နတ်ဆိုးသူတော်စင်အသိုက်၏ မင်းသားကြီး....
Vol. 13 Ch. 205
အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးသူတော်စင်အသိုက်တို့၏ ကြားခံနယ်မြေတွင် ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က နတ်ဆိုးသားရဲများကို သတ်ဖြတ်ရင်း တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များကို အမိန့်ပေးနေကြသည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက လက်ဆန့်ပြီး အဝိုင်းသဏ္ဍန် မှော်ရတနာတစ်ခုကို ထုတ်လိုက်သည်။
ထိုခနတွင် မှော်ရတနာက အဆက်မပြတ် တုန်ခါနေသည်။ ထိုမှော်ရတနာကို နတ်ဆိုးအာရုံခံစက်ဝန်းဟု ခေါ်လေသည်။ ၎င်းက မိုင်တစ်သောင်းအတွင်း နတ်ဆိုးများ၏ လှုပ်ရှားမှုများ၊ အရေအတွက်နှင့် ခွန်အားကို အာရုံခံနိုင်လေသည်။ ယခုအချိန်တွင် နတ်ဆိုးအာရုံခံစက်ဝန်းက အဆက်မပြတ် တုန်ခါနေလေသည်။
" ဒါ နတ်ဆိုးသူတော်စင်အသိုက်မှာ ပထမဆုံး နိုးထလာတဲ့ မင်းသား ဖြစ်ရမယ်။ " ကျွင်းရှောင်ယောင်က လေးနက်စွာ ပြောလိုက်သည်။
" ပထမမင်းသား." ကျွင်းကျိလန်၏ အမူအရာက မဲမှောင်သွား၏။
နတ်ဆိုးသူတော်စင်အသိုက်က နတ်ဆိုးသားရဲများ၏ တော်ဝင်နယ်မြေဖြစ်လေသည်။ နတ်ဆိုးသူတော်စင်အသိုက်ကြောင့်သာ မဟုတ်လျှင် နတ်ဆိုးသားရဲများက တာအိုအင်မော်တယ်ဂိုဏ်း၏ ချေမှုန်းခြင်း ခံရသည်မှာ ကြာပြီဖြစ်သည်။
ပထမမင်းသားက အသိုက်အတွင်း နတ်ဆိုးသူတော်စင်၏ ပထမဆုံး မျိုးဆက်ဖြစ်လေသည်။
ပထမမင်းသား၏ ခွန်အားမှာ ရှေးဟောင်းသူတော်စင်အဆင့်အောက်တွင် အသန်မာဆုံးဟု ပြောကြပြီး သူ၏ နတ်ဆိုးသူတော်စင် သွေးမျိုးဆက်နှင့် ရှေးဟောင်းသူတော်စင်အဆင့် ခွန်အားကို အချိန်ခန အသုံးပြုနိုင်လေသည်။
" အဲ့လိုဆိုရင်တော့..."
" တပည့်တွေအားလုံး နတ်ဘုရားကုန်းမြေကို ယာယီပြန်ဆုတ်မယ်။ " ကျွင်းကျိလန်က အမိန့်ပေးလိုက်၏။
နတ်ဆိုးသားရဲများ၏ ပထမမင်းသားက အလွန်ကြောက်စရာကောင်းသော်လည်း တာအိုအင်မော်တယ်ဂိုဏ်းက သူ့ကို ကိုင်တွယ်နိုင်သော်လည်း မလိုအပ်သေးပေ။
ပထမမင်းသားက အထူးသွေးမျိုးဆက်ရှိပြီး သူ၏ အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးရလေသည်။ တာအိုအင်မော်တယ်ဂိုဏ်းက ပထမမင်းသားနိုးထလာမည့်အချိန်ကို ရှောင်ကြပြီး သူတို့က ထိုသို့ ကြောက်စရာကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်ရန် မလိုအပ်ပေ။
" ကောင်းတယ်။ " ကျွင်းရှောင်ယောင်က ခေါင်းငြိမ့်လိုက်သည်။
မရေတွက်နိုင်သော တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များက နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်ကြပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ နယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။
ထိုအချိန် တောရိုင်းနယ်မြေ၏ နက်ရှိုင်းသော နေရာတွင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု နိုးထလာသည်။
မရေတွက်နိုင်သော နတ်ဆိုးသားရဲများနှင့် မဟာနတ်ဆိုးဖြစ်စေ နတ်ဆိုးဘုရင်ဖြစ်စေ အားလုံးက မလှုပ်ရှားရဲဘဲ မြေပြင်တွင် ဝပ်ဆင်းနေကြလေသည်။
ဝုန်း ဝုန်း ဝုန်း....
ကျန့်တစ်ထောင်ကျော်ရှည်သော ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ နီးကပ်လာပြီး ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါသွားစေခဲ့သည်။ အနီးကပ် ကြည့်လျှင် ထိုကြီးမားသော ပုံရိပ်ကြီးက အံ့ဩစရာကောင်းစွာ လူဝံကြီးတစ်ကောင်ပင်ဖြစ်သည်။
" နောက်ဆုံးတော့ နောက်တစ်ကြိမ် နိုးထလာပြီ။ "
" အမေက ငါ့ကို အဲ့ဒီနတ်ဆိုးနည်းစနစ်ကို အတင်းအကျပ် လေ့ကျင့်ခိုင်းခဲ့တယ်။ နှစ်တစ်ရာမှာ ငါက နှစ်ကိုးဆယ်လောက် အိပ်နေရတယ်။ " လူဝံကြီးက မရေတွက်နိုင်သော နတ်ဆိုးသားရဲများကို နင်းမိသွားသော်လည်း ဂရုစိုက်ခြင်းမရှိဘဲ ဆက်လျှောက်သွားသည်။
အကြောင်းမှာ သူ့အတွက် ထိုနတ်ဆိုးသားရဲများက ပုရွက်ဆိတ်များနှင့် မခြားပေ။
" လတ်ဆတ်လိုက်တဲ့ လေ.... ငါ ဆယ်နှစ်လောက်ပဲနေရမှာ စိတ်မကောင်းစရာပဲ။ " လူဝံကြီးက သက်ပြင်းချလိုက်သည်။ ဆယ်နှစ်ကြာပြီးလျှင် သူက ပြန်လည်အိပ်စက်ရမည်ဖြစ်ပြီး နောက်ထပ် နှစ်တစ်ရာကြာမှ ပြန်လည်နိုးထလာမည်ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း....
လူဝံကြီးက ရှေ့ဆက်လျှောက်သွားသည်။
သူက တောရိုင်းနယ်မြေမှ ထွက်သွားပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေနယ်စပ်နှင့် မျက်နှာချင်းဆိုင်မိသွားသည်။
" ဟမ့် အဲ့ဒီ တာအိုအင်မော်တယ်ဂိုဏ်းသားတွေ တကယ်ပါးနပ်တာပဲ။ အားလုံးပြေးကုန်ကြပြီ။ "
လူဝံကြီးက အလယ်ပိုင်းနတ်ဘုရားကုန်းမြေရှိရာသို့ ကြည့်နေသော်လည်း ကျူးကျော်ရန် ရည်ရွယ်ချက်မရှိပေ။ နှစ်ပေါင်းတစ်ရာနီးပါး အိပ်စက်နေပြီး လူဝံကြီး၏ စိတ်က နှေးကွေးနေသော်လည်း နုံအခြင်းတော့မရှိပေ။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ဝင်လိုက်သည်နှင့် သူက ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ လွှမ်းခြုံမှုအောက်သို့ ရောက်သွားမည်ဖြစ်ပြီး တာအိုအင်မော်တယ်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
" ငါဒီမှာ စောင့်နေမယ်။ " လူဝံကြီးက အနားယူရန်ပြင်လိုက်သည်။
ထိုအချိန်တွင် လူဝံကြီးက တစ်စုံတစ်ခုကို အာရုံခံမိပြီး သူ၏ နှာခေါင်းများကို ရှုံ့လိုက်သည်။
" အဲ့ဒီအော်ရာက..." လူဝံကြီးက တိကျသော နေရာတစ်ခုမှ များပြားသော စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိပြီး သူ၏ မျက်လုံးများက တောက်ပသွား၏။
" ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်အမြစ် ပေါ်လာတာလား။ "
" ဒါမှမဟုတ် ဒီကမ္ဘာကြီးရဲ့ နတ်ဆေးပင်တစ်ပင် ထွက်ပေါ်လာတာလား။ " လူဝံကြီးက ပါးစပ်ဟပြီး ဟိန်းဟောက်လိုက်သည်။
" ငါ့ဟာ အားလုံးက ငါ့ဟာပဲ။ " လူဝံကြီးက ၎င်းအာရုံခံမိသော နေရာသို့ ဦးတည်ပြီး ပြေးသွားသည်။
" ဟင်းလင်းပြင်ခန္ဓာသန့်စင်ခြင်း " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ ချီနှင့်သွေးများက ပြင်းထန်စွာ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
" ရုပ်ခန္ဓာနတ်စွမ်းရည်... " လင်းယွမ်က သူ၏ သွေးများအတွင်းမှ ပြည့်စုံသော အော်ရာတစ်ခုက ထွက်ပေါ်လာရန် အဆင်သင့်ဖြစ်နေသည်ကို ခံစားမိလေသည်။
" ဟမ် " လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည်ကို စစ်ဆေးရန်ပြင်နေသည် ရုတ်တရက် မြေပြင်မျိ တုန်ခါသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက် လင်းယွမ်က ဂူထဲမှ ထွက်ပြီး ချိုင့်ဝှမ်းထိပ်သို့ တက်လာသည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က အဝေးသို့ လှမ်းကြည့်လိုက်သည်။
ကျန့်တစ်ထောင်မြင့်သော လူဝံကြီးတစ်ကောင်က သူ၏ ဦးတည်ရာသို့ ရူးသွပ်စွာ ပြေးလာသည်ကို မြင်လိုက်ရသည်။
" နတ်ဆိုးသူတော်စင်အသိုက်ရဲ့ ပထမမင်းသားလား။ " လင်းယွမ်က တစ်ဖက်ကို ချက်ချင်း မှတ်မိသွားသည်။
ထိုနတ်ဆိုးက အလွန်ကျော်ကြားပြီး သွေးမျိုးဆက်စွမ်းအား ပေါက်ကွဲလာသောအခါ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်လေသည်။
ဝုန်း ဝုန်း ဝုန်း.....
လူဝံကြီးက ရှေ့သို့ ကြီးမားသော ခြေလှမ်းများဖြင့် လှမ်းလာသည်။
" ငါ့ရဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်အမြစ် ဘယ်မှာလဲ။ ငါ့ရဲ့ နတ်ဆေးပင်ဘယ်မှာလဲ။ " လူဝံကြီးက ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် ခြေထောက်နားမှ ချိုင့်ဝှမ်းကို သတိမထားမိပေ။ လူဝံကြီးအတွက် ချိုင့်ဝှမ်းတစ်ခုမဟုတ်ဘဲ ချိုင့်ကွက်လေးတစ်ခုသာ ဖြစ်သည်။
" ဟမ် မင်းက ငါ့ရဲ့ နတ်ဆေးပင်ကို ခိုးခဲ့တာလား။ " လူဝံကြီးက ဂရုတစိုက်စစ်ဆေးပြီးနောက် သေးငယ်သော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
အဝေးတွင် နတ်ဆိုးသားရဲများက လူဝံကြီးကို သတိထားစောင့်ကြည့်နေကြသည်။
" မင်းသားကြီးက စိတ်ကောင်းဝင်နေတာထင်တယ်။ " ဝံပုလွေနတ်ဆိုးတစ်ကောင်က ရေရွတ်လိုက်သည်။
သူက နတ်အသွင်ပြောင်းလဲခြင်းအဆင့်မှ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော်လည်း လူဝံကြီး၏ ရှေ့တွင် ထို စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် မဟာနတ်ဆိုးများနှင့် ကွာခြားခြင်းမရှိပေ။
" လူသားမျိုးနွယ်က မထွက်သွားတာလား။ " နတ်ဆိုးဘုရင်တစ်ယောက်က လူဝံကြီး၏ ခြေထောက်အနီးရှိ ချိုင့်ဝှမ်းထဲမှ လူသားပုံရိပ်တစ်ခုကို သတိထားမိသွားသည်။
" သူက သတိတောင်မထားမိဘူး။ စိတ်မကောင်းစရာပဲ။ သူက မင်းသားကြီးရဲ့ ခြေထောက်အောက်မှာ သေရတော့မယ်။ " တတိယနတ်ဆိုးဘုရင်က ဝင်ပြောလိုက်သည်။
ပထမမင်းသားက လမ်းတွင် နတ်ဆိုးသားရဲများစွာကို နင်းချေခဲ့လေသည်။ ယခု လူသားတစ်ဦးကို မြင်သောအခါ သူတို့က မျှတသည်ဟု ခံစားလိုက်ရသည်။
" အဲ့ဒီလူက ထွက်မပြေးဘဲ မင်းသားကြီးနဲ့ မျက်နှာချင်းဆိုင်နေတယ်။ သူ့မှာ အစွမ်းအစအချို့ ရှိပုံပဲ။ " နောက်ထပ်နတ်ဆိုးဘုရင်တစ်ယောက်က ပြောလိုက်သည်။
" ဟမ့် သန်မာတော့ရော ဘာလုပ်နိုင်မှာလဲ။ "
" မင်းသားကြီးရဲ့ ရှေ့မှ မင်းက ရှေးဟောင်းသူတော်စင်တစ်ယောက်မဟုတ်ရင် ပုရွက်ဆိတ်တစ်ကောင်ပဲ။ " ဝံပုလွေနတ်ဆိုးက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
နတ်ဆိုးသူတော်စင်အသိုက်တွင် မင်းသားကြီးက နတ်ဆိုးသူတော်စင်ပြီးလျှင် အသန်မာဆုံး ဖြစ်လေသည်။
" အမှန်ပဲ။ " အခြားနတ်ဆိုးသားရဲများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။
" ဒီမှာ စိတ်ဝိညာဉ်အမြစ်၊ နတ်ဆေးပင် ဘာမှိရှိဘူး။ " လင်းယွမ်က ချိုင့်ဝှမ်းထိပ်တွင် မတ်တပ်ရပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" လူလိမ် ငါ စိတ်ဝိညာဉ်အမြစ်နဲ့ နတ်ဆေးပင်ရဲ့ အော်ရာကို ခံစားမိခဲ့တယ်။ မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်နဲ့ နတ်ဆေးပင်ကို ခိုးခဲ့တာမဟုတ်လား။ " လူဝံကြီးက အလွန်ဒေါသထွက်သွားသည်။ " သေစမ်း "
ထို့နောက် လူဝံကြီးက သူ၏ ညာခြေထောက်ကို မြှောက်ပြီး လင်းယွမ်ရှိရာ ချိုင့်ဝှမ်းကို နင်းချေလိုက်သည်။
အဝေးမှ နတ်ဆိုးသားရဲများက ၎င်းကို မြင်ျသာအခါ လင်းယွမ်ကို လူသေတစ်ယောက်သဖွယ် ကြည့်လိုက်ကြသည်။ လင်းယွမ်က မကြာမီ မင်းသားကြီး၏ ခြေထောက်အောက်တွင် သေဆုံးရတော့မည်ဖြစ်သောကြောင့် သူတို့က သူ့ကို ဂရုမစိုက်ကြတော့ပေ။
" မင်းသားကြီးရဲ့ ခြေထောက်က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ဖိနှိပ်ပြီး လေဟာနယ်နဲ့ ထိတွေ့နေတော့ အမြန်ဆုံး အရှိန်နဲ့ ပြေးရင်တောင် မလွတ်မြောက်နိုင်ဘူး။ "
" မင်းသားကြီးရဲ့ ခြေထောက်ကို ခုခံဖို့က နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွေတောင် လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ ရှေးဟောင်းသူတော်စင်အဆင့် အသက်ကယ်ရတနာတွေ ဒါမှမဟုတ် ရှေးဟောင်းသူတော်စင်တစ်ယောက် ဝင်စွက်ဖက်တာမဟုတ်ရင် သေမှာသေချာတယ်။ " နတ်ဆိုးသားရဲများက ပြောနေကြသည်။
သူတို့က မင်းသားကြီး၏ ခြေထောက်ကို ကြည့်ပြီး တစ်စုံတစ်ခု သင်ယူနိုင်ရန် မျှော်လင့်နေကြသည်။
သို့သော် ထိုအချိန်တွင် နတ်ဆိုးသားရဲများအားလုံး အေးခဲသွားကြသည်။
ကြီးမားလှသော လူဝံကြီးက ရုတ်တရက် တုန်ခါသွားပြီး သူ့ကိုသူ မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ မြေပြင်က တုန်ခါသွားပြီး ခြေရာကြီးများ ကျန်နေခဲ့သည်။
ထိုခနတွင် လူဝံကြီးက တစ်စုံတစ်ယောက်၏ မြေပြင်တွင် နင်းချေခြင်းကို ခံလိုက်ရသည်။
သူတို့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သေးငယ်သော လင်းယွမ်က ယခု လူဝံကြီးကဲ့သို့ ကြီးထွားလာပြီး လူဝံကြီးကို နင်းချေလိုက်သည်။
နောက်တစ်ချက် လူဝံကြီးက ခုခံနိုင်စွမ်းမရှိဘဲ မြေကြီးထဲသို့ နစ်ဝင်သွားသည်။ နောက်တစ်ချက် လူဝံကြီး၏ အရိုးများ ကျိုးကျေသွားပြီး သွေးများစွာ အန်လိုက်ရသည်။
" အရင်တုန်းကဆိုရင်..." လင်းယွမ်က လူဝံကြီးက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " ငါ တောရိုင်းနယ်မြေထဲဝင်ပြီး နတ်ဆိုးသူတော်စင်အသိုက်ကို ဖျက်ဆီးပစ်လောက်ပြီ။ "