မုရှင်းလျိုနှင့်တိုက်ခိုက်ခြင်း....
Vol. 13 Ch. 209
တိမ်မြူခိုးတော်ဝင်နယ်မြေ၏ အပြင်ဘက်တွင် ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလျန်တို့က လင်းယွမ်ကို နှုတ်ဆက်နေကြသည်။
" မောင်လေး တိမ်မြူခိုးတော်ဝင်နယ်မြေမှာ ကောင်းကောင်းနေပါ။ " ကျွင်းကျိလန်က ပြောလိုက်သည်။
ဂိုဏ်းချုပ်၏ အမိန့်မှာ ကျွင်းတုန်ကျင်းတို့မိသားစုလေးယောက်သာ မန်ရာတောင်တန်းသို့ သွားရန် လိုအပ်လေသည်။ သူတို့၏ အငယ်ဆုံးသား ကျွင်းဝူကျိမပါဝင်ပေ။
မုရှင်းလျို၏ အမြင်တွင် ကျွင်းဝူကျိက အရေးမပါပေ။ ရွှေအမြုတေအဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်က တာအိုအင်မော်တယ်ဂိုဏ်းကို မည်သို့မှ ပြုလုပ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ကျွင်းဝူကျိက တိမ်မြူခိုးတော်ဝင်နယ်မြေသို့ ရောက်ကတည်းက အင်မော်တယ်တောင်တန်းသို့ ပြန်လာရန် မကြိုးစားခဲ့သေညကြောင့် သူက လုံးဝ အန္တရာယ်မရှိသော လူတစ်ယောက် ဖြစ်လာလေသည်။
" လမ်းမှဂရုစိုက်ကြပါ။ " လင်းယွမ်က ကျွင်းတုန်ကျင်းနှင့် မုလျန်အာတို့ကို ကြည့်ပြီး ပြောလိုက်သည်။
" ဘာသတိထားရမှာလဲ။ အဲ့ဒီမန်ရာတောင်တန်းက ထိုက်ဟောက်အင်မော်တယ်ကြေးမုံရဲ့ ကာကွယ်မှုအောက်မှာရှိတယ်။ အဲ့ဒီ မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်နဲ့ သွေးနတ်ဆိုးပင်လယ်တို့က ငါ့ကို တိုက်ခိုက်ရဲမှာလား။ " ကျွင်းတုန်ကျင်းက ပြုံး၍ ပြောလိုက်သည်။ သူက ဂိုဏ်းရတနာကို အလွန်ယုံကြည်နေပုံရလေသည်။
" ဘာပဲဖြစ်ဖြစ် သတိထားတာက အန္တရာယ်ကင်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။
အပြင်ရန်သူများက ကြောက်စရာမလိုဘဲ အတွင်းရန်သူများက တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။
ဥပမာ မုမန်ထင်းဖြစ်လေသည်။ နှစ်များစွာ ကြာပြီးနောက် မုမန်ထင်းက ရန်ငြိုးထားတတ်သည့်လူတစ်ယောက်ဖြစ်သည်ကို လင်းယွမ်က နားလည်ခဲ့သည်။
" နားလည်ပြီ။ အဲ့ဒါဆို အဖေတို့သွားတော့မယ်။ " ကျွင်းတုန်ကျင်းက သူ၏ လက်ကို ဝှေ့ရမ်းပြီး အားလုံးနှင့်အတူ ထွက်ခွာသွားသည်။
လင်းယွမ်က ကျွင်းတုန်ကျင်းနှင့် အခြားသူများ ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူက တိမ်မြူခိုးတော်ဝင်နယ်မြေမှ ကျင့်ကြံခြင်းအခန်းသို့ ပြန်သွားလိုက်သည်။
" သွား သူတို့နောက် လိုက်သွား။ " လင်းယွမ်က ပုံမှန်အတိုင်း ပြောလိုက်သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး နေရာမှ ပျောက်ကွယ်သွားသည်။
မန်ရာတောင်တန်းသို့ သွားရာလမ်း။ ထိုလမ်းက မန်ရာတောင်တန်းသို့ ရောက်နိုင်သော တစ်ခုတည်းသော လမ်းဖြစ်လေသည်။ လမ်းဘေးရှိ တောထဲတွင် လူအချို့ နေရာယူထားကြသည်။
" သူတို့ ရောက်လာပြီ။ "
" ကျွင်းတုန်ကျင်းတို့ မိသားစု ဒီကို ရောက်ခါနီးနေပြီ။ " သူတို့က ဂရုတစိုက် လေ့လာနေပြီး တဖြည်းဖြည်း နီးကပ်လာသော အော်ရာများကို အာရုံခံနေသည်။ မကြာမီ သူတို့က ကျောက်စိမ်းမြင်းရထားတစ်စီး နီးကပ်လာသည်ကို မြင်လိုက်ကြရသည်။
" ငါတို့ လှုပ်ရှားဖို့မလိုဘူး။ ဒီအဆောင်ကို အတူတူ အသက်သွင်းကြမယ်။ " ခေါင်းဆောင်လုပ်သူက သိုလှောင်အိတ်ထဲမှ ရွှေရောင်ဖျော့ဖျော့ အဆောင်တစ်ခုကို ထုတ်လိုက်သည်။
ထိုရွှေရောင်အဆောင်က အသက်မသွင်းမီကပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။
" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်။ " ဘေးမှ လူများက အဆောင်ကို စိတ်ဝင်စားသွားကြသည်။
၎င်းက တာအိုအင်မော်တယ်ဂိုဏ်း၏ အခြေခံတစ်ခုဖြစ်လေသည်။ မုမန်ထင်းက ၎င်းကို မုမိသားစုမှ ယူခဲ့ခြင်းမဟုတ်လျှင် သူတို့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို ထိတွေ့ရန်မပြောနှင့် မြင်ပင်မြင်ဖူးကြမည်မဟုတ်ပေ။
" အဲ့ဒီကျောက်စိမ်းမြင်းရထားရောက်လာရင်..." နတ်အသွင်ပြောင်းလဲခြင်းအဆင့် ခေါင်းဆောင်က အစီအစဉ်များ ချမှတ်လိုက်သည်။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို အသက်သွင်းရန် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ ပူးပေါင်းရန် လိုအပ်လေသည်။
ထိုအချိန်တွင် ရုတ်တရက် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ၏ အကြည့်များအောက်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်က နှိုးဆွခံလိုက်ရသကဲ့သို့ အလိုအလျောက် အသက်ဝင်လာသည်။
ဝုန်း....
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်က ပေါက်ကွဲသွားသည်။ ၎င်းက အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
သို့သော ထိုခနတွင် အကာအကွယ်က ကွဲအက်သွားသည်။
အဆောင်က အလိုအလျောက် အသက်ဝင်လာခြင်းနှင့် အကာအကွယ်ပေါက်ကွဲသွားခြင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များပင် အံ့အားသင့်နေကြပြီး တုန့်ပြန်ချိန်မရလိုက်ပေ။
" ဒါ..." ခေါင်းဆောင်လုပ်သူက တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ သူ၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာပေါ်လာသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို ပုံမှန်အားဖြင့် အသုံးပြုရန် နည်းလမ်းနှစ်ခု ရှိလေသည်။ ပထမတစ်ခုက အသက်သွင်းပြီး တိုက်ခိုက်ခြင်းဖြစ်သည်။
အခြားတစ်ခုမှာ ကာကွယ်ခြင်းဖြစ်ပြီး ခုခံနိုင်စွမ်းမရှိသော ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ရသောအခါ အလိုအလျောက် အသက်ဝင်လာမည်ဖြစ်သည်။
အကာအကွယ်ဖြစ်ပေါ်ခြင်း။ ရှေးဟောင်းသူတော်စင်တစ်ယောက်၏ တိုက်ခိုက်ခြင်းခံရလျှင်တောင် ခန ခုခံနိုင်စွမ်းရှိလေသည်။ သို့သော် ယခု ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်၏ အကာအကွယ်က ခနပင် ခံနိုင်ရည်မရှိခဲ့ပေ။
ခေါင်းဆောင်လုပ်သူက တုန်ယင်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားကျယ်ပြန့်သော အသက်ရှူသံတစ်ခု ထွက်ပေါ်နေသည်။ ကောင်းကင်အထက်တွင် လနှင့်ပေါင်းစပ်လုနီးပါး ဖြစ်နေသော ယင်စွမ်းအားများ ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်၏ အော်ရာက လကိုဖုံးလွှမ်းနေသည်ဟုပင် ထင်ရလေသည်။
သူက ဘယ်လက်ကို နောက်ပစ်ထားပြီး သူ၏ ညာလက်က ပုရွက်ဆိတ်အချို့ကို ဖိချေနေသကဲ့သို့ ဆန့်ထားသော်လည်း အတားအဆီးအချို့ကြောင့် ရပ်တန့်သွားပုံရလေသည်။
တောက်ပသော လက ကောင်းကင်တွင် ချိတ်ဆွဲထားသည်။ ထိုက်ယင်စွမ်းအားများက လေထုထဲတွင် ပြည့်နှက်နေသည်။
လင်းယွမ်က အားနည်းသော နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များကို ငုံ့ကြည့်လိုက်သည်။
ကျွင်းတုန်ကျင်းနှင့် အခြားသူများနောက်မှ လိုက်နေခဲ့သော်လည်း ယင်စိတ်ဝိညာဉ်၏ အာရုံခံမှုက အားကောင်းလှသည်။ သူက မိုင်ထောင်ချီအဝေးကတည်းက ခြုံခိုတိုက်ခိုက်ရန် စောင့်နေကြသူများကို အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူက အချိန်မီရောက်လာပြီး သူတို့ကို အလွယ်တကူ ချေမှုန်းရန် စီစဉ်ခဲ့သည်။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆောင်က လင်းယွမ်၏ မျှော်လင့်ချက်အတွင်း ရှိနေခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုကို ခနပင် ခံနိုင်ရည်မရှိခဲ့ပေ။
" အင်မော်တယ်ကျင့်ကြံခြင်းစနစ်မှာ ထူးခြားတဲ့ အားသာချက်တွေ ရှိနေတာပဲ။ "
ရှေးဟောင်းသူတော်စင်တစ်ယောက်၏ စွမ်းအားကို သိမ်းဆည်းထားနိုင်သော အဆောင်ကို တွေ့လိုက်ရသောကြောင့် လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
ဝုန်း....
ထိုခနတွင် နတ်ဘုရားကုန်းမြေ၏ အလယ်မှ ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားပြီး တောက်ပသော ကြေးမုံ အလင်းတန်းတစ်ခုက ဆင်းသက်လာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် ပုံရိပ်က လင်းယွမ်ကို တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုက လေဟာနယ်ကို တင်းကျပ်သွားစေပြီး ကြောက်စရာကောင်းသော စွမ်းအားက လေထဲတွင် ပျံ့နှံ့သွားသည်။
နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင် သို့မဟုတ် နတ်ဆိုးသူတော်စင်အသိုက်မှ မင်းသားကြီး ပြန်ရှင်လာလျှင်တောင် ထိုတိုက်ခိုက်မှုကို ခုခံရဲလျှင် တိုက်ရိုက်သေဆုံးရပေလိမ့်မည်။ ထိုတိုက်ခိုက်မှုက ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။
" ထိုက်ဟောက်အင်မော်တယ်ကြေးမုံလား။ ပြဿနာပဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။
လင်းယွမ်က သူ၏ စွမ်းအားကို အလွန်သတိထားပြီး ထိန်းချုပ်ခဲ့သော်လည်း ထိုက်ဟောက်အင်မော်တယ်ကြေးမုံက သူ့ကို တွေ့သွားခဲ့သေးသည်။
သို့သော် ထိုက်ဟောက်အင်မော်တယ်ကြေးမုံက လင်းယွမ်၏ တိုက်ခိုက်မှုကို အာရုံခံမိခဲ့ခြင်း မဟုတ်နိုင်ပေ။ ၎င်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင် ပေါက်ကွဲသွားခြင်းကြောင့် ဖြစ်န်ုင်လေသည်။
လင်းယွမ်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းပြီး ဟင်းလင်းပြင်လှိုဏ်ဂူအဆင့် ရောက်လုနီးပါးဖြစ်နေသော တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဝုန်း...
စွမ်းအားလှိုင်းများက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ရှေးဟောင်းသူတော်စင်နှစ်ယောက်၏ တိုက်ခိုက်မှုကို မထိန်းချုပ်ထားသောကြောင့် မိုင်ပေါင်းထောင်ချီမှ မြေပြင်က စတင်ကွဲအက်သွားသည်။
မိုင်ထောင်ချီအဝေးတွင် ကျွင်းတုန်ကျင်းနှင့် အခြားသူများက မြင်းရထားပေါ်မှ ရှေးဟောင်းသူတော်စင်များ၏ ထိပ်တိုက်တွေ့ဆုံမှုကို သတိပြုမိခဲ့ကြသည်။
" ရှေးဟောင်းသူတော်စင်နှစ်ယောက် တိုက်ခိုက်နေတာလား။ တစ်ယောက်က ဂိုဏ်းချုပ် နောက်တစ်ယောက်က ဘယ်သူလဲ။ " ကျွင်းတုန်ကျင်းက အံ့ဩသွား၏။
ကမ္ဘာပေါ်တွင် ရှေးဟောင်းသူတော်စင်များက လက်တစ်ဆုပ်စာသာ ရှိပြီး အသီးသီးကျော်ကြားကြလေသည်။
ကျွင်းတုန်ကျင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး လူနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေသည်ကို တွေ့လိုက်ရသည်။ လက်ဝဲဘက်တွင် အင်မော်တယ်အလင်းများဖြင့် ဝန်းရံနေသော တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုပင် ဖြစ်သည်။
ညာဘက်မှလူက ဝေဝါးနေသော မျက်နှာနှင့် တောက်ပသော လရောင်အောက်တွင် ရပ်နေပြီး သူကိုယ်တိုင်က လတစ်စင်းကဲ့သို့ ဖြစ်နေသည်။
" ထိုင်ယင်စွမ်းအား။ မိစ္ဆာနန်းတော်က မိစ္ဆာဘုရင်ဖြစ်နိုင်လား။ " ကျွင်းတုန်ကျင်းက စိတ်ထဲမှ တွေးလိုက်သည်။ ရှေးဟောင်းသူတော်စင်များထဲမှ မိစ္ဆာဘုရင်၏ အော်ရာကသာ ထိုလူနှင့် အနီးစပ်ဆုံးဖြစ်လေသည်။
" အဖေ အဲ့ဒါဘာလဲ။ " ကျွင်းကျိလန်က တစ်စုံတစ်ခုကို ရှာတွေ့သွားပြီး တစ်နေရာသို့ ညွှန်ပြလိုက်သည်။
သူမ၏ အကြည့်နောက်မှလိုက်၍ ကျွင်းတုန်ကျင်းက ကြောက်လန့်စွာဖြင့် ပုန်းကွယ်နေကြသော နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင် အချို့ကို တွေ့လိုက်ရသည်။ ထိုကောင်းကင်သခင်များက ဖြူဖတ်ဖြူရော် ဖြစ်နေကြပြီး ထွက်ပြေးရန်ပင် သတ္တိမရှိကြတော့ပေ။
" သူတို့က ဘယ်သူတွေလဲ။ " ကျွင်းတုန်ကျင်း၏ အမူအရာက လေးနက်သွား၏။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် နတ်ဆိုးသူတော်စင်အသိုက်၊ မိစ္ဆာနန်းတော်နှင့် သွေးနတ်ဆိုးပင်လယ်တို့တွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်သည်နှင့် သန်မာသော လူများအဖြစ် သတ်မှတ်နိုင်လေသည်။