← Chapters

မြို့ကိုခေါ်သွားပေး

Vol. 121 Ch. 1681

မြို့ကိုခေါ်သွားပေး

Vol. 121 Ch. 1681

အပြင်ဘက်တွင် ထိုင်နေသောလူသည်‌ ခေတ္တမျှအံ့ဩသွားပြီး ခဏ အကြာတွင် ရထားလုံးတွဲဆီသို့ပြေးလာပြီး အရေပြားမျက်နှာဖုံးကိုချွတ်ပြီး ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “ငါ့ကိုဘယ်လိုဖြစ်လို့မှတ်မိတာလဲ”

“ရှင်က လူတွေကိုကြည့်ရင် စောင်းငဲ့ကြည့်တာလေ” ရှီမာယူယူသည် ခုံကိုမှီလိုက်သည် “ဒါကိုဘယ်လိုရတာလဲ”

“သူငယ်ချင်းဆီက ငှားထားတာ” လျန်ချူရှင်းသည် ပြုံးပြီးပြောလိုက် သည် “မင်းရဲ့ဆေးကျေးဇူးကြောင့် ငါ့သူငယ်ချင်းကို ထပ်တွေ့နိုင်တာ”

“တကယ်ကြီးလား ရှင့်လိုလူကို သူငယ်ချင်းတော်ထားတာ ဘယ်လိုလူလဲ တော့မသိဘူး ရှင့်ရဲ့ အပုပ်နံ့ကိုသွားမျှတာလား” ရှီမာယူယူ ပြောလိုက်သည်။

“ငါ့သူငယ်ချင်းက လူကြီးလူကောင်းပါ” လျန်ချူရှင်းသည်  သူငယ်ချင်း ဖြစ်သူ၏ အမည်ကို ရှင်းရန်ကြိုးစားလေသည်။

ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ သူ့လိုလူနဲ့ ခင်တယ်ဆိုတဲ့လူ က လူကြီးလူကောင်းဖြစ်နိုင်ပါ့မလား။ သို့သော် သူမသည် ထပ်မပြောတော့ဘဲ မေးလိုက်သည် “ဒီအကြောင်းပြောကြတာပေါ့ ကျွန်မကိုဘာလို့ရှာတာလဲ ဘာ ရည်ရွယ်ချက်နဲ့လဲ”

“ငါ့မှာ ဘာရည်ရွယ်ချက်ရှိဦးမှာလဲ၊ မင်းရဲ့အသက်ကိုကယ်ဖို့ ခရီးစဉ်ကို ဦးဆောင်ဖို့လာတယ်လို့ မထင်ဘူးလား” လျန်ချူရှင်း ပြောလိုက်သည်။

“ဟုတ်လား ရှင် အခုမပြောရင် နောက်ကျရင် မကြားချင်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

လျန်ချူရှင်းသည် ခေတ္တမျှတိတ်ဆိတ်သွားကာ ပြောလိုက်သည် “ငါ မြို့ကိုဝင်ဖို့ ကူညီပေး”

“ကန်မာမြို့ကိုလား ဘာလို့လဲ” ရှီမာယူယူသည် သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“ကန်မာမြို့က အခုနောက်ပိုင်း အရမ်းတင်းကြပ်လာတယ် လူတော်တော် များများ ဝင်လို့မရဘူး ဒါပေမဲ့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေကတော့ မတူဘူး” လျန်ချူရှင်း ပြောလိုက်သည်။

“ကျွန်မက ရှင့်ကို ဘာလို့ကူညီရမှာလဲ ရှင်က အန္တရာယ်များတဲ့လူပဲ ရှင့်ကို မြို့ထဲဝင်ဖို့ ကူညီပေးလိုက်ရင် ကျွန်မက ယန့်မျိုးနွယ်ကို ဆန့်ကျင်နေတယ်ဆို တာ ပြလိုက်တာပဲမဟုတ်ဘူးလား ကျွန်မ သူတို့ကို ရန်သွားမစနိုင်ဘူး” ရှီမာယူယူ နှာမှုတ်လိုက်သည်။

“ငါ မြို့ကို ဝင်နိုင်တယ်ဆိုရင် မင်းကိုထားသွားပြီး ပြဿနာမဖြစ်စေရပါ ဘူး”

“ယန့်မျိုးနွယ်က ရှင့်နောက်ကို လိုက်နေတာမဟုတ်ဘူးလား ရှင်က သူတို့ မျက်စိရှေ့ကနေတောင် ပြေးရဲတာလား အန္တရာယ်အများဆုံးနေရာက အလုံခြုံ ဆုံးပဲလို့တော့ မပြောလိုက်နဲ့ ပြောကြတာပေါ့ ကျွန်မတို့က တစ်ယောက်နဲ့ တစ် ယောက်မသိကြဘူး ပန်းချိုးသူကြီး ရှင့်ကိုဘာလို့ကူညီရမှာလဲ” ရှီမာယူယူသည် ပခုံးတွန့်ကာ တစ်ခါတည်းငြင်းဆန်လိုက်သည်။

“မင်း ငါ့ကိုကူညီရင် အပေးအယူတစ်ခုလုပ်လို့ရတယ် ငါလုပ်နိုင်တာဆို ရင် လုပ်ပေးမယ်” လျန်ချူရှင်း ပြောလိုက်သည်။

ရှီမာယူယူသည် ပြုံးပြီး ပြန်မဖြေပေ။ သေချာသည်မှာ သူ၏ ကမ်းလှမ်း ချက်သည် သူမ၏ စိတ်ဝင်စားမှုကို မလှုံ့ဆော်နိုင်ပေ။

လျန်ချူရှင်းသည် ခေတ္တမျှတွေဝေသွားပြီး ပြောလိုက်သည် “မင်း ငါ့ကို မြို့ထဲကိုခေါ်သွားမယ်ဆိုရင် မင်းနဲ့ အရေးကြီးသတင်း အလဲအလှယ်လုပ်ပေး မယ်”

“ဘာသတင်းလဲ” ရှီမာယူယူသည် တုံ့ဆိုင်းနေတုန်းပင်။ ထိုသတင်းသည် တောင်းဆိုမှုထက်ပင် ပိုအရေးကြီးသည့်ပုံပင်။

“သခင်ရဲ့ ဂူဗိမာန်က ပြည်နယ် ၅ မှာရှိတယ်” လျန်ချူရှင်း ပြောလိုက် သည်။

“သခင်ရဲ့ ဂူဗိမာန် ….” ရှီမာယူယူ တိုးညင်းစွာရေရွတ်လိုက် =သည်။ သူမသည် သူထင်ထားသလို ပျော်မသွားပေ။

“တကယ်ပဲ သခင်ရဲ့ဂူဗိမာန် ပါ ငါကျိန်ရဲတယ်”

“ဘယ်လိုလုပ် သိတာလဲ”

“လွန်ခဲ့တဲ့ သုံးလေးနှစ်က ငါ သူငယ်ချင်းနဲ့ ခရီးသွားတုန်းကို ဂူဗိမာန်ထဲ ကို မတော်တဆကျသွားတယ် နောက်ဆုံးကျတော့ လှည့်ကွက်တွေ လုပ်လိုက် မှ ထွက်လာနိုင်ခဲ့တာ”

“ပြောချင်တာက အဲဒီမှာအရမ်းအန္တရာယ်များတယ်ပေါ့” ရှီမာယူယူ ပြော လိုက်သည် “ရှင်နဲ့ ရှင့်သူငယ်ချင်းနဲ့ နှစ်ယောက်တည်းဆိုတော့ အဲဒီကို ဘယ်သူမှ မရောက်သေးတာကို ဘယ်လိုသိတာလဲ အဲတစ်ယောက်သာ တက် နိုင်လာရင် ရှင့်သတင်းက တန်ဖိုးမရှိဘူး”

“မဟုတ်ဘူး သူမက သတင်းကိုပြောမှာမဟုတ်ဘူး” လျန်ချူရှင်းသည် ပြောလေသည်။

“သေချာရဲ့လား”

“…. ဘာလို့လဲဆိုတော့ သူမ သေသွားပီဲလေ”

“ယန့်မျိုးနွယ်ကလုပ်တာလား” ရှီမာယူယူ မေးလိုက်သည် “အဲဒါက ရှင် ကန်မာမြို့ကိုသွားမှာနဲ့ ပတ်သက်နေလား”

သူ စကားအနည်းငယ် ပြောပြီးနောက်တွင် သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်မည်ဟု သူ ထင်မထားပေ။ သူခေါင်းညိတ်လိုက်သည် “သူမကို ယန့်မျိုးနွယ်က သခင်မလေးသတ်သွားတယ်လို့ သတင်းကြားလိုက်တယ် သူမ အလောင်းကို အလောင်းပုံသင်္ချိုင်းမှာပစ်လိုက်ကြတာ”

“လူသေသွားပြီဆိုမှတော့ ရှင်က ဘာလုပ်ဦးမှာလဲ ယန့်မျိုးနွယ်နဲ့ တိုက်ခိုက်မလို့လား” ရှီမာယူယူသည် သူ့ကို ပြန်ကြည့်လိုက်သည်။ သူ့တွင် အင်အားရှိလျှင် နှစ်နှစ်ကြာအောင် အလိုက်ခံနေရမည်မဟုတ်ပေ။

“ငါ သူမ အလောင်းကို သွားကောက်မယ်” လျန်ချူရှင်း၏ နှုတ်ခမ်းတွင် အပြုံးရှိနေသော်လည်း မျက်လုံးထဲမှ ဝမ်းနည်းမှုကိုတော့ ဖုံးဖိမရပေ။

“အဲတော့ အဲဒါက ရှင့်ရဲ့လူယုံပေါ့” ရှီမာယူယူ ပြောလိုက်သည် “ရှင်က တကယ်ပဲ ပန်းချိုးသူရောဟုတ်ရဲ့လား ဒီလိုမျိုးဖြောင့်မတ်တဲ့ ပန်းချိုးသူကို တစ်ခါမှမမြင်ဖူးဘူး”

လျန်ချူရှင်းသည် ခံစားချက်များကို ဖုံးကွယ်လိုက်ရာ သူ့မျက်နှာမှာ အရင်လိုပြန်ဖြစ်သွားသည် “ငါကအမြဲတမ်း ဒီလိုမျိုးကြင်နာပြီး ဖြောင့်မတ်လို့ပဲ ငါ့နောက်ကိုလိုက်နေတဲ့ ညီမလေးတွေ ဒီလောက်များနေတာပဲ”

“အဲတော့….”

“မင်း ဒီအပေးအယူလုပ်လိုက်ရင် ဘယ်လိုလဲ”

ရှီမာယူယူသည် တင်ပျဉ်ခွေထိုင်ကာ လက်ချောင်းများနှင့် ဒူးကိုခေါက် နေပြီး ဖြည်းညင်းစွာပြောလိုက်သည် “သူမက သခင်ရဲ့ဂူဗိမာန်နေရာကိုသိသွား လို့ အဖမ်းခံလိုက်ရတာပေါ့ ယန့်မျိုးနွယ်ကလိုချင်တယ် ဒါပေမဲ့ သူမက ရှင့်ကို စွဲလမ်းနေတော့ လူသိမခံဘူး နောက်ဆုံးတော့ သူမက ယန့်မျိုးနွယ်သတ်တာခံ လိုက်ရတယ် ဟုတ်လား”

“မင်း မှန်းတာမှန်တယ်”

“အဲလိုဆိုရင် ဒီသတင်းကိုသုံးပြီး ဘာလို့ကျွန်မနဲ့အလဲအလှယ်လုပ်တာ လဲ ရှင်သိရဲ့လား ဒါက ရှင့်ရဲ့လူယုံရဲ့အသက်နဲ့ အလဲအလှယ်လုပ်လိုက်တာပဲ ရှင် ဆန္ဒရှိရဲ့လား” ရှီမာယူယူ မေးလိုက်သည်။

“ငါ့မှာ တခြားရွေးစရာမရှိဘူး၊ ငါ မနေ့ညက သတင်းရတာပဲ သူမ သေသွားတာ သုံးရက်ရှိပြီ သူမ အလောင်းကိုသာ မကောက်ရင် အရိုးတောင် ကျန်တော့မှာမဟုတ်ဘူး” လျန်ချူရှင်းသည် လေးနက်စွာပြောလေသည်။

“တကယ်ပဲ ကြင်နာတတ်တဲ့ ပန်းချိုးသူကြီးပဲ” ရှီမာယူယူ ရယ်မောလိုက် သည် “သူမ နာမည်ကဘယ်လိုခေါ်လဲ”

“ယင်လန်”

ရှီမာယူယူ၏ လက်ချောင်းများသည် ခေတ္တမျှအေးခဲသွားသည် “လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းလောက်က ဖျက်ဆီးခံလိုက်ရတဲ့ ယင်မိသားစုက အကြီးဆုံး သခင်မလေးလား”

“မင်းက သူမကိုသိတာလား” လျန်ချူရှင်း အံ့ဩသွားသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သူမအကြောင်းကို ကြားဖူးတယ် ရှင် မြို့ထဲဝင်ပြီး သူမအရိုးကိုရှာဖို့ ကျွန်မကူညီပေးမယ် ဘာမှပေးစရာမလိုဘူး”

လျန်ချူရှင်း မျက်မှောင်ကြုတ်လိုက်သည် “ဘာလို့လဲ”

“ကျွန်မလုပ်ချင်လို့လေ ဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။ “အခု သဘောတူညီချက်ရသွားပြီ ရှင်ထွက်သွားပါ အခု ကျွန်မက အလုပ်ရှင်ဖြစ်သွားပြီ”

လျန်ချူရှင်းသည် သူမကို ခေတ္တမျှစိုက်ကြည့်ပြီး လှည့်ထွက်ကာ မောင်း သမားနေရာတွင် ပြန်ထိုင်လိုက်သည်။

ရှီမာယူယူသည် သူထွက်သွားသည်အထိစောင့်ပြီး စာအုပ်ထုတ်ကာ အလယ်ကို ဖွင့်လိုက်သည်။

သူမသည် ယင်လန်ကို သိရခြင်းမှာ သူမ၏ မိသားစုဖျက်ဆီးခံရခြင်း ကြောင့်မဟုတ်ဘဲ ရွှမ်ယွမ်ဆိုင်မှ သတင်းပို့သောကြောင့်ဖြစ်သည်။

ယွိခဲ့လော့သည် အစပိုင်းတွင် သူမ၏ သရုပ်မှန်ကို ဖုံးကွယ်ခဲ့သော်လည်း ခြေရာလက်ရာများကို မဖုံးကွယ်ခဲ့ပေ။ ထို့ကြောင့် ရွှမ်ယွမ်ဆိုင်သည် ထိုစဉ်က သူမကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည့် သတင်းများအပြင် သူမ ဆက်သွယ်ခဲ့သည့် လူများအကြောင်းကိုပါ ပို့လာခဲ့သည်။

ယင်လန်သည် ထိုစာရင်းထဲတွင် ပါဝင်ခဲ့သည်။

သူမသည် ယွိခဲ့လော့အနိုင်ကျင့်ခံရစဉ်က စကားတချို့ပြောပေးရုံသာဖြစ် သော်လည်း ထိုအရာကပင် စိတ်ထားကောင်းခြင်းကိုပြသဖြင့် ယွိခဲ့လော့သည် လည်း သူမအချစ်ကို ခံစားမိခဲ့သည်။

ယခု ယင်လန်မှာ အရိုင်းတောထဲတွင် အပစ်ခံထားရကာ အလောင်းမှာ လည်း ပုပ်သိုးနေလေပြီ။ သူမအမေ၏ သမီးတစ်ယောက်အနေနှင့် သူမ၏ အလောင်းကောက်ရာတွင် ကူညီပြီး မိခင်ဖြစ်သူနှင့် သူငယ်ချင်းဆက်ဆံရေးကို ပြန်ဆပ်ပေးရမည်။

သို့သော် ထိုခရီးမှာ ချောမွေ့မည်မဟုတ်ပေ။ ယန့်မျိုးနွယ်သည် သူမ၏ အရိုးများကို ချောချောမွေ့မွေ့ယူခိုင်းမည်မဟုတ်ပေ။

နှစ်ရက်အကြာတွင် ရှီမာယူယူနှင့် လျန်ချူရှင်းတို့သည် ကန်မာမြို့သို့ ရောက်လေသည်။ သူတို့သည် သားရဲပျံပေါ်မှဆင်းရာ သားရဲပျံသည် သူတို့ စကားစသည်ကို မစောင့်ဘဲ ထွက်သွားလေသည်။

လျန်ချူရှင်းသည် သူ၏ အရေမျက်နှာဖုံးကိုတပ်လိုက်ရာ ရုပ်ပြောင်းသွား လေသည်။

“ဝင်ရအောင်”

“နေဦး” ရှီမာယူယူ သူ့ကိုတားလိုက်သည် “ဒီအတိုင်းဝင်သွားမှာလား”

“မဟုတ်ရင်ရော”

“ဒီအတိုင်းသွားမယ်ဆိုရင် မြို့ထဲဝင်ပြီး ဆယ်မီတာတောင် မရောက် လိုက်ဘူး မိသွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းမှာ နည်းလမ်းရှိလို့လား” လျန်ချူရှင်းသည် သူမကို ကြည့်လိုက် သည်။

ရှီမာယူယူ ဆေးတစ်လုံးထုတ်လိုက်သည် “သောက်လိုက် ရှင့်မိဘတောင် ရှင့်ကို မှတ်မိမှာမဟုတ်ဘူးလို့ အာမခံတယ်”

***

All Chapters