← Chapters

အနောက်ဘက်နယ်မြေတွင် အဆင့်ချိုးဖျက်ခြင်း....

Vol. 13 Ch. 204

အနောက်ဘက်နယ်မြေတွင် အဆင့်ချိုးဖျက်ခြင်း....

Vol. 13 Ch. 204

" ရုပ်ခန္ဓာကျင့်ကြံခြင်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်။ ငါအဲ့ဒါကို နားလည်ခါနီးနေပြီ။ " လင်းယွမ်က တွေးလိုက်၏။

သူသာ ဆန္ဒရှိလျှ် ယခု ရုပ်ခန္ဓာကျင့်ကြံခြင်းကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်လေသည်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံး ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင် ဖြစ်လာပေလိမ့်မည်။

သို့သော် လင်းယွမ်က အတွေးနက်နေသည်။ ဆဋ္ဌမအလွှာနှင့်မတူဘဲ ရုပ်ခန္ဓာကျင့်ကြံခြင်းက လင်းယွမ်အတွက် အသစ်ဖြစ်နေသည်။

သူက ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်လိုက်လျှင် ဆဋ္ဌမအလွှာသို့ တက်ရောက်ချိန်ကလို သူ၏ အော်ရာကို ပြည့်စုံစွာ ဖုံးကွယ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

လင်းယွမ်က ဆဋ္ဌမအလွှာကို မူလကမ္ဘာတွင် ကျင့်ကြံခဲ့ပြီး ယခု ပြန်လည်ကျင့်ကြံခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူက ဤအင်မော်တယ်တာအိုကမ္ဘာတွင်လည်း ဆဋ္ဌမအလွှာသို့ ထပ်မံချိုးဖျက်ခြင်းက ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူလှပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေရှိ အော်ရာအားလုံးကို အာရုံခံနိုင်သော ထိုက်ဟောက်အင်မော်တယ်ကြေးမုံပင် လင်းယွမ်၏ အော်ရာကို ရှာမတွေ့ခဲ့ပေ။

သို့သော် သူက ရုပ်ခန္ဓာကျင့်ကြံခြင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်လိုလျှင် ယခင် ထိုလမ်းကို သူမလျှောက်ဖူးသေးသောကြောင့် သူ၏ အော်ရာကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

" တိမ်မြူခိုးတော်ဝင်နယ်မြေမှာ ငါအဆင့်တက်လို့မရဘူး။ " လင်းယွမ်က တွေးလိုက်သည်။

၎င်းက တာအိုအင်မော်တယ်ဂိုဏ်းအနီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ တိုက်ရိုက်စောင့်ကြည့်မှုအောက်တွင် ရှိလေသည်။ သူ၏ အော်ရာတွင် ကွဲလွဲမှုအနည်းငယ် ရှိရုံနှင့် ထိုက်ဟောက်အင်မော်တယ်ကြေးမုံက သတိထားမိသွားပြီး တာအိုအင်မော်တယ်ဂိုဏ်းချုပ်၏ အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။

သွေးနတ်ဆိုးပင်လယ်၊ မိစ္ဆာနန်းတော်နှင့် နတ်သူတော်စင်အသိုက်တို့က နှစ်ထောင်ပေါင်းများစွာတိုင်အောင် တာအိုအင်မော်တယ်ဂိုဏ်းကို ဘာကြောင့် မကျုးကျော်နိုင်ခဲ့ကြတာလဲ။

၎င်းမှာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကြောင့်ပင် ဖြစ်သည်။

ထိုအင်မော်တယ်ရတနာက အသက်ဝင်လာသောအချိန်တွင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းနိုင်လေသည်။ ၎င်းကို ရှေးဟောင်းသူတော်စင်တစ်ယောက်က အသက်သွင်းခဲ့လျှင် ၎င်းမှ ထုတ်ပေးသော ပုံရိပ်က ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ဆင်းသက်နိုင်လေသည်။ သို့သော် ပို၍ ဝေးသည့်နှင့် ပုံရိပ်ကလည်း ပို၍ အားနည်းသွားမည်ဖြစ်သည်။

" ဘယ်နေရာမှာ အဆင့်တက်ရမလဲ။ " လင်းယွမ်၏ ရှေ့တွင် ကမ္ဘာမြေပုံပေါ်နေသည်။

လင်းယွမ်၏ အကြည့်က ပထမဆုံး အရှေ့ပင်လယ်ကျွန်းစုပေါ်သို့ ကျရောက်သွားသည်။ နှစ်အတန်ကြာပြီးနောက် ယန်စိတ်ဝိညာဉ်၏ ဦးဆောင်မှုဖြင့် ပိုင်ယုခန်းမက ဂိုဏ်းပေါင်းရှစ်ရာကြားတွင် အထင်ရှားဆုံး ဖြစ်လာခဲ့သည်။

" မရဘူး " လင်းယွမ်က ခနစဉ်းစားပြီးနောက် သူ၏ ခေါင်းကို ခါလိုက်သည်။

အရှေ့ပင်လယ်က အမှန်တကယ် ပိုင်ယုခန်းမ၏ လွှမ်းမိုးမှုအောက်တွင် ရှိသော်လည်း တာအိုအင်မော်တယ်ဂိုဏ်း၊ သွေးနတ်ဆိုးပင်လယ်နှင့် မိစ္ဆာနန်းတော်တို့၏ အာရုံစိုက်ရာနေရာတစ်ခုလည်း ဖြစ်လာသည်။

အထူးသဖြင့် ပိုင်ယုခန်းမ၏ အရှိန်အဝါ တိုးတက်လာသည်နှင့်အမျှ တာအိုအင်မော်တယ်ဂိုဏ်းကလည်း ပို၍ သတိထားစောင့်ကြည့်လာခဲ့သည်။

အရှေ့ပင်လယ်တွင် အဆင့်ချိုးဖျက်ရန် ရွေးချယ်ခြင်းက ကောင်းသော စိတ်ကူမဟုတ်ပေ။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ ပုံရိပ်က ထိုနေရာသို့ အချိန်မရွေး ဆင်းသက်လာနိုင်လေသည်။

အရှေ့ပင်လယ်မှ လွဲ၍ လင်းယွမ်အတွက် အနောက်၊ တောင်၊ မြောက်တို့သာ ရွေးချယ်စရာကျန်တော့လေသည်။

အမှန်တွင် ထိုသုံးနေရာကလည်း ကွာခြားမှုသိပ်မရှိပေ။ တာအိုအင်မော်တယ်ဂိုဏ်းက သူတို့ကို အဆက်မပြတ် ဖိနှိပ်နေလျှင်တောင် သူတို့၏ အင်အားကို လျှော့တွက်၍ မရပေ။

" အနောက်ကို ရွေးရအောင် " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အနောက်ဘက်က နတ်ဆိုးသားရဲများ၏ နယ်မြေဖြစ်လေသည်။ နတ်ဆိုးသူတော်စင်အသိုက်က နတ်ဆိုးသားရဲများ၏ တော်ဝင်နယ်မြေဖြစ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိသော နတ်ဆိုးသူတော်စင်တစ်ယောက် စောင့်ကြပ်နေလေသည်။

ထို့အပြင် နတ်ဆိုးသူတော်စင်အသိုက်ကို ဖိနှိပ်ခြင်းနှင့် ရှင်းလင်းခြင်းများအတွက် တာဝန်ယူထားသူမှာ ကျွင်းဝူကျိ၏ ဖခင် ကျွင်းတုန်ကျင်းပင် ဖြစ်သည်။

နှစ်များကြာလာသည်နှင့် လင်းယွမ်က နတ်ဆိုးသားရဲများအား နှိမ်နင်းရန် တာအိုအင်မော်တယ်ဂိုဏ်းသားများ၏ ဖြန့်ကျက်ပုံနှင့် လုပ်ရိုးလုပ်စဉ်များကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

ထိုဗဟုသုတများဖြင့် လင်းယွမ်က ဘယ်သူမှသတိမပြုမိဘဲ အဆင့်ချိုးဖျက်နိုင်ပေလိမ့်မည်။ အဆင့်တက်နေစဉ် ထူးခြားမှုများ ဖြစ်လျှင်တောင် ရှာဖွေရန် ခက်ခဲပြီး အခြားသူများ အာရုံစိုက်မိလျှင် လင်းယွမ်က ထွက်သွားပြီဖြစ်သည်။

အဆင့်တက်ရန် နေရာကို ဆုံးဖြတ်ပြီးနောက် လင်းယွမ်က အခန်းထဲမှ ထွက်ခွာသွားသည်။

" သခင်လေး " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

" အင်း " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ရက်အနည်ငယ် ကြာပြီးသောအခါ လင်းယွမ်က ရွှင်းဟွာနှင့် ချိုးယွဲ့တို့ကို ညွှန်ကြားလိုက်သည်။ " ငါ မကြာခင် တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်။ အဖေ၊အမေ၊ အကိုကြီးနဲ့ ဒုတိယအမတို့ အပါအဝင် ငါ့ကို ရှာနေတဲ့ ဘယ်သူ့ကိုမဆို ပြန်လွှတ်လိုက်။ "

" ဟုတ်ကဲ့ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

ထိုကဲ့သို့ ဖြစ်သည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။ ကျွင်းဝူကျိ တိမ်မြူခိုးတော်ဝင်နယ်မြေသို့ ရောက်သည်မှာ ဆယ်စုနှစ်ကျော်ကြာပြီဖြစ်ပြီး သူ စတင်ကျင့်ကြံကတည်းက အချိုးအများစုကို တံခါးပိတ်ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း ဘယ်သူမှသူ့ကို မနှောက်ယှက်ရပေ။

ရွှင်းဟွာနှင့် ချိုးယွဲ့တို့ကို ညွှန်ကြားပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းအခန်းထဲသို့ ပြန်ဝင်သွားသည်။

" ထွက်သွားဖို့ အချိန်ကျပြီ။ " လင်းယွမ်က အခန်းထဲတွင် မတ်တပ်ရပ်ပြီး သူ၏ အော်ရာကို ချန်ထားလိုက်သည်။

ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ထိုအော်ရာကို ခံစားမိလျှင် သူရှိနေသည်ဟုသာ ထင်ပေလိမ့်မည်။

ထို့အပြင် အခန်းထဲသို့ မည်သူဝင်လာသည်ဖြစ်စေ လင်းယွမ်က ဤကမ္ဘာတွင် ရှိနေသရွေ့ ၎င်းကို ခံစားမိပေလိမ့်မည်။

အားလုံးပြင်ဆင်ပြီးသောအခါ လင်းယွမ်က တိမ်မြူခိုးတော်ဝင်နယ်မြေမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ ယခု လင်းယွမ်က တိမ်မြူခိုးတော်ဝင်နယ်မြေမှ ဒုတိယအကြိမ် ထွက်ခွာခြင်းဖြစ်သည်။ ပထမအကြိမ်းက သူ၏ အဘိုး ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်သို့ ရောက်သွားသည့်အတွက် ဂုဏ်ပြုသည့်ပွဲကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ နယ်စပ် ချိုင့်ဝှမ်းတစ်ခုထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

" ဒီနေရာက အတော်ကောင်းတာပဲ။ " လင်းယွမ်က ချိုင့်ဝှမ်းကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

ထိုချိုင့်ဝှမ်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ ပိုင်နက်အတွင်း မရှိသည့်အပြင် နတ်ဆိုးသားရဲများ၏ ပိုင်နက်အတွင်းလည်း မရှိဘဲ နှစ်ခုကြားမှ ကြားခံနေရာတစ်ခု ဖြစ်သည်။

ထိုနေရာတွင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အလိုအလျောက် စောင့်ကြည့်နိုင်မည်မဟုတ်ဘဲ တာအိုအင်မော်တယ်ဂိုဏ်းချုပ် အသက်သွင်းမှသာ ထိုနေရာကို အာရုံခံနိုင်ပေလိမ့်မည်။

သို့သော် တာအိုအင်မော်တယ်ဂိုဏ်းချုပ်က အကြောင်းရင်းမရှိဘဲ ထိုသို့လုပ်မည်မဟုတ်ပေ။

ဂိုဏ်းချုပ်က ယခင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသက်သွင်းပြီး အရှေ့ပင်လယ်သို့ ဆင်းသက်လာခြင်းမှာ လင်းယွမ်က ဟေးကျင်းကျွန်းစုကို ဖျက်ဆီးပြီး သူတို့၏ အစီအစဉ်များကို နှောက်ယှက်ခဲ့သောကြောင့် ဖြစ်သည်။

လင်းယွမ်က ချိုင့်ဝှမ်းထဲတွင် ဂူတစ်ခု ပြုလုပ်ပြီး အထဲသို့ ဝင်လိုက်သည်။ သူက ထိုင်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ယင်ဝိညာဉ်ပင် ဖြစ်သည်။ အဆင့်ချိုးဖျက်နေစဉ် ယင်ဝိညာဉ်က လင်းယွမ်ကို ကာကွယ်ပေးထားမည်ဖြစ်သည်။

လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်သွားပြီးနောက် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်တို့၏ စွမ်းအားက သိသိသာသာ တိုးတက်လာခဲ့သည်။ သူတို့က သူ့ထက် အနည်းငယ် အားနည်းသော်လည်း ရှေးဟောင်းသူတော်စင်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ရှေးဟောင်းသူတော်စင်တစ်ယောက်၏ အကာအကွယ်နှင့် ထိုကဲ့သို့ ကြားခံနယ်မြေတစ်ခုတွင် အဆင့်တက်ခြင်းက မတော်တဆဖြစ်ခဲ့လျှင်တောင် ကိုင်တွယ်ရန် အချိန်ရှိလေသည်။

တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ဂိုဏ်းရတနာကို ကိုင်ဆောင်ပြီး ရောက်လာလျှင်တောင် ယင်စိတ်ဝိညာဉ်က လင်းယွမ်ကို ခေါ်ပြီး လွတ်မြောက်နိုင်လေသည်။ အဆင့်တက်ရန် ကျရှုံးသွားနိုင်သော်လည်း လင်းယွမ်တွင် ၎င်းကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိလေသည်။

" စမယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများက စတင်ဆူပွက်လာသည်။

အရှေ့ပင်လယ် ပိုင်ယုကျွန်း။

လင်းယွမ်အဆင့်တက်နေချိန်တွင် ယန်စိတ်ဝိညာဉ်က လင်းယွမ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

" ဘာအမှားအယွင်းမှ မဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ " ယန်စိတ်ဝိညာဉ်က တံခါးပိတ်ကျင့်ကြံခြင်းကို ရပ်တန့်ပြီး လင်းယွမ် အဆင့်တက်နေစဉ် နှောက်ယှက်နိုင်သော အရာများကို အာရုံစိုက်ထားသည်။

အကယ်၍ ရှေးဟောင်းသူတော်စင်တစ်ယောက်က သတ်ဖြတ်ရန် ရောက်လာလျှင် ယန်စိတ်ဝိညာဉ်က အရေးကြီးသော အခြေအနေတွင် လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်နိုင်လေသည်။ အခြားစကားနှင့် ပြောရလျှင် အလွန်ကြီးမားသော အကွာအဝေးကို လျစ်လျူရှုပြီး လင်းယွမ်၏ ဘေးတွင် ပေါ်လာနိုင်လေသည်။

ယန်စိတ်ဝိညာဉ်နှင့် ယင်စိတ်ဝိညာဉ်တို့က ပုံမှန်အားဖြင့် တူညီသော အစိတ်အပိုင်းများ ဖြစ်ကြလေသည်။ ယန်စိတ်ဝိညာဉ် ကျဆုံးသွားလျှင်တောင် ယင်စိတ်ဝိညာဉ်က သူ၏ စွမ်းအားများကို စွန့်လွှတ်ပြီး ယန်စိတ်ဝိညာဉ်ကို တစ်ဖန် ပြန်လည်မွေးဖွားပေးနိုင်လေသည်။

ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ပေါင်းစည်းလိုက်သောအခါ လင်းယွမ်ထက် အနည်းငယ်သာ အားနည်းသော ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုနည်းလမ်းက ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို ထိခိုက်စေနိုင်သော်လည်း အောင်မြင်စွာ အဆင့်တက်နိုင်လျှင် ၎င်းက ထိုက်တန်လေသည်။

All Chapters