိသေးလား။ " အရိုးဖြူကောင်းကင်သခင်က အချိန်မဖြုန်းချင်တော့ပေ။ သူက ပိုင်ယုကျွန်းပေါ်သို့ ဆင်းသက်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူချင်နေပြီဖြစ်သည်။
ပတ်ဝန်းကျင်မှ ကောင်းကင်သခင်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး အဆုံးတွင် အရိုးဖြူကောင်းကင်သခင်ကို ဘယ်သူမှ မဆန့်ကျင်ရဲကြပေ။ အဆုံးတွင် သူက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့် ဖြစ်လေသည်။
အရိုးဖြူကောင်းကင်သခင်က လူအုပ်ကြီးကို နှာခေါင်းရှုံ့လိုက်ပြီး ပိုင်ယုကျွန်းထဲသို့ ဝင်ရန်ပြင်လိုက်သည်။
ထိုအချိန်တွင် အောက်ရှိ ပိုင်ယုကျွန်းပေါ်မှ လူတစ်ယောက် ပျံသန်းထွက်လာသည်။
" တစ်ယောက်ယောက်က ငါတို့အရင် ပိုင်ယုကျွန်းထဲဝင်သွားတာလား။ " ကောင်းကင်သခင်များက မှင်သက်သွားကြသည်။
သူတို့အားလုံးက ပိုင်ယုကျွန်း၏ အပြင်ဘက်တွင် စောင့်ကြပ်နေသည်ကို လူတစ်ယောက်က ဘယ်လိုလုပ်ဝင်သွားခဲ့တာလဲ။
ယင်တောင်တန်းကောင်းကင်သခင်က ရောက်လာသူ၏ အော်ရာကို ခံစားမိပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
" အဲ့ဒါ ဆန်းကျယ်တဲ့ စွမ်းအားရှင်ပဲ။ "
" ဟုတ်တယ်။ သူ့ရဲ့ အော်ရာကို မှားနိုင်စရာအကြောင်းမရှိဘူး။ "
ကောင်းကင်သခင်များက ထိုက်ယန်စွမ်းအားများ ဝန်းရံပြီး ပိုင်ယုကျွန်းမှ ထွက်လာသော လူကို ကြည့်လိုက်ကြသည်။ ထိုလူကို ကြည့်ရသည်မှာ နေကို တိုက်ရိုက်ကြည့်နေသည်နှင့် တူလှသည်။
" အဲ့ဒါ ဆန်းကျယ်တဲ့ စွမ်းအားရှင်လား။ " အရိုးဖြူကောင်းကင်သခင်၏ အမူအရာက လေးနက်သွား၏။
သူက တစ်နေ့တွင် ထိုဆန်းကျယ်သော စွမ်းအားရှင်နှင့် ထိပ်တိုက်တွေ့နိုင်သည်ဟု တွေးထားသော်လည်း ယခုလောက် လျင်မြန်လိမ့်မည်ဟု မထင်ထားပေ။
လင်းယွမ်က ကောင်းကင်သို့ ပျံသန်းသွားပြီး ကောင်းကင်သခင်များနှင့် တန်းတူရပ်လိုက်သည်။
အရိုးဖြူကောင်းကင်သခင်၏ အမူအရာ ပြောင်းလဲသွားသော်လည်း စိတ်မြန်လက်မြန်မလုပ်ဘဲ သူ့ကိုသူ ထိန်းချုပ်ထားသည်။
ဆန်းကျယ်သောလူ၏ ရည်ရွယ်ချက်ကို မသိစဉ် ငြိမ်နေခြင်းက ပိုကောင်းလေသည်။ အရိုးဖြူကောင်းကင်သခင် ငြိမ်နေသည်ကို မြင်သောအခါ အခြားကောင်းကင်သခင်များကလည်း မလှုပ်ရှားတော့ပေ။
" ဂိုဏ်းပေါင်းရှစ်ရာ၊ အဖွဲ့သုံးထောင် ငါက ပိုင်ယုကျွန်းသခင်ပဲ။ " လင်းယွမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ပြုံးလိုက်သည်။
" ဟုတ်လား မဟုတ်ဘူးလား။ "