← Chapters

ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်...

Vol. 13 Ch. 206

ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်...

Vol. 13 Ch. 206

လူဝံကြီးက သန်မာပြီး သူ၏ ခွန်အားက ရုပ်ခန္ဓာတွင် ကန့်သတ်မထားပေ။ သူက လေဟာနယ်နှင့် အခြားနိယာမများကိုလည်း နားလည်ထားလေသည်။ တစ်စုံတစ်ယောက် လူဝံကြီးကို နုံအသည်ဟု ထင်လျှင် မှားပေလိမ့်မည်။

သူက ရှေးဟောင်းသူတော်စင်နှင့် ရင်ဆိုင်နိုင်သော နတ်ဆိုးသားရဲမျိုးနွယ်၏ မင်းသားကြီး ဖြစ်လေသည်။

ကံဆိုးသည်မှာ လူဝံကြီးက လင်းယွမ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ လူဝံကြီး၏ ခွန်အားက ရှေးဟောင်းသူတော်စင်တစ်ယောက်နှင့် ယှဉ်နိုင်လျှင်တောင် ၎င်းမှာ သူ၏ အသက်ကို ကာကွယ်နိုင်ရုံသာဖြစ်သည်။ အဆုံးတွင် နတ်ဆိုးသူတော်စင်အသိုက်က သိပ်မဝေးေ။

လူဝံကြီးက ခနခုခံနိုင်လျှင် နတ်ဆိုးသူတော်စင်အသိုက်မှ နတ်ဆိုးသူတော်စင်က ကူညီရန် ရောက်လာပေလိမ့်မည်။

သို့သော် ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ ကျင့်ကြံထားသော လင်းယွမ်၏ ရှေ့တွင် လင်းယွမ်က လူဝံကြီးက သေဆုံးသည်အထိ နင်းခြေပစ်နိုင်လေသည်။ ၎င်းမှာ ဟင်းလင်းပြင်ခန္ဓာသန့်စင်ခြင်း၏ စွမ်းအားဖြစ်လေသည်။

အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင်ပင် ၎င်းက ရုပ်ခန္ဓာကျင့်ကြံခြင်း၏ မရှိခဲ့ဖူးသော စွမ်းအားဖြစ်လေသည်။

ဟင်းလင်းပြင်ခန္ဓာသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးနောက် လင်းယွမ်က အရာအားလုံးကို လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်နှင့် ဖိနှိပ်နိုင်သည်ဟု ခံစားနေရသည်။ ခွန်အားတစ်ခုက နိယာမအားလုံးထက် သာလွန်လေသည်။ ၎င်းက ရုပ်ခန္ဓာကျင့်ကြံခြင်းပင် ဖြစ်၏။

" သေသွားပြီလား။ " လင်းယွမ်က သွေးအလူးလူးဖြစ်နေသော လူဝံကြီးကို ငုံ့ကြည့်ပြီး ရုတ်တရက် သတိရသွား၏။

အဝေးတွင် နတ်ဆိုးသားရဲအချို့က တိတ်ဆိတ်စွာ ကြည့်နေကြပြီး မှင်သက်နေကြသည်။

သူတို့၏ မင်းသားကြီးက အရေးမပါသော လူသားမျိုးနွယ်တစ်ယောက်၏ ရှေ့တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။ ၎င်းမှာ ရှေးဟောင်းသူတော်စင်ကို ရင်ဆိုင်နိုင်သော မင်းသားကြီး ဖြစ်လေသည်။

သူက လင်းယွမ်၏ ရှေ့တွင် ဘယ်လိုလုပ် ထိုအခြေအနေထိ ရောက်သွားတာလဲ။ နတ်ဆိုးသားရဲများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မင်းသားကြီးက အလွန်အားနည်းသည်ဟု ခံစားလိုက်ရသည်။

သို့သော် ခနအတွင်း နတ်ဆိုးသားရဲများက သဘောပေါက်သွားကြသည်။

မင်းသားကြီးက မည်သို့မှ အားနည်းမည်မဟုတ်ပေ။ ခရီးတလျှောက် မင်းသားကြီး၏ ရက်စက်မှုကို သူတို့စိတ်ထဲမှ သိကြလေသည်။

မင်းသားကြီးသာ အားမနည်းလျှင် ထိုလူသားမျိုးနွယ်က မင်းသားကြီး ခုခံနိုင်စွမ်းမရှိလောက်အောင် အလွန်သန်မာနေခြင်း ဖြစ်နိုင်လေသည်။

" အဲ့ အဲ့ဒီ ရှေးဟောင်းသူတော်စင်က ဘယ်သူလဲ။ "

" သူက ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်သွားမှာ မကြောက်ဘူးလား။ " နတ်ဆိုးသားရဲများ၏ စိတ်များက တုန်လှုပ်သွားကြသည်။

ထိုလူသားက မင်းသားကြီးကို ခြေကန်ချက်အနည်းငယ်ဖြငခ့ အနိုင်ယူခဲ့သောကြောင့် ထိုလူသားက ရှေးဟောင်းသူတော်စင်အဆင့် ဖြစ်မည်မှာ သေချာလေသည်။

လက်ရှိတွင် တာအိုအင်မော်တယ်ဂိုဏ်းက အလယ်ပိုင်းနတ်ဘုရားကုန်မြေ၊ မိစ္ဆာနန်းတော်၊ သွေးနတ်ဆိုးပင်လယ်နှင့် နတ်ဆိုးသူတော်စင်အသိုက်တို့က အနောက်၊ တောင်နှင့် မြောက်တို့ကို အသီးသီး စိုးမိုးထားကြလေသည်။

သို့သော် ထိုအင်အားစုလေးခုတွင် မရေးသားထားသော စည်းမျဉ်းတစ်ခု ရှိလေသည်။ ၎င်းမှာ မလိုအပ်ဘဲ ရှေးဟောင်းသူတော်စင်များက လှုပ်ရှားခြင်းမပြုရန် ဖြစ်လေသည်။

လွန်ခဲ့သော ဆယ်စုနှစ်ကပင် တာအိုအင်မော်တယ်ဂိုဏ်း၏ စီမံမှုအောက်မှ ဟေးကျင်းကျွန်းစုပျက်စီးသွားချိန်တွင် တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ကြေးမုံမှ ပုံရိပ်ကိုသာ စေလွှတ်ခဲ့ပြီး မူလခန္ဓာကိုယ်က အင်မော်တယ်တောင်တန်းတွင်သာ ထိုင်နေခဲ့သည်။

" ကြည့် အဲ့ဒီလူ သူဘာလုပ်နေတာလဲ။ "

နတ်ဆိုးသားရဲများက အတွေးများ ပြန့်ကျဲသွားကြပြီး သူတို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။

ထိုသေးငယ်သော လူသားက ကျန့်တစ်ထောင်မြင့်သော လူဝံကြီးဆီသို့ သွားပြီး သူ၏ ပါးစပ်ကို ဖွင့်၍ ရှူသွင်းလိုက်လေသည်။

ခနအတွင်း ကျန့်တစ်ထောင်မြင့်သော လူဝံကြီး၏ ချီနှင့် သွေးစွမ်းအားများက အရူးအမူး ထွက်ပေါ်လာကြသည်။ ခနအတွင်း လူဝံကြီးက အရိုးစုဖြစ်သွား၏။

" မဆိုးဘူး မဆိုးဘူး။ ဆဋ္ဌမအဆင့် ဆေးဆယ်လုံးကျော်လောက်နဲ့ ညီမျှတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

သူက ဟင်းလင်းပြင်ခန္ဓာသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ထားပြီး သူ၏ ခွန်အားက တိုးတက်လာသော်လည်း သူ၏ ခန္ဓာကိုယ်က အဆင့်တက်ထားသောကြောင့် အားနည်းနေဆဲ ဖြစ်သည်။ ထိုကျန့်တစ်ထောင်မြင့်သော လူဝံကြီးက အချိန်ကိုက်ရောက်လာပြီး လင်းယွမ်ကို အားဖြည့်ပေးသွားလေသည်။

လူဝံကြီး သေဆုံးသွားသည်နှင့် တစ်ချိန်တည်းတွင် တောရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးမှ ကြောက်စရာကောင်းသော အော်ရာတစ်ခု စတင်နိုးထလာသည်။

" အဲ့ဒါ နတ်ဆိုးသူတော်စင်လား။ " လင်းယွမ်က ကြည့်လိုက်သည်။

နတ်ဆိုးသူတော်စင်အသိုက်တွင် နတ်ဆိုးသူတော်စင်တစ်ယောက်ရှိသည်မှာ လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သို့သော် ထိုနတ်ဆိုးသူတော်စင်က အမြဲတမ်း အိပ်စက်နေသော အခြေအနေတွင်သာ ရှိလေသည်။

" သွားမယ်။ " လင်းယွမ်က နတ်ဆိုးသူတော်စင်နှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။

သူက နတ်ဆိုးသူတော်စင်ကို ကိုင်တွယ်နိုင်လျှင်တောင် ၎င်းက အဓိပ္ပါယ်မရှိပေ။ လင်းယွမ်က ကမ္ဘာကြီးကို စိုးမိုးရန် ခွန်အားမရှိသေးမီ တာအိုအင်မော်တယ်ဂိုဏ်းကို တားဆီးရန် နတ်ဆိုးသူတော်စင်ကို လိုအပ်နေဆဲ ဖြစ်သည်။

ခနကြာသောအခါ ကြောက်စရာကောင်းသော နတ်ဘုရားအာရုံတစ်ခု ဆင်းသက်လာပြီး ပို၍ ကြီးမားသော လူဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

" ဘယ်သူလုပ်တာလဲ။ " လူဝံကြီးက မင်းသားကြီး၏ အလောင်းကို ကြည့်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

လူဝံကြီးက မင်းသားကြီးက ကြီးမားသော မျှော်လင့်ချက်များ ထားပြီး အရာအားလုံး အဆင်ပြေချောမွေ့ခဲ့လျှင် သူက ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်းသူတော်စင်အဆင့်သို့ ရောက်ရန် နောက်ထပ် နှစ်ငါးထောင်သာ လိုတော့လေသည်။

ထိုအချိန်တွင် နတ်ဆိုးသူတော်စင်အသိုက်က နတ်ဆိုးသူတော်စင်နှစ်ယောက် ပိုင်ဆိုင်ပေလိမ့်မည်။ အလယ်ပိုင်းနယ်မြေကိုပင် သိမ်းပိုက်ရန် ဖြစ်နိုင်လေသည်။

သို့သော် ယခု မင်းသားကြီးက သေသွားပြီဖြစ်သည်။ ၎င်း၏ အစီအစဉ်အားလုံးလည်း ပျက်ဆီးသွားပြီဖြစ်သည်။ တောရိုင်းနယ်မြေမှ နတ်ဆိုးသားရဲများအားလုံးက နတ်ဆိုးသူတော်စင်အဆင့်သို့ ရောက်နိုင်သည့်အရည်အချင်း ဘယ်သူမှာမှ မရှိပေ။

" ဟမ် " လူဝံပုံရိပ်ကြီးအကြည့်က အဝေးမှ တုန်ယင်နေသော နတ်ဆိုးသားရဲများပေါ်သို့ ကျရောက်သွားသည်။ ၎င်း၏ ညာလက်ကို မြှောက်လိုက်ပြီး နတ်ဆိုးသားရဲအချို့က လူဝံကြီး၏ ရှေ့တွင် ပေါ်လာသည်။

" စိတ်ဝိညာဉ်ရှာဖွေခြင်း။ " လူဝံကြီး၏ စိတ်က အနည်းငယ် တုန်ခါသွားပြီး နတ်ဆိုးသားရဲများ မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များ ပေါ်လာသည်။

" ဒီလိုခွန်အား..."

လင်းယွမ်က မင်းသားကြီးကို ခြေကန်ချက်အနည်းငယ်ဖြင့် သက်သောင့်သက်သာ သတ်သွားသည်ကို မြင်သောအခါ လူဝံကြီး၏ အမူအရာက ပြောင်းလဲသွားသည်။

" ရှုပ်ထွေးတဲ့ နိယာမတွေမပါဝင်ဘဲ ရုပ်ခွန်အားကြည့်ပဲ ဒီလိုနည်းလမ်းမျိုးက လူသားမျိုးနွယ်ရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းပဲ။ အဲ့ဒီလူက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူလား။ " လူဝံကြီးက သူ့ဟာသူ ရေရွတ်လိုက်သည်။

ရုပ်ခန္ဓာကျင့်ကြံသူများက ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အင်မော်တယ်လမ်းစဉ်၏ အောက်တွင် နိမ့်ကျနေခဲ့သည်။

" တာအိုအင်မော်တယ်ဂိုဏ်းလား။ သူတို့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူကို ပျိုးထောင်ပေးခဲ့တာလား။ " လူဝံကြီးက မကျေမနပ်ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ ရုပ်ခန္ဓာကျင့်ကြံသူများက အင်မော်တယ်လမ်းစဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

ယခု ဟင်းလင်းပြင်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာပြီး သူ့ကို တာအိုအင်မော်တယ်ဂိုဏ်းမှ ဖြစ်သည်ဟု ယူဆနိုင်လေသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ကြေးမုံအလင်းတန်းတစ်ခုက မိုင်ပေါင်းများစွာဖြတ်ပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် တောရိုင်းနယ်မြေကြားရှိ ကြားခံနယ်မြေသို့ ဆင်းသက်လာသည်။

" နတ်ဆိုးသူတော်စင်ရဲ့ မျိုးဆက်က သေသွားပြီလား။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုက မျက်မှောင်ကြုတ်နေသည်။

" ဂိုဏ်းချုပ် အဲ့ဒီအချိန်က..." ကျွင်းရှောင်ယောင်က ချက်ချင်း ရှင်းပြလိုက်သည်။

နတ်ဆိုးသူတော်စင်အသိုက်၏ မင်းသားကြီး နိုးထလာသည်ကို အာရုံခံမိပြီးနောက် ကျွင်းရှောင်ယောင်က တပည့်များအားလုံးကို နောက်ဆုတ်ရန် အမိန့်ပေးခဲ့လေသည်။

ထို့အပြင် ကျွင်းရှောင်ယောင်က လျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး လူဝံကြီး၏ လှုပ်ရှားမှုများကို လေ့လာနေခဲ့သည်။ သူက ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်ခဲ့ရလေသည်။

ကျန့်တစ်ထောင်ကြီးမားသော လူဝံကြီးက သေးငယ်လှသော လူတစ်ယောက်က ခြေလှမ်းအနည်းငယ်ဖြင့် နင်းခြေသတ်ဖြတ်ခဲ့လေသည်။

ကျွင်းရှောင်ယောင်က ထိုလူ၏ အသွင်အပြင်ကိုပင် မမြင်ခဲ့ရပေ။ ထိုလူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းရည်များနှင့် နည်းစနစ်အားလုံးကို တွန်းလှန်နိုင်သော သွေးစွမ်းအားများ ထွက်ပေါ်နေခဲ့သည်။

" ငါကြည့်ကြည့်မယ်။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုက တိုက်ပွဲနေရာသို့ ရောက်သွားပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အကူအညီဖြင့် ခြေရာခံခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။ ထို့နောက် သူက အဖြစ်အပျက်များကို အကြမ်းဖျင်းနားလည်သွားသည်။

" တကယ် အဲ့ဒါ ရှေးဟောင်းသူတော်စင်ပဲ။ ပြီးတော့ ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်..." တာအိုအင်မော်တယ်ဂိုဏ်းချုပ်က တိတ်ဆိတ်နေပြီး အဖြစ်အပျက်များကို စိစစ်နေသည်။

" ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်။ ငါ့ရဲ့ အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ ဒီလိုစွမ်းအားကောင်းတဲ့ တည်ရှိမှုတစ်ခု ဘယ်အချိန်က ထွက်ပေါ်လာတာလဲ။ " မုရှင်းလျိုက စဉ်းစားရင်း မျက်မှောင်ကြုတ်နေသည်။

ထိုရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်က တာအိုအင်မော်တယ်ဂိုဏ်း၏ ရန်သူလား မိတ်ဆွေလား သူမသိပေ။

သို့သော် သံသဝင်စရာမလိုအောင်ပင် စွမ်းအားကောင်းသော ရှေးဟောင်းသူတော်စင်တစ်ယောက်သာ ဆန္ဒရှိလျှင် လက်ရှိအင်အားစုကြီးလေးခုကြားမှ ချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်လေသည်။

All Chapters