သွေးပြန်လည်မွေးဖွားခြင်း....
Vol. 13 Ch. 207
သွေးနတ်ဆိုးပင်လယ်။
သွေးနတ်ဆိုးများ၏ အုပ်ချုပ်သူက သွေးနတ်ဆိုးပင်လယ်အတွင်း ကျွန်းလေးတစ်ကျွန်းပေါ်တွင် ထိုင်နေသည်။ သူက သွေးနတ်ဆိုးပင်လယ်နှင့် ပေါင်းစပ်ပြီး ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက မသေနိုင်သော်လည်း သူ၏ မူလခန္ဓာကိုယ်က သွေးနတ်ဆိုးပင်လယ်မှ ထွက်ခွာနိုင်ခြင်းမရှိဘဲ သူ၏ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရလေသည်။
သို့သော် သူက ကြီးမားသော တန်ဖိုးကို ပေးဆပ်ပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် သွေးနတ်ဆိုးပင်လယ်ကို စတင်ချဲထွင်ခဲ့ခြင်း ဖြစ်သည်။ သွေးနတ်ဆိုးပင်လယ်က ကမ္ဘာကြီးတစ်ခုလုံး ဖုံးလွှမ်းနိုင်လျှင် သူက သွေးနတ်ဆိုးပင်လယ်မှ ထွက်မသွားနိုင်သည်က အရေးမကြီးတော့ပေ။
" ဟမ် နတ်ဆိုးသူတော်စင်ဆီက သတင်းလား။ " သွေးနတ်ဆိုးသခင်က မျက်ခုံးများပင့်သွား၏။
တာအိုအင်မော်တယ်ဂိုဏ်းကို ပူးပေါင်းခုခံပြီးနောက် သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့က သတင်းအချက်အလက်များ မျှဝေခဲ့ကြလေသည်။ ရန်သူ၏ ရန်သူက မိတ်ဆွေပင် ဖြစ်သည်။
တာအိုအင်မော်တယ်ဂိုဏ်းက အလွန်စွမ်းအားကောင်းလှသည်။ သူတို့ မပူးပေါင်းလျှင် လျှင်မြန်စွာ ကျရှုံးပေလိမ့်မည်။
" ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက် ပေါ်လာတာလား။ " သွေးနတ်ဆိုးသခင်က အံ့ဩသွား၏။
ရုပ်ခန္ဓာကျင့်ကြံခြင်း၏ ကန့်သတ်ချက်က နတ်အသွင်ပြောင်းလဲခြင်းအဆင့်ဖြစ်ပြီး အင်မော်တယ်လမ်းစဉ်၏ အကိုင်းအခက်တစ်ခုဖြစ်သောကြောင့် ကျင့်ကြံသူအများစုက ၎င်းကို ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေရုံသာ လေ့ကျင့်ကြသည်။
ပြင်ပအရာဝတ္ထုများ မပါလျှင်တောင် ရုပ်ခန္ဓာကျင့်ကြံသူများက တူညီသောအဆင့်တွင် အင်မော်တယ်ကျင့်ကြံသူများထက် ပို၍ အားနည်းလေသည်။ အချို့ရှုထောင့်များတွင်တော့ သူတို့က ပို၍ သန်မာလေသည်။
အထူးသဖြင့် ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်ပြီး ၎င်းကို နိုးထနိုင်ရန်လည်း အခွင့်အရေး နည်းပါးလေသည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များသာ ရုပ်ခန္ဓာနတ်စွမ်းရည်ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိကြသည်။
သီအိုရီအရ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တွင် ရုပ်ခန္ဓာကျင့်ကြံသူများက ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာရန် ပို၍ပင် အခွင့်အရေးများလေသည်။
" အဲ့ဒီ ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်က ဘယ်ကလာတာလဲ။ တာအိုအင်မော်တယ်ဂိုဏ်းရဲ့ အကူအညီလား။ " သွေးနတ်ဆိုးသခင်က ထိုလူ၏ အချက်အလက်များကို သိချင်နေလေသည်။
ထိုရုပ်ခန္ဓာကျင့်ကြံသူ ရှေးဟောင်းသူတော်စင်က အမှန်တကယ် တာအိုအင်မော်တယ်ဂိုဏ်းမှ လာခြင်းဖြစ်လျှင် သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့က ခုထံနိုင်စွမ်းမရှိဘဲ သူတို့၏ ပိုင်နက်ထဲတွင်သာ ပုန်းကွယ်ပြီး အသက်ရှင်ရန် ကြိုးစားရပေလိမ့်မည်။
တောင်ပိုင်းနယ်မြေ မိစ္ဆာနန်းတော်တွင်။
" ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက်လား။ " ပလ္လပေါ်တွင် ထိုင်နေသော ပိန်ပိန်နှင့်လူက စိတ်ရှုပ်နေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း ကမ္ဘာကြီးတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။
ပထမဆုံး အရှေ့ပင်လယ်မှ ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့် သခင်ယွမ်ယန် ထွက်ပေါ်လာခဲ့သည်။
ယခု နောက်ထပ် ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာပြန်သည်။ မိစ္ဆာဘုရင်က ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်က မည်မျှသန်မာသည်ကို သိလေသည်။
" အဲ့ဒီလူတွေအားလုံးက ဘယ်ကနေရောက်လာတာလဲ။ " မိစ္ဆာဘုရင်က သူ၏ မျက်ခုံးများကို ပွတ်လိုက်သည်။
" အခု အရှေ့ပင်လယ်က ရှေးဟောင်းသူတော်စင်တစ်ဝက်အဆင့် ဖြစ်တဲ့ သခင်ယွမ်ယန်က သူ့ကိုသူ ဖုံးကွယ်ထားခဲ့တာဆိုရင် လက်ခံလို့ရသေးတယ်။ "
ဒါပေမယ့် ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက်။ သမိုင်းတစ်လျှောက်လုံးတွင် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
" ငါ အဲ့ဒါကို စုံစမ်းဖို့လိုတယ်။ အဲ့ဒီရှေးဟောင်းသူတော်စင်က ဘယ်လက်မှာ ရပ်မလဲဆိုတာ ကြည့်ရမယ်။ " မိစ္ဆာဘုရင်က ထိုရုပ်ခန္ဓာကျင့်ကြံသူက တာအိုအင်မော်တယ်ဂိုဏ်းမှ လာသည်ဟု မယုံကြည်ပေ။
အကယ်၍ ထိုရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်၏ ကြီးစိုးလွန်းသော ပုံစံနှင့် ရှေးဟောင်းသူတော်စင်တစ်ယောက် မွေးဖွားလာသည်ကို ယခုအချိန်ထိ စောင့်နေမည်မဟုတ်ပေ။
တိမ်မြူခိုးတော်ဝင်နယ်မြေ။
လင်းယွမ်က ကျင့်ကြံခြင်းအခန်းထဲတွင် တိတ်ဆိတ်စွာ ပေါ်လာသည်။
" ဘယ်သူမှ သတိမထားမိဘူး။ " လင်းယွမ်က ဆယ်ရက်ကျော် ထွက်ခွာသွားခဲ့ပြီး တိမ်မြူခိုးတော်ဝင်နယ်မြေ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
အရာအားလုံးက ပုံမှန်သာဖြစ်၏။ အခြားဘယ်သူမှ လာခြင်းမရှိဘဲ ရွှင်းဟွာနှင့် ချို့ယွဲ့တို့ကလည်း အပြင်တွင် စောင့်ကြပ်နေကြသည်။
" ရုပ်ခန္ဓာနတ်စွမ်းရည်..." လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ သွေးမျိုးဆက်အတွင်းမှ ဖြစ်ပေါ်လုနီးပါးဖြစ်နေသော အရာတစ်ခုကို ခံစားနေရသည်။
" ရုပ်ခန္ဓာနတ်စွမ်းရည်ဆိုတာ တကယ်ဘာလဲ။ " လင်းယွမ်က တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ ရုပ်ခန္ဓာနတ်စွမ်းရည်က အပြည့်အဝ နိုးထလာသည်။ ရုပ်ခန္ဓာနတ်စွမ်းရည်နှင့် ပက်သက်သော အချက်အလက်များက လင်းယွမ်၏ စိတ်ထဲသို့ စီးဝင်လာသည်။
" ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်း " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
ထိုရုပ်ခန္ဓာနတ်စွမ်းရည်က အကြွင်းမဲ့သန်မာလှသည်။ ထိုစွမ်းရည်က အသက်ကယ်ရန် သို့မဟုတ် တိုက်ခိုက်ရန် နှစ်မျိုးလုံးတွင် အသုံးဝင်လေသည်။
နတ်စွမ်းရည်၏ အချက်အလက်များအရ လင်းယွမ်၏ ခန္ဓာကိုယ်က လုံးဝ မပျောက်ကွယ်သွားသရွေ့ သူ၏ သွေးတစ်စက်ကပင် သူ့ကို ပြန်လည်မွေးဖွားပေးနိုင်လေသည်။ ၎င်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။
သိုင်းတာအို မူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော လင်းယွမ်လိုလူတစ်ယောက်အတွက် သူ၏ ရုပ်ခန္ဓာပျက်ဆီးသွားလျှင်တောင် မူလစိတ်ဝိညာဉ်က ဆက်လက်တိုက်ခိုက်နိုင်ဆဲ ဖြစ်သည်။ သို့သော် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ရုပ်ခန္ဓာမရှိလျှင် သေဆုံးသည်ဟု မဆိုလိုသော်လည်း စိတ်ဝိညာဉ်၏ ခွန်အားက သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။
" ပထမဆုံး ဒီနတ်စွမ်းရည်ရဲ့ အခြေခံကို နားလည်အောင် လုပ်ရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဂရုတစိုက် လေ့လာလိုက်သည်။
သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်က အမှန်တကယ် ကောင်းမွန်သော်လည်း ဤကမ္ဘာတွင် ကျွင်းဝူကျိ၏ သွေးမျိုးဆက်မှ လာခြင်းဖြစ်သည်။
လင်းယွမ်က မူလကမ္ဘာသို့ ပြန်ရောက်ပြီး ရုပ်ခန္ဓာကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ ကျင့်ကြံလျှင်တောင် နိုးထလာသော နတ်စွမ်းရည်က သွေးပြန်လည်မွေးဖွားခြင်း မဖြစ်နိုင်တော့ပေ။ ခန္ဓာကိုယ်နှစ်ခုက ကွဲပြားသကဲ့သို့ သွေးမျိုးဆက်များကလည်း ကွဲပြားပေလိမ့်မည်။
သို့သော် သူက သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်၏ အနှစ်သာရကို နားလည်လျှင် လင်းယွမ်က မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ ထိုနတ်စွမ်းရည်ကို အသုံးပြုနိုင်ပေလိမ့်မည်။ သူ၏ ကြောက်စရာကောင်းသော ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက အရာအားလုံးကို လေ့လာပြီး အရာအားလုံးကို အသုံးချနိုင်လေသည်။
တာအိုအင်မော်တယ်ဂိုဏ်း၏ ခန်းမထဲတွင် မုရှင်းလျိုက ခံစားချက်မဲ့သော အမူအရာနှင့် ရှိနေသည်။
" ငါ ဆက်ပြီးမစောင့်နိုင်တော့ဘူး။ " မုရှင်းလျိုက မတ်တက်ရပ်ပြီး ရေရွတ်လိုက်သည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် တောရိုင်းနယ်မြေ၏ ကြားခံနယ်မြေတွင် ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက မုရှင်းလျိုကို ဖိအားများနှင့် မသက်မသာ ခံစားရစေလေသည်။
ထို ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်သာ မိစ္ဆာနန်းတော်၊ သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်တို့နှင့် ပူးပေါင်းမိသွားလျှင် သူတို့က တာအိုအင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို မကိုင်လှုပ်နိုင်လျှင်တောင် နယ်မြေတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။
တာအိုအင်မော်တယ်ဂိုဏ်းက ရှေးဟောင်းသူတော်စင်တစ်ယောက်ကို အရေးပေါ် လိုအပ်နေပြီဖြစ်သည်။ မူလတွင် မုရှင်းလျိုက အချိန်အတော်ကြာစောင့်ကြည့်ပြီး ကျွင်းတုန်ကျင်းနှင့် မုမန်ထင်းတို့နှစ်ယောက်မှ တစ်ယောက်ကို ဆက်ခံသူအဖြစ် ရွေးချယ်ရန် ရည်ရွယ်ထားသည်။
သို့သော် ယခု ၎င်းအတွက် အချိန်မရှိတော့ပေ။ ယခု အင်မော်တယ်ဂိုဏ်းက ပိုင်ဆိုင်သော အရင်းအမြစ်များနှင့် နည်းလမ်းများက လူတစ်ယောက်တည်းကိုသာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ တွန်းပို့ပေးနိုင်လေသည်။
" တာအိုအင်မော်တယ်ဂိုဏ်းမှာ ရှေးဟောင်းသူတော်စင် နှစ်ယောက်ရှိရင် ရုပ်ခန္ဓာရှေးဟောင်းသူတော်စင်က အဲ့ဒီအရူးအိုကြီး သုံးယောက်နဲ့ ပူးပေါင်းသွားရင်တောင် ကွာခြားမှုမရှိတော့ဘူး။ " မုရှင်းလျို့က တွေးလိုက်သည်။
" ကျွင်းတုန်ကျင်း... မုမန်ထင်း..." ထိုနာမည်နှစ်ခုက သူ၏ စိတ်ထဲတွင်ပေါ်လာပြီး သူမက စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။
ပါရမီချင်းယှဉ်လျှင် ကျွင်းတုန်ကျင်းက သာလေသည်။ သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်နှင့် တာအိုအင်မော်တယ်ဂိုဏ်း၏ နှစ်ပေါင်းတစ်သောင်းအတွင်း ထိပ်ဆုံးငါးဆယ်ထဲ ဝင်နိုင်လေသည်။
ကျွင်းတုန်ကျင်းက တည်ငြိမ်သော လူတစ်ယောက်ဖြစ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်သွားခဲ့လျှင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် တာအိုအင်မော်တယ်ဂိုဏ်း၏ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော် ကျွင်းတုန်ကျင်းက အပြင်လူတစ်ယောက် ဖြစ်လေသည်။
သူက မုမိသားစုမှ မိန်းကလေးနှင့် လက်ထပ်ခဲ့လျှင်တောင် အပြင်လူဖြစ်နေဆဲ ဖြစ်သည်။ ကျွင်းတုန်ကျင်းသာ တာအိုအင်မော်တယ်ဂိုဏ်းချုပ်ဖြစ်လာခဲ့လျှင် အာဏာတစ်ခုလုံးကို မုမိသားစုအား ထိန်းချုပ်ခွင့်မပြုဘဲ မုမိသားစုကို ဖိနှိပ်ပေလိမ့်မည်။ ၎င်းက အာဏာရှိသူများ၏ အကျင့်ဖြစ်၏။