ယွမ်ယန်....
Vol. 13 Ch. 202
" ဂိုဏ်းပေါင်းရှစ်ရာ၊ အဖွဲ့သုံးထောင် ငါက ပိုင်ယုကျွန်းသခင်ပဲ။ " လင်းယွမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ပြုံးလိုက်သည်။
" ဟုတ်လား မဟုတ်ဘူးလား။ " သူ၏ အသံက ညင်သာသော်လည်း အရှေ့ပင်လယ်မှ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်သွားခဲ့သည်။
ကောင်းကင်သခင်ဆယ်ယောက်ကျော်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးနောက် သူတို့၏ အကြည့်က အရိုးဖြူကောင်းကင်သခင်ပေါ်သို့ ကျရောက်သွားသည်။
အရိုးဖြူကောင်းကင်သခင်က ပိုင်ယုကျွန်း၏ အလယ်ပိုင်းနယ်မြေ ငါးဆယ်ရာခိုင်နှုန်းကို လိုချင်နေချိန် တစ်ဖက်တွင် ထိုဆန်းကျယ်သော စွမ်းအားရှင်က ပိုင်ယုကျွန်းတစ်ခုလုံးကို သိမ်းပိုက်ချင်နေသည်။
အရိုးဖြူကောင်းကင်သခင်က လင်းယွမ်ကို ကြည့်လိုက်ပြီး ဒေါသထွက်သောအမူအရာ ပေါ်လာသည်။ သူက အရိုးဖြူကောင်းကင်သခင်ကို အခြား နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်တွေလို ထင်နေတာလား။
ပိုင်းယုကျွန်းရဲ့ အရှင်သခင်ဖြစ်ချင်တာလား။ သူ အရိုးဖြူကောင်းကင်သခင်ရဲ့ ခွင့်ပြုချက်ကို တောင်းပြီးပြီလား။
မည်သူမျှ မတုန့်ပြန်သည်ကို မြင်သောအခါ လင်းယွမ်၏ အကြည့်က ကောင်းကင်သခင်များအပေါ်သို့ ဖြတ်သန်းသွားပြီး သူ၏ အမူအရာက အေးစက်လာသည်။
" ဟုတ်လား မဟုတ်ဘူးလား။ "
ထိုကြေညာချက်နှင့်အတူ အမိန့်ထုတ်ပြန်လိုက်သကဲ့သို့ပင် အရိုးဖြူကောင်းကင်သခင်နှင့် အခြားသူများ၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။
" ပိုင်ယုကျွန်းသခင်ကို အရိုအသေပေးပါတယ်။ " အရိုးဖြူကောင်းကင်သခင်က ချက်ချင်း လင်းယွမ်ရှိရာသို့ အရိုအသေပေးလိုက်သည်။
အခြားကောင်းကင်သခင်များကလည်း တူညီစွာဖြင့် လင်းယွမ်ကို အရိုအသေပေးလိုက်ကြသည်။
" ပိုင်ယုကျွန်းသခင်ကို အရိုအသေပေးပါတယ်။ "
ပိုင်ယုကျွန်း၏ အထက်တွင် လင်းယွမ်က လက်နောက်ပစ်၍ ရပ်နေပြီး သူ၏ အမူအရာက တည်ငြိမ်နေသည်။
အရိုးဖြူကောင်းကင်သခင်နှင့် အခြားသူများက သူ့ကို ရိုသေစွာ ဦးညွှတ်နေကြသည်။
" ထကြ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
သူက ပိုင်ယုကျွန်းအတွင်း လေ့လာခဲ့ပြီး သိုင်းတာအိုကို ဖြန့်ကျက်ရန် အလွန်သင့်လျော်သော နေရာတစ်ခုဖြစ်သည်ကို တွေ့ခဲ့ရလေသည်။ သိုင်းတာအို၏ မူလအစအဖြစ် ပိုင်ယုကျွန်းကို အသုံးပြုခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်မည်မှာ သေချာလေသည်။
" ဟုတ်ကဲ့ " အရိုးဖြူကောင်းကင်သခင်နှင့် အခြားကောင်းကင်သခင်များက စိတ်သက်သာရာရသွားကြသည်။
ထိုကောင်းကင်သခင်များ၏ စိတ်က ငလျင်လှုပ်သကဲ့သို့ တုန်ခါနေခဲ့သည်။ အထူးသဖြင့် ရှေ့ဆုံးမှ အရိုးဖြူကောင်းကင်သခင်ဖြစ်၏။
လင်းယွမ်က စကားစပြောလိုက်သည့်အခိုက်တွင် အရိုးဖြူကောင်းကင်သခင်က လှုပ်ရှားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ပိုင်ယုကျွန်းက နှစ်နှစ်ထောင်ကြာပြီးမှ တစ်ကြိမ်သာ ထွက်ပေါ်လာသော ကြီးမားသည့်အခွင့်အလမ်းတစ်ခုဖြစ်လေသည်။ လင်းယွမ်က ပိုင်ယုကျွန်းသခင်ဖြစ်သည်ကို ပြောရုံနှင့် ထိုမျှ အဖိုးတန်သော ကျွန်းကို အဘယ်ကြောင့် စွန့်လွှတ်ရမည်နည်း။
သို့သော် အရိုးဖြူကောင်းကင်သခင် မလှုပ်ရှားမီ သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်သော ဖိအားတစ်ခုက သူ့အား လွှမ်းခြုံသွားသည်ကို ခံစားခဲ့ရသည်။
ထိုခနတွင် အရိုးဖြူကောင်းကင်သခင်က အခြေတည်အဆင့်သို့ ပြန်ရောက်သွားပြီး စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် နှစ်ယောက်၏ ရက်စက်သော တိုက်ပွဲကို ပြန်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ကြောက်စရာကောင်းသော ဖိအားကြောင့် အရိုးဖြူကောင်းကင်သခင်၏ စိတ်က တုန်ခါသွားခဲ့ပြီး တုန့်ဆိုင်းခြင်းမရှိဘဲ လင်းယွမ်က ပိုင်ယုကျွန်းသခင်ဖြစ်သည်ကို လက်ခံခဲ့ရသည်။ အရိုးဖြူကောင်းကင်သခင်က ထိုသို့မလုပ်လျှင် သူ၏ ကံကြမ္မာက အလွန်ဆိုးရွားသွားမည်ကို သိသောကြောင့် ဖြစ်၏။ သူက မသေဆုံးလျှင်တောင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ် ပျက်ဆီးသွားနိုင်လေသည်။ သူ၏ အသက်နှင့်ယှဉ်လျှင် ပိုင်ယုကျွန်းက ဘာမှမဟုတ်ပေ။
အရိုးဖြူကောင်းကင်သခင်က ဖြူဖတ်ဖြူရော်ဖြစ်နေကြသော အခြားကောင်းကင်သခင်များကို ကြည့်လိုက်ပြီး သူတို့လည်း သူနှင့် တူညီသော အတွေ့အကြုံအား ခံစားခဲ့ရသည်ကို နားလည်လိုက်သည်။
" အဲ့ဒီလူက နတ်အသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် မဟုတ်ဘူး။ အနည်းဆုံး ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့်ကို ရောက်နေလောက်ပြီ။ " အရိုးဖြူကောင်းကင်သခင်က စိတ်ထဲ၌ ကူကယ်ရာမဲ့နေသည်။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်မှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ရန် အဆင့်များစွာ လိုအပ်လေသည်။ နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်လျှင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်၏ နောက်ဆုံး အကန့်အသတ်ဖြစ်လေသည်။
သို့သော် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များ ရှားပါးနေခြင်းဖြစ်သည်။
မူလကမ္ဘာတွင်ပင် ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရန် ရှုပ်ထွေးလှပြီး စိတ်ဝိညာဉ်ပေါင်းစပ်ခြင်း၊ အသွင်ပြောင်းလဲခြင်းတို့ လိုအပ်ဘေသည်။ အသွင်ပြောင်းလဲခြင်း တိုးတက်လာလျှင် ခွန်အားလည်း တိုးတက်လာမည်ဖြစ်သည်။ လင်းယွမ်၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းက တစ်ရာရာခိုင်နှုန်းသို့ ရောက်ချိန်တွင် သူ၏ ခွန်အားက ဆဋ္ဌမအလွှာတွင် ရှိနေပြီဖြစ်သည်။
သို့သော် ထိုအချက်က ကျင့်ကြံသူအများစုအတွက် အဓိပ္ပါယ်အနည်းငယ်သာ ရှိသည်။ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များ၏ မျက်လုံးထဲတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်နှင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကြား ကွာဟချက်က အနည်းငယ်သာ ရှိသည်ဟု ထင်ကြသည်။
လင်းယွမ်၏ ဖိနှိပ်မှုအော်ရာကို ခံစားမိသော အရိုးဖြူကောင်းကင်သခင်က လင်းယွမ်မှာ အနည်းဆုံး ဟင်းလင်းပြင်သန့်စင်ခြင်း ခြေလှမ်းတစ်ဝက်အဆင့်တွင် ရှိသည်ဟု ယုံကြည်လေသည်။
" မင်းတို့လာခဲ့တဲ့ နေရာကို ပြန်သွားတော့။ " လင်းယွမ်က တုန်လှုပ်နေသော ကောင်းကင်သခင်များကို ကြည့်ပြီး ထူးမခြားစွာ ပြောလိုက်သည်။
" ဒါဆို ပိုင်ယုကျွန်းသခင် ကျုပ်တို့ သွားလိုက်ပါဦးမယ်။ "
ကောင်းကင်သခင်ဆယ်ယောက်ကျော်က အလင်းတန်းများအဖြစ် ပြောင်းလဲပြီး လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
လင်းယွမ်က အားလုံး ထွက်ခွာသွားသည်ကို ကြည့်နေပြီး လှုပ်ရှားခြင်းမရှိပေ။ သူ၏ စွမ်းအားနှင့် ကောင်းကင်သခင်အားလုံးကို ဖမ်းဆီးနိုင်လေသည်။
အရှေ့ပင်လယ်က အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် ဝေးကွာလှသော်လည်း ဧရိယာက သေးငယ်လှခြသ်းမရှိပေ။ လင်းယွမ်က ကောင်းကင်သခင်အဆင့် အားလုံးကို သတ်ဖြတ်ခဲ့လျှင် အရှေ့ပင်လယ်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။
၎င်းက တာအိုအင်မော်တယ်ဂိုဏ်း၊ သွေးနတ်ဆိုးပင်လယ်နှင့် မိစ္ဆာနန်းတော်တို့ကို အရှေ့ပင်လယ်ကို သိမ်းပိုက်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လင်းယွမ်အတွက် အရှေ့ပင်လယ်မှ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များ၏ သေခြင်းရှင်ခြင်းက သူ့အပေါ် သက်ရောက်မှုမရှိပေ။ သို့သော် သူတို့၏ သေဆုံးမှုက အခြေအနေဆိုးသွားမည်ဖြစ်သောကြောင့် သူတို့ကို မသတ်လိုက်ခြင်း ဖြစ်သည်။
ယခင် ကောင်းကင်သခင်ဆယ်ယောက်ကျော်က သူတို့၏ စွမ်းအားများကို ထုတ်ဖော်ပြီး ပိုင်ယုကျွန်းအား မည်သို့ ခွဲဝေရမည်ကို ဆွေးနွေးနေခဲ့ကြသည်။ ထို့နောက် ကျွန်းအတွင်းမှ လူတစ်ယောက် ထွက်လာပြီး သူ့ကိုသူ ပိုင်ယုကျွန်းသခင်ဟု ပြောခဲ့လေသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ အရိုးဖြူကောင်းကင်သခင်နှင့် အခြားသူများက ကန့်ကွက်ခြင်းမရှိဘဲ လက်ခံခဲ့ကြလေသည်။
အဖြစ်အပျက်များက ကြည့်ရှုနေသော ကျင့်ကြံသူများအတွက် အိပ်မက်တစ်ခုလို ဖြစ်နေသည်။
" ဘာဖြစ်တာလဲ။ "
" ကောင်းကင်သခင်တွေ အားလုံးက ဘာလို့ ထွက်သွားကြတာလဲ။ "
" ပိုင်ယုကျွန်းထဲက ထွက်လာတာဘယ်သူလဲ။ သူက အဲ့လိုလေးပြောလိုက်ရုံနဲ့ ပိုင်ယုကျွန်းသခင်ဖြစ်သွားတာလား။ "
အရှေ့ပင်လယ်မှ ကျင့်ကြံသူများက အဖြစ်အပျက်များကို မယုံကြည်နိုင်စွာဖြင့် ဆွေးနွေးနေကြသည်။ ယခင်မောက်မာလှသော ကောင်းကင်သခင်များက ယခုချက်ချင်း နာခံတတ်သွားကြလေသည်။
" ငါမှတ်မိပြီ။ အဲ့ဒီလူက ဟေးကျင်းကျွန်းစုကို မီးလောင်တိုက်သွင်းခဲ့တဲ့ ဆန်းကျယ်တဲ့ စွမ်းအားရှင်ဖြစ်ရမယ်။ ငါ ဟေးယုကျွန်းစုကို ရောက်ဖူးတယ်။ ထိုက်ယန်အစစ်အမှန်မီးတောက်ရဲ့ စွမ်းအားက တကယ်ကို မမေ့နိုင်စရာပဲ။ "
" ဒါဆို အဲ့ဒီလူပဲ။ "
သူက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်ဟု ဆိုသည်မဟုတ်လား။ အရိုးဖြူကောင်းကင်သခင်နှင့် အခြားသူများက ဘာလို့ထွက်ခွာသွားကြတာလဲ။
" ဒါမရိုးရှင်းဘူး။ အရှေ့ပင်လယ်ကျွန်းစုမှာ စွမ်းအားကိုပဲ လေးစားကြတယ်။ "
" အရိုးဖြူကောင်းကင်သခင်က နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့်မှာရှိတယ်။ သူက ပိုင်ယုကျွန်းတစ်ဝက်ကိုတောင် ယူမယ်လို့ပြောခဲ့တယ်။ "
" ဒါပေမယ့် အဲ့ဒီလူက ပိုင်ယုကျွန်းတစ်ခုလုံးကို အပိုင်သိမ်းလိုက်တယ်။ သူ့ရဲ့ စွမ်းအားက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့် အထက်မှာ ရှိလောက်တယ်။ "
အရှေ့ပင်လယ်ကျွန်းစုမှ ကျင့်ကြံသူများက အဖြစ်အပျက်များကို ဆွေးနွေးပြီး အခြေအနေကို ခန့်မှန်းမိသွားကြသည်။ မည်သည့်နေရာတွင်ဖြစ်စေ ခွန်အားကသာ အရာရာ ဖြစ်လေသည်။
အရိုးဖြူကောင်းကင်သခင်ကဲ့သို့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ နောက်ဆုတ်သွားခြင်းက မယုံကြည်နိုင်စရာကောင်းသော်လည်း သေချာစဉ်းစားကြည့်လျှင် နောက်ကွယ်မှ အကြောင်းရင်းကို ခန့်မှန်းနိုင်လေသည်။
ကောင်းကင်တွင် လင်းယွမ်၏ အကြည့်က အရှေ့ပင်လယ်ကျွန်းစုမှ ကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။
" ကျုပ်က ပိုင်ယုကျွန်းသခင် ယွမ်ယန်ပဲ။ ဒီနေ့ ကျုပ်က တပည့်တွေ စုဆောင်းဖို့ ပိုင်ယုခန်းမကို တည်ထောင်ခဲ့တယ်။ စမ်းသပ်မှုကို အောင်မြင်တဲ့သူတိုင်း ပိုင်ယုခန်းမကို ဝင်ပြီး ကျင့်ကြံဖို့အတွက် ပိုင်ယုကျွန်းရဲ့ အလယ်ပိုင်းနယ်မြေကို ဝင်ရောက်နိုင်တယ်။ "
လင်းယွမ်က ပြောလိုက်သကဲ့သို့ သူ၏ အသံက ညင်သာသော်လည်း ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်သွားခဲ့သည်။
ယွမ်ယန်ဆိုသည်မှာ လင်းယွမ်က ယန်စိတ်ဝိညာဉ်ကို ပေးထားသော နာမည်ဖြစ်ပြီး ပိုင်ယုခန်းမက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် တည်ထောင်ထားခြင်းဖြစ်သည်။